အပိုင်း ၁၉၄
Viewers 62k

အခန်း ၁၉၄ “ကိုယ်တုံးလုံး ချွတ်ပစ်လိုက်..”


၇ ယောက်မြောက်သခင်၏ ခက်ထန်ကြမ်းတမ်းသော မျက်နှာကတုန်လှုပ်သွားပြီး အံ့အားသင့်မှုကြောင့် ပါးစပ်ဟောင်းလောင်း ဖြစ်နေလေသည်။


“ငါ့ဓါး…”


အဖိုးတန် ပစ္စည်းများနှင့် သွန်းလုပ်ထားသော ဓါးက ကောက်ကွေးသွားပြီဖြစ်သည်။


“ဒီစက်ရုပ်က ဘာနဲ့လုပ်ထားတာလဲ… ငါ့ဓါးတောင် ကွေးသွားတာလား….”


၀ှိုက်တီဆီမှ ဖြာထွက်လာသေငာ အနီရောင်အလင်းတန်းကြောင့် သူက ပြန်သတိ၀င်လာလေသည်။ ထို့နောက် ဝှိုက်တီကို မုန်းတီးစွာ ကြည့်လိုက်ပြီး လက်ထဲမှ ဓါးကို လွှတ်ချလိုက်လေသည်။ ကျယ်လောင်သော မြည်ဟီးသံ ထွက်ပေါ်လာပြီး ဓါးက ကြမ်းပြင်ပေါ်သို့ ကျသွားလေသည်။


“သေစမ်း… ငါ့လို ၇ ယောက်မြောက်သခင်ကိုတောင် အ၀တ်ချွတ်ချင်နေတာလား…” သူက ပြောပြီးသည်နှင့် သူ၏ အင်္ကျီကို ဆုတ်ဖြဲလိုက်ရာ နဂါးတစ်ကောင်ကဲ့သို့ အပြာရောင်သွေးကြောများ ဖုံးလွှမ်းနေသည့် သန်မာသော ကြွက်သားများ ထွက်ပေါ်လာလေသည်။


သူ၏ ခန္ဒာက်ုယ်ိတစ်လျောက်တွင် အမာရွတ်များ ပြည့်နှက်နေလေရာ မြင်လိုက်ရသူများကို ကြောက်ရွံ့တုန်လှုပ်သွားစေလေသည်။


“မိုကျိုးမြို့လို ရိုင်းစိုင်းကြမ်းတမ်းတဲ့ နေရာမှာတောင် ဓါးထိပ်ဖြားမှာ ရပ်ပြီး ငါ့ဘ၀အတွက် ငါ တိုက်ပွဲ၀င်ခဲ့တာ မင်းလို သံ စက်ရုပ်တစ်ရုပ်ကို ေ-ာက်ဂရု စိုက်မနေဘူး….” ၇ ယောက်မြောက်သခင်က ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး သူ့ရင်ဘက်သူ လက်စီးနှင့် ထုလိုက်လေသည်။


ဘုန်း…


ကျယ်လောင်သော အသံနှင့်အတူ ပြင်းထန်သော စွမ်းအင်များ ထွက်ပေါ်လာပြီး ထိုစွမ်းအင်များက ပတ်ပတ်လည်ကို ဖြန့်ကျက်သွားပြီး လေပြင်းများကဲ့သို ဖြစ်နေလေသည်။


“ငရဲကို သွားလိုက်တော့….”


၇ ယောက်မြောက်သခင်၏ ခန္ဒာကိုယ်က အဆက်မပြတ် တုန်ခါလာပြီး သူ၏ အစစ်အမှန် စွမ်းအင်များက ပြင်းထန်စွာ ထွက်ပေါ်လာလေသည်။ ထို့နောက်သူက ဝှိုက်တီထံသို့ လက်သီးတစ်ခုံး ပစ်လွှတ်လိုက်လေသည်။ ထိုလက်သီးက ပြင်းထန်လှသောကြောင့် လေထုကို ထိုးခွင်းသွားသော အသံများ ထွက်ပေါ်လာလေသည်။


တိုက်ခိုက်မှုထဲတွင် ၇ ယောက်မြောက်သခင်၏ အစစ်အမှန်စွမ်းအင်များ အားလုံး စုစည်းပါ၀င်နေလေသည်။ ထို့ကြောင့် လက်သီးချက်က ရိုးရှင်းသည်ဟု ထင်ရသော်လည်း အလွန်အစွမ်းထက်နေလေသည်။ ၇ ယောက်မြောက်သခင်၏ အထူးကိုယ်ခံပညာရပ် တစ်ခုလဲ ပါ၀င်နေလေသည်။ ထိုပညာရပ်မှာ မိုကျိုးဓါးမြ ၁၃ ယောက်၏ အထူးပညာရပ် ပေါက်ကွဲ လက်သီးပင် ဖြစ်သည်။


လော့ဆန်းနင်က တိုက်ခိုက်မှုမှ ထွက်ပေါ်လာသော ဖိအားကို ခံစားမိလိုက်ပြီး သူမ၏ မျက်နှာအမူအယာက ပြောင်းလဲသွားလေသည်။ ထိုတိုက်ခိုက်မှုက သူမကို ထိခိုက်စေနိုင်ကြောင်း ခံစားမိနေလေသည်။ လော့ဆန်းနင်က အင်ပါယာအဆင့် ဖြစ်သော်လည်း ထိုတိုက်ခိုက်မှုကို ကာကွယ်နိုင်ရန် ယုံကြည်ချက်မရှိပေ။


၀ှိုက်တီ၏ မျက်လုံးများက အနီရောင်တောက်ပနေပြီး နေရာမှပင် မရွှေ့ပဲ လက်သီးကို ရင်ဆိုင်လိုက်သည်။


၇ ယောက်မြောက်သခင်၏ မျက်နှာက ရက်စက်ကြမ်းကြုတ်မှုများနှင့် ပြည့်နှက်နေပြီး ဝှိုက်တီကို တိုက်ခိုက်လိုက်သည်။


ဘန်း…


သူ၏ လက်သီးချက်က ဝှိုက်တီ၏ ၀မ်းဗိုက်ပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားပြီး ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာလေသည်။ ထို့နောက် သူ၏ မျက်လုံးများက တောက်ပသွားပြီး ရေရွတ်လိုက်လေသည်။


“ပေါက်ကွဲလိုက်စမ်း…”


ပေါက်ကွဲသံက အနီးမှ လူအားလုံး၏ နားစည်များကို ပြင်းထန်စွာ တုန်ခါသွားစေလေသည်။ ထိုအသံက မိုးကြိုးပစ်လိုက်သကဲ့သို့ ဖြစ်ပြီး ပတ်၀န်းကျင်တစ်ခုလုံးကို တုန်ခါသွားစေလေသည်။


၇ ယောက်မြောက်သခင်က အနောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ပြီး ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်လေသည်။


“ဟားဟားဟား… သေလိုက်စမ်း ငါ့ရှေ့မှာ လာသရုပ်ဆောင်နေတယ် ဟုတ်လား… အခုတော့ ငါ့ရှေ့မှာ ဘယ်လိုနေရမလဲဆိုတာ သိသွားပြီမဟုတ်လား…”


မီးဖိုချောင်ပေါက်၀သို့ ရောက်နေသော ပုဖန်က ထိုရယ်သံကြောင့် မျက်မှောင်ကြုံ့လိုက်ပြီးနောက်သို့ လှည့်ကြည့်လိုက်သည်။


“ဝှိုက်တီ ကစားနေတာကို ရပ်ပြီး သူ့ကို အပြင်ပစ်ထုတ်လိုက်… သူ့ကို မြင်နေရတာ ငါ အရမ်းမျက်စိနောက်တယ်….” ပုဖန်က အေးစက်စက် ပြောလိုက်သည်။


စက်လည်ပတ်သံ တစ်ခု ထွက်ပေါ်လာပြီး ဝှိုက်တီ၏ ခေါင်းက အောက်သို့ ငုံ့လာကာ ၇ ယောက်မြောက်သခင်ကို ကြည့်လိုက်လေသည်။ လက်သီးချက်ကြောင့် ကျွံ၀င်သွားသော ဝှိုက်တီ၏ ၀မ်းဗိုက်ကလဲ တဖြည်းဖြည်း ပြန်ကောင်းလာလေသည်။


ဘန်း…


၀ှိုက်တီ၏ လက်သီးက ၇ ယောက်မြောက်သခင်၏ ခန္ဒာကိုယ်ပေါ်သို့ ရုတ်တရက် ကျရောက်သွားလေသည်။ ၇ ယောက်မြောက်သခင်က မြေပြင်ပေါ်သို့ ဒူးထောက်ကြသွားပြီး သူ၏ မျက်နှာပေါ်တွင် ကြောက်ရွံ့ထိတ်လန့်မှုများ ဖြစ်ပေါ်လာလေသည်။


အသံတစ်ခု ထွက်ပေါ်လာပြီး သူ၏ ခန္ဒာကိုယ်မှ အ၀တ်များအားလုံး စုတ်ပြဲသွားလေသည်။ သူ၏ ခန္ဒကိုယ်အောက်ပိုင်းက အေးစက်သွားသည်ကို ၇ ယောက်မြောက်သခင်က ခံစားလိုက်ရလေသည်။ ထို့နောက် သူ၏ ခန္ဒာကိုယ်ပေါ်သို့ ပြင်းထန်သည့် ဖိအားတစ်ခု ကျရောက်လာလေသည်။


၇ ယောက်မြောက်သခင်က လေထဲသို့ ငှက်တစ်ကောင်ပမာ ပျံသန်းသွားပြီး လမ်းကြားလေးထဲသို့ ကျသွားလေသည်။ သူ၏ ခန္ဒာကိုယ်ပေါ်တွင် အ၀တ်တစ်ခုပင် ကျန်မနေတော့ပေ။ သူက ဒေါသထွက်လွန်းသောကြောင့် သွေးတစ်လုပ် အန်လိုက်ရလေသည်။


အေးစက်လှသော လေများကြောင့် သူက ပေါင်ကြားကို လက်နှစ်ဖက်ဖြင့် အုပ်ကာလိုက်လေသည်။ သို့သော် လေအေးများက တိုက်ခတ်နေသောကြောင့် သူ၏ ဖွားဖက်တော်ပင် ကြုံ့၀င်သွားလေသည်။ သူ့ကဲ့သို့ နောက်လိုက်များက သူ၏ ခေါင်းပေါ်မှ ပျံသန်းသွားပြီး မီတာအတော်များများသို့ ကျရောက်သွားလေသည်။ သူတို့၏ အာရုံထဲတွင် ခွေးနက်ကြီး တစ်သောင်းမျှ လာရောက်ကိုက်ခဲနေသည်ဟု ခံစားလိုက်ရပြီး ကြောက်ရွံ့တုန်လှုပ်နေကြလေသည်။


ရွှပ်..ရွှပ်…


“ပြသနာကောင်.. တခြားသူတွေကို ဥပမာပေးမို့ မင်းတို့ရဲ့ အ၀တ်အစားတွေကို ချွတ်ပစ်ရမယ်…”


၀ှိုက်တီ၏ စက်ရုပ်သံက အဆက်မပြတ် ထွက်ပေါ်နေပြီး သူတို့ သတိမထားလိုက်မိခင်မှာပင် အ၀တ်များ ချွတ်ခံလိုက်ရလေသည်။ ထို့နောက် အေးစက်နေသော လမ်းကြားလေးထဲသို့ ပစ်ထုတ်ခံလိုက်ရလေသည်။


လူများအားလုံးက သူတို့၏ ပေါင်ကြားကို ဖုံးအုပ်၍ ထရပ်လိုက်ကြသည်။ သူတို့၏ မျက်နှာပေါ်တွင်လည်း ဒေါသများ နှင့် ပြည့်နှက်နေလေသည်။


ကျွင်းအာက ထိုမြင်ကွင်းကြောင့် ရှက်ရွံ့သွားပြီး မျက်နှာလွဲကာ အသက်ပြင်းပြင် ရှူလိုက်မိသည်။


ကွမ်းရှောင်ယီက သူမ၏ မျက်နှာကို လက်ကြဲကြီးများနှင့် ဖုန်းအုပ်ထားပြီး မျက်လုံးအပြူးသားနှင့် ထိုမြင်ကွင်းကို ကြည့်နေလသည်။


လော့ဆန်းနင်က ထိုမြင်ကွင်းကို မျက်လုံးများ မှေးစဉ်း၍ ကြည့်လိုက်ပြီး နှုတ်ခမ်းကို လျှာဖြင့်သပ်လိုက်လေသည်။


၇ ယောက်မြောက်သခင်က ရင်ထဲမှ နာကျင်နေလေသည်။


“ငါ့ရဲ့ ပေါက်ကွဲ လက်သီးက စက်ရုပ်ကိုထိသွားတယ်လေ… ဘာလို့ မပေါက်ကွဲသွားတာလဲ… ဒါက လုံး၀ အဓိပ္ပါယ်မရှိဘူး…”


၀ှိုက်တီ၏ အကြည့်များက သူတို့အားလုံးပေါ်သို့ ရောက်ရှိလာပြီး ရှေ့သို့ တက်လာလေသည်။ မြေပြင်ပေါ်မှ လဲကျနေဆဲဖြစ်သော ၇ ယောက်မြောက်သခင်၏ နောက်လိုက်များက ကြောက်ရွံ့စွာနှင့် ခုန်ထလိုက်ကြပြီး သူတို့၏ ပေါင်ကြားကို လက်ဖြင့် အုပ်၍ အော်လိုက်ကြလေသည်။


“မင်း…မင်းက တော်တော်သတ္တိရှိနေတယ်ပေါ့လေ.. ငါ့ရဲ့ ညီအကိုတွေ ရောက်လာရင် မင်းဆိုင်ကို အမှိုက်ဘဝရောက်အောင် လုပ်ပြမယ်….” ၇ ယောက်မြောက်သခင်က ပြောပြီးသည်နှင့် လှည့်၍ ထွက်ပြေးလေတော့သည်။


မိုကျိုးမြို့၏ ကျော်ကြားသော ဓါးမြ ၁၃ ယောက်မှ ၇ ယောက်မြောက်သခင်က အ၀တ်ချွတ်၍ ဆိုင်ပြင်သို့ ပစ်ထုတ်ခံလိုက်ရလေသည်။ ထိုဖြစ်ရပ်က ယခုအချိန်မှ စ၍ ရယ်စရာဟာသတစ်ပုဒ် ဖြစ်နေတော့မည်ဖြစ်သည်။


လော့ဆန်းနင်က ဝှိုက်တီကို မှီလိုက်ပြီး ထွက်ပြေးသွားသော ၇ ယောက်မြောက်သခင်၏ တင်ပါးများကို ကြည့်နေလေသည်။


ဖန်း… ဖန်း..


“တော်လိုက်တဲ့ ဝှိုက်တီ… မင်းရဲက အမကြီးက သူများတွေကို အဲလိူ အ၀တ်ချွတ်ပြီး ဥပမာပေးတာကို ကြိုက်တယ်…” လော့ဆန်းနင်က ဝှိုက်တီ၏ ခန္ဒာကိုယ်ကို ပုတ်၍ ပြောဆိုလိုက်သည်။


၀ှိုက်တီ၏ မျက်၀န်းများက သူမပေါ်သို့ ကျရောက်လာသောကြောင့် လော့ဆန်းနင်က တုန်လှုပ်သွားပြီး အဝေးသို့ ခုန်ဆုတ်လိုက်လေသည်။ အခြားသူများကို အ၀တ်ချွတ်ရသည်ကို နှစ်သက်သော ဝှိုက်တီနှင့် မျက်နှာခြင်း ဆိုင်မိခြင်းက နောက်ပြောင်စရာကိစ္စတစ်ခု မဟုတ်ပေ။ သို့သော် ဝှိုက်တီ၏ မလှုပ်ရှားတော့ပဲ မီးဖိုချောင်ဘက်သို့ လှည့်၀င်သွာေးလသည်။


ထိုအချိန်တွင် ရွှေဝါရောင် ဥအနှစ်မုန့် လေးခုပါသော ပန်းကန်ကို ကိုင်ဆောင်ထားသော ပုဖန်က မီးဖိုချောင်ထဲမှ ထွက်လာလေသည်။


“ကဲ အခု ဥအနှစ်မုန့်အကြောင်း ပြောကြတာပေါ့…”


ပုဖန်၏ မျက်နှာက မည်သည့်ကိစ္စမှ ဖြစ်ပွားထားခြင်း မရှိသကဲ့သို့ အေးဆေးတည်ငြိမ်နေလေသည်။


………


“ကျွတ်ကျွတ်… ဒါမြွေလူသားတွေမဟုတ်လား… စိတ်၀င်စားစရာပဲ…”


“ဒီမြွေမလေးက တော်တော်ချစ်ဖို့ကောင်းတာပဲ… ငါ သူ့အိမ်ကို လိုက်သွားရင်ကောင်းမယ်.. ဟီးဟီး..”


“မြွေလူသားတွေက လူသားတွေရဲ့ အင်ပါယာမြို့တော်ကို ဘာလာလုပ်တာလဲ… သူတို့ရဲ့ ခန္ဒာကိုယ်ပေါ်မှာ ဒဏ်ရာတွေ ရှိတယ်ဆိုတော့ တစ်ခုခု ဖြစ်ခဲ့တယ်ထင်တယ်….”


အင်ပါယာမြို့တော်၏ လမ်းမထက်တွင် အားနီနှင့် သူမ၏ ဖခင်ကို တွဲထားသော ယုဖူ၏ မျက်နှာက ထိတ်လန့်တုန်လှုပ်နေလေသည်။ သူမ၏ ဖခင်ကို အစစ်အမှန်စွမ်းအင်များ ပါ၀င်သည့် ဆေးဝါးများ တိုက်ကြွေးပြီးနောက် သူတော်စင်အဆင့်သို့ ပြန်လည်ရောက်ရှိသွားစေသည်။ သို့သော် သူတို့ကို ဖမ်းဆီးထားသော သူတော်စင်အဆင့် နှင့် တိုက်ခိုက်ပြီးနောက် ပြင်းထန်စွာ ဒဏ်ရာရပြီး ပြန်၍ သတိလစ်သွားလေသည်။


သူမ၏ ပတ်ပတ်လည်မှ စူးစမ်းနေသေ လူများကြားတွင် သူမ၏ စိတ်နှလုံးက တုန်လှုပ်လာပြီး ကြောက်ရွံ့ထိတ်လန့်လာလေသည်။ အင်ပါယာမြို့တော်ကို ရောက်ရှိလာသော်လည်း ပုဖန်၏ ဆိုင်က မည်သည့်နေရာတွင် ရှိနေသည်ကို မသိရှိသေးပေ။ သူမက တစ်စုံတစ်ယောက်ကို အကူအညီ တောင်းချင်နေသော်လည်း လူအများကြီး စူးစမ်းသော အကြည့်များအောက်တွင် ပါးစပ်ဟရန်ပင် ခက်ခဲနေလေသည်။


လူအုပ်ကြီးထဲမှ သက်ကြီးပိုင်းတစ်ယောက်က တဖြည်းဖြည်း လျောက်ထွက်လာပြီး သူမကို နွေးထွေးစွာ ကြည့်လိုက်လေသည်။ သူမ၏ ပတ်၀န်းကျင်က တိတ်ဆိတ်ငြိမ်သက်သွားသည်ဟု ယုဖူက ခံစားလိုက်ရလေသည်။ ထိုသူ၏ ပါးစပ်လှုပ်ရှားနေသည်ကို မြင်ရသော်လည်း သူမတစ်စုံတစ်ခုပင် မကြားရပေ။ သို့သော် သူမ၏ စိတ်ထဲတွင် အေးချမ်းမှုကို ခံစားလိုက်ရပြီး သူမ၏ ခန္ဒာကိုယ်က ထိုသူ၏ ခြေလှမ်းနောက်သို့ လိုက်ပါသွားကာ လူအုပ်ကြီးထဲသို့ ၀င်ရောက်ပျောက်ကွယ်သွားလေတော့သည်။


………


အင်ပါယာမြို့အတွင်းရှိ ဇိမ်ခံတည်းခိုခန်းတစ်ခုထဲသို့ ပါးစပ်မှ သွေးများ စီးကျနေသော ၇ ယောက်မြောက်သခင်က လေအလျင်ကဲ့သို့ ပြေး၀င်လာလေသည်။ စားသောက်ခန်းထဲတွင် စားသောက်နေကြသူများ အားလုံးက အံ့အားသင့်သွားကြလေသည်။


“အိုး.. ဘုရားရေ… အဲဒီဖင်ပြောင်နဲ့ ပြေး၀င်လာတာ ၇ မဟုတ်လား… သူကအခု ဖင်ချွတ်ပြေးရတဲ့ ကစားနည်းနဲ့ ကစားနေတာလား…” မုတ်ဆိတ်ထူလဗျစ်နှင့် တစ်ယောက်က မျက်လုံးများ ပြူးကျယ်သွားပြီး ပြောလိုက်လေသည်။


အားလုံး၏ မျက်နှာအမူအယာက ထူုးဆန်းသွားပြီး ကျယ်လောင်စွာ ရယ်မောလိုက်ကြသည်။


“၀တ်စလစ်နဲ့ ၇ လေး အခုတော့ သူ့ရဲ့ စိတ်၀င်စားမှုတွေက ပြောင်းလဲသွားပြီပေါ့….”


၇ ယောက်မြောက်သခင်က အ၀တ်အစားများ ၀တ်ဆင်ပြီးနောက် အခန်းထဲမှ ပြန်ထွက်လာပြီး ရယ်မောနေသူများကို ခပ်တည်တည်နှင့် စိုက်ကြည့်လိုက်လေသည်။ သူက ဖြစ်ပွားခဲ့သည်များကို အံတင်းတင်းကြိတ်၍ ပြန်ပြောပြလိုက်သည်။ ထိုနေရာမှ လူများက သူပြောသည်ကို ကြားပြီးနောက် ဆက်မရယ်တော့ပဲ စားပွဲခုံကို ရိုက်လိုက်ကြလေသည်။


“သေလိုက်စမ်း… ဒီကောင်က ငါ့ရဲ့ ညီအကိုကို ဒီလိုမျိုးလုပ်ရဲတယ်ပေါ့… ငါသူ့ကို ဘယ်လို အရေခွံခွာမလဲဆိုတာကို ကြည့်ထားလိုက်…”


မိုကျိုးဓါးမြ ၁၃ ဖော်က ဖန်ဖန်ဆိုင်ငယ်လေးထံသို့ လက်စားသွားချေရန် ဆုံးဖြတ်လိုက်ကြသည်။


“ရပ်ကြစမ်း… ငါပြောတာကို နားထောင်ကြဦး…”


သူတို့က တံခါး၀ကို ရောက်ချိန်တွင် ထွက်ပေါ်လာသောအသံကြောင့် ရပ်တန့်လိုက်ကြပြီး အခန်းထဲမှ ထွက်လာသော သူကို ကြည့်လိုက်ကြသည်။ ထိုသူက မိုကျိုးဓါးမြ ၁၃ ဖော်ထဲတွင် အသန်မာဆုံးဖြစ်ပြီး သူတော်စင်အဆင့်သို့ ခြေလှမ်းတစ်၀က်မျှ လှမ်းထားနိုင်သူ ဖြစ်သည်။


“အခုချိန် အင်ပါယာမြို့ထဲမှာ အဆင့်မြင့် စစ်သည်တော်တွေ အများကြီး ပုန်းအောင်းနေတယ်… အဲဒီဆိုင်လေးကို လက်တစ်ချောင်းနဲ့တောင် ဖျက်ဆီးနိုင်တဲ့ သူတွေတောင် ပုန်းအောင်းနေကြတယ်… အခုလိုအချိန်မှာ မင်းတို့က အဲဒီကို သွားပြီး ဖျော်ဖြေချင်နေတာလား…. မင်းတို့ကိုယ်မင်းတို့ မီးမောင်းထိုးပြပြီး ဟာသလုပ်ပြချင်နေတာလား…. မင်းတို့က ငတုံးတွေလား….”