အခန်း ၁၈၄ “ဒီခွေး…. သာမာန်ခွေးမဟုတ်ဘူး…”
အဖိုးအိုက ဘလက်ကီကို ကြည့်နေချိန်တွင် ဘလက်ကီက မှုန်သေသေနှင့် ပြန်စိုက်ကြည့်နေလေသည်။
“ဒီအဖိုးကြီးက ဘာပြောလိုက်တာ… ခွေးတစ်ကောင်က ၀က်နံရိုးချိုချဉ်ကြော်ကို စားနေတာက ဘုရားပေးတဲ့ လက်ဆောင်ကိ ဖြုန်းတီးလိုက်တာ… ဟုတ်လား…. ဒါက အဆင်အခြင်မဲ့ ဖြုန်းတီးတာ… ဟုတ်လား…”
ဘလက်ကီက ဒေါသထွက်သွားလေသည်။
“ခွေးက ဘာလို့ ၀က်နံရိုးချိုချဉ်ကြော် စားလို့ မရတာလဲ… ဒီခွေးက မင်းကို ဘာလုပ်နေလို့လဲ အဖိုးကြီး…” ဘလက်ကီက မာန်ဖီလိုက်ပြီး သွားစွယ်များကို ထုတ်ပြလိုက်လေသည်။ ၀က်နံရိုးချိုချဉ်ကြော်မှ အသားစများက သူ၏ သွားကြားထဲတွင် ကပ်နေလေသည်။
“ဟေ့… ဒီခွေးက ဘာဖြစ်တာလဲ…. မင်းက ဘာအတွက် မာန်ဖီနေတာလဲ… ဒီအဖိုးအိုကို ကိုက်ချင်နေတာလား…” အဖိုးအိုက သူ့လက်ထဲမှ သားမွှေးယပ်တောင်ကို ခါရမ်းလိုက်ပြီး ကျယ်လောင်စွာ ဟားတိုက်ရယ်မောလိုက်သည်။
“အာ… ဘယ်လိုပဲဖြစ်ဖြစ်… ဒီ၀က်နံရိုးချိုချဉ်ကြော်က တကယ်ကို သမျှောဖို့ ကောင်းတယ်….” အဖိုးအိုက ဘလက်ကီ၏ ပန်းကန်ထဲမှ ၀က်နံရိုးချိုချဉ်ကြော်ကို တစ်ချက်ကြည့်လိုက်ပြီး သက်ပြင်းချကာ လှည့်ထွက်သွားလေသည်။
သို့သော် သူလှည့်ထွက်လိုက်ချိန်တွင် ပြင်းထန်သော ဖိအားက သူ့ခန္ဒာကိုယ်ပေါ်သို့ ကျရောက်လာလေသည်။ ခြေလှမ်းရန် ပြင်လိုက်ချိန်ဖြစ်သောကြောင့် ခြေထောက်တစ်ဖက်က လေပေါ်ရောက်နေပေသည်။ ထို့ကြောင့် ချက်ချင်း အားနည်းသွားပြီး မြေပေါ်သို့ ဒူးထောက်ကျသွားလေသည်။
အဖိုးအို၏ မျက်၀န်းများက စူးရှသွားပြီး ပတ်၀န်းကျင်ကို မယုံနိုင်ဟန်နှင့် လှည့်ပတ်ကြည့်လိုက်သည်။ ပြင်းထန်လှသော ဖိအားက သူ၏ စိတ်ဝိဥာဉ်ကိုပင် တုန်လှုပ်စေလေသည်။ သူတော်စင်အဆင့်တစ်ယောက်ဖြစ်သော အဖိုးအိုက စားသောက်ဆိုင်ငယ်လေး၏ ရှေ့တွင် ဒူးထောက်နေရလေသည်။ သူ၏ ဒူးသာ မြေပြင်နှင့် ရိုက်မိသွားပါက သုံးစား၍ မရလောက်အောင် ပျက်စီးသွားမည်သာ ဖြစ်သည်။
အဖိုးအိုက သူဒူးထောက်ကျသွားသည့် ဖိအားကို စဉ်းစားနိုင်ခြင်းမရှိပေ။ သူ၏ နောက်တွင်လည်း ဘလက်ကီသာ ရှိနေသောကြောင့် ပြင်းထန်လှသော ဖိအားအကြောင်းကို တွေးနေမိလေသည်။
ဘလက်ကီက လျှာထုတ်၍ သူ၏ လက်ချောင်းလေးများကို လျက်လိုက်ပြီး အဖိုးအို၏ နောက်ကျောကို ပုတ်လိုက်လေသည်။
ဘန်း…
အဖိုးအို၏ တွန့်နေသော အရေပြားများထိပင် တုန်လှုပ်ခြောက်ခြားသွားပြီး ခန္ဒာကိုယ်တစ်ခုလုံးပင် ကွဲကျေသွားတော့မည်ကဲ့သို့ ခံစားလိုက်ရလေသည်။ ကျယ်လောင်သော မိုးချိန်းသံကဲ့သို့ အသံတစ်ခု ထွက်ပေါ်လာပြီး သူက မြေပြင်ထဲ နစ်၀င်သွားသည်ဟု ခံစားလိုက်ရလေသည်။
“ဘာလဲဟ… ဘာတွေဖြစ်နေတာလဲ… ဘာလို့ ဒီလိုတွေ ဖြစ်နေတာလဲ….”
အဖိုးအိုက ဖုန်မှုန့်များ ပေကျံနေသော ခေါင်းကို မော့လိုက်လေသည်။ သူ၏ မျက်နှာပေါ်တွင်လဲ စိတ်ရှုပ်ထွေးမှုများနှင့် ပြည့်နှက်နေလေသည်။ မည်သည့်နေရာမှ ရောက်ရှိလာမှန်းမသိသော မမြင်နိုင်သည့် ဖိအားက သူ့ကို မြေပြင်ပေါ်တွင် ပြားပြား၀ပ်နေသည်အထိ ဖိနှိပ်ထားလေသည်။
“ဒါတစ်ကယ်ကို ဂြိုလ်ဆိုး၀င်တာပဲ… ငါတစ်ယောက်ယောက်ကိုများ ပစ်မှားမိလို့လား… တကယ်လို့ မင်းမှာ သတ္တိရှိတယ်ဆိုရင်လဲ ပေါ်ပေါ်တင်တင်သာ လာချလိုက်ပါလားကွာ…” အဖိုးအိုက မကျေမချမ်းနှင့် ရေရွတ်လိုက်သည်။ သူအနှစ်နှစ် အလလ တည်ဆောက်ခဲ့သော ဂုဏ်သိက္ခာနများကက ပြိုကွဲပျက်စီးသွားပြီဖြစ်သည်။
ဘလက်ကီ၏ မျက်၀န်းထဲတွင် ဆိုးသွမ်းသည့် အမူအယာများ ဖြစ်ပေါ်နေပြီး သူ၏ လက်သည်းများကို ထပ်ခါထပ်ခါ လျက်နေလေသည်။
“ဘယ့်နှယ့်ရှိစ ဒီခွေးနတ်ဘုရားရဲ့ရှေ့မှာ အရေမရ အဖတ်မရတွေ ပြောရဲသေးလား… ဒီခွေးနတ်ဘုရားကသာ မင်းကို မဆုံးမရင် မင်းက ဒီခွေးနတ်ဘုရားရဲက န့မည်ကိုတောင် မသင်ယူလိုက်မှာ စိုးမိတယ်…”
ထို့နောက် ဘလက်ကီက ၀က်နံရိုးချိုချဉ်ကြော်ပန်းကန်ကို အာရုံပြန်စိုက်လိုက်ပြီး ပန်းကန်ကို ပြောင်စင်အောင် စားလိုက်လေသည်။
အဖိုးအိုက မြေပြင်ပေါ်မှ လူးလဲထလိုက်လေသည်။ သူ၏ မျက်နှာပေါ်တွင် ၀မ်းချုပ်နေသကဲ့သို့ ရှုံ့မဲ့နေလေသည်။
“ဘာလဲ ဒီဆိုင်သေးသေးလေးက သေမင်းလား…ဒါမှမဟုတ်.. စွမ်းအားကြီးတဲ့ နတ်ဆိုးသားရဲတစ်ကောင်လား… ဒါပေမယ့်လဲ ငါက ဘယ်လို စော်ကားတဲ့ စကားမျိုးမှ မပြောမိဘူးထင်တာပဲ… ခွေးတစ်ကောင်က၀က်နံရိုးချိုချဉ်ကြော်ကို စားနေတာက ဖြုန်းတီးပစ်တာပဲလို့ပဲ ပြောမိတာပါ… ဟမ်… ခွေး… ခွေးက…”
အဖိုးအိုက တွေးတောနေရာမှ သတိရသွားပြီး ၀က်နံရိုးချိုချဉ်ကြော် စားနေသော ခွေးနက်ကြီးကို ကြည့်လိုက်လေသည်။ အဖိုးအိုက အစောပိုင်က ခွေးနက်ကြီးကို ကြည့်မိသော်လည်း စွမ်းအင်များကို သေချာစွာ စစ်ဆေးခဲ့ခြင်း မရှိပေ။ ယခုအကြိမ်တွင် မူ သေချာစွာ စစ်ဆေးလိုက်ရာ ခွေးနက်ကြီး၏ ခန္ဒာကိုယ်ထဲတွင် ကြောက်မက်ဖွယ်ကောင်းလှသော စွမ်းအင်များ စီးဆင်းနေသည်ကို တွေ့လိုက်ရလေသည်။
“ဒီခွေး… ဒီခွေးက သာမာန်ခွေးမဟုတ်ဘူးပဲ….”
ထို့နောက် အဖိုးအိုက ခွေးနက်ကြီးကို ကြောက်ရွံ့စွာ ကြည့်လိုက်ပြီး ဆိုင်ထဲသို့ လှမ်း၀င်လိုက်သည်။ ဆိုင်ထဲရောက်သည်နှင့် လေထုထဲတွင် ပျံ့နှံ့နေသော ကြွယ်၀သည့် မွှေးရနံ့များက သူ၏ နှာခေါင်းပေါက်အတွင်းသို့ ထိုးဖောက်၀င်ရောက်လာရာ အဖိုးအို၏ ခန္ဒာကိုယ်တစ်ခုလုံး တုန်ခါသွားလေသည်။
“မွှေးရနံ့က အရမ်းကို ကောင်းတယ်… ဒီလိုမွှေးရနံ့မျိုး… အင်း… နှစ်ပေါင်းများစွာ ကြာနေပြီပဲ…” အဖိုးအိုက ဖုန်များ ပေကျံနေသော ခေါင်းကို မော့၍ တစ်စုံတစ်ခုကိ တမ်းတနေဟန်နှင့် ရေရွတ်လိုက်လေသည်။
ထိုအချိန်တွင် ကွမ်းရှောင်ယီက အဖိုးအိုရှေ့သို့ သွက်လက်စွာ လျောက်လာပြီးမေးလိုက်လေသည်။
“အဖိုး … ဘာစားချင်လဲ ရွေးလိုက်လေ….ဖန်ဖန် ဆိုင်ငယ်လေးက အလုပ်လုပ်တဲ့နေရာမှာ အမြဲတမ်းဖြောင့်မှန်တယ်… စျေးနှုန်းတွေကလည်း အရမ်းကို သင့်တင့်တယ်… မီနူးက အဖိုးရဲ အနောက်မှာရှိတယ် ကြည့်လိုက်ပြီးရင် ဘာမှာချင်လဲ ငါ့ကိုပြောလိုက်…..”
အတိတ်ကို အောင့်မေ့နေသော အဖိုးအိုက သတ်ိပြန်၀င်လာပြီး မီနူးကို လှည့်ကြည့်လိုက်သည်။ သူက စျေးနှုန်းများကို အမှုမထားသော်လည်း လှောင်ပြောင်ချင်စိတ်များ ဖြစ်ပေါ်လာလေသည်။
“ဒီမကောင်းဆိုးဝါး စားဖိုမှုးက ငါ့လိုအဖိုးကြီးကိုတောင် မတရားတောင်းချင်နေတာပဲ… သူ့ရဲ့ ဟင်းပွဲတွေအကုန်လုံး စျေးအဆမတန် တင်ထားတာကို သင့်တော်တဲ့ စျေးနှုန်း… ရိုးရိုးသားသားရောင်းတာ ဟုတ်လား….”
အဖိုးအိုက စကားပြန်မပြောနိ်ုင်လောက်အောင်ပင် မှင်သက်နေလေသည်။ စျေးနှုန်းများကို ပထမမြင်သည့် မည်သူမဆိုပင် တုံ့ပြန်သည့် အမူအယာက အတူတူပင် ဖြစ်လေသည်။
“ဒီကလေးမက လိမ်လည်လှည့်ဖြားနေတာပဲ…. ဒီစျေးနှုန်းကို သင့်တော်တဲ့ စျေးနှုန်းလို့ သူမက ပြောချင်နေတာလား….”
“ဘာ…. လုံး၀ရိုးသားတယ် … ဟုတ်လား…” အဖိုးအိုက မကျေမနပ်ဖြင့် မေးလိုက်လေသည်။
“ဒီစျေးနှုန်းက အရမ်းကို တန်တယ်… ကြည့်လိုက်လေ… စျေးနှုန်းကသာ မတန်ရင် ဒီမှာလာစားတဲ့ သူတွေက သူတို့ရဲ့ ဟင်းပွဲတွေကို ပျော်ပျော်ရွှင်ရွှင်နဲ့ စားနေပါ့မလား….” ကွမ်းရှောင်ယီက ပြန်ပြောလိုက်သည်။
အဖိုးအိုက စိတ်ကျေနပ်သော အမူအယာနှင့် စားသောက်နေကြသော ဖက်တီးဂျင်တို့ကို ကြည့်၍ ပြောစရာစကားမဲ့သွားလေသည်။ ထို့နောက် သူက ခေါင်းကို ချက်ချင်းပြန်လှည့်လိုက်ပြီး ၀က်နံရိုးချိုချဉ်ကြော်၏ စျေးနှုန်းကို ကြည့်လိုက်လေသည်။
“သလင်းကျောက်ငါးဆယ်…. ဒီခွေးက တန်ဖိုးရှိတဲ့ သလင်းကျောက်ငါးဆယ်ကို ဒီတိုင်းစားပစ်လိုက်တယ်ပေါ့…” အဖိုးအိုက ဆိုင်ထဲရောက်ပြီးနောက် လူတစ်ယောက်က ခွေးတစ်ကောင်ထက်ပင် နိမ့်ကျနေသည်ကို ခံစားလိုက်ရသည်။
“ကျေးဇူးပြုပြီး … ဒီအဖိုးကြီးကို ၀က်နံရိုးချိုချဉ်ကြော်တစ်ပွဲ ပေးပါ…”
အဖိုးအိုက တခဏမျှ စဉ်းစားလိုက်ပြီးနောက် ၀က်နံရိုးချိုချဉ်ကြော်သာ စားရန် ဆုံးဖြတ်လိုက်လေသည်။ မီနူးပေါ်တွင် ၀က်နံရိုးချိုချဉ်ကြော်ကို တွေ့လိုက်သည်နှင့် မွှေးပျံ့သော အနံ့များကို သတိပြန်ရသွားသောကြောင့် ၀က်နံရိုးချိုချဉ်ကြော်ကိုသာ စားရန် ရွေးချယ်လိုက်ခြင်း ဖြစ်သည်။
“ဒါက သလင်းကျောက် ငါးဆယ်ပဲလေ… ဒီအဖိုးကြီးက မကောင်းဆိုးဝါး စားဖိုမှုးလို ပိုက်ဆံ မရှားပါးပါဘူး…”
“ခုံမှာထိုင်ပါ…” ရှောင်ယီက အဖိုးအိုကို ပြောလိုက်ပြီး ပုဖန်ရှိရာ ပြတင်းပေါက်သို့ လှည့်၍ အော်ပြောလိုက်လေသည်။
“၀က်နံရိုးချိုချဉ်ကြော်…”
ပုဖန်က ခေါင်းညိမ့်ပြလိုက်ပြီး ဆက်လက်ချက်ပြုတ်နေလေသည်။
အဖိုးအိုက ဆိုင်၏ အပြင်အဆင်နှင့် အရွယ်အစားကို အကဲခတ်လိုက်လေသည်။ ချင်းယန်ကျန့်တွင် သူတည်ထောင်ထားသော စားသောက်ဆိုင်နှင့် လေထုကအစ ကွဲပြားနေလေသည်။ ဆိုင်၏ အသွင်အပြင်က အံ့အားသင့်ဖွယ် ကြီးကျယ်ခမ်းနားနေပြီး ပတ်၀န်းကျင် အနေအထားကလဲ ဆွဲဆောင်မှု ရှိနေလေသည်။
“ဒါက …”
အဖိုးအိုက တစ်စုံတစ်ခုကို မြင်သွားပြီး သူ၏ အကြည့်များက အေးခဲသွားလေသည်။ အဖိုးအိုက ပန်းအိုးရှိရာသို့ ခြေလှမ်းအနည်းငယ် လှမ်းသွားလိုက်ပြီး ပန်းအိုးဘေးတွင် ဆောင့်ကြောင့်ထိုင်လိုက်လေသည်။ သူ၏ မျက်၀န်းများအတွင်းတွင်လဲ လေးနက်တည်ကြည်နေလေသည်။ သူက မျက်လုံးမှိတ်၍ အသက်ပြင်းပြင် တစ်ချက် ရှိုက်လိုက်သည်။ ထွက်သစ်စ သစရွက်လေးများနှင့် အကိုင်များက စွမ်းအင်များ ထုတ်လွှတ်နေလေသည်။ ထိုစွမ်းအင်များက နည်းပါးသော်လည်း အဖိုးအိုကို ကျေနပ်၀မ်းမြောက်သွားဝေလေသည်။
“ဒါ… ဒါက ငါးလမ်းကြောင်း သိမြင်မှု သစ်သီးပင်… ဟုတ်တယ်… ဒါပေမယ့် အားလွေပြောတာတော့ ဒီဆိုင်ပိုင်ရှင် ဆုကို ရထားတာ မကြာသေးဘူးလေ…. ဘယ်လိုဖြစ်ပြီး ငါးလမ်းကြောင်းသိမြင်မှု သစ်သီးပင်ပေါက်လေး ဖြစ်နေတာလဲ….”
အဖိုးအိုက အလွန်အံ့အားသင့်သွားပြီး ရုတ်တရက် ဤကမ္ဘာကြီးကို နားမလည်တော့သယောင် ခံစားလိုက်ရလေသည်။ ပုဖန်က လွန်ခဲ့သော ရက်အနည်းငယ်ခန်ကမှ အစိကို ရရှိခဲ့ခြင်းဖြစ်သော်လည်း ပန်းအိုးထဲတွင် အပင်ပေါက်ဘ၀သို့ ရောက်ရှိနေပြီး ညှိုးရော်နေသော အရွက်အချို့ပင် ရှိနေလေသည်။ ထို့အပြင် သစ်ရွက်သစ်များ၏ အပေါ်တွင်လည်း လမ်းကြောင်းင်းငါးခုက ထင်ရှားနေလေသည်။
“သူ… သူက တကယ်ပဲ ငါးလမ်းကြောင်းသိမြင်မှု သစ်သီးပင်ကို စိုက်ပျိုးနိုင်တဲ့ နည်းလမ်းကို သိနေတာလား… သူက မသေမျိုးတစ်ယောက်လား….”
အဖိုးအို၏ စိတ်ရှုပ်ထွေးမှုများက သူမတွေးတောနိုင်လောက်သည်အထိ ရောက်ရှိနေပြီး ပုဖန်ကို ချက်ချင်းပင် တွေ့မြင်ခြင်စိတ် ပေါက်နေလေသည်။ ငါးလမ်းကြောင်းသိမြင်မှု သစ်သီးပင်ကို ပေါက်လာစေရန် စိုက်ပျိုးနိုင်ခြင်းက သေးငယ်သေ ကိစ္စတစ်ရပ်မဟုတ်ပေ။ ဧကရာဇ်ချန်းးဖန်ကိုယ်တိုင်ပင် သစ်စေ့ကို လွန်ခဲ့သော နှစ်ပေါင်များစွာအကြာက ရရှိခဲ့သော်လည်း အပင်ပေါက်လာရန် ကြိုးစားပျိုးထောင်နိုင်ခဲ့ခြင်း မရှိပေ။
ယခုအခါ ပုဖန်က နှစ်ရနက်မျှသော အချိန်နှင့်ပင် အပင်ပေါက်လာစေပြီး လန်းဆန်းစိမ်းမြသော သစ်ရွက်များပင် ရှိနေစေလေသည်။ အဖိုးအိုက အသက်ပြင်းပြင်းတစ်ချက် ရှိုက်လိုက်ပြီး စိတ်တည်ငြိမ်စေရန် ထိန်းချုပ်လိုက်သည်။ ငါးလမ်းကြောင်းသိမြင်မှု သစ်သီးပင်သာ ဤဆိုင်အတွင်း ရှိနေသည်ကို လူအများ သိသွားပါက ဆိုင်ငယ်လေးက ထင်ပေါ်ကျော်ကြာလာမည်ဖြစ်ပြီး ဘေးအန္တရာယ် ကပ်ဆိုးများပါ ပူတွဲရောက်ရှိလာမည်ဖြစ်သည်။
ငါးလမ်းကြောင်းသိမြင်မှု သစ်သီးပင်မှ သီးလာမည့် အသီးများက သုံးလမ်းကြောင်းသိမြင်မှု သစ်သီးနှင့် နှိုင်းယှဉ်ရန်ပင် မသင့်တော်ချေ။ သုံးလမ်းကြောင်းသိမြင်မှု သစ်သီးကို စားလိုက်ခြင်းက အသိအမြင်များကို ကြားနာရရုံမျှသာ ဖြစ်သည်ဆိုလျှင် ငါးလမ်းကြောင်းသိမြင်မှု သစ်သီးက ထို့ထက်ပိုပေသည်။ ငါးလမ်းကြောင်းသိမြင်မှု သစ်သီးပင်က ကြီးလာသည်နှင့် ထူးဆန်းအံ့သြဖွယ် စွမ်းအင်များကို ထုတ်လွှတ်ပေးနိုင်လေသည်။
ထိုသစ်ပင်အောက်တွင် ရှိနေသော လူ၏ ကျင့်ကြံခြင်းအဆင့်ကိုပင် ချိုးဖြတ်တက်ရောက်နိုင်ပေသည်။ ထို့ကြောင့် ကျင့်ကြံသူ အများစုက ထိုသစ်ပင်၏ တန်ဖိုးကို ကောင်းစွာ နားလည်ကြပေသည်။ လွယ်ကူရိုးရှင်းသော ဥပမာအနေနှင့် ဆိုပါက ငါးလမ်းကြောင်းသိမြင်မှု သစ်သီးက သူတော်စင်အဆင့်များကို စစ်နတ်ဘုရားအဆင့်သို့ တက်ရောက်နိုင်ရန် ကူညီနိုင်ပေသည်။ အခြားအချက်များကို ထည့်မတွက်လျင်ပင် သူတော်စင်အဆင့်များကို စစ်နတ်ဘုရား ဖြစ်နိုင်စေသည်ကပင် ကျင့်ကြံသူများကိုရူးသွပ်သွားနိုင်ပေသည်။
အဖိုးအိုပင်လျှင် ငါးလမ်းကြောင်းသိမြင်မှု သစ်သီးပင်ကို မြင်လိုက်ချိန်တွင် ထိုသစ်ပင်ကို လိုချင်တပ်မက်စိတ်များ ဖြစ်လာလေသည်။ သူက သူတော်စင်အဆင့်တစ်ယောက် ဖြစ်သောကြောင့် စစ်နတ်ဘုရား ဖြစ်လာရန် အခွင့်အရေးကို အလွန်အမင်း လိုချင်တက်မက်လှပေသည်။ မရေမတွက်နိင်သော သူတော်စင်အဆင့်များနှင့် စစ်နတ်ဘုရားအဆင့်သို့ ကူပြောင်းခါနီးလူများ အများအပြား ရှိနေပေသည်။ သူတို့၏ ကျင့်ကြံခြင်းအဆင့်ကို ကူညီချိုးဖျက်ပေးနိုင်သော ငါးလမ်းကြောင်းသိမြင်မှု သစ်သီးပင်အကြောင်းသာ ကြားလိုက်ပါက ထိုသူများအားလုံးကို ဆွဲဆောင်နိုင်မည်ဖြစ်သည်။
“အင်ပါယာမြို့တော်ထဲက ဆိုင်သေးသေးလေးတစ်ဆိုင်မှာ ငါးလမ်းကြောင်း သိမြင်မှု သစ်သီးပင်ကို အောင်အောင်မြင်မြင် စိုက်ပျိုးနိင်ခဲ့တယ်…အဖိုးတန်တဲ့ အရာတွေကို ကြာကြာဖွက်ထားဖို့ မဖြစ်နိင်ဘူးဆိုတော့ ဒီဆိုင်လေးက ဒီနေရာမှာ ကြာကြာ ရှိနေနိုင်မှာ မဟုတ်တော့ဘူး….” အဖိုးအိုက တီးတိုးရေရွတ်လိုက်လေသည်။
ပုဖန်က ၀က်နံရိုးချိုချဉ်ကြော်ကို ချက်ပြီးနောက် လက်မှ ရေစက်များကို သတ်၍ မီးဖိုခန်းအတွင်းမှ ထွက်လာလေသည်။ စားသောက်ခန်းအတွင်းသို့ ၀င်လိုက်သည်နှင့် မီးခိုးရောင်၀တ်စုံနှင့် အဖိုးအိုက ပန်းအိုးနားတွင် ထိုင်၍ အပင်ပေါက်လေးကို ကြည့်နေသည်ိကို မြင်လိုက်ရလေသည်။ ထိုမြင်ကွင်းက သူ့ကို ထူးဆန်းအံ့သြသွားစေလေသည်။
“ဒီအဖိုးအိုက ငါ့ဆိုင်က သစ်ပင်လေးနားမှာ ဘာထိုင်လုပ်နေတာလဲ…. အပင်စိုက်တဲ့သူမိုလို့ သစ်ပင်လေးအကြောင်းကို သိနေတာများ ဖြစ်နေမလား….”
ပုဖန်က အပင်ပေါက်လေးအကြောင်းကို အမြဲလိုလို သိချင်နေလေသည်။ အကယ်၍ အဖိုးအိုသာဖြေပေးနိုင်ပါက သူ့တွင် မေးခွန်းအချို့ ရှိနေလေသည်။