အခန်း ၂၆၈ “ရှစ်မျိုး စိတ်ဝိဥာဉ်သစ်သီး ရှာလကာရည်”
ပုဖန်က သွေးနားထင်ရောက်နေသည့် အမူအယာမျိုး မဟုတ်ပဲ ၀၀ဖိုင့်ဖိုင့်နှင့် အဖိုးအိုကို မေးလိုက်လေသည်။ သူ၏ မေးခွန်းက ရှေ့ဆက်ရန် ရည်ရွယ်သည်ဟု ခံစားရစေလေသည်။
အဖိုးအို၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ဖြတ်ပြေးသွားပြီး ပုဖန်ကို မျက်၀န်းတောက်တောက်များနှင့် ကြည့်လိုက်သည်။
“ဒီတော့ မင်းက ဆိုင်ပိုင်ရှင်ပေါ့… မင်းရဲ့နံမည်ကိုတော့် ကြားဖူးတာ ကြာပါပြီ… မင်းကို တွေ့လိုက်တော့မှာပဲ ငယ်ရွယ်သူတွေက ကြီးကျယ်မြင့်မြတ်တဲ့ သူရဲကောင်းတွေ ဖြစ်လာန်ိုင်တယ်ဆိုတာ သိလိုက်ရတယ်..”
“ငါက စားဖိုမှုးတစ်ယောက် သာသာပါပဲ… သူရဲကောင်းဖြစ်ဖို့ အဝေးကြီးပါ…”
ပုဖန်က လက်ကို ဝှေ့ရမ်း၍ ပြန်ပြောလိုက်သည်။ ထိုအဖိုးအိုက ပြသနာရှာတတ်သည့် သူများနှင့် မတူပဲ ခင်မင်စရာ ကောင်းလှသည်ဟု ခံစားလိုက်ရသည်။ ထို့နောက် ပုဖန်က ခုံတစ်ခုံကို ဆွဲယူလိုက်ပြီး ၀၀ဖိုင့်ဖိုင့် အဖိုးအို၏ ရှေ့တွင် ၀င်ထိုင်လိုက်သည်။ သူ၏ ရှေ့ စားပွဲပေါ်တွင် ဥထမင်းကြော် ငါးမူးပျံဟင်းနှင့် ၀က်နံရိုးချိုချဉ်ကြော် ဟင်းပွဲများကို တွေ့ရလေသည်။ ဟင်းပွဲအားလုံးကို မှာယူစားသောက်ထားပုံရလေသည်။
အဖိုးအိုက ဥထမင်းကြော်ကို တစ်၀က်မျှ စားထားပြီး ငါးမူးပျံဟင်းကိုလည်း တော်တော်များများ စားသောက်ထားလေသည်။ သို့သော်လည်း ၀က်နံရိုးချိုချဉ်ကြော်ကို တစ်ခုနှစ်ခုသာ စားထားလေသည်။
“တော်တော်လေး တိုက်ဆိုင်တာပဲ… ဒီအဖိုးကြီးကလည်း စားဖိုမှုးတစ်ယောက်ပဲ… ပိုင်ရှင်ပုရဲ့ ဟင်းပွဲတွေက မယုံနိုင်လောက်အောင် အရသာရှိတယ်လို့ ကြားမိလို့ မိုင်ပေါင်းထောင်ချီအောင် ခရီးနှင်လာခဲ့တာ… ဒါပေမယ့်လဲ ဟင်းပွဲတွေက ငါမျှော်လင့်ထားတာထက် နည်းနည်း နိမ့်ကျနေတယ်… ရိုးရိုးသားသားပြောရမယ်ဆိုရင်တော့ ဒီအဖိုးကြီးက စိတ်ပျက်မိပါတယ်..” အဖိုးအိုက စိတ်ပျက်လက်ပျက် ခေါင်းခါရမ်း၍ ပြောလိုက်လေသည်။
ပုဖန်၏ နောက်တွင် ရပ်နေသော ကွမ်းရှောင်ယီက မဲ့လိုက်လေသည်။ ထိုအဖိုးကြီးက ရန်စနေသည်ဟု သူမထင်နေလေသည်။
သို့သော်လည်း ပုဖန်က အလေးအနက် အမူအယာနှင့် ခေါင်းငြိမ့်လိုက်သောကြောင့် ကွမ်းရှောင်ယီနှင့် အဖိုးအိုတို့ နှစ်ယောက်လုံး အံ့အားသင့်သွားကြလေသည်။
ထို့နောက် ပုဖန်က လက်ကို ဝှေ့ရမ်းလိုက်ပြီး တူပုံသဏ္ဍာန်တစ်ခုကို အစစ်အမှန် စွမ်းအင်များနှင့် ဖန်တီးလိုက်လေသည်။ ထိုတူနှင့် ၀က်နံရိုးချိုချဉ်ကြော်ကို ညှပ်ယူလိုက်ပြီး ပါးစပ်ထဲထည့်လိုက်လေသည်။ သူက အနည်းငယ်မျှ ဝါးလိုက်ပြီးနောက် ပြောလိုက်လေသည်။
“အင်း…. ဒီ၀က်နံရိုးချိုချဉ်ကြော်မှ ချို့ယွင်းချက်တွေ ရှိနေတယ်.. ဒါပေမယ့်လဲ လူတစ်ယောက်က အကြိမ်အများကြီး ချက်ပြူတ်ပြီးရင် သူ့ရဲ့ အချက်အပြုတ် စွမ်းရည်တွေက တိုးတက်လာမှာပဲလေ.. ဘယ်သူမှတော့ စစခြင်းမှာ ပြီးပြည့်စုံနေမှာ မဟုတ်ဘူး….”
ပုဖန်က အဖိုးအိုကို စိတ်အားထက်သန်စွာ ရှင်းပြလိုက်ပြီး အစစ်အမှန် စွမ်းအင်နှင့် ဖန်တီးထားသော တူကို ဖျောက်လိုက်ပြီး အဖိုးအိုကို စေ့စေ့ကြည့်လိုက်သည်။
အဖိုးအိုက အံ့အားသင့်သွားပြီး မျက်၀န်းများ မှေးသွားသည်အထိ နှစ်လိုစွာ ရယ်မောလိုက်သည်။
“ဟုတ်တယ်… ပိုင်ရှင်ပုပြောတာက ကျိုးကြောင်း ဆီလျော်တယ်.. ဒီအဖိုးကြီးက နည်းနည်းခေါင်းမာမိသွားတယ်…”
ပုဖန်က နှုတ်ခမ်းထောင့်စွန်းလေးများကို တွန့်ကွေးလိုက်လေသည်။
“ငါက တောင်စဉ်တစ်ထောင်တောင်တန်းကနေ လာခဲ့တာ… ကလေးမရီက မင်းရဲ့ အရသာရှိလှတဲ့ စားသောက်ဖွယ်ရာတွေကို စားခဲ့ပြီး ငါ့ကို နေ့တိုင်းတတွတ်တွတ် ပြောဆိုနေခဲ့တယ်… အဲဒီ ပူညံပူညံ လုပ်တဲ့ ဒဏ်တွေကို မခံနိုင်လို့ ထွက်လာခဲ့တာ… ဒီနေရာရောက်ရင် ပိုင်ရှင်ပုရဲ့ လက်ရာတွေကိုကိုယ်တိုင် မြည်းစမ်းနိုင်မယ်လို့ တွေးထင်နေခဲ့တာ… ခုဏက စကား မပြောခင်အထိ မင်းကို အယုံအကြည်မရှိသေးဘူး… ဒါပေမယ့် မင်းရဲ့ စကားတွေကို ကြားပြီးတဲ့နောက်မှာ မင်းကို ယုံကြည်လက်ခံသွားပြီ…”
အဖိုးအိုက စူးစူးရှရှ ရယ်မောလိုက်ပြီးနောက် လက်ကို လှုပ်ခါလိုက်ရာ မြေ၀ါရောင် ဗူးလေးတစ်ခု ပေါ်လာလေသည်။
“ဒါက ငါ့ရဲ့ ရတနာပစ္စည်းတစ်ခုပဲ… ဒီပစ္စည်းနဲ့ ပိုင်ရှင်ပုကိုယ်တိုင် ချက်ပြုတ်ထားတဲ့ ဟင်းပွဲတစ်ပွဲကို လဲလှယ်လို့ ရမလား…” အဖိုးအိုက ရယ်မောလိုက်ပြီး သူ့လက်ထဲမှ မြေ၀ါရောင် ဗူးလေးကို လှုပ်ခါလိုက်ရာ အတွင်းမှ အရည်များ လှုပ်ရှားသံကို ကြားလိုက်ရလေသည်။
ပုဖန်က တခဏမျှ အံ့သြသွားပြီး အဖိုးအို၏ လက်ထဲမှ ဗူးလေးကို လေ့လာလိုက်သည်။
အဖိုးအိုက ကျေနပ်သယောင် ပြုံးလိုက်ပြီးနောက် သူ့လက်ထဲမှ ဗူးကို အဖုံးဖွင့်လိုက်သည်။ သ်ိပ်သည်းမွှေးပျံ့လှသော အချဉ်ဓာတ်က လေထဲသို့ ပြန့်နှံ့လာလေသည်။ ထိုအချဉ်ဓာတ်က စူးရှလှပြီး အချိုဓာတ်အနည်းငယ်လည်း ထွက်နေလေရာ လူတစ်ယောက်၏ နှလုံးစသားကို သိမ်းပိုင်နိုင်လေသည်။ တည်ငြိမ်နေသာ ပုဖန်ပင် အနည်းငယ် လှုပ်ရှားသွားလေသည်။
ပုဖန်က ဗူးလေးကိုမလွှဲတမ်း စိုက်ကြည့်နေပြီး အသက်ပြင်းပြင် တစ်ချက် ရှိုက်လိုက်လေသည်။
အဖိုးအိုက ပုဖန်၏ အံ့သြတုန်လှုပ်သွားသော အမူအယာကို ကြည့်၍ စိတ်ကျေနပ်သွားလေသည်။ သူအထူးပြုလုပ်ထားသော ရှာလကာရည်၏ ရနံ့ကို ရရှိလိုက်သည်လူတိုင်း တည်ငြိမ်စွာ မနေနိ်ုင်ပေ။
“ကလေးမလေး… ငါတို့အတွက် ပန်းကန်ပြားတစ်ချပ်ယူလာခဲ့…”
ကွမ်းရှောင်ယီက မကျေမနပ် ကြည့်လိုက်သော်လည်း စောဒက မတက်တော့ပဲ မီးဖိုချောင်ဘက်သို့ သွား၍ အလုပ်ရှုပ်နေသော ရှောင်ရှောင်လုံထံမှ ပန်းကန်တစ်ချပ်ကို တောင်းလိုက်လေသည်။
အိုး…
“ဟေ့.. ပိုင်ရှင်ပု ပြန်လာပြီလား…”
မကြာခင်မှာပင် ရှောင်ရှောင်လုံနှင့် ယုဖူတို့က မီးဖိုချောင်ထဲမှ ထွက်လာလိုက်သည်။ သူတို့နှစ်ယောက်က ပုဖန်ကို စိတ်လှုပ်ရှားစွာ ကြည့်နေလေသည်။ ယုဖူက ရှက်တတ်သည့် အမူအယာနှင့် ရှိနေပြီး ရှောင်ရှောင်လုံက အတောမသတ် ရယ်မောနေလေသည်။
ကွမ်းရှောင်ယီက ယူဆောင်လာသော ပန်းကန်ပြာကို အဖိုးအိုထံ လှမ်းပေးလိုက်ပြီး မကျေမနပ်ဟန်နှင့် နှာခေါင်းတစ်ချက် ရှုံ့လိုက်လေသည်။
အဖိုးအိုက စိတ်ကျေနပ်စွာ ပြုံးလိုက်ပြီး ကွမ်းရှောင်ယီကို လျစ်လျူရှုလိုက်လေသည်။ သူက ပန်းကန်ပြားကို ခုံပေါ်တင်လိုက်ပြီး ဗူးလေးထဲမှ ရှာလကာရည်အနည်းငယ်ကို ဂရုတစိုက် လောင်းထည့်လိုက်သည်။
ပုဖန်၏ စိတ်ထဲတွင် တုန်လှုပ်နေပြီး ရှာလကာရည်ဗူးလေးကို ကော်နှင့် ကပ်ထားသကဲ့သို့ ကြည့်နေလေသည်။
ကြည်လင်လှသော နီညိုရောင် ရှာလကာရည်များက ဗူးထဲမှ စီးထွက်လာလေသည်။ အချဉ်ရနံ့နှင့်အတူ စိတ်ဝိဥာဉ်စွမ်းအင်များ ထွက်ပေါ်လာလေသည်။
ကွမ်းရှောင်ယီနှင့် အနီးအနားမှ လူများက ထိုရနံ့ကို ရှူရှိုက်မိလိုက်သည်နှင့် သူတို့၏ ပါးစပ်များ ထုံကျင်လာပြီး တံတွေမျိုချလိုက်ကြလေသည်။
“ထူးခြားလိုက်တဲ့ရှာလကာရည်…”
ပုဖန်၏ မျက်၀န်းများက တောက်ပလင်းလက်နေပြီး အသက်ပြင်းပြင် တစ်ချက်ရှိုက်လိုက်လေသည်။ တက်မက်ဖွယ်ရနံ့က သူ၏ နှာခေါင်းပေါက်အတွင်း တိုး၀င်လာပြီး သူ့နှာခေါင်းကို အက်ဆစ်နှင့် ထိမိသကဲ့သို့ ခံစားလိုက်ရလေသည်။ သို့သော်လည်း တခဏအတွင်းပင် မယုံနိုင်လောက်သော ၀မ်းမြောက်မှုကို ခံစားလိုက်ရလေသည်။
“ငါခန့်မှန်းတာ မမှားဘူးဆိုရင် ဒါက သစ်သီးရှာလကာရည် အမျိုးအစားပဲ ဖြစ်ရမယ်…” ပုဖန်က သူ၏ ထင်မြင်ချက်ကို ပြောလိုက်သည်။
အဖိုးအိုက ဗူးထဲမှ ရှာလကာရည်များကို ပန်းကန်အပြည့် ဖြည့်လိုက်ပြီး ဗူးကို လုံခြုံအောင်ဖုံးလိုက်ပြီး ပြန်လည်သိမ်းဆည်းလိုက်လေသည်။
“အတိအကျကိုမှန်ကန်ပါတယ်… ပိုင်ရှင်ပုက အမြင်စူးရှတာပဲ… ဒီရှာလကာရည်က ဒီအဖိုးကြီး ကိုယ်တိုင် ပြုလုပ်ထားတဲ့ ရှစ်မျိုးစိတ် စိဝိဥာဉ်သစ်သီး ရှာလကာရည်ပဲ… ဒါက ဒီအဖိုးကြီး အမြဲတမ်း ဂုဏ်ယူရတဲ့ အရာလည်း ဖြစ်တယ်…”
အဖိုးအိုက လက်ကို ဝှေ့ရမ်းလိုက်ပြီး ပန်းကန်ပြားကို ပုဖန်ရှေ့သို့ တိုးပေးလိုက်သည်။
“ရှစ်မျိုး စိတ်ဝိဥာဉ်သစ်သီး ရှာလကာရည်…”
ပုဖန်၏ စိတ်ထဲတွင် တုန်လှုပ်နေဆဲပင် ဖြစ်သည်။ ထိုရှာလကာရည်က သာမာန်မဟုတ်သည်ကို ခံစားမိနေလေသည်။ ရှာလကာရည်မှ စိတ်ဝိဥာဉ်စွမ်းအင် အတက်အတကျ လှိုင်းများ ရှိနေပြီး သိပ်သည်းကြွယ်၀လှသော အချဉ်ရနံ့များလည်း ထုတ်လွှင့်နေရာ အဆင့်ခုနစ် စိတ်ဝိဥာဉ်သစ်သီး ရှစ်မျိူးကို ပေါင်းစပ်ထုတ်လုပ်ထားခြင်း ဖြစ်နိုင်ပေသည်။ သို့သော်လည်း ပုဖန်က သိပ်မသေချာပဲ ပန်းကန်ကို ကောက်ယူလိုက်ပြီး နှာခေါင်းအနီး တိုးကပ်၍ စူးစမ်းလိုက်သည်။
အချဉ်ရနံ့က ပုဖန်အနီးမှ လေထုထဲတွင် ပေါက်ကွဲသွားပြီး ချိုမြိန်မှုကို သယ်ဆောင်လာလေသည်။ စားဖိုမှုးတစ်ယောက်အတွက် ရှာလကာရည် ဝိုင်နှင့် အချဉ်ရည်ကဲ့သို့သော ဟင်းခတ်ပစ္စည်းများက အလွန်အရေးကြီးလှသည်။ ရှာလကာရည် ပေါင်းထည့်လိုက်ယုံနှင့် ဟင်းပွဲ၏ အရည်အသွေးကို ထိပ်တန်းအဆင့်သို့ ပြောင်းလဲသွားစေနိုင်ပြီး မွှေးရနံ့များလည်း ပိုမိုပြင်းထန်လာစေနိုင်သည်။
ပုဖန်က ပန်းကန်ပြားထဲမှ ရှစ်မျိုးစိတ်ဝိဥာဉ်သစ်သီး ရှာလကာရည်ကို အနည်းငယ် စုပ်ယူလိုက်သည်။ အချဉ်အရသာက ချက်ချင်းလိုလိုပင် သူ၏လျှာပေါ်သို့ ဖြတ်သန်းစီးဆင်းလာလေသည်။ ထိုအချဉ်ဓာတ်က သူ၏ လျှာပေါ်တွင် ပေါက်ကွဲထွက်ပေးလာပြီး အရသာခံ အာရုံကြောများကို ဖုံးလွှမ်းသွာေးလသည်။
ပုဖန်၏ ခန္ဒာကိုယ်တစ်ခုလုံးက ကြက်သီးမွှေးညင်းများ ထလာပြီး တုန်လှုပ်သွားလေသည်။ အချဉ်ဓါတ်များ လွင့်ပျောက်သွားပြီးနောက် ချိုမြသော အရသာက အစားထိုး၀င်ရောက်လာပြီး စိတ်ထဲတွင် လန်းဆန်းသွားလေသည်။
ရှစ်မျိုး စိတ်ဝိဥာဉ်သစ်သီး ရှာလကာရည်က အေးမြသော စမ်းချောင်းငယ်လေးတစ်ခုကဲ့သို့ သူ၏ ခန္ဒာကိုယ်ထဲတွင် လှည့်လည်စီးဆင်းနေသောကြောင့် ပုဖန်က မျက်၀န်းများမှေးစင်း၍ အရသာခံနေလေသည်။ ထိုအရသာက သူ၏ ပါးဟပ်နှင့် နှလုံးသားထဲတွင် တောင့်တခဲ့သော အရသာတစ်ခု ဖြစ်သည်။
ပုဖန်၏ မျက်နှာပေါ်တွင်လည်း ချွေးအနည်းငယ် စို့နေလေသည်။ ရှာလကာရည်၏ ပြင်းထန်လှသော အရသာကြောင့် ချွေးများစိမ့်ထွက်လာခြင်း ဖြစ်သည်။
“ဟုတ်တယ်… ဒါက ထူးကဲတဲ့ ရှာလကာရည်ပဲ…”
နောက်ဆုံးတွင် ပုဖန်၏ မျက်၀န်းများ ပွင့်ဟလာပြီး ထက်မံချီးမွန်းလိုက်သည်။ ထိုသို့ အံ့မခန်း ကောင်းမွန်လှသော သစ်သီးရှာလကာရည်မျိုးကို ပထမဆုံးပင် သူမြည်းစမ်းဖူးခြင်း ဖြစ်သည်။
“ဟဲဟဲ .. ဟုတ်တာပေါ့… ဒီအဖိုးကြီးက ရှစ်မျိုးစိတ်ဝိဥာဉ်သစ်သီး ရှာလကာရည်ကို ပြုလုပ်ဖို့အတွက် ဆယ်နှစ်တောင် အချိန်ယူခဲ့ရတာ.. စိတ်ဝိဥာဉ် သစ်ပင်ရဲ့ အခေါက်တွေနဲ့ ကွဲပြားတဲ့ ရှာလကာရည် စည်ပိုင်းတွေကို ပြုလုပ်ထားခဲ့တာ… ပြီးတော့ နှစ်တိုင်း အထဲက ရှာလကာရည်တွေကို နေရာလဲပေးရတယ်… အချိန်တိုအတွင်း ရောနှောပေါင်းစပ်သွားနိုင်အောင်လည်း ငါ့ရဲ့ စွမ်းအင်တွေနဲ့ ကူညီခဲ့ရတယ်…”
“ဒီလောက်ခက်ခက်ခဲခဲ ပြုလုပ်ခဲ့မှတော့ ဒီထုတ်ကုန်က စိတ်ပျက်စရာ ဖြစ်သွားနိ်ုင်ပါ့မလား…” အဖိုးအိုက စိတ်ကျေနပ်စွာနှင့် သူ၏ ပြောင်မြောက်လှသော စွမ်းရည်များကို ပြောကြားလိုက်လေသည်။ သူက ထုတ်လုပ်ပုံ အဆင့်ဆင့်ကို ထုတ်ပြောလိုက်ရသောကြောင့် စိတ်အနှောက်အယှက်ဖြစ်ခြင်းပင် မရှိပေ။
အစစ်အမှန် ရှာလကာရည်ကို ထုတ်လုပ်ရန်အတွက် ရှူပ်ထွေးခက်ခဲလှသော အဆင့်များစွာ ကျန်ရှိနေဆဲပင် ဖြစ်သည်။
ပုဖန်က ရှာလကာရည်၏ အရသာကို လေ့လာနေသောကြောင့် မေးခွန်းထပ်မမေးတော့ချေ။ ရှာလကာရည်၏ အရသာကို မြည်းစမ်းရန်အတွက် အနည်းငယ်သာ သောက်သင့်ပေသည်။ ပုဖန်က သူ၏ ပါးစပ်ထဲတွင် ရှာလကာရည်၏ အချဉ်ဓါတ်နှင့် ချိုမြသော အရသာက စွဲကျန်နေသောကြောင့် ပြုံးလိုက်မိသည်။ သူက အဖိုးအိုက ထူးဆန်းစွာကြည့်လိုက်ပြီး သူ၏ မျက်၀န်းများက တောက်ပသထက် တောက်ပလာလေသည်။
“အကြီးအကဲ… ခုဏက ငါချက်ပြုတ်ခဲ့တဲ့ဟင်းပွဲကို မြည်းစမ်းချင်တယ်လို့ ပြောခဲ့တယ်မဟုတ်လား… ငါက ပါ၀င်ပစ္စည်းကောင်းတွေကို သုံးရတဲ့ ဟင်းပွဲအသစ်တစ်မျိုးကို တွေ့ရှိထားတယ်… အခုမင်းရဲ့ ရှာလကာရည်ကို မြည်းစမ်းကြည့်ပြီးတော့ အဲဒီဟင်းပွဲကို စမ်းသပ်ချပ်ပြုတ်ဖို့ မစောင့်နိုင်တော့ဘူး…” ပုဖန်က ဖြေးညင်းစွာ ပြောဆိုလိုက်သည်။
၀၀ဖိုင့်ဖိုင့် အဖိုးအို မျက်၀န်းများက ဝိုင်းစက်သွားလေသည်။
“သူပြောတာ ဘာအဓိပ္ပါယ်လဲ… သူက သူ့ရဲ့ ဟင်းပွဲတွေမှာ ငါ့ရဲ့ ရှာလကာရည်ကို သုံးချင်နေတာလား…”
“ပိုင်ရှင်ပု… ဒီအဖိုးကြီးရဲ့ ရှာလကာရည်က အရမ်းတန်ဖိုးရှိတယ်.. ငါကမင်းကို မြည်းစမ်းခိုင်ယုံပဲ မြည်းစမ်းခိုင်းတာ. အများကြီး မထောက်ပံ့နိုင်ဘူး...”
အဖိုးအိုက ထိုရှာလကာရည်ကို ထုတ်လုပ်ရန်အတွက် နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီး သူ့တွင်လည်း များများစားစား ရှိမနေပေ။ ထို့ကြောင့် ပုဖန်၏ ဟင်းပွဲများတွင် အသုံးပြုရန် ထောက်ပံ့နိုင်ခြင်း မရှိပေ။
ပုဖန်က ခေါင်းခါလိုက်ပြီးထိုင်ခုံမှ ထရပ်လိုက်သည်။ ထို့နောက် ယုဖူကို မီးဖိုချောင်ထဲမှ ပန်းကန်ပြားတစ်ချပ် ယူလာပေးရန် ညွှန်ကြားလိုက်သည်။ ထို့နောက် ပန်းကန်ကို အဖိုးအို၏ ရှေ့တွင် ချပေးလိုက်ပြီး တည်ကြည်လေးနက်စွာ ပြောလိုက်သည်။
“အများကြီးမလိုပါဘူး… ဒီပန်းကန်ပြား အသေးလေးတစ်ချပ်စာလောက်ဆိုရပြီ… တကယ်လို့ ငါ့ဟင်းပွဲရဲ့ အရသာကို မင်းမကြိုက်ဘူးဆိုရင် ဒါမှမဟုတ် မင်းရဲ့ ရှစ်မျိုးစိတ်ဝိဥာဉ်သစ်သီး ရှာလကာရည်နဲ့ မထိုက်တန်ဘူးဆိုရင် ငါက ဒီစားသောက်ဆိုင်ထဲက ဟင်းပွဲအားလုံးကို မင်းအတွက် အလကားချက်ပြုတ်ပေးမယ်…”
အဖိုးအိုက အံ့အားသင့်သွားလေသည်။ ပုဖန်ဘေးတွင် ရပ်နေသော ကွမ်းရှောင်ယီ ရှောင်ရှောင်လုံနှင့် ယုဖူတို့လည်း ပါးစပ်အဟောင်းသား ဖြစ်သွားလေသည်။
“ပိုင်ရှင်ပု…”
“အိုး… ဒါက နည်းနည်း များသလိုပဲ..”
အဖိုးအို၏ မျက်၀န်းများက တောက်ပသွားပြီး ခပ်ပြုံးပြုံးနှင့် လက်ကို ဝှေ့ရမ်း၍ ဗူးလေးကို ပြန်ထုတ်လိုက်သည်။ ထို့နောက် ပန်းကန်ပြားထဲသို့ ရှာလကာရည် အမနည်းငယ်ကို လောင်းထည့်လိုက်လေသည်။
“ငါ့ဖင်ကြီးပဲ များနေလိုက်….”
ပုဖန်က ခပ်ရွဲ့ရွဲ့ တွေးလိုက်ပြီး ရှာလကာရည်ပန်းကန်ကို ကောက်ယူလိုက်သည်။
“ဒါဆိုရင် ခဏလောက်စောင့်ပါဦး…”
ထို့နောက် ပုဖန်က ဟင်းပွဲအသစ် ချက်ပြုတ်ရန် သစ်သီးရှာလကာရည် ပန်းကန်ကို သယ်ဆောင်၍ မီးဖိုချောင်ထဲသို့ ၀င်သွားလိုက်လေသည်။