အပိုင်း ၂၂၃
Viewers 62k

အခန်း ၂၂၃ “ခရမ်းရောင် မျက်လုံးနှင့် ဝှိုက်တီ...


လမ်းကြားလေး တစ်ခုလုံးက တုန်လှုပ်ခြောက်ခြားဖွယ် ကောင်းလောက်အောင် လှုပ်ခါနေပြီး ကျောက်စရစ်မှုန် အပိုင်းအစများက ကောင်းကင်ပေါ်သို့ လွင့်စင်နေလေသည်။ မုန်တိုင်းကဲ့သို့ ပြာမှုန်များ ကြားတွင် သားရဲတစ်ကောင်၏ ဟစ်ကြွေးသံများ ထွက်ပေါ်နေလေသည်။


ဘုန်း… ဘုန်း…


နောက်ဆုံးတွင် မမြင်နိုင်သော စွမ်းအားတစ်ခုက ပတ်၀န်ကျင်သို့ ပြန့်နှံ့သွားသည်။


ပုဖန်က သူ့အပေါ်သို့ ကျရောက်လာသော စွမ်းအင်တစ်ခုကို ခံစားလိုက်ရပြီး မျက်လုံးလှန်ကြည့်လိုက်သည်။ သူ၏ မျက်နှာတွင် အံ့အားသင့်သွားသော အမူအယာတစ်ခု ထွက်ပေါ်လာခဲ့သည်။


“ဟားဟားဟား…. နောက်ဆုံးတော့ ငါမင်းကို လွှင့်ပစ်လိုက်နိုင်ပြီ…”


ပေါက်ကွဲသံများ ကြားမှ ကျယ်လောင်သော ရယ်သံတစ်ခု ထွက်ပေါ်လာသည့် အချိန်တွင် လမ်းကြားလေး တစ်ခုလုံးက အပျက်အစီးပုံအဖြစ် ပြောင်းလဲသွားပြီဖြစ်သည်။


ဆိုင်၏ အပေါက်၀တွင် လှဲနေသော ဘလက်ကီက နှာခေါင်းရှုံ့၍ ဖုန်မှုန်းများကြားသို့ လှမ်းကြည့်လိုက်၏။ ထိုနေရာတွင် ဖုန်မှုန့်များ ထူထပ်နေသော်လည်း သူက ကောင်းစွာ မြင်ရပေသည်။


စစ်နတ်ဘုရားတစ်ပါးက သူ၏ ခန္ဒာကိုယ် ခွန်အားသက်သက်နှင့်ပင် ကြီးမားလှသော ပျက်စီးမှုများကို ဖြစ်ပေါ်စေနိုင်သည်။ လမ်းကြားလေး တစ်ခုလုံးကို သူ၏ စွမ်းအင်များနှင့် ဖျက်စီးလိုက်ခြင်း ဖြစ်သည်။ အစစ်အမှန် စွမ်းအင်များ မရှိလျှင် သူတို့၏ ခန္ဒာကိုယ်က သန်မာသော်လည်း သူတို့၏ ခန္ဒာကိုယ်နှင့် ထိုကဲ့သို့ ဖျက်စီးနိုင်စွမ်းကို ပိုင်ဆိုင်မည် မဟုတ်ချေ။


“ရှန့်မု… ဒါ.. ဒါက ရုပ်သေးရုပ်ကို ပစ်ထုတ်လိုက်တာလား…”


သူတော်စင်အဆင့်တစ်ယောက်က စိတ်လှုပ်ရှားစွာနှင့် မျက်လုံးများ တောက်ပလာလေသည်။


“ငါက ဘယ်လိုလုပ်သိမလဲ … ဒါပေမယ့် အကြီးအကဲရှား တိုက်ခိုက်လိုက်ပြီဆိုတော့ အဲဒီရုပ်သေးရုပ် တစ်စစီတောင် ဖြစ်နေလောက်ပြီ… သူက သားရဲပုံသဏ္ဍာန် တောင် ပြောင်းထားတာလေ… အဲဒါ မဖြစ်နိုင်ဘူးလို့ ငါ့ကို မပြောနဲ့…” ရှန့်မု၏ မျက်၀န်းများကလဲ လင်းလက်တောက်ပနေသည်။


ထိုအချိန်တွင် ဖုန်မှုန့်များကြားမှ ကြီးမားလှသော ပုံရိပ်တစ်ခုက ရုတ်တရက် ပျံသန်းထွက်လာပြီး မြေပြင်ပေါ် ဆင်းသက်လိုက်သည်။ သူ၏ ရင်ဘက်က နိမ့်ချည်မြင့်ချည် လှုပ်ရှားနေပြီး လက်သီးမှ အပူငွေ့များ ထွက်နေဆဲပင် ဖြစ်သည်။ ထို့နောက် ရှားတက ခေါင်းမော့၍ ဖုန်လုံးများကိုစူးစိုက်ကြည့်လိုက်သည်။


လေပြေလေညှင်းလေးများ တိုက်ခတ်လာပြီး ဖုန်မှုန့်များ တဖြည်းဖြည်း လွင့်ပါးလာလေသည်။


ရှားတက ထိုဖုန်မှုန့်များကို စူးစိုက်ကြည့်နေပြီး သူ၏ မျက်နှာပေါ်ရှိ ကြွက်သားများက တုန်ခါနေခဲ့သည်။


ပုဖန်က ထိုဖုန်မှုန့်များကြားကို သေချာစွာ စူးစိုက်ကြည့်လိုက်ပြီး သူ၏ နှုတ်ခမ်းထောင့်စွန်းများက တွန့်ကွေးသွာလေသည်။


တီ… တီ…


အသံတစ်ခုက အဆက်မပြတ် ထွက်ပေါ်လာပြီး ဖုန်လုံးများကြားတွင် ပုံရိပ်သဏ္ဍာန်တစ်ခု ပေါ်လာခဲ့သည်။ ထိုပုံရိပ်က တဖြည်းဖြည်း အကောင်အထည်ပေါ်လာပြီး အဖြူရောင်တောက်ပလာလေသည်။ ဝှိုက်တီ၏ မျက်လုံးမှ အနီရောင် အလင်းတန်းများ ထုတ်လွတ်နေဆဲပင် ။


“ဘာ… ဘာကြီးလဲ… ဒီလောက် တိုက်ခိုက်ခံရတာတောင် အစင်းရာ မထင်ဘူးလား… ဒီစက်ရုပ်က ဘာကြီးလဲ…”


၀ှိုက်တီ၏ ခန္ဒာကိုယ်ပေါ်တွင် အစင်းတစ်ခုပင် မတွေ့ရသည်ကို တွေ့လိုက်ရသော လူတစ်ဦးက ထိတ်လန့်စွာ အော်ဟစ်လိုက်၏။


ရှန့်မုက အသက်ရှူ ရပ်မတက် ဖြစ်သွားလေသည်။ အကြီးအကဲ ရှား၏ ရူးသွပ်လှသော လက်သီးများက အဆင့်ခုနစ် သားရဲတစ်ကောင်ကို သတ်ရန်ပင် လုံလောက်နေပြီဖြစ်သည်။ သို့သော် ဝှိုက်တီ၏ ခန္ဒာကိုယ်က အစင်းရာပင် မထင်ခဲ့ပေ။


“ဘယ်လိုကြီးလဲ… ဒါက ဘယ်လိုနည်းနဲ့မှ ပုံမှန်မဖြစ်နိုင်ဘူး….”


ရှားတ၏ မျက်၀န်းများကလည်း စူးရှသွားကြလေသည်။ သူက မရပ်မနား လက်သီးနှင့် ထိုးခဲ့ပြီး မောပန်းလွန်းသောကြောင့် သူ၏ရင်ဘက်ပင် နိမ့်ချည်မြင့်ချည်ဖြစ်နေခဲ့သည်။ သို့သော် ဝှိုက်တီက အစင်းရာမျှပင် မထင်ခဲ့ပေ။ သူက ဒေါသတကြီးနှင့် ခြေဆောင့်လိုက်ရာ သူနင်းထားသော ကျောက်တုံးက တစစီ ကွဲကြေသွားလေသည်။


သူ၏ ခန္ဒာကိုယ်ကို လေပွေတစ်ခုကဲ့သို့ လှည့်လိုက်ပြီး ဝှိုက်တီကို နောက်တစ်ကြီမ် တိုက်ခိုက်လိုက်သည်။ တစ်ကြိမ်နှစ်ကြိမ်နှင့် ဖျက်စီးနိုင်စွမ်း မရှိလျှင် ဆယ်ကြိမ် အကြိမ်တစ်ရာ ကြိုးစားရမည်ဖြစ်သည်။ ထိုသို့ တိုက်ခိုက်ပြီးနောက် ထိုရုပ်သေးက ဆက်လက်တည်ရှိနိင်တော့မည် မဟုတ်ချေ။


ဘန်း…


သို့သော် ဤအကြိမ်တွင် သူ၏ လက်သီးချက်က ဝှိုက်တီဆီသို့ပင် ရောက်ရှိသွားခြင်းမရှိပေ။ ဝှိုက်တီ၏ မျက်၀န်းက အနီရောင်အလင်းတန်းများက အေးခဲသွားပြီး ရှေ့သို့ အနည်းငယ် တိုးလာလိုက်သည်။ ထို့နော်က လက်ကို ပန်ကာကဲ့သို့ဝှေ့ရမ်းလိုက်ပြီး ရှားတကို မြေပြင်ပေါ်သို့ ရိုက်ချလိုက်သည်။


“သေလိုက်စမ်း…”


၀ှိုက်တီ၏ အမှတ်မထင် တိုက်ခိုက်မှုက ရှားတကို အလွန် အံ့သြသွားစေလေသည်။


၀ှိုက်တီ၏ မျက်၀န်းများက ရှားတကို မလွဲတန်းကြည့်နေပြီး နောက်တစ်ကြိမ် ထပ်မံရိုက်နှက်လိုက်သည်။


ရှားတ၏ ခန္ဒာကိုယ်က မြေကြီးထဲသို့ ကျွံ၀င်သွားပြီး လမ်းခင်းကျောက်များပင် အပေါ်သို့ လွှင့်စင်တက်လာလေသည်။ ဤအကြိမ်တွင် လမ်းမက လုံး၀ပင် ပျက်စီးကြေမွသွားပြီဖြစ်သည်။ မြေပြင်ပေါ်မှ အက်ကွဲကြောင်းများက ဘလက်ကီ အိပ်နေသော နေရာအထိ အက်ကွဲသွားသော်လည်း မမြင်နိုင်သောအင်အားတစ်ခုက တားဆီးထားသကဲ့သို့ ရပ်တန့်သွားလေသည်။


ဘလက်ကီက ပျင်းရိစွာနှင့် သမ်းဝေလိုက်ပြီး ဝှိုက်တီနှင့် သနားစရာ ကောင်းလှသော လူသားတို့၏ တိုက်ပွဲကို ခေါင်းထောင် ကြည့်နေလိုက်သည်။


၀ှိုက်တီ၏ ရိုက်ချက်တိုင်းက ပြင်းထန်လှသော်လည်း သူ၏ အမူအယာက တည်ငြိမ်အေးဆေးနေလေသည်။ သို့သော် ရှန့်မုနှင့် ငယ်သားများက သူတို့ရင်ဘက်ကို လာရောင်ထုနှက်နေသကဲ့သို့ ခံစားနေရပြီး နှလုံးသားထဲမှပင် တုန်ယင်နေကြသည်။


“ချီးထုတ်ကောင်… အခု ငါ့အလှည့်ပဲ သေပေတော့…..”


အော်ဟစ်သံ တစ်ခုနှင့်အတူ ဝှိုက်တီ၏ ရှေ့တွင် သိပ်သည်းလှသော အစစ်အမှန် စွမ်းအင်များ ဖြစ်ပေါ်လာလေသည်။ ထိုစွမ်းအင်များက ကောင်းကင်ထက်သို့ ထိုးတက်သွားပြီး အင်ပါယာ မြို့တော်တစ်ခုလုံးကို ပြန့်နှံ့သွားလေသည်။ မရေမတွက်နိုင်သော လူများက စွမ်အင်များ၏ ဖိအားကို ခံစားလိုက်ကြရလေသည်။


ထိုဖိအားများက အဆင့်ရှစ် စစ်နတ်ဘုရား၏ ခွန်အားများဖြစ်ပြီး နောက်ဆုံးအကြိမ်အဖြစ် ပေါက်ကွဲထွက်လာခဲ့ခြင်း ဖြစ်သည်။ ရှာတက သူ့တစ်ကိုယ်လုံးကို အစစ်အမှန် စွမ်းအင်များနှင့် ဖုံးကာလိုက်ပြီး ဝှိုက်တီ၏ ရိုက်ချက်ကို တားဆီးလိုက်သည်။


သူက ဓါးမြှောင်ကဲ့သို့ အေးစက်စူးရှသော အကြည့်များနှင့် ဝှိုက်တီကို စိုက်ကြည့်လိုက်ပြီး လက်ဝါးမြှောက်လိုက်လေသည်။ သူအကြီးအကျယ် ရှုံးနိမ့်ခဲ့သော နောက်ဆုံးအကြိမ်က ကြာလွန်လှပြီ ဖြစ်သောကြောင့် မေ့ပင် မေ့နေခဲ့ပြီဖြစ်သည်။ သို့သော် ယခုကဲ့သို့ မြေပြင်ပေါ် နစ်၀င်သွားသည်အထိ ရိုက်နှက်ခံရသည်မှာ ပထမအကြိမ်ပင် ဖြစ်သည်။


သူကသာ အမြဲလိုလို ရိုက်နှက်ခဲ့ပြီး သူ့ကို ထိုသို့ ဆက်ဆံရဲသူကိုတွေ့ပင် မတွေ့ခဲ့ဖူးချေ။


ရှားတ၏ အစစ်အမှန် စွမ်းအင်များနှင့် ဖန်တီးထားသော အကာအကွယ်က ကြည်လင်သော ပစ္စည်းများနှင့် သွန်းလုပ်ထားသကဲ့သို့ ကြည်လင်တောက်ပနေလေသည်။ ထိုအချက်က စစ်နတ်ဘုရာများ၏ အားသာချက်ပင် ဖြစ်သည်။ အဆင်ရှစ် စစ်နတ်ဘုရားအဆင့်သို့ ရောက်ရှိသွားသည်နှင့် သူတို့၏ စွမ်းအင်ဗဟိုရှိ စွမ်းအင် ရေဝဲက ပုံသဏ္ဍာန်းပြောင်လဲသွားပေလိမ့်မည်။ ထို့နောက် စွမ်းအင်ရေဝဲကို အာဟာရ ဖြည့်တင်းပေးကာ အစစ်အမှန် လတ်နတ်တစ်ခုအဖြစ် ပြောင်းလဲ လာနိုင်မည်ဖြစ်သည်။


“မင်းရုပ်သေးရဲ့ လက်က တစ်ခုခု တော့ဖြစ်မှာသေချာတယ်… မင်းခဏစောင့်နေလိုက်ဦး… မင်းရဲ့ ရုပ်သေးကို တစ်စစီ ဖြုတ်ပြီးရင် မင်းကို ထပ်ပြီး ဆုတ်ဖြဲပေးမယ်…” ရှားတက ရုတ်တရက် ပုဖန်ကို လှည့်ကြည့်၍ ကြိမ်းဝါးလိုက်သည်။


ရုပ်သေး၏ ပိုင်ရှင်က ပုဖန်ဖြစ်ပြီး သူအရှက်တကွဲ ဖြစ်ရခြင်း၏ တရာခံလည်း ဖြစ်သည်။ ရှားတ၏ ခန္ဒာကိုယ်မှ သတ်ဖြတ်လိုသော အငွေ့အသက်များ တရှိန်ထိုး ထွက်ပေါ်လာလေသည်။ ထိုအငွေ့အသက်များက လေထုထဲတွင် ပြန့်နှံ့သွားသောကြောင့် ရှန့်မုနှင့် သူ့လူများပင် အသက်ရှူ ကြပ်သွားကြလေသည်။


ရှားတကို ပစ်မှတ်ထားနေသော ဝှိုက်တီ၏ မျက်၀န်းမှ အနီရောင်အလင်းများက ပို၍ တောက်ပလာပြီး အနားရှိ လူများအားလုံးကို မျက်စိကျိန်းသွားစေလေသည်။


“ပိုင်ရှင်ကို သတ်ဖြတ်ချင်စိတ် ဖြစ်နေတဲ့သူကို ရှာဖွေနေပါတယ်.. နည်းလမ်းများကို ပြောင်းလဲလိုက်ပါပြီ… အမြစ်ဖြတ်သုတ်သင်ခြင်း နည်းလမ်းကို စတင်လိုက်ပါပြီ….”


၀ှိုက်တီ၏ မျက်၀န်းမှ အနီရောင်အလင်းတန်းများက ပို၍ ကြောက်စရာ ကောင်းလောက်အောင်တောက်ပလာပြီး အနီရောင် တောက်ပလာလေသည်။ ထိုအလင်းတန်းများက မှေးမှိန်သွားပြီး ခရမ်းရောင်အဖြစ် ပြောင်းလဲသွားလေသည်။ ထိုထူးဆန်သော ခရမ်းရောင်အလင်းက ရှားတ၏ ခန္ဒာကိုယ်ကို လွှမ်းခြုံသွားပြီး သူ၏ စိတ်ဝိဥာဉ်ကိုပင် တုန်လှုပ်လာစေလေသည်။


ထိုအရာမှ မကောင်းသော အငွေ့အသက်များကိ ရှားတက ခံစားလိုက်ရလေသည်။


၀ှိုက်တီ၏ မျက်လုံးများက ခရမ်းရောင်အဖြစ် ပြောင်လဲသွားပြီဖြစ်သည်။


ဘန်း…


၀ှိုက်တီက ရှားတပင် လိုက်မမှီနိုင်သော အမြန်နှုန်းနှင့် သူ၏ ၀မ်းဗိုက်ကို ကန်လိုက်သည်။


ခရက်…


၀ှိုက်တီ၏ ကန်ချက်ကြောင့် ရှားတ၏ ခန္ဒာကိုယ်က လေပေါ်သို့ လွှင့်တက်သွားပြီး အစစ်အမှန် စွမ်းအင်များနှင့် ဖန်တီးထားသော အကာအကွယ်က တစစီ ကျိုးပဲ့သွားပြီး လွင့်ပြယ်သွားလေသည်။


ရှားတ၏ မျက်၀န်းများက ပြူးကျယ်ဝိုင်းစက်သွားလေသည်။ သူက ယခုအချိန်တွင် သတ်ဖြတ်ချင်စိတ်များ ပို၍ တိုးပွားလာလေသည်။


ကျယ်လောင်သော ပေါက်ကွဲသံတစ်ခုနှင့်အတူ လမ်းကြားငယ်လေးထဲတွင် တောက်ပသော အလင်းရောင်များနှင့် ပြည့်နှက်သွားလေသည်။ ဝှိုက်တီ၏ ရှေ့တွင် ခေါင်းသုံးလုံးလက်ခြောက်ဖက်ရှိသော နတ်ဆိုးနတ်ဘုရား၏ ပုံသဏ္ဍာန်တစ်ခု ပေါ်လာလေသည်။


“သွားသေလိုက်တော့…”


ရှားတ၏ အစစ်အမှန်စွမ်းအင်များဖြင့် ဖန်တီးထားသော အကာအကွယ်လွှာက ပျက်စီးသွားသော်လည်း ပြန်လည်ဖွဲစည်းလာပြီး သူ၏ ၀မ်းဗိုက်ကို ကာကွယ်ထားလိုက်လေသည်။ ရှားတက သူ၏ လက်သီးကို မြှောက်လိုက်ပြီး ဝှိုက်တီကို တိုက်ခိုက်လိုက်သည်။


၀ှိုက်တီ၏ခရမ်းရောင် မျက်လုံးမှ အလင်းရောင်က ပို၍ တောက်ပလာပြီး သူ၏ ပုံရိပ်က အလင်းတန်းတစ်ခုကဲ့သို့ ပျောက်ကွယ်သွားလေသည်။ ထိုလှုပ်ရှားမှုက ဝှိုက်တီ၏ ယခင်က နှေးကွေးလေးလံသော လှုပ်ရှားမှုနှင့် ဆက်စပ်ကြည့်၍ပင် မရချေ။


အားလုံးက ခေါင်းမော့ကြည့်လိုက်ရာ လေထဲတွင် လွင့်မျောနေသော ဝှိုက်တီ၏ ပုံရိပ်ကို တွေ့လိုက်ရလေသည်။ ကြီးမားလှသော နတ်ဆိုးနတ်ဘုရား ပုံရိပ်၏ တိုက်ခိုက်မှုကို သူက အလွယ်တကူပင် ကြံ့ကြံ့ခံနိုင်လေသည်။ အားလုံး၏ အကြည့်အောက်တွင် ဝှိုက်တီ၏ စက်ရုပ်လက်က ဆန်းကျယ်လှသော အမှတ်အသားများ ပြည့်နှက်နေသည့် ဆန်းကျယ်လှသော ဓါးတစ်လက်အဖြစ် ပြောင်လဲသွားသောကြောင့် အံ့အားသင့်သွားကြသည်။


ထိုဓါး၏ အလင်းရောင်များက တောက်ပလင်းလက်နေလေသည်။ တောက်ပလှသော ဓါး၏ အလင်းရောင်က နတ်ဆိုးနတ်ဘုရား၏ ပုံရိပ်ကို ဖြတ်သန်းသွားလေသည်။ ထိုလက်က အပိုင်းပိုင်းအစစ အက်ကွဲလာပြီး အစစ်အမှန်စွမ်းအင်များအဖြစ် ပြောင်းလဲသွားကာ လေထဲသို့ လွင့်ပြယ်သွားလေသည်။


ရှားတ၏ စိတ်နှလုံးက အပြင်းအထန် တုန်လှုပ်ခြောက်ခြားသွားပြီး အော်ဟစ်လိုက်လေသည်။ ထို့နောက် နတ်ဆိုးနတ်ဘုရား၏ ပါးစပ်မှ အနက်ရောင် စီးကြောင်းတစ်ခု ထုတ်ဖော်လိုက်လေသည်။ ထိုအနက်ရောင်စီးကြောင်း၏ အတက်အကျ ပြင်းထန်သော စွမ်းအင်လှိုင်းများနှင့် ဝှိုက်တီကို အဆုံးသတ်ရင် ကြံစည်လိုက်ခြင်း ဖြစ်သည်။


၀ှိုက်တီက ရွေ့ပင် မရွေ့လျှားပဲ သူ၏ မျက်လုံးမှထွက်ပေါ်လာသော အလင်းတန်းများပင် အေးခဲနေလေသည်။ သူ၏ ရှေ့တွင် အနက်ရောင် တွင်းနက်ကြီးတစ်ခု ထွက်ပေါ်လာပြီး သူ့ပေါ်သို့ ကျရောက်လာသော အနက်ရောင် စီးကြောင်းကို ဝါးမျိုလိုက်လေသည်။


“ဘုရားရေ… ဒါက ဘယ်လိုငရဲမျိုးလဲ…”


ရှားတ၏ မျက်၀န်းများက ကျဉ်းမြောင်းသွားလေသည်။ မြို့တစ်မြို့ကိုပငိ ဖျက်စီးလိုက်နိုင်သော အနက်ရောင် စီးကြောင်း၏ စွမ်းအားကို သူက ကောင်းစွာ သိနေလေသည်။ သို့သော် ဝှိုက်တီက ထိုအနက်ရောင်စီးကြောင်းကို အလွယ်တကူ စုပ်ယူလိုက်လေသည်။


ထို့နောက် ဝှိုက်တီ၏ ဓါးသဏ္ဍာန် ပြောင်းထားသော လက်က လေထဲတွင် လွင့်မြောလာပြီး နတ်ဆိုးနတ်ဘုရား၏ ခေါင်းကို ဖြတ်တောက်လိုက်လေသည်။


ရှားတ၏ ခန္ဒာကိုယ်က နောက်သို့ ယိုင်ထိုးသွားပြီး သွေးတစ်လုပ် အန်လိုက်ရလေသည်။ သူ၏ ဧရာမ ခန္ဒာကို်ယ်ကြီးက လေလျော့လိုက်သကဲ့သို့ ပြန်လည်သေးငယ်သွားပြီး မူလသဏ္ဍာန်သို့ ပြန်ပြောင်းသွားလေသည်။ ရှားတ၏ အစစ်အမှန် စွမ်းအင်များနှင့် ဖန်တီးထားသော အကာအကွယ်က အက်ကွဲလာပြီး နောက်ဆုံး ပျက်စီးသွာေးလသည်။ အရာအားလုံး ပျက်စီးသွားပြီး သူ၏ ရှုံးနိမ့်မှုက ရောက်ရှိလာပြီဖြစ်သည်။


ဘန်း….


၀ှိုက်တီက မြေပြင်ပေါ်သို့ ပြန်လည်ဆင်းသက်လိုက်ရာ နားအူမတက် ကျယ်လောင်သော အသံက လမ်းကြားလေးထဲတွင် ပဲ့တင်ထပ်သွားလေသည်။ သူက လက်ထဲမှ ဓါးကို နောက်တစ်ကြိမ် လွဲရမ်းလိုက်သည်။


ထိုအပြုအမူကြောင့် ရှန့်မုနှင့် အခြားသူများက ဖြူဖျော့သွားပြီး မတ်တပ်ပင် အနိုင်နိုင် ရပ်နေရလေသည်။ ထိုစက်ရုပ်က သူတို့၏ အကြီးအကဲ စစ်နတ်ဘုရားကိုပင် အနိုင်ယူနိုင်စွမ်း ရှိနေလေသည်။


“ခွေးသား…. ဒီခွေးသား…. စက်ရုပ်တစ်ရုပ်က ဘယ်လိုဖြစ်လို့ ဒီလောက်အင်အားကြီးနေရတာလဲ….”


သူတော်စင်အဆင့် တစ်ယောက်က ကြောက်ရွံ့မှုကို မထိန်းချုပ်နိုင်ပဲ ဆဲရေးလိုက်လေသည်။ ဝှိုက်တီကို သူတို့၏ စိတ်ထဲကပင် နက်နက် ရှိုင်းရှိုင်း ကြောက်ရွံ့နေလေသည်။


ခပ်လှမ်းလှမ်းမှ ဝှိုက်တီက မျက်လုံးဖွင့်၍ ဆဲဆိုနေသော သူကို ကြည့်လိုက်လေသည်။


“အရင်ကလဲ… ခွေးသားစားချင်နေတဲ့ ဘုန်းကြီးတစ်ယောက် ရောက်လာတယ်… အခုရော… ဘယ်သူက ခွေးကို ဆဲဆိုနေတာလဲ…. ဒီခွေးနတ်ဘုရားက မင်းတို့ကို ဘာလုပ်နေလို့လဲ….” ဘလက်ကီက သွားဖြဲ၍ မာန်ဖီလိုက်ပြီး သူ၏ လက်ကို လေထဲသို့ အသံမြည်အောင် ရိုက်ချလိုက်သည်။


ဆဲဆိုလိုက်သော သူတော်စင်အဆင့်၏ စိတ်ထဲတွင် ကြောက်ရွံ့ထိတ်လန့်မှုကို ခံစားလိုက်ရပြီး သူ၏ ခန္ဒာကိုယ်က တဖြည်းဖြည်း ပျော့ခွေကျသွားလေသည်။ ထိုသူတော်စင်အဆင့်၏ ဘေးတွင် ရပ်နေသော ရှန့်မုက တဖြည်းဖြည်း အရည်ပျော်သွားပြီး မြေဆီလွှာထဲ စိမ့်၀င်သွားသော သူတော်စင်အဆင့်၏ ခန္ဒာကိုယ်ကိုကြည့်၍ အလွန်အမင်း ကြောက်ရွံ့ထိတ်လန့်နေလေသည်။


ထိုအချိန်တွင် သူ၏ စိတ်ထဲ၌ ထိတ်လန့်ခြင်း ကြောက်ရွံ့ခြင်း စသည့် မကောင်းသော ခံစားချက်များ စုပြုံတိုးဝှေ့ ၀င်ရောက်လာကာ သူ၏ နှလုံးသားက မရပ်မနား ခုန်ပေါက်လာလေသည်။


“ဒီစက်ရုပ်က မကောင်းဆိုးဝါး နတ်ဆိုးပဲ…”


သူက သူတော်စင်အဆင့်၏ သေဆုံးမှုကို ဝှိုက်တီကြောင့်ဟု ထင်မှတ်လိုက်ပြီး ဝှိုက်တီကို နတ်ဆိုးတစ်ကောင်အဖြစ် ထင်မှတ်လာလေသည်။ ဆိုင်ရှေ့တွင် လှဲနေသော ခွေးနက်ကြီး၏ လှုပ်ရှားမှုကို မည်သူကမျှ သတိမပြုလိုက်မိပေ။


ဘလက်ကီက သူ၏ လက်ကလေးကို အသာအယာ ပြန်ချထားလိုက်သည်။


ရှားတက မြေပြင်ပေါ်မှ ကြိုးစားရုန်းကန်၍ ပြန်ထလာလေသည်။ သူ၏ မျက်လုံးများက သွေးရောင်ကဲ့သို့ ရဲရဲ့နီနေလေသည်။ ဝှိုက်တီ၏ ဧရာမဓါးကြီးက သနားညှာတာမှု ကင်းမဲ့စွာနှင့် သူ၏ ခန္ဒာကိုယ်ကို ဖြတ်သန်းသွားပြီး နက်ရှိုင်းသော ဒဏ်ရာများ ဖြစ်ပေါ်လာကာ သွေးများ ဒလဟော စီးကျလာလေသည်။


“ဒီရုပ်သေးရုပ်က ငါ့ကို သတ်နေတာပဲ…”


ရှားတ၏ ရက်စက်ကြမ်းကြုတ်မှုများက အငွေ့ပျံသကဲ့သို့ ပျောက်ကွယ်သွားပြီး အဆုံးမဲ့ ကြောက်ရွံ့မှုသာ ကျန်ရှိနေတော့လေသည်။


ဆိုင်၏ အပေါက်၀တွင် မတ်တပ်ရပ်နေသော ပုဖန်က သက်ပြင်းတစ်ချက် ချလိုက်လေသည်။ ဝှိုက်တီက ဝှိုက်တီသာ ဖြစ်လေသည်။ သူက ဆိုင်ငယ်လေး၏ လုံခြုံမှုကို အာမခံနိုင်ပြီး သူ၏ ဂုဏ်သတင်းကို ထိန်းသိမ်းထားနိုင်ပေသည်။


“ဝှိုက်တီရဲ့ တကယ့်အဆင့်က ဘာလဲ… စစ်နတ်ဘုရားလား…”


၀ှိုက်တီ၏ စက်ရုပ်မျက်၀န်းများက ခရမ်းရောင် တောက်ပနေပြီး ခြေတစ်လှမ်းလှမ်းလိုက်တိုင်း ရှန့်မုနှင့် ငယ်သားများ၏ စိတ်နှလုံးကို တိုက်ရိုက်သက်ရောက်နေသည်ဟု ခံစားရစေလေသည်။


ဒေါသနတ်ဆိုး ခန်းမမှ လူများက သေရမည်ကို ကြောက်ရွံ့နေကြလေသည်။ ထိုအချိန်တွင် ကျယ်လောင်သော ဟစ်ကြွေးသံတစ်ခုနှင့် အတူ ဝေးကွာသော အရပ်မှ လှံရှည်တစ်ချောင်း ပစ်လွှတ်လိုက်လေသည်။ ထိုလှံရှည်က လေဟာနယ်ကို ဖြတ်သန်းလာလေသည်။ သူ၏ အလျှင်က အလွန်မြန်ဆန်လှသောကြောင့် လေထုပင် မီးတောက်လုလု ဖြစ်နေလေသည်။


ကျယ်လောင်သော အသံနှင့်အတူ ထိုလှံရှည်က ဝှိုက်တီ၏ ရှေ့သို့ ကျဆင်းလာပြီး မီးတောက်မီးလျံများ တောက်လောင်လာလေသည်။ ဆိုင်ငယ်လေးထဲတွင် ထိုင်နေသော မုလင်းဖုန်၏ မျက်နှာက ရုတ်တရက် မဲမှောင်သွားလေသည်။ သူက ဆိုင်အပြင်မှ မြင်ကွင်းများကို အေးအေးသာသာ စောင့်ကြည့်နေသော်လည်း နောက်ဆုံးတွင် ထလာရပြီဖြစ်သည်။


ထိုတိုက်ခိုက်မှုက သူတို့ သားရဲခန်းမ၏ အကြီးအကဲ အကြီးအကဲပြန့်၏ တိုက်ခိုက်မှုပင် ဖြစ်သည်။ သူက နေရာမှ ထလာပြီး ဆိုင်ပေါက်၀သို့ လျောက်လာလိုက်သည်။


ဆိုင်ပေါက်၀မှ ပုဖန်က သူ့ကို ဇဝေဇ၀ါနှင့် ကြည့်လိုက်လေသည်။


မုလင်းဖုန်က ဆိုင်၀တွင် ရပ်လိုက်ပြီး ပုဖန်ကို စေ့စေ့ကြည့်လိုက်သည်။ သူ၏ မျက်၀န်းထဲတွင် နားမလည်နို်င်မှုများနှင့် ပြည့်နှက်နေလေသည်။


“ဘုရင်အဆင့်ပဲ ရှိသေးတဲ့ ငါ့ရဲ့ ချစ်လှစွာသော ပိုင်ရှင်ပု….”


၀မ်….


ဆိုင်ငယ်လေးအတွင်းတွင် သိမြင်မှုမှတ်စု လှိုင်းလုံးကြီး တစ်ခု ရုတ်တရက် ထွက်ပေါ်လာလေသည်။ ထိုလှိုင်းလုံးကြီးက မမြင်နိုင်သော မြှားများကဲ့သို့ ဆိုင်ငယ်လေးထဲမှ လမ်းကြားလေးထဲသို့ ပြန့်နှံ့သွားလေသည်။ ထို့နောက် အင်ပါယာ မြို့တော်တစ်ခုလုံးသို့ ပြန့်နှံ့သွားလေတော့သည်။