အပိုင်း ၁၉၆
Viewers 53k

အခန်း ၁၉၆ “မြို့တော်တစ်၀က်ကို လွှမ်းခြုံသွားသော ဝိုင်ရနံ့”


ပုဖန်က ဝိုင်အိုး၏ အဖုံးကို ဖွင့်လိုက်သည်နှင့် ဝိုင်နံ့က လှိုက်တက်လာလေသည်။ မွှေးပျံ့လှသော ဝိုင်ရနံ့က ပုဖန်၏ နှာခေါင်းထဲသို့ တိုး၀င်လာပြီး အာရုံကြောများကို ထုံထိုင်းသွားစေလေသည်။ သစ်သီးဝိုင်၏ ရနံ့က နူးညံ့ ချိုမြိန်လှပေသည်။ သို့သော် ထိုရနံ့က ဝိုင်ကို အနှောက်အယှက်မဖြစ်စေပဲ ပို၍ ဆွဲဆောင်မှု ရှိနေစေလေသည်။


ဂလု…


ပုဖန်၏ မျက်၀န်းများက ဝိုင်းစက်သွားပြီး ကူရာမဲ့စွာနှင့် တံတွေးတစ်လုပ် မျိုချလိုက်မိသည်။ မွှေးရနံ့များကို ထပ်မံရှူရှိုက်လိုက်သည်နှင့် သူ၏ နှာခေါင်းပေါ်သို့မြွေလေးတစ်ကောင် ပြေးတက်လာသကဲ့သို့ ယားကျိကျိ ခံစားလိုက်ရပြီး ပိုမိုရွှင်မြူး တက်ကြွလာလေသည်။


“အံ့သြဖို့ ကောင်းလိုက်တဲ့ ရနံ့ .. ကောင်းလိုက်တဲ့ ဝိုင်….”


ပုဖန်က စိတ်ထဲတွင် တုန်လှုပ်နေသော်လည်း သူ၏ မျက်နှာအမူအယာက ကြီးကြီးမားမား ပြောင်းလဲသွားခြင်းမရှိပေ။ သူက ဝိုင်အတွင်းမှ ဝိုင် အိုးအတွင်းမှ အိုးဟူသော ဝိုင်ချက်လုပ်နည်းကို အသုံးပြုထားသောကြောင့် ထိုအရာက နောက်ဆုံးရလာဒ် မဟုတ်သည်ကို သိရှိနေလေသည်။


၀ိုင်၏ မွှေးရနံ့များက အထင်ကြီးဖွယ်ကောင်းလောက်အောင် မွှေးကြိုင်သင်းပျံ့နေသော်လည်း အေးခဲကျောက်စိမ်းနှလုံးသားဝိုင်ထက် အနည်းငယ်မျှသာ သာလွန်နေသေးသည်။ ထို့ကြောင့် နီယန် ညွှန်းဆိုခဲ့သော နဂါးရှင်သန်ခြင်း ဝိုင်ကို မှီရန် အလှမ်းဝေးနေပေသည်။ ပုဖန်က အလျှင်လိုခြင်း မရှိပဲ အိုးအသေး အလွတ် သုံးအိုးကို သိုလှောင်နေရာမှ ထုတ်ယူလိုက်သည်။ ထို့နောက် ဝါးပြွန်ကို အသုံးပြု၍ အိုးကြီးအတွင်းမှ ဝိုင်များကို အိုးအသေးလေးများထဲသို့ ထည့််လိုက်သည်။


၀ိုင်များက ဝါးပြွန်မှတဆင့် အိုးထဲသို့ တဖြည်းဖြည်း စီးကျလာလေသည်။ ဝိုင်များက နူးညံ့စွာ စီးဆင်ေးနသောမြစ်တစင်းကဲ့သို့ အိုးထဲတွင် လှည့်ပတ်နေလေသည်။ ဝိုင်၏ ရနံ့က အချိန်ကြာမြင့်စွာ လွင့်ပျံနေပြီး သူ၏ နှာခေါင်းထဲတွင် စုပေါင်းလာသောကြောင့် ပုဖန်၏ အမူအယာက ယစ်မူးနေလေသည်။ 


၀ိုင်၏ အရောင်က ကြည်လင်နေခြင်းမရှိပဲ အဝါဖျော့ဖျော့ ဖြစ်နေလေသည်။ အဝါဖျော့ဖျော့ဟု ဆိုရသော်လည်း အနှစ်များ ကျနေခြင်းမဟုတ်ပဲ သလင်းကျောက်ကဲ့သို့ အစွန်းအထင်းမရှိသော အဝါရောင် ခပ်ကြည်ကြည်လေး ဖြစ်သည်။ အိုးကြီးထဲမှ ဝိုင်များကို အိုးသေးသုံးလုံးထဲသို့ လှယ်ထည့်လိုက်ပြီးနောက် အိုးကြီးထဲတွင် အနည်းငယ်သာ ကျန်ခဲ့လေသည်။ ပုဖန်၏ ကျန်နေသော ဝိုင်များကို အရည်စစ်ယူလိုက်ပြီး နောက်ထပ်အိုးတစ်ခုကို ယူ၍ ထည့်ထားလိုက်သည်။


အိုးကြီးထဲမှ ဝိုင်များအားလုံးကို လှည်ထည့်လိုက်ပြီးနောက် သူ၏ နှလုံးသားထဲတွင် မီးများ တောက်လောင်နေသည်ဟု ခံစားလိုက်ရသည်။ ပုဖန်က အစစ်အမှန် စွမ်းအင်များကိုလက်တွင် စုစည်းလိုက်ပြီး အိုးကြီးထဲမှ အိုးသေးလေးတစ်လုံးကိ သေချာစွာ ဆုတ်ကိုင်လိုက်သည်။ အိုးတစ်လုံးကို ဆုတ်ကိုင်မိလိုက်သည်နှင့် ပူလောင်မှုကို ရုတ်တရက် ခံစားလိုက်ရပြီး သူ၏ အတွင်းစိတ်ထဲထိပင် တုန်လှုပ်သွားလေသည်။


“ဒါက ဖီးနစ်သွေးဆေးပင်နဲ့ လုပ်ထားတဲ့ ဝိုင်အိုးပဲ ဖြစ်မယ်…..”


ပုဖန်က စိတ်လှုပ်ရှားစွာဖြင့် ဝိုင်အိုးကို ထုတ်ယူလိုက်သည်။ အိုး၏ မျက်နှာပြင်က နူးညံ့ချောမွေ့နေလေသည်။ ပုဖန်၏ လက်တွင် အစစ်အမှန်စွမ်းအင်များကို စုစည်းမထားပါက ဝိုင်အိုးလေးကို ထုတ်ယူနိုင်မည် မဟုတ်ပေ။ 


အိုးကို ဆွဲထုတ်လိုက်ချိန်တွင် ထည့်ထားသော အချိန်ကနှင့် ကွဲပြားနေလေသည်။ အိုး၏ မျက်နှာပြင်ပေါ်တွင် မီးတောက်များ ထွက်ပေါ်လာသကဲ့သို့ ရဲရဲနီနေသည်။ ထိုအိုး၏ ပုံသဏ္ဍာန်က လုံး၀ ပြောင်းလဲသွားပြီဖြစ်သည်။ ကြည်လင်လှသော မျက်နှာပြင်ကို ဖြတ်၍ အိုးအတွင်းသို့ တိုင် ထွင်းဖောက်မြင်နေရလေသည်။ ဝိုင်အိုးထဲတွင် အနီရောင် မီးတောက်များ အလျံညီးညီး တောက်လောင်နေပြီး မြူခိုးငွေ့များ သဏ္ဍာန် ဖြစ်ပေါ်နေလေသည်။ 


ပုဖန်က စိတ်ထဲတွင် အလွန်အံ့အားသင့်သွားမိသော်လည်း ဝိုင်အိုးကို ယူ၍ စားပွဲပေါ်သို့ တင်ထားလိုက်သည်။ တောက်ပနေသော အလင်းရောင်များနှင့် ဖြာထွက်နေသော အနီရောင် အလင်းတန်းများက အံံ့အားသင့်ဖွယ် ကောင်းနေလေသည်။


ပုဖန်က အစစ်အမှန် စွမ်းအင်များကို ဆက်လက်စုစည်းထားလိုက်ပြီး အေးခဲနေသော ဝိုင်အိုးကို ထုတ်ယူလိုက်သည်။ ထိုဝိုင်အိုး၏ မျက်နှာပြင်က အပြာဖျော့ဖျော့ ရေခဲသလင်းကျောက်အဖြစ် ပြောင်းလဲနေပြီး ဆောင်ရာသီကဲ့သို့ အေးစက်လှသော အလင်းတန်းများ ထုတ်လွှင့်နေလေသည်။ ထိုဝိုင်အိုးက ရေခဲဝိဥာဉ်ဧကရာဇ် ကြာစေ့နှင့် ပြုလုပ်ထေားသော ဝိုင်အိုးဖြစ်ကြောင်း သိလိုက်လေသည်။


နောက်ဆုံးအနေနှင့် ပုဖန်က သုံးလမ်းကြောင်းသိမြင်မှု သစ်သီးနှင့် ပြုလုပ်ထားသော ဝိုင်အိုးကို ထုတ်ယူလိုက်သည်။ ထိုဝိုင်အိုး၏ မျက်နှာပြင်က ပထမနှစ်အိုးကဲ့သို့ ထူးထူးခြားခြား ပြောင်းလဲမှု မရှိပေ။ တိမ်ပုံစံ သုံးခုသာ ဖြစ်ပေါ်နေပြီး အိုးတလျောက် မြောလွင့်နေလေသည်။ စားပွဲပေါ်မှ ဝိုင်အိုး သုံးလုံးက တစ်မျိုးစီနှင့် မျက်စိကြိမ်းလောက်အောင် တောက်ပနေလေသည်။


ပုဖန်က အစစ်အမှန်စွမ်းအင်များကို လွင့်ပါးစေလိုက်ပြီး ဝိုင်အိုးသုံးလုံးကိုနှုတ်ခမ်းတွန့်၍ ကြည့်လိုက်သည်။ 


“အင်း တစ်ခုခုတော့ တစ်ခုခုပဲ…”


မျက်နှာပြင်ပေါ်တွင် အနီရောင်မီးတောက်များ ဖြစ်နေသော အိုးကို ပထမဦးစွာ ကောက်ယူလိုက်ပြီး အဖုံးကို ဖွင့်လိုက်လေသည်။ ကျယ်လောင်သော မြည်သံတစ်ခုနှင့်တူ အဖုံးကကောင်းကင်ပေါ်သို့ ပျံတက်သွားပြီး ဝိုင်အိုးထဲမှ ဖီးနစ်တစ်ကောင်၏ ဆွဲဆွဲငင်ငင် အောမြည်လိုက်သံ ထွက်ပေါ်လာပြီး မီးဖီးနစ်တစ်ကောင်၏ အသွင်သဏ္ဍာန်က တောင်ပံခတ်၍ ထွက်ပေါ်လာလေသည်။ မီးတောက်မီးလျံများနှင့် လေထဲတွင် ကခုန်နေသော ထိုပုံရိပ်က လေထဲတွင် ပေါက်ကွဲသွားပြီး ပြင်းထန်သော မွှေးရနံ့များ ထွက်ပေါ်လာလေသည်။


ပုဖန်က မွှေးရနံ့များကို အနည်းငယ် ရှူရှိုက်မိလိုက်ပြီး သူ၏ ခန္ဒာကိုယ်က တုန်ခါသွားသည်ကို ခံစားလိုက်ရသည်။ သူ၏ ခန္ဒာကိုယ်တစ်လျောက်တွင် အစစ်အမှန် စွမ်းအင်များက လျှင်မြန်သော အရှိန်အဟုန်နှင့် လှည့်ပတ်နေသည်ကို ခံစားမိလိုက်သောကြောင့် မျက်၀န်းများ တောက်ပလာလေသည်။


“မီးလျှံလို ပူလောင်နိုင်တဲ့ မွှေးရနံ့…. ထိတွေ့လောင်ကြွမ်းနိုင်စွမ်း…”


ပုဖန်၏ စိတ်ထဲတွင် အတွေးတစ်ခု ထွက်ပေါ်လာပြီး အိုးထဲသို့ ကြည့်လိုက်မိသည်။ ဗီဒိုလေး၏ အချိန်စီးဆင်းမှု မြန်ဆန်နိုင်စွမ်းကြောင့် မဟုတ်ပါက ထိုသို့သော မွှေးရနံ့မျိုး ရရှိလာစေရန် အချိန်သုံးနှစ် စောင့်ရမည်ဖြစ်သည်။ ဝိုင်၏ ပြင်းထန်လှသော မွှေးရနံ့က ဆိုင်တစ်ခုလုံးသာ ပျံ့နှံ့သွားခြင်းမဟုတ်ပဲ လမ်းကြားလေးထိပါ ရောက်ရှသွားလေသည်။ 


ဆိုင်ရှေ့တွင် ပျင်းရိစွာ လဲလျောင်းနေသော ဘလက်ကီက ဝိုင်နံ့ကြောင့် တက်ကြွသွားပြီး ခေါင်းထောင်လာလေသည်။ သူက မျက်လုံးများကို ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်ပြီး ပုဖန်၏ ဆိုင်ထဲသို့ မျှော်ကြည့်လိုက်လေသည်။


၀ိုင်အိုးထဲမှ ဝိုင်က အနီရောင်အရိပ်တစ်ခုအသွင်ရှိနေပြီး မွှေးရနံ့များက မီးလျှံမြူခိုးများအသွင် ဖြစ်နေလေသည်။ ဝိုင်အိုးလေးကို လှုပ်ခါလိုက်သည်နှင့် ဖီးနစ်တစ်ကောင်၏ငိုကြွေးသံကဲံသို့ အသံများ ထွက်ပေါ်နေလေသည်။


ပုဖန်က ရေခဲပုံဆောင်ခဲ တစ်ခုကဲ့သို့ ဖြစ်နေသော ဝိုင်အိုးကိုအကြည့်လွဲလိုက်သည်။ အဖုံးကို ဖယ်ရှားလိုက်သောကြောင့် သုံးနှစ်ကြာအောင် စုဝေးနေသော ဝိုင်နံ့များက အိုးထက်တွင် စုဝေးနေလေသည်။ ထိုရနံ့များက ရေခဲပြာရောင့် ကြာစေ့မှ ပြောင်းလဲထွက်ပေါ်လာခြင်း ဖြစ်သည်။ 


ထိုဝိုင်၏ ရနံ့က အေးမြနေသောကြောင့် ပုဖန်၏ နှာခေါင်းတစ်ခုလုံး အေခဲသွားပြီး နဖူးကြော ရှုံ့လိုက်သည်နှင့် ကျိကျိ အသံများပင် မြည်နေလေသည်။ ဝိုင်အိုးကိုအသာအယာ ထိုလိုက်သည်နှင့် အေးမြနေသော ဝိုင်များက ဂယက်ထသွားပြီး လှိုင်းများ ဖြစ်ပေါ်လာကာ အလင်းရောင်များ ထွက်ပေါ်လာလေသည်။ 


ပုဖန်က နှုတ်ခမ်းကို လျှာဖြင့်သပ်လိုက်ပြီး သုံးလမ်းကြောင်းသိမြင်မှု သစ်သီးနှင့် ပြုလုပ်ထားသော ဝိုင်အိုးကို ကြည့်လိုက်သည်။ အဖုံးကို လှပ်လိုက်သည်နှင့် အကျိုးသက်ရောက်မှုက သာမာန်မျှသာ ဖြစ်ပြီး ထူးဆန်းမှု အနည်းငယ်ပင် ဖြစ်ပေါ်လာခြင်း မရှိပေ။ ထို့ကြောင့် သူက စိတ်ရှုပ်ထွေးသွားပြီး အိုးကို ဆွဲယူလိုက်ကာ အနီးကပ် စိုက်ကြည့်လိုက်သည်။


ပထမဆုံး တိမ်ပုံသဏ္ဍာန်လေးက ရုတ်တရက် ပြိုကွဲသွားပြီး မွှေးရနံ့များ ထွက်ပေါ်လာသောကြောင့် ပုဖန်၏ နှလုံးသားကို တိုက်ခိုက်ခံလိုက်ရသကဲ့သို့ ဖြစ်သွားပြီး ကြမ်းပြင်ပေါ်သို့ လဲကျတော့မယောင် ဖြစ်သွားလေသည်။ ပြိုင်ဘက်ကင်းလှအောင် မွှေးကြိုင်လှသော ဝိုင်ရနံ့က ဆိုင်ငယ်လေးထဲမှ လမ်းကြားလေးဆီသို့ မုန်တိုင်းတိုက်ခတ်လိုက်သကဲ့သို့ ပျံ့လွင့်သွားပြီး ပတ်၀န်းကျင်မှ မရေမတွက်နိုင်သော လူများကို ဆွဲဆောင်သွားလေသည်။


ရနံ့ကို ရှူရှိုက်လိုမိသည်နှင့် သူတို့၏ မျက်နှာများက နီရဲလာပြီး မူးယစ်ရီဝေလာလေသည်။ 


ပုဖန်က အရက်သောက်ထားသကဲ့သို့ မူးယစ်ရီဝေနေလေသည်။ ဒုတိယမြောက် တိမ်ပုံသဏ္ဍာန်လေးက ထပ်မံပြောင်းလဲသွားပြီး ပုဖန်ကို နောက်ဆုတ်သွားစေလေသည်။ ထိုတိမ်ပုံသဏ္ဍာန်မျှ ပျံ့လွင့်လာသော မွှေးရနံ့များက အနီးပတ်၀န်းကျင်မှ ထာ၀ရရှင်သန်သော ဖီးနစ် စားသောက်ဆိုင်ကိုပင် အသံမဲ့ သက်ရောက်သွားလေသည်။ 


ရီဇီလင်းကို အစားအသောက်ကောင်းများ ကြွေးမွေးနိုင်ရင် ထာ၀ရရှင်သန်သော ဖီးနစ် စားသောက်ဆိုင်သို့ ခေါ်ဆောင်လာသော နီင်္ယန်က ရုတ်တရက် တောင့်တင်းသွားလေသည်။ သူမ၏ နှာခေါင်းများက ရှုံ့ပွရှုံ့ပွ ဖြစ်နေပြီး သူမ၏ မျက်လုံးလေးများက ညအမှောင်တွင် ကောင်းကင်ယံ၌ တောက်ပနေသော ကြယ်များကဲ့သို့ တောက်ပနေလေသည်။


“ဒီမွှေးရနံ့… ကောင်းလိုက်တာ.. ဘယ်လိုဖြစ်လို့ ဒီလောက်တောင် ဆွဲဆောင်နိုင်ရတာလဲ…”


နီယန်က ရီဇီလင်း၏ လက်ကို ဆွဲ၏ ထာ၀ရရှင်သန်သော ဖီးနစ် စားသောက်ဆိုင်မှ အလင်းကဲ့သို့ လျှင်မြန်စွာ ထွက်လာလေသည်။ သူမ၏ နှာခေါင်းများက ရှုံ့ပွ ရှုံ့ပွ ဖြစ်နေပြီး မွှေးရနံ့၏ ဇစ်မြစ်ကို ရှာဖွေနေလေသည်။


သုံးလမ်းကြောင်းသိမြင်မှု သစ်သီး၏ တတိယမြောက် တိမ်ပုံသဏ္ဍာန်က ထပ်မံ၍ မွှေးရနံ့များကို ထုတ်လွှတ်လိုက်သောကြောင့် ပုဖန်၏ ဆိုင်ငယ်လေးတစ်ခုလုံးတွင် မွှေးရနံ့ ပင်လယ်ကဲ့သို့ ဖြစ်နေလေသည်။ ပုဖန်၏ အသွင်အပြင်က ဝိုင်ပြင်းပြင်းတစ်ခွက် သောက်ထားသကဲ့သို့ နီရဲနေလေသည်။ ပုဖန်၏ သူ၏ အစစ်အမှန် စွမ်းအင်များကို လှည့်ပတ်လိုက်ပြီး မူးယစ်နေမှုကို ထိန်းချုပ်လိုက်သည်။ သူ၏ မျက်၀န်းများကလဲ တောက်ပလင်းလက်နေလေသည်။


ပါ၀င်ပစ္စည်းသုံးမျိုးနှင့် ထူးခြားသော နည်းလမ်းများကို အသုံးပြု၍ ချက်လုပ်ထားသော ဝိုင်၏ မမျှော်လင့်သော အကျိုးသက်ရောက်မှုများ ရှိနေမည်ဟု ပုဖန်က မထင်မှတ်ထားခဲ့ချေ။ သို့သော် ဝိုင်ထုတ်လုပ်မှုက ပြီးဆုံးသွားခြင်း မရှိ်သေးပေ။


ပုဖန်က တည်ငြိမ်စွာဖြင့် ကျောက်စိမ်းဝိုင်အိုးတစ်လုံးကို ထုတ်ယူလိုက်ပြီး ဝိုင်အိုးအကြီးထဲမှ ထုတ်ယူထားသော ဝိုင်များကို အိုးတစ်၀က်ခန့် လောင်းထည့်လိုက်သည်။ ထို့နောက် မီးတောက်ဝိုင် ရေခဲဝိုင်နှင့် သုံးလမ်းကြောင်းသိမြင်မှု သစ်သီးဝိုင်တို့ကို ပေါင်းထည့်လိုက်သည်။ သူက ကျောက်စိမ်းအိုးကို အသုံးပြု၍ သစ်သီးဝိုင် လေးမျိုးကို ပေါင်းစမ်လိုက်ခြင်း ဖြစ်သည်။ 


ကျောက်စိမ်းဝိုင်အိုးထဲတွင် အလင်းတန်းများ တောက်ပလာလေသည်။ ပုဖန်က အစစ်အမှန်စွမ်းအားများကို လက်တွင် စုစည်းလိုက်ပြီး ဝိုင်အိုးကို အဖုံးပိတ်၍ ရိုက်နှက်လိုက်သည်။ ဝိုင်အိုးက လေထဲသို့ မြောက်တက်သွားပြီး အဆက်မပြတ် လည်ပတ်နေကာ တဝီ၀ီ အသံများပင် ထွက်ပေါ်နေလေသည်။


ဒုန်း…..


ကျောက်စိမ်းဝိုင်အိုးက ကျယ်လောင်သော အသံနှင့်အတူ စားပွဲပေါ်သို့ ပြန်ကျလာလေသည်။ 


ပုဖန်က နဖူးပေါ်မှ ချွေးများကို သုတ်လိုက်ပြီး သူ၏ မျက်၀န်းထဲတွင် မီးတောက်များကဲ့သို့ တောက်ပနေလေသည်။ 


“ဒီဝိုင်…. နောက်ဆုံးတော့ ပြီးပြည့်စုံသွားခဲ့ပြီ….”