အပိုင်း ၁၈၈
Viewers 53k

အခန်း ၁၈၈ “အိုးထဲကအိုး … ဝိုင်ထဲကဝိုင်”


“မာစတာ၀မ့်က ဘာလို့ အဲလိုပြောတာလဲ… ပိုင်ရှင်ပုက အင်ပါယာမြို့တော်ကို အန္တရာယ်တွေကြားကနေ ကယ်တင်ခဲ့ဖူးတယ်..”


ဂျိချန်းရွဲ့က ပုဖန်၏ အကြောင်းနှင့် ဆိုင်ငယ်လေး၏ ရာဇ၀င်ကို မသိသော်လည်း ပုဖန်က လေအလင်းအင်ပါယာမြို့တော်ကို ဂိုဏ်းမှ ပုန်ကန်သူများ၏ ရန်မှ ကာကွယ်ခဲ့ဖူးလေသည်။ ထို့ကြောင့် ပုဖန်အပေါ် ယုံကြည်မှု က ပျောက်ပျက်သွားလိမ့်မည် မဟုတ်ပေ။ မာစတာ၀မ့်ကို အင်ပါယာမြို့တော်အတွင်းမှ အကြီးအကဲတစ်ယောက်အနေနှင့် ဂျိချန်းရွဲ့က လေးစားသော်လည်း သူ၏ ဆုံးဖြတ်ချက်များကို မာစတာ၀မ့်ကြောင့် ပြင်လိမ့်မည်မဟုတ်ပေ။


ဖန်ဖန်ဆိုင်ငယ်လေးက အင်ပါယာမြို့တော်ကို အန္တရာယ်ပေးလိမ့်မည်ဟု သူက လုံး၀ မယုံကြည့်ပေ။ ရှောင်မန်နှင့် အခြားသူများကလဲ ထိုနည်းတူပင် တွေးတောလိုက်ကြသည်။ သူတို့က ပုဖန်ကို အပြည့်အ၀ နားမလည်သော်လည်း ပုဖန်က အင်ပါယာကို အန္တရာယ်ဆိုးများ ဖြစ်ပေါ်လာစေမည့် သူဟု မယုံကြည်ပေ။


မာစတာ၀မ့်က ဂျိချန်းရွဲ့၏ အပြုအမူကို ကြည့်၍ အနည်းငယာ် အံ့အားသင့်သွာေးလသည်။ ဂျိချန်းရွဲ့၏ အမူအယာအရ ပုဖန်အပေါ် လုံး၀ ယုံကြည်နေသည်မှန် သိသာပေသည်။ သို့သော် သူက မျက်နှာမပျက်စေပဲ အပြုံးလေးနှင့် ဆက်ပြောလိုက်သည်။


“အရှင်မင်းကြီး… ဒီနှစ် မိသားစုတစ်ရာ ပွဲတော်ကို မှတ်မိသေးရဲ့လား…..”


“ဒါပေါ့…ငါမှတ်မိပါတယ်… မိသားစုတစ်ရာ စားသောက်ပွဲက ငါနဂါးပလ္လင်ကို ဆက်ခံပြီးတော့ ပထမဆုံး ကျင်းပတဲ့ ပွဲတော်ကြီးပဲလေ… အဲဒီပွဲတော်မှာ ပိုင်ရှင်ပုက ပထမဆုကို ရယူနိုင်ခဲ့တယ်လေ…” ဂျိချန်းရွဲ့က ပြန်ပြောလိုက်သည်။


ဂျိချန်းရွဲ့၏ စကားကြောင့် ၀မ့်တင်းက ပြုံးလိုက်သော်လည်း သူ၏ အပြုံးက မချိပြုံးဖြစ်နေပြီး ပီပြင်မှု အနည်းငယ်ပင် ရှိမနေပေ။


“ဒီအဖိုးကြီးရဲက အသုံးမကျတဲ့ တပည့်နှစ်ယောက်ကလဲ အရှင်မင်းကြီးပေးတဲ့ ပထမဆုကို လိုချင်လို့ အဲဒီပြိုင်ပွဲမှာ ၀င်ပြိုင်ခဲ့ပါတယ်….”


“ဟမ်…”


ဂျိချန်းရွဲ့က အံ့အားသင့်သွားပြီး အိုးတိုးအမ်းတမ်း ဖြစ်သွားလေသည်။


“အဲဒီပြိုင်ပွဲမှာ ပထမဆုအနေနဲ့ အရှင်မင်းကြီး ပေးခဲ့တဲ့ ဆုက သစ်စေ့တစ်စေ့ ဟုတ်တယ်မလား… အဲဒီသစ်စေ့ကို အရှင်မင်းကြီးက သိချင်မှ သိနိုင်မှာဖြစ်ပေမယ့် ဒီအဖိုးအိုကတော့ ကောင်းကောင်းသိနေပါတယ်..” ၀မ့်တင်းက ဆက်ပြောလိုက်သည်။


“သစ်စေ့…”


“အဲဒီသစ်စေ့က ငါးလမ်းကြောင်းသိမြင်မှု သစ်သီးပင်ရဲ့ သစ်စေ့ပဲ … အဲဒီသစ်စေ့သာ ရှင်သန်လာခဲ့မယ်ဆိုရင် အပွင့်ပွင့်လာပြီး ငါးလမ်းကြောင်းသိမြင်မှု သစ်သီး သီးလာလိမ့်မယ်… အရှင်မင်းကြီးပဲ ပြောကြည့်ပါ… ငါးလမ်းကြောင်းသိမြင်မှု သစ်သီးသာ သီးလာခဲ့မယ်ဆိုရင် ဘာတွေ ဖြစ်လာနိုင်မယ်ဆိုတာကို…”


ထိုစကားကြောင့် ခန်းမထဲမှ လူများအားလုံးကို အေးစက်တောင့်တင်းသွားစေလေသည်။ သုံးလမ်းကြောင်းသိမြင်မှု သစ်သီးက အဆင့်ခုနစ် စိတ်ဝိဥာဉ် သစ်သီး ဖြစ်နေသောကြောင့် ငါးလမ်းကြောင်း သိမြင်မှု သစ်သီးက.. သူတို့အားလုံး ဆံပင်များ ထောင်ထသွားသည်ဟုပင် ခံစားလိုက်ရသည်။


“ငါးလမ်းကြောင်း သိမြင်မှု သစ်သီးသာ သီးလာခဲ့မယ်ဆိုရင် အဆင့်ခုနစ် သူတော်စင်အဆင့်တွေကို ဆွဲဆောင်နိုင်လိမ့်မယ်…. အဲဒီသစ်သီးက သူတော်စင်အဆင့်တွေရဲက နာလည်နိုင်စွမ်းကို မြှင့်တင်ပေးနိုင်ပြီး စစ်နတ်ဘုရားအဆင့်ကို ချိုးဖြတ် တက်ရောက်ရာမှာ လွယ်ကူသွားစေလိမ့်မယ်…”


ထိုသစ်သီးက အကြောင်းကို ပြောပြနေသော ၀မ့်တင်းပင် စိတ်လှုပ်ရှားနေပြီး အသက်ပြင်းပြင်း ရှူရှိုက်လိုက်မိသည်။


ဂျိချန်းရွဲ့၏ မျက်နှာကလဲ ဖြူဖျော့သွားလေသည်။


“အဆင့်ရှစ်… စစ်နတ်ဘုရားအဆင့်… ဘယ်လိုရတနာမျိုး ပေါ်ထွက်လာတာပါလိမ့်…”


သို့သော် သူက မျိုးစေ့လေး၏ အခြေအနေကို ပြန်သတိရသွားပြီး ၀မ့်တင်းကို စူးစိုက်ကြည့်လိုက်လေသည်။ ထိုမျိုးစေ့က တန်ဖိုးရှိသော်လည်း အပင်ပေါက်ရန် မဖြစ်နိုင်ပေ။ အင်ပါယာမှ နည်းလမ်းပေါင်းစုံသုံး၍ အပင်ပေါက်လာရန် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။


အောက်ဘက်နားတွင် ထိုင်နေသော ရှောင်မန်ကလဲ အသက်ပြင်းပြင် ရှူရှိုက်လိုက်မိလေသည်။ သူက စစ်နတ်ဘုရားအဆင့်ကို ရောက်ရှိနိုင်ရန် နှစ်ပေါင်းများစွာ မဆုတ်မနစ် ကြိုးစားခဲ့သော်လည်း ယခုအချိန်ထိ အလှမ်းဝေနေဆဲပင် ဖြစ်သည်။


အဖိုးအိုက ရတနာစီခြယ် မက်မွန်ဝိုင်ကို တစ်ငုံသောက်လိုက်ပြီး သူ၏ စိတ်ကို တည်ငြိမ်အောင် ထိန်းချုပ်လိုက်သည်။ ထို့နောက် ခေါင်းမော့လိုက်ပြီး သူ့အနီးမှ လူအားလုံးကို ဝေ့၀ဲကြည့်လိုက်ကာ ပြောလိုက်လေသည်။


“ပိုင်ရှင်ပုက အဲဒီမျိုးစေ့ကို အပင်ပေါက်အောင် စိုက်ခဲ့ပြီးသွားပြီ…”


……..


အလင်းရောင်ထိန်လင်းနေသော ဖန်ဖန် ဆိုင်ငယ်လေးထဲတွင် ပုဖန်က သူ့ရှေ့မှ အဆင့်ခုနစ် ဆေးပင်သုံးမျိုးကို သေချာစွာ စစ်ဆေးလိုက်ပြီး ထွက်ပေါ်နေသော စွမ်းအင်များကို မျက်စိမှိတ်၍ ခံစားကြည့်လိုက်သည်။ ထို့နောက် ထိုပစ္စည်းများကို အသုံးပြု၍ ဝိုင်ချက်ရမည့် နည်းလမ်းကို စတင်စဉ်းစားနေလေတော့သည်။ ယခုအချိန်တွင် ဝိုင်ချက်လုပ်ရန် အတွက် နည်းလမ်းကိုးသွယ် ဝိုင်ချက်လုပ်နည်းကို အသုံးပြုရန် မဖြစ်နိုင်ပေ။


အေးခဲကျောက်စိမ်းနှလုံးသားဝိုင်ကို ချက်လုပ်ရန် မုယောစပါးကိ်ု အသုံးပြုရပြီး ယခုချက်လုပ်မည့် ဝိုင်က စိတ်ဝိဥာဉ်ဆေးပင်များမှ ချက်လုပ်ထားခြင်း ဖြစ်သောကြောင့် ကွဲပြားခြားနားသော နည်းလမ်းများကို အသုံးပြုရမည်ဖြစ်သည်။ ထိုအချက်ကပင် ပုဖန်ကို ခေါင်းကိုက်စေလေသည်။ သူ၏ အရင်ဘ၀တွင် သစ်သီးဝိုင်ချက်လုပ်သည့် အတွေ့အကြုံများ ရှိသော်လည်း ပြီးပြည့်စုံသော စိတ်ဝိဥာဉ်၀ိုင် ချက်လုပ်ရန်အတွက် စိုးရိမ်ပူပန်နေဆဲပင် ဖြစ်သည်။


“စနစ်.. စိတ်ဝိဥာဉ်၀ိုင်ချက်လုပ်ဖို့ အတွက် အကြံပြုချင်တာများ ရှိလား…”


ပုဖန်က နောက်ဆုံးတွင် စနစ်ကို မေးရန် ဆုံးဖြတ်လိုက်သည်။ ထိုနည်းလမ်းကသာ ပို၍ စိတ်ချရသည်ဟု သူက ယုံကြည်နေလေသည်။


စနစ်က အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးမှ ပြန်ပြောလိုက်သည်။


“စိတ်ဝိဥာဉ်၀ိုင် ထုတ်လုပ်ခြင်းကို သင့်ရဲ့ ယာယီစစ်ဆေးခြင်းအဖြစ် သတ်မှတ်လိုက်ပါပြီ… နဂါးရှင်သန်ခြင်းဝိုင်ထက် ကောင်းမွန်တဲ့ဝိုင်ကို ကိုယ့်အားကိုယ်ကိုးပြီး ထုတ်လုပ်ရပါမယ်… စနစ်က ဘယ်လိုနည်းလမ်းမျိုးကိုမှ ထောက်ပံ့ပေးမှာ မဟုတ်ပါဘူး….”


“ငါမျှော်လင့်ထားတဲ့ အတိုင်းပဲ…”


ပုဖန်၏ နှုတ်ခမ်းများ မဲ့ရွဲ့သွားလေသည်။ စနစ်၏ အကျင့်အရ သူ့ကို ကယ်ပေါက်ပေးမည်မဟုတ်မှန်း ကြိ်ုသိနေလေသည်။ ပုဖန်က မျက်မှောင်ကြံ့၍ တွေးတောနေလိုက်သည်။ သစ်သီးဝိုင် ထုတ်လုပ်ရာတွင် အခက်ခဲဆုံး အပိုင်းမှာ အချဉ်ဖောက်သည့် ကြာချိန်ဖြစ်သည်။ ထိုအချိန်ကို ကိုယ်တိုင်သာ သတ်မှတ်ထားရမည်ဖြစ်သည်။ ဝိုင်အိုးကို စောစီးစွာ ဖွင့်မိလျှင် ဝိုင်၏ အဆီအနှစ်များ လွင့်ပြယ်သွားနိုင်ပြီး စိတ်ဝိဥာဉ်၀ိုင်၏ အရည်အသွေး ကျဆင်းသွားမည် ဖြစ်သည်။


ပုဖန်က သူ၏ မေးစိကို ပွတ်၍ ကြာမြင့်စွာ တွေးတောနေလေသည်။ ထို့နောက် ပုဖန်က အတွေးများကို ရပ်တန့်လိုက်ပြီး စနစ်၏ သိုလှောင်နယ်မြေအတွင်းမှ အဆင့်နိမ့် သစ်သီးများကို ထုတ်ယူလိုက်သည်။ ထိုသစ်သီးများက အဆင့်နှစ် အဆင့်သုံးများ ဖြစ်ကြပြီး အရည်အသွေး မြင့်မားခြင်း မရှိပေ။


သစ်သီးများထဲမှ ခရမ်းရောင် သစ်သီးတစ်လုံးက ရင့်မှည့်နေလေသည်။ ပုဖန်က ထိုသစ်သီးကို ယူ၍ တစ်ကိုက်ကိုက်ကြည့်လိုက်ရာ ချိုချဉ်အရသာကို ခံစားလိုက်ရလေသည်။ ထိုသစ်သီးက မက်မွန်ဝိုင်ထုတ်လုပ်ရန် သင့်တော်ပေသည်။


ပုဖန်က သူ၏ လက်ကို ဝေ့ရမ်းလိုက်ရာ အစိမ်းရောင် မြူခိုးများ ထွက်ပေါ်လာပြီး အနက်ရောင် ဓါးတစ်ချောင်း ပေါ်လာလေသည်။


ပုဖန်က ခုံကို အားအပြည့်နှင့် ရိုက်ချလိုက်ရာ စားပွဲ မျက်နှာပြင်က တုန်ခါသွားပြီး သစ်သီးများက လေထဲသို့ လွင့်တက်လာလေသည်။ ပုဖန်က သူ၏ ဓါးကို ကြယ်ပျံဖြတ်တောက်ခြင်း နည်းစနစ်အတိုင်း ဝေ့ရမ်း၍ လေထဲမှ သစ်သီးများကို ဖြတ်တောက်လိုက်သည်။


ရွပ်… ရွပ်.. ရွပ်…


ပုဖန် ဖြတ်တောက်လိုက်ရာမှ ပြန်ကျလာသော သစ်သီးစိတ်များက အောက်တွင် ခံထားသော ဝိုင်အိုးကြီးထဲသို့ ကျရောက်သွားလေသည်။ စိတ်ဝိဥာဉ်သစ်သီးများမှာ များပြားလှသောကြောင့် အားလုံးကို အပိုင်းပိုင်း ဖြတ်တောက်လိုက်သော်လည်း အိုးတစ်၀က်မျှ ပြည့်သွားလေသည်။


ပုဖန်က သေးငယ်သော ဝိုင်အိုးတစ်ခုကို ထုတ်ယူလိုက်ပြီး သေချာစွာ ဆေးကျောသန့်စင်လိုက်သည်။ ထို့နောက် သုံးလမ်းကြောင်းသိမြင်မှု သစ်သီးကို ထုတ်ယူလိုက်လေသည်။ အဆင့်ခုနစ် စိတ်ဝိဥာဉ်သစ်သီး၏ ထိပ်တွင် တိမ်ပုံသဏ္ဍာန် လမ်းကြောင်းသုံးခုရှိပြီး အလွန်နူးညံ့ ပျော့ပြောင်းနေလေသည်။ ပုဖန်က လက်ထဲမှ ဓါးကို ဝေ့ရမ်းလိုက်ပြီး တုန့်ဆိုင်းခြင်းမရှိပဲ သစ်သီးကို ဖြတ်တောက်လိုက်သည်။


ရွှေနဂါးအရိုး မီးဖိချောင်သုံးဓါး၏ အားသာချက်ကြောင့် အဆင့်ခုနစ် စိတ်ဝိဥာဉ်သစ်သီး၏ စွမ်အင်များက မသက်ရောက်နိုင်ပဲ သာမာန်သစ်သီးတစ်လုံးကဲ့သို့ အပိုင်းပိုင်းအစစ ဖြတ်တောက်ခြင်း ခံလိုက်ရလေသည်။ ထို့နောက် ပုဖန်က ပိုင်းဖြတ်ထားသော သုံးလမ်းကြောင်းသိမြင်မှု သစ်သီး စိတ်များကို ဝိုင်အိုးလေးထဲသို့ ထည့်လိုက်လေသည်။ ထိုဝိုင်အိုးလေးကို အဆင့်နိမ့် စိတ်ဝိဥာဉ်သစ်သီးများ ထည့်ထားသော ဝိုင်အိုးအကြီးထဲသို့ ထည့်လိုက်သည်။


ကျန်ရှိနေသော ဖီးနစ်သွေးဆေးပင်တစ်၀က်နှင့် ရေခဲဝိဥာဉ်ဧကရာဇ် ကြာပန်းကိုလည်း ထိုနည်းအတိုင်းပင် ပြုလုပ်လိုက်ပြီး ဝိုင်အိုးကြီးထဲ ထည့်လိုက်လေသည်။ ဝိုင်းအိုးလေး သုံးခုလုံးကို ဝိုင်းအိုးကြီးထဲသို့ ထည့်လိုက်ချိန်တွင် မမြင်နိုင်သော အားတစ်ခု သက်ရောက်လာသကဲ့သို့ ဖီးနစ်သွေးဆေးပင် ထည့်ထားသည့် အိုးမှ မီးတောက်များ ထွက်ပေါ်လာပြီး ရေခဲဝိဥာဉ် ဧကရာဇ် ကြာပန်း ထည့်ထားသည့် ဝိုင်အိုးမှလည်း အပြာဖျော့ရောင် အလင်းတန်းများ ထုတ်လွှတ်နေလေသည်။


သုံးလမ်းကြောင်းသိမြင်မှု သစ်သီးထည့်ထားသော ဝိုင်အိုး၏ အပြင်ဘက်တွင်လည်း ထူးဆန်းစွာပင် တိမ်ပုံသဏ္ဍာန်များ ထွက်ပေါ်လာလေသည်။ အိုးအတွင်းမှ အိုး ဝိုင်အတွင်းမှဝိုင် ဓာတ်စင်လေးခု တစ်ပြိုင်နက်ထဲ အချဉ်ဖောက်ခြင်းပင် ဖြစ်သည်။


ပုဖန်က ဝိုင်အိုးအကြီးကို သေချာစွာ စိုက်ကြည့်လိုက်ပြီး အဖုံးဖုံးလိုက်ကာ သူ၏ လက်နှစ်ဖက်ကို အဖုံးပေါ်သို့ တင်ထားလိုက်သည်။ သူ၏ ဒန်တျန်အတွင်းမှ အစစ်အမှန် စွမ်းအင်များကို တဖြည်းဖြည်းချင်းလှည့်ပတ်လိုက်ပြီး ဝိုင်းအိုးအတွင်းသို့ စီး၀င်သွားစေလိုက်သည်။


အိုးအကြီးအတွင်းမှ ပုဖန် ပိုင်းဖြတ်ထားသော စိတ်ဝိဥာဉ်သစ်သီးများက အစစ်အမှန် စွမ်းအင်များ၏ ဖိအားအောက်တွင် အရည်ညှစ်ခံလိုက်ရ သကဲ့သို့ သစ်သီးရည်များ ထွက်ပေါ်လာလေသည်။ ပုဖန်က သူ၏ အစစ်အမှန် စွမ်းအင်များကို တဖြည်းဖြည်း ခြင်း စီင်္းဆင်းစေလိုက်ပြီး သစ်သီးရည်များအကြားတွင် စိမ့်၀င်ပျံ့နှံ့သွားစေလိုက်သည်။


ညတစ်၀က်ခန့် ရောစပ်ပြီးနောက် ပုဖန်၏ အစစ်အမှန် စွမ်းအင်များ ကုန်ဆုံးသွားပြီး အလွန်ပင်ပန်း နွမ်းနယ်လာလေသည်။ ပုဖန်က ဝိုင်အိုးပေါ်မှ လက်များကို ဖယ်ထုတ်လိုကက်ပြီး နောက်သို့ ဆုတ်လိုက်လေသည်။ ဤအကြိမ်တွင် စွမ်းအင်သုံးစွဲမှု အလွန်များပြားလှသောကြောင့် သူ၏ အကန့်အသတ်သို့ပင် ရောက်ရှိသွားစေလေသည်။


“ဝိုင်အချဉ်ဖောက်တဲ့နေရာမှာ အထောက်အကူဖြစ်အောင် ငါ့ရဲ့ အစစ်အမှန် စွမ်းအင်တွေကို သုံးစွဲထားတယ် ဆိုတော့… တော်တော်လေးကောင်းမွန်တဲ့ ရလာဒ် ထွက်လာမယ်လို့ မျှော်လင့်ရတာပဲ…”


ပုဖန်က တတွတ်တွတ် ရေရွတ်လိုက်ပြီး လေးလံလှသော ဝိုင်အိုးကြီးကို သယ်မလိုက်ကာ မီးဖိုချောင်ထဲမှ ဗီဒိုရှိရာသို့ လျှောက်သွားလိုက်သည်။ ထိုဗီဒိုက ဝိုင်ပြုလုပ်ရန် အထူးပြုလုပ်ထားခြင်း ဖြစ်သည်။ ပုဖန်က ဗီဒိုထဲမှ အေးခဲကျောက်စိမ်း နှလုံးသားဝိုင် သုံးအိုးကို ထုတ်ယူလိုက်ပြီး ဝိုင်အိုးကြီးကို ဗီဒိုထဲ ထည့်ထားလိုက်သည်။ ထိုဗီဒိုက အချိန်စီးဆင်းမှုကို မြန်ဆန်ပေးနိုင်သောကြောင့် အချိန်အနည်းငယ်အတွင် အချဉ်ဖောက်ခြင်းလုပ်ငန်း ပြီးဆုံးသွားမည်ဖြစ်သည်။


သို့သော် သူ၏ နည်းလမ်းများက အလွန်လွယ်ကူရိုးရှင်းနေသည်ဟု ခံစားနေရသောကြောင့် ပုဖန်က စိတ်ကျေနပ်မှု မရှိပဲ မျက်မှောင်ကြုံ့နေမိသည်။ နီယန်က နဂါးရှင်သန်ခြင်းဝိုင် ချက်လုပ်ရာတွင် အလွန်ရှုပ်ထွေးသော နည်းလမ်းများကို အသုံးပြုထားပြီး အချဉ်ဖောက်ရန်အတွက်ပင် စိတ်ဝိဥာဉ်ရေကန်အောက်တွင် သုံးနှစ်ကြာအောင် မြှုတ်ထားခဲ့သည်ဟု သူ့ကို ပြောခဲ့ဖူးလေသည်။ သုံးနှစ်ကြာအောင် မြှုတ်နှံထားသောကြောင့် ကောင်းမွန်သောဝိုင် ရလာကြောင်း ပြောခဲလေသည်။


“စနစ်… ဒီဗီဒိုကို သဘာ၀ ပတ်၀န်းကျင်နဲ့ လိုက်လျောညီထွေမှုရှိအောင် ပြောင်းလဲလို့ ရလား…”


ပုဖန်က စနစ်ကို ဒုတိယအကြိမ် မေးလိုက်မိသည်။ ရိုးရှင်းသော ဝိုင်ထုတ်လုပ်နည်းများနှင့် နဂါးရှင်သန်ခြင်းဝိုင်ကို အနိုင်မရနိုင်ဟု သူက ခံစားမိနေလေသည်။ အချဉ်ဖောက်ရာတွင် ကွဲပြားခြားနားသော နည်းလမ်းများကို အသုံးပြုခြင်းဖြင့် ထွက်ပေါ်လာသော ဝိုင်၏ အရည်အသွေးကလဲ ခြားနားသွားနိုင်လေသည်။


“ဒီအချိန် စီးဆင်းမှု မြန်စေတဲ့ ဗီဒိုက သဘာ၀ ပတ်၀န်းကျင်ကို တုပနိုင်ပါတယ်… အဲဒီပြောင်းလဲမှု တစ်မျိုးစီအတွက် သလင်းကျောက် ဆယ်တုံး ကျသင့်မှာဖြစ်ပြီး သင့်ရဲ့ ရောင်းရငွေထဲကနေ နှုတ်ယူလိုက်ပါမယ်…” စနစ်က လျှင်မြန်စွာပင် ပြန်ပြောလိုက်သည်။


ပုဖန်က စိတ်ပျက်စွာဖြင့် မျက်လုံးလှန်လိုက်လေသည်။ စနစ်၏ တုန့်ပြန်မှု မြန်လာသည်နှင့် အပေးအယူ တစ်ခုခု ရှိနေမည်ကို သူသဘောပေါက်လိုက်လေသည်။ သို့သော် သလင်းကျောက်ဆယ်တုံးက သူတတ်နိုင်သော ပမာဏ ဖြစ်နေလေသည်။ သလင်းကျောက်ဆယ်တုံးကို ပေးချေလိုက်ပြီးသည်နှင့် ပုဖန်က ဗီဒိုနှင့် ဆက်သွယ်နိုင်သည်ဟု ခံစားလိုက်ရလေသည်။


၀ိ်ုင်အိုးကြီးဘေးမှ ပန်၀န်းကျင်က ပုဖန်၏ မြင်ကွင်းအောက်တွင်ပင် အမျိုးမျိုး ပြောင်းလဲသွားလေသည်။


ရေခဲများနှင့် ဆီးနှင့်များ ပြည့်နှက်နေသော ပတ်၀န်းကျင် ၊ ပေါက်ကွဲနေသော မီးတောင်မျာ ၊ကောင်းကင်ဘုံရှိ စိတ်ဝိဥာဉ်ရေကန်နှင့် အကန့်အသတ်မရှိ ကျယ်ပြန့်လှသော သမုဒ္ဓရာကျယ်….


“ဘယ်ပတ်၀န်းကျင်မျိုးကို ရွေးချယ်သင့်လဲ…” ပုဖန်က အချိန်အနည်းငယ်မျှ စဉ်းစားလိုက်ပြီး ဝိုင်အိုးအနီးမှ ပတ်၀န်းကျင်ကို သမုဒ္ဓရာ အောက်ခြေအဖြစ် ပြောင်းလဲလိုက်သည်။


အင်အားကြီးသော သမုဒ္ဒရာ၏ ဖိနှိပ်မှုအောက်မှ မီးနှင့် ရေခဲ၏ ပေါင်းစပ်မှု…


ထွက်ပေါ်လာမည့် စိတ်ဝိဥာဉ်၀ိုင်၏ ရလာဒ်ကို တွေးလိုက်မိပြီး ပုဖန်က စ်ိတ်လှုပ်ရှားနေလေသည်။ ထို့နောက် သူ၏ ဗီဒို၏ အချိန်စီးဆင့်မှုကို ပြောင်းလဲရန် တွေးတောလိုက်သည်။ သူ၏ အစစ်အမှန် စွမ်းအင်များကို ထည့်သွင်းထားသောကြောင့် အချဉ်ဖောက်ခြင်းကို ပြီးပြည့်စုံစေရန် အချိန်သုံးနှစ်မျှ လိုအပ်ပေလိမ့်မည်။ ထို့ကြောင့် ပုဖန်က ဗီဒိုအတွင် မှ အချိန်စိးဆင်းမှုကို ညှိလိုက်လေသည်။ နောက်တစ်လ ကြာလျှင် ဝိုင်က အချဉ်ပေါက်လာမည်ဖြစ်သည်။


အရာအားလုံး ပြီးဆုံးသွားပြီးနောက် ပုဖန်က အလွန်ပင်ပန်းနွမ်းနယ်နေပြီး သူ၏ ခန္ဒာကိုယ်အတွင်းမှ အစစ်အမှန် စွမ်းအင်များ ကုန်ခမ်းနေသည်ကို ခံစားလိုက်ရသည်။ ထို့ကြောင့် သူ၏ စွမ်းအင်များ အလျှင်အမြန် ပြန်ပြည့်စေရန် စားသုံးနိုင်မည့် မုန့်တစ်မျိုးကို ပြုလုပ်ရန် လိုအပ်နေကြောင့် သတိရသွားပြီး မျက်မှောင်ကြုံ့လိုက်မိပြန်သည်။


ပုဖန်က မီးဖိုချောင်ထဲမှ ထွက်လာလိုက်ပြီး သူ၏ အခန်းသို့သွား၍ ရေနွေးဖြင့် ရေချိုးလိုက်လေသည်။ ခန္ဒာကိုယ်ပင်ပန်းမှုများက ပျောက်ကွယ်သွားသော်လည်း စိတ်လှုပ်ရှားမှုက ပျောက်ပျက်သွားခြင်းမရှိပေ။ အဆင့်ခုနစ် ဆေးပင်များကို အသုံးပြု၍ စိတ်ဝိဥာဉ်၀ိုင် ချက်လုပ်ရန် စိတ်ကူးခဲ့သော သူ့ကိုယ်သူပင် မယုံနိုင် ဖြစ်နေလေသည်။ ထိုအရာက ထူးခြားကောင်းမွန်မည်ဖြစ်ပြီး အေးခဲကျောက်စိမ်းနှလုံးသားဝိုင်ထက် ပိုမိုကောင်းမွန်နိုင်ပေသည်။


ထို့နောက် ပုဖန်က အိပ်ယာပေါ်လှဲလိုက်ပြီး တစ်စုံတစ်ခုကို တွေးလိုက်မိသောကြောင့် သူမျက်၀န်းများ ကျဉ်းမြောင်းသွားလေသည်။ အရေးကြီးသော အချက်တစ်ချက် ရှိနေလေသည်။


ဒီဝိုင်ရဲ့ နံမည်က…..