အပိုင်း ၂၂၅
Viewers 62k

အခန်း ၂၂၅ “နုနုနယ်နယ်နှင့် ကြောက်မယ်ဖွယ်ကောင်းလှသော ခွေးလက်….”

ပြန့်ချန်ခုန်းက ထိုသို့ ကြောက်မက်ဖွယ်ကောင်လှသော ခွန်အားမျိုးကို ပထမအကြိမ် ခံစားဖူးခြင်း ဖြစ်သည်။ သူက အသက်ရှူရန်ပင် မေ့လျော့သွားပြီး နှလုံးခုန်နှုန်းမျာပင် ရပ်တန့်သွားသည်ဟု ခံစားလိုက်ရသည်။ သူ၏ ရှေ့တွင် ရပ်နေသော ဝှိုက်တီက အစစ်အမှန် စွမ်းအင်များ ထုတ်ဖော်ထားခြင်း မရှိသည်ကို သူက ရှင်းရှင်းလင်းလင်း တွေ့နေရသည်။ ထိုရုပ်သေးကို အစစ်အမှန် စွမ်းအင်များနှင့် အနိုင်ယူနိုင်ခြင်း မရှိသည်ကို သူက ခံစားမ်ိနေလေသည်။

ဧရာမ ဓါးကြီးနှင့် ပိုင်းဖြတ်လိုက်ချိန်တွင် အစစ်အမှန်စွမ်းအင်နှင့် ဖန်တီးထားသော သူ၏ လှံရှည်က မီးတောက်မီးလျှံများနှင့် တွေ့လိုက်သော ရေခဲတုံးကဲ့သို့ ပျက်စီးသွားရလေသည်။ အတိုးချုန်း ပြောရလျှင် ထိုအရာများ အားလုံးကို စက်ရုပ်က လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

ပြန့်ချန်ခုန်း၏ တစ်ကိုယ်လုံး အေးစက်တုန်လှုပ်နေလေသည်။ ဓါးချက်တစ်ချက်ကပင် သူ့ကို အလွန်အမင်း ကြောက်ရွံ့သွားစေပြီး ရေခဲကန်ထဲ ကျသွားသကဲ့သို့ ခံစားလိုက်ရသည်။ သူက အစစ်အမှန် စွမ်းအင်များကို လှည့်ပတ်၍ ထိတ်လန့်မှုကို ခက်ခက်ခဲခဲ တွန်းလှန်လိုက်ရလေသည်။ မြေရိုင်းလွင်ပြင်ဒေသ တတိယဘုရားကျောင်း၏ အကြီးအကဲဖြစ်သော သူက လက်ရှိအချိန်တွင် စိုးရိမ်ပူပန် ကြောက်ရွံ့နေလေသည်။

သူ့လက်ထဲမှ လှံရှည် ပျောက်ကွယ်သွားချိန်တွင် သူ၏ လက်ညိုးနှင့် လက်မကြားမှ စူုးရှသော နာကျင်မှုကို ခံစားလိုက်ရသည်။ သူက လေပြင်းမုန်တိုင်း တိုက်ခတ်လာသည့် အချိန်ကို ပြန်၍ သတိရသွားပြီး တုန်လှုပ်ခြောက်ခြားသွားလေသည်။

ရွီး…

ကြည်လင်ပြတ်သားလှသော ဓါးလွဲလိုက်သံက ကြားလိုက်ရသူများကို ကြက်သီးမွှေးညှင်း ထသွားစေသည်။ ဝှိုက်တီ၏ ခရမ်းရောင် မျက်၀န်းများက ပို၍ တောက်ပလာပြီး ကြောက်မက်ဖွယ်ကောင်းလောက်အောင် ကြီးမားလှသော ဓါးကြီးက ပြန့်ချန်ခုန်း၏ ခေါင်းထက်သို့ ဖြတ်သန်းသွားလေသည်။

ပြန့်ချန်ခုန်း၏ နောက်ကျောမှ ကျယ်လောင်သော အော်သံတစ်ခု ထွက်ပေါ်လာလေသည်။ သူ၏ စိတ်ထဲတွင် အလွန်လေးလံသွားပြီး သက်ပြင်းတစ်ချက် ချလိုက်မိသည်။ ရာဘာဘောလုံးတစ်လုံး ကြမ်းပြင်ပေါ် ထိခတ်သွားသကဲ့သို့ အသံတစ်ခု ထွက်ပေါ်လာပြီး အားလုံး၏ စိတ်ထဲတွင် တုန်လှုပ်ခြောက်ခြားသွားကြသည်။ လူတိုင်းက ပြန့်ချန်ခုန်း၏ နောက်ကျောမှ ပုံရိပ်ကို ကြည့်၍ ကြက်သေသေသွားကြလေသည်။ သူတို့၏ ခန္ဒာကိုယ်များကလည်း တဆတ်ဆတ် တုန်ခါနေကြသည်။

လည်ပင်ညှစ်ခံလိုက်ရသကဲ့သို့သော အော်သံက အလျှင်အမြန် ပျောက်ကွယ်သွားလေသည်။

ပြန့်ချန်ခုန်းက နောက်သို့ တဖြည်းဖြည်း လှည့်ကြည့်လိုက်သည်။ ထို့နောက် သူ၏ ကျောရိုးတစ်လျောက် စိမ့်တက်သွားလေသည်။

၀ှိုက်တီက ထိုပုံရိပ်ကို တစ်ချက်ကြည့်လိုက်လေသည်။ သူ၏ ခရမ်းရောင် မျက်လုံးများက တစ်ချက် တောက်ပသွားသော်လည်း အရောင်ပြန်မှိန်သွားပြီ အနီရောင်အဖြစ် ပြန်ပြောင်းသွားလေသည်။ သူ၏ ပစ်မှတ်ကို သတ်ဖြတ်ပြီးနောက် သူ၏ သတ်ဖြတ်ချင်စိတ်များက ပျောက်ကွယ်သွားပြီး မျက်လုံးအရောင်က ပြန်ပြောင်းလာလေသည်။

တချိန်တည်းမှာပင် လူအုပ်ကြီး၏ စိတ်ထဲမှ ကြောက်ရွံ့မှုများ လျော့ကျသွားပြီး ပြန်၍ အသက်ရှူနိုင်လာကြသည်။

ပြန့်ချန်ခုန်းက ကြီးမားလှသော ပုံရိပ်တစ်ခု၏ ဘေးတွင် ဒူးထောက်ထိုင်လိုက်သည်။ ထိုပုံရိပ်က သန်မာသည့် ကြွက်သားများ ရှိသော်လည်း သူ၏ ခေါင်းက ပျောက်ဆုံးနေလေသည်။ လတ်ဆတ်သော သွေးများက ရေတံခွန်ကဲ့သို့ စီးကျနေပြီး ပြင်းထန်သော သွေးရနံ့က လမ်းကြားလေးထဲတွင် ပြန့်နှံ့နေလေသည်။

၀ှိုက်တီ၏ ကြီူးမားလှသော ဓါးလက်ကြီးက သူ၏ စက်ရုပ်လက်သို့ ပြန်ပြောင်းသွားလေသည်။ ထို့နောက် သူက ခေါင်းလှည့်၍ ကြောင်အနေဆဲဖြစ်သော ပြန်ချန်ခုန်းကို အနီရောင် မျက်၀န်းများနှင့် ကြည့်လိုက်သည်။

“ရှစ်…ရှစ်… အဆင့်ရှစ် စစ်နတ်ဘုရားက ခေါင်းပြတ်သွားတာလား…”

“ဂုဏ်သိက္ခာကြီးမားတဲ့ အဆင့်ရှစ် စစ်နတ်ဘုရားတစ်ပါးက လေအလင်း အင်ပါယာမြို့ရဲ့ လမ်းကြားလေးတစ်ခုမှာ ဒီလိုပဲ သေဆုံးသွားတာလား….”

ပြန့်ချန်ခုန်း၏ မျက်နှာက ပို၍ အိုစာကျသွားပြီး သူ၏ ခါးကလည်း ပိုကုန်းသွားလေသည်။ အရာအားလုံးက အချိန်တခဏအတွင်း ဖြစ်ပျက်သွားပြီး သူ၏ တကိုယ်လုံး အေးစက်တောင့်တင်းနေလေသည်။ သူက ခေါင်းမော့ကြည့်လိုက်ရာတွင် သူ့ကို ကြည့်နေသော ဝှိုက်တီ၏ အနီရောင် မျက်၀န်းများနှင့် ရင်ဆိုင်လိုက်ရသည်။ ထိုမျက်လုံးများထဲတွင် သတ်ဖြတ်ခြင်း အငွေ့အသက်များ မရှိတော့သော်လည်း ဆိုးဝါးသောခံစားချက်များကို ခံစားနေရဆဲပင် ဖြစ်သည်။

“ပြသနာကောင်…. တခြားသူတွေကို ဥပမာပေးဖို့ မင်းရဲ့ အ၀တ်အစားတွေကို ချွတ်ပစ်ရမယ်…”

၀ှိုက်တီ၏ အသံထွက်ပေါ်လာပြီးနောက် အနီရောင် အလင်းတန်းများက ပြန့်ချန်ခုန်း၏ ခန္ဒာကိုယ်ပေါ်သို့ အစုန်အဆန် ကျရောက်လာလေသည်။

…….

“ပိုင်ရှင်ပု… ဒီငါးလမ်းကြောင်းသိမြင်မှု သစ်သီးပင်ကို ငါတကယ်ပဲ လိုအပ်နေတယ်… မင်းအနေနဲ့ .. ဒီရတနာကို စွန့်လွှတ်မလား… နာကျင်ခံမလား ဆိုတာကို ငါသိချင်တယ်…”

မုလင်းဖုန်က တောက်ပသော မျက်၀န်းများနှင့် ပုဖန်ကို ကြည့်လိုက်သည်။ ထို့နောက် သူ၏ ခန္ဒာကိုယ်အတွင်းမှ အစစ်အမှန် စွမ်းအင်များကို စုစည်းလိုက်လေသည်။ သူတော်စင်အဆင့် တစ်ယောက်၏ စွမ်းအင်များက ပုဖန်ဆီသို့ တစ်လက်မချင်း တိုး၀င်လာလေသည်။

ဘုရင်အဆင့် တစ်ယောက်က သူတော်စင်အဆင့် တစ်ယောက်၏ ရှေ့တွင် ပုရွက်ဆိတ်တစ်ကောင်နှင့် မခြားပေ။ သူတော်စင် အဆင့် တစ်ယောက်က သူ၏ အရှိန်အဝါများကို ထုတ်ဖော်လိုက်သည်နှင့် ဘုရင်အဆင့်တစ်ယောက်က ခွေးသေကောင်ကဲ့သို့ သေဆုံးသွားနိုင်ပေသည်။ ထိုအရာက သူတို့ကြားမှ ကွာခြားမှုပင် ဖြစ်သည်။

မုလင်းဖုန်က သူ၏ အပြုအမူများက ဆိုးဝါးနေသည်ကို သိရှိနေသော်လည်း ကြမ်းပြင်ပေါ်တွင် လဲလျောင်းနေမည့် ပုဖန်ကို မြင်ယောင်၍ စိတ်လှုပ်ရှားတက်ကြွလာလေသည်။ ဆိုင်ငယ်လေး၏ အဓိကရန်သူက အပြင်ဘက်တွင် ရှိနေသော အဆင့်ရှစ် စစ်နတ်ဘုရားဖြစ်သည်။ အခြေအနေများ မည်သို့ ဖြစ်လာမည်ကို မသိသော်လည်း သူက အနည်းငယ်မျှပင် တွန့်ဆုတ်နေခြင်း မရှိပေ။ အဘယ်ကြောင့်ဆိုသော် အပြင်ဘက်တွင် စစ်နတ်ဘုရားအဆင့်များအပြင် မရေမတွက်နိုင်သော သူတော်စင်အဆင့်များ ရှိနေလေသည်။

“မင်းက ငါ့ကို ခြိမ်းခြောက်နေတာလား….”

စနစ်၏ မစ်ရှင်ကို ဖတ်နေသော ပုဖန်က ပြန်၍ သတိ၀င်လာလေသည်။ သူက အစစ်အမှန် စွမ်းအင်များကို ထုတ်ဖော်၍ သူ့အနားသို့ ချည်းကပ်လာသော မုလင်းဖုန်ကို သတိပြုမိလိုက်လေသည်။ မုလင်းဖုန်၏ နူးညံ့သိမ်မွေ့သော မျက်နှာပေါ်တွင် မယုံကြည်ရသော အမူအယာက အထင်းသား ပေါ်လွင်လာလေသည်။ သူ၏ အကြည့်များကလည်း ထူးထူးခြားခြား မှောင်မိုက်နေလေသည်။

“ဒူးထောက်လေ… ငါထုတ်ဖော်ထားတဲ့ ဖိအားက မလုံလောက်သေးဘူးလား…”

မုလင်းဖုန်က သူ၏စိတ်ထဲမှ တိတ်တဆိတ်ရေရွတ်လိုက်ပြီး ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်သည်။ သူက ပုဖန်၏ စိတ်ရှုပ်ထွေးနေသော အမူအယာကို တွေ့လိုက်သောအခါ အနည်းငယ် တုန်လှုပ်သွားလေသည်။ သူက အရှေ့သို့ နောက်ထပ်တစ်လှမ်း ထပ်တိုးလိုက်ပြီး သူ၏ စွမ်းအင်များကို ပို၍ ဖော်ထုတ်လိုက်သည်။ ထိုအင်အားကို အင်ပါယာအဆင့် စစ်သည်တော်ပင် တောင့်ခံနိုင်မည်မဟုတ်ရာ ဘုရင်အဆင့် တစ်ယောက်က တောင့်ခံနိုင်မည်မဟုတ်ဟု သူက ယုံကြည်ထားလေသည်။

ပုဖန်က မျက်တောင်တစ်ချက်ခတ်လိုက်ပြီး သူ့နားသို့ တိုးကပ်လာသော မုလင်းဖုန်ကို ကြည့်၍ စိတ်ပျက်လက်ပျက်နှင့် မျက်လုံးလှန်ကြည့်လိုက်သည်။

“ဘာလဲ…ဒီတစ်ယောက်ကလည်း နောက်ထပ် ငတုံးတစ်ယောက်လား…”

“သူက ဘာလို့ ဒူးမထောက်သေးတာလဲ… ငါ့ရဲ့ အရှိန်အဝါအောက်မှာ သူဒူးထောက်နေရမှာလေ… ဘာလို့ အေးအေးဆေးဆေး ဖြစ်နေတာလဲ…”

မုလင်းဖုန်က စိတ်ထဲမှ တီးတိုးရေရွတ်နေလေသည်။ နောက်ဆုံးတွင် သူ၏ အရှိန်အဝါများက ပုဖန်ပေါ်တွက် သက်ရောက်မှု အနည်းငယ်ပင် မရှိသည်ကို သတိပြုမိသွားပြီး သူ၏ မျက်လုံးထဲတွင် မုန်းတီးမှုများ ပြည့်နှက်လာလေသည်။ သို့သော် သူက လှုပ်ရှားပြီးပြီ ဖြစ်သောကြောင့် နောက်ဆုတ်ရန် မတွေးတောတော့ချေ။

မုလင်းဖုန်က သူ၏ အရှိန်အဝါများကု ရုတ်သိမ်းရမည့်အစား အစစ်အမှန် စွမ်းအင်များကို စုစည်း၍ ပုဖန်ကိုကုတ်ဆွဲလိုက်သည်။

“ပိုင်ရှင်ပု… ဒီလိုလုပ်ရတဲ့အတွက် စိတ်မကောင်းပါဘူး… ဒါပေမယ့် ငါးလမ်းကြောင်းသိမြင်မှု သစ်သီးပင်က ငါ့ရဲ့အနာဂတ်ကို အများကြီး အကျိုးရှိစေတယ်… ဒါကြောင့် ငါလုံး၀ မစွန့်လွှတ်နိုင်ဘူး….” မုလင်းဖုန်က အေးစက်စက် တိုက်ခိုက်လိုက်ရင်း ပြောဆိုလိုက်သည်။

ခပ်လှမ်းလှမ်းတွင် ကွမ်းရှောင်ယီက မုလင်းဖန်ဆီမှ ကြောက်စရာကောင်းသော အရှိန်အဝါများကို ခံစားမိလိုက်သောကြောင့် အဝေးသို့ ဆုတ်ခွာသွားလိုက်သည်။ သူမက ငါးလမ်းကြောင်း သိမြင်မှု သစ်ပင်လေး၏ စွမ်းအင် အရိပ်အောက်တွင် ခို၀င်နေလိုက်သည်။ ငါးလမ်းကြောင်းသစ်သီးပင်၏ စွမ်းအင်အကာအကွယ်က မုလင်းဖုန်ထံမှ စွမ်းအင်များကို လျော့ချနိုင်စွမ်း ရှိနေလေသည်။

ကွမ်းရှောင်ယီက စိုးရိမ်ပူပန်စွာနှင့် ပုဖန်ကို စိုက်ကြည့်နေလေသည်။

“စိတ်ပုပ်သူဌေးက သေမှာလား…”

သူမရှေ့မှ လူက မျက်တောင်တစ်ခတ်အတွင်း ပြောင်းလဲသွားလေသည်။ ထိုသူ၏ အပြုအမူကရွံရှာဖွယ် ကောင်လှပေသည်။

ပုဖန်က မည်သည်ကိုမျှကြောက်ရွံ့ခြင်း မရှိပေ။ မုလင်းဖုန်၏ ကြိုးစားမှုကလည်း သူ့အပေါ်သို့ သက်ရောက်နိုင်စွမ်းမရှိချေ။ မုလင်းဖုန် လှုပ်ရှားလိုက်သောအခါ သူက စိတ်ပျက်လက်ပျက်နှင့် မျက်မှောင်ကြုံ့လိုက်မိသည်။ သူက စွမ်းအင်များက တိုးတက်လာသော်လည်း သူတော်စင်အဆင့် တစ်ယောက်နှင့် ယှဉ်ပြိုင်နိုင်ရန် မဖြစ်နိ်ုင်သေးပေ။

ယခုအချိန်တွင် ဝှိုက်တီက အပြင်ဘက်တွင် ခွေးငပျင်းကဲ့သို့ တိုက်ခိုက်နေလေသည်။

“ဟမ်… ခွေးငပျင်း….”

ပုဖန်က မျက်လုံးတစ်ချက် စွေကြည့်လိုက်ရာ သူ့ဆီသို့ လျောက်လာသော ဘလက်ကီကို တွေ့လိုက်ရလေသည်။

မုလင်းဖုန်၏ မျက်၀န်းများက ပျော်ရွှင်မှုကြောင့်တောက်ပနေလေသည်။ သူသာ ပုဖန်ကို ဖမ်းဆီးနိုင်လျင် ဆိုင်ရှင်အသစ် ဖြစ်လာနိင်ပေသည်။ ထိုအချိန်တွင် ငါးလမ်းကြောင်းသိမြင်မှု သစ်သီးက သူ၏ ပိုင်ဆိုင်မှု ဖြစ်လာပေလိမ့်မည်။ ငါးလမ်းကြောင်း သိမြင်မှု့ သစ်သီးကို စားပြီးသည်နှင့် စစ်နတ်ဘုရားဖြစ်လာမည်မှာ သံသယရှိရန်ပင် မလိုတော့ချေ။

စစ်နတ်ဘုရာတစ်ပါး ဖြစ်လာရန် ကြီးမားလှသည့် အတားအဆီး တစ်ခု ရှိပြီး သူက စစ်နတ်ဘုရား ဖြစ်လာရန် အမြဲလိုလို အိမ်မက် မက်ခဲ့ရလေသည်။ သူ စစ်နတ်ဘုရား ဖြစ်လာသည်နှင့် မြေရိုင်းလွင်ပြင်ဒေသ တတိယဘုရားကျောင်းမှ သူ၏ ပြိုင်ဘက်များကို အနိုင်ယူနိုင်ပြီး သူ၏ အနာဂတ်ကလည်း ဆက်ခံသူတစ်ယောက် ဖြစ်လာနိုင်ပေသည်။

“ဟား..ဟား..ဟား..ဟား… နောက်ဆုံးတော့ ငါ့ရဲ့ မျှော်လင့်ချက်တွေက အမှန်တကယ် ဖြစ်လာခဲ့ပြီ….”

မုလင်းဖုန်က စိတ်လှုပ်ရှားစွာဖြင် အော်ဟစ်ရယ်မောနေလေသည်။ ထိုအချိန်တွင် သူ့ထံသို့ လျောက်လှမ်းလာသော ခွေးနက်ကြီးကို မြင်လိုက်ရလေသည်။ ထိုခွေးနက်ကြီးက သူ၏ လမ်းကြောင်းတွင် ပိတ်ဆို့ထားလေသည်။ ခွေးက ခေါင်းမော့၍ သူ့ကို တစ်ချက်ကြည့်လိုက်ပြီး ပါးစပ်ဟ၍ သမ်းဝေလိုက်သည်။

“ဒီခွေးက ဘယ်လိုဖြစ်လို့ ကြောင်လို လမ်းလျောက်နေတာလဲ… သူက ငါ့ကို တားနိုင်မယ်လို့ ထင်နေတာလား…”

မုလင်းဖုန်က စိတ်ထဲမှ ကျိတ်၍ ရယ်မောလိုက်လေသည်။ ထို့နောက် သူ၏ အစစ်အမှန် စွမ်းအင်များကို စုစည်း၍ အောက်သို့ ကုတ်ချလိုက်သည်။ သည်တစ်ကြိမ်တွင် လက်သည်းကုတ်ချက်က ခွေးကို အပိုင်းပိုင်းအစစ စုတ်ဖြဲရန် ရည်ရွယ်လေသည်။ သို့သော် သူ၏ လက်က ဘလက်ကီအနီးသို့ မရောက်ခင်တွင် သူ၏ ရင်ဘက်တွင် ချိတ်ဆွဲထားသော ကျောက်စိမ်ပြားမှ ပူလောင်မှုကို ခံစားလိုက်ရလေသည်။ ထိုလောင်ကြွမ်းမှုက သူ၏ ခန္ဒာကိုယ်ကို သတိပေးလိုက်လေသည်။

ကျောက်စိမ်းပြားမှ အနီရောင် အလင်းတန်းများ ထုတ်လွှတ်လိုက်သည်။ ထိုအလင်းတန်းထဲမှ ပုံရိပ်တစ်ခု ထွက်ပေါ်လာပြီး သူ၏ ခေါင်းထက်တွင် ပေါ်လာလေသည်။

မီးခြင်္သေ့၏ ကြီးမားသော ပုံရိပ်က လေထဲတွင် နေရာယူလိုက်ရာ ဆိုင်တစ်ခုလုံး ပြည့်ကြပ်သွားသကဲ့သို့ ထင်ရလေသည်။

ဘလက်ကီက သူ၏ ခေါင်းပေါ်မှ မီးခြင်္သေ့ကို စူးစိုက်ကြည့်လိုက်သည်။ ထို့နောက် အထင်အမြင်သေးဟန်နှင့် သူ၏ လက်ကို လေထဲမြှောက်၍ ရိုက်ပုတ်ရန် ပြင်လိုက်လေသည်။

မီးခြင်္သေ့က အလွန် ရက်စက် ကြမ်းကြုတ်ပြီး အင်အားကြီးမားသော အဆင့်ခုနစ် စိတ်ဝိဥာဉ်သားရဲ ဖြစ်သည်။

ရုတ်တရက် ဖြစ်ပေါ်လာသော လေပြင်းများနှင့် သွေးမိုးများကြောင့် လူအားလုံး၏ စိတ်နှလုံးက တုန်လှုပ်ခြောက်ခြားသွားကြလေသည်။

ပုဖန်ပင် ကြောက်ရွံ့မှုကြောင့် နှလုံးခုန် မြန်လာလေသည်။

“မီးကလေး….”

မုလင်းဖုန်က ထိတ်လန့်စွာနှင့် နောက်သို့ ခုန်ဆုတ်လိုက်မိသည်။ သူ၏ သားရဲသိုလှောင်နေရာထဲတွင် ပျော်ရွှင်စွာ နေထိုင်နေသော မီးခြင်္သေ့က ဘာကြောင့် ထွက်ပေါ်လာသည်ကို သူက နားမလည်နိုင်ချေ။ သို့သော် ခဏချင်းမှာပင် သူ့တစ်ကိုယ်လုံးက အေးခဲသွားလေသည်။ မီးခြင်္သေ့၏ ဟိန်းဟောက်သံက ပဲ့တင်ထပ် ထွက်ပေါ်နေသော်လည်း ထိုအသံထဲတွင် အဆုံးမဲ့ ကြောက်ရွံ့မှုနှင့် ၀မ်းနည်းကြေကွဲမှုများ ပါ၀င်နေလေသည်။

ဘန်း….

ကျယ်လောင်သော အသံတစ်ချက်နှင့်အတူ မုလင်းဖုန်၏ အကြည့်အောက်တွင် မီးခြင်္သေ့က အသားစများအဖြစ် ပေါက်ကွဲလွင့်စင်သွားလေသည်။

ရွှပ်… ရွှပ်..

မုလင်းဖုန်၏ တစ်ကိုယ်လုံးကို ပူနွေးသော သွေးများနှင့် ရွှဲရွှဲစိုသွားလေသည်။ ယခုအချိန်တွင် သူ၏ နှလုံးသားထဲ၌ အေးစက်မှုနှင့် ခါးသီးမှုကို ခံစားနေရလေသည်။ အသားစများနှင့် သွေးစည်းကြောင်းများက ဆိုင်အနှံ့ ပေပွသွားသော်လည်း တခဏအတွင်းပင် ပြာမှုန်များအဖြစ် ပြောင်လဲသွားပြီး လေထုထဲ ပျောက်ကွယ်သွားလေသည်။

အဆင့်ခုနစ် မီးခြင်္သေ့ကို ကြောက်တစ်ကောင်ကဲ့သို့ လမ်းလျောက်လာသော ခွေး၀တုတ်၏ လက်တစ်ဖက် မြှောက်လိုက်ရုံနှင့်ပင် အစအန မကျန်အောင် ပျောက်ကွယ်သွားပြီဖြစ်သည်။ ဆိုင်ငယ်လေးတွင် ထိုကဲ့သို့ အင်အားကြီးမားလှသော ဝှက်ဖဲရှိနေမည်ဟု မည်သူကမျှ ယုံကြည်လိမ့်မည်မဟုတ်ချေ။ ဆိုင်ငယ်လေး၏ အဆင့်မြင့် သားရဲအကြောင်း ကောလဟာလများစွာက အမှန်တရာ ဖြစ်လာလေပြီ။

ဘလက်ကီက လက်ကို ပြန်ချထားလိုက်ပြီး ကြောက်ရွံ့နေသော မုလင်းဖုန်ကို အေးစက်စက် စိုက်ကြည့်လိုက်သည်။ မုလင်းဖုန်က ကြောက်ရွံ့တုန်လှုပ်မှုကြောင့် ဖင်ထိုင်ရက် လဲကျနေရာ ဘလက်ကီက အထင်အမြင်သေးဟန်နှင့် နှာခေါင်းရှုံ့လိုက်လေသည်။

ပုဖန်က နှုတ်ခမ်းထောင့်စွန်းလေးများကို တွန့်ကွေးလိုက်ပြီး ဘလက်ကီ၏ နူးညံ့လှသော အမွှေးများကို ပွတ်သပ်လိုက်သည်။ ထို့နောက် သူက ငါးလမ်းကြောင်းသိမြင်မှု သစ်သီးပင်ရှိရာသို့ လှည့်ထွက်သွားလိုက်လေသည်။ သူက ဘလက်ကီ၏ လက်ဖဝါးအောက်တွင် တုန်လှုပ်နေသော မုလင်းဖုန်ကို တစ်ချက်ပင် စောင်းငဲ့ကြည့်ခြင်း မရှိခဲ့ပေ။

ပုဖန်၏ အေးစက်မှုကြောင့် မုလင်းဖုန်ကို စိတ်ပျက်အားငယ်သွားစေလေသည်။ ထိုအဓိပ္ပါယ်က သူက သေခြင်းရှင်ခြင်းကို ပုဖန်က စိတ်မ၀င်စားတော့ကြောင်း ဖော်ပြနေလေသည်။ သူက သူ၏ရှေ့မှ ကြောက်မက်ဖွယ်ကောင်းလှသော အဆင့်မြင့် ခွေးနက်ကြီးနှင့်သာ ရင်ဆိုင်ရမည်ဖြစ်သည်။

အခြေအနေက စိတ်ပျက်ဖွယ် ကောင်းလှသော်လည်း ထိုအခြေအနေကို ဖန်တီးခဲ့သူက သူကိုယ်တိုင်ပင် ဖြစ်သည်။ ဘလက်ကီက သွားဖြဲ၍ မာန်ဖီလိုက်သည်။ ဘလက်ကီက ပုဖန်ကို တစ်ချက်လှည့်ကြည့်လိုက်ပြီး လက်ကို နောက်တစ်ကြိမ် မြှောက်လိုက်လေသည်။ သည်တစ်ကြိမ်တွ

င် သူ၏ ပစ်မှတ်က ကြောက်ရွံ့ထိတ်လန့်နေသော မုလင်းဖုန်ပင် ဖြစ်လေသည်။