အခန်း ၂၇၁ “ရှုရာဂိုဏ်း၏ သခင်”
လေအလင်းအင်ပါယာ၏ နယ်စပ်မြို့တော်…
လေအလင်းအင်ပါယာ ကမ်းခြေမှ မိုင်ပေါင်းများစွာ အကွာတွင် အလွန်ကြီးမားလှသော မြို့ကြိးတစ်မြို့ရှိသည်။ ထိုမြို့က ကြီးမားလှပြီး မြေနေရာလည်း အလွန်ကျယ်ပြန့်လေသည်။ တံတိုင်းများက ကောင်းကင်ထိအောင် မြင့်မားပြီး နေရောင်ကိုပင် ပိတ်ဆို့ထားနိုင်လေသည်။
အလွန်တရာကြီးမားလှသော နယ်စပ်မြို့တော်က လေအလင်းအင်ပါယာ၏ ပထမဆုံး ကာကွယ်ရေး လမ်းကြောင်းလည်း ဖြစ်သည်။ ရှည်လျားလှသော သမိုင်းကြောင်းများ ရှိပြီး အင်ပါယာမြို့တော်နှင့် အနောက်ပိုင်းဆန်းကျယ်မြို့့တော်ကဲ့သို့ ရှေ့ကျသည့် မြို့ကြိးအဖြစ် လူသိများလေသည်။
နယ်စပ်မြို့့တော်ကို အဝေးမှ လှမ်းကြည့်လိုက်လျင် ရှေးကျသော ခံစားချက်များ ပေးစွမ်းနိုင်သည့် စစ်နတ်ဘုရား ရုပ်တုတစ်ခုကိုမြင်နေရလေသည်။ ထိုရုပ်တုက လေအလင်းအင်ပါယာ၏ နယ်စပ်တွင် ရှိနေပြီး ကျန်နယ်မြေများကို ကြည့်ရှုနေသကဲ့သို့ ဖြစ်နေလေသည်။
နယ်စပ်မြို့တော်၏ အပြင်ဘက် ကျယ်ပြန့်သော ကွင်းပြင်ထဲတွင် ခရီးသွား အဖွဲတစ်ဖွဲ ရှိနေလေသည်။ ထိုအဖွဲ့ထဲတွင် စိတ်ဝိဥာဉ်သားရဲ ယူနီကွန်းကို စီးထားသော သိုင်းသမားများနှင့် ရထားလုံးများကို ဆွဲထားသော စိတ်ဝိဥာဉ်သားရဲများလည်း ပါ၀င်နေလေသည်။ သူတို့အားလုံးက နယ်စပ်မြို့တော်သို့ ဦးတည်နေကြလေသည်။
နယ်စပ်မြို့တော်အတွင်းမှ တံပိုးခရာ မှုတ်သံများ ဆူညံစွာ ထွက်ပေးလာပြီး နားကွဲမတက် ဆူညံလှသော အသံများက ပတ်၀န်းကျင်သို့ အလျင်အမြန် ပြန့်နှံ့သွားလေသည်။ နယ်စပ်မြို့တော်၏ ဂိတ်တံခါးက ပွင့်သွားပြီး များပြားလှသော စစ်သည်တော်များ ထွက်လာကာ ထိုလူစုကို ကြိုဆိုရန် လက်ကို မြှောက်လိုက်ကြလေသည်။
ယူနီကွန်းကို စီးလာသော ဂျိချန်းယုက သဘောကျသွားသော်လည်း တည်ငြိမ်စွာပင် ပြုံးလိုက်လေသည်။ သူက စစ်သားများ ကြိုဆိုနေသောကြောင့် ဟန်ဆောင်ပြုံးလိုက်ခြင်း ဖြစ်သည်။ သူက နယ်စပ်မြို့တော်အတွင်းသို့ ၀င်လိုက်သည်နှင့် မတူညီသော မြင်ကွင်းများကို မြင်လိုက်ရလေသည်။ နယ်စပ်မြို့တော်၏ လမ်းများအားလုံးကို စစ်သားများနှင့် ပြည့်နှက်နေလေသည်။ ဂျိချန်းယုက မြို့ထဲရောက်သည်နှင့် စစ်သားများ၏ အလယ်တွင် ရပ်တန့်လိုက်လေသည်။
ရထားလုံး၏ ကုလားကာက ပွင့်သွားပြီး ရထားလုံးထဲမှ အနက်ရောင်ခြုံထည်ကိုခြုံထားပြီး မျက်နှာတွင် အရေးအကြောင်းများ ရှိနေသော သက်ကြီးပိုင်း ပုံရိပ်တစ်ခု ထွက်လာလေသည်။ ထိုသူက သူ၏ လက်များကို တင်းတင်းဆုတ်ကိုင်ထားပြီး ပတ်၀န်းကျင်မှ လူများကို အကဲခတ်လိုက်ကာ အသက်ပြင်းပြင်း တစ်ချက်ရှိုက်လိုက်လေသည်။
စစ်သည်တော်များကြားမှ အနက်ရောင်၀တ်ဆင်ထားသော လူအချို့ ထွက်ပေါ်လာလေသည်။
“ရှုရှဂိုဏ်းရဲ့ အရှင်သခင်ကို အရိုအသေပြုပါတယ်…” အနက်ရောင် ၀တ်ဆင်ထားသူများက ထိုအကြီးအကဲကို ရိုသေစွာနှင့် ဦးညွှတ်လိုက်ကြလေသည်။
ရှုရဂိုဏ်းက ဂိုဏ်းကြီးဆယ်ဂိုဏ်းတွင် မပါ၀င်သော သက်တမ်းရှည်လျားနေပြီဖြစ်သည့် ဂိုဏ်းတစ်ဂိုဏ်းသာ ဖြစ်သည်။ နောက်ဆုံးတွင် သူတို့တို့တက်နိုင်မည့်အခြေအနေသို့ ရောက်ရှိလာပြီဖြစ်သည်။ လေအလင်းအင်ပါယာက သူတို့၏ ခြေလှမ်းများစွာထဲမှ ပထမတစ်ခုပင် ဖြစ်သည်။
အကြီးအကဲ၏ မျက်နှာပေါ်မှ အရေးအကြောင်းများက တုန်ခါသွားပြီး လက်ကို ဝှေ့ရမ်း၍ လူအုပ်ကြီးဘက် လှည့်ကာ ပြောလိုက်သည်။
“ငါ့ရဲ့ကြီးမြတ်သော အရှင်က ဒီနေ့ငါ့ကို ဒီနေရာကို လာစေလိုက်တာပဲ… ပထမဆုံးအနေနဲ့ ငါက ဘုရင်ခံယုကို ပလ္လင်ပိုင်ဆိုင်ရအောင် ကူညီပေးမယ်… ဒုတိယအနေနဲ့ကတော ငါတို့ ပြန်လည်တိုးတက်လာဖို့အတွက် တိုက်ခိုက်ကြမယ်.. ငါတို့ ဂိုဏ်းက အချိန်တော်တော်ကြာအောင် ပျောက်ဆုံးသွားတာမို့ လူတွေက ငါတို့ကို မေ့နေလောက်ပြီ…”
“တောင်စဉ်တစ်ထောင်တောင်တန်း… မြေရိုင်းလွင်ပြင် … ပုံရိပ်ယောင် စိတ်ဝိဥာဉ်နယ်မြေက အိမ်တော်ကြီးတွေတောင် ငါတို့ကို မေ့နေလောက်ပြီ… မကြာခင်မှာပဲ သူတို့က ငါတို့ရဲ့ ကြောက်စရာကောင်းတာတွေကို ပြန်ပြီးတော့ အမှတ်ရလာစေရမယ်…”
ရှုရဂိုဏ်းသားများက စိတ်လှုပ်ရှားနေကြပြီး သူတို့ မျက်၀န်းထဲ၌ စိတ်အားထက်သန်မှုများနှင့် တောက်လောင်နေလေသည်။
ဂျိချန်းယုက ထိုမြင်ကွင်းကို ကြည့်၍ စိတ်ထဲမှ တုန်လှုပ်သွားလေသည်။ ထိုရှုရဂိုဏ်းက ကျောက်မူရှန်၏ လက်အောက်ခံ… မဟာယာနကျွန်း၏ နောက်ကွယ်မှ အင်အားစုပင် ဖြစ်သည်။ ထိုသူများက ပလ္လင်ကို ရရှိရန်အတွက် ဂျိချန်းယုကို ထောက်ပံ့ပေးကြမည်ဖြစ်သည်။ သို့သော် ဂျိချန်းယု၏ စိတ်ထဲတွင် ထိုရှုရဂိုဏ်းက အသွားနှစ်ဖက်နှင့် ဓါရှည်တစ်လက်ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း သိနေလေသည်။ အကယ်၍ သူသာ ကောင်းကောင်းမကိုင်တွယ်နိုင်ပါက အပေါ်ယံသာ ထိခိုက်လိမ့်မည်မဟုတ်ပေ။
….
မိုးထိအောင် မြင့်မားလှသော ဝူလျန်တောင်က တိမ်များကို ထိုးဖောက်၍ ကောင်းကင်သို့ ထိုးတက်နေသော ဓါးတစ်စင်းနှင့် တူနေလေသည်။ ဝူလျန်တောင်ပေါ်ရှိ အာကာသအာနန်ဂိုဏ်းအတွင်းမှ ပျက်စီးယိုယွင်းနေပြီဖြစ်သော သစ်သားနှစ်ထပ်အိမ်လေး တစ်လုံးထဲတွင် အသက်ကြီးကြီး အဖိုးအိုတစ်ယောက်ထိုင်နေလေသည်။ ထိုအဖိုးအို၏ လက်ထဲတွင် အဝါရောင်အဆောင်အနည်းငယ် ကိုင်ထားလေသည်။
အဖိုးအိုက မျက်လုံးဖွင့်လိုက်သောအခါ တောက်ပလှသော အလင်းရောင်များ ဖြတ်ပြေးနေသယောင်ထင်ရလေသည်။ သူ့လက်ထဲမှ အဝါရောင်အဆောင်များက လေထဲသို့ မျောလွင့်သွားပြီး လေဟာနယ်ထဲတွင် ထူးခြားလှသော ပုံသဏ္ဍာန်တစ်ခု ဖွဲ့စည်းသွားလေသည်။
အဖိုးအိုက အသက်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်ပြီး သူ၏ မျက်နှာအမူအယာက လေးနက်တည်ငြိမ်နေလေသည်။ သူက ထူးခြားဆန်းပြားသော ပုံစံငယ်ကို လက်နှင့် ဆုတ်ကိုင်လိုက်ပြီး အဆောင်ပြားများကို လက်ညိုးညွှန်လိုက်သည်။ ထိုအဆောင်ပြားများမှ အထူးသွေးတစ်မျိုး ထွက်ပေါ်လာပြီး ပြင်းထန်လှသော သွေးနံ့က သစ်သားအိမ်လေးအတွင်း ပြည့်နှက်သွားလေသည်။ အဖိုးအို၏ အမူအယာက တုန်လှုပ်သွားပြီး သူ၏ မျက်၀န်းများက ကျဉ်းမြောင်းသွားလေသည်။
“ဒီ… လူသတ်တဲ့ ရှုရဂိုဏ်း… သူတို့က တကယ်ပဲ ပြန်ပေါ်လာတာလား.. ဘာကြောင့် ဒီလိုမကောင်းဆိုးဝါးဂိုဏ်းမျိုးက ပြန်ပြီးထွက်ပေါ်လာတာလဲ… ကြည့်ရတာ.. တောင်ပိုင်းဒေသမှာ နောက်တစ်ခါ သွေးချောင်းစီးတော့မှာပဲ…”
အဖိုးအိုက သက်ပြင်းအသာချပြီး တီးတိုးရေရွတ်လိုက်လေသည်။ သူက သင်္ကေကတချို့ လုပ်လိုက်ပြီး သွေးစွန်းနေသော အဆောင်ပြားများက ပျောက်ကွယ်သွားလေသည်။ ထို့နောက် အဖိုးအိုက မျက်လုံးများ မှိတ်၍ တွေးတောနေလေသည်။
“နောက်ထပ် လေအလင်းအင်ပါယာပဲလား…. ဘယ်လိုဖြစ်လို့ ဒီအရာတွေ အကုန်လုံးက လေအလင်းအင်ပါယာ မှာပဲ ဖြစ်နေတာလဲ…”
အဖိုးအိုက ထူးဆန်းစွာ ခံစားလိုက်ရပြီး တုန်လှုပ်သွားလေသည်။
“ဒါပေမယ့်… ဒီတစ်ကြိမ်တော့… လေအလင်းအင်ပါယာက ကြီးကြီးမားမား ဒုက္ခရောက်တော့မှာပဲ…”
……
နောက်တစ်နေ့မနက်တွင် ည၏ အေးမြမှုက ပျောက်ကွယ်သွားပြီး တောက်ပလှသော နေရောင်ခြည်က အစားထိုး ၀င်ရောက်လာလေသည်။ ပုဖန်က မျက်လုံးဖွင့်၍ သမ်းဝေလိုက်ပြီး အကြောဆန့်လိုက်လေသည်။ ထို့နောက် သူက အိပ်ယာမှ ထလိုက်ပြီး ဆေးကျောသန့်စင်လိုက်ကာ မီးဖိုချောင်ထဲသို့ ၀င်သွားလိုက်လေသည်။ ယုဖူက နိုးမလာသေးသကဲ့သို့ ရှောင်ရှောင်လုံလည်း ရောက်မလာသေးချေ။
ပုဖန်က သူ၏ မီးဖိုခုံရှေ့တွင် ရပ်တန့်လိုက်ပြီး ဓါးကို ဝှေ့ရမ်း၍ ဖြတ်တောက်ခြင်း နည်းပညာနှင့် အသားလွှာထွင်းထုခြင်းတို့ကို လေ့ကျင့်လိုက်လေသည်။ ရက်အနည်းငယ်မျှ မလေ့ကျင့်ခဲ့ရသောကြောင့် ထိုခံစားချက်ကို အနည်းငယ် လွမ်းဆွတ်နေလေသည်။ ပုဖန်လေ့ကျင့်နေချိန်တွင် ယုဖူက အပေါ်ထပ်မှ ဆင်းလာပြီး သူ့ကို နှုတ်ဆက်လိုက်သည်။ ထို့နောက် သူတို့နှစ်ယောက်က ဆက်လက်လေ့ကျင့်လိုက်ကြသည်။
“ရှောင်ရှောင်လုံက မရောက်သေးဘူးလား… ဒါဆိုရင် မင်းအရင်လေ့ကျင့်ထားလိုက်… သူရောက်လာမှ စစ်ဆေးမှုကို စတင်ကြတာပေါ့…” ပုဖန်က မျက်မှောင်ကြုံ့၍ ပြောလိုက်သည်။
.ယုဖူက ခေါင်းညိမ့်လိုက်ပြီး ပါ၀င်ပစ္စည်းများကို ပြင်ဆင်လိုက်ကာ စတင်လေ့ကျင့်လိုက်သည်။ ပုဖန်က သူ၏ မီးဖိုချောင်သုံးဓါးမကြီးကို ဘေးတွင် ချထားလိုက်ပြီး ၀က်နံရိုးချိုချဉ်ကြော်ကို စတင်ချက်ပြုတ်လိုက်သည်။ အချိန်အနည်းငယ်အတွင်းမှာပင် မွှေးရနံ့များ ထွက်ပေါ်လာလေသည်။
ယုဖူက ထိုမွှေးရနံ့များကြောင့် နိုးနိုးကြားကြား ရှိလာလေသည်။ ပုဖန်၏ ဟင်းချက်စွမ်းရည်က သူမထက် အပြတ်အသတ် သာလွန်နေလေသည်။ စားစရာ၏ ရနံ့ကို အကဲဖြတ်လိုက်ယုံနှင့်ပင် ပုဖန်ကိုမှီရန် များစွာ လိုသေးကြောင်း သိသာနေလေသည်။
ပုဖန်က ဆိုင်တံခါးကို ဖွင့်လိုက်ပြီး ၀က်နံရိုးချိုချဉ်ကြော်ပန်းကန်ကို ယူ၍ ထွက်လာလိုက်သည်။ နွေဦးနံနက်ခင်းဖြစ်သော်လည်း ရာသီဥတုက အေးမြနေလေသည်။ တိုက်ခတ်လာသော လေပြင်းများက ပုဖန်လက်ထဲမှ ၀က်နံရိုးချိုချဉ်ကြော်၏ ရနံ့ကို သယ်ဆောင်သွားလေသည်။ထိုအရာက အလွန်တရာ စွဲမက်ဖွယ် ကောင်းလှပေသည်။
“ဘလက်ကီ… စားချိန်ရောက်ပြီ…”
ပုဖန်က လေသံတိ်ုးတိုးနှင့် ပြောလိုက်ပြီး တံခါးရှေ့တွင် လဲလျောင်းနေသော ခွေးနက်ကြီးရှေ့သို့ ၀က်နံရိုးချိုချဉ်ကြော် ပန်းကန်ကို ချပေးလိုက်သည်။
ဘလက်ကီက ပျင်းရိစွာနှင့် မျက်လုံးဖွင့်လိုက်ပြီး သူ့ရှေ့မှ ၀က်နံရိုးချိုချဉ်ကြော်ပန်းကန်ကို ကြည့်လိုက်လေသည်။ သူက အခါများစွာကကဲ့သို့ စိတ်လှုပ်ရှားနေဟန် မရပဲ အထင်သေးနေဟန် ရလေသည်။ လူတစ်ယောက်ကဲ့သို့ ပြုမူနေသော ခွေးနက်ကြီး၏ အမူအယာကြောင့် ပုဖန်က အံ့အားသင့်သွားလေသည်။
သို့သော်လည်း အနံ့ခံလိုက်ပြီးနောက် ဘလက်ကီ၏ မျက်၀န်းများက တောက်ပလာလေသည်။ သူက ပုဖန်ကို မကျေမချမ်း စိုက်ကြည့်လိုက်ပြီးနောက် ရက်ပေါင်းများစွာ ငတ်နေသူတစ်ယောက်ကဲ့သို့ ၀က်နံရိုးချိုချဉ်ကြော်ကို စားသောက်လိုက်လေတော့သည်။
ပုဖန်က မျက်ခုံးပင့်လိုက်ပြီး ဘလက်ကီ၏ နူးညံ့လှသော အမွှေးများကို ပွတ်သတ်လိုက်ကာ ပြန်ထလိုက်လေသည်။ ထိုအချိန်မှာပင် လမ်းကြားလေး၏ အ၀င်၀သို့ ရှောင်ရှောင်လုံ ရောက်ရှိလာလေသည်။
“မင်းကဘာလို့ နောက်ကျနေတာလဲ… မင်းရဲ့ အသားလွှာထွင်းထုခြင်းနဲ့ ဖြတ်တောက်ခြင်း နည်းပညာတွေကို မလေ့ကျင့်တော့ဘူးလား…” ပုဖန်က ရှောင်ရှောင်လုံ့ကို ဒေါသထွက်စွာ စိုက်ကြည့်လိုက်ပြီး ပြောလိုက်သည်။
ရှောင်ရှောင်လုံက ပုဖန်ပြန်ရောက်နေသည်ကို ရုတ်တရက် သတိရသွားပြီး တုန်လှုပ်သွားလေသည်။ သူက ပုဖန်အဝေးသို့ ရောက်နေချိန်တွင် ရေသာခိုနေခြင်း ဖြစ်သည်။
“မီးဖိုချောင်ထဲကိုလာခဲ့… ငါမင်းရဲ့ ဓါးကိုင်ပညာကို စစ်ဆေးမယ်… ကျရှုံးခဲ့မယ်ဆိုရင် ဓါးအကြီးနဲ့ ဖြတ်တောက်ခြင်း နည်းပညာကို တစ်နေ့လုံး လေ့ကျင့်ရမယ်…”
ပုဖန်က တစ်စုံတစ်ခုကို မှန်းဆမိသွားဟန်နှင့် သက်ပြင်းချလိုက်သည်။ ထို့နောက် သူ အင်္ကျီလက်စကို ရမ်းခါလိုက်ပြီး မီးဖိုချောင်ထဲသို့ ၀င်သွားလေသည်။
ရှောင်ရှောင်လုံ၏ မျက်နှာက မီးသွေးတုံးကဲ့သို့ နက်မှောင်သွားလေသည်။ သူက စိုးရိမ်ပူပန်စွာနှင့် မီးဖိုခန်းထဲသို့ လိုက်၀င်လာလေသည်။ ထိုအချိန်တွင် ကြိုးကြိုးစားစားနှင့် လေ့ကျင့်နေသော ယုဖူကို မြင်လိုက်ရသောကြောင့် ထိတ်လန့်သွားလေသည်။
ပုဖန်က ခုံတစ်ခုံကို ဆွဲယူ၍ ထိုင်လိုက်ပြီး ရှောင်ရှောင်လုံနှင့် ယုဖူတို့ကို မျက်နှာသေနှင့် စိုက်ကြည့်လိုက်လေသည်။ သူး၏ မျက်၀န်းများက လေးနက်တည်ငြမ်နေပြီး သူတို့နှစ်ယောက်ကို အကဲဖြတ်ရန် အဆင်သင့် ဖြစ်နေလေသည်။
“ငါ့ရဲ့ အချက်အပြုတ် ပညာသင်တွေအနေနဲ့ မင်းတို့နှစ်ယောက်လုံးက အလုပ်ကို ကြိုးကြိုးစားစားလုပ်ပြီး ရေသာမခိုဖို့ ငါမျှော်လင့်တယ်.. စစ်မှန်တဲ့ စားဖိုမှုးတစ်ယောက်အနေနဲ့ နေ့နေ့ညည ကြိုးစားမှသာ အောင်မြင်မှုကို ရရှိနိုင်တယ်… မင်းတို့က ဒီသဘောတရားတွေကို မှတ်ထားပြီး အရည်အသွေးတွေကို တိုးတက်လာအောင် ကြိုးစားမယ်လို့ ငါမျှော်လင့်တယ်..”
“အခုမင်းတို့ရဲ့ အချက်အပြုတ်ပညာနဲ့ ဖြတ်တောက်ခြင်း နည်းပညာတွေကို စစ်ဆေးမယ်… မင်းတို့နှစ်ယောက် တစ်ယောက်နဲ့တစ်ယောက်ယှဉ်ပြိုင်ပြီး တစ်နာရီအတွင်း ဟင်းပွဲအများဆုံး ချက်ပြုတ်နိုင်တဲ့ သူကပြစ်ဒဏ်ကင်းလွတ်ခွင့်ရမယ်…”
ပုဖန်က အသံတိုးတိုးနှင့် ပြောလိုက်သည်။ သူလည်း တပည့်တစ်ယောက် ဖြစ်ခဲ့ဖူးသောကြောင့် ကြိုးကြိုးစားစား လုပ်ကုင်ခြင်းက မည်မျှ အရေးကြီးကြောင်း သိနေလေသည်။ ရှောင်ရှောင်လုံနှင့် ယုဖူတို့၏ မီးဖိုခုံပေါ်တွင် တင်ထားသော မုန်လာဥနီအကြီးတစ်လုံး ရှိနေလေသည်။ ပုဖန်က သူတို့နှစ်ယောက်ကို တစ်နာရီအတွင် အလွှာပါးပါးလေးများ ဖြစ်အောင် ဖြတ်တောက်ခိုင်းလိုက်သည်။
ယုဖူက တည်တည်ငြိမ်ငြိမ်ပင် ရှိနေလေသည်။ သို့သော် သူနှင့် ခြားနားစွာပင် ရှောင်ရှောင်လုံ၏ မျက်နှာက မည်းမှောင်နေပြီး မျက်၀န်းများက တလည်လည် ဖြစ်နေကာ စိုးရိမ်ပူပန်နေလေသည်။