အခန်း ၂၀၅ “ဝိုင်တစ်ခွက်က အဆင့်ချိုးဖျက်တက်ရောက်စေနိုင်တယ်… မယုံနိုင်စရာပဲ…”
ဒေါက်ဒေါက်…
“ထတော့ မာစတာ အားဝူ .. ပုဖန်ကို သွားရှာကြစို့…”
တည်းခိုခန်းအတွင်းတွင် တံခါးခေါက်သံက ပဲ့တင်ထပ်နေလေသည်။ အဖြူရောင် ၀တ်စုံကို ၀တ်ဆင်ထားသော ဝူယွမ်ပိုင်က လက်တစ်ဖက်ကို နောက်ပစ်၍ မာစတာအားဝူ၏ အခန်းတံခါးကို ခေါက်နေလေသည်။
အချိန်အနည်းငယ် ကြာမြင့်ပြီးနောက် အခန်းထဲမှ မာစတာအားဝူက အခန်းထဲမှ ထိတ်ထိတ်လန့်လန့်နှင့် ထွက်ပေါ်လာပြီး ဝူယွမ်ပိုင်ကို နှုတ်ဆက်လိုက်လေသည်။
“မိန်းကလေး… အစောကြီး နိုးနေတာလား…”
“နင့်ဖင်ကြီးကို စောပါလား…အခုတောင် တော်တော်နောက်ကျနေပြီး… ထွက်လာခဲ့ ပိုင်ရှင်ပုကို သွာရှာကြမယ်…”
၀ူယွမ်ပိုင်က မျက်လုံးတစ်ချက် လှန်ကြည့်လိုက်ပြီး ရှေ့မှ ဦးဆောင်၍ ထွက်လာလိုက်လေသည်။ သူတို့နှစ်ယောက်က လမ်းမမှားစေရန်အတွက် ဂရုတစိုက်နှင့် လျောက်လှမ်းလာကြလေသည်။ လွန်ခဲ့သောညက ဖန်ဖန်ဆိုင်ငယ်လေး၏ တည်နေရာကို တည်ခိုခန်းစာရေးထံတွင် မေးမြန်းထားပေသည်။
အချိန်အနည်းငယ်မျှ လျောက်လာပြီးနောက် ဝေလံသော လမ်းကြားလေးတစ်ခုသို့ ရောက်ရှိလာကြလေသည်။ ထိုလမ်းကြားလေးထဲတွင် ဖန်ဖန်ဆိုင်ငယ်လေး တည်ရှိနေသည်ဟု တည်းခိုခန်း စာရေးက လမ်းညွှန်ထားလေသည်။
လမ်းကြားလေးက သူတို့ မျှော်လင့်ထားသကဲ့သို့ တိတ်ဆိတ်နေခြင်းမရှိပေ။ ဆူညံသံများ လှုပ်ရှားမှုများ သင့်ပျံ့လှသော ဝိုင်ရနံ့များနှင့် မူးနေသောသူများကို သယ်ဆောင်၍ ပြန်သွားကြသော သူများကို တွေ့လိုက်ရလေသည်။ ဝူယွမ်ပိုင်တို့၏ မျက်နှာများပေါ်တွင် သိချင်စိတ်များ ပြည့်နှက်လာလေသည်။
ခပ်လှမ်းလှမ်းတစ်နေရာတွင် ပုံရိပ်နှစ်ခုက တဖြည်းဖြည်း လျောက်လှမ်းလာကြသည်။ ငယ်ရွယ်သော လူတစ်ယောက်က ချောမောခန့်ညားလှပြီး နူးညံ့သော အပြုံးတစ်ခုကို ဆင်မြန်းထားသော သူ၏ မျက်နှာပေါ်မှ အရာအားလုံးကို လွှမ်းမိုးနိုင်သော အရှိန်အဝါများ ထွက်ပေါ်နေလေသည်။
ထိုလူငယ်၏ ဘေးတွင် ပါလာသော အကြီးအကဲ၏ အသားအရည်က ဖြူဖျော့နေပြီး ကြည့်ရသည်မှာ အနည်းငယ် ထူးဆန်းနေလေသည်။ ထိုသူက လမ်းလျောက်နေချန်တွင် သူ၏ လက်ချောင်းလေးများမှ လက်မနှင့် လက်ခလယ်ကို ပူးထားလေသည်။
၀ူယွမ်ပိုင်က ထူးခြားလှသော ထိုနှစ်ယောက်ကို ကြည့်၍ နဖူးကြောများ ကြုံ့သည်အထိ တွေးတောလိုက်သည်။ ထို့နောက် သူမ၏ မျက်နှာထားကအနည်းငယ် တင်းမာသွားလေသည်။ ထိုလူရွယ်၏ ဘေးမှ မိန်းမလျှာ အကြီးအကဲက သိုင်းအဆင့် မြင့်မားကြောင်း သူမက သတိပြုမိလေသည်။ ထိုအကြီးအကဲက သူမအနီးမှ မာစတာ အားဝူထက်ပင် ကျင့်ကြံမှု မြင့်မားသောကြောင့် သူမကို ဖိအားတချို့ ဖြစ်ပေါ်လာစေပြီး စိတ်မသက်မသာ ခံစားရစေလေသည်။
“အင်ပါယာမြို့တော်ထဲမှာ လူအမျိုးမျိုး ရောနှောနေကြပြီး သူတော်စင်အဆင့်တွေကိုတောင် နေရာအနှံ့မှာ တွေ့နိုင်နေတာပဲ…” ဝူယွမ်ပိုင်က တီးတိုးရေရွတ်လိုက်ပြီး အကဲခတ်ကြည့်ရှုနေသည်ကို ရပ်တန့်လိုက်ကာ လမ်းကြားထဲသို့ ၀င်သွားလိုက်သည်။
“ဦးလေးလျန်… အဲဒီနှစ်ယောက်ကို သိလား…” ဂျိချန်းရွဲ့က ဝူယွမ်ပိုင်၏ နောက်ကျောကို တစ်ချက်ကြည့်လိုက်ပြီး သူ့အနီးမှ လျန်ဖုကို မေးလိုက်သည်။
“အဲဒီနှစ်ယောက်က လေအလင်းအင်ပါယာ မြို့တော်က မဟုတ်တာကြောင့် ကျွန်တော်မျိုးလဲ မသိပါဘူး…” လျန်ဖုက သူ၏ လက်ချောင်းလေးများကို အနည်းငယ် ဝှေ့ရမ်းလိုက်ပြီး ပြန်ပြောလိုက်သည်။
“အင်း… သူတို့က တခြားနေရာက သူတော်စင်အဆင့်တွေပဲ ဖြစ်မယ်… ကြည့်ရတာ ငါးလမ်းကြောင်း သိမြင်မှု သစ်သီးပင် အတွက် ရောက်လာတာပဲ ဖြစ်ရမယ်… ဒီပစ္စည်းက တော်တော့်ကို ဆွဲဆောင်မှု ပြင်းတာပဲ…” ဂျိချန်းရွဲ့က တီးတိုးရေရွတ်လိုက်သည်။
“ကြီးမြတ်လှသော အရှင်မင်းကြီး… ငါးလမ်းကြောင်းသိမြင်မှု သစ်သီးက သူတော်စင်အဆင့်တွေကို စစ်နတ်ဘုရားအဆင့် ရောက်အောင် အကူအညီ ပေးနိုင်ပါတယ်… တခြား သူတော်စင်အဆင့်တွေ မဆိုထားနဲပ အရှင့်ရဲ့ အစေခံ ကျွန်တော်မျိုးကြီးတောင် အဲဒီသစ်ပင်ရဲ့ ဆွဲဆောင်မှုကို ကြိုးကြိုးစားစား ထိန်းချုပ်နေရတာပါ…” လျန်ဖုက လက်ချောင်းများကို ဝှေ့ရမ်းလိုက်ပြီး ကနွဲ့ကလျ ပြောဆိုလိုက်သည်။
ဂျိချန်းရွဲ့က ခေါင်းညိမ့်လိုက်မိသည်။ ထိုသစ်သီးပင်က သူတော်စင်အဆင့်များကို စစ်နတ်ဘုရားအဆင့်သို့ ရောက်အောင် အထောက်အကူ ပြုနိုင်သော ရတနာတစ်ပါးပင် ဖြစ်သည်။ ထိုမျိုးစေ့ နန်းတော်အတွင်းတွင် ရှိခဲ့စဉ်က မရေမတွက်နိုင်သော နည်းလမ်းများကို အသုံးပြု၍ ကြိုးစားစိုက်ပျိုးခဲ့သော်လည်း အချိန်ကြာမြင့်သည်အထိ အပင်ပေါက်လာနိုင်ခြင်း မရှိပေ။ သို့သော် ပိုင်ရှင်ပု လက်ထဲသို့ ရောက်သွားသည်နှင့် လျင်မြန်စွာ ကြီးထွားလာလေသည်။
ဖြစ်နိ်ုင်သည်မှာ ပိုင်ရှင်ပုတွင် ထိုမျိုးစေ့လေးကို ကောင်မွန်စွာ ကြီးထွားလာစေနိုင်သည့် မြေဆီလွှာတစ်မျိုးမျိုး ရှိပုံရလေသည်။ ထိုသို့မဟုတ်ပါက ငါးလမ်းကြောင်းသိမြင်မှု သစ်သီးပင်က နန်းတော်နှင့် ကံမစပ်ခြင်းသာ ဖြစ်နိုင်ပေသည်။
“လာ… ပိုင်ရှင်ပုရဲ့ ဝိုင်အသစ်ကို သွားကြည့်ကြစို့… ငါကိုယ်တော်.. တော်တော်လေး စိတ်လှုပ်ရှားနေပြီ…”
ဂျိချန်းရွဲ့က ရယ်မောလိုက်ပြီး ပုဖန်၏ ဆိုင်လေးထံသို့ ခြေလှမ်းကြဲကြီးများဖြင့် လျောက်သွားလိုက်လေသည်။
….
အစ်ိမ်းဖျော့ဖျော့ ဝိုင်များက နီယန်၏ နှုတ်ခမ်းနှစ်လွှာကို ဖြတ်သန်း၍ ခံတွင်းထဲသို့ စီး၀င်သွားလေသည်။ နီယန့်၏ ခံတွင်းထဲတွင် မီးလျှံများ တောက်လောင်နေသကဲ့သို့ ခံစားလိုက်ရပြီး သူမ၏ မျက်နှာက အနီရောင် သမ်းလာလေသည်။ နီယန်က သူမ၏ ပန်းနုရောင် လျှာဖြားလေးကို ထုတ်၍ နှုတ်ခမ်းတစ်ချက် သပ်လိုက်လေသည်။
၀ိုင်က သူမ၏ လည်ချောင်းထဲသို့ စီးဆင်းသွားသည်နှင့် ရေခဲတော်ကဲ့သို့ အေးစက်လာပြီး သူမကို တုန်လှုပ်သွားစေလေသည်။ အပူမှ အအေးသို့ ရုတ်ချည်း ပြောင်းလဲသွားမှုက သူမကို ထုတ်ညည်းလိုက်စေလေသည်။
သူမ၏ အစာအိမ်ထဲတွက် တတိယအဆင့် ပေါက်ကွဲမှု ဖြစ်လာသောအခါ နီယန်က ခေါင်းမော့လိုက်မိသည်။ သူမ၏ ဆံပင်များက ထုံးထားရမှ ပြေလျော့သွားပြီး ကျောပြင်တစ်လျောက်တွင် စမ်းချောင်းငယ်လေးတစ်ခုကဲ့သို့ လှပစွာ နေရာယူလိုက်လေသည်။ နီယန်၏ မျက်လုံးလေးများက မူးယစ်ရီဝေနေပြီး နှုတ်ခမ်းများကို သွားဖြင့် ဖိကိုက်လိုက်မိလေသည်။
“ကောင်းလိုက်တဲ့ဝိုင်….”
နောက်တစ်ငုံ ထပ်သောက်လိုက်ချိန်တွင် ဝိုင်၏ အစွမ်းသတ္တိက သူမ၏ အာရုံကြောများကို ဖုံးလွှမ်းသွားလေသည်။ ပြီးနောက် သူမ၏ ခေါင်းထဲတွင် သိမြင်နားလည်မှုများ ကို တစ်စုံတစ်ယောက်က လာပြောပြနေသည်ဟု ခံစားလိုက်ရလေသည်။
“သိမြင်မှုမှတ်စု…”
နီယန်က ချက်ချင်းပင် အာရုံစူးစိုက်လိုက်ပြီး သူမ၏ စိတ်အာရုံတစ်ခုလုံးကို ကျင့်ကြံမှုတွင် အာရုံစိုက်လိုက်လေသည်။
ခွက်ထဲတွင် ကျန်နေသော ဝိုင်လက်ကျန်များကို မော့သောက်လိုက်ပြီးနောက် နီယန်က နှစ်သိမ့်ကျေနပ်သွားပြီး သူမ၏ ခြေလက်များပင် မလှုပ်နိုင်တော့သလို ခံစားလိုက်ရလေသည်။
နီယန်၏ နောက်တွင် ရပ်နေသော ရီဇီလင်းက သူမကို ဖမ်းထိန်းလိုက်ပြီး စိုးရိမ်ပူပန်စွာ မေးလိုက်လေသည်။
“အမနီယန်… နင်အဆင်ပြေရဲ့လား….”
“ရေခဲတောင်အောက်ခြေမှာ ပိတ်လှောင်ထားတဲ့ နဂါးရှင်သန်ခြင်းဝိုင်ကို ထုတ်ဖော်ခဲ့တုန်းက ကောင်းကင် မြေပြင် အကုန်လုံး အံ့အားသင့်သွားခဲ့တယ်…. ယစ်ထုတ်အိုကြီး အဲဒီအချိန်တုန်းက ကိုယ့်ကိုကိုယ် စိတ်ကျေနပ်နေခဲ့တယ်မဟုတ်လား… ဟားဟားဟား….”
“အခုတော့ ဒီမှာ ပိုင်ရှင်ပုရဲ့ ဝိုင်ရှိနေပြီး ဒီဝိုင်က မင်းရဲ့ နဂါးရှင်သန်ခြင်း ဝိုင်ထက် ကောင်းတယ်…. မင်းရဲ့ နဂါးရှင်သန်ခြင်း ဝိုင်ထက် ကောင်းတယ်……”
နီယန်က သူမ၏ ဖြူနုသော လက်ကို ဝှေ့ရမ်းလိုက်ပြီး ဟက်ဟက်ပက်ပက် ရယ်မောနေလေသည်။
ရီဇီလင်းက ကို့ယို့ကားယား ခံစားလိုက်ရလေသည်။ သူမက နီယန်ပြောနေသော စကားများကို လုံး၀နားမလည်ပေ။ နီယန်က သူမ၏ နတ်ဘုရာမတစ်ပါးကဲ့သို့ အမူအယာကို ခွာချလိုက်လေသည်။
ရီဇီလင်းက နီယန့်၏ စကားများကို နားမလည်သော်လည်း ပုဖန်က အသေအချာ သိနေလေသည်။ နီယန်ပြောလိုက်သော စကားကို သူက ကြားလိုက်ရပေသည်။ နီယန့်၏ သုံးသပ်ချက်အရ နှင်းခါးမီးတောက် သိမြင်မှုဝိုင်က နဂါးရှင်သန်ခြင်းဝိုင်ထက် သာလွန်ကောင်းမွန်သည်ကို သူက သိလိုက်လေသည်။
“ဂုဏ်ယူပါတယ် … သင့်ရဲ့ စစ်ဆေးမှု ပြီးမြောက်သွားပါပြီ… သင်ကိုယ်တိုင် ထုတ်ထားတဲ့ ဝိုင်က နဂါးရှင်သန်ခြင်းဝိုင်ကို သာလွန်သွားပါပြီ… ဒါကြောင့် ရရှိမယ့် ဆုတွေကို ဖော်ပြပေးပါတော့မယ်…” စနစ်၏ တည်ငြိမ်သောအသံက ပုဖန်၏ ခေါင်းထဲတွင် ထွက်ပေါ်လာလေသည်။
နှင်းခါးမီးတောက် သိမြင်မှု ဝိုင်က နဂါးရှင်သန်ခြင်းဝိုင်ထက် သာလွန်ကောင်းမွန်သောကြောင့် သူ၏ စစ်ဆေးမှုက ပြီးဆုံးသွားပြီဖြစ်သည်။ ထို့ကြောင့် ပုဖန်က စိတ်သက်သာရာ ရသွားပြီး သက်ပြင်းတစ်ချက် ချလိုက်လေသည်။ ထိုတာ၀န် ပြီးမြောက်သွားခြင်းက သူ့ကို စိတ်သက်သာရာ ရသွားစေလေသည်။
ရီဇီလင်း၏ ပွေ့ထားခြင်း ခံရသော နီယန်က ရုတ်တရက် ထလာလေသည်။ သူမ၏ မျက်လုံးများထဲတွင် ကြောက်မက်ဖွယ်ရာ အငွေ့အသက်များ ပြည့်နှက်နေပြီး စွမ်းအင်လှိုင်းတစ်ခု ထုတ်လိုက်ကာ ရီဇီလင်းကို အဝေးသို့ တွန်းထုတ်လိုက်လေသည်။ ထို့နောက်နီယန်က ထိုင်ချလိုက်ပြီး စျန်၀င်စားမှုအခြေနေသို့ ရောက်ရှိသွားလေသည်။
ဘုန်း…ဘုန်း… ဘုန်း…
လေထဲတွင် တုန်ခါမှု လှိုင်းများနှင့် အသံလှိုင်းများ ထွက်ပေါ်လာလေသည်။ တန်းစီနေသော လူအုပ်ကြီးက ထိတ်လန့်တုန်လှုပ်သွားပြီး လမ်းကြားလေးထဲမှ အေးစက်သော အုတ်ခဲများပေါ်တွင် ကျင့်ကြံနေကြသော် ကွမ်းညီအကို သုံးယောက်ကိ လှည့်ကြည့်လိုက်ကြလေသည်။
ကွမ်းညီအကို သုံးယောက်၏ အနီးတွင် စွမ်းအင်များ လျှင်မြန်စွာ စုစည်းလာလေသည်။ သူတို့၏ ဦးခေါင်းများထက်တွင် စွမ်းအင် ဝဲလေးတစ်ခု ဖြစ်ပေါ်နေပြီး လျှင်မြန်စွာ လှည့်ပတ်နေကာ သူတို့၏ ခန္ဒာကိုယ်ထဲသို့ အစစ်အမှန် စွမ်းအင်များကို စုပ်ယူနေလေသည်။ စွမ်းအင်လွှာများ တစ်ခုပြီးတစ်ခု ပေါက်ကွဲလာပြီး ကွမ်းညီအကို သုံးယောက်၏ သိုင်းအဆင့်က သိသာစွာ တိုးတက်လာလေသည်။ ညီအကိုသုံးယောက်က ဘုရင်အဆင့် အထွတ်အထိပ်သို့ ရောက်ရှိသွားပြီဖြစ်သည်။
ရပ်ကြည့်နေကြသူများက ညီအကိုသုံးယောက်ကို ကြည့်၍ ထိတ်လန့်တုန်လှုပ်သွားကြလေသည်။ ထိုညီအကို သုံးယောက်က ဆိုင်သို့ ရောကလာစဉ်က ဘုရင်အဆင့် ကနဦးအဆင့်တွင်သာ ရှိသေးပေသည်။ သူတို့၏ စွမ်းအင်အဆင့်က တည်ငြိမ်မှုပင် မရှိသေးပေ။ နှင်းခါးမီးတောက် သိမြင်မှုဝိုင် တစ်ခွက်ကို သုံးယောက်မျှသောက်ပြီးနောက် သူတို့က ဘုရင်အဆင့် အထွတ်အထိပ်သို့ ရောက်ရှိသွားကြလေသည်။
“နောက်နေတာလား… သူတို့က ဒီလိုမျိုးအဆင့်ချိုးဖောက်နိုင်တယ်.. ဒါက ထမင်စား ရေသောက် လုပ်ရသလောက်တောင် မခက်ခဲတော့ဘူးလေ…”
လူအုပ်ကြီးက လေအေးများကို ရှူရှိုက်လိုက်ရလေသည်။ သူတို့က ထိုညီအကို သုံးယောက်လုံး အဆင့်ချိုးဖျက် တက်ရောက်နိုင်သည်မှာ နှင်းခါးမီးတောက် သိမြင်မှု ဝိုင်ကို သောက်လိုက်ခြင်းကြောင့် ဖြစ်သည်ကို သိနေကြလေသည်။ အရှေ့တွင် သောက်ခဲ့သူများက အဆင့်ချိုးဖျက်နိုင်စွမ်း မရှိခဲ့ကြပေ။ သူတို့က မူးလဲသွားသောကြောင့် ဝိုင်ထဲတွင် ပါ၀င်သော အစစ်အမှန် စွမ်းအင်များကို စုပ်ယူချေဖျက်နိုင်စွမ်း မရှိကြချေ။ သို့သော် သူတို့က အချန်အနည်းငယ်အတွင် အဆင့်ချိုးဖျက် တက်ရောက်နိုင်မည်သာ ဖြစ်သည်။
“ဒီဝိုင်က… တကယ်ပဲ အဆင့်ချိုးဖျက်တက်ရောက်တဲ့ နေရာမှာ ကူညီပေးနိုင်တာလား….”
ထိုသူတို့၏ နှလုံးသားထဲတွင် ပူပြင်းလာသကဲ့သို့ ခံစားလိုက်ရသည်။ ဝိုင်တစ်ခွက်ဖြင့် အဆင့်ချိုးဖျက် တက်ရောက်နိုင်ပါက သလင်းကျောက် ဟူသည့် ပမာဏမှာ တန်လွန်းသည်ဟုပင် တွေးမိနေကြလေသည်။
ပုဖန်က ကျန်သည့် ဝိုင်လေးခွက်ကို အခက်ခဲမရှိ ရောင်းချလိုက်သည်။ လေးခွက်မြောက် ဝိုင်ခွက်ကို ရောင်းချပြီးသည်နှင့် ပုဖန်က ကျောက်စိမ်းဖြူဝိုင်အိုးကို စည်းတံဆိတ် ခတ်လိုက်လေသည်။ ထိုအိုးထဲတွင် ဝိုင်တစ်၀က်မျှသာ ရှိတော့လေသည်။ သူ့ထံတွင် နှင်းခါးမီးတောက် သီမြင်မှုဝိုင် သုံးအိုးသာရှိပြီး အနာဂတ်တွင်လဲ ထုတ်လုပ်ရန် မဖြစ်နိုင်ပေ။ ဝိုင်ထုတ်လုပ်သည့် ဖြစ်စဉ်ကြောင့် မဟုတ်ပဲ ပါ၀င်ပစ္စည်းများ ရှားပါးမှုကြောင့်သာ ဖြစ်သည်။
ထို့အပြင် ထပ်လောင်းပြောရပါက စိတ်ဝိဥာဉ်၀ိုင်ထုပ်လုပ်ရန်အတွက် အစစ်အမှန် စွမ်းအင်လိုအပ်မှုက များပြားလှပေသည်။ နှင်းခါးမီးတောက် သိမြင်မှုဝိုင် သုံးအိုးက လုံလောက်ပေသည်။ တစ်ကြိမ်တည်းနှင့် အားလုံးရောင်းလိုက်ပါက ရောင်းစရာကျန်တော့မည်မဟုတ်ချေ။
ထိုအချိန်တွင် ကွမ်းလူရိုင်းညီအကို သုံးယောက်၏ အဆင့်တက်မှုက ပြီးမြောက်သွားလေသည်။ သူတို့၏ မျက်နှာပေါ်တွလည်း မူးယစ်ရီဝေနေမှုများ မရှိတော့ပေ။ သူတို့သုံးယောက်က ဆိုင်ထဲသို့ ပြန်၀င်လာပြီး ပုဖန်က ကျေးဇူးတင်စကား ပြောလိုက်လေသည်။
သို့သော် ရပ်ကြည့်နေကြသူများက သူတို့သုံးယောက်ကို မကြည့်ပဲ ခြေချိတ်ထိုင်နေသော လှပသည့် အမျိုးသမီးကို ကြည့်နေကြလေသည်။ အမျိုးသမီး၏ ဆံနွယ်ရှည်များက အစစ်အမှန် စွမ်းအင်များနှင့်အတူ လေထဲသို့ လွင့်ပျံနေလေသည်။ သူမ၏ ခန္ဒာကိုယ်မှ စွမ်းအင် အတက်အကျများအရ အဆင့်ချိုးဖျက် တက်ရောက်နေခြင်းမှာ အောင်မြင်နိုင်ချေ ပိုများနေလေသည်။
“ဒီ… ဒီအမျိုးသမီး…”
ကွမ်းလူရိုင်း ညီအကို သုံးယောက်က စဉ်းစားလိုက်လေသည်။
“သူမက သူတော်စင်အဆင့် တစ်ယောက်လေ….”