အပိုင်း ၅၆
Viewers 12k

တော်ဝင်စာကြည့်ဆောင်အတွင်းမှ အခြေအနေက တင်းမာသောခံစားချက်များ ပေးနေသည်။ လင်းရှောင်က ကြောက်လန့်မှုကြောင့် တုန်ယင်နေပြီး ရေခဲတမျှအေးစက်သောကြမ်းပြင်တွင် ဒူးထောက်ကာ စိတ်လှုပ်ရှားမှုများဖြင့်ပြည့်နေသည်။
အခန်းထဲတွင် လင်းရှောင်နှင့် ဧကရာဇ်တို့နှစ်ယောက်သာရှိသည်။
" မင်းရဲ့ နာမည်ကဘာလဲ ..."
ဧကရာဇ်က ရုတ်တရက် သူ့ရှေ့ကိုလျှောက်လာပြီး လင်းရှောင်ကို သူ၏အရိပ်ဖြင့် အုပ်မိုးထားကာ ဖိနှိပ်ချုပ်ခြယ်လိုသည့် ခံစားချက်ကိုပါ ယူဆောင်လာသည်။
လင်းရှောင်က ရိုသေစွာဖြင့် ပြန်ဖြေလိုက်သည်။
" အရှင့်ကို ပြန်ဖြေကြားပါတယ် ... ဒီအစေခံရဲ့နာမည်က ရှောင်လင်းဇီပါ ..."
" မင်းနန်းတော်ထဲမရောက်လာခင်က နာမည်ကို ကိုယ်တော်မေးတာ ..."
ဧရာဇ်က အသေးအဖွဲ့ကိစ္စတစ်ခုကိုသာ လေသံပြတ်ပြတ်နှင့် မေးနေသော်လည်း ဒူးထောက်နေသည့်လင်းရှောင်က သံသယဝင်လာသည်။ သူ သံသယဝင်နေသော်လည်း ထိုအကြောင်းက်ို မပြောရဲသည့်အတွက် လေးစားစွာပြန်ဖြေလိုက်ရသည်။
" အရှင့်ကို ပြန်ဖြေကြားပါတယ် ... ဒီအစေခံရဲ့နာမည်က လင်းရှောင်ပါ ..."
" လင်းရှောင် ..."
ဧကရာဇ်က သူ့နာမည်ကိုခေါ်လိုက်ပြီး နှုတ်ခမ်းများတင်းတင်းစေ့ကာ မေးလိုက်သည်။
" ဒီနေရာကို မင်းမိသားစုရဲ့သခင်မလေးအတွက် ရောက်နေတာလား ..."
လင်းရှောင် ခေါင်းငြိမ့်ပြလိုက်သည်။
" မှန်ပါတယ် အရှင် ..."
ဧကရာဇ်က မျက်ခုံးပင့်လိုက်ပြီး ဒူးထောက်နေသည့် ကုန်းကုန်းလေးကို ငုံ့ကြည့်လိုက်သည်။
" မင်းက အတော်လေးတော့ ရိုးသားတာပဲ ..."
" အရှင်မင်းကြီး သခင်မလေးက အရှင့်အပေါ်မှာပဲ စိတ်ကိုမြုပ်နှံထားတာပါ ... အရှင် ကြွမလာတာကြာတော့ သခင်မလေးလည်း ပူဆွေးနေပါတယ် ..."
လင်းရှောင် အရိုအသေပြုပြီး ပြန်ဖြေလိုက်သည်။
ဧကရာဇ်က ထိုစကားကိုကြားသည့်အခါ စားပွဲဆီသို့လျှောက်သွားပြီး လက်ကာပြလိုက်သည်။
" သွားနိုင်ပြီ ..."
ဧကရာဇ်၏ အသံက မကျေမနပ်ဖြစ်သွားပုံပေါ်၍ လင်းရှောင်ကူကယ်ရာမဲ့သွားသည်။ သူ အရိုအသေပြုလိုက်ပြီး ပြန်ဖြေလ်ုက်သည်။
" ဒီ‌အစေခံ ထွက်သွားပါတော့မယ် ..."
လင်းရှောင် မျက်လုံးများဖွင့်လိုက်ချိန်တွင် တွေဝေမိန်းမောနေသည်။ သူ၏အထက်မှ မျက်နှာကြက်နှင့် ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ ထိုအခါမှ ညအချိန်ရောက်နေပြီး အခန်းထဲတွင် မည်သူမျှမရှိသည်ကို သတိပြုမိသွားသည်။ အဝါရောင်မီးအိမ်မှ မှိန်ပျပျ အလင်းရောင်လေးသာ တောက်ပနေသည်။
ခုနကဟာ အိမ်မက်တစ်ခုပါပဲလား ...
လင်းရှောင် တစ်ဖက်ကိုလှည့်ပြီး ကုတင်အစွန်းတွင်ထိုင်လိုက်ပြီး သူ၏မျက်နှာတွင် စိတ်ရှုပ်ထွေးသည့် အကြည့်တစ်ခုရှိနေသည်။ မမျှော်လင့်စွာဖြင့် ယခင်ဘဝက ကိစ္စဟောင်းတစ်ခုကို အိမ်မက်မက်ခဲ့ရသည်။ ထိုစဉ်အချိန်က မိုရွှီမှာ နန်းတော်သို့ရောက်ခါစဖြစ်ပြီး မြှောက်စားမခံရသေးပေ။ ဧကရာဇ်ကို အာရုံစိုက်လာရန် သူမတွင် ဘာမျှမရှိသောကြောင့် ရက်ပေါင်းများစွာခံစားခဲ့ရသည်။ ဧကရာဇ်က သူမထံရောက်မလာသောကြောင့် လင်းရှောင်က နည်းလမ်းတစ်ခု စဉ်းစားပေးခဲ့ရသည်။
သို့ရာတွင် လင်းရှောင်သည်လည်း ထိုအချိန်က နန်းတော်သို့ရောက်ခါစပင်ဖြစ်သည်။ သူ့ထံတွင် အဆက်အသွယ်များ မရှိသည့်အပြင် သူ၏အခြေအနေကိုလည်း ကောင်းစွာနားမလည်သေးသဖြင့် နည်းလမ်းတစ်ခုကို မစဉ်းစားရဲသေးပေ။ ထို့ကြောင့် ဗြောင်ကျကျပင် ဧကရာဇ်ကို တွေ့ခွင့်တောင်းခဲ့သည်။ အကယ်၍ ဧကရာဇ်က မိုရွှီ့ထံသို့ ရောက်မလာလျှင်ပင် သူ၏စိတ်ထဲမှ အတွေးများကို သိလိုသိငြားဟူသည့်သဘောဖြင့် သွားခဲ့ခြင်းသာ။
သူ မိုရွှီအကြောင်း ပြောလိုက်သည့်အချိန်တိုင်း ဧကရာဇ်က စိတ်မရွှင်မပျဖြစ်သွားသည်ကို ပထမဆုံး တွေ့ဆုံချိန်မှစ၍ ရှင်းလင်းစွာခံစားမိခဲ့သည်။ သို့ရာတွင် ဧကရာဇ်က ထိုညတွင် မိုရွှီ၏အဆောင်သို့ကြွလာသဖြင့် သူ၏အကြံအစည်က အောင်မြင်သွားသည်ဟု ပြောနိုင်သည်။
ဧကရာဇ်က သူ၏လေးနက်သော စကားလုံးများနှင့် မိုရွှီ၏နက်ရှိုင်းသောအချစ်ကို ခံစားမိသွား၍ လာရောက်ရခြင်းဖြစ်သည်ဟု တွေးခဲ့မိသည်။ သို့ရာတွင် ဧကရာဇ်ရောက်လာရသည့် အကြောင်းအရင်းမှာ သူစိတ်ဝင်စားစရာအကြောင်းတချို့ရှိ၍ဖြစ်ကြောင်းကို နောက်ပိုင်းမှ လင်းရှောင် သဘောပေါက်လာခဲ့သည်။
သို့ရာတွင် ယခင်ဘဝက ဧကရာဇ်၏စိတ်ဝင်စားမှုကို ရရှိခဲ့သည့်အရာကို လင်းရှောင်မသိခဲ့ရပေ။ ဧကရာဇ်က သူ၏နာမည်ကို မေးမြန်းပြီးနောက် 'လင်းရှောင်' ဟူ၍ ကျင့်သားရနေသကဲ့သို့ ခေါ်ဆိုသည်ကိုသာ သတိပြုမိခဲ့သည်။
ဤဘဝတွင် ဧကရာဇ်နှင့် တွေ့သည့်အချိန်တွင်လည်း ထိုအဖြစ်အပျက်ကို အမှတ်ရခဲ့မိသည်။ သူ၏နာမည်ကို 'ရှောင်လင်းဇီ'ဟု ဖြေရမည့်အစား ဧကရာဇ်အလိုရှိသည့် 'လင်းရှောင်' ဟုသာ တိုက်ရိုက်ဖြေခဲ့သည်။
ဧကရာဇ်က သူ့ကို 'လင်းရှောင်' ဟု ခေါ်ရသည်ကို ပိုနှစ်သက်သည်မှာ ရှင်းလင်းလှသည်။
သူ့နာမည်အရင်းကပဲ ပြဿနာ ဖြစ်နေတာများလား ...
ဤကိစ္စအကြောင်း မည်မျှတွေးနေပါစေ သူနားမလည်လာပေ။ စိတ်ရှုပ်ထွေးလာသဖြင့် လင်းရှောင် ခေါင်းကို ခါယမ်းလိုက်သည်။
သူ နန်းတော်မှထွက်လာပြီး ဧကရာဇ်နှင့်လည်း မတွေ့ရတော့သဖြင့် ထိုကိစ္စအကြောင်းတွေးနေပါကလည်း အဓိပ္ပါယ်မရှိတော့ပေ။
အထူးဆန်းဆုံးအရာမှာ သူ နန်းတော်ကထွက်ခွာလာခဲ့သည်မှာ အချိန်အတန်ကြာပြီဖြစ်သော်လည်း ဧကရာဇ်အကြောင်း တစ်ကြိမ်မှ အိမ်မက်မမက်ဖူးပေ။ ဤရုတ်ချည်းဆန်သည့် အိမ်မက်က လင်းရှောင်ကို စိတ်မသက်မသာဖြစ်စေသည်။
ကြည့်ရတာ ဒီနေ့မြင်ခဲ့တဲ့ ပုံရိပ်ကြောင့်ပဲဖြစ်မယ် ...
လင်းရှောင် နှုတ်ခမ်းကိုတင်းတင်းစေ့ထားပြီး မျက်မှောင်ကြုတ်လိုက်သည်။
ရုတ်တရက် သူ၏အမြင်အာရုံတစ်ခုလုံး မဲမှောင်သွားပြီး အရိပ်တစ်ခုက ရှေ့တွင်ပေါ်လာသည်။ လင်းရှောင် အလိုလို ခေါင်းမော့လိုက်သော်လည်း ထိုအရိပ်ကို ရှင်းလင်းစွာ မမြင်ရပေ။
လင်းရှောင် ကြောက်လန့်မှုကြောင့် တုန်လှုပ်သွားပြီး အော်ဟစ်မည်ကြံလိုက်သည်။ သို့သော် သူအသံမထွက်မီမှာပင် နွေးထွေး၍ စိုစွတ်သောအရာတစ်ခုက သူ၏နှုတ်ခမ်းကို အုပ်မိုးသွားသည်။
သူ အနမ်းခံလိုက်ရတာပဲ ...
လင်းရှောင် မျက်လုံးများပြူးကျယ်၍ အံ့အားသင့်နေသည်။ သို့သော် သူရှေ့တွင် ရှိနေသည်က တည်ကြည်သည့် မျက်ဆံနှစ်ထပ်ဖြင့် မျက်ဝန်းနက်တစ်စုံဖြစ်နေသည်။
ဒီမျက်ဝန်းတွေက ..
ဤမျက်ဆံနှစ်ထပ်ရှိသော မျက်ဝန်းတစ်စုံကို လင်းရှောင် တစ်ဘဝလုံးမေ့နိုင်မည်မဟုတ်ပေ။
မူတိုင်းပြည်ဧကရာဇ် မူချုံးရွှမ်ပဲ ...
လင်းရှောင် အံ့အားသင့်လွန်း၍ ရုန်းကန်ရန် မေ့နေသည့်အတွက် ဧကရာဇ်က သူ့ကို ဝမ်းပန်းတသာဖြင့် အနမ်းများခြွေနေသည်။ နှုတ်ခမ်းကိုစုပ်နမ်းနေရာမှ လျှာကို ပါးစပ်ထဲထည့်လိုက်ပြီး စိတ်တိုင်းကျ ခြယ်လှယ်နေသည်။
သူ၏ခံတွင်းထဲတွင်ပါ ထုံကျင်လာသဖြင့် လင်းရှောင် အသိစိတ်ပြန်ကပ်သွားကာ သူ့လက်များဖြင့် ဧကရာဇ်ကို တွန်းလိုက်သည်။
လင်းရှောင်၏ငြင်းဆိုမှုကို ခံစားမိသဖြင့် ဧကရာဇ်က အနည်းငယ်မျက်မှောင်ကြုတ်သွားသည်။ စိတ်မကျေမနပ်ဖြင့် လင်းရှောင်ကို လှဲချလိုက်သည်။
ကြီးမားသည့်ပုံရိပ်က လင်းရှောင်၏ ခန္ဓာကိုယ်ကိုဖိထားပြီး မရုန်းကန်နိုင်အောင်ချုပ်ထားသည်။ ဧကရာဇ်က လင်းရှောင်၏လက်ကောက်ဝတ်များကို သူ့လက်နှစ်ဖက်လုံးဖြင့် မြဲမြံစွာထိကပ်ထားသည်။ ထို့နောက် အနားကပ်လာပြီး ရှေ့မှ အနီရောင်နှုတ်ခမ်းပါးများကို နမ်းလိုက်သည်။
" ဟင့် ..."
လင်းရှောင် ခေါင်းကိုဘယ်ညာယိမ်း၍ ရှောင်သော်လည်း ဧကရာဇ်၏ပြင်းပြသော အနမ်းများမှ မလွတ်မြောက်နိုင်ခဲ့ပေ။ ဤပြင်းပြသောအနမ်းများအောက်တွင် သူတို့နှစ်ယောက်က ကြင်စဦးစုံတွဲများကဲ့သို့ စိတ်ခံစားချက်များစွာ ကျန်ရှိနေခဲ့သည်။
အငမ်းမရနမ်းနေသောကြောင့် လင်းရှောင်စိတ်ရှုပ်ထွေးလာပြီး မျက်စိလည်လာသည်။ သူ၏ရုန်းကန်ခြင်းများက မည်သည့်အချိန်က အလိုတူခြင်းအဖြစ် ပြောင်းလဲသွားသည်ကို မသိလိုက်ပေ။ သူ၏လက်နှစ်ဖက်လုံးက ဧကရာဇ်၏ လည်တိုင်တွင် ဖက်တွယ်ထားပြီး ခေါင်းကိုလည်း အလိုက်သင့်လှုပ်ရှားပေးနေမိသည်။
" ဟာ့ ~ ..."
သူ၏တစ်ကိုယ်လုံးက အပူရှိန်တစ်ခုကြောင့် ပေါက်ကွဲထွက်လုနီးနီးဖြစ်ကာ အသက်ပြင်းပြင်းရှုနေရပြီး ခန္ဓာကိုယ်အောက်ပိုင်းမှ ဖုဖောင်းလာသည်။ လင်းရှောင် စိတ်မရှည်စွာဖြင့် တစ်ဖက်ကိုစောင်းပြီး အဝတ်များကို ချွတ်ပစ်နေ‌သည့်အခါ ဖြူဖွေးသော ပခုံးသားနှင့် ညှို့ယူဖမ်းစားနေသော အသားအရည်ကို ပြသနေသည်။
လင်းရှောင်၏ စိတ်မရှည်မှုကို ခံစားမိလိုက်သဖြင့် ဧကရာဇ်က နမ်းနေရာမှခွာလိုက်သည်။ သူ၏အကြည့်များက လင်းရှောင်၏ အဝတ်မကပ်နေသောအပေါ်ပိုင်းတွင် ကပ်ငြိနေသည်။
ဖြူဖွေးသော အသားအရည်တွင် ပန်းနုရောင်သန်းနေပြီး နောက်တစ်ဆင့်ထပ်တက်ရန် မြူဆွယ်‌နေသကဲ့သို့ပင်။
ဧကရာဇ်၏ မျက်ဆံက မည်းနက်သွားပြီး လင်းရှောင်၏ တစ်ကိုယ်လုံးကို ဝါးမျိုချင်နေသည့် ဆန္ဒများဖြင့် ပြည့်နှက်လာသည်။ သူ၏လက်ဖဝါးဖြင့် လင်းရှောင်၏ အဝတ်မဲ့နေသော ခန္ဓာကိုယ်အပေါ်ပိုင်းကို ထိတွေ့နေသည်။
ဧကရာဇ်၏ လက်များက သိုင်းပညာသင်ယူထားရာမှ အသားမာများရှိနေသဖြင့် နူးညံ့သောအသားအရည်ကို ထိလိုက်ချိန်တွင် လင်းရှောင်ထိတ်လန့်သွားသည်။ သာယာမှု‌ကြောင့် ခန္ဓာကိုယ်တစ်ခုလုံး မြောက်တက်သွားမလိုပင်ဖြစ်နေသည်။ လက်ဖဝါးက လင်းရှောင်၏ကိုယ်ကို ထိရုံသာဖြစ်သော်လည်း လင်းရှောင်က အလွန်အမင်း အားအင်များယုတ်လျော့နေသည်။
သူ့ခန္ဓာကိုယ်က အလွန်ပင် အထိမခံလှပေ။
လင်းရှောင် ဝေဝါးနေသော မျက်လုံးများကို ဖွင့်လိုက်ပြီး အမောတကော ပင့်သက်ရှိုက်နေသည်။ လိုချင်တောင့်တစိတ်များဖြင့်ပြည့်နေသော သူ၏မျက်လုံးများက ဧကရာဇ်ကို စိတ်ကျေနပ်သွားစေသည်။ ဧကရာဇ်က ပျော်ရွှင်စွာဖြင့် သူ့နားကပ်လာပြီး နှုတ်ခမ်းကိုနမ်းလိုက်သည်။
" ကြည့်ရတာ မင်းကိုယ်တော့်ကို အရမ်းလွမ်းနေတာပဲ ..."
ကြည်လင်အေးစက်သောအသံတွင် ထူးဆန်းသည့် ညှို့ယူဖမ်းစားမှုများပါဝင်နေသည်။ လင်းရှောင်၏တစ်ကိုယ်လုံး ‌ရုတ်တရက် ခွေကျမတတ်ပင်ဖြစ်သွားပြီး မအောင့်ထားနိုင်တော့ပဲ အသံတိုးတိုးဖြင့် ညည်းညူလိုက်သည်။ သူ၏ခန္ဓာကိုယ်အောက်ပိုင်းကလည်း ပို၍တင်းမာလာသည်။
ခြေထောက်များကို တင်းတင်းစိလိုက်ပြီး ထိုခံစားချက်မှ လွတ်မြောက်စေရန် သူ့ကိုယ်သူ ပွတ်သပ်လိုက်မိသည်။ ထိုသို့ပြုလုပ်လိုက်ချိန်တွင် ဧကရာဇ်၏ ပူပြင်းနေသောအရာနှင့် ထိမိသွားသည့်အတွက် လင်းရှောင်ထိတ်လန့်သွားပြီး အမူးပြေသကဲ့သို့ ခံစားချက်မျိုးဖြစ်လာသည်။
သို့ရာတွင် ဧကရာဇ်က လင်းရှောင်၏ အပြုအမူကြောင့် ကျီစယ်ခံလိုက်ရသကဲ့သို့ ဖြစ်သွားပုံပင်။ စိတ်က လုံးဝလွတ်ထွက်သွားပြီး တိုးညှင်းစွာညည်း၍ သူ၏ကိုယ်ဖြင့် လင်းရှောင်ကိုပို၍ဖိချလိုက်သည်။
လင်းရှောင်၏ခန္ဓာကိုယ် နေရာအနှံ့တွင် အနမ်းများကျဲဖြန့်နေလိုက်သည်။ ထိုခံစားချက်များက လင်းရှောင်ကို သည်းမခံနိုင်ဖြစ်ကာ ယားကျိကျိဖြစ်လာစေသည်။ လင်းရှောင် တိုးညှင်းသွာ ညည်းတွားနေရသည်။
" အရှင် ... အရှင်မင်းကြီး ... ခဏ ... ခဏလေးစောင့်ပါဦး ..."
သူက ဧကရာဇ်ကို တွန်းဖယ်ရန်ကြိုးစားသော်လည်း တုတ်တုတ်မျှမလှုပ်ပေ။ လူခြင်း ခဏခွာသွားသည့်အချိန်တွင် လင်းရှောင်အံကြိတ်ပြီး ဖူယွီကျွင်းသင်ပေးသည့် နည်းလမ်းအတိုင်း လက်ကောက်ဝတ်ကို အသုံးပြုလိုက်သည်။
ဧကရာဇ်က သူ၏လှုပ်ရှားမှုကို သတိပြုမိသွားပြီး အဝေးသို့ရှောင်လိုက်သည်။ အံ့အားသင့်မှုကြောင့် သူ့မျက်ခုံးများ အနည်းငယ် ပင့်တက်သွားသည်။ လင်းရှောင်၏ လက်ကောက်ဝတ်ကိုဖမ်းဆွဲလိုက်ကာ အန္တရာယ်များသည့်အကြည့်မျိုးဖြင့် မျက်လုံးများကို မှေးကျဉ်းလိုက်သည်။
" မင်းကို မတွေ့ရတာ လဝက်ကျော်လောက်ပဲရှိသေးတယ် ကိုယ်တော်သဘောကျတဲ့ သိုင်းပညာကို သင်ထားပြီပေါ့ ..."
ဧကရာဇ်၏ လေသံက ခပ်ပြတ်ပြတ်ဖြစ်နေသဖြင့် ထိုအသံထဲတွင် သူ၏ဒေါသကို သတိမပြုနိုင်သော်လည်း သူ၏အကြည့်များက ခြိမ်းခြောက်နေသယောင်ပင်။ လင်းရှောင်၏နှလုံးသားထဲမှ ကြောက်ရွံ့မှုများ မြင့်တက်လာသည်။
လင်းရှောင် တံတွေးမျိုချလိုက်ပြီး တတ်နိုင်သမျှအရိုသေဆုံးလေသံဖြင့် ဖြေလိုက်သည်။
" ဒါ လင်းရှောင်သင်ထားတဲ့ ကိုယ့်ကိုကိုယ်ကာကွယ်နည်းပါ ..."
" ကိုယ့်ကိုကိုယ်ကာကွယ်ဖို့လား ..."
ဧကရာဇ်က လင်းရှောင်နားကပ်လာပြီး မေးစေ့လက်ဖြင့်ပင့်လိုက်သည်။
" အဲ့ဒါကို ဘယ်သူ့အပေါ်မှာ သုံးဖို့လဲ ..."
လင်းရှောင် မျက်လုံးများ ပြူးကျယ်သွားသည်။ ' အရှင့်ဆီကနေ ကိုယ့်ကိုကိုယ် ကာကွယ်ဖို့လေ ' ဟု ဖြေချင်နေသည်။
သို့သော် ဧကရာဇ်ထံမှ ခြယ်လှယ်နိုင်သည့် ဖိအားတစ်ခုကြောင့် လင်းရှောင် ခေါင်းခါပြလိုက်ရသည်။