ဧကရာဇ်၏ မျက်နှာက စိတ်အေးလက်အေးပုံဖြစ်သွားပြီး လင်းရှောင်ကိုလွှတ်ပေးလိုက်သည့်အခါ လင်းရှောင်က နောက်အနည်းငယ် ဆုတ်သွားသည်။ ဧကရာဇ်က လင်းရှောင်ကို စိုက်ကြည့်နေရာမှ သူ့ကိုရင်ခွင်ထဲထည့်ပြီး ပွေ့ဖက်ထားလိုက်သည်။
လင်းရှောင်၏ ခန္ဓာကိုယ်တစ်ခုလုံးတောင့်တင်းသွားသည်ကို ဧကရာဇ်က သတိထားမိသည်။ သူ၏လက်များက ညင်သာစွာရွေ့လျားလာပြီး သူထိလိုက်သမျှနေရာတိုင်းက လင်းရှောင်အတွက် ထူပူလာစေသည့်အတွက် ပင့်သက်ရှိုက်နေရသည်။ သူ၏ခန္ဓာကိုယ်က နွေဦးစမ်းရေအိုင်ကဲ့သို့ ပျော့ပြောင်းနူးညံ့လာသည်။
" မဟုတ်ဘူး ... မလုပ်... အရှင်မင်းကြီး ..."
လင်းရှောင်က ရုန်းကန်၍ ငြင်းဆန်နေသော်လည်း ဧကရာဇ်က မကြားဟန်ဆောင်နေသည်။ အဆုံးစွန်ထိရောက်နေသော သာယာမှုကို ခံစားနေရသည့်အတွက် အံကြိတ်ပြီး လက်ကို တင်းတင်းဆုပ်ထားမိသည်။ ဤတစ်ကြိမ်တွင် ဆေးခတ်မခံရကြောင်း သိသာသော်လည်း ဧကရာဇ်၏ အထိအတွေ့က အလွန်သာယာဖွယ်ကောင်းနေသည့်အတွက် သူနားမလည်နိုင်ဖြစ်နေသည်။
တစ်ခါတွေ့ကြုံပြီးတဲ့နောက် နောက်တစ်ခါထပ်ပြီး ကြိုးစားချင်နေတာများလား ...
လင်းရှောင် အံ့အားသင့်သွားသည်။ ရုတ်တရက် သူ၏ခန္ဓာကိုယ်အောက်ပိုင်းကို လက်ဖဝါးကြီးတစ်ခုက ဆုပ်ကိုင်လိုက်သဖြင့် ရုတ်တရက် တုန်ယင်သွားပြီး တစ်ဟုန်ထိုးမြင့်တက်လာသည့် သာယာမှုကြောင့် ညည်းလိုက်မိသည်။
ထိုညည်းသံတွင် သာယာမှုအထွတ်အထိပ်နှင့် အံအားသင့်မှုများ ပါဝင်သည်။
မင်းကြီး သူ့ရဲ့ အဲ့ဒီအပိုင်းကို တကယ်ကြီးထိလိုက်တာလား ... သူက ဒီအစိတ်အပိုင်းကို မင်းကြီးဆီကနေ ဖုံးကွယ်ထားခဲ့တာလေ ... အရှင်မင်းကြီးက တကယ်ကို .....
အရှင်မင်းကြီးကိုယ်တိုင် သူ့ကို ဝှေးသင်းတော့မှာများလား ...
ထိုအကြောင်းတွေးမိသည့်အခါ လင်းရှောင်ချွေးစေးများပြန်လာသည်။ သူ၏ခန္ဓာကိုယ်အောက်ပိုင်းက သာယာမှုကို ခံစားသော်လည်း ခြေထောက်များပျော့ခွေချင်လာသည်။
ဧကရာဇ်က ဤမြင်ကွင်းကိုမြင်သောအခါ မျက်မှောင်ကြုတ်ပြီးလင်းရှောင်ကိုကြည့်လိုက်သည်။ ဧကရာဇ်က သူ့ကိုစိုက်ကြည့်နေသောကြောင့် လင်းရှောင်၏မျက်နှာက ဖြူဖျော့ကာ နဖူးမှ ချွေးစေးများထွက်လာသည်။
သူ၏ခန္ဓာကိုယ်မှ အပေါ်ဝတ်များကိုဖယ်ရှားလိုက်ပြီဖြစ်သော်လည်း ထိုကိစ္စကို စိတ်မပူနိုင်သည်အထိ အလုပ်များနေသည်။ သူ့အရာကိုကိုင်ထားသော ဧကရာဇ်ကိုကြည့်ကာ ခန္ဓာကိုယ်တစ်ခုလုံး အေးစက်တောင့်တင်းလာသည်။
သူ၏ လက်ရှိပုံစံမှာ မျက်လုံးထဲတွင် ရမက်ခိုးများဝေနေကာ တစ်စုံတစ်ရာကို တောင့်တနေသကဲ့သို့ သူ၏လိင်အင်္ဂါကိုစိုက်ကြည့်နေပြီး အင်္ကျီကလည်း ပခုံးမှလျှောကျနေသည့်အတွက် ဖြားယောင်းနေသည်နှင့် တူနေသည်။
ဧကရာဇ်၏မျက်လုံးများ မဲနက်သွားပြီး အောက်ဖက်မှလက်ကို စတင်လှုပ်ရှားလိုက်သည်။
ဧကရာဇ်၏ လှုပ်ရှားမှုတစ်ချက်ကြောင့် လင်းရှောင် ခွေကျမတတ်ဖြစ်ကာ အားမရှိစွာဖြင့် ဧကရာဇ်၏ရင်ခွင်ထဲတွင် လှဲလျောင်းနေရသည်။ ပါးစပ်မှလည်း ညည်းသံများ အဆက်မပြတ်ထွက်လာနေသည်။
သူ၏အသံတွင် ချုပ်ထိန်းမရနိုင်သည့် သာယာမှုများပါဝင်နေပြီး တစ်ကုန်လုံးတုန်ယင်လာလျက် နောက်ဆုံးတစ်ကြိမ် ညည်းလိုက်မိသည်။
သူ၏ညည်းသံများက ဧကရာဇ်၏နှလုံးသားကို လှုပ်ခါစေပြီး အကြည့်များကို ပို၍နက်ရှိုင်းလာစေသည်။
ဧကရာဇ်က အောက်ဘက်မှ လှုပ်ရှားမှုများကို မရပ်တန့်သောကြောင့် လင်းရှောင် ဆက်လက်ညည်းညူနေရသည်။ သူ၏အသံက မထိန်းချုပ်နိုင်တော့သည်ပုံနှင့်တူပြီး အထွတ်အထိပ်သာယာမှုကို ခံစားလာရသည့်အတွက် နောက်ဆုံးတစ်ကြိမ် ကျယ်လောင်စွာ ညည်းညူလိုက်သည်။
ချိုသာသော ညည်းသံလေးက တိုးလိုက်ကျယ်လိုက်ဖြစ်နေသောကြောင့် ဧကရာဇ်၏လှုပ်ရှားမှုက ပို၍ မြန်ဆန်လာသည်။ လင်းရှောင်က နောက်ဆုံးတွင် အထွတ်အထိပ်သာယာမှုဆီသို့ ရောက်လာသောအခါ သူ၏ခါးက ဧကရာဇ်၏လုပ်ဆောင်မှုအတိုင်း စီးချက်ကျစွာ လိုက်လှုပ်ရှားနေမိသည်။
တစ်ကြိမ် ပြီးမြောက်သွားပြီးနောက် လင်းရှောင်က အိပ်ရာပေါ်တွင် ခွေလဲကျသွားသည်။ ပြီးဆုံးသွားပြီးနောက် ကျန်ရှိနေသောသာယာမှုကြောင့် ရီဝေသောမျက်လုံးများဖြင့် မှင်သက်မိန်းမောနေသည်။
ယခုအခါ ဧကရာဇ်၏ လက်များက လင်းရှောင်၏ အနောက်ဘက်သို့ ရောက်လာသည်။
လက်ချောင်းတစ်ချောင်းက အနောက်ဘက်သို့ရောက်လာပြီး ဖြည်းညှင်းစွာချဲ့ထွင်ပေးနေသည်။
သာယာနေသောခံစားချက်ကြောင့် တွေဝေမိန်းမောနေဆဲဖြစ်သော လင်းရှောင်က ဧကရာဇ်၏ ရုတ်တရက် လှုပ်ရှားမှုကို သတိမပြုမိလိုက်ပေ။
ဧကရာဇ်က အစပျိုးလိုက်သောကြောင့် ခါးအောက်ပိုင်းမှ ဆတ်ခနဲ နာကျင်သွားသောအခါမှသာ အသိစိတ်ဝင်သွားသော်လည်း နောက်ကျသွားပြီဖြစ်သည်။
ထိုညက ဧကရာဇ်က မည်သည့်အချိန်မှ ရပ်တန့်ခဲ့သည်ကို လင်းရှောင်မသိခဲ့သည့်မပြင် သူကိုယ်တိုင် မည်သည့်အချိန်ရောက်မှ အိပ်ပျော်သွားသည်ကိုလည်း မသိခဲ့ပေ။
သူသိသည့်တစ်ခုတည်းသောအရာက လည်ချောင်းများက စကားပြောမရအောင် နာနေခြင်းကိုပင်။ သနားညှာတာပေးရန် စကားလုံးများစွာသုံး၍ တောင်းပန်ခဲ့သော်လည်း ဧကရာဇ်က မရပ်တန့်ခဲ့ပေ။
မနက်ပိုင်းတွင် စူးစူးဝါးဝါးအော်သံတစ်ခုကြောင့် လင်းရှောင်နိုးလာခဲ့သည်။
ယောင်ချာချာဖြင့် မျက်လုံးများဖွင့်ပြီး ပတ်ဝန်းကျင်ကိုကြည့်လိုက်သည့်အခါမှ ဟုန်ယဲ့ကသူ့ကို အထိတ်တလန့်ဖြင့် စိုက်ကြည့်နေသည်ကို မြင်လိုက်ရသည်။
လင်းရှောင် မျက်ခုံးများတွန့်ချိုးပြီး သူမကြည့်နေသည့်နေရာကို ငုံ့ကြည့်လိုက်မိသည်။ သူမြင်လိုက်ရသည်မှာ နမ်းထားသည့် အမှတ်အသားများစွာဖြင့် ပြည့်နှက်နေသော အပေါ်ပိုင်းဗလာကျင်းနေသည့် ခန္ဓာကိုယ်ပင်ဖြစ်သည်။
ယမန်နေ့ညက အဖြစ်အပျက်က လင်းရှောင်၏စိတ်ထဲတွင် ရုတ်တရက် ပေါ်လာပြီး သူ၏မျက်နှာက အေးစက်တောင့်တင်းနေရာမှ အနီရောင်သို့ ပြောင်းသွားသည်။
သူ ကတိုက်ကရိုက်ဖြင့် ခန္ဓာကိုယ်ကို စောင်ဖြင့်လွှမ်းခြုံလိုက်ပြီး ဘေးဘယ်ညာကိုကြည့်လိုက်သည့်အခါ ဧကရာဇ်က သဲလွန်စတစ်ခုမှ မချန်ထားခဲ့ပဲ ထွက်သွားပြီးသည်ဖြစ်ကြောင်း သိလိုက်ရသည်။
သူ၏ခန္ဓာကိုယ်အောက်ပိုင်းကို သန့်ရှင်းပေးထားပြီး ထိုနေရာမှ နွေးထွေးစိုစွတ်နေသည့်အထိအတွေ့ကြောင့် ဆေးလိမ်းပေးထားကြောင်းပါ သိလိုက်ရသည်။
ဧကရာဇ်က ထိုနေရာကို ကိုယ်တိုင်ဆေးလိမ်းပေးခဲ့သည်ကို တွေးမိပြီး လင်းရှောင်၏မျက်နှာက ပေါက်ကွဲမတတ်နီရဲလာသည်။ ထိုအကြောင်းကို စိတ်ကူးကြည့်ရုံဖြင့် တစ်ကိုယ်လုံးပျော့ခွေမတတ်ဖြစ်သွားရသည်။
လင်းရှောင် အံကြိတ်လိုက်ပြီး မျက်မှောင်ကြုတ်၍ ဝိညာဉ်ကို ဝါးမျိုခံလိုက်ရသည့် ခံစားချက်ကို မျိုသိပ်ထားပြီး ချောင်းဟန့်လိုက်သည်။
" ဟုန်ယဲ့ ဘာလို့ တံခါးမခေါက်တာလဲ ..."
ဟုန်ယဲ့ စိတ်နှင့်လူနှင့်ကပ်သွားပြီး ခေါင်းငုံ့အရိုအသေပေးလိုက်သည်။ ထို့နောက် သူမ မှားသွားသည်ကိုသိပြီး ပြန်ဖြေလိုက်သည်။
" သခင်လေး ဟုန်ယဲ့ တံခါးခေါက်ပါတယ် ... အချိန်ကြာကြာ တံခါးခေါက်နေပေမယ့် သခင်လေးရဲ့ တုံ့ပြန်သံကို မကြားရလို့ပါ ... သခင်လေးမှာ တစ်ခုခုဖြစ်နေမှစိုးရိမ်လို့ ဒီတိုင်းဝင်လာပြီး ကြည့်မိတာပါ ..."
လင်းရှောင်ကြားသည့်အခါ ကောင်းကင်ကို မော့ကြည့်လ်ိုက်သည့်အခါ နေမြင့်နေပြီပင်ဖြစ်သည်။ ယမန်နေ့ညက အလွန်ပင်ပန်းသွားသဖြင့် သစ်တုံးတစ်တုံးကဲ့သို့ အိပ်လိုက်သည့်အတွက် တံခါးခေါက်သံကို မကြားမိခြင်းဖြစ်လိမ့်မည်။
ထိုအကြောင်းတွေ့မိသည့်အခါ လင်းရှောင် အလွန်ရှက်သွားပြီး ဆံပင်များဖြင့် ဆော့နေမိသည်။
ဟုန်ယဲ့ မြင်သည့်အခါ အံကြိတ်ထားပြီး မျက်လုံးထဲတွင် သံသယများဖြင့် ပြည့်လာလျက် မေးလိုက်သည်။
" သခင်လေးရဲ့ ခန္ဓာကိုယ်က ..."
လင်းရှောင်ကြားသည့်အခါ ခဏတာငြိမ်သက်သွားပြီး သူ့ကိုယ်သူ သုံးသပ်နေမိသည်။
ဒီလိုကိစ္စမျိုးကို မိန်းမပျိုလေးတစ်ယောက်ကို ပြောလို့ဖြစ်ပါ့မလား ...
သူက ရိုးရှင်းတဲ့မိန်းကလေးတစ်ယောက်မဟုတ်ရင်တောင်မှပေါ့ ...
ပြီးတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး သူမကို ပြောစရာအကြောင်းမရှိဘူးမလား ...
ထိုအတွေးများဖြင့် လင်းရှောင်က သခင်တစ်ယောက်ကဲ့သို့ ဘဝင်မြင့်သည့်ပုံဖမ်းလိုက်သည်။
" ငါ့မှာ မင်းကို ပြောပြဖို့ အကြောင်းပြချက်မရှိဘူးလို့ထင်တယ် ဟုတ်တယ်မလား ..."
ထိုစကားများကို ကြားသည့်အခါ သူမမှားမှန်းသိသွားသောကြောင့် ဟုန်ယဲ့မျက်နှာက ဖြူရော်သွားပြီး ခေါင်းငုံ့ထားလိုက်သည်။ သူမ လက်များကို ဂနာမငြိမ်စွာ ပွတ်နေလျက် ထိုင်းမှိုင်းစွာဖြင့် ပြောလိုက်သည်။
" ဟုန်ယဲ့က သခင်လေးကို စိတ်ပူလို့ပါ ..."
သူမ ခေါင်းငုံ့ထားပြီး ဝမ်းနည်းပက်လက်ပုံစံဖြစ်သွားသဖြင့် လင်းရှောင်က သူမကို အနိုင်ကျင့်မိသည်ဟု ခံစားမိပြီး စိတ်မကောင်းဖြစ်သွားသည်။
လင်းရှောင်ပါးစပ်ဟပြီး ဟုန်ယဲ့ကို အနည်းငယ်နှစ်သိမ့်လိုသော်လည်း မည်သည့်စကားမှ ထွက်မလာပေ။ ထို့ကြောင့် လည်ချောင်းရှင်းပြီး ခေါင်းစဉ်ပြောင်းပြောလိုက်သည်။
" ဘယ်အချိန်ရှိပြီလဲ ..."
" နေ့လယ်ခင်း ရောက်လုပါပြီ ..."
ဟုန်ယဲ့ ပြန်ဖြေလိုက်သည်။
" တော်တော်လေး နောက်ကျနေပြီပဲ ..."
လင်းရှောင် အံ့အားသင့်သွားသည်။
ဒီနေ့ ဖူယွီကျွင်းနဲ့ မနက်ပိုင်းလေ့ကျင့်ခန်းလုပ်ဖို့ ပြောထားသေးတယ်လေ ...
လင်းရှောင် အိပ်ခါမှထချင်သော်လည်း အဝတ်အစားတစ်ထည်မှ ကပ်မနေသည့်အပြင် ဟုန်ယဲ့က အပေါက်ဝတွင်ရှိနေသည်ကို သတိရသွားသည်။ ထို့ကြောင့် အလိုမကျစွာဖြင့် ပြန်ထိုင်ပြီးပြောလိုက်သည်။
" ဟုန်ယဲ့ မင်း အရင်သွားနှင့်လိုက်တော့ ..."
နောက်ဆုံးတွင် သူသတိပေးလိုက်သည်။
" ဟုန်ယဲ့ ဒါကငါ့ရဲ့ ကိုယ်ရေးကိုယ်တာပါ ... မသိလေကောင်းလေပဲ ... ငါပြောချင်တာကို သဘောပေါက်လား ..."
ဟုန်ယဲ့ ကြားသည့်အခါ အနည်းငယ် အံ့ဩသွားသည်။ ခဏတာတွေးပြီးသည့်နောက် ခေါင်းငုံ့၍ နူးညံ့သော အသံဖြင့်ပြောလိုက်သည်။
" ဟုန်ယဲ့ သဘောပေါက်ပါပြီ ... သခင်လေး အလိုအတိုင်းပါပဲ ... ဒါပေမဲ့ အမှတ်အသားတွေကိုတော့ ရှင်းလင်းရပါမယ် သခင်လေး မဟုတ်ရင် တစ်ယောက်ယောက်မြင်သွားနိုင်တယ် ... အထူးသဖြင့် ဒုတိယမင်းသားပေါ့ ..."
ဟုန်ယဲ့ နောက်ဆုတ်ပြီး ထွက်သွားသည်။ အဓိပ္ပါယ်တစ်မျိုးသက်ရောက်နေသော ဟုန်ယဲ့၏ နောက်ဆုံးစကားများကို လင်းရှောင်တွေးနေမိသည်။
သို့သော်လည်း လေးနက်သည့်သဘောမပါနိုင်ဟု တွေးလိုက်မိသည်။ သူ၏ခန္ဓာကိုယ်ပေါ်မှ အမှတ်အသားများကို မမြင်သင့်ဆုံးလူက ဖူယွီကျွင်းပင်ဖြစ်သည်။
မဟုတ်ရင် ဘာဖြစ်ခဲ့တာလဲလို့မေးလာရင် သူဘယ်လိုဖြေရမှာလဲ ...
မူဧကရာဇ်က မူတိုင်းပြည်နန်းတော်ကနေ ထွက်ပြေးလာပြီးတော့ ရှောင်တိုင်းပြည်ထဲရောက်လာပြီး သူနဲ့တစ်ညတာ လုံးထွေးနေခဲ့တယ်လို့ ပြောရမှာလား ...
ဖူယွီကျွင်းက သူ့စကားတွေကို ယုံမယုံဆိုတာ အသာထားလိုက်ဦး ... လင်းရှောင်က မင်းကြီးနဲ့တူတူအိပ်လိုက်မိပြန်ပြီ ... ရှောင်တိုင်းပြည်ကို တစ်ယောက်တည်းရောက်လာတဲ့ မင်းကြီးကို သူဘယ်လိုရင်ဆိုင်ရမလဲ ...
သူ့ခန္ဓာကိုယ်က အမှတ်အသားတွေက ကိုယ့်ဘာသာကိုက်ထားတယ်လို့ ပြောရင်လည်း မရဘူးလေ ... ဖူယွီကျွင်းက သူ့ကို အထင်လွဲပြီး သူနဲ့မင်းကြီးက ပေါင်းပြီးကြံစည်ထားတယ်လို့ထင်သွားရင် သူ့အသက်ကိုတောင် ခြိမ်းခြောက်လာနိုင်သေးတယ် ...
ဒီလိုဖြစ်နိုင်ချေက နည်းတယ်ဆိုပေမယ့် ဖြစ်ရင်လည်း ဖြစ်လာနိုင်တယ် ... မင်းကြီး ရှောင်တိုင်းပြည်ကို ရောက်နေတယ်ဆိုတာ ဖူယွီကျွင်းသိလို့မဖြစ်ဘူး ...
လင်းရှောင် သူ့ကိုယ်သူ ဆင်ခြေပေးပြီး ဧကရာဇ်၏ တည်နေရာကို ဖုံးကွယ်ထားရန် ကြိုးစားလိုက်သည်။
ဧကရာဇ် အန္တရာယ်နှင့် ကြုံတွေ့မည်ကိုလည်း သူ မလိုလားပေ။
စိတ်ရှုပ်ထွေးမှုတို့ကြောင့် လင်းရှောင်၏မျက်နှာက ရှုံ့မဲ့နေသည်။ သူ၏ ကိုက်ခဲနေသောခါးကို ကိုင်ပြီး အဝတ်အစားများဝတ်ဆင်ကာ ကတိုက်ကရိုက်ဖြင့် မျက်နှာသစ်ပြီး အရှေ့ဘက်ခြံဝင်းထဲသို့ ထွက်လာသည်။
ဖူယွီကျွင်းက သူတို့သိုင်းပညာလေ့ကျင့်နေကျနေရာတွင် ရှိမနေပေ။ လင်းရှောင် သူ့အခန်းကိုသွားကြည့်သည့်အခါ ထိုလူက အခန်းတွင်းမှ အိပ်ချင်မူးတူးဖြင့် ထွက်လာသည်။
လင်းရှောင်ကို မြင်သည့်အခါ ဖူယွီကျွင်း၏ အိပ်ချင်စိတ်များ အနည်းငယ်ကွယ်ပျောက်သွားပြီး သူ့ထံသို့ လျင်မြန်စွာလျှောက်လာပြီး တောင်းပန်တော့သည်။
" ငါ ဒီနေ့ အိပ်ရာထနောက်ကျပြီး ချိန်းထားတာမေ့သွားတယ် တောင်းပန်ပါတယ် ..."
လင်းရှောင်က ဖူယွီကျွင်းကို တအံ့တဩဖြင့်ကြည့်နေမိသည်။ ဖူယွီကျွင်းက စောစောအိပ်ရာထတတ်သည့် အကျင့်ရှိသည့်အတွက် ထိုမျှနောက်ကျအောင်အိပ်သည့်နေ့ ရှိလိမ့်မည်ဟု သူမထင်ခဲ့ပေ။
ပြီးတော့ မနေ့ညကဆိုတော့ ...
မင်းကြီးပဲ ကြံစည်ထားတာများလား ...
လင်းရှောင် အတွေးထဲနစ်မြုပ်နေစဉ်မှာပင် ဖူယွီကျွင်းက သူ၏ပုံစံကိုမြင်ပြီး ကူကယ်ရာမဲ့ဟန်ဖြင့် ခေါင်းခေါက်လိုက်သည်။
" မင်း ဘာတွေကိုများ အဲ့လောက်ထိ တွေးနေရတာလဲ ...."
" အာ့ ..."
လင်းရှောင် စိတ်နှင့်လူနှင့်ကပ်သွားပြီး စိတ်ကူပေါက်ရာ ပြန်ဖြေလိုက်သည်။
" ကျွန်တော်မျိုးတို့ ဒီနေ့ လေ့ကျင့်ဦးမှာလားလို့ တွေးနေမိတာပါ ..."
ဖူယွီကျွင်းက ကောင်းကင်ကိုကြည့်ပြီး ပြန်ဖြေလိုက်သည်။
" မရတော့လောက်ဘူးထင်တယ် ... ငါ ဒီနေ့ အစ်ကိုတော်ရဲ့ နန်းဆောင်ကိုသွားရမှာ ..."
အမ် ...
လင်းရှောင် ဖူယွီကျွင်းကို ကြောင်အစွာကြည့်နေမိသည်။
အစေခံငယ်လေး၏မျက်နှာက အပူရှိန်ကြောင့် ပန်းနုရောင်သန်းနေသည်။ အရည်လဲ့နေသောမျက်လုံးများနှင့် ဇင်ယော်တောင်မျက်ခုံးများက သူ့နေရာနှင့်သူ အချိုးကျစွာ တင့်တယ်နေသည်။ ထိုသို့ကြောင်အအမျက်လုံးများနှင့် သူ့ကိုစူးစမ်းစွာကြည့်ပြီး ဖမ်းစားနေသကဲ့သို့ပင်။ ထိုသို့ဖြူစင်မှုကို သူ၏အလှတရားနှင့် ပေါင်းစပ်လိုက်ပါက လူတစ်ယောက်ကိုပင် ပြစ်မှုကျူးလွန်မိစေနိုင်သည်။
ဖူယွီကျွင်း၏နှလုံးသား၏ အကြောင်းအရင်းမရှိပဲ တဒိတ်ဒိတ်ခုန်လာပြီး သူ၏ခန္ဓာကိုယ်တွင် အပူလှိုင်းတစ်ခု ဖြတ်သန်းသွားသကဲ့သို့ပင်။
ဒီနေ့ အစေခံငယ်လေးက သူ့ကို ရင်ခုန်အောင်လုပ်နေတာပဲ ...
သူစိတ်မသက်မသာဖြစ်၍ အကြည့်လွှဲလိုက်ပြီး ချောင်းဟန့်လိုက်သည်။
" ငါဒီနေ့ အအိပ်လွန်သွားပေမယ့် မိုရွှီထွက်လာအောင်လုပ်ဖို့ နည်းလမ်းတစ်ခု စဉ်းစားလို့ရသွားပြီ ..."
လင်းရှောင် မျက်ခုံးပင့်လိုက်သည်။
ဖူယွီကျွင်း ခေါင်းငြိမ့်ပြလိုက်သည်။
" အဲ့ဒီလျှို့ဝှက်ချက်ရဲ့အဖြေကိုလည်း ရလိမ့်မယ် ..."
ယခု သူ့ထံတွင် အစေခံငယ်လေးရှိနေ၍ ထိုအကမယ်လေးကို စိတ်ထဲကပ်တွယ်မနေတော့ပေ။
ဒါပေမဲ့ မူတိုင်းပြည်ဧကရာဇ်က သူမကိုဖွက်ထားရတဲ့အထိဆိုတော့ ဘယ်လိုလူမျိုးဖြစ်မယ်ဆိုတာတော့ သိချင်လို့ ရှာကြည်ရဦးမယ် ...
ထိုအစေခံငယ်လေးပေါ်လာသည့်အချိန်မှစ၍ သူ၏တွေ့ချင်စိတ်က ပျောက်ကွယ်သွားလုနီးဖြစ်သော်လည်း သိချင်စိတ်က ရှိနေဆဲပင်ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ ဖူယွီကျွင်းက ထိုအကမယ်လေးကို မျက်လုံးနှစ်လုံးဖြင့် တပ်အပ်မြင်ရမှဖြစ်လိမ့်မည်။
ဖူယွီကျွင်း၏ ဆုံးဖြတ်ချက်ကိုကြားသည့်အခါ လင်းရှောင်၏တစ်ကိုယ်လုံး အေးစက်တောင့်တင်းသွားသည်။
ဘာလို့ ဖူယွီကျွင်းက ဒီကိစ္စကို အဲ့လောက်သိချင်နေတာလဲ ...
ဘာကများ ထူးခြားနေလို့လဲ ...
အဲ့ဒီအကမယ်လေးက လင်းရှောင်ဆိုတဲ့ ယောက်ျားလေးတစ်ယောက်မှန်းသာသိရင် ဖူယွီကျွင်း သေချင်စိတ်ပေါက်သွားမှာ အသေအချာပဲ ...
လင်းရှောင် မျက်ဆံလှန်လိုက်ပြီး ဖူယွီကျွင်းစအတွေးများဖြင့် မရစ်ပတ်လိုတော့ပေ။ မိုရွှီကို လူလုံးပြလာအောင်လုပ်ရမည့်ကိစ္စကိုသာ အပြည့်အဝ အာရုံစိုက်ထားသည်။
ထိုသို့အတွေးဖြင့် လင်းရှောင်မေးလိုက်သည်။
" အရှင့်သားရဲ့အစ်ကိုတော်က မိုရွှီကိုလက်လွှတ်ဖို့ ဘယ်လိုအကြံမျိုး စဉ်းထားထားတာပါလဲ ..."
ဖူယွီကျွင်းဖြေလိုက်သည်။
" အစ်ကိုတော်အကြောက်ဆုံးကတော့ သူ့အသက်ဆုံးရှုံးရမှာကိုပဲ ... မိုရွှီက ခုချိန်မှာ တော်တော်လေးပြင်းတဲ့အဆိပ်ကို သောက်ထားမိတယ်လေ ... အဲ့အဆိပ်က ကူးစက်တတ်တယ်ဆိုတာ သိလို့ကတော့ သူမကို သူကိုယ်တိုင်မောင်းထုတ်လိုက်မှာပဲ ..."
လင်းရှောင် ရုတ်တရက် သဘောပေါက်သွားပြီး ပြုံးလိုက်သည်။
" ဒါဆိုရင် အိမ်ရှေ့စံမင်းသားရဲ့နန်းဆောင်ကိုစောင့် ကြည့်ဖို့ လူတစ်ယောက်လွှတ်ထားရင် မိုရွှီ့ကိုရှာတွေ့နိုင်ပြီပေါ့ ..."
ဖူယွီကျွင်း ပြုံးပြီး ခေါင်းငြိမ့်ပြလိုက်သည်။
လင်းရှောင်မျက်ခုံးပင့်လိုက်သည်။
" ဒါပေမဲ့ သူမတကယ်သေပြီဆိုရင်ရော ... အဲ့အဆိပ်က တော်တော်ပြင်းတယ်လို့ အရှင့်သားပဲ ပြောတယ်လေ ..."
ထိုစကားကိုကြားသည့်အခါ ဖူယွီကျွင်း၏ပုံစံက လိမ်ညာလှည့်ဖျားသည့်ပုံစံဖြစ်သွားသည်။ ထို့နောက် သက်ပြင်းချလိုက်သည်။
" သူမသေသွားပြီဆိုရင်လည်း မင်းရဲ့ဆန္ဒပြည့်သွားတာပေါ့ ...မင်းကိုယ်တိုင် အောင်အောင်မြင်မြင်နဲ့ လက်စားချေလိုက်တာပဲလေ ..."
လင်းရှောင်၏ နှုတ်ခမ်းကရှုံ့မဲ့သွားပြီး သူ့ကိုဖြတ်ပြောတော့မည်ကို ဖူယွီကျွင်းမြင်လိုက်သည်။ သူပြောလိုက်သည့်စကားက လင်းရှောင်ကြားချင်သည့်စကားမဟုတ်၍ သူပြုံးရုံသာပြုံးလိုက်သည်။
" တကယ်လို့ ငါ့ကိုမေးတာဆိုရင်တော့စိတ်ပူဖို့ မလိုပါဘူး ... မိုရွှီတကယ်သေသွားရင် အဲ့အကမယ်လေးနဲ့ ဘာမှမဆိုင်ဘူးဆိုတဲ့သဘောပဲ ငါအတင်းအကျပ်မမေးမြန်းတော့ပါဘူး ..."
လင်းရှောင် အံ့ဩသွားသည်။
ဖူယွီကျွင်းက ဒီလိုအေးအေးပဲပြောလိုက်တယ်ပေါ့ ...
ဤလူကို လင်းရှောင် အမှန်တကယ်ပင် နားမလည်နိုင်တော့ပေ။
အစေခံငယ်လေးက အံ့ဩသည့်မျက်နှာဖြစ်သွားပြီးနောက် ခဏအကြာ သင်္ကာမကင်းဖြစ်သွားသည်။ နောက်ဆုံးတွင် သက်ပြင်းချလိုက်သည်။ ၎င်းက အလွန်သိသာနေသဖြင့် ဖူယွီကျွင်း၏ရင်ထဲတွင် သူ့ကိုကြည့်လျက် ပျော်ရွှင်နေမိသည်။ သူကညင်သာစွာကြည့်ပြီး ပြုံးလိုက်သည်။
" နောက်ဆုံးတော့ငါ့မှာ အဲ့အကမယ်လေးပြီးရင် ရင်ခုန်အောင်လုပ်နိုင်တဲ့ ကောင်လေးတစ်ယောက် ရှိနေပြီလေ ..."
လင်းရှောင်အံ့အားသင့်စွာဖြင့် ခေါင်းမော့လိုက်သည်။ သို့သော် ဖူယွီကျွင်းက တံခါးနားသို့ပင် ရောက်နေပြီဖြစ်သည်။
" အိမ်တော်ထဲမှာ နေ့လယ်စာစားနှင့်လိုက်တော့ ငါ့ကိုမစောင့်နဲ့ ..."
“……” သူ ဒီလိုကြီးပဲ ထွက်သွားတော့မယ်ပေါ့ ...
ပြောသွားတဲ့ကိစ္စက အဲ့လို အသေးအဖွဲလေးပဲ မဟုတ်ဘူးလေ ...