ဖူယွီကျွင်းပြောသည်က ကျိုးကြောင်းဆီလျော်မှုရှိသော်လည်း သူကိုယ်တိုင်စိတ်လိုလက်ရ ပြန်သွားရန် မဖြစ်နိုင်ပေ။
မူဧကရာဇ်က သူ့က်ိုမည်သို့အပြစ်ပေးမည်ကို မသိရှိသေးပေ။
ပို၍ သည်းမခံနိုင်ဆုံးအရာမှာ သူပြန်သွားပါက သူ့ဘဝတစ်ခုလုံးကို မူဧကရာဇ်၏လက်ထဲရောက်သွားသည့်သဘောဖြစ်၍ သူ့ကို အချိန်မရွေးသတ်ပစ်နိုင်သည်။
" ဖူယွီကျွင်း ကိုယ်တော်မင်းကို အခွင့်အရေးပေးမယ် ... ကိုယ်တော်က ဘုရင့်ကြင်ယာတော်ကို လာခေါ်တာ သူ့ကိုပြန်ပို့ပေးပါ ..."
ဧကရာဇ်က ပြောလိုက်သည်။
ထိုစကားထဲမှ အကြောင်းအရာများက ဖူယွီကျွင်းအတွက် လက်ခံရန် ခက်ခဲလွန်းနေသည်။ သူက သရော်ပြီး ပြတ်ပြတ်သားသား ပြောလိုက်သည်။
ဧကရာဇ်၏မျက်ဝန်းများက ဒေါသကြောင့် မည်းမှောင်ပြီး မှေးကျဉ်းသွားသည်။ နောက်ဆုံးတွင် အေးစက်စွာနှာမှုတ်၍ ပြောလိုက်သည်။
" ဒီလိုတောင် ဖြစ်လာမှတော့ ... ဟုန်ယဲ့ မင်းဘာကို စောင့်နေသေးတာလဲ ..."
ကြိုးဖြင့် ချည်နှောင်ထားရဟန်ဆောင်နေသည့်ဟုန်ယဲ့က ရုတ်တရက် တောင့်တင်းသွားသည်။ သူမသခင်၏ စကားပြောသည့်လေသံအရ အရာအားလုံးကို သိနှင့်ပြီးသားဟူသည့် သဘောပင်။
သူမ စိတ်အနှောင့်ယှက်ဖြစ်စွာဖြင့် အံကြိတ်ပြီး သူမအတွင်းအားများဖြင့် ကြိုးကို ဆုတ်ဖြဲလိုက်သည်။ ဖူယွီကျွင်း အံ့အားသင့်နေချိန်တွင် တစ်ဟုန်ထိုးပြေးဝင်လာပြီး လင်းရှောင်ကို ဖမ်းလိုက်သည်။ သူမက လင်းရှောင်ကို ဧကရာဇ်၏ဝေါယာဉ်ရှေ့တွင် ချထားလိုက်ပြီးနောက် ဒူးထောက်လိုက်သည်။
" အရှင်မင်းကြီး ... ဟုန်ယဲ့ ..."
ဟုန်ယဲ့က ခွင့်လွှတ်ပေးရန် တောင်းပန်မည့်အချိန်တွင် ကြာပွတ်တစ်ခုက ဝေါယာဉ်အတွင်းမှ ရုတ်တရက် ထွက်လာသည်။ ၎င်းက ဟုန်ယဲ့၏နှုတ်ခမ်းကိုထိသွားကာ အစင်းကြောင်းတစ်ခုဖြစ်လာပြီး အနည်းငယ် ဖူးယောင်သွားစေသည်။
နာကျင်မှုကြောင့် ဟုန်ယဲ့မျက်နှာတွင် မျက်ရည်များဝဲသွားသော်လည်း သူမ မအော်ရဲပေ။
ကြောက်လန့်နေသည့် လင်းရှောင်က ခေါင်းငုံ့ထားပြီး စကားတစ်လုံးမှ မပြောရဲပေ။
ရုတ်တရက် နောက်ထပ်ကြာပွတ်တစ်ချက်က ဝေါယာဉ်ပေါ်မှ ထွက်ကာ လင်းရှောင်ထံသို့ ဦးတည်လာနေသည်။ လင်းရှောင် ခေါင်းငုံ့ပြီး မျက်လုံးများ တင်းတင်းမှိတ်ထားလိုက်ပြီး နာကျင်မှုရောက်လာမည်ကို စောင့်နေမိသည်။
သို့ရာတွင် သူ၏ခါးကို အားပြင်းပြင်းဖြင့် ရှေ့သို့ဆွဲယူလိုက်သည်ကိုသာ ခံစားမိလိုက်သည်။
အံ့အားသင့်စွာဖြင့် မျက်လုံးဖွင့်လိုက်သည့်အခါ အော်ဟစ်မိမတတ်ဖြစ်သွားသည်။ ထိုအခါမှ ကြာပွတ်က သူ့ခါးတွင်ရစ်ပတ်နေပြီး ဧကရာဇ်၏ ဝေါယာဉ်မှ ခုံပေါ်သို့ ဆွဲယူနေသည်ကို မြင်လိုက်ရသည်။
ချည်ထည်လိုက်ကာစက်ု ဖြတ်သန်းသွားချိန်တွင် အနည်းငယ် ယားကျိကျိ ခံစားလိုက်ရသည်။ သူ သတိမထားမိချိန်မှာပင် လင်းရှောင်က ဧကရာဇ်၏ရှေ့သို့ ရောက်နေပြီဖြစ်သည်။
ဧကရာဇ်၏ ရင်ခွင်ထဲတွင် နွမ်းလျစွာ ခွေလဲသွားသည်။
ဧကရာဇ်၏ အကြည့်များက ယခင်ကဲ့သို့ အေးစက်နေဆဲဖြစ်သော်လည်း သူ၏ ခံ့ညားသောမျက်နှာတွင် အမျိုးအမည်မခွဲခြားနိုင်သော တစ်စုံတစ်ရာရှိနေသည်။
ကြောက်ရွံ့ခြင်းကြောင့် သို့မဟုတ် တစ်စုံတစ်ရာကြောင့် လင်းရှောင်၏နှလုံးသားက ပြင်းပြင်းထန်ထန် ခုန်လာသည်။
လင်းရှောင်က ဧကရာဇ်နှင့် မျက်နှာချင်းဆိုင်နေသည့်အနေအထားကို သတိထားမိ၍ အမြန်ထပြီး ဦးညွှတ်ရန် ပြင်လိုက်သော်လည်း ဧကရာဇ်က သူ့ကို ရင်ခွင်ထဲတွင် တင်းတင်းကျပ်ကျပ်ဖက်ထားသည်။ လင်းရှောင် တုန်ယင်နေပြီး တီးတိုးခေါ်လိုက်မိသည်။
" အ ... အရှင် ... အရှင်မင်းကြီး ကျွန်တော်မျိုး ..."
ဧကရာဇ်က မျက်ခုံးပင့်လိုက်ပြီး လင်းရှောင်၏ တုန်ယင်ကာ သတိထားနေသော အပြုအမူကို လေ့လာနေသည်။ ထို့နောက် လင်းရှောင်၏ခါးကို တင်းတင်းကျပ်ကျပ်ဖက်ထားပြီး မေးလိုက်သည်။
" အဲ့လောက်တောင် ကြောက်နေရင်လည်း ကိုယ်တော်စိတ်ဆိုးမယ့်ကိစ္စတွေ ဘာလို့လုပ်တာလဲ..."
“……” လင်းရှောင် အံကြိတ်ထားမိသည်။ သူမည်သို့ ပြန်ဖြေသင့်သည်ကို မသိသောကြောင့် ရွေးချယ်စရာမရှိပဲ ပြောလိုက်သည်မှာ ...
" လင်းရှောင် ခဏတာ မိုက်မဲမိသွားတာပါ ..."
" မိုက်မဲတယ်တဲ့လား ..."
ဧကရာဇ်က မျက်စောင်းထိုးပြီး ဖြည်းညှင်းစွာပြောလိုက်သည်။
" ဒါဆိုရင် မင်း မိုက်မဲနေခဲ့တာ အချိန်တော်တော်ကြာပြီပဲ ..."
လင်းရှောင် ခေါင်းငုံ့ထားသော်လည်း တစ်စုံတစ်ရာကို ပြောချင်သည့်ပုံစံ ဖြစ်နေသည်။
သို့ရာတွင် အပြင်ဘက်မှအသံများကြောင့် လင်းရှောင် လိုက်ကာစကို ကျော်၍ကြည့်လိုက်မိသည်။
လိုက်ကာစက မြင်ကွင်းကို မှုန်ဝါးစေသော်လည်း အပြင်ဘက်တွင် ဖြစ်ပျက်နေသည်ကို အနည်းနှင့်အများ မြင်ရဆဲဖြစ်သည်။
ကြည့်ရသည်မှာ ဖူယွီကျွင်းက လင်းရှောင် အဖမ်းခံလိုက်ရသည်ကိုမြင်၍ တစ်ဟုန်ထိုးပြေးလာပြီး ကယ်ဆယ်ရန်ပြင်သော်လည်း အန်းယာက ဟန့်တားလိုက်သဖြင့် တိုက်ခိုက်နေကြသည့်ပုံပင်။
လင်းရှောင် စိတ်ပူသွားသဖြင့် ဖူယွီကျွင်းကိုသာ ကြည့်နေမိသည်။ ဧကရာဇ်က မြင်သည့်အခါ ပင့်သက်ရှိုက်ပြီး လင်းရှောင်၏မေးစေ့ကိုကိုင်ကာ သူ့ဘက်ဆွဲယူလိုက်ပြီး သူ့ကို စူးစူးရဲရဲ ကြည့်နေသည်။
" သူ့ကို အရမ်းဂရုစိုက်တာပဲလား ..."
ဧကရာဇ်၏ မျက်လုံးများက ဒေါသကြောင့် မည်းနက်နေသည်။ သူ၏မျက်ဆံနှစ်ထပ်က မှင်ရောင်ကဲ့သို့ မည်းနက်နေကာ လင်းရှောင်ကို ပြင်းပြင်းထန်ထန် ဖိအားပေးနေသည်။ လင်းရှောင် အလိုအလျောက် ခေါင်းခါလိုက်မိသည်။
ဧကရာဇ်က အနည်းငယ်မျက်ခုံးပင့်ပြီး လင်းရှောင်၏ တုံ့ပြန်မှုကို စိတ်မပါတစ်ပါဖြင့် လက်ခံလိုက်သည်။
လင်းရှောင် သက်ပြင်းချလိုက်မိသည်။ ဧကရာဇ်၏ရင်ခွင်ထဲ ခေါင်းအပ်ထားပြီး ဤအခြေအနေကို မည်သို့ ကိုင်တွယ်ရမည်ကို စဉ်းစားနေမိသည်။
သို့ရာတွင် လင်းရှောင် မစဉ်းစားနိုင်မီမှာပင် အဝေးမှ တပ်မဟာကြီးတစ်ခု ချီတက်လာသည်။ ၎င်းတို့ကို ဦးဆောင်လာသူက ငွေရောင်သံချပ်ဝတ်ကို ဝတ်ဆင်၍ မြင်းဖြူကြီးတစ်ကောင်ကိုစီးပြီး ဖြည်းညှင်းစွာ ချဉ်းကပ်လာသည်။
ထိုတပ်ဖွဲ့ထဲမှ တစ်စုံတစ်ယောက်ကိုမှ မသိသော်လည်း ရှေ့ကလူ၏ပုံရိပ်ကို ရင်းနှီးနေသည်ဟု ခံစားမိလိုက်သည်။
လင်းရှောင်နှင့် ဧကရာဇ်တို့ရှိရာနှင့် မနီးမဝေးသို့ရောက်သောအခါ ထိုလူက မြင်းပေါ်မှဆင်းလာသည်။ ထို့နောက် ဝေါယာဉ်ရှိရာဘက်ကို လျှောက်လာပြီး တရိုတသေဖြင့် ဒူးထောက်လိုက်သည်။
" လန်ဝေ့ အရှင်မင်းကြီးကို အရိုအသေပြုပါတယ် ..."
" ဟင် ..."
ထိုလူက မည်သူဖြစ်ကြောင်းသိသောအခါ လင်းရှောင် မျက်လုံးများပြူးကျယ်ပြီး အံ့အားသင့်သွားသည်။
" ဘာများ ပြောစရာကျန်သေးလဲ ..."
ဧကရာဇ်က အေးစက်စွာပြောလိုက်သည်။
ခဏတာ မှင်သက်စွာရပ်နေပြီး ဒူးထောက်နေသည့်လန်ဝေ့က ချက်ချင်းသဘောပေါက်သွားသည်။ နောက်တစ်ကြိမ် ခေါင်းငုံ့လိုက်သည်။
" အရှင့် ကြင်ယာတော်ကို လန်ဝေ့ အရိုအသေပြုပါတယ် ... ကြင်ယာတော် နေထိုင်ကောင်းပါရဲ့လား ..."
“……” လင်းရှောင် လုံးဝဆွံ့အသွားသည်။
တစ်ဖက်မှ ဧကရာဇ်က စိတ်ကျေနပ်သွားပြီး မျက်လုံးများမှေးကျဉ်းကာ လက်ကာပြလိုက်သည်။
" ထလို့ရပြီ ..."
ရည်ရွယ်ချက်ရှိရှိလုပ်ခြင်း ဟုတ်မဟုတ် မသိသော်လည်း လန်ဝေ့က သူ့ကိုတစ်ချက်ကြည့်လိုက်သည်ကို လင်းရှောင် မြင်ဖြစ်အောင်မြင်လိုက်သည်။
" ကျေးဇူးကြီးလှပါတယ် အရှင်မင်းကြီး ..."
လန်ဝေ့က ဝေါယာဉ်၏အရှေ့တွင် ရပ်နေသည်။
လင်းရှောင် ထိတ်လန့်ပြီး နှလုံးခုန်နှုန်းများ မြန်ဆန်လာသည်။
ဒီလန်ဝေ့ကို ဧကရာဇ်ကိုယ်တိုင် မြို့တော်ကနေနှင်ထုတ်လိုက်တာလေ အခု စစ်သူကြီးဖြစ်နေတယ်တဲ့လား ...
ဘာတွေ ဖြစ်ပျက်ကုန်တာလဲ ...
လင်းရှောင်၏ စိတ်ရှုပ်ထွေးမှုကို သတိပြုလိုက်မိသဖြင့် ဧကရာဇ်က ထူးထူးခြားခြား ဝမ်းသာကြည်နူးနေသည့်ပုံဖြင့် ပြောလိုက်သည်။
" ကိစ္စတော်တော်များများ ဖြစ်ပျက်ခဲ့တယ် ... ကိုယ်တော်နောက်မှ ဖြည်းဖြည်းပြောပြပါမယ် ..."
လင်းရှောင် အံ့ဩသွားရသည်။ ဧကရာဇ်က မမျှော်လင့်ပဲ လက်ဦးမှုယူပြီး သူ့အတွက်တစ်စုံတစ်ခုပြုလုပ်ပေးနေသည်။ သူမနေနိုင်ပဲ ခေါင်းမော့၍ ဧကရာဇ်ကိုကြည့်လိုက်ချိန်တွင် သူ့ကိုနူးညံ့ညှင်သာသောအကြည့်များဖြင့် ပြန်ကြည့်နေသည်ကို မြင်လိုက်ရသည်။
သူ၏ မျက်ဆံနှစ်ထပ်ထဲတွင် ပျားရည်ကဲ့သို့ နူးညံ့ချိုသာမှုများပါဝင်သဖြင့် လင်းရှောင်၏ရင်ကို တဒိတ်ဒိတ်ခုန်လာစေသည်။ သူ ရှက်ရွံ့သွားသဖြင့် မျက်နှာတစ်ခုလုံး နီမြန်းသွားပြီး မသက်မသာဖြင့် ခေါင်းငုံ့လိုက်မိသည်။
လင်းရှောင်၏မျက်နှာ အနီရောင်သန်းနေပုံက လှပသော မက်မွန်သီးတစ်လုံးကဲ့သို့ပင်။ ထိုမျက်နှာလေးကိုမြင်သည့်အခါ လင်းရှောင်ကို သာယာမှုအထွတ်အထိပ်ကို ခံစားစေခဲ့သည့်ညကို ပြန်အမှတ်ရသွားသည်။ လင်းရှောင်၏ မျက်နှာအမူအယာကို ငေးမောနေစဉ်တွင် ဧကရာဇ်၏ စိတ်အခြေအနေက ပိုမိုကောင်းမွန်လာပြီး။သူ၏အမူအယာကလည်း ပျော်ရွှင်နေသည့်ပုံ ပေါ်လာသည်။
ကိုယ်ကို ကိုင်းညွှတ်လိုက်ပြီး ရှက်ရွံ့သဖြင့် နီရဲနေသော လင်းရှောင်၏ပါးပြင်ကို နမ်းလိုက်သည်။
နှုတ်ခမ်းပေါ်မှ နွေးထွေးစိုစွတ်သည့်အနမ်းကြောင့် လင်းရှောင် အနည်းငယ်ယားကျိကျိဖြစ်သွားသည်။ သို့ရာတွင် သူ၏မျက်နှာကလည်း ပူနွေးကာ အပူချိန်မြင့်တက်လာသည်ဟု ခံစားလိုက်ရပြီး ထခုန်မိမတတ်ဖြစ်သွားသည်။
လင်းရှောင်၏ ထိရှလွယ်သော တုံ့ပြန်မှာက ဧကရာဇ်ကို အနည်းငယ်လန့်သွားစေသည်။ ထို့နောက် လင်းရှောင်ကိုပို၍ တင်းတင်းကျပ်ကျပ်ဖက်ထားလိုက်ပြီး လွတ်မြောက်ခွင့်မပြုတော့ပေ။
လင်းရှောင် ဘာမှမလုပ်ပဲ ဧကရာဇ်၏ ရင်ခွင်ထဲတွင် ငြိမ်သက်စွာထိုင်နေသော်လည်း အဆက်မပြတ် တုန်ယင်နေသည်။ ခန္ဓာကိုယ်က တုန်ယင်နေသော်လည်း အောက်ဘက်မှ သူ့အရာက အဝတ်အစားများဖြင့် ပွတ်တိုက်မိသောကြောင့် အနည်းငယ်ထောင်မတ်လာသည်။
လင်းရှောင် အံကြိတ်ထားပြီး သူ့ကိုယ်သူ ဆူပူကြိမ်းမောင်းနေမိသည်။ ခြေထောက်နှစ်ဖက်ကိုစိ၍ သူ၏ တုံ့ပြန်မှုကိုဖုံးကွယ်ထားသော်လည်း။သူဂရုမစိုက်မိချိန်တွင် ထိုအရာက ဧကရာဇ်၏ပေါင်ကို သွားထိမိသည်။ လင်းရှောင် မှင်သက်သွားပြီး ဧကရာဇ်၏ အေးစက်နေသောမျက်လုံးများဖြင့် အကြည့်ချင်းဆုံမိသွားသည်။
လင်းရှောင်အလွန်ရှက်သွားသဖြင့် တွင်းတစ်တွင်းတူး၍သာ ဝင်နေချင်မိသော်လည်း သူ့အလိုလို ဧကရာဇ်၏ရင်ခွင်ထဲ ဝင်သွားမိသည်။ မျက်နှာတစ်ခုလုံး ပူပြင်းတောက်လောင်နေ၍ သူ့မျက်နှာက ချယ်ရီသီးတစ်လုံးကဲ့သို့ နီမြန်းနေတော့မည်ကို သိလိုက်သည်။
" ဟမ်း ..."
လင်းရှောင်၏ အောက်ဘက်မှတုံ့ပြန်မှုနှင့် အပြုအမူများကြောင့် ဧကရာဇ် ပြုံးမိသွားသည်။
" မင်းအောက်ကအရာလေးကလည်း မင်းလိုပဲ တော်တော်ချစ်စရာကောင်းတယ်လို့ ကိုယ်တော်တွေးမိတာ ပထမဆုံးပဲ ..."
ထိုစကားကိုကြားသည့်အခါ လင်းရှောင်၏နားထဲတွင် မိုးကြိုးပစ်သွားသကဲ့သို့ ခံစားလိုက်ရပြီး အသက်ရှုမြန်လာကာ ဧကရာဇ်၏အင်္ကျီစကို တင်းတင်းဆုပ်ထားလိုက်မိသည်။ ခြေထောက်များကို ပိုမိုဖိကပ်ထားလိုက်ကာ အောက်ဘက်ကသူ့အရာ ပျော့ခွေသွားမည့်အချိန်ကို စောင့်နေသည်။
ဟုန်ယဲ့က ဝေါယာဉ်၏ရှေ့တွင်ဒူးထောက်နေဆဲဖြစ်သည်။ ဧကရာဇ်၏ အမိန့်မရပဲ သူမ မတ်တပ်မရပ်ရဲပေ။ ဧကရာဇ်က အရာအားလုံးကို သိနေသည့်အတွက် သူမကို စောင့်ဆိုင်းနေသည့် တစ်ခုတည်းသောအရာက ပြစ်ဒဏ်သာဖြစ်ကြောင်းသိလိုက်မိသည်။
သူမက လင်းရှောင်၏ အပြုအမူများကို အစတည်းက လျစ်လျူရှု့ခဲ့သောကြောင့် ဤအခြေအနေသို့ ရောက်လာသည်အထိ ကိစ္စများစွာဖြစ်ပျက်ခဲ့ခြင်းဖြစ်သည်။
သူမ ယခင်ကစိတ်ကူးခဲ့သည်များက ယခုထက် ပိုမဆိုးနိုင်တော့ပေ။
အပြစ်ဒဏ်ကို ခံယူရန်အတွက် သူမပြင်ဆင်ထားပြီးဖြစ်သည်။ သို့ရာတွင် လင်းရှောင်က သူမသခင်၏ အစီအစဉ်များကို နှောင့်ယှက်ခဲ့သော်လည်း အပြစ်ပေးမခံရသည့်အပြင် ပိုမိုချစ်ခင်ခြင်းခံရမည်ကို သူမ သိလိုက်သည်။
သူမမျှော်လင့်ထားခဲ့သည့်အတိုင်း လင်းရှောင်က သူမသခင်၏ မျက်လုံးထဲတွင် အထူးခြားဆုံးဖြစ်သည်။
ဟုန်ယဲ့ တွေးနေစဉ်မှာပက် ဖူယွီကျွင်းနှင့် အန်းယာတို့ကြားမှ တိုက်ခိုက်မှုက အဆုံးသတ်လုနီးပြီဖြစ်သည်။
သူ၏ခွန်အားများကို အလွန်အကျွံ အသုံးပြုထားပြီး တိုက်ပွဲတွင် ဒဏ်ရာရထားသော ဖူယွီကျွင်းအတွက် အန်းယာကို ကြာကြာတိုက်ခိုက်ရန် ခက်ခဲလွန်းသည်။
ထို့အပြင် သူတို့၏နောက်တွင် လန်ဝေ့ခေါ်ဆောင်လာသည့်စစ်သားများက တိုက်ခိုက်ရန်အသင့်ဖြစ်နေသည်။
ဖူယွီကျွင်း၏ ခန္ဓာကိုယ်မှ ဒဏ်ရာများနှင့် သူ၏မျက်နှာ ဖြူဖျော့လာသည်ကို လင်းရှောင် မြင်လိုက်သည်။ ဖူယွီကျွင်းအတွက် ဧကရာဇ်ထံတွင် အသနားခံလိုသော်လည်း ဧကရာဇ်က တခြားလူအတွက် သက်ညှာမှုအား တောင်းဆိုပေးခြင်းကို အမုန်းတီးဆုံးဖြစ်ကြောင်း သူသိထားသည်။
အကယ်၍ ထိုသို့လုပ်မိပါက အကူအညီဖြစ်ရမည့်အစား ဖူယွီကျွင်းကို ဒုက္ခရောက်စေလိမ့်မည်။
လင်းရှောင် ဘာမှမပြောပဲ မျက်မှောင်ကြုတ်နေမိသည်။ ဧကရာဇ်က သူ၏အတွေးကိုသိဟန်ဖြင့် လက်ကာပြလိုက်သည်။ လန်ဝေ့က ချက်ချင်းသဘောပေါက်သွားပြီး တိုက်ခိုက်နေသည်ကို ရပ်ခိုင်းလိုက်၍ အန်းယာလည်း ရပ်တန့်သွားသည်။
ဖူယွီကျွင်း ဓားကိုမြှောက်ထားပြီး အသက်ပြင်းပြင်းရှုနေရသည်။ ရှောင်ဖုန်းက စစ်သားအနည်းငယ်ကိုခေါ်ဆောင်၍ ဖူယွီကျွင်း၏ဘေးကိုရောက်လာပြီး သူ့ကို ကာကွယ်ပေးထားသည်။
ဧကရာဇ်က သူ့ရင်ခွင်ထဲမှ လင်းရှောင်ကို ငုံ့ကြည့်ကာပြောလိုက်သည်။
" ကိုယ်တော်သူ့ကို လွှတ်ပေးလိုက်လို့ရပါတယ် ဒါပေမဲ့ မင်းကတော့ ကိုယ်တော်နဲ့ ပြန်လိုက်လာရမယ် ... ပြီးတော့ သူနဲ့ မျက်နှာချင်းဆိုင်စရာအကြောင်း မရှိရတော့ဘူး ..."
လင်းရှောင် ခဏတာ အံ့အားသင့်သွားပြီး မိန်းမောနေပြီးနောက် ဧကရာဇ်က သူ့ကိုပြောနေကြောင်းသိလိုက်ရသည်။
မင်းကြီးက ဖူယွီကျွင်းကို လွှတ်ပေးမှာလား ...
လင်းရှောင် အံ့ဩတကြီးဖြင့် ခေါင်းမော့ကြည့်လိုက်သော်လည်း ဧကရာဇ်၏အကြည့်က မပြတ်သားသည်ကို မြင်လိုက်ရသည်။
သူ၏မျက်ဆံနှစ်ထပ်အတွင်းမှ အကြည့်က ရှင်းလင်းနေသည်။
' ကိုယ်တော် မင်းကြောင့် သူ့ကိုလွှတ်ပေးလိုက်တာ '
လင်းရှောင်ရင်ထဲ တုန်လှုပ်သွားပြီး ခေါင်းအမြန်ငုံ့ကာ မျက်တောင်တဖျတ်ဖျတ်ခတ်နေသည်။ ဧကရာဇ်က သူ့အတွက် လုပ်ပေးခြင်းဖြစ်၍ စိတ်ထဲ ထင်ယောင်ထင်မှားဖြစ်နေသည်ဟုပင် ထင်လိုက်မိသည်။
" ဘယ်လိုလဲ ..."
လင်းရှောင်က ကြာမြှင့်စွာတိတ်ဆိတ်နေသောကြောင့် ဧကရာဇ်က စိတ်မရှည်ဖြစ်လာသည်။ သူက ထပ်မစောင့်နိုင်တော့ပဲ လင်းရှောင်၏မေးစေ့ကို ဆုပ်ကိုင်၍ သူနှင့် အကြည့်ချင်းဆုံစေလိုက်ပြီး မေးလိုက်သည်။
ဖူယွီကျွင်း အံကြိတ်နေသည်။ သူက လိုက်ကာနောက်မှ လူနှစ်ယောက်ကို စူးစူးရဲရဲကြည့်နေသည့်အတွက် ထိုနှစ်ယောက်၏ ခန္ဓာကိုယ်တွင် အပေါက်ဖြစ်သွားမည်ဟုပင် ထင်ရသည်။
သူရှေ့သို့လျှောက်လာပြီး မလိုမုန်းတီးစွာဖြင့် ပြောလိုက်သည်။
" သူ သဘောမတူရင်တောင် သူ့ကိုမင်းကြီးနဲ့ အတင်းခေါ်သွားလို့ရတာပဲ ... ဘာလို့မေးနေသေးတာလဲ ..."
ဧကရာဇ်က စိတ်မကြည်လင်စွာဖြင့် မျက်လုံးများ မှေးကျဉ်းထားသည်။
" ကိုယ်တော်မင်းကို စကားပြောခွင့်ပြုလို့လား ..."
ထိုသို့ပြောပြီးနောက် ဧကရာဇ်၏ ပုံစံက ဒေါသထွက်လာသည့်ပုံပင်။ သူ၏ ခမ်းနားထည်ဝါသော ရောင်ဝါက ဝေါယာဉ်ပေါ်မှ ထွက်လာကာ အပြင်ဘက်မှလူများကို ခေါင်းငုံ့ပြီး ချွေးစေးများ စီးကျလာစေသည်။
အဝေးတွင်ရပ်နေသည့် ဖူယွီကျွင်းသည်ပင် အလွှမ်းမိုးခံလိုက်ရသည်။ အံကြိတ်ကာ သူ၏ခန္ဓာကိုယ် တသိမ့်သိမ့်တုန်လာမည်ကို တောင့်ခံထားသည်။ သူက လေသံမာမာဖြင့် ပြောလိုက်သည်။
" ကျုပ် စကားပြောဖို့ မင်းကြီးရဲ့ ခွင့်ပြုချက် လိုလို့လား ..."