Chapter 4
Viewers 9k

အပိုင်း(၄)


ကျီရှောင်အုံးတစ်ယောက် ကောင်းကင်အလင်းမရောက်ခင် အိပ်ရာနိုးလာခဲ့ပြီး သူမ ပစ္စည်းတွေကို ပြန်လည်သိမ်းဆည်းလိုက်ခဲ့တယ်။ ကျားသစ်လေးရဲ့ပတ်တီးကိုလည်း အသစ်လဲပေးလိုက်ပြီးတော့ အနာကျက်ဆေးထည့်ပေးလိုက်ကာ သူမ တစ်ယောက်တည်းသာ တောင်ပေါ်တက်ခဲ့လိုက်တော့တယ်။


တောင်က အလွန်မြင့်မား၍ တိတ်ဆိတ်နေလေသည်။


တောင်ရဲ့နေရာတော်တော်များများက မတ်စောက်လို့နေပြီး အဆင်းကလည်း ၉၀ ဒီဂရီတောင် ရှိ‌ေနခဲ့တယ်။


ကျီရှောင်အုံး သူမ သွားတွေကို တင်းတင်းစေ့လိုက်ပြီး အားကစားအဖွဲ့ဝင် ချန်ပင်းပိုင်ဆိုင်တဲ့ပစ္စည်းတွေကို သုံးလိုက်ပြီးမှ နောက်ဆုံးတွင်တော့ မမှောင်ခင်မှာ တောင်ထိပ်သို့ ရောက်အောင်တက်နိုင်သွားလေတယ်။


သူမ လက်ပတ်နာရီကို ငုံ့ကြည့်လိုက်တော့ ၅နာရီ၄၃ မိနစ်ရှိနေခဲ့တယ်။


' ခရီးစဉ်တစ်ခုလုံးက ၁၂ နာရီနီးပါး ကြာသွားခဲ့တာပဲ။'


တောင်ထိပ်တွင် မတ်တပ်ရပ်နေရင်းနဲ့မိနစ်တော်တော်များများအား အသက်ရှူသွင်းလိုက်ကာ အမောဖြေလိုက်ရတယ်၊ မကြာခင်မှာပဲ ကျီရှောင်အုံးတစ်ယောက် အတွေးများနဲ့ အလွန်ဝမ်းသာသွားခဲ့ပါတယ်၊ ဘာလို့လဲဆိုတော့ သူမအတန်းဖော်တွေနဲ့ဆရာတွေကို ဒီလမ်းမှာ ပြန်ဆုံနိုင်မယ်လို့ လုံးဝ မျှော်လင့်မထားတာကြောင့်ပါပဲ။


'သူတို့တွေ ဒီနှစ်ရက်အတောအတွင်း သူမကို လိုက်ရှာမှရှာနေပါ့မလား။'


'သူတို့တတွေ သူမ မိဘတွေကိုရော အကြောင်းကြားပြီးရဲ့လား။'


'သူမအမေနဲ့အဖေသာ သူမ ချောက်ကမ်းပါးကနေပြုတ်ကျမှန်းသိခဲ့ရင် သူတို့တွေထိတ်လန့်လို့နေမလား။'


ဒါပေမဲ့ သူမမျက်နှာက တောင်ထိပ်ပတ်ဝန်းကျင်ကို ‌တွေ့လိုက်စဉ်မှာတော့ မဲမှောင်ကျသွားကာ ပြောစရာစကားတောင် မရှိတော့ပေ။


တောင်ထိပ်က သာမာန်တောင်ထိပ်သက်သက်ပဲ ဖြစ်နေလေတယ်။ တောင်ကမ်းပါးတစ်လျှောက် နှုတ်ဆက်နေတဲ့ ထင်းရှူးပင်အချို့က ပေါက်ရောက်နေပြီး အဲဒီအကျော်တွင်တော့ မိုးပြာရောင်ပျံ့ကျဲနေတဲ့ ကောင်းကင်ကြီးတစ်ခုရှိနေတယ်။ ဘာကို ဘာမှ မရှိခဲ့ချေ။


'သူမ ပြုတ်ကျခဲ့တဲ့ ချောက်ကမ်းပါးက ဘယ်နေရာမှာများလဲ။'


'ကျောင်းကားကို တွေ့မဲ့ G80 အဝေးပြေးလမ်းမကရော ဘယ်မှာလဲ။'


သူမရှေ့တွင်တော့ စိမ်းလန်းစိုပြေနေတဲ့ သစ်ပင်ခြုံနွယ်တွေ ဖုံးအုပ်ထားတဲ့ တောင်တန်းတွေက သူမ မျက်စိတစ်ဆုံး ရှိနေခဲ့ပါတယ်။


မြင့်မားတဲ့တောင်တန်းတွေက လေးဘက် လေးတန်လုံးတွင် ဝန်းရံနေခဲ့ကာ သူမက ချိုင့်ဝှမ်အကြီးကြီးတစ်ခုလို အလယ်က လျှိုမြောင်လေးတစ်ခုပေါ်တွင် မတ်တပ်ရပ်နေခဲ့တယ်။


ဒီချိုင့်ဝှမ်းက ကျက်တီးကုန်းမြေမဟုတ်ပေမဲ့လည်း ကျီရှောင်အုံးတောင် ဘာပင်မှန်းမသိရတဲ့ ကြီးထွားပေါက်ရောက်နေတဲ့ သစ်ပင်တွေအများကြီး ရှိနေခဲ့ပါတယ်။


တောင်ဝှမ်းတွေကိုဖြတ်ကာ စမ်းချောင်းတစ်ခုက စက်ဝိုင်းပုံပတ်ပတ်လည် စီးဆင်းလျက်ရှိနေပြီး မနေ့က ကျီရှောင်အုံး ဖြတ်ကူးလာတဲ့ စမ်းချောင်းပင်ဖြစ်တယ်။


သာမန်အားဖြင့် ကြည့်လိုက်မယ်ဆို တောင်တန်းတွေက ကမ္ဘာကြီး အဆုံးအဆမရှိ ဖျန့်ကျက်နေကာ မြစ်ပြင်က တောင်တန်းတွေကို ကွေ့ကာပတ်ကာ စီးဆင်းနေခဲ့ပါတယ်။ မရင်းနှီး၊ အကျွမ်းအဝင်မရှိတဲ့ ကမ္ဘာလောကတစ်ခုက ကျီရှောင်အုံးရဲ့ ရှေ့မှောက်တွင် ခင်းကျင်းပြထားခဲ့လေတယ်။


'သူမနဲ့ လုံးဝအဆက်အစပ်မရှိတဲ့ ကမ္ဘာလောကတစ်ခုပါလား။'


ကျီရှောင်အုံးတစ်ယောက် သူမလက်တွေနဲ့ ဖြေးဖြေးချင်း သူမကိုယ်ကို တင်းကျပ်စွာ ယှက်ဆုပ်လိုက်ရင်း သူမကိုယ်ခန္တာက သိမ့်သိမ့်ကလေး တုန်ရင်လာခဲ့တယ်။ သူမ မသိတဲ့ဒီကမ္ဘာကြီးကို မျက်တောင်မခတ်ဘဲ စီး၍ကြည့်လိုက်တော့တယ်။


သံသယအရိပ်အယောင်က သူမနှလုံးသားထဲမှာ နက်နက်ရှိုင်းရှိုင်း ဖိသိပ်လိုက်ပြီး နောက်ဆုံးတွင်တော့ အတည်ပြုလိုက်နိုင်ခဲ့ပါတယ်။


'ဒီကမ္ဘာက သူမ ကမ္ဘာကြီးမဟုတ်ဘူးပဲ။'


'သူမ ဖြတ်သန်းဝင်လာမိတာပဲ။'


သူမ နှလုံးသားထဲက အတွေးတွေက ထင်ရှားပေါ်လွင်လာခဲ့သလို နာရီကလည်း ခြောက်နာရီတိတိသို့ ကျရောက်သွားခဲ့ကာ အရာအားလုံးက ချက်ချင်းလက်ငင်းပင် အမှောင်ထုထဲသို့ ကျဆင်းသွားတော့တယ်။


ဒီနေရာက အဆင့်အတန်း အမြင့်-အနိမ့်တွေမရှိ သိပ္ပံပညာမရှိ နည်းပညာဆိုတာမရှိ၊ ဘာဖုန်းလိုင်းမှမရှိ.... ဘာနေဝင် နေထွက်ချိန်တောင်မှ ရှိမနေချေ။


ကျီ‌ရှောင်အုံး မတ်မတ်ထရပ်လိုက်ပြီး တစ်ပြိုင်နက်တည်းမှာပဲ သူမနှလုံးသည်းခြေက ရှုးသွပ်သွားလုမတတ် ဖြစ်ပေါ်သွားတော့တယ်။


တုန်လှုပ်ခြောက်ခြား စိတ်ရှုပ်ထွေးစွာနဲ့ သူမ ပိုလိုတောင်မှ မူးဝေနောက်ကျိလို့သွားခဲ့တယ်။


'ဘာလို့ သူမ ဒီနေရာကို ရောက်လာတာများလဲ။'


'သူမ ဘယ်လိုပြန်သွားရမှာလဲ။'


'တကယ်လို့ သူမသာ ပြန်မသွားနိုင်ဘူးဆိုရင် ဒီနေရာမှာ သူမဘယ်လိုဆက်နေထိုင်သွားရမှာလဲ။'


ကျီရှောင်အုံး အိပ်လို့လဲမရခဲ့။ အဲဒီအစား တစ်ညလုံးလုံး တောင်ထိပ်မှာ သူမ ခြေထောက်တင်ပလ္လင်ခွေချိတ်ထိုင်နေခဲ့လိုက်တယ်။


ဒီနေရာက နေ့နဲ့ညရဲ့အပူချိန်ကွာခြားချက်က အလွန်ကွာခြားလှသည်။ ညဘက်မှာကျ အရမ်းအေးနေပြီး သူမက အဖြူရောင်စွတ်ကျယ်တစ်ထည်နဲ့အတူ ဘေ့စ်ဘောအနက်ရောင်အင်္ကျီနဲ့ အဝကျယ်တဲ့ဘောင်းဘီပွပွ တစ်ထပ်ပါးပါးသာ ဝတ်ထားခဲ့တာဖြစ်တော့ အရမ်းကြီးနွေး‌နွေးထွေးထွေး ဖြစ်မနေခဲ့ပေ။ နောက်တစ်နေ့ရောက်တော့ သူမခေါင်းတွေ မူးဝေလို့သွားခဲ့တယ်။


သူမရဲ့အဖြစ်အပျက်ကို တစ်ညလုံးလုံး လက်ခံနိုင်အောင် ခြေဖျက်လိုက်ပြီးနောက်မှာမှ ကျီရှောင်အုံး သူမစိတ်ထဲမှာ ဖြေဆည်နိုင်သွားခဲ့ပါတယ်။


သူမ ဒီနေရာကို ဘာလို့ရောက်လာတာကို မပြောပါနဲ့ဦး၊ သူမ ပြန်သွားလို့မရနိုင်တော့တည်းက သူမ ဒီနေရာမှာ နေထိုင်ဖို့နည်းလမ်းရှာဖို့ လိုလာပြီဖြစ်တယ်။


ဒီလိုအတွေးနဲ့ ကျီရှောင်အုံး သူမ စိတ်ဓာတ် ပြန်တက်သွားလိုက်ကာ သူမရဲ့ဆေးသေတ္တာထဲက အအေးမိပျောက်ဆေးနှစ်လုံးကို ယူ၍ ရေနဲ့‌မြော သောက်ချလိုက်တယ်။


သူမရဲ့နေရာလွတ်ထဲမှ ပေါင်မုန့်နှစ်ချပ်လည်း ယူလိုက်ကာ နို့နဲ့မြောချကာ စားသောက်လိုက်တယ်။ သူမ အစာ စားပြီးသွားတော့ သူမ တောင်ပေါ်ကနေဆင်းရန် ပြင်လိုက်တယ်။


တောင်အဆင်းလမ်းက ပို၍ခက်ခဲကာ အတက်ထက် အန္တရာယ်ပိုများလေတယ်၊ ဒီတော့ ကျီရှောင်အုံးက နှေးနှေးချင်းပဲ ဆင်းလိုက်ခဲ့တယ်။ နေ့လယ်သုံးနာရီထိုးရောက်ကာမှ သူမမှာ တောင်ဆင်း တစ်ဝက်ပဲ ဆင်းနိုင်နေသေးတယ်။


ဒီလမ်းအပိုင်းက စိမ်းစိုနေတဲ့သစ်ပင်တွေနဲ့ ဖုံးလွှမ်းနေကာ အရွက်တွေက ကျီရှောင်အုံးရဲ့ လက်ဖဝါးတစ်ဖက်စာထက်တောင် ကြီးမားနေခဲ့တယ်၊ သစ်ပင်ထိပ်တိုင်းတွင်လည်း ပန်းနုရောင်ပန်းပွင့်လေး တစ်ပွင့် နှစ်ပွင့် စီပွင့်လို့တောင်နေခဲ့တယ်။ သည်ပန်းတွေပတ်လည်မှာလည်း ယင်ပျားတွေ အများကြီးက တဝီဝီနဲ့ ဝဲပျံလို့နေခဲ့တယ်၊ ကျီရှောင်အုံးရဲ့နောက်ကျောဘက်အင်္ကျီအရောင်က အနီရောင်တောက်တောက်မို့ သူတို့တွေကို ဆွဲဆောင်မိသလိုဖြစ်ကာ သူမပတ်လည်မှာပါ လာပျံဝဲနေခဲ့တယ်။


ကျီရှောင်အုံးက သူမငယ်ငယ်လေးတည်းက ပိုးကောင်မွားကောင်ဆို ကြောက်တတ်သူဖြစ်တယ်။ အစကတော့ ခြင်ဖျန်းဆေးသုံးကာ မောင်းထုတ်နိုင်ပေမဲ့ သည်ပိုးမွှားကောင်တွေက တဖြေးဖြေးနဲ့ sprayဘူးကို ခံနိုင်ရည်ရှိလာကာ ပိုလို့တောင် များလာခဲ့တော့တယ်။


ဒီပိုးမွှားတွေ ကိုက်ခံရတာကြောင့် သူမအသားအရေက ချက်ချင်းပင် ယောင်ကာ ယားယံလာတော့တယ်။ ကျီရှောင်အုံး မနေနိုင်ဘဲ ကုတ်လိုက်မိတော့ သူမလက်ပြင်တစ်ခုလုံးက ခဏချင်း နီရဲလို့လာခဲ့တော့တယ်။


ကျီရှောင်အုံး မကုတ်ရဲတော့ပေ၊ ဒါပေမဲ့ ဒီလမ်းကို ရှေ့ဆက်မသွားတော့ဖို့ ချက်ချင်း ဆုံးဖြတ်လိုက်ရတယ်။


သူမ ဘေးပတ်လည်ကို ကြည့်လိုက်တော့ သူမနဲ့မျက်နှာချင်းဆိုင်တည့်တည့်က သစ်ပင်တစ်ပင်မှာတော့ ပိုးကောင်တွေ ရှိမနေတာ တွေ့လိုက်ရတယ်။ သူတို့တွေ ပျံဝဲမလို့ သွားခဲ့တာတောင် ယင်ပျားကောင်တွေက ချက်ချင်းပင် လှည့်ပြန်ပြေးသွားခဲ့တယ်။


သစ်ပင်အမြစ်တွေက ထူးခြားတာမရှိပေမဲ့ အဲဒီအောက်တွင်တော့ တောနှံပင်လိုမျိုး အပင်တစ်ပင်ရှိနေတာကို တွေ့လိုက်ခဲ့တယ်။


ကျီရှောင်အုံးရဲ့မျက်လုံးများက တောက်ပသွားကာ သစ်ပင်ရှိရာသို့ အလင်းလိုအရှိန်နှုန်းနဲ့ အပြေးအလွှားသွားလိုက်ခဲ့တယ်။


လှည့်ပတ်ကြည့်လိုက်တော့ ဒီပိုးကောင်တွေက ဒီအပင်နားမှာ လုံးဝရှိမနေတာကို သူမ တွေ့လိုက်ရတယ်၊ ပိုးကောင်တွေက သူမခေါင်း အပေါ် တွင် ပတ်ပတ်လည်ဝန်းရံနေတာကနေ အခုတော့ အုပ်စုကွဲသွားတော့လေသည်။


ဒီအပင်မျိုးစားက အနံ့ဖျော့ဖျော့လေးရှိကာ လူတွေအပေါ် သက်ရောက်မှုမရှိနိုင်ပေမဲ့ ပိုးမွှားကောင်တွေအတွက် အလွန်သည်းမခံနိုင်စရာအနံ့ဖြစ်နေခဲ့သည်။


ဒီတော့ သူတို့တတွေ နီးကပ်အောင် လာလို့မရခဲ့တာပဲဖြစ်တယ်။


ပိုးကောင်တွေကို ခဏတစ်ဖြုတ်ရှောင်ဖို့ ကျီရှောင်အုံးက တောနှံကောင်ပင်တော်တော်များများကို နှုတ်လိုက်၍ ပတ်တီးစဖြူနဲ့ ပတ်လိုက်ကာ ရိုးရှင်းတဲ့အမွှေးအိတ်လေးတစ်ခု လုပ်လိုက်ခဲ့တယ်။


သူမ လုပ်လိုက်ပြီးသွားတော့ စိတ်ကျေနပ်စွာနဲ့ ကြည့်လိုက်ပြီး သူမခြေထောက်ကိုကြွ၍ ထွက်သွားမလို့လုပ်လိုက်စဉ်မှာတော့ သူမဖိနပ်ထိပ်ဖျားက တစ်စုံတစ်ခုအား ကန်‌ကျောက်မိလိုက်ခဲ့တယ်။


ထိုအရာက မာမာကျောက်ကျောက် ကျောက်တုံးတစ်တုံးလိုပင်။


ကျီရှောင်အုံး စိတ်ရှုပ်သွားပြီး သူမ ခေါင်းကို ငုံ့ကြည့်လိုက်‌တော့ မြက်ပင်တွေကြားထဲတွင် ထိုးထွက်နေတဲ့ ကြီးမားတဲ့သမင်ချိုကြီးနှစ်ချောင်းအား တွေ့လိုက်ရတယ်၊ သူတို့က အပင်ရဲ့တစ်ဖက်တစ်ချက်စီတွင် ပေါက်ရောက်နေကာ ရှုပ်ရှုပ်ထွေးထွေးနဲ့ အတော်လေးရွှန်းစိုကြီးထွားနေခဲ့တယ်။


ကျီရှောင်အုံး သူမ တစ်သက်နဲ့တစ်ကိုယ် ဒီလောက်လှပတဲ့ သမင်ချိုတစ်စုံကို မမြင်ဖူးဘူးပေ၊ အံအားသင့်စွာနဲ့ မနေနိုင်ဘဲ ခါးကိုင်း၍ သွားထိလိုက်ခဲ့တယ်။


သို့သော်ငြားလည်း သူမ သွားမထိမိလိုက်ခင် သမင်ချိုတွေက အလိုလို ရွေ့လျားသွားခဲ့ကာ ပတ်ပတ်လည်က မြက်တွေက တရွှမ်းရွှမ်းမြည်သံထွက်‌ပေါ်လာခဲ့တော့တယ်။


အဲဒီနောက်မှာတော့ တောနှံပင်ခြုံပုတ်ကနေ ဦးခေါင်းတစ်ခေါင်းက ဖြေးညင်းစွာဖြင့် မြင့်တက်လာခဲ့ကာ နာကျင်နေတဲ့ ညည်းညူသံတစ်ခု ထွက်ပေါ်လာခဲ့သည်။


" အား... ခုနက ငါ့ကို ဘယ်သူကန်လိုက်တာလဲ"


ကျီရှောင်အုံးတစ်ယောက် တုံးအအပုံစံ မျက်လုံးပြူးလေးရှိပြီး သမင်ချိုတွေနဲ့ မြီးကောင်ပေါက်အရွယ် ဒီကောင်လေးအား ငေးမောကြည့်ရှုလိုက်တယ်။ အဲဒီနောက် သူမခြေထောက်များက ပျော့ခွေသွားကာ မြေကြီးပေါ်သို့ ကြောက်လန့်တကြား ဖင်ထိုင်ရက်သား လဲကျသွားတော့တယ်။


******


"နင်... နင်က ဘာလဲ..... " ကျီရှောင်အုံး သူမရှေ့မှာရှိနေတဲ့ ကောင်လေးအား ထိတ်လန့်ကာ ဖြူဆွတ်နေတဲ့မျက်နှာနဲ့ စိုက်ကြည့်လိုက်ပြီး တုန်တုန်ချီချီနဲ့ မေးမြန်းလိုက်တယ်။


အခြားတစ်ယောက်ကတော့ မြေပြင်ပေါ်မှာ တင်ပလ္လင်ခွေထိုင်နေခဲ့တယ်။ သူ့ကြည့်ရတာ ဆယ့်ခုနစ်နှစ်အရွယ် ဆယ်ကျော်သက်လူသားတစ်ယောက် ပုံစံပေါက်နေတယ်။


သူ့မှာက သူ့နားရွက်တစ်ဖက်စီကနေ ထိုးထွက်နေတဲ့ သမင်ချိုကြီးတစ်စုံနဲ့အတူ သူ့ပါးမို့ကနေ ရှည်လျားတဲ့အညိုရောင်အမွှေးတွေ ဖျန့်ဆင်းချထားလျက်ရှိနေခဲ့ပါတယ်။ သူ့နှာခေါင်းကလည်း အညိုရောင်အမွေးတွေနဲဖုံးလွှမ်းနေခဲ့တယ်။ သူက မျက်လုံးကြီးကြီးနဲ့ နှုတ်ခမ်းပါးများက အနည်းငယ်ထူထဲနေခဲ့တယ်။ သူကလည်း သူမအား ပြန်ကြည့်နေခဲ့ပါတယ်။


"ငါကလား" ဆယ်ကျော်သက်လေးက သူ့နံဖူးသူ လက်ညို့းထိုးပြီး အပြုံးတစ်ပွင့်နဲ့အတူ ပြောလိုက်တယ်။


"ငါ့ နာမည်က အီရစ်၊ နင်ကရော။"


ဘာတုံ့ပြန်မှုမှပြန်မရခဲ့တော့ သမင်ချိုလေးနဲ့ လူပျိုပေါက်အရွယ်ကောင်လေးက တုန်လှုပ်ခြောက်ခြားကာ ကြက်သေသေနေသော ကျီရှောင်အုံးကို ကြည့်လိုက်၍ သူ့ခေါင်းကိုကုတ်လိုက်ကာ ပြောလိုက်တယ်။


" တောင်းပန်ပါတယ် ငါ မင်းကို ကြောက်သွားအောင်ခြောက်မိလိုက်တာလား။ စိတ်မပူပါနဲ့ ငါက အပင်စားသားရဲလူသားပါ၊ ဒီအသားစားတဲ့ရက်စက်ကြမ်းကြုတ်တဲ့သားရဲလူသားမဟုတ်ပါဘူး၊ ငါ မင်းကို ထိခိုက်အောင် မလုပ်ပါဘူး''


ကျီရှောင်အုံးရဲ့သေးသွယ် ကျိုးပဲ့လွယ်တဲ့မျက်နှာပုံပန်းနဲ့ ဆေးခြောက်ပင်အနံ့လည်းထွက်ရှိနေပြီး သမင်-လူသားပုံသဏ္ဍာန်ပေါက်နေတာကို မြင်လိုက်ရတော့ သူမအား အပင်စားသားရဲအမျိုးနွယ်တစ်ပိုင်းအဖြစ် မှတ်ယူသွားခဲ့တာပဲဖြစ်တယ်။


ကျီရှောင်အုံးက ကောင်လေးအား ပါးစပ်အဟောင်းသားနဲ့ ငေးမောကြည့်ပြီး သူမမျက်လုံးတွေက ကောင်လေးရဲ့သမင်ချိုနဲ့ သူ့ရဲ့မီးခိုးရောင်နှာခေါင်းပေါ် အရောက်မှာ အေးခဲလို့သွားခဲ့တယ်။ သူမ လက်ချောင်းတွေ နည်းနည်းတင်းကျပ်ထားလိုက်ကာ ထွက်ပြေးဖို့ အသင့်ပြင်လိုက်ပေမဲ့ ကောင်လေးရဲ့မျက်နှာအမူအရာက ရုတ်ခြည်းပင် မည်းမှောင်သွားခဲ့ပါတယ်။ သူမ တုံ့ပြန်မှာကို စောင့်မနေတော့ပဲ သူက သူမလက်ကိုတင်းကျပ်စွာ ဖမ်းဆွဲလိုက်ပြီး သူမခေါင်းအား မြက်ပင်တွေကြားထဲတွင် ထိုးသွင်းလိုက်၍ သူမအား ပုန်းအောင်းဖို့ ဆွဲခေါ်ဆောင်သွားလိုက်ပါတယ်။


". . ."


ကျီရှောင်အုံးက ခေါင်းလား အမြီးလား မသိရဘဲနဲ့ အကြောက်အကန်ရုန်းလိုက်ပြီး မတ်ထပ်ထရပ်ချင်လိုက်ပေမဲ့ အီရစ်က သူ့လက်ညိုးအား မြန်မြန်ရှေ့ထုတ်လိုက်ပြီး ပြောလိုက်တယ်။ "ရှူး"


ကျီရှောင်အုံးက သမင်ရဲ့ခွာနဲ့တူနေသော သူ့ရဲ့လက်ချောင်းမည်းမည်းလေးကို ကြည့်လိုက်ပြီး သူမနှုတ်ခမ်းများက အသံမထွက်နိုင်ဘဲ တိတ်ကျသွားတော့တယ်။


အီရစ်က စိုးရိမ်ထိတ်လန့်နေပုံရကာ သူ့မျက်လုံးများက ဆန့်ကျင်ဘက်ဦးတည်ဘက်အား မျက်စိရှင်ရှင်ထားစိုက်ကြည့်နေခဲ့သည်။


သို့သော်လည်း သူ့ရဲ့ထင်းထွက်နေတဲ့သမင်ချိုတွေရဲ့ အဆင်မပြေနေမှုအား မြက်တောထဲမှာ ဖုံးထားဖို့ကြိုးစားနေခဲ့တယ်။


သူက ထိုအရာကို တွေ့ရှိသွားသည့်ပုံပေါက်ကာ လျင်မြန်စွာနဲ့ သူ့ဘေးကနေ တောနှံပင်လက်တစ်ဆုပ်ခူးလိုက်ကာ သူ့သမင်ချိုအား တစ်သားတည်းဖြစ်အောင် ဖုံးကွယ်လိုက်ခဲ့သည်။


မကြာလိုက်ခင်မှာပဲ ကျီရှောင်အုံး တုန်ခါနေတဲ့မြေပြင်ကို ခံစားလိုက်ရကာ သူ့နောက်မှ တိရစ္ဆာန်တစ်ကောင်ရဲ့ ငိုကြွေးသံကို ကြားလိုက်ရတယ်။


အီရစ်ရဲ့ကိုယ်ခန္တာက ပိုလို့တောင် တောင့်တင်းသွားတော့သည်။


သားရဲ၏ငိုကြွေးသံက ပိုမိုနီးကပ်လာခဲ့တယ်။ ကျီရှောင်အုံး အဝေးကိုလှမ်းကြည့်လိုက်တော့ သူတို့ဆီကို ပြေးလာနေသော ခေါင်းမှခြေထောက်ထိ အစင်းကျားပါနေတဲ့ အရွယ်ရောက်ပြီး တောလိုက်ကျားသစ်နှစ်ကောင်အား မြင်လိုက်ခဲ့တယ်။


ကျားသစ်တွေက အလွန်လျင်မြန်စွာ ပြေးလွှားလာခဲ့ပြီး မျက်တောင်တစ်ဖျတ်အတွင်းမှာ သူမရှေ့တွင် ပုံရိပ်နှစ်ခုဖြတ်သွားတာကို မြင်လိုက်ခဲ့တယ်။ သူတို့ရဲ့အမြီးထူထူတွေက လေထဲတွင် ပြီးပြည့်စုံတဲ့အကွေးပုံဖော်ထားခဲ့ကာ လွှားခနဲခုန်လိုက်သည့်ကြားထဲတွင် သူတို့ကို ပျောက်ကွယ်သွားစေလိုက်သည်။


ကျားသစ်နှစ်ကောင်ဖြတ်သွားလိုက်ပြီးနောက် အီရစ်က သက်သာရာရတဲ့ သက်ပြင်းရှည်ကြီးတစ်ခုချလိုက်ပြီး ဘေးကင်းသွားသလို သူ့ရင်ဘက်ကို ဖိသပ်လိုက်ခဲ့တယ်။


ကျီရှောင်အုံးရဲ့ရင်ထဲမှာတော့ ဘာမှန်းမသိရခြင်းတွေက သိုးမွေးချည်လုံးတစ်လုံးလို ဆက်လက်ကြီးထွားနေခဲ့ပါတယ်။ အပ်ချည်မျှင်ရဲ့အဆုံးကို ရှာတွေ့ရင်တော့ ကျန်တာတွေက အကုန်သိလာမှာပဲမလား။


" ဘာ.... ဘာလို့ ငါတို့က ပုန်းနေရတာလဲ" ကျီရှောင်အုံးက သူ့ဦးချိုမှာ မြက်တွေတင်ထားတဲ့ ကောင်လေးကို ကြည့်ပြီးတော့ မရဲတရဲနဲ့မေးမြန်းလိုက်တယ်။


အီရစ်က ဆိတ်ဆိတ်ငြိမ်သွားလိုက်ပြီးတော့ ကျီရှောင်အုံးကို ဘာမှမသိနားမလည်တဲ့ကလေးတစ်ယောက်လို့ ယူဆလိုက်ကာ စိတ်ရှည်စွာရှင်းပြလိုက်တယ်၊ "ကျားသစ်တွေက အသားစားသားရဲလူတွေလေ၊ အပင်စားအနွယ်တွေရဲ့ သဘာဝရန်သူပဲပေါ့။ တကယ်လို့ သူတို့သာ အခုငါတို့ကိုတွေ့သွားရင် မင်းရော ငါရော သေသွားမှာပေါ့။"


ကျီရှောင်အုံး သူမလက်ဖဝါးအား ခပ်ပြင်းပြင်းဆိတ်လိုက်တယ်။ 'နာတယ်။ ဒါက အိမ်မက်မဟုတ်ဘူးပဲ။'


သူမအသံက အနည်းငယ်လေး တုန်ရီစွာနဲ့ "နင်အခု ဘာပြောလိုက်တာ"


အီရစ်က နားမလည်လိုက်ပေမဲ့ စိတ်ရှည်စွာ ပြန်ထပ်ပြောပေးလိုက်တယ်၊ "တကယ်လို့ အခု ငါတို့ကို ရှာတွေ့သွားရင် ငါတို့...."


"အဲတာမဟုတ်ဘူး" ကျီရှောင်အုံးက ကမူးရှူးထိုးဖြင့် ဝင်ကြားဖြတ်ပြောလိုက်တယ်။ "ငါတို့က ဘာတွေလို့ နင်ပြောလိုက်တာ"


အီရစ်က သူမအား သူမရဲ့ဘာမှမသိဖြစ်နေပုံကို စိုက်ကြည့်လိုက်ပြီးနောက် ရယ်မောလိုက်ခဲ့တယ်၊ "ငါတို့က အပင်စားသတ္တဝါတွေလေ... အာ။ နင့်မှာ သွေးနံ့မှ မရှိတာဘဲ နင်က မြက်ပင်အနံ့ထွက်နေတာပဲကို။ ငါကတော့ မှားပြောမိတယ်မထင်ပါဘူး မဟုတ်ဘူးလား။" သူက ရုတ်တရက် သတိရသွားလိုက်ကာ.. "အိုး ငါ့မှတ်ဉာဏ်ကို ကြည့်ပါဦး။ ငါ နင့်နာမည်တောင် မသိရသေးဘူး။ နင်က ဘယ်သူလဲ။ နင်က ဘာမျိုးနွယ်စုကလဲ။"


နေ့တစ်ဝက်လောက် အချိန်ကြာမြင့်လိုက်ပြီးမှ ကျီရှောင်အုံးက ရှတစွာအသံထွက်လာခဲ့တယ်။ "ကျီရှောင်အုံး၊ ငါ့နာမည်က ကျီရှောင်အုံး"


အီရစ်က နွေးထွေးစွာပြုံးလိုက်၍-


" နင့်နာမည်ကြီးကလဲ လူသားတွေ နာမည်ကျနေတာပဲ"


ကျီရှောင်အုံးရဲ့သွေးခုန်နှုန်းက တဒိတ်ဒိတ်မြင့်တက်လို့လာခဲ့ပေမဲ့ သူမ မဖြေရသေးခင်မှာ အီရစ်က ဆက်ပြောလိုက်တယ်၊ "ဒါပေမဲ့ လူသားတွေ မျိုးသုဉ်းပျောက်ကွယ်သွားတာက နှစ်‌ပေါင်းခုနစ်ရာတောင် ရှိနေပြီပဲ။ ဒီတိုက်ကြီးမှာ သူတို့တွေရဲ့ သဲလွန်စမှ ဘာမှမရှိတော့ဘူး။ နင်က သူတို့နဲ့ဘာမှပတ်သတ်မနေလောက်ပါဘူး"


အမှတ်တမဲ့နဲ့ ပြင်းထန်တဲ့ဗုံးသီးတွေ ကျဲချလိုက်တဲ့ အီရစ်က ကောင်းကင်ကို မော့ကြည့်လိုက်တယ်၊ "ခနနေရင် မှောင်လာတော့မယ်။ နင်ကမျိုးနွယ်စုကနေ ကွဲထွက်လာတာမလား။ ငါ့ မျိုးနွယ်က တောင်နောက်ဘက် ကျောကပ်ရက်လေးတင်ပဲ ဒီကနေ သိပ်မဝေးဘူး။ နင် ငါ့မျိုးနွယ်စုမှာ တစ်ညလိုက်အိပ်ချင်လား။"


သူ ပြောပြီးသွားတော့ ကျီရှောင်အုံးရဲ့ ဖြူရော့သွားတဲ့ မျက်နှာ၊ မှိုင်းတွေနေတဲ့မျက်လုံးတွေကို တွေ့လိုက်ရတော့ ခုနက ကျားသစ်တွေကြောင့် သူမထိတ်လန့်သွားတာဖြစ်မယ်လို့ သူ ထင်လိုက်ခဲ့တယ်။ သူ သူမအား နှစ်သိမ့်ပေးလိုက်တယ်၊ " မစိုးရိမ်ပါနဲ့။ ငါ့မိသားစုက မတင်းကြပ်ပါဘူး နင့်ကို မထိခိုက်စေရပါဘူး။ ပြီးတော့လည်း နင် ဒီမှာနေခဲ့ရင် နင် တောရိုင်းတိရစ္ဆာန်တွေ စားတာ ခံရလိမ့်မယ်။"


ကျီရှောင်အုံးက မသိစိတ်အရ သူ့အလိုလို မေးလိုက်မိတယ်၊ "ဘာလို့လဲ"


အီရစ်ရဲ့အပြုံးက ပျောက်ကွယ်သွားပြီးတော့ မျက်နှာတည်သွားလိုက်ကာ ပြောလိုက်တယ်။ "ရှေ့ရှက်တွေတုန်းက ကျားသစ်မျိုးနွယ်ခေါင်းဆောင်က ဒဏ်ရာတွေနဲ့ ပျောက်သွားတယ်။ သူတို့ သူ့ကို လိုက်ရှာနေကြရင်းနဲ့ ဒီတောင်ပေါ်မှာ ငါတို့မျိုးနွယ်ဝင်တေွတော်တော်များများ ဘာအကြောင်းရင်းမှမရှိဘဲနဲ့ မသေသင့်ဘဲသေသွားခဲ့ရပြီးပြီ။"


End......