02
Viewers 2k

ဤသို့သော နွေဦးတွင် PEအချိန်က ထယ်ယောင်းအမုန်းဆုံးအချိန်ဖြစ်၏။ တစ်ကိုယ်လုံးချွေးတွေထွက်ပြီး ပူအိုက်စွာနေရသည်ကို မနှစ်မြို့ချေ။ 

သူကအရေပြားsensitiveသမားမို့ ပူလာလျှင် အသားတွေနီရဲပြီးယားလာတတ်သည်။


"ဘာဖြစ်နေတာလဲ မျက်နှာကြီးကမှုန်ကုပ်လို့"


ကလေးအဆီလေးတွေမပျောက်သေးသည့် ထယ်ယောင်း၏ပါးဖောင်းလေးကို ဆွဲရင်းဆိုလာသူကား လီဟျွန်းယောင်းဖြစ်၏။


"မင်းအခုပဲ ဘတ်စကတ်ဘော ကစားလာတာမလား"


ထယ်ယောင်း မလိုလားစွာဖြင့် မျက်နှာလေးမဲ့ကာဆိုရင်း ဟျွန်းယောင်း၏လက်ကိုပါ တွန်းထုတ်ပစ်ပြီး မျက်နှာကိုလည်း ပွတ်သုတ်ပစ်သည်။


"ဟုတ်တယ်လေ ဘာလို့လဲ"


"ဘာလို့လဲဟုတ်လား၊ မင်းတို့ခြေထောက်တွေနင်းထားတဲ့ မြေကြီးပေါ် အဲ့လက်နဲ့ ဘောလုံးကို ပုတ်ပုတ်ချထားတာလေ၊ ညစ်ပတ်တယ် ငါမကြိုက်ဘူး"


"မင်းက မိန်းကလေးလား ဒီလောက်အသန့်ကြိုက်ရအောင်"


"မင်းပဲ မိန်းကလေး၊ မင်းအဖေရော မင်းအစ်ကိုရော မိန်းကလေး "


ဖခင်နှင့်အစ်ကိုကိုပါ အလွတ်မပေးဘဲ ပြန်ကျိန်ဆဲလာသည့်ထယ်ယောင်းကြောင့် ဟျွန်းယောင်း အူယားစွာ ရယ်လိုက်မိပါ၏။


ထယ်ယောင်းကတော့ ဘောက်ဆတ်ဆတ်ဖြင့် ရေချိုးရန်ထွက်သွားချေပြီ။

သူ့ကိုကိုရှေ့၌ ရိုကျိုးကာလိမ္မာသေဝပ်သည့်ကြောင်ပေါက်လေးက အခြားလူများရှေ့တွင်တော့ လက်သည်းထုတ်ကာ မာန်ဖီတတ်သည့်ခြင်္သေ့ပေါက်လေးဖြစ်သွားတတ်ပါ၏။


ဂျောင်ဂု ချောင်းဆုန်းအထက်တန်းကျောင်းဟုရေးထားသောဝင်ပေါက်ရှေ့တွင် ကားစက်သတ်လိုက်၏။

သူကယခု တက္ကသိုလ်တက်နေပြီဖြစ်ရာ ထယ်ယောင်းနှင့်တစ်လမ်းထဲမဟုတ်တော့ချေ။

ထို့ကြောင့် ညနေတိုင်းလာကြိုပေးရ၏။


"ဟဲ့ ဂျောင်ဂု"


ရုတ်တရက် ကားမှန်အားခေါက်သံနှင့်အတူ ဘေးမှထွက်လာသော ရင်းနှီးမကရင်းနှီးလွန်းသော အသံ။

ဂျောင်ဂုကားထဲက ထွက်လိုက်သည်။


"ယူဂျင်း... နင်ကဒီကိုဘာလာလုပ်တာလဲ"


"နင့်ကားလို့ငါထင်တာမှန်သားပဲ၊ ငါ့ညီမကိုလာကြိုတာ သူကဒီမှာတက်တာလေ၊ ဒီနေ့အိမ်ကဒရိုင်ဘာ ခွင့်ယူထားလို့တဲ့၊ နင်ကရော"


"ငါက ဒီကိုနေ့တိုင်းလာနေကျ"


"အာ...နင့်ညီလေးလည်းဒီမှာလား"


ကြည့်ကောင်းလှသည့်ငယ်ရွယ်သူနှစ်ဦး အတူရပ်နေသည့်အခါ မြင်ကွင်းက မျက်စိပသာဒဖြစ်လှသည်။


ထိုအချိန်တွင် ကျောင်းချိန်ပြီး၍ ကျောင်းသားအုပ်ကြီးလည်း ထွက်လာကြပြီပင်။

ချောမောလှပလွန်းသည့် စီနီယာနှစ်ဦး ကျောင်းတံခါးဝတွင်အတူရပ်နေပုံက ထင်ရှားလှပေရာ ထွက်လာသမျှကလေးတိုင်းက မသိမသာခိုးကြည့်သွားကြသည်။

ယူဂျင်းက သိပ်မနေတတ်ပေမယ့် ဂျောင်ဂုက ထိုသို့သောအကြည့်များကို ကျင့်သားရနေသည့်အတိုင်း ထူးမခြားနားပင်။


ထယ်ယောင်းသည်လည်း အဝေးမှနေ၍ သူ့ကိုကိုကို တွေ့လိုက်ရသည်။

ပုံမှန်အားဖြင့် သူ့ကိုကိုက ကားထဲက ထွက်လေ့မရှိပါဘူး။

ဒီနေ့မှဘာလို့...။


ထယ်ယောင်အများကြီး မစဥ်းစားလိုက်ရပေ။ ကိုကို့ဘေးနားရှိ လှပသည့်အစ်မကြီးကို တစ်ချက်တည်းဖြင့် မြင်လိုက်ရပါ၏။

ကိုကိုကတော့ သူ့အားမြင်ပုံမရပါချေ။


ကိုကိုသဘောကျတဲ့ကောင်မလေးများလား။ သူကလှသားပဲ။


"ဘာလို့ရပ်လိုက်တာလဲ"


သူ့ဘေးမှ ဟျွန်းယောင်းကမေးသည်။ ဟျွန်းယောင်းက ထယ်ယောင်းပုခုံးကိုလက်တစ်ဖက်တင်ထားပြီး တစ်ဖက်က ဘတ်စကတ်ဘောလုံးကို ဖက်ထား၏။


"ဘာမှမဟုတ်ဘူး "


ထယ်ယောင်းခေါင်းယမ်းပြကာ ရှေ့ဆက်လျှောက်သွားလိုက်သည်။

ထိုအခိုက် ကောင်မလေးတစ်ယောက်က သူ့အားဖြတ်လျက် ပြေးသွားသည်။


"မမ၊ အာ စီနီယာဂျောင်ဂုရောပဲ"


ထယ်ယောင်း : "..."


နာယွန်းလား။ ဒီတော့ ဟိုအစ်မက နာယွန်းရဲ့မမပေါ့။ အာ... ဆိုတော့ ကိုကို့ကို နာယွန်းက သဘောကျပြီး ကိုကိုက နာယွန်းရဲ့မမကို သဘောကျနေတာပေါ့။


ထယ်ယောင်း ထိုဇာတ်ရှုပ်ကြီးကြောင့် ခေါင်းကိုက်သွားသည်။


"မမက စီနီယာ့ကို နာယွန်းဆီခေါ်လာပေးတာလား"


ဂျောင်ဂုကလည်း ယူဂျင်းအား စိုက်ကြည့်လိုက်သည်။


"ဒီတော့ ငါ့ခုံထဲကစာတွေလက်ချက်က နင်ပေါ့၊ နင့်ညီမကို ဘာလို့ငါ့ဆီထိုးကျွေးနေရတာလဲ"


"အာ... နင်ကလည်း ငါကသူ့ရဲ့ဆယ်ကျော်သက်အိမ်မက်လေးကို ဖြည့်ဆည်းပေးရုံပါ၊ နင်သူ့ကို ပြန်မကြိုက်ဘူးဆိုတာလည်း ငါသိတာပဲကို"


ဂျောင်ဂုမျက်ခုံးပင့်ကာ ဘာမှမဆိုတော့ပေ။ သူ့ခေါင်းလှည့်လိုက်တော့ ရင်းနှီးနေသည့်ပုံရိပ်လေးကို တွေ့လိုက်ရသည်။ မသိလိုက်ပါပဲ နှုတ်ခမ်းတွေတွန့်ကွေးသွားရသည်။ ထိုအပြုံးလေးက စက္ကန့်ပိုင်းလေးမျှသာ။


နီးကပ်လာမှထယ်ယောင်း၏ပုခုံးတစ်ဖက်မှလက်ကို မြင်မိပြီး ထိုမှတစ်ဆင့် ထယ်ယောင်းဘေးမှ အရပ်ရှည်ရှည်ကောင်လေးကို သတိပြုမိသွားသည်။


သူကမျက်နှာတစ်ချက်ပင်မပြောင်းပဲ ထယ်ယောင်းထံမှအိတ်ကိုလှမ်းယူလိုက်ရာ လူပါသူ့ဘက်ပါလာသည်။

အမှတ်မထင်ဟန်ဖြင့် ထယ်ယောင်း၏ညာဘက်ပုခုံးကို နှစ်ချက်မျှ ခါပေးလိုက်သေးသည်။


"ဖုန်တွေနဲ့ ညစ်ပတ်ချက်"


ဖြစ်စဥ်တစ်လျှောက်လုံး သူကဟျွန်းယောင်းထံ အကြည့်တစ်ချက်ပင် မပေးခဲ့ပေ။


"ဒီနေ့နောက်ဆုံးအချိန်ကPEမို့ပါ၊ ကျွန်တော်ရေချိုးလာပါတယ်၊ အဲဒါ မင်းကြောင့် ဟျွန်းယောင်း ၊ ရေချိုးပါပြောတာကိုမချိုးဘူး"


ထယ်ယောင်း ဟျွန်းယောင်းအား မကျေမနပ်အပြစ်တင်လိုက်သည်။


"ငါ့အမှားပါကွာ ၊ ဟုတ်ပြီလား"


ဟျွန်းယောင်းကအကျင့်ပါစွာ ထယ်ယောင်းပါးအားလိမ်ဆွဲရန်ပြုစဥ် ဂျောင်ဂုကမမြင်လိုက်သလို ထယ်ယောင်းအား အသင့်ဖွင့်ထားပြီးဖြစ်သည့် ကားတံခါးထဲ ထိုးထည့်လိုက်သည်။


"ပြန်ကြမယ်၊ အဖေကစောစောပြန်လာတဲ့"


လက်ကိုလေထဲတန်းလန်းထားရင်း ဟျွန်းယောင်းရှက်သွားသည်။

ထယ်ယောင်းအစ်ကိုက ဘာလို့သူ့ကိုမကြည်နေရတာလဲ။


"အဟမ်း!"


ယူဂျင်းက မနေနိုင်တော့ဘဲ ချောင်းဟမ့်လိုက်မိသည်။


"အော ယူဂျင်း ငါသွားပြီ"


ထို့နောက်တွင် ကားလေးက ဖြည်းဖြည်းမှန်မှန်မောင်းထွက်သွားတော့၏။