အပိုင်း ၁၉၁
Viewers 53k

အခန်း ၁၉၁ “သစ်တောလေး”


“ဒီသစ်ပင်ကို ငါးလမ်းကြောင်းသိမြင်မှု သစ်သီးပင်လို့ ပြောလိုက်တာလား…” ပုဖန်က နီယန့်ကို စိုက်ကြည့်၍ မေးလိုက်သည်။


“အသေအချာပဲ… နင်က ဒီသစ်ပင်ရဲ့ နံမည်ကိုတောင် မသိဘူးလား…”


နီယန်၏ လှပသော မျက်၀န်းလေးများက ပြူးကျယ်ဝိုင်းစက်သွားပြီး သူမ၏ လှပသော မျက်နှာပေါ်တွင် အံ့အားသင့်မှုများ ယှက်ဆိုင်းသွားလေသည်။


“ဒါကို ဘာသစ်ပင်မှန်း မသိပဲနဲ့ နင်က ဘာလို့ ဒီမှာ စိုက်ထားတာလဲ…”


“ဒါက… ငါ့ဆိုင်ထဲမှာ သစ်ပင်လေးတစ်ပင် ရှိစေချင်လို့လေ….” ပုဖန်က နှုတ်ခမ်းတွန့်လိုက်ပြီး ပြန်ပြောလိုက်သည်။


ပုဖန်၏ အမူအယာကို ကြည့်၍ နီယန်က ပြောစရာစကားမဲ့သွားပြီး တွေးလိုက်မိသည်။


“နင်က ငါးလမ်းကြောင်းသိမြင်မှု သစ်သီးပင်ရဲ့ တန်ဖိုးကိုတောင် မသိဘူး မဟုတ်လား… ဆိုင်ထဲမှာ သစ်ပင်လေးတစ်ပင်ရှိခြင်လို့ ဟုတ်လား… နင်တစ်ယောက်ပဲ ဆိုင်ထဲမှာ သစ်ပင်တစ်ပင်ရှိခြင်တဲ့ ရည်ရွယ်ချက်နဲ့ ဆိုင်ထဲမှာ ငါးလမ်းကြောင်းသိမြင်မှု သစ်သီးပင်ကို စိုက်လိမ့်မယ်…”


“ငါ့မှာ သုံးလမ်းကြောင်းသိမြင်မှု သစ်သီးတစ်လုံးရှိတယ်.. အဲနှစ်ခုကြားမှာ တစ်ခုခု ဆက်သွယ်နေနိုင်လား…”


ပုဖန်က အပင်များနှင့် ပတ်သတ်၍ ပထမအကြိမ် မေးလိုက်ခြင်း ဖြစ်သည်။


ယမနေ့က အဖိုးအိုတစ်ယောက်ကက ထိုသစ်ပင်လေးအကြောင်းကို သိပုံရသော်လည်း သူ၏ ရည်ရွယ်ချက်က မရိုးရှင်းပဲ ထိုသစ်ပင်လေးကိုပင် လိုချင်နေလေသည်။ ပုဖန်က ထိုသို့ အဖြစ်မခံနိုင်ပေ။ သစ်ပင်လေးသာ အခြားတစ်ယောက်နောက် ပါသွားပါက သူ့ဆိုင်လေးအတွင်းမှ သူ၏ သစ်တောလေးဖြစ်ရန် ရည်ရွယ်ချက်က ပျက်စီးသွားမည်ဖြစ်သည်။


“ဒီသစ်ပင်လေးကို ငါးလမ်းကြောင်းသိမြင်မှု သစ်သီးလို့ ခေါ်တယ်…. ဒီအပင်က သီးလာတဲ့ သစ်သီးကိုတော့ ငါးလမ်းကြောင်းသိမြင်မှု သစ်သီးပေါ့… သုံးလမ်းကြောင်းသိမြင်မှု သစ်သီးနဲ့ နှိုင်းယှဉ်ရမယ်ဆိုရင် သူတို့က တူညီတဲ့ အဆင့်မှာတောင် မဟုတ်ဘူး….”


“သုံးလမ်းကြောင်း သိမြင်မှု သစ်သီးက အင်ပါယာအဆင့်တစ်ယောက်ကို သူတော်စင်တစ်ယောက် အဖြစ် အဆင့်တက်တဲ့ အချိန်မှာ အနည်းအကျဉ် ကူညီနိုင်လိမ့်မယ်…. ဒါပေမယ့်… ငါးလမ်းကြောင်းသိမြင်မှု သစ်သီးက သူတော်စင်အဆင့်တစ်ယောက်ကို စစ်နတ်ဘုရားအဆင့် ဖြစ်သွားအောင် တိုးမြှင့်ပေးနိုင်တယ်… ဒီသစ်သီးနှစ်ခုရဲ့ တန်ဖိုးက ကမ္ဘာတစ်ခုလောက်တောင် ကွာခြားနေတယ်…”


နီယန်က တီးတိုးပြောဆိုလိုက်သည်။ ပုဖန်က ထိုစကားကြောင့် အံ့အားသင့် မှင်သက်သွားလေသည်။ သူ၏ အပင်ပေါက်လေးက သာမာန်ထက် ပို၍ ထူးခြားနေလေသည်။


“တကယ်လို့ မင်းရဲ့ဆိုင်ထဲမှာ ငါးလမ်းကြောင်းသိမြင်မှု သစ်ပင်ပေါက်လေး ရှိနေတာသာ သတင်းပြန့်သွားမယ်ဆိုရင် ကြောက်စရာကောင်းတဲ့ သူတော်စင်အဆင့်တွေက မင်းဆိုင်ကို ဝိုင်းပြီး တိုက်ခိုက်ကြလိမ့်မယ်….” နီယန်က အလေးအနက် ပြောလိုက်သည်။


“အိုး…. ပြသနာမရှိပါဘူး….” ပုဖန်က အေးစက်စက် တုံ့ပြန်လိုက်သည်။


“နင့်ရဲ့ ယုံကြည်ချက်တွေက ဘယ်ကရောက်လာတာလဲတော့ ငါမသိဘူး… ငါအခုပြောနေတာက သုံးစားမရတဲ့ သူတော်စင်အဆင့်တွေကို ပြောနေတာ မဟုတ်ဘူး…. ပထမတန်းစား စစ်သည်တော်တွေ အကြောင်းကို ပြောနေတာ… ငါ့စကားကို နည်းနည်းလောက်တော့ အလေးအနက် ထားဦး..” နီယန်က စိတ်ထဲမှ ပြောလိုက်သည်။


သစ်ပင်လေး၏ အမည်ကို သိရပြီးနောက် ပုဖန်က ဆက်မမေးတော့ပဲ သူမ၏ မှင်သက်နေသော အကြည့်များအောက်တွင် မီးဖိုခန်းထဲသို့ လှည့်၀င်သွားလိုက်သည်။


နီယန်က ပြောစရာစကားမဲ့သွားလေသည်။ သူမက ပုဖန်ကို အန္တရာယ်မရှိသူဟု သတ်မှတ်ထားသော်လည်း သူတော်စင်အဆင့်များကိုပင် ဂရုမစိုက်သော ပုဖန်၏ အမူအယာက အေးစက်တောင့်တင်းသွားလေသည်။ နီယန်က ငါးလမ်းကြောင်းသိမြင်မှု သစ်ပင်လေးအနီးမှ တွန့်ဆုတ်နေဟန်နှင့် ခွာလာလိုက်ပြီး သူမ၏ ခုံတွင် ၀င်ထိုက်လိုက်သည်။


အချိန်ခဏမျှ ကြာပြီးနောက် မီးဖိုချောင်အတွင်းမှ သင်းပျံ့ကြိုင်လှိုင်သော မွှေးရနံ့များ ထွက်ပေးလာပြီး အနီရောင်အသားနှပ်က သူမရှေ့သို့ ရောက်လာလေသည်။ သူမရှေ့သို့ စားစရာရောက်လာသည်နှင့် ငါးလမ်းကြောင်းသိမြင်မှု သစ်သီးအကြောင်း တွေးတောနေသည့် အတွှေးများက ပျောက် ကွယ်သွားပြီး သူမ၏ ခေါင်းထဲတွင် ဟင်းပွဲအကြောင်းသာ ကျန်ရစ်နေလေသည်။


သူမက အေးခဲကျောက်စိမ်းနှလုံးသားဝိုင်ကို ခွက်ထဲလောင်းထည့်လိုက်ပြီး ဝိုင်သောက်လိုက် အသားစားလိုက်နှင့် သာယာနေလေသည်။ တစ်ခုတည်းသော ပြေစရာရှိသည်မှာ အေးခဲကျောက်စိမ်းနှလုံးသားဝိုင်က ရစ်ထုတ်ကြီး ၏ နဂါးရှင်သန်ခြင်း ဝိုင်၏ အရည်အသွေးကို မမှီခြင်းပင် ဖြစ်သည်။ အကယ်၍ နဂါးရှင်သန်ခြင်း ဝိုင်သာ ဖြစ်နေါက ပြီးပြည့်စုံသွားမည်ဖြစ်သည်။


နီယန်တို့ ဆရာတပည့်နှစ်ယောက်က သူတို့၏ အရသာရှိသော အစားအသောက်များကို ပျော်ပျော်ရွှင်ရွှင် စားသောက်နေချိန်တွင် လမ်းကြားလေးထံမှ ခြေသံအချို့ ထွက်ပေါ်လာလေသည်။


ရှောင်မန်က ဆိုင်ထဲသို့ တည်ကြည်သော မျက်နှာအမူအယာနှင့် လျောက်၀င်လာလေသည်။


“ဦးလေးရှောင်…”


ကွမ်းရှောင်ယီက နှစ်လိုစွာ နှုတ်ဆက်လိုက်သော်လည်း သူမ၏ မျက်၀န်းများထဲတွင် စိတ်ရှုပ်ထွေးနေလေသည်။


“ဘယ်လိုဖြစ်လို့ စစ်သေနာပတိရှောင်က ဒီကို ရောက်လာတာလဲ…. သူက တကယ့်ကို ရှားရှားပါးပါး ဧည့်သည်ပဲ…”


ရှောင်မန်က ခေါင်းညိမ့်ပြလိုက်ပြီး ကွမ်းရှောင်ယီကို မေးလိုက်သည်။


“ပိုင်ရှင်ပုရော ဘယ်မှာလဲ…”


ကွမ်းရှောင်ယီက မီးဖိုချောင်ဘက်သို့ လက်ညိုးထိုးပြလိုက်သည်။


ရှောင်မန်က ဆက်မပြောတော့ပဲ ငါးလမ်းကြောင်းသိမြင်မှု သစ်သီးပင်နှင့် အနီးဆုံး ထိုင်ခုံတွင် ၀င်ထိုင်လိုက်လေသည်။


“ဦးလေးရှောင် ဘာမှာမလဲ….”


“ငါ့ကို အေးခဲကျောက်စိမ်းနှလုံးသားဝိုင် တစ်အိုးပေး…” ရှောင်မန်က ငါးလမ်းကြောင်းသိမြင်မှု သစ်သီးပင်ကို စိုက်ကြည့်နေရာမှ အကြည့်မလွှဲပဲ ပြန်ဖြေလိုက်သည်။


“ဦးလေးရှောင် .. ဒီနေ့အတွက် အေးခဲကျောက်စိမ်းနှလုံးသားဝိုင် သုံးအိုးက ရောင်းကုန်သွားပါပြီ….”


ဟမ်…


ရှောင်မန်က သတိ၀င်လာပြီး ခေါင်းမော့၍ ကွမ်းရှောင်ယီကို စိုက်ကြည့်လိုက်သည်။ ထို့နောက် သူနှင့် မလှမ်းမကမ်းတွင် အသားစားလိုက် ဝိုင်သောက်လိုက် လုပ်နေသော နီယန့်ကို လှည့်ကြည့်လိုက်ပြီး သူ့မျက်၀န်းများက စူးရှသွားလေသည်။


“အာကာသအာနန်ဂိုဏ်းက လူတွေတောင် ဒီကို ရောက်နေပြီပေါ့….”


ရှောင်မန်က အသက်ပြင်းပြင် ရှူလိုက်ပြီး သက်တံ့ရောင် မုန့်လုံးတစ်ပွဲ မှာယူလိုက်သည်။


နီယန်က သူမကို တစ်စုံတစ်ယောက် ကြည့်နေသည်ဟု ခံစားလိုက်ရသောကြောင့် ခေါင်းမော့လိုက်ပြီး ရှောင်မန်ဘက်သို့ လှည့်ကြည့်လိုက်သည်။ ထို့နောက် သူမက သူမ၏ စားစရာများကို ပြန်စားနေလိုက်သည်။


“အင်း… ဒါက ဒုတိယမြောက် သူတော်စင်အဆင့်တစ်ယောက်ပဲ…” ရှောင်မန်က တိတ်တဆိတ် တွေးနေလေသည်။


သူမက အာကာသအာနန်ဂိုဏ်း၏ တတိယအကြီးအကဲတစ်ယောက် ဖြစ်ပြီး သူတော်စင်အဆင့်များ ကြားတွင်ပင် သန်မာသူတစ်ယောက် ဖြစ်သည်။ မကောင်းဆိုးဝါးစားဖိုမှုး ၀မ့်တင်းကဲ့သို့ပင် ယှဉ်ပြိုင်တိုက်ခိုက်ရန် ခက်ခဲသူတစ်ယောက်လဲ ဖြစ်သည်။ တဖြည်းဖြည်းနှင့် အင်ပါယာမြို့ထဲတွင် သူတော်စင်အဆင့်များ များပြားလာပြီဖြစ်သည်။


ပုဖန်က သက်တံ့ရောင်မုန့်လုံးပန်းကန်ကို ကိုင်၍ မီးဖိုခန်းထဲမှ ထွက်လာလိုက်သည်။


ရှောင်မန်က ပုဖန်ကို စိုက်ကြည့်လိုက်သော်လည်း စကားမပြောပေ။ သူ၏ စားသောက်ဖွယ်ရာများကို ကုန်စင်အောင် စားသောက်ပြီးနောက် ဆိုင်ထဲမှာလျင်မြန်စွာ ထွက်ခွာသွားလေသည်။


နီယန်တို့က ထွက်ခွာမသွားပဲ ဆိုင်ထဲတွင် ဆက်ရှိနေလေသည်။ နီယန်က ပုဖန်ခံမှ အကြံဥာဏ်တောင်းရန် သူမ၏ ဟင်းပွဲကို ယူလာခဲ့ခြင်းဖြစ်ပြီး ရလာဒ်က အံ့အားသင့်စရာမရှိပဲ ပုဖန်ထံမှ ဝေဖန်မှုများသာ ခံလိုက်ရလေသည်။


ပုဖန်က စားစရာဗူးကို ဖွင့်လိုက်သည်နှင့် စကားများသော လူတစ်ယောက်အဖြစ် ပြောင်းလဲသွားပြီးပြစ်ချက်များကို တရစပ် ပြောလေတော့သည်။


နောက်ဆုံးတွင် နီယန်က သည်းမခံနိုင်တော့ပဲ ထန်းယင်ကို ခေါ်၍ ဆိုင်အတွင်းမှ ထွက်ခွာသွားလေတော့သည်။


ပုဖန်က ဆိုင်၀တွင် ရပ်၍ သူတို့နှစ်ယောက်ပုံရိမ်များကို ငြိမ်သက်စွာ စိုက်ကြည့်နေလိုက်သည်။ ထို့နောက် ကောင်းကင်ထက်မှ ကျဆင်းနေသော နှင်းစက်များကို ကြည့်လိုက်ပြီး သက်ပြင်းတစ်ချက် ချလိုက်မိလေသည်။


………


အချိန်များက အလျင်အမြန်ပင် စီးဆင်းသွားလေသည်။ အင်ပါယာမြို့တော်ထဲတွင် လေထုအပူချိန်က မြင့်တက်လာပြီး ဆီးနှင်းများက တဖြည်းဖြည်း ပျောက် ကွယ်လာလေသည်။ အချို့နေ့များတွင် ပူနွေးသော ရာသီဥတုများကဲ့သို့ပင် ဖြစ်နေလေသည်။ လေတိ်ုက်ခတ်နှုန်းများကလဲ ပျော့ပြောင်းလာလေသည်။ လေတိုက်ခတ်မှုက အသားများကို ဓါးထက်ထက်နှင့် ဖြတ်တောက်နေသကဲ့သို့ ခံစားနေရဆဲ ဖြစ်သော်လည်း ဆောင်းရာသီကကဲ့သို့ အခြေအနေ မဆိုးတော့ပေ။


ဤလများအတွင်းတွင် အင်ပါယာမြို့တော်ထဲ၌ သံချပ်ကာ၀တ်စုံ အပြည့်၀တ်ဆင်ထားသော အစောင့်တပ်သားများ ပိုမိုများပြားလာသည်မှ လွဲ၍ ပြောင်းလဲမှု ကြီးကြီးမားမား မရှိသေးပေ။ လေအလင်းအင်ပါယာ၏ အခြားနယ်မြေများမှ မျက်နှာစိမ်းအများအပြားက အင်ပါယာမြို့တော်အတွင်းသို့ ၀င်ရောက်လာကြသည်။ ထိုသူတို့၏ စွမ်းအင်အဆင့်ကလဲ မြင့်မားလှပြီး အများစုမှာ ဘုရင်အဆင့်နှင့် အင်ပါယာအဆင့်များ ဖြစ်ကြသည်။ ထို့ကြောင့် မြို့တော်၏ လုံခြုံရေးကို တိုးမြှင့်၍ ရှောင်မန်က ကြပ်မတ်နေခြင် ဖြစ်ပေသည်။


ရှောင်စံအိမ်တော်တွင် ရှောင်ယုက တံခါးဘောင်ကို မှီ၍ လက်ထဲမှ ဓါးမြှောင်ကို ဆော့ကစားနေလေသည်။ သူက စားပွဲတွင် ထိုင်၍ လျို့ဝှက်စာတစ်စောင်ကို ဖတ်နေသော ရှောင်မန်ကို လှမ်းပြောလိုက်သည်။


“ခိုင်လုံတဲ့ သတင်းတွေအရတော့… ယုကျိုးမြို့ လျိုမိသားစု အကြီးအကဲက အင်ပါယာမြို့တော်ကို မနေ့ညကရောက်လာခဲ့တယ်… ကြည့်ရတာတော့ အင်ပါယာမြို့အပြင်မှာ မိုကျိုးမြို့က သူခိုး ၁၃ ယောက်နဲ့ တိုက်ခိုက်ခဲ့ပုံရတယ်…”


“အဲဒီ လျိုမိသားစု အကြီးအကဲက သချီုင်းကို ခြေတစ်ဖက်လှမ်းနေတဲ့ သူတော်စင်အဆင့်တစ်ယောက် မဟုတ်လား…” ရှောင်မန်က လက်ထဲမှ စာကို ချလိုက်ပြီး မေးကို ပွတ်၍ ပြန်ပြောလိုက်သည်။


“အာ… ဟုတ်တယ်… သူခိုး ၁၃ ယောက်က သိပ်ပြီး အစွမ်းမထက်ပေမယ့်… ၁၃ယောက် တူတူပေါင်းတိုက်တာဆိုတော့ လျိုမိသားစု အကြီးအကဲကို ဖိနှိပ်ထားနိုင်ခဲ့တယ်…” ရှောင်ယု၏ စကားပြောနေရင် လက်ထဲမှ ဓါးကို တောက်လိုက်ရာ ကြည်လင်ပြတ်သာသော အသံတစ်သံ ထွက်ပေါ်လာလေသည်။


“အင်း… သူ့ရဲ့ အခြေအနေက အရင် အထွတ်အထိပ် အခြေအနေနဲ့ ယှဉ်လို့ မရတော့ဘူးပေါ့… ပြောရမယ်ဆိုရင် အင်ပါယာအဆင့်တစ်ယောက်ကတောင် လျိုမိသားစု အကြီးအကဲထက် သန်မာနေဦးမယ်… သူခိုး ၁၃ယောက်က သူ့ကို ဖိနှိပ်နိုင်တာ ပုံမှန်ပါပဲ… တစ်ခြား မသင်္ကာစရာများ ရှိလို့လား…” ရှောင်မန်က ဆက်မေးလိုက်သည်။


“လေဟာနယ်ဓါးဥယျာဉ်ခြံရဲ့ အကြီးအကဲက ပြန်လာပြီ.. ဒီသတင်းကို အခုလေးတင်မှ ရပြီး အတည်မပြုနိုင်သေးပေမယ့် အမှန်ဖြစ်ဖို့ များတယ်…” ရှောင်ယုက လေးလေးနက်နက် ပြောလိုက်သည်။


“လေဟာနယ်ဓါးဥယျာဉ်ခြံရဲ့ အကြီးအကဲ…”


ရှောင်မန်က တိတ်တဆိတ် တွေးတောလိုက်မိသည်။ ထိုအကြီးအကဲက ထူးခြားသော သူတော်စင်အဆင့်တစ်ယောက် ဖြစ်သည်။ ငယ်ရွယ်စဉ်အခါက ကောင်းကင်နှင့် မြေကြီးကိုပင် တုန်လှုပ်စေခဲ့ပြီး သူ၏ ကျင့်ကြံခြင်းများက နတ်ဆိုးဆန်လှပေသည်။ ထို့နောက် ကြာမြင်စွာ ပျောက်ကွယ်သွားသောကြောင့် လူအများက သူ့ကို သေဆုံးသွားပြီဟု ထင်ခဲ့သော်လည်း အမှတ်မထင် ပြန်ပေါ်လာလေသည်။ သူက အာကာသအာနန်ဂိုဏ်းကို ယှဉ်ပြိုင်နိုင်သည့် လူများထဲမှ တစ်ယောက် ဖြစ်သည်။


“အကြီးအကဲပါ အပါဆိုရင် မြို့တော်ထဲမှာ ငါတို့သိထားတဲ့ သူတော်စင်အဆင့် 15 ယောက် ရှိနေပြီ….”


ရှောင်ယုက နှုတ်ခမ်းကို ကိုက်လိုက်မိသည်။ သူတော်စင်အဆင့်များက ရှားပါးသည်ဟု ထင်ရသော်လည်း တစ်စုံတစ်ခု ထွက်ပေါ်လာသည်နှင့် အများအပြား စုရုံးရောက်ရှိလာကြသည်။ ယခု အင်ပါယာမြို့တော်ထဲတွင် သူတော်စင်အဆင့်များ စုဝေးနေကြပြီဖြစ်သည်။


အင်ပါယာမြို့တော်၏ လမ်းမများထက်တွင် မည်သူကမျှ မောက်မာထောင်လွှားစွာ ပြုမူရဲခြင်း မရှိကြပေ။ အဆင့်မြင့် ကျင့်ကြံသူ တစ်ယောက်ယောက်၏ ရှေ့တွင် မောက်မာထောင်လွှားမိပါက ဒုက္ခရောက်သွားမည်ဖြစ်သည်။ အင်ပါယာမြို့တော်အတွင်းမှ ချမ်းသာသော လူ့ဘော်ကျော့လေးများက သင်ခန်းစာအပေးခံရပြီး အိမ်တွင်းပုန်းနေကြလေတော့သည်။


“ကောင်းပြီ… ဆက်ပြီးတော့ စုံစမ်းထားဦး… သူတော်စင်အဆင့်တွေက ထပ်ရောက်လာရင် ငါ့ကို ချက်ချင်းအကြောင်းကြား…” ရှောင်မန်က ရှောင်ယုကို ပြောလိုက်ပြီး သက်ပြင်းရှည်တစ်ချက် ချလိုက်မိသည်။


ရှောင်ယုက ကြမ်းပြင်ကို ခြေထောက်ဖြင့် ထောက်ကန်လိုက်သည်။ ဓါးရောင်တစ်ချက် လက်သွားပြီးနောက် ရှောင်ယုက လေထဲတွင် ပျောက်ကွယ်သွာေးလတော့သည်။


အင်ပါယာမြို့တော်အတွင်းမှ ဇိမ်ခံတည်းခိုခန်းထဲတွင် မကောင်းဆိုးဝါးစားဖိုမှုး ၀မ့်တင်းက စားပွဲတစ်ခုပေါ်တွင် ထိုင်နေလေသည်။ စားပွဲပေါ်တွင် စားစရာအချို့နှင့် သူကိုယ်တိုင် ချက်လုပ်ထားသော ဝိုင်တစ်အိုး ရှိနေလေသည်။ သူက ဝိုင်ကို ခွက်ထဲလောင်းထည့်လိုက်ပြီး မော့သောက်လိုက်လေသည်။ ဝိုင်သောက်လိုက်ချိန်တွင် သူ၏ မျက်နှာပေါ်မှ အရေးအကြောင်းများပင် တုန်ခါသွားလေသည်။


“လွန်ခဲ့တဲ့ တစ်လလောက်ထဲက အင်ပါယာမြို့တော်ထဲမှာ အင်အားကြီးတွေ တဖြည်းဖြည်း များလာပြီ… ဒါက ဒီအဖိုးကြီး မျှော်လင့်ထားတဲ့ အတိုင်းပဲ… ငါးလမ်းကြောင်းသိမြင်မှု သစ်သီးရဲ့ သတင်း ပျံ့နှံ့သွားတာနဲ့ သူတော်စင်အဆင့်တွေလဲ အေးအေးဆေးဆေး မနေနိုင်တော့ဘူး…..”


“ဒီငါးလမ်းကြောင်း သိမြင်မှု သစ်ပင်လေးကြီးထွားလာဖို့ အချိန်ဘယ်လောက်လိုမယ်ဆိုတာ ရှင်းရှင်းလင်းလင်း မသိပေမယ့် သိပ်မကြာလောက်ဘူးလို့ ခံစားမိနေတယ်.. တကယ်လို့ အဲဒီစားသောက်ဆိုင်ကသာ ငါးလမ်းကြောင်း သိမြင်မှု သစ်သီးပင်ရဲ့ ကြီးထွားနှုန်းကို မြှင့်တင်ပေးနိုင်မယ်ဆိုရင် … ရင့်မှည့်လာဖို့ သိပ်မလိုတော့ဘူး…”


၀မ့်တင်းက ဝိုင်ကို ခွက်ထဲသို့ လောင်းထည့်လိုက်ပြီး တတွတ်တွတ် ရေရွတ်လိုက်သည်။ ထို့နောက် ဝိုင်ကို ဖြည်းဖြည်းချင်း စုပ်သောက်နေလိုက်သည်။


“ငါးကတော့ရောက်နေပြီ.. ရေက လုံလောက်အောင် မခမ်းခြောက်သေးဘူး….”