အခန်း ၂၄၆ “ဒီဟင်းပွဲက ဆိုးဝါးလွန်းတယ်…”
မြေရိုင်းလွင်ပြင်ဒေသ၏ အလယ်ဗဟိုတွင် အဆောက်အဦး များစွာ ရှိသော မြို့ကြီး တစ်မြို့ ရှိသည်။ ထိုမြို့၏ ပတ်ပတ်လည်တွင် မြို့ကို ကာကွယ်ရန် ထူထဲလှသော တံတိုင်းများကို တည်ဆောက်ထားပြီး မြို့ထဲတွင် အိမ်များက အတန်းလိုက် စီစီရီရီ ဆောင်လုပ်ထားလေသည်။ မြို့၏ အလယ်တွင် သတ္တုစပ်တစ်မျိုနှင့် ဆောက်လုပ်ထားသောအနက်ရောင် မျှော်စင်တစ်ခု ရှိပြီး မျှော်စင်၏ အထပ်တိုင်းက မယုံနိုင်စရာ ကောင်းလှပေသည်။
ရှန့်မုက မျှော်စင်ရှေ့တွင် မတ်တပ်ရပ်နေလေသည်။ မျှော်စင်၏ ပဉ္စမထပ် အမြင့်တစ်နေရာတွင် ထိုင်နေသော အကြီးအကဲ နှစ်ယောက်က သူ့ကို သေချာစွာ စစ်ဆေးလိုက်ပြီး မျှော်စင်ထဲသို့ ၀င်ခွင့်ပြုလိုက်သည်။ ရှန့်မုက ထိုနှစ်ယောက်ကို ကျေးဇူးတင်စကားပြော၍ မျှော်စင်ထဲသို့ ၀င်လာလိုက်ပြီး အပေါ်ဆုံးထပ်သို့ မရပ်မနား တက်လာလေသည်။ ထိုနေရာတွင် အခန်းတစ်ခန်းသာ ရှိနေလေသည်။
ရှန့်မုက အသံတစ်ခု ပြုလိုက်သောအခါ တင်းတင်းစေ့ပိတ်ထားသော အခန်းတံခါးက ကျယ်လောင်သော အသံတစ်ခုနှင့်အတူ တဖြည်းဖြည်း ပွင့်လာလေသည်။ သူက အခန်းထဲသို့ တလေးတစား အမူအယာနှင့် ၀င်လာပြီး အနက်ရောင် နေရာလွတ်ကို ကြည့်လိုက်သည်။
“အကြီးအကဲ ရှာယု…. ရန့်မုက အကြီးအကဲဆီက ခွင့်လွှတ်မှုကို တောင်းခံပါတယ်…”
ရှန့်မုက ခေါင်းငုံ့၍ နက်မှောင်နေသော အခန်းထဲသို့ ၀င်လာစဉ်ကအတိုင်း တရိုတသေ အမူအယာနှင့် ပြောလိုက်သည်။
ရွီး…
အမှောင်ထုထဲမှ လေတိုးသံတစ်ချက် ကြားလိုက်ရပြီးနောက် သန်မာလှသော ပုံရိပ်တစ်ခုက တဖြည်းဖြည်း လျောက်ထွက်လာလေသည်။ ထိုသူက အကြီးအကဲ ရှားတထက်ပင် ပို၍ သန်မာပုံရပြီး သူ့ဆီမှ ဖိအားကို ခံစားနေရလေသည်။
“ဘုရားကျောင်းမာစတာ ရှန်း… မင်းက ဘယ်လိုဖြစ်လို့ ဒီကို ရောက်လာတာလဲ…” ရှားယု၏ ခန္ဒာကိုယ်က ကြောက်စရာကောင်းသော သားရဲတစ်ကောင်ကဲ့သို့ ကြီးမားလှသော်လည်း သူ၏ခြေလှမ်းများက လေပေါ်တွင် မျောလွင့်နေသကဲ့သို့ ငြင်သာလှသည်။
“အကြီး အကြီးအကဲ ရှားတ သေပြီ…” ရှန့်မုက ၀မ်းနည်းပူဆွေးဟန်နှင့် ပြောလိုက်သည်။
အကြီးအကဲ ရှားယု၏ ခန္ဒာကိုယ်မှ သားရဲတစ်ကောင်၏ အရှိန်အဝါများ ထွက်ပေါ်လာပြီး ရှန့်မုကို ဒေါသတကြီး ပြန်ပြောလိုက်သည်။
“မင်းအခု ဘာပြောလိုက်တာလဲ… ငါ့ရဲ့ညီ… ရှန့်မုက သေပြီဟုတ်လား…. သူက စစ်နတ်ဘုရားတစ်ပါးလေ… ဘယ်လိုဖြစ်လို့ လွယ်လွယ်သေနိုင်မှာလဲ… ပြီးတော့ သူ့ကို မြွေခွေးအိုကြီး တစ်ချို့ကို သွားမပတ်သတ်ဖို့ ပြောထားပြီးသား…”
ရှန့်မုက တုန်လှုပ်သွားပြီး သူ၏နောက်ကျောမှ ချွေးစီးများ စီးကျလာလေသည်။ အကြီးအကဲရှားယုက မြေရိုင်းလွင်ပြင်ဒေသ ဘုရားကျောင်သုံးခု၏ အကြီးအကဲ ခေါင်းဆောင်းတစ်ယောက်ဖြစ်ပြီး လွန်ခဲ့သော နှစ်ပေါင်းများစွာကပင် စစ်နတ်ဘုရားအဆင့်သို့ အောင်မြင်စွာ တတ်လှမ်းန်ိုင်ခဲ့ကာ အဆင့်မြင်ပုဂ္ဂိုလ်တစ်ယောက် ဖြစ်သည်။ ယခုအချိန်တွင် သူ၏ လက်ရှိအဆင့်ကို မည်သူမျှ မသိကြပေ။
ရှန့်မုက ကြောက်ရွံ့ထိတ်လန့်စွာနှင့် လေအလင်းအင်ပါယာတွင် ဖြစ်ပျက်ခဲ့သည်များကို ပြန်လည်ပြောပြလိုက်ပြီး ဒေါသထွက်နေသော အကြီးအကဲ ရှားယုကို ကြည့်၍ ပါးစပ် ပိတ်ထားလိုက်သည်။
သူ့ရှေ့မှ လူသန်ကြီး ထုတ်လွှတ်နေသော ကြောက်စရာကောင်းသည့် အငွေ့အသက်များက လေထဲတွင် ပျံ့လွင့်နေသောကြောင့် သူက ထိတ်လန့်နေရခြင်း ဖြစ်သည်။ ထိုအငွေ့အသက်များက လေထုပင် အေးခဲသွားသည်ဟု ထင်မိလေသည်။
“သူက ငါ့ညီကို သတ်ရဲတယ် ဆိုမှတော့… အဆင့်မြင့် ပုဂ္ဂိုလ်ကြီး ဖြစ်နေရင်တောင် တန်ရာတန်ကြေးကို ပေးဆပ်စေရမယ်…”
ရှားယုက အံကြိတ်၍ ပြောလိုက်ပြီး သူ၏ မျက်၀န်းထဲတွင် သတ်ဖြတ်ခြင်း အငွေ့အသက်များ ပြည့်နှက်လာလေသည်။ ထို့နောက် ရှန့်မုဘက်သို့ လှည့်ကြည့်လိုက်ပြီး အေးစက်စက် အော်ပြောလိုက်သည်။
“ထွက်သွား….”
ရှန့်မုက ဖြူဖျော့သွားပြီး သူ၏ ရှေ့မှ ကြောက်စရာကောင်းလှသော လူသန်ကြီးကို တစ်ချက်ကြည့်၍ ထွက်သွားလေသည်။ မျှော်စင်မှ ထွက်လာသည့်အချိန်တွင် သူ၏ မျက်နှာအမူအယာက အမှောင်ထုကဲ့သို့ မဲမှောင်နေသော်လည်း နောက်ဆုံးတွင် ရယ်မောလိုက်လေသည်။ သူ အတောမသတ်နိုင်အောင် ခွက်ထိုးခွက်လန် ရယ်မောနေမှုကြောင့် ပတ်၀န်းကျင်မှလေထုပင် တုန်ခါနေလေသည်။
……
အမျိုးသားများ၏ နိဗ္ဗာန်ဘုံဟု ခေါ်ဆိုကြသော နေရာတစ်ခုသို့ ၀င်ရောက်လာမိမှန်း ပုဖန်က သတိပြုမိလိုက်လေသည်။ တရုတ်ပြည် ကျင်းနန်မြို့ကိုလည်း အပျော်အပါး လိုက်စားသူတို့နေ၏ နေရာဟု ခေါ်ဆိုကြသည်။ တောင်ပိုင်းမြို့တော်တွင် တူညီသည့် နေရာတစ်ခု ရှိနေမည်ဟု ပုဖန်က မမျှော်လင့်ထားခဲ့ချေ။ တောင်ပိုင်းမြို့တော်ကို လေအလင်းအင်ပါယာ၏ တောင်ဘက်နယ်နမိတ်ဟု သတ်မှတ်ထားသောကြောင့် နေရာဒေသချင်း မတူညီသော်လည်း နည်းလမ်းများက အတူတူပင် ဖြစ်နိုင်လေသည်။
သို့သော်လည်း အင်ပါယာမြို့တော်တွင် ထိုကဲ့သို့သော ဆောင်ကြာမြိုင်များက လျှို့ဝှက်တည်ရှိကြပြီး အပျော်အပါး လိုက်စားသူများသာ နေရာကို သိနိုင်ကြလေသည်။ ကမ္ဘာမြေပေါ်တွင် ပုဖန် နေထိုင်ခဲ့စဉ်က အလုပ်တာ၀န် များပြားလှသော စားဖိုမှုး လူငယ်လေးတစ်ယောက်သာ ဖြစ်ခဲ့သောကြောင့် ထိုအပျော်အပါး ကိစ္စများကို ပြုလုပ်ရန် အချိန်မရှိခဲ့ပေ။
ယခုအခါ နန်တော်တစ်ခုနှင့်ပင် နှိုင်းယှဉ်နိုင်လောက်အောင် လှပစွာ ပြုပြင်ထားသော ဆောင်ကြာမြိုင်တစ်ခုအတွင်းသို့ ရောက်ရှိနေပြီဖြစ်သည်။ တောင်ပိုင်းမြို့တော်ကို လေအလင်းအင်ပါယာ၏ အချမ်းသာဆုံး မြို့တော်အဖြစ် သတ်မှတ်ထားခြင်းက အံ့သြဖွယ်ရာ မဟုတ်တော့ချေ။ ဤနေရာတွင် ချမ်းသာကြွယ်၀သူများက အလွန်ပင် ပေါများလှပေသည်။
ပုဖန်က စိတ်အနှောက်အယှက် ဖြစ်နေသော်လည်း သူ၏ အမူအယာက ပြောင်းလဲသွားခြင်း မရှိပေ.
“ဒီနေရာက အပျော်အပါး လိုက်စားတဲ့ သူတွေရဲ့ နေရာပေါ့… ဟမ့် အသံကြားတာနဲ့တင် ရွံစရာကောင်းနေပြီ… ဒါပေမယ့် ဒီမှာ ဘယ်လိုအစားအစာတွေ ရနိုင်လဲ… ကောင်းမွန်တဲ့ ဒေသအစားအစာတွေ ရှိနေနိုင်လား…”
သူ့ကို ဆွဲခေါ်လာခဲ့သော အန်တီလျိုက ပုဖန်၏ အတွေများကို သိနေသည့်အလား လှမ်းပြောလိုက်သည်။
“မင်းလို အရွယ်ရောက်ပြီးသား လူငယ်လေးတစ်ယောက်အတွက် ဒီ နွေဦးမွှေးရနံ့ ဆောင်ကြာမြိုင်ကို လာတာက အရသာရှိတဲ့ အစားအသောက်တွေ အတွက်ပဲလား… တခြားဆန္ဒတွေရော မရှိဘူးလား…”
ပုဖန်၏ စိတ်ထဲတွင် အချိန်အနည်ငယ်မှ ဗျောင်းဆန်သွားသော်လည်း တခဏတွင်း ပြန်လည်တည်ငြိမ်သွားလေသည်။ ထို့နောက် အန်တီလျိုက သူ့ကို အခန်းတစ်ခုထဲသို့ ခေါ်ဆောင်သွားလေသည်။ ခုံတွင် ၀င်ထိုင်လိုက်ပြီးနောက် အန်တီလျိုက ပြုံးလိုက်ပြီး လက်ဝှေ့ရမ်းလိုက်ရာ ချောမောလှပသော မိန်းကလေးနှစ်ယောက် ရောက်လာလေသည်။
“ဒီသခင်လေးကို ဧည့်ခံပေးကြ… သူက ငါတို့ရဲ့ အထူးဧည့်သည်ဖြစ်တဲ့အတွက် သူ့ကို ပိုပြီးတော့ ဧည့်၀တ်ကျေရမယ်.. ကြားလား…”
“စိတ်မပူပါနဲ့ အန်တီလျို … သခင်လေးက ချောမောခန့်ညားတော့ ဒီအစေခံက သူ့အပေါ် တိမ်းညွှတ်နေပြီးသားပါ…”
အန်တီလျိုက လက်ကိုင်ပဝါဖြင့် သူ၏ မျက်နှာကို ကာ၍ ပြုံးလိုက်လေသည်။
“လူငယ်လေးတွေ ကိုယ့်အတိုင်းအတာလဲ ကိုယ်သိပြီး ထိန်းချုပ်ထားကြဦး… ကဲ ဒီလိုဆိုရင် အန်တီလျိုအရင်သွားတော့မယ်…”
“ချွန်းဟွာနဲ့ ချိုးယူး.. အခု ဒီသခင်လေးက မင်းတို့ တာ၀န်ပဲနော်…”
အန်တီလျိုက ဤအလုပ်ကို နှစ်ပေါင်းများစွာ လုပ်ခဲ့သောကြောင့် လူတစ်ယောက်၏ သွင်ပြင်နှင့် အ၀တ်အစားများကို ကြည့်ရုံနှင့် သူတို့၏ ချမ်းသာမှုကို ခွဲခြားနိုင်လေသည်။ ပုဖန်က အ၀တ်အစားများကို သပ်သပ်ရပ်ရပ် ၀တ်ဆင်ထားပြီး မျက်နှာသွင်ပြင်က ကြည်လင်နေလေသည်။ အ၀တ်အစားများကို တန်ဖိုးကြီး ကုန်ကြမ်းများနှင့် ပြုလုပ်ထားကြောင်း သေချာပေသည်။ သူမ၏ အကဲဖြတ်ချက်အရ ပုဖန်၏ ၀တ်ဆုံကို မြို့တော်၏ ပိုးအိမ်တော်မှ ချုပ်လုပ်ထားခြင်း ဖြစ်နိုင်ပေသည်။ ထိုပိုးအိမ်တော်မှ အ၀တ်အစားများက သာမာန်လူများ မတတ်နိုင်လောက်အောင် စျေးကြီးလှပေသည်။
ထိုအချက်အလက်များအရ ပုဖန်က မြို့တော်မှ လာ၍ ပျော်စရာ လာရှာသော လူချမ်းသာတစ်ယောက် ဖြစ်နိုင်ပေသည်။ ထိုကဲ့သို့ ထင်မြင်ချက်မျိုးသာ မရှိပါက ပုဖန်၏ ရုပ်ရည်က မည်မျှပင် ဆွဲဆောင်မှု ရှိနေပါစေ သူမအနေနှင့် ဆွဲခေါ်လာမည်မဟုတ်ပေ။
အခန်းထဲတွင် တိတ်ဆိတ်နေသော ကြောင့် ပုဖန်က အနည်းငယ် စိတ်သက်သာရာ ရသွားလေသည်။ သူက ယခုမှ အသက်၀၀ ရှူနိုင်လေသည်။
“သခင်လေး…. နင့်ရဲ့ အကြိုက်က ထူးခြားတယ်လို့ အန်တီလျိုပြောတာ ငါကြားထားတယ်…”
ချွန်းဟွာက အလွန်ငယ်ရွယ်သော မိန်းကလေး တစ်ယောက် ဖြစ်ပြီး သူမ၏ အသားအရည်က ကြည်လင်၀င်းမွတ်နေကာ ချစ်စရာကောင်းသော ပါပီလေးတစ်ကောင်၏ မျက်လုံးမျိုးနှင့် ပုဖန်ကို ကြည့်နေလေသည်။ ထိုသခင်လေးက အန်တီယုပြောသကဲ့သို့ ချောမောမနေပါက သူမအနေနှင့် စ၍ လှုပ်ရှားတော့မည် မဟုတ်ပေ။
“ငါတို့ ညီအမနှစ်ယောက်က ဒီနေရာမှာ လူကြိုက်အများဆုံး မဟုတ်ပေမယ့် ငါတို့ရဲ့ အလှအပက သူတို့အောက် မကျပါဘူး… အဲဒီအပြင်…”
ချိုးယူးက ပြောနေရာမှ ရပ်လိုက်ပြီး ပုဖန်အနီးသို့ တိုးကပ်လိုက်ကာ ပုဖန်၏ ပုခုံးပေါ်တွင် သူမ၏ လက်သွယ်သွယ်လေးကို တင်လိုက်သည်။ ထို့နောက် လေသံတိုးတိုးနှင့် ဆက်ပြောလိုက်သည်။
“ငါတို့ ညီအမမှာ ကောင်းမွန်တဲ့ အရသာတွေ အကုန်လုံးရှိတယ်.. မင်းအနေနဲပ ဘယ်လို အရသာပဲ လိုချင်လိုချင် ငါတို့ ပေးနိုင်တယ်….”
ချိုးယူးဆီမှ ထွက်လာသော ပေါင်ဒါနံ့များက သူ့ကို နှာချေအောင် ပြုလုပ်နေသောကြောင့် ပုဖန်က မျက်မှောင်ကြုံ့လိုက်ပြီး နှာခေါင်းကို ပွတ်၍ ကာထားလိုက်သည်။ ထို့နောက် လှပသောအခန်းကို အနည်းငယ် ဝေ့ကြည့်လိုက်ပြီး ရေနွေးပူပူတစ်ခွင် ငှဲ့လိုက်သည်။ မွှေးပျံ့သော ရေနွေးငွေ့များက အခန်းထဲတွင် ဝေ့၀ဲ ထွက်ပေါ်လာလေသည်။
အနည်းငယ် ခါးသက်သော ရေနွေး၏ အရသာက ပုဖန်၏စိတ်ကို ကြည်လင်သွားစေပြီး မျက်လုံးများ တောက်ပလာလေသည်။
“အင်း…. ဒီရေနွေးရဲ့ အရသာကမဆိုးဘူး…”
ချွန်းဟွာနှင့် ချိုးယူးတို့က မှင်သက်သွားကြလေသည်။ သူတို့က ဖြစ်ပျက်နေသော အခြေအနေများကို နားမလည်ကြချေ။
“ငါဗိုက်ဆာနေပြီ… မင်းတို့့ဆီမှာ စားကောင်းတာ တစ်ခုခုရှိလား…” ပုဖန်က ချိုးယူးကို ကြည့်၍ မေးလိုက်သည်။
ပုဖန်က လှပသော မိန်းမချောများကို မြင်ဖူးပေသည်။ ချိုးယူးနှင့် ချွန်းဟွာတို့က လှပကြသော်လည်း ရှောင်ယန်ယုနှင့် နီယန်တို့နှင့် ယှဉ်လိုက်ပါက…
“အာ… သခင်လေးက ဗိုက်ဆာနေတာလား… ဒီအစေခံက စားစရာတချို့ သွားပြင်လိုက်ပါ့မယ်…” ချွန်းဟွာက ကြောင်အနေရာမှ သတိ၀င်လာပြီး ခပ်တိုးတိုး ရယ်မောလိုက်ကာ အခန်းထဲမှ ထွက်ခွာသွားလေသည်။
“ဟေ့.. ဟင်းပွဲတွေကို တစ်ပွဲဆီ ယူလာဖို့ မမေ့ပါနဲ့… အထူးသဖြင့် တောင်ပိုင်းဒေသရဲ့ ဒေသထွက်စားစရာတွေ ဖြစ်ရမယ်…” ပုဖန်က ခန္ဒာကိုယ်ကို လှုကပ်ရမ်း၍ ထွက်ခွာသွားသော ချွန်းဟွာကို လှမ်းပြောလိုက်သည်။
အခန်းအပြင်သို့ ထွက်သွားသော ချွန်းဟွာက ကြက်သေသေသွားလေသည်။
“သခင်လေး… နင်က တော်တော်ရယ်စရာကောင်းတာပဲ…”
နွေဦးမွှေးရနံ့ ဆောင်ကြာမြိုင်ကို လာသော လူတစ်ယောက်က ဒေသထွက် စားစရာများအကြောင်း မေးမြန်းသည်ကို ယခုအချိန်မှသာ တွေ့ကြုံဖူးခြင်း ဖြစ်သည်။
“ဒီနေရာကို စားသောက်ဆိုင်လို့များ ထင်နေတာလား…”
“အင်း… ဒီနေရာရဲ့ ပတ်၀န်းကျင်က တော်တော်လေး နေလို့ကောင်းတယ်.. ပေါင်ဒါမှုန့်တွေသာ မရှိရင် ပိုပြီး နေလို့ ကောင်းသွားမယ်.. ပြီးတော့ အဲဒီပန်းရောင်တွေရော…” ပုဖန်က တွေးလိုက်မိသည်။
ချိုးယူးက ရေနွေးသောက်နေသော ပုဖန်ကို ကြည့်လိုက်ပြီး အနားသို့ လျောက်သွားလိုက်သည်။ ထို့နောက် သူမ သွယ်လျှသော လက်ချောင်းလေးများနှင့် ပုဖန်၏ ပုခုံးကို နှိပ်နယ်ပေးလိုက်သည်။
“သခင်လေး.. မင်းဘယ်လို အပြုအစုမျိုးကို ကြိုက်တယ်ဆိုတာ ငါတို့ကို မပြောရသေးဘူးနော်… ဒေါ်လေး လျိုက မင်းကို ကောင်းကောင်းပြုစုဖို့ ငါတို့ကို မှာသွားတယ်…”
ပုဖန်က သူ၏ ပုခုံးကို နှိပ်လိုက်သည်နှင့် တစ်စုံတစ်ခု ထူးဆန်းနေသည်ဟု ခံစားလိုက်ရပြီး သူ၏ မျက်နှာပေါ်တွင် စိတ်ရှုပ်ထွေးမှုများ ပြည့်နှက်သွားလေသည်။ ထို့နောက် သူက ချောင်းခြောက်တစ်ချက် ဆိုးလိုက်ပြီး ပြောလိုက်သည်။
“ဟေ့ နှိပ်နေတာကို ရပ်လိုက်စမ်း…. မင်းလက်ကို ဖယ်လိုက်… ပြီးရင် တံခါးဖွင့်ပြီးတော့ အပြင်မှာရပ်နေတဲ့ ငါ့ရဲ့ ရုပ်သေးရုပ်ကို အထဲကို ခေါ်လာပေး…”
“စက်ရုပ်တစ်ရုပ်…” ချိုးယူးက အံ့အားသင့်သွားသည်။
ထို့နောက် သူမက တံခါးသွားဖွင့်လိုက်ရာ တံခါး၀အနီးတွင် ရပ်နေသော မျက်လုံးနီနီများနှင့် သံစက်ရုပ်တစ်ရုပ်ကို တွေ့လိုက်ရသောကြောင့် ထခုန်မိမတက် လန့်ဖြန့်သွားလေသည်။
“အဲဒါပဲ… သူ့ကိုအထဲခေါ်လာလိုက်…. ပြီးရင် ငါ့ရဲ့ ဟင်းပွဲတွေ လာချပေး…” ပုဖန်က တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။
ချိုးယူးက ဝှိုက်တီကို အခန်းထဲသို့ ခေါ်လာလိုက်ပြီးနောက် အခန်းထဲရှိ ညှို့ဓာတ်အပြည့် ရှိနေသော လေထုက လျော့ကျသွားလေသည်။ ချိုးယုက ထိုအပြောင်းအလဲကို တွေ့မြင်လိုက်ရလေသည်။
“ဒီလူတွေက တကယ်ပဲ ဆောင်ကြာမြိုင်ကို လာလည်တာ ဟုတ်ရဲ့လား… ဘယ်လို ဖြစ်လို့ အခြေအနေတွေက စိတ်ပျက်စရာ ကောင်းနေရတာလဲ…” ချိုးယူးက တိတ်တဆိတ် တွေးနေလေသည်။
အချိန်ခဏအကြာတွင် အစေခံမိန်းကလေး အချို့နှင့်အတူ ချွန်းဟွာက အခန်းထဲသို့ ၀င်လာလေသည်။ ထိုအစေခံ မိန်းကလေးများက ငယ်ရွယ်ကြပြီး သူတို့၏ အကြည့်များက အပစ်ကင်းစင်ကြလေသည်။ သူတို့တစ်ယောက်ချင်းစီက မွှေးကြိုင်သင်းပျံ့နေသော ဟင်းပွဲတစ်ပွဲစီ သယ်ဆောင်လာလေသည်။
ပုဖန်က ဟင်းပွဲများကို ကြည့်လိုက်ပြီး အသက်တစ်ချက် ရှူရှိုက်လိုက်သည်။ ထိုဟင်းပွဲများက သူ့ကို ပို၍ စိတ်သက်သာရာ ရစေလေသည်။
“သခင်လေး… ဒီဟင်းပွဲတွေက တောင်ပိုင်းမြို့တော်ရဲ့ အကျော်ကြားဆုံး ဟင်းပွဲတွေပါပဲ.. ဒါက ကြာပန်းစွပ်ပြုတ်.. သူ့ရဲ့ အရသာက တော်တော်လေး ကောင်းတယ်… ဒါကတော့ ငါးချိုပေါင်း… ဒီတစ်ခုကတော့ အတိတ်အောင့်မေ့ခြင်း ကြာစွယ်…”
ချွန်းဟွာက ဟင်းပွဲများကို တစ်ခုပြီးတစ်ခု ညွှန်ပြ၍ ဟင်းပွဲအမည်များကို ပြောပြလိုက်သည်။
ပုဖန်က တူတစ်စုံကို ကောက်ယူလိုက်ပြီး အတိတ်အောင့်မေ့ခြင်း ကြာစွယ်ကို တစ်ဖက်ညှပ်ယူ၍ ပါးစပ်ထဲ ထည့်လိုက်သည်။ ကြာစွယ်၏ အရသာက ကြွပ်ရွပြီး ချဉ်စူးနေသောကြောင့် ပုဖန်က မျက်မှောင်ကြုံ့သွားသည်။
“ဆိုးဝါးလိုက်တာ… ကြာစွယ်တွေက အရမ်းရင့်နေပြီ… အရသာ နည်းနည်းမှ မရှိတော့ဘူး… မင်းတို့က ရှာလကာရည်တွေ အများကြီး ထည့်ထားသေးတယ်..”
ချွန်းဟွာနှင့် ချိုးယူးတို့က ဟင်းပွဲကို တရစပ် အပြစ်တင် ပြောဆိုနေသော ပုဖန်ကို ကြည့်နေကြလေသည်။
ဟင်းပွဲများကို သယ်ဆောင်လာသော အစေခံ မိန်းမငယ်လေးများကလည်း မည်သို့ ပြုလုပ်ရမည်ကို မသိပဲ ကြောင်အနေကြလေသည်။
“အကိုကြီး.. မင်းက ငါတို့ကို လာရှုပ်တာလား… မင်းဆောင်ကြာမြိုင်ကိုလာတာက ဟင်းပွဲတွေကို ဝေဖန်ဖို့လား…”