အပိုင်း ၂၇၇
Viewers 52k

အခန်း ၂၇၇ “တန်ခိုးရှင် ရှားယု၏ ကျရှုံးမှု…”


အဆောင်က လေထဲတွင် မီးလုံးတစ်လုံးကဲ့သို့ ရပ်တန့်နေသည်။ အဆောင်၏ ပတ်ပတ်လည်တွင် တောက်လောင်နေသော အပူချိန်များနှင့် ပြင်းထန်လှသော စွမ်းအင်လှိုင်းများ ဖြာထွက်နေကာ မှော်အစီအရင်ပုံစံတစ်ခု ဖြစ်ပေါ်လာသည်။ ထိုအစီအရင်ပုံစံမှ စွမ်းအင်များက ဆိုင်ငယ်လေးထံသို့ အရှိန်အဟုန်နှင့် ရိုက်ခတ်လာခဲ့သည်။


ကြောက်မက်ဖွယ်ရာ စွမ်းအင်များကြောင့် အင်ပါယာမြို့တော်ထဲမှ လူများ၏ စိတ်ထဲတွင် ကြောက်ရွံ့မှုနှင့် အားငယ်မှုများ ပြည့်နှက်လာသည်။ ထ်ိုစွမ်းအင်လှိုင်းများက တွင်းနက်ကြီးတစ်ခုကဲ့သို့ လူတိုင်းကို စုပ်ယူရန် ကြိုးစားနေသောကြောင့် သူတို့၏ စိတ်ထဲတွင် နက်နက်ရှိုင်းရှိုင်း တုန်လှုပ်နေကြသည်။


ဂျိချန်းရွဲ့က နေမင်းကဲ့သို့ တောက်ပနေသော အဆောင်ပြားကို ငေးကြည့်နေလိုက်သည်။ စူးရှသော အလင်းရောင်ကြောင့် သူ့မျက်လုံးများပင် နာကျင်သွားပြီး မျက်ရည်များ ကျလာလေသည်။ သို့သော် သူက ထိုအဆောင်ကို ဆက်ကြည့်နေလေသည်။ သူကိုယ်တိုင်က ထိုအဆောင်ပြာ၏ ကြောက်မက်ဖွယ်ရာ လွှမ်းမိုးနိုင်စွမ်းကို မြင်နေရလေသည်။


ထိုမီးလုံးအသေးလေးမှ ထွက်ပေါ်လာသော အဖျက်စွမ်းအင်က အားလုံးကို အကူအညီမဲ့စွာ ခံစားနေရစေလေသည်။


ပုဖန်ပင် မျက်လုံးများ ပြူးကျယ်နေပြီး အသက်ပြင်းပြင်းတစ်ချက် ရှိုက်လိုက်မိသည်။


“ဒါက တန်ခိုးရှင်တစ်ယောက် ပြုလုပ်ထားတဲ့အဆောင်လား… ဒီတော့ .. အဲဒီအဆောင်က ဘယ်လောက်တောင် ကြောက်စရာကောင်းမှာလည်း….”


ပုဖန်၏ စိတ်ထဲတွင် ပြင်းပြင်းထန်ထန် တုန်လှုပ်နေလေသည်။ လေထဲတွင် ပေါက်ကွဲနေသော အစီအရင်မှ ထွက်ပေါ်လာသော စွမ်းအင်များက သူ့ကို ထိတ်လန့်ကြောက်ရွံ့သွားစေသည်။ ပုဖန်က ခရီးထွက်သည့် အခါတိုင်းတွင် စနစ်၏ မှော်အစီအရင်ကို အသုံးပြုသောကြောင့် မှော်အစီအရင်များက သူ့အတွက် အထူးအဆန်း ဖြစ်မနေပေ။ သို့သော်လည်း ယခုမှော်အစီအရင်၏ ပေါက်ကွဲမှုက ပုဖန်၏ ယခင်ဘ၀မှ စစ်တပ်သုံး ဗုံးများကို အမှတ်ရသွားစေသည်။


ထိုအခြင်းအရာကြောင့် သူက မှော်အစီအရင်များအပေါ်တွင် အမြင်သစ်များ ရှိလာခဲ့သည်။


ဘန်း…


မှော်အစီအရင် ပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်လာသော စွမ်းအင်လှိုင်းများက လေထဲမှ တဟုန်တိုး ပြေး၀င်လာခဲ့သည်။ ဘလက်ကီက သူ၏ မျက်၀န်းများကို မှေးကျဉ်းလိုက်ပြီး ပတ်၀န်းကျင်အခြေအနေကို အကဲခတ်လိုက်သည်။ ထို့နောက် ကြီးမားလှသော ရေလွှမ်းမိုးနဂါးပေါ်မှ သူ၏ ပုံမှန်ပုံစံအတိုင်း မော်ကြွားစွာ လျောက်လှမ်းလာလိုက်သည်။


တုန်လှုပ်ဖွယ်ကောင်းလှသော မှော်အစီအရင်က ဘလက်ကီနှင့် တဖြည်းဖြည်းနီးကပ်လာလေသည်။ ပြင်းထန်လှသော လေပြင်းများ၏ တိုက်ခိုက်မှုကြောင့် ဘလက်ကီ၏ အမွှေးများပင် လွှင့်ခါနေလေသည်။ ဘလက်ကီ၏ မျက်၀န်းထဲမှ အဖြူရောင် အလင်းတစ်ချက် လင်းလက်သွားပြီး သူ၏ လက်ကို မြှောက်လိုက်သည်။


ထိုအချိန်တွင် ကမ္ဘာကြီးတစ်ခုလုံး ရပ်တန့်သွားသကဲ့သို့ ဖြစ်သွားပြီး ကြည်လင်လှသော အကာအကွယ်လွှာတစ်ခု ဖြစ်ပေါ်လာကာ အဆောင်ပြားကို ဖိနှိပ်ထိန်းချုပ်လိုက်လေသည်။ ထိုစွမ်းအင်အကာအကွယ်က အဆောင်ပြားကို သလင်းကျောက်တစ်ခုအဖြစ် ဆက်လက်ဖိနှိပ်နေသည်။ ထိုအရာမှလည်း မျက်စိကျိန်းစေလောက်သော အလင်းရောင်များ ထွက်ပေါ်နေလေသည်။


ဘလက်ကီက နှုတ်ခမ်းတွန့်လိုက်ပြီး ထိုအလုံးလေးကို ငြင်သာစွာ ပုတ်လိုက်သည်။ ထို့နောက် သူ၏ လက်ဖဝါးနှင့် ထိုအလင်းလုံးကို ရိုက်ထုတ်လိုက်ကာ ကြယ်ကြွေသကဲ့သို့သော အရှိန်နှင့် အဝေးသို့ လွင့်စင်သွားလေသည်။ ထို့နောက် လူတိုင်း၏ မြင်ကွင်းမှ ပျောက်ကွယ်သွားလေသည်။


ဘန်း…


အင်ပါယာမြို့တော်၏ အပြင်ဘက် ကွာဝေးသော နေရာတစ်ခုမှ ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာပြီး မြေပြင်က သိမ့်သိမ့်တုန်သွားကာ နက်မှောင်လှသော မီးခိုးငွေ့များ လေထဲသို့ တက်လာလေသည်။


ဘလက်ကီက လမ်းကြားလေးဆီသို့ ပြန်လည်ဆင်းသက်လာပြီး သမ်းဝေလိုက်ကာ ဆိုင်ဆီသို့ ပြန်လျောက်လာလိုက်သည်။ သူက မည်သည်ကို မျှ ဂရုမစိုက်တော့ပဲ သက်တောင့်သက်သာဖြစ်မည့် နေရာတစ်ခုတွင် လဲလျောင်းလိုက်သည်။


ဘေးနားမှ ထိတ်လန့်တုန်လှုပ်နေကြသော လူအုပ်ကြီးက ပျင်းရိဟန်နှင့် လဲလျောင်းနေသော ဘလက်ကီကို ပါးစပ်အဟောင်းသားနှင့် ကြည့်လိုက်ကြသည်။


အစောပိုင်းအချိန်က ကြောက်စရာကောင်းလှသော အဖျက်အစီး စွမ်းအင်များကို သူတို့အားလုံးရှင်းရှင်းလင်းလင်း ခံစားလိုက်ရပြီး ထိုစွမ်းအင်များကြောင့် သူတို့အားလုံး သေကြရမည်ဟု ထင်မှတ်ခဲ့ကြသည်။ သို့သော် ဘလက်ကီက ထိုအဖျက်အဆီး စွမ်းအင်များကို လက်ဝါးတစ်ချက်မျှနှင့် ဖယ်ရှားနိုင်ခဲ့လေသည်။


ဂျိချန်းရွဲ့၏ မျက်၀န်းများက မှုန်မှိုင်းနေဆဲ ဖြစ်သော်လည်း အကြောက်တရားမှ ပြန်လည်ကင်းလွတ်လာပြီဖြစ်သောကြောင့် စိတ်သက်သာရာ ရသွားပြီး သက်ပြင်းတစ်ချက် ချလိုက်သည်။ သူက ပျော်ရွှင်စရာ စိတ်ခံစားချက်ကြားမှပင် အင်ပါယာအတွက် ပို၍ သန်မာသည့် စစ်သည်တော်များကို လိုအပ်နေကြောင်း တွေးမိလိုက်သည်။


“အင်း… ဒီလိုမယုံနိုင်လောက်အောင် စွမ်းအားရှိတဲ့ လူမျိုးသာ အင်ပါယာကို ကာကွယ်ပေးထားမယ်ဆိုရင် ငါတို့ အဆင့်ရှစ် စစ်နတ်ဘုရားတွေ ကို ကြောက်စရာ မလိုတော့ဘူး….”


ရှောင်မိသားစုမှ သားအဖနှစ်ယောက်ကလည်း ဘလက်ကီကို ရိုသေလေးစားဟန်နှင့် ကြည့်လိုက်သည်။


“ဒါအဆင့်မြင့်သားရဲကြီးပဲ….”


“မယုံနိုင်လောက်စရာ စွမ်းရည်တွေနဲ့ အဆင့်မြင့်သားရဲ….”


ဘလက်ကီက ယခင်အချိန်က အကြိမ်အနည်းငယ်သာ ကြားဖြတ်ပါ၀င်ခဲ့သော်လည်း ယနေ့လောက် အံ့အားသင့်စရာ မကောင်းခဲ့ပေသည်။ ဘလက်ကီ၏ မခန့်မှန်းနိုင်လောက်အောင် ကြီးမားလှသည့် စွမ်းအင်များကို လူအားလုံးက သတိပြုမိသွားကြလေသည်။


ထိုအချိန်တွင် ဆိုင်အတွင်းမှ ခြေသံအချို့ ထွက်ပေါ်လာပြီး တည်ငြိမ်အေးဆေးသော အမူအယာနှင့် ပုဖန်ထွက်ပေါ်လာလေသည်။ ပုဖန်က ရေလွှမ်းမိုးနဂါးအနီးသို့ တိုးကပ်သွားလိုက်ပြီး နှုတ်ခမ်းတွန့်၍ ပြုံးလိုက်လေသည်။ ထို့နောက် ရေလွှမ်းမိုးနဂါးကို စနစ်၏ သိုလှောင်နယ်မြေအတွင်းသို့ ထည့်သိမ်းလိုက်သည်။


ပုဖန်က အားလုံးပြီးဆုံးသွားပြီးနောက် သူ၏ လက်နှစ်ဖက်ကို ရိုက်ခါလိုက်သည်။ ထို့နောက် သူ့နောက်မှ လူများကို တစ်ချက်ကြည့်လိုက်ပြီး ဆိုင်သို့ လျောက်လာလိုက်သည်။


“ဆိုင်က ပုံမှန်အတိုင်းပဲ ဖွင့်တယ်နော်… ငါတို့ရဲ့ စားသုံးသူတွေကို ကြိုဆိုပါတယ်…”


ပုဖန်၏ အေးတိအေးစက် အသံက အတွေးနက်နေကြသော လူများအားလုံးကို လက်ရှိအချိန်သို့ ပြန်ရောက်လာစေလေသည်။ သို့သော် မည်သူကမျှ စားချင်စိတ် မရှိကြပဲ ပုဖန်ကို နှုတ်ဆက်၍ ဆိုင်မှ ထွက်ခွာသွားကြလေသည်။


မကြာခင်မှာပင် ဆိုင်ထဲ၌ တိတ်ဆိတ်ခြောက်ကပ်သွားလေသည်။


ပုဖန်က ထိုအခြေအနေအတွက် စိတ်အနှောက်အယှက်မဖြစ်ပဲ အပေါက်၀တွင် လှဲနေသော ဘလက်ကီကို လှမ်းကြည့်လိုက်ပြီး ဆိုင်ထဲသို့ ပြန်၀င်သြွးလိုက်သည်။


…..


အင်ပါယာနန်းတော်သို့ ဂျိချန်းရွဲ့ ပြန်ရောက်ချိန်တွင် ရှောင်မန်နှင့် ရှောင်ယုတို့ က ခန်းမထဲသို့ ၀င်လာကြသည်။ မကြာသေးခင်မှပင် ရှောင်ယုက အဆင့်ခုနစ် သူတော်စင်အဆင့်သို့ ချိုးဖျက်တက်ရောက်နိုင်ခဲ့သည်။ ထိုသတင်းက အင်ပါယာအတွက် အလွန်ကောင်းမွန်လှသော သတင်းဖြစ်သော်လည်း လက်ရှိအချိန်တွင် ကြောက်မက်ဖွယ်ရာ ကောင်းသော တိုက်ပွဲကို မြင်တွေ့ခဲ့ရသောကြောင့် မည်သူကမျှ ရွှင်လန်းချမ်းမြေ့မှုကို မခံစားကြရချေ။


သူတို့ ကြုံတွေ့ခဲ့ရသော ကြောက်မက်ဖွယ်ရာ စွမ်းအင်များကို သူတော်စင်အဆင့်တစ်ယောက်က ကိုင်တွယ်နိုင်မည်မဟုတ်ပေ။ ရှောင်ယုက သူ၏ အဆင့်တက်မှုကြောင့် စိတ်လှုပ်ရှားမှုများ ပျောက်ကွယ်သွားပြီး ပို၍ သန်မာအားကောင်းလာရန်သာ တွေးနေလေသည်။



ခန္ဒာကိုယ်တစ်ခုလုံး သွေးများနှင့် ဖုံးလွှမ်းနေသော ရှားယုက လျင်မြန်လှသော အရှိန်နှုန်းနှင့် ထွက်ပြေးနေလေသည်။ သူ၏ မျက်နှာက မဲမှောင်တင်းမာနေပြီး သူ၏ မျက်၀န်းများထဲတွင် ကြောက်ရွံ့မှုများနှင့် ပြည့်နှက်နေလေသည်။


“ကြောက်စရာကောင်းလိုက်တာ… ဒါက တကယ့်ကိုပဲ ကြောက်စရာကောင်းတယ်… ဒီအနက်ရောင်ခွေး… ဒီခွေးက ကမ္ဘာပေါ်မှာ ဘယ်လိုဖြစ်လို့ ပေါ်လာတာလဲ…”


ထိုခွေးက တန်ခိုးရှင်တစ်ယောက် ပြုလုပ်ထားသော မှော်အစီအရင် ပေါက်ကွဲမှုကိုပင် ဟန့်တားနိုင်ခဲ့သည်။ ထိုမှော်အစီအရင်က နဂါးမြို့ဟောင်းအင်ပါယာ ရုံးတော်မှ တန်ခိုးရှင်တစ်ယောက်၏ ပစ္စည်းဖြစ်သည်။ သူက ကံကောင်းထောက်မစွာနှင့် ထိုမှော်အစီအရင်တစ်ခုကို ရရှိခဲ့ခြင်း ဖြစ်သည်။ ထိုအချိန်မှစ၍ မှော်အစီအရင်ကို သူ၏ ဝှက်ဖဲအဖြစ် သတ်မှတ်ထားခဲ့သည်။


မှော်အစီအရင် စွမ်းအားက တန်ခိုရှင်တစ်ယောက်ကိုပင် သေမတက် ရိုက်နှက်နိုင်လေသည်။ သို့သော် ထိုခွေးနက်ကြီးက….


ရှားယုက ထိုအချက်ကို သတိပြုမိသွားပြီး ခန္ဒာကိုယ်ပင် တုန်ယင်နေကာ သူ့နှလုံးသားထဲမှ သတ္တိများနှင့် မျှော်လင့်ချက်များပင် ပျောက်ကွယ်သွားလေသည်။


ယခုအချိန်တွင် သူက အကြီးအကျယ် ဆုံးရှုံးခဲ့ရသည်။ သူ၏ အဖိုးထိုက်တန်သော မှော်အစီအရင်ကို ဆုံးရှုံးလိုက်ရပြီး သူ့ခန္ဒာကိုယ်တွင်လည်း ဒဏ်ရာများစွာ ရရှိနေလေသည်။ သူ၏ ကြွက်သားများကို စုတ်ဖြဲနေသကဲ့သို့ နာကျင်နေလေသည်။ ကောင်းကင်ထက်တွင် သွေးနီရောင် သမ်းလာသည့် အချိန်၌ သူက အင်ပါယာမြို့တော်၏ အပြင်သို့ ထွက်လာလေသည်။


အဝေးဆီမှ တစ်စုံတစ်ခုကို ရှားယုက ရုတ်တရက် သတိပြုမိသွားပြီး မျက်၀န်းများက အေးခဲသွားလေသည်။ အဝေးတစ်နေရာမှ တလိမ့်လိမ့်တက်နေသော ဖုန်လုံးကြီးက သူ့ဆီသို့ ဦးတည်နေသည်ကို တွေ့လိုက်ရသည်။ ထိုသူများက အင်ပါယာမြို့တော်သို့ ဦးတည်လာသူများ ဖြစ်နိုင်လေသည်။ ယခုအချိန်တွင် ရှားယုက နာကျင်စွာ ခံစားနေရသောကြောင့် ဤနေရာမှ လွတ်မြောက်ရန်နှင့် ပြန်လည်သက်သာရန်သာ ဆန္ဒရှိနေလေသည်။


လူတန်းကြီးက တဖြည်းဖြည်း နှေးကွေးသွားပြီး လေထဲတွင် လေးကြိုးဆွဲသံတစ်ခု ထွက်ပေါ်လာသည်။ ထို့နောက် အနက်ရောင် မြှားတစ်စင်းက လေကို ခွင်း၍ ထွက်ပေါ်လာလေသည်။


“သေချင်နေတဲ့ နောက်တစ်ယောက် …”


ရှားယုက ဒေါသတကြီး ဖြစ်သွားလေသည်။ ထိုအဆင်အခြင်မဲ့လှသော လူများက သူ့ကို ရန်စနေလေသည်။ လက်ရှိအချိန်တွင် သူက ဒဏ်ရာအပြင်းအထန် ရရှိထားသော်လည်း သူ၏ ခန္ဒာကိုယ်ကြံ့ခိုင်မှုက တန်ခိုးရှင်အဆင့်သို့ ရောက်ရှိနေသည့် မြေရိုင်းလွင်ပြင်ဒေသ တတ်ိယဘုရားကျောင်းမှ ခေါင်းဆောင်တစ်ယောက် ဖြစ်သည်။


သူက ထိုသူများ၏ ရန်စမှုကို အလွယ်တကူ ဖြတ်ကျော်သွားရန် မတတ်နိုင်ပေ။ ရှားယုက ဒေါသတကြီး ကြုံးဝါးလိုက်ပြီး အောက်ဘက်သို့ လက်ဝါးရိုက်ချက်တစ်ချက် ရိုက်ချလိုက်သည်။ လေထုကိုပင် ဆုတ်ဖြဲသွားသော ထိုလက်ဝါးရိုက်ချက်နှင့် အနက်ရောင်မြှားနှင့် ထိခတ်မိသွားပြီး ကျယ်လောင်လှသော အသံတစ်ခု ထွက်ပေါ်လာလေသည်။


ဘန်း….


ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာပြီးနောက် ရထားလုံး၏ လိုက်ကာစများအောက်မှ ပုံရိပ်တစ်ခုက ကောင်းကင်ထက်သို့ ရောက်လာလေသည်။


“အံ့အားသင့်စရာပဲ… ငါတို့က မြေရိုင်းလွင်ပြင်ဒေသ တတိယဘုရာကျောင်းက အကြီးအကဲတစ်ယောက်ကို တွေ့နေရတာပဲ….”


“အိုး.. မင်းက ဒဏ်ရာအကြီးအကျယ်ရထားတာပဲ…”


လှောင်ပြောင်သရော်သည့် အသံတစ်ခုက အဘက်ဘက်သို့ ပြန့်နှံ့သွားလေသည်။


ရှားယု၏ မျက်၀န်းများက ကျဉ်းမြောင်းသွားပြီး သူ့ဆီသို့ ဦးတည်လာသော နောက်ထပ် အနက်ရောင်မြှားကို လေထုအကာအကွယ်နှင့် ပိတ်ဆို့လိုက်သည်။ သို့သော်လည်း ထိုမြှားက သူ၏ ခန္ဒာကိုယ်ကို ဖောက်ထွင်းသွားကာ သွေးများ လွင့်စင်ကျလာလေသည်။ ရှားယု၏ မျက်၀န်းထဲတွင် ကြောက်ရွံ့သည့် အရိပ်အယောင်များ ဖြစ်ပေါ်လာပြီး သူ၏ ရှေ့မှလူကို အံ့အားသင့်စွာနှင့် ကြည့်လိုက်သည်။


“တန်ခိုးရှင်တစ်ပိုင်းအဆင့်…”


သူ၏ရှေ့မှ ခါးကုန်းကုန်း အဖိုးအိူ၏ မျက်၀န်းများက တောက်ပနေပြီး လှောင်ပြောင်သရော်ဟန်နှင့် နှာခေါင်းရှုံ့လိုက်လေသည်။


“မင်းက ဒီလူအိုကြီးနဲ့ တွေ့ဆုံနေမှတော့ ဒီကထွက်သွားဖို့ မစဉ်းစားနဲ့တော့…”


စက္ကန့်ပိုင်းအတွင်းမှာပင် ထိုသူ၏ လက်ထဲ၌ အနက်ရောင်မြှားများ ပေါ်လာလေသည်။ ထိုမြှားများက အေးစက်မဲမှောင်လှသော စွမ်းအင်များ ထုတ်လွှတ်နေလေသည်။


အဖိုးအိုက လေးကြိုးကို ဆွဲတင်လိုက်ပြီး ရှားယုဆီသို့ မြှားများ ပစ်လွှတ်လိုက်သည်။ ထိုမြှားများက ထုတ်လွှတ်နေသော စွမ်းအင်များက ရှားယုကို မလှုပ်နိုင်အောင် ဖိအားပေးထားလေသည်။


ရှားယုက ဝှိုက်တီနှင့် တိုက်ခိုက်ပြီး ဒဏ်ရာများစွာ ရထားသောကြောင့် မြှားမှ ထွက်ပေါ်လာသော စွမ်းအင်များကို တောင့်ခံနိုင်စွမ်း မရှိတော့ချေ။ သူ၏ ခန္ဒာကိုယ်ကို မြှားသုံးချက်မျှ ထိပြီးနောက် ဟန်ချက်မထိန်းနိုင်တော့ပဲ လေထဲမှ ပြုတ်ကျသွားလေသည်။ ရှားယုက ထိုအခြေအနေကို လက်မခံနိုင်စွာနှင့် ကျယ်လောင်စွာအော်ဟစ်လိုက်သည်။


ထိုအချိန်တွင် မီးလျံများ ထွက်ပေါ်လာသော မြှားတစ်စင်းက ရှားယု၏ ဦးခေါင်းကို ထိုးဖောက်သွားလေသည်။ ခန္ဒာကိုယ်၏ ကြံ့ခိုင်မှု စွမ်းအားက တန်ခိုးရှင်အဆင့်သို့ ရောက်ရှိနေသော မြေရိုင်းလွင်ပြင်ဒေသ တတိယဘုရားကျောင်း၏ အကြီးအကဲခေါင်းဆောင်ရှားယုက သေဆုံးသွားပြီဖြစ်သည်။


ခါးကုန်းကုန်းနှင့် အကြီးအကဲက ကောင်းကင်ထက်မှ ဆင်းသက်လာကာ လေးကို အနောက်တွင် လွယ်လိုက်ပြီး ရှားယု၏ ခန္ဒာကိုယ်ရှိရာသို့ လျောက်လာလိုက်သည်။ မြေပြင်ပေးတွင် နက်ရှိုင်းလှသော ချိုင့်ကြီးတစ်ခု ဖြစ်ပေါ်နေပြီး ဘေးဘက်တွင် ကျောက်စကျောက်နများ လွင့်စင်နေလေသည်။ ထိုအကြိးအကဲက ရှားယု၏ ရုပ်အလောင်းကို ခါးကုန်း၍ ကြည့်လိုက်သည်။


“ခန္ဒာကိုယ်က တန်ခိုးရှင်အဆင့် ရောက်နေတဲ့ လူတစ်ယောက်…. သူသာ ဒဏ်ရာပြင်းပြင်းထန်ထန် မရထားဘူးဆိုရင် သူ့ကိုသတ်ရတာက တော်တော်ခက်ခဲမှာပဲ…”


ထိုသူက ခပ်တိုးတိုး ရယ်မောလိုက်သည်။ ထို့နောက် သူ၏ လက်တစ်ဖက်ကို မြှောက်၍ ရှားယု၏ အလောင်းပေါ်တွင် ထူးခြားဆန်းကျယ်သော အစီအရင်တစ်ခုကို ရေးဆွဲလိုက်လေသည်။


“တန်ခိုးရှင်အဆင့် အလောင်းတစ်ခု… ဘယ်လောင်တောင် ၀မ်းမြောက်ဖို့ ကောင်းလိုက်လဲ…”


ထိုသူက တဖြည်းဖြည်း ပုံစံဖြစ်တည်လာသော သွေးနီရောင် မှော်အစီအရင်ကို အားရကျေနပ်စွာ ကြည့်လိုက်သည်။ ထိုအစီအရင်က တဖြည်းဖြည်း လှည့်ပတ်လာပြီး ရှားယု၏ ခန္ဒာကိုယ်ထဲမှ စိတ်ဝိဥာဉ်ကို ဆွဲထုတ်နေသည်ဟု ထင်ရလေသည်။


အသံကို မကြားရသော်လည်း ရှားယု၏ စိတ်ဝိဥာဉ်က ကြောက်ရွံ့ထိတ်လန့်စွာ အော်ဟစ်နေသည်ဟု ခံစားနေရလေသည်။ ထိုသူက နှုတ်ခမ်းများကို လျှာဖြင့် သပ်လိုက်ပြီး သူ့အိတ်ထဲမှ ဝိဥာဉ်အက္ခရာတစ်ခုကို ထုတ်ယူ၍ ရှားယု၏စိတ်ဝိဥာဉ်ကို စုပ်ယူလိုက်လေသည်။


“အနည်းဆုံးတော့ သူ့ရဲ့ ဝိဥာဉ်ထွက်ခွာမသွားခင် မြန်မြန်လုပ်သင့်တယ်.. ဒီစိတ်ဝိဥာဉ် တွေက နတ်ဘုရားတစ်ပိုင်းအဆင့် လတ်နှက်တွေ ပြုလုပ်ရာမှာ အရေးပါတယ်… ငါတို့ ရှုရာဂိုဏ်းက နတ်ဘုရားတစ်ပိုင်းဆင့် လက်နှက်တွေက ဒီအင်ပါယာ သေးသေးလေးထဲမှာ ပျောက်ကွယ်သွားမယ်လို့ မမျှော်လင့်ခဲ့မိဘူး…”


ထိုသူက တိုးတိတ်စွာ သက်ပြင်တစ်ချက် ချလိုက်ပြီး လက်ကို ဝှေ့ရမ်း၍ ရှားယု၏ အလောင်းကို သိမ်းဆည်းလိုက်သည်။


တန်ခိုးရှင်အဆင့် ခန္ဒာကိုယ်နှင့် စစ်သည်တော်တစ်ယောက်၏ ရုပ်အလောင်းက အလွန်ရှားပါးလှပြီး သူတို့၏ ရှုရာဂိုဏ်းအတွက် အလွန်တန်ဖိုးရှိလှပေသည်။ ထိုအရာက ဂိုဏ်းအတွက် ရုပ်သေးပြုလုပ်ရာတွင် အကောင်းဆုံးပစ္စည်းပင် ဖြစ်သည်။


ထို့နောက် ထိုသူက ရထားလုံးရှိရာသို့ ပြန်လှည့်သွားလေသည်။


“ကဲ… ငါတို့ ခရီးဆက်ကြစို့ ငါတို့ရဲ့ ဦးတည်ချက်က လေအလင်းအင်ပါယာပဲ… အခုငါတို့ရဲ့ ပိုင်ဆိုင်မှုတွေကို ပြန်ယူဖို့ အချိန်ကျလာပြီ…..”