အပိုင်း ၂၀၃
Viewers 53k

အခန်း ၂၀၃ “ဝိုင်တစ်ခွက်နှင့် မှောက်သွားကြသူများ…”


ဟူရီဖန်က ဝိုင်တစ်စက်မျှ ဖိတ်ကျသွားမည်ကိုပင် စိုးရိမ်နေပြီး ဖြူပြာရောင် ဝိုင်ခွက်လေးကို လက်နှစ်ဖက်နှင့် ဂရုတစိုက် လှမ်းယူလိုက်လေသည်။ ထိုဝိုင်စက်တိုင်းက များပြားလှသော သလင်းကျောက်များပင် ဖြစ်သည်။ သူ၏ နှလုံးသားထဲတွင် သွေးများ ယ်ိုစီးနေဆဲဖြစ်သော်လည်း သူ၏ ပါးစပ်ထဲတွင် သားရေများနှင့် ပြည့်နှက်နေလေသည်။


၀ိုင်၏ သင့်ပျံ့သော မွှေးရနံ့က သူ့ကိုယ်သူ မထိန်းချုပ်နိုင်အောင် ဖြစ်သွားစေလေသည်။ စိမ်းပြာရောင် ဝိုင်များက ဖြူပြာရောင် ခွက်ထဲတွင် ငြိမ်သက်နေလေသည်။ ဝိုင်မှ အနည်းငယ် သိပ်သည်း၍ နူးညံ့သိမ်မွေ့သော မြူခိုးလေးများ သိပ်သည်းနေပြီး ဝိုင်ခွက်၏ အပေါ်တွင် တိမ်ပုံသဏ္ဍာန် ဖွဲ့စည်းနေလေသည်။ ဝိုင်ရနံ့များကို အနီးကပ်ရှူရှိုက်လိုက်သည်နှင့် သူ၏ နှာခေါင်းပေါ်သို့ မြွေငယ်လေးတစ်ကောင် တွားသွားလာသည်ဟု ခံစားလိုက်ရလေသည်။ ထိုမွှေးရနံ့ကြောင့် သူ၏ ခန္ဒာကိုယ်အတွင်းမှ အကြောများ ပွင့်သွားလေသည်။


မွှေးပျံ့လှသော ဝိုင်ရနံ့က သူ၏ ကျော်ရိုးတစ်လျောက် ဖြတ်သန်းသွားပြီး ဟူရီဖန်၏ မျက်၀န်းများက သောက်ထားသူ တစ်ယောက်ကဲ့သို့ မူးယစ်ရီဝေလာလေသည်။ သူက ဝိုင်ခွက်ကို နှုတ်ခမ်းနား တေ့လိုက်ပြီး အနည်းငယ် စုပ်သွင်းလိုက်သည်။ စိမ်းဖျော့ဖျော့ အရောင်ရှိသော ဝိုင်က သူ၏ ပါးစပ်ထဲသို့ စီး၀င်သွားသည်နှင့် မီးလောင်သကဲ့သို့ ခံစားလိုက်ရပြီး သူ့မျက်နှာက တုန်လှုပ်နေလေသည်။ သူ၏ လျှာတစ်ခုလုံး လောင်ကျွမ်းသွားသကဲ့သို့ ခံစားလိုက်ရလေသည်။


၀ိုင်များက သူ၏ လည်ချောင်းသို့ ဖြတ်သန်းသွားသည်နှင့် ပြင်းရှသော လောက်ကျွမ်းမှုက ပျောက်ကွယ်သွားပြီး ရေခဲတမျှ အေးစက်လာလေသည်။ ထိုအေးစက်မှုက ဟူရီဖန်ကို သေလုနီးပါး ဖြစ်သွားစေလေသည်။ သို့သော် သူက အေးမြမှုကို စိတ်ကျေနပ်ဟန်နှင့် မျက်၀န်းများ မှေးစင်းနေလေသည်။ သူ၏ အစာအိမ်ထဲသို့ ရောက်ရှိလာသော ဝိုင်များက ရုတ်တရက် ကွဲပျက်သွားလေသည်။ 


ဟူရီဖန်က သူ့ကိုယ်သူပင် မထိန်းချုပ်နိုင်တော့ပဲ လေချဉ်တက်လိုက်ရာ သူ၏ ပတ်ပတ်လည်ကို မွှေးပျံ့သော ရနံ့များနှင့် လွှမ်းခြုံသွားလေတော့သည်။ 


“ကောင်းတယ်… တကယ့်ကို ဝိုင်ကောင်းပဲ…”


ဟူရီဖန်၏ အမူအယာက အမူးသမား တစ်ယောက်ကဲ့သို့ ဖြစ်လာလေသည်။ သူ၏ ခန္ဒာကိုယ်ထဲတွင် ဝိုင်က သုံးကြိမ်ပေါက်ကွဲသွားပြီးနောက် သူ့ကိုယ်သူပင် မထိန်းနိုင်လောက်အောင် မူးယစ်ရီဝေသွားလေသည်။


“မီးနဲ့ ရေခဲရဲ့ ပေါင်းစပ်မှု .. ဒါက တကယ့်ကိုပဲ… ဒီလို အရသာရှိတဲ့ ဝိုင်မျိုး ကမ္ဘာကြီးထဲမှာ ရှိနေတာလား…” ဟူရီဖန်က တမ်းတမ်းတတ မြည်ကြွေးလိုက်သည်။


ထို့နောက် သူ၏ ခေါင်းကို မော့လိုက်ပြီး ခွက်ထဲမှ ဝိုင်များအားလုံးကို မော့ချလိုက်လေသည်။ သူ၏ ပါးစပ်ထဲတွင် နောက်ထပ်တဖန် လောင်ကြွမ်းလာပြီး လည်ချောင်းထဲသို့ အေးမြစွာ ဖြတ်စီးသွားသောကြောင့် စိတ်ကျေနပ်မှုများ ဖြစ်ပေါ်လာလေတော့သည်။ 


ဘန်း….


၀ိုင်တစ်ခွက်လုံး သူ့ဗိုက်ထဲသို့ ရောက်သွားသည်နှင့် ဖြူပြာရောင် ကြွေခွက်ပေါ်တွင် ဖြစ်တည်နေသော စွမ်းအင်မြူခိုးများက ပျောက်ကွယ်သွားလေသည်။ သို့သော ကျွင်းကျန်ရစ်သော အခိုးအငွေ့ အနည်းငယ် ကျန်ရစ်နေခဲ့လေသည်။ ဟူရီဖန်၏ မျက်နှာက နီရဲနေပြီး မျက်၀န်းများ တောက်ပနေလေသည်။ သူအသက်ရှူလိုက်တိုင်းတွင် သန့်စင်လှသော စွမ်းအင်များ ထွက်ပေါ်နေလေသည်။


ဟူရီဖန်၏ ခေါင်းက မူးယစ်ရီဝေလာပြီး သူ၏ မျက်စိရှေ့မှ အရာအားလုံးက မှုန်ဝါးနေလေသည်။ သူက မျက်စိမှေးကြည့်လိုက်ပြီး သူ၏ နားထဲတွင် တစ်စုံတစ်ရာကို ကြားနေရသည်ဟု ခံစားလိုက်ရလေသည်။ ထိုအသံများက သူ၏ နားကို ဖြတ်သန်း၍ ခေါင်းထဲသို့ ရောက်လာလေသည်။


ဟူရီဖန်နှင့် သိပ်မဝေးသော နေရာတွင် ရပ်နေသော ဓါးမြ ၁၃ ဖော်မှ ဒုတိယနှင့် တတိယသခင်က ပတ်ခြာရမ်းနေသော ဟူရီဖန်ကို တွေ့လိုက်ရသောကြောင့် သူတို့၏ မျက်၀န်းများ စူးရှသွားကြလေသည်။ 


“အကိုကြီး…”


ဒုတိယနှင့် တတိယသခင်တို့က လဲကျလုလု ဖြစ်နေသော ဟူရီဖန်ကို ဆီးဖမ်းလိုက်လေသည်။ ဒုတိယသခင်က ဟူရီဖန်ကို ဖမ်းလိုက်ချိန်တွင် မွှေးပျံ့လှသော ဝိုင်ရနံ့များ သူ၏ မျက်နှာပေါ်သို့ လာရိုက်ခတ်သောကြောင့် အံ့အားသင့်သွားလေသည်။


“အကိုကြီးက သောက်ထားတာလား…”


“ဘယ်လိုတောင်လဲဟ တစ်ခွက်ထဲနဲ့ မှောက်သွားတာလား….”


ဒုတိယသခင်နှင့် တတိယသခင်က တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။ သူတို့၏ အကိုကြီးက အရက်မသောက်ဖူးသော အူရိုင်းတစ်ယောက် မဟုတ်သောကြောင့် တစ်ခွက်ထဲနှင့် မှောက်သွားမည်ဟု သူတို့က မထင်မှတ်ထားခဲ့ပေ။


“မင်း… ငါတို့ အကိုကြီးကို ဘာလုပ်လိုက်တာလဲ…”


မယုံသင်္ကာ ဖြစ်နေသော ဒုတိယသခင်က ဓါးမြှောင်ကို ရမ်း၍ ပုဖန်ကို မေးလိုက်လေသည်။ ပုဖန်က ဝိုင်ထဲတွင် တစ်ခုခု ထည့်ထားလိုက်သည်ဟု သူတို့က ထင်မှတ်နေလေသည်။ ထိုသို့ မဟုတ်ပါက ဟူရီဖန်က တစ်ခွက်မျှနှင့် မှောက်သွားလိမ့်မည် မဟုတ်ချေ။


ပုဖန်က မျက်နှာသေနှင့် လှည့်ကြည့်လိုက်ပြီး အေးစက်စွာ မှတ်ချက်ချလိုက်လေသည်။ 


“မင်းတို့မြင်တဲ့ အတိုင်းပဲ ဒီချာတိတ်က တစ်ခွက်သောက်ြ့ပီး မှောက်သွားတာပဲ…”


“မင်းလိမ်နေတာ… ငါတို့အကိုကြီး ဘယ်လောက်သောက်နိုင်တယ်ဆိုတာကို ငါတို့ သိတယ်… မင်းလို ကလေးကလား ကောင်လေးက ငါတို့ကို လှည့်စားဖို့ ကြိုးစားမနေနဲ့… ငါတို့ အကိုကြီးကို မင်းဘာလုပ်လိုက်တာလဲ.. ပြောစမ်း….” တတိယသခင်က ဒေါသတကြီးနှင့် မတ်တပ်ထရပ်၍ ပြောလိုက်သည်။ 


“ငါပြောသလိုပဲလေ… သူမူးသွားတာ… တကယ်လို့ မင်းတို့ မယုံရင် တစ်ခွက်လောက် သောက်ကြည့်လေ…” ပုဖန်က အေးဆေးစွာ ပြောလိုက်လေသည်။


တတိယသခင်က ခဏမျှ ငြိမ်သက်သွားပြီး ချက်ချင်းပင် ပြန်ပြောလိုက်သည်။ 


“အဲဒါဆို ငါ့ကိုတစ်ခွက် မြန်မြန်ပေး….”


“တစ်ခွက်ကို သလင်းကျောက် 500 မင်းငါ့ကို မယုံရင် နောက်က မီနူးကို လှည့်ကြည့်လိုက်…”


ပုဖန်က စျေးနှုန်းကို ရှင်းရှင်းလင်းလင်း ပြောထားခြင်းက ပို၍ ကောင်းမည်ဟု တွေးလိုက်မိသည်။


“ဘာ.. တစ်ခွက်ကို သလင်းကျောက် 500… မင်းအခုငါ့ကို ဓါးမြတိုက်နေတာလား…” တတိယသခင်က ပုဖန်၏ စကားကို ကြားသောအခါ အံ့သြမှုကြောင့် လျှာကိုက်မိမလိုပင် ဖြစ်သွားလေသည်။


“တစ်ခွက်ကို သလင်းကျောက် 500… သူက သလင်းကျောက်တွေ လိုချင်လွန်းလို့ ရူးသွားတာလား…” 


“မင်းတို့ အော်ဒါမမှာဘူးဆိုရင် ဆိုင်ထဲက ထွက်သွားပေးပါ.. တကယ်လို့ မင်းတို့က ဆိုင်ထဲမှာ နှောက်ယှက်နေမယ်ဆိုရင် ဖြစ်လာမယ့် အကျိုးဆက်တွေကို သိပြီးသား ဖြစ်မှာပါ….” ပုဖန်က မနှောက်ယှက်ရန် သတိပေးလိုက်သည်။


တတိယသခင်က လက်သီးကို ကျစ်ကျစ်ပါအာင်ဆုတ်လိုက်ပြီး ဒုတိယသခင်၏ လက်ထဲတွင် မူးလဲနေသော သူတို့၏ အကိုကြီးကို ကြည့်လိုက်သည်။ သူ၏ မျက်နှာက နီရဲနေပြီး ပါးစပ်မှ ဝိုင်နံ့များ ထွက်ပေါ်နေသည်ကို တွေ့လိုက်ရသောကြောင့် သူ၏ နှလုံးသားက တင်းမာလာလေသည်။


“သလင်းကျောက် 500… ကောင်းပြီလေ… အကို… ငါ့ကို သလင်းကျောက်နည်းနည်း ချည်းပါ…ဒီ လိမ်လည် လှည့်ဖြားပြီး ကောက်ကျစ်တဲ့ နံမည်ပျက်ဆိုင်ရှင်ရဲ့ သရုပ်မှန်ကို ဖော်ထုတ်ရမယ်….” တတိယသခင်က အံတင်းတင်းကြိတ်လိုက်ပြီး သူ့အကိုထံမှ သလင်းကျောက် ချည်းလိုက်လေသည်။


ဒုတိယသခင်က စကားတစ်ခွန်းပင် ပြန်မပြောပဲ သလင်းကျောက်များကို တတိယခင်ထံသို့ ပစ်ပေးလိုက်လေသည်။ ကျန်သည့် ညီအကိုများက သူတို့လက်ထဲမှ သလင်းကျောက်များကို ထုတ်ပေးလိုက်ကြသည်။ သူတို့က ခေါင်းဆောင်မဟုတ်သောကြောင့် သူတို့လက်ထဲတွင် သလင်းကျောက် များများစားစား မရှိပေ။ သို့သော် ညီအကို ၁၂ ယောက်လုံး စုဆောင်းထားသည်များကို ထုတ်လိုက်သောအခါ သလင်းကျောက်500 ပြည့်သွားလေသည်။


ဘန်း….


တတိယသခင်က သလင်းကျောက်များကို စားပွဲပေါ်သို့ ပစ်တင်လိုက်ရာ ပုဖန်က ဝိုင်တစ်ခွက် ပေးလိုက်လေသည်။


ကောင်းမွန်လှသော ဝိုင်ခွက်ကို တတိယသခင်က သေသေချာချာ စစ်ဆေးကြည့်လိုက်ပြီး တကျိုက်တည်း မော့သောက်လိုက်လေသည်။ ထိုပုံစံက တတိယသခင်၏ ဝိုင်သောက်သည့် အလေ့အကျင့်ပင် ဖြစ်လေသည်။ သူက သန်မာသော ကျောက်ခဲတစ်ခဲမျှသာ ဖြစ်သောကြောင့် သာမာန်နည်းလမ်းအတိုင်း ဝိုင်ကို တကျိုက်တည်း မော့သောက်လိုက်ခြင်း ဖြစ်သည်။ သို့သော် ဝိုင်ကသာမာန်ဝိုင်မဟုတ်ပေ။ 


ပုဖန်က တစ်ကျိုက်တည်း မော့သောက်လိုက်သော တတိယသခင်ကို ကြည့်၍ မျက်လုံးများ ပုတ်ခတ်ပုတ်ခတ် ဖြစ်သွားလေသည်။ 


ထိုအချိန်၌ခွက်ထဲတွင် ဝိုင်တစ်စက်မျှမကျန်အောင် မော့သောက်လိုက်သော တတိယသခင်၏ မျက်နှာက ပျက်ယွင်းလာလေသည်။ မီးနှင့် ရေခဲ ပေါင်စပ်မှုနှင့် တိမ်ပုံသဏ္ဍာန် သုံးခု၏ ပေါက်ကွဲမှုကို တစ်ပြိုင်တည်း ခံစားလိုက်ရလေသည်။ တတ်ိယသခင်၏ မျက်နှာက နီရဲလာပြီး ပုဖန်ကို လက်ညိုးတစ်ထိုးထိုးနှင့် တစ်စုံတစ်ခု ပြောရန် ကြံလိုက်လေသည်။ သို့သော် သူက ပါးစပ်ပင် မဟနိုင်ပဲ ကြမ်းပြင်ပေါ်သို့ လဲကျသွားလေသည်။


“တစ်ခွက်ထဲနဲ့ မှောက်သွားတဲ့ နောက်တစ်ယောက်….”


ကျန်သော ညီအကိုများက သူတို့၏ အသိစိတ် ပျောက်လောက်အောင်ပင် ထိတ်လန့်သွားကြလေသည်။


“တစ်ခွက်ထဲနဲ့့ မူးသွားစေနိုင်တဲ့ဝိုင်… သေစမ်း… အရမ်းကို ဆွဲဆောင်နိုင်လွန်းတယ်…”


သူတို့က ဝိုင်ကို မြည်းစမ်းကြည့်ရန် မစောင့်နိုင်တော့ချေ။ သို့သော် တခဏအတွင်းတွင်ပင် မိုးထိုးနေသော စျေးနှုန်းကို သတိရသွားပြီး စိတ်ပျက်လက်ပျက် ဖြစ်သွားကြလေသည်။


၇ ယောက်မြောက်သခင်က မည်သို့ လုပ်ရမည်ကို ဆုံးဖြတ်ရဲခြင်းမရှိပေ။ သူက ဆိုင်ထဲသို့ ၀င်လာသော်လည်း သူ၏ စိတ်ထဲတွင် ကြောက်ရွံ့တုန်လှုပ်နေဆဲပင် ဖြစ်သည်။ သူကဤနေရာတွင်ပင် အညာအတာ ကင်းမဲ့စွာဖြင့် အ၀တ်အစားများ အချွတ်ခံလိုက်ရပြီး တည်းခိ်ုခန်းသို့ ကိုယ်တုံးလုံးဖြင့် ပြန်သွားခဲ့ဖူးလေသည်။ ထိုကိစ္စက သူ၏ ဂုဏ်သတင်းကို ထိလိုက်စေခဲ့ပြီး အရှက်တကွဲ ဖြစ်စေခဲ့လေသည်။


ယခုအခါ နေရာတူနေသော်လည်း စိတ်အခြေအနေက ကွဲပြားနေလေသည်။ သူ့တွင် သလင်းကျောက်များ လုံး၀ မရှီတော့ချေ။ သူ၏ သလင်းကျောက်များကို တတိယသခင်ထံသို့ ချည်းလိုက်ပြီး ဖြစ်သောကြောင့် သူ၏ အိတ်က ဟောင်းလောင်း ဖြစ်နေလေသည်။


“ငါ့ဆိုင်မှာ ဘယ်သူ့ကိုမှ အကြွေးမရောင်းပါဘူး… ဒါကြောင့် မင်းတို့မှာ သလင်းကျောက်မရှိတော့ဘူးဆိုရင် ဆိုင်ထဲက ကျေးဇူးပြုပြီး ထွက်သွားပေးကြပါ…” ပုဖန်က အညှာအတာမဲ့စွာ ပြောလိုက်သည်။


၇ယောက်မြောက်သခင်က အံတင်းတင်းကျိတ်လိုက်ပြီး သူ၏ ခန္ဒာကိုယ်မှ အခိုးအငွေ့များ ထွက်လာသည်ဟုပင် ထင်ရလေသည်။


“ငါက ဝိုင်လေးတစ်ခွက်ပဲ သောက်ချင်တာလဲ… ဘယ်လိုဖြစ်လို့ ဒီလောက်ခက်ခဲနေရတာလဲ…”


ထိုအချိန်တွင် ခုယောက်မြောက်သခင်က မီးဖိုချောင်ထဲမှ ဝှိုက်တီ၏ အရိပ်ကို မြင်လိုက်ရသောကြောင့် ထိတ်လန့်သွားလေသည်။ သူက ယခင်အဖြစ်အပျက်များကို ပြန်စဉ်းစားလိုက်ပြီး စက္ကန့်ပိုင်းမျှပင် မစဉ်းစားတော့ပဲ ဆိုင်မှ ထွက်ခွာရန် ဆုံးဖြတ်လိုက်လေသည်။


“ဆိုင်ထဲမှာ ပြသနာရှာရမှာလား… ဟာသပဲ… ငါက နောက်တစ်ခေါက် ၀တ်စလစစ်နဲ့ မပြန်နိုင်ဘူး…”


ကျန်သော ဓါးမြများကလဲ ဝိုင်တစ်ခွက်သောက်ပြီး မူးလဲနေသော ညီအကို နှစ်ယောက်ကို သယ်ဆောင်လိုက်ပြီး စိတ်ပျက်ဟန်နှင့် ပြန်သွားကြလေသည်။ သူတို့ထဲမှ အချို့က ဝိုင်မမြည်းလိုက်ရသောကြောင့် ဒေါသထွက်နေကြလေသည်။


လမ်းကြားလေးထဲတွင် ညီအကို နှစ်ယောက်ကို သယ်၍ ပြန်လာသော ဓါးမြ၁၃ ယောက်နှင့် အိပ်မှုန်စုံမွှားဖြစ်နေသော ရီဇီလင်းကို ဆွဲခေါ်လာသော င်္နီယန်တို့ တွေ့မိကြလေသည်။ 


“ပြင်းလိုက်တဲ့ ဝိုင်နံ့ပါလား… သူတို့ သောက်လာခဲ့ပြီထင်တယ်…” နီယန်က နှာခေါင်းရှုံ့၍ တီးတိုးရေရွတ်လိုက်သည်။ 


ထို့နောက် ရီဇီလင်း၏ လက်ကို ဆွဲ၏ ပုဖန်၏ ဆိုင်ငယ်လေးထံသို့ ဦးတည်လိုက်လေသည်။ ဆိုင်ရှေ့တွင် တန်းစီနေကြသော လူတန်းကြီးကရှည်လျားလှပေသည်။ ဆိုင်ထဲမှ လွှင့်ပျံထွက်လာသော လူတန်းကြီးက နီယန်၏ စိတ်ကို မရိုးမရွ ဖြစ်လာစေလေသည်။


ရီဇီလင်းက အရက်နှင့် ပတ်သတ်၍ သိပ်မသိသောကြောင့် သူမအပေါ်သို့ ထိထိရောက်ရောက် သက်ရောက်မှု မရှိပေ။


“ဒီပိုင်ရှင်ပုက တော်တော်လေး ထူးဆန်းတယ်.. ငါ နောက်ဆုံးတစ်ခေါက် သူ့ဆိုင်ကို အလည်ရောက်ခဲ့တုန်းက သူက ဝိုင်မလုံလောက်ဘူးလို့တောင်ညည်းညူနေသေးတယ်.. အခုတော့ ဝိုင်အသစ်တောင် ထုတ်လုပ်ပြီးသွားပြီ….သူက နဂါးရှင်သန်ခြင်းဝိုင်နဲ့ ယှဉ်ပြိုင်ချင်နေတာလား…”


နီယန်က စိတ်လှုပ်ရှားစွာ တွေးလိုက်မိသည်။ ယစ်ထုတ်ကြီး၏ နဂါးရှင်သန်ခြင်းဝိုင်နှင့် ယှဉ်ပြိုင်နိုင်သော ဝိုင်ကို သူမက ပထမဆုံအကြိမ် တွေးမိလိုက်ခြင်း ဖြစ်သည်။ နီယန်တို့နှစ်ယောက်က စည်းကမ်းများကို ဖောက်ဖျက်ခြင်း မရှိပဲ ဖက်တီးဂျင်တို့ နောက်တွင် တန်းစီလိုက်သည်။


အင်ပါယာနန်းတော်၏ တိတ်ဆိတ်ငြိမ်းချမ်းသော ဂိတ်တံခါးတွင် ပုံရိပ်နှစ်ခု ထွက်ပေါ်လာလေသည်။ ဂျိချန်းရွဲ့၏ ခေါင်းထက်တွင် သရဖူတစ်ခု ဆောင်းထားပြီး ပိုးထည်၀တ်စုံကို ၀တ်ဆင်ထားလေသည်။ သူက လက်နှစ်ဖက် နောက်ပစ်၍ ခပ်မိန့်မိန့်ပြုံးကာ နန်းတော်ထဲမှ လျောက်ထွက်လာလေသည်။ သူ၏ ဘေးတွင် ပိုးထည်၀တ်စုံ ၀တ်ဆင်ထားသော မိန်းမစိုးတစ်ယောက် ရှိနေလေသည်။ ထိုသူက လျန်ဖုပင် ဖြစ်သည်။


“ဦးလေးလျန်… ပိုင်ရှင်ပုဆိုင်ကို သွားကြစို့ ဒီလိုမှ မဟုတ်ရင် ဝိုင်မသောက်ရပဲ နေလိမ့်မယ်…” ဂျိချန်းရွဲ့က ပြောလိုက်သည်။


လျန်ဖုက ခေါင်းငြိမ့်လိုက်ပြီး လည်ချောင်းတစ်ချက်ရှင်းကာ ပြန်ပြောလိုက်လေသည်။


“အရှင်မင်းကြီးရဲက ဆန္ဒအတိုင်းပါပဲ….”