Chapter 6
Viewers 9k

အပိုင်း(၆)


ကျားသစ်သားရဲလူထွားကြီးက ကြွက်သားတွေအပြည့် ကိုယ်ခန္တာရှိကာ ခြေလက်လေးဖက်လုံးက သန်မာနေတာကို အထူးပြောစရာမလိုပေ။


ကျီရှောင်အုံး က ရိုးဒ် လို့ခေါ်တဲ့ ကျားသစ်သားရဲလူသားကြောင့် မြေကြီးပေါ်မှာ တစ်စစီ ပိပြားမတတ်ပင်၊ သူမ အသက်ကို အလုအယက် ရှူနေလိုက်ရတယ်။


... သူက အရမ်းလေးတာပဲ။'


သူမ ရင်ဘက် တင်းကျပ်သွားကာ သူမလက်ကို ရွေ့လိုက်ပေမဲ့ ချက်ချင်းပင် အဖမ်းပြန်ခံလိုက်ရကာ မြေကြီးပေါ်ကို နောက်လန် ကျသွားခဲ့တယ်။


သားရဲလူသားရဲ့အကြည့်က ကြောက်စရာကောင်းလာခဲ့ကာ သူမအား တောင်းပန်တိုးလျှိုးသည့် အကြည့်တစ်ခုဖြင့် စိုက်ကြည့်လိုက်၍ တောင်းဆိလိုက်တယ်၊ " မင်း ရမ် ကို ဘယ်မှာ သွားဖွက်ထားတာလဲ"


ကံမကောင်းတာက သမင်မျိုးနွယ်စုက မတူညီတဲ့ဘာသာစကားကို သင်ယူခဲ့တာတောင် လူသားမျိုးနွယ်နဲ့ နီးစပ်သော ဘာသာစကားဖြစ်နေခဲ့တယ်။


ဆင့်ကဲဖြစ်စဉ်အတောအတွင်း ကျားသစ်မျိုးနွယ်စုက လူသားဘာသာစကားကို တုပလိုက်ပြီးတော့ သူတို့မျိုးနွယ်ဘာသာစကားအား မတူညီတဲ့ဘာသာစကားအဖြစ် ဆင့်ပွားတိုးတက်လာခဲ့တယ်။


သားရဲလူသားရဲ့အလွန်ဖိအားများတဲ့လေသံကို ထပ်ပေါင်းထည့်လိုက်၍ ကျီရှောင်အုံး 'ရမ်' ဆိုတဲ့စကားလုံးကိုသာလျှင် နားလည်လိုက်တယ်၊ သူမ ချက်ချင်း ပြန်ဖြေလိုက်ခဲ့တယ်၊ "ကျွန်မ သူ့ကို မသိဘူး"


ကျီရှောင်အုံးက သူမ ကြားလိုက်ရတာကို အဓိပ္ပာယ် အပြည့်စုံ မဖော်နိုင်ပေမဲ့ 'ရိုးဒ်' ကတော့ သူမ ပြောတဲ့ဘာသာစကားကို နားထောင်နိုင်ခဲ့တယ်။


သူက မတုန်မလှုပ်အမှုအရာနှင့်ပင် ဆက်ရှိနေလိုက်ကာ သူ့မျက်ခုံးရိုးများက တွန့်ချိုးသွားလိုက်ပြီး ကျီရှောင်အုံးရဲ့စကားအား ဖြစ်နိုင် မဖြစ်နိုင် တွေးဆလိုက်တယ်။


'သူမ ဘယ်လိုပဲပြောပြော သူ့ဆီမှာ ရမ် ရဲ့အနံ့ရနေတယ်၊ ဒါ့ကြောင့်မို့ သူမ ရမ် ကို မြင်ကိုမြင်ဖူးထားရလိမ့်မယ်။'


ရိုးဒ်က သူမလက်ကောက်ဝတ်အား အားပါစွာဖြင့် နောက်သို့ ပြန်လိမ်ချိုးလိုက်ပြီး သူ့ရဲ့အခြားလက်က သူမရင်ဘတ်ပေါ်တွင် ဖိထောက်ထားလိုက်ခဲ့တယ်။ သူ့အမူအရာက ပိုမိုရက်စက်သွားခဲ့ကာ- "အမှန်တိုင်း ပြောစမ်း"


သားရဲတွေက လူသားပုံသဏ္ဍာန်ကို ပြောင်းလဲနိုင်တာတောင်မှ သူတို့ရဲ့လက်သည်းချွန်ချွန်တွေက ကျန်ရှိနေတုန်းပင်ဖြစ်တယ်၊ ထိုလက်သည်းတွေက ကျီရှောင်အုံးရဲ့ဗိုက်ကို တက်ဖိထားခဲ့တယ်။ သူ အားနည်းနည်းသုံးရင်တောင် သူမကို အရေခွံခွာပစ်နိုင်တာပဲဖြစ်တယ်။


ကျီရှောင်အုံး သူမနှလုံးသားထဲမှာ အေးစက်လို့သွားတော့တယ်။ သူမက အီရစ်တို့ရှိနေတဲ့ ပြောင်းခင်းဘက်ကို လှည့်ကြည့်လိုက်၍ သူမ ပါးစပ်ကိုဖွင့်ကာ ကြောက်လန့်တကြား အကူညီတောင်းဖို့လုပ်လိုက်ခဲ့တယ်၊ " ကယ်..."


သူမ "ကယ်..." ဆိုတဲ့စကားလုံးသာ ပြော၍ ဆက်မပြောနိုင်ဘဲ သူမ လည်ချောင်းထဲတွင် ပြန်တစ်ဆို့သွားခဲ့တယ်။


မနေ့က ကျားသစ်မျိုးနွယ်စုနဲ့သူတို့ဆုံတဲ့အချိန် အီရစ်လည်း ရှောင်တိမ်းနေခဲ့တယ်။ သမင်တွေရဲ့ ကိုယ်ခန္တာအရွယ်စား အကြီးကြီးနဲ့တောင် သူတို့မျိုးနွယ်စုရဲ့ မွေးရာပါဗီဇအရ ကျားသစ်တွေရှေ့မှာဆို သူတို့အား သားကောင်အဖြစ် ရောက်ရှိစေခဲ့ပါတယ်။


'သူမက အီရစ်ကို ဒီတစ်ခါ အကူအညီတောင်းလိုက်ရင် သူ့ကို အန္တာရာယ်ထဲ ဆွဲသွင်းလိုက်တဲ့သဘော ဖြစ်မသွားဘူးလား။'


ကျီရှောင်အုံးက သူမ သွားကို တင်းတင်းစေ့လိုက်ခဲ့တယ်။ သူမ အသတ်ခံရရင်တောင် သူမ အဲဒီလို လုပ်မှာမဟုတ်ပေ။


သူမ လက်ချောင်းက သူမခါးက အိတ်သေးသေးလေးကို သွားထိမိလိုက်တယ်၊ သူမ ရုတ်တရက် ထိုပစ္စည်းကို သတိရသွားလိုက်တယ်။ သူမက သားရဲလူတွေ သတိပြုဖို့ မစောင့်စေဘဲ သူမခါးကနေ ထိုပစ္စည်းကို ဆွဲထုတ်လိုက်တယ်။


ရိုးဒ်က သူမအား အထင်သေးနှိမ့်ချစွာ အုပ်မိုးကြည့်နေခဲ့တယ်။


အခြားသားရဲလူကတော့ ခပ်လှမ်းလှမ်းနေရာမှာ မတ်တပ်ရပ်နေခဲ့ပြီး ကူညီပေးတာမျိုးလည်းမရှိသလို ဖြစ်ပျက်နေတာအား တားမြစ်ဖို့လည်း အာရုံမရှိပေ။


သူမကို သူမကိုယ်တိုင်ကပဲ ကယ်တင်နိုင်လိမ့်ပေမယ်။


ကျီရှောင်အုံးက သူမကိုယ်သူမ စိတ်ကိုတင်းလိုက်ကာ အသက်ပြင်းပြင်းရှူသွင်းလိုက်ခဲ့တယ်။ သူမလက်ထဲက


ပူရှိန်းအမွေးအိတ်လေးကို တင်းတင်းဆုပ်ကိုင်ထားလိုက်တယ်။ သူမက လက်ကိုရှေ့ထုတ်လိုက်ပြီး ထိုအိတ်ကိုကိုင်ကာ ရိုးဒ်ရဲ့နှာခေါင်းအား ဖြတ်ရိုက်လိုက်ခဲ့တယ်...


သူမ ကြောင်လေးရဲ့ကစားစရာပစ္စည်းတွေပေါ်ကို ထိုပူရှိန်းကို သုတ်ပြီးတိုင်း ကြောင်လေးက ကမူးကရှုးနဲ့ စိတ်ဂနာမငြိမ်ဖြစ် သွားတတ်ပါတယ်။ ကြောင်လေးက ထိုပစ္စည်းကို အတင်းကိုင်တွယ်ထားပြီး ကိုက်ဖြတ်တောက်ကာ ခုန်ပေါက်ဆော့ကစားလေ့ရှိတယ်။ ထိုပူရှိန်းက ကြောင်တွေအတွက် ဆေးဆွဲနေသကဲ့သို့ပင်ဖြစ်နေလေတယ်။


သူတို့ကလည်း ကြောင်မျိုးနွယ်တွေပဲမလား ၊ ဒါပေမဲ့ အဲဒါက ကျားသစ်တွေမှာရော အလုပ်ဖြစ်ပါ့မလား။


ရလဒ်ကတော့ သူမအား စိတ်အပျက်ကြီးပျက်သွားစေလိုက်၏။


"တုံးလိုက်တဲ့မိန်းမပျို" ရိုးဒ်က သူ့ခေါင်းအား ပူရှိန်းအမွေးအိတ်ကနေ လွှဲဖယ်လိုက်ကာ အထင်သေးမြင်သေးလေသံနဲ့ ပြောလိုက်တယ်၊ " ငါတို့က ဒီလောက် အားနည်းမယ်လို့ ထင်နေတာလား။ လွန်ခဲ့တဲ့နှစ်ရာချီတည်းက ကြောင်ပူဒီနာက ငါတို့ကို ဘာမှမဖြစ်နိုင်တော့ဘူး"


ကျီရှောင်အုံးက ပူဒီနာက သက်ရောက်မှုမရှိတာကို မြင်လိုက်ရသည့်အပြင် သားရဲလူသား ပိုလို့တောင် ဒေါသထွက်သွားတာကို တွေ့လိုက်တယ်။ သူမ ရင်ဘတ်ထဲတွင် တဒုတ်ဒုတ်မြည်ဟီးသွားတော့တယ်။ သူမ အခြေနေမကောင်းတော့ဘူးဆိုတာ သူမ သိလိုက်ပါပြီ။


ရိုးဒ်က ချွန်ထက်တဲ့ သူ့လက်သည်းတွေနဲ့ သူမဗိုက်ကို ဖိကြိတ်လိုက်၍ အောက်ကို ပိပြားကျသွားအောင် တွန်းလှဲလိုက်တယ်၊


" ရမ် ဘယ်မှာလဲ"


.


လက်သည်းချွန်တွေက ကျီရှောင်အုံးရဲ့ဘေ့စ်ဘောဂျက်ကတ်အား အခက်ခဲမရှိဘဲ ဖောက်ထွင်းလိုက်နိုင်တယ်။ သူမမှာက အင်္ကျီအဝတ်စားတွေ အများကြီးယူမလာခဲ့တာမို့ သူသာ သူမ အင်္ကျီကိုဖြဲလိုက်ရင် နောက်ဆို အစားထိုးစရာဝတ်စရာ အင်္ကျီရှိတော့မှာ မဟုတ်ဘူးပဲ။


ကျီရှောင်အုံး အပြင်းအထန်ရုန်းကန်လိုက်ခဲ့တယ်။ သူတို့က ရမ် လို့ခေါ်တဲ့ သားရဲလူသားကို ရှာနေတာဖြစ်ကြောင်း သူမ ပြောနိုင်လေတယ်။


" ကျွန်မ တကယ်မသိလို့ပါ......"


ရိုးဒ်က ရမ် ဘယ်မှာမှန်း သူမ မသိကြောင်း အခိုင်မာပြောနေတဲ့ သူ့ချုပ်ထားတဲ့အောက်ကနေ လူးလွန့်နေတဲ့ မိန်းကလေးအား စိတ်မရှည်စွာ မျက်မှောင်ကြုတ် ကြည့်လိုက်ခဲ့တယ်။


သူ သူမအား ခေါ်သွားလိုက်ဖို့ ဆုံးဖြတ်လိုက်တယ်။ လက်တစ်ဖက်က ကျီရှောင်းအုံးရဲ့လက်ကောက်ဝတ်အား ဆုပ်ကိုက်ကာ အခြားလက်က သူမရဲ့သွယ်လျတဲ့ခါးအား ကိုင်လိုက်ကာ ကျား-မ ကွဲတာကို ဂရုစိုက်မနေဘဲ သူမအား သူ့ပုခုံးပေါ်သို့ ထမ်းတင်လိုက်ခဲ့ပြီး တောအုပ်ဆီသို့ ဦးတည်လျှောက်သွားလိုက်ရင်း သူ့နောက်မှ အဖော်ဖြစ်သူ 'ဒိုး' အား ပြောလိုက်ခဲ့တယ်။


" မျိုးနွယ်စုကို ပြန်မယ်"


သူမ ဝမ်းဗိုက်က သားရဲလူသားရဲ့ပုခုံးပေါ်မှာ ထမ်းတင်ထားခြင်း ခံလိုက်ရတယ်၊ ကျီရှောင်အုံး တစ်ယောက် အရမ်းနာရလွန်းလို့ ငိုမိလုမတတ်ဖြစ်သွားတော့တယ်။


'အီရစ်က ပြောခဲ့သလို ကျားသစ်မျိုးနွယ်စုက ရက်စက်ကြမ်းကြုတ်တဲ့မျိုးနွယ်တစ်ခုပါလား၊ သူမ ပါးစပ်ကနေ သူတို့ ဘာမှ ထွက်မလာနိုင်တော့ သူတို့ သူမကို သတ်စားဖို့ ပြန်ခေါ်သွားတာလား။'


ကျီရှောင်အုံးရဲ့စိတ်ဝိညာဉ်က သေဆုံးပျောက်ကွယ်တော့မည်ဖြစ်တယ်။ သူမက သူမရဲ့ကံဆိုးမှုကို ကံစီမံရာလို့ပဲ လက်ခံရတော့မယ့်အချိန်မှာတော့ ရုတ်တရက်ဆိုသလို သူမကို သယ်လာတဲ့ သားရဲလူသားက နာကျင်စွာ အင့်ခနဲ့ဖြစ်သွားခဲ့တယ်။


ဆဲဆိုလိုက်တဲ့ အသံတစ်ခုပါ နောက်ဆက်တွဲပါရှိလာခဲ့တယ်၊ " *သောက်* ဘာကြီးလဲဟ။"


ကျီရှောင်းအုံးက ဘာဖြစ်သွားလဲ နားမလည်ခဲ့ပေမဲ့ သားရဲလူသားအမျိုးသားက ရုတ်တရက်ကြီး မြေပြင်ပေါ်သို့ လွင့်စင်ကျသွားလိုက်တယ်။


နာရလွန်းလို့ အသံတောင်မထွက်နိုင်တော့ဘဲ သူမကိုယ်ပေါ်က နာကျင်ကိုက်ခဲနေတဲ့အပိုင်းတွေတောင် ပွတ်ဖို့တောင် ငြင်းဆန်လိုက်မိတယ်။ အဲဒီအစား သူမ လျင်မြန်စွာမော့ကြည့်မိလိုက်ကာ ရိုးဒ် ရဲ့ပုခုံးပေါ်တွင်တော့ ကျားသစ်လေးက သူ့ရဲ့ချွန်ထက်တဲ့သွားတွေနဲ့ သူ့ကို မညှာမတာ ကိုက်ဖြတ်လိုက်လျက် ထိုင်နေတာကို တွေ့လိုက်ခဲ့တယ်။


'ရိုးဒ်'က ကျားသစ်ပေါက်လေးအား လက်လှမ်းလိုက်ပြီး ရက်ရက်စက်စက် သင်ခန်းစားပေးတွေးလိုက်ကာ သူ့ပုခုံးပေါ်ကနေ ဆွဲချမလို့လုပ်လိုက်ခဲ့တယ်။ ကြမ်းကြုတ်ရက်စက်ပြီးနက်နဲတဲ့ အပြာရင့်ရင့်မျက်လုံးတစ်စုံနဲ့ဆုံလိုက်ရပြီး သူ မှင်တက်သွားလိုက်ခဲ့ကာ .. "ရ...."


'ရ..ရမ်' လား။'


ကျားသစ်ပေါက်လေးရဲ့ခြေထောက်က သူ့မျက်နှာပေါ်တွင် ခြေချလိုက်ပြီး နှောင့်ယှက်ခြင်းခံလိုက်ရပါတယ်။


ရိုးဒ်က သူ့အား လေးစွားစွာနဲ့ သူ့ချုပ်ကိုင်ထားမှုကို လျှော့ချလိုက်တော့ ကျားသစ်လေးက သူ့လက်ကနေ ခုန်ထွက်သွားလိုက်ခဲ့တယ်။


သူမဆီကို ပြေးလာနေတဲ့ ကျားသစ်လေးကို မြင်လိုက်ရတော့ သားရဲလူသားတွေ ပြဿနာရှာမှာကို ကျီရှောင်အုံး စိုးရိမ်လို့သွားခဲ့ပြီး သူ့အား မြန်မြန်လေး ကုန်း၍ ပွေ့ချီလိုက်ခဲ့ပါတယ်။ သားရဲလူသားနှစ်ယောက် ကြောင်‌တောင်တောင် ဖြစ်နေကြတုန်း သူမ နောက်လှည့်ကာ သုတ်ချေတင်ထွက်ပြေးသွားတော့တယ်။


"နေဦး..."


'ရိုးဒ်'နဲ့ဒိုးက အမှီလိုက် လိုက်ချင်ပေမဲ့ သူတို့ ခြေနှစ်လှမ်း မလှမ်းရသေးခင်မှာ ကျီရှောင်အုံးရဲ့ရင်ဘတ်ထဲမှာ ပွေ့ထားတဲ့ ကျားသစ်လေးက ခေါင်းပြူထွက်လာခဲ့ပါတယ်။


ကျီရှောင်အုံးက သူမ ပြေးနိုင်သမျှ ရှေ့သို့သာ တစ်ချိုးတည်းပြေးနေတော့ ကျားသစ်လေးရဲ့မျက်လုံးထဲက ဩဇာပြည့်လျှံပြီး ခြိမ်းခြောက် အမိန့်ပေးလိုက်တဲ့ အမူအရာအား မမြင်လိုက်ခဲ့ပေ။


'ရိုးဒ်'နဲ့ဒိုး'က ခတ္တခဏမျှ အာရုံထွေပြားသွားပြီးတော့ ကျီရှောင်အုံးနဲ့ ကျားသစ်ပေါက်လေးတို့ ဝေးသထက်ဝေးအောင် ပြေးသွားခဲ့တာကို ကြည့်ရှုလိုက်ရင်း ရပ်တန့်လိုက်ခဲ့တယ်။


********


နောက်ဆုံးတွင်တော့ လုံခြုံတဲ့နေရာတစ်ခုသို လွတ်မြောက်သွားပြီးတော့ ကျီရှောင်အုံး သူမလက်ထဲက ကျားသစ်လေးကို မလိုက်ပြီး အံဩစွာနဲ့ စေ့စေ့စပ်စပ်ကြည့်လိုက်တယ်၊ " နင် ဒီကို ဘယ်လိုလုပ်ရောက်လာတာလဲ။"


ကျားသစ်လေးရဲ့လည်ချောင်းကနေ တအီအီနဲ့ ခပ်အုပ်အုပ် အသံထွက်လိုက်ပြီးနောက် သူအသံပျော့လေးနဲ့ သူ့နောက်ခြေထောက်အား ရွေ့လျားလိုက်ခဲ့တယ်။


ထင်ထားတဲ့အတိုင်း ကျီရှောင်အုံးရဲ့အာရုံက သူ့နောက်ခြေထောက်ပေါ်ကပြေ ကျခါနီးနေတဲ့ ပတ်တီးက သွေးစွန်းကွက်အား မြင်သွားလိုက်ပါတယ်။


အနာက သူ အခုနက သားရဲလူသားနှစ်ယောက်နဲ့ တိုက်ခိုက်နေတုန်း ပြန်ပွင့်သွားတာပဲ ဖြစ်ရမယ်။


သူ့အန္တရာယ်သူ မစဉ်းစားဘဲ တစ်ဟုန်ထိုးပြေးလာတဲ့ သူ့ကို ကျီရှောင်အုံး ကျေးဇူးတင်သွားမိတယ်၊ သူမ လျင်မြန်စွာပင် သူမ ကျောပိုးအိတ်ကိုချလိုက်ကာ ပိုးသတ်ဆေးထည့်ပေးဖို့အတွက် ဆေးသေတ္တာဘူးကို နေရာလွတ်ထဲမှ ထုတ်ယူလိုက်ပါတယ်။


ပတ်တီး ထပ်ပတ်ပေးလိုက်၍ ကျီရှောင်အုံးက စိတ်လှုပ်ရှားစွာ မေးလိုက်ခဲ့တယ်.. " ငါ့ကို ကယ်ဖို့ နင်ထွက်လာလိုက်တာလား"


ကျားသစ်လေးက သူ့မျက်လုံးထဲက အမြင်ကို ဟန့်တားဖို့ သူ့ခေါင်းကို တန်းတန်းညိတ်လိုက်တယ်။


ကျီရှောင်အုံးအတွက်တော့ ဒါက ပြောစရာမလိုဘဲ ဖွင့်မပြောနိုင်တဲ့အတည်ပြုမှုတစ်ခုနဲ့ တူတူထားလိုက်ခဲ့တယ်။


သေချာတာပေါ့ အကြောင်းပြချက်မလိုပဲ ကျီရှောင်အုံးက သူမကိုကယ်ဖို့ သားရဲလူသားတေွနဲ့ထိပ်တိုက်ရင်ဆိုင်လိုက်တယ်လို့ပဲ မှတ်ယူလိုက်ခဲ့ပါတယ်။


"နင် သူတို့ကို ရန်သွားစလိုက်မိပြီ သူတို့ကိုကြည့်ရတာ ရင်ဆိုင်ဖို့ခက်မဲ့ပုံနော်။ သူတို့ နင့်ကို လိုက်မရှာပေနိုင်ဘူးလား" ကျီရှောင်းအုံးက သူမရှေ့မှာရှိတဲ့ သူ့အတွက် အလွန်စိုးရိမ်စွာနဲ့ ပြောလိုက်တယ်။


သူမလက်မောင်းထဲက ကျားသစ်လေးကတော့ ဘာကိုမှ စိုးရိမ်ပူပန်မနေသလို ငြိမ်သက်စွာလဲလျောင်းနေခဲ့ပါတယ်။


ကျီရှောင်အုံးက သူ့ဦးခေါင်းထိပ်ကို ပုတ်ပြီး ညင်သာတဲ့လေသံနဲ့ တီးတိုးပြောလိုက်တယ်၊ "နင့်ရဲ့ မျိုးနွယ်စုက ဘယ်မှာလဲ။ ဒီနေရာကနေ ဝေးလား။"


အဲဒီနောက် သူမက သူ့အား မြေကြီးပေါ်မှာ ချပေးလိုက်ခဲ့တယ်၊ " နင် နင့်မျိုးနွယ်စုဆီ ပြန်လိုက်ရင် ပိုကောင်းမယ်။ နင့်တို့မျိုးနွယ်ကလူတွေက နင့်ကိုကာကွယ်ပေးနိုင်ဖို့ နင်သူတို့ဆီ လိုက်သွားသင့်တယ်။ ငါ နင့်ကို မကာကွယ်နိုင်တော့မှာ စိုးရတယ်။"


အကောင်ပေါက်လေးက မတုန်မလှုပ်နဲ့ မတ်တပ်ထရပ်လိုက်ပြီး သူ့ခေါင်းကိုမော့က သူမအား သူ့မျက်ဆံနက်တွေနဲ့ တိတ်ဆိတ်စွာ ငေးစိုက်ကြည့်လိုက်ပါတယ်။


အချိန်တစ်ချို့ကြာပြီးနောက်တောင် သူ ထွက်သွားဖို့ ငြင်းဆန်နေတုန်းပင်။


ကျီရှောင်အုံးက သူမခေါင်းကို စောင်း၍ ပဟေဠိဖြစ်စွာနဲ့ မေးလိုက်တယ်၊ " ဘာလို့ နင် မသွားတာလဲ။"


သူက တိတ်ဆိတ်ငြိမ်သက်စွာနဲ့ သူမဘေးတွင် မတ်တပ်လာရပ်လိုက်ခဲ့ပါတယ်။


'ဒီအခြေအနေက ဘာကြီးလဲ။'


'သူက သူ့မျိုးနွယ်စုဆီ ပြန်ချင်စိတ်မရှိသေးဘူးလား။'


ကျီရှောင်အုံးက မတ်တပ်ထရပ်လိုက်ပြီး တမင်သက်သက် ရှေ့ကို ခြေလှမ်းနှစ်လှမ်း လျှောက်လိုက်ခဲ့တယ်။


ကျားသစ်လေးက ချက်ချင်းပင် မတ်တပ်ထရပ်လိုက်ကာ ဒဏ်ရာရနေတဲ့သူ့ခြေထောက်လေးကို သူ့နောက်တွင် တွဲလွဲဆွဲပြီး သူမနောက်သို့ လိုက်လာခဲ့ပါတယ်။ သူမ သွားတဲ့‌နေရာအတိုင်း သူ လိုက်လာခဲ့တယ်။


ကျီရှောင်အုံးက နောက်ဆုံးတွင်မှ မေးလိုက်တယ်၊ "နင်က ငါနဲ့လိုက်ချင်တာလား"


သူက သူမခြေထောက်ဘေးတွင် ရပ်တန့်လိုက်ခဲ့ကာ သဘောတူကြောင်း ပြသလိုက်ပါတယ်။


"ဒါပေမဲ့ ငါက ဟိုးအရှေ့ဘက်ကို ဦးတည်သွားမှာ။ လမ်းခရီးက အန္တရာယ်ရှိမှာ ကျိန်းသေတယ်။ ငါတို့ ပြန်လာချင်မှလည်း လာနိုင်မှာ။ နင် ငါနဲ့ဆက်လိုက်ချင်နေတုန်းပဲလား။"


ကျားသစ်လေးက နောက်ဆုံးတွင်တော့ တုံ့ပြန်မှုနည်းနည်း ရှိလာခဲ့တယ်၊ ဒါပေမဲ့ သူ ထွက်မသွားခဲ့လိုက်ပေ။ ကျီရှောင်အုံး ကိုယ် ယိမ်းယိုင်သွားတဲ့အချိန်ကို အခွင့်ကောင်းယူပြီးတော့ သူ့လက်ကျန်အားကို ဒဏ်ရာရနေတဲ့ သူ့နောက်ခြေထောက်ပေါ်တွင် အားပြုလိုက်ကာ သူမ လက်မောင်းထဲကို ခုန်ဝင်လာလိုက်ခဲ့ပါတယ်။


ကျီရှောင်အုံးက ပြုတ်ကျသွားမှာစိုးတာနဲ့ ကမန်းကတန်း သူ့အား ဖမ်းကိုင်ထိန်းလိုက်ရတယ်။


"ပြီးရောလေ" ကျီရှောင်အုံး မတတ်နိုင်စွာ လေသံပျော့ပျော့နဲ့ ပြောလိုက်ရတယ်။ " နင်လိုက်ချင်နေမှတော့ လိုက်သာလိုက် လိုက်ပါတော့....."


သူမ ဒီကမ္ဘာကို ရောက်ရှိလာခဲ့တော့ သူက သူမပထမဆုံးတွေ့ခဲ့ရတဲ့ တိရိစ္ဆာန်ပင်ဖြစ်တယ်။


သူမ ဒီအကြောင်းကို စဉ်းစားလိုက်ခဲ့ပါတယ်... ဒါက ကံကြမ္မာပဲလား။


ကိစ္စတွေက ဒီလိုဖြစ်လာတော့လည်း ကျီရှောင်အုံး သူမရဲ့စိတ်လေးလံမှုတွေကို လွှတ်ချလိုက်၍ လျင်မြန်စွာနဲ့ တက်ကြွတဲ့စိတ်အနေအထားသို့ ပြန်ရရှိသွားတော့တယ်။


သူမက နဂိုကတော့ တစ်ယောက်တည်း သွားတော့မလို့ပါပဲ ဒါပေမဲ့ အခုတော့ အကောင်ပေါက်လေးပါ ပါလာတော့ သူမရဲ့ခရီးစဉ်ကို ပြန်စီစဉ်ရတော့မှာပဲ။


. . . . . .


တကယ်တမ်းက သူလိုက်လည်း ကိစ္စတော့မရှိပေ။ ဘာမှ စီစဉ်ထားတာမှ မရှိတာပဲမလား။ မျိုးနွယ်စုအကြီးအကဲက တိုက်ကြီးရဲ့ အရှေ့ဘက်ဆုံးမှာ 'ပက်'လို့ခေါ်တဲ့ ပင်လယ်လိပ်ကြီးတစ်ကောင် ရှိတယ်လို့ပဲပြောလိုက်တာကြောင့်မို့ သူမ အရှေ့အရပ်ကို သွားလိုက်တာပဲဖြစ်တယ်။


ဘာရီအကြောင်း ပြန်သတိရတော့ သူမ အီရစ်အား ပြန်သတိရသွားလိုက်တယ်။


ကျီရှောင်အုံးက မသွားခင်မှာ နှုတ်ဆက်စကားပြောဖို့ လုပ်လိုက်ပေမဲ့ ကျားသစ်မျိုးနွယ်စုနဲ့ ဆုံလိုက်တော့ သူမအစီအစဉ်ကို နှောင့်ယှက်လိုက်ခဲ့တယ်။ သူမက ထွက်ပြေးလာလိုက်ပြီး တောင်ခြေတစ်ခုရဲ့ခြေရင်းမှာ မတ်တပ်ရပ်နေပြီးပြီပဲဖြစ်တယ်။


ကျီရှောင်အုံးက အရှေ့အရပ်ဆီသို့ လှမ်းကြည့်လိုက်ကာ သွားမနှုတ်ဆက်‌ေတာ့ဖို့ ဆုံးဖြတ်လိုက်ပါတယ်။


သူမ မျိုးနွယ်စုအကြောင်းနဲ့ သူမ ဘာလို့အရှေ့အရပ်ကို သွားဖို့လိုလဲဆိုတာ သူ့ကို ရှင်းပြဖို့နည်းလမ်းမရှိတာပဲမလား။


ပြန်လှည့်လိုက်ကာ သူမ ခြေလှမ်းအနည်းငယ်လောက်ပဲ လျှောက်ရသေးစဉ် နောက်မှ ခေါ်သံတစ်ခု ကြားလိုက်ရပါတယ်...--


"ခဏနေပါဦး၊ 'အုံး'။"


ကျီရှောင်အုံး အံအားသင့်စွာနဲ့ နောက်လှည့်ကြည့်လိုက်တော့ သမင်ချိုကြီးရမ်းခါရမ်းခါဖြင့် ခပ်ဝေးဝေးကနေ ခြေလှမ်းကျဲကျဲနဲ့ ပြေးလာတဲ့ အီရစ်ကို မြင်လိုက်ရတယ်။ သူမနှလုံးသားထဲမှာ ထိတ်ခနဲ တုန်ရင်သွားတော့တယ်။


ကျီရှောင်အုံးရဲ့ ရှေ့ကို ရောက်အောင် မစောင့်နိုင်ဘဲ အီရစ်က လှမ်းမေးလိုက်တယ်၊ "ငါ့အဘိုးကပြောတာကြားတာ နင်က နင့်ကလန်ကိုရှာဖို့ အရှေ့အရပ်ကို သွားမှာဆို။ နင့် ကလန်က ဒီလောက်ဝေးတာ ဘာလို့ငါ့ကို မပြောပြရတာလဲ?"


ကျီရှောင်အုံး ချီတုံချီချဖြစ်သွားခဲ့ကာ- "အိုး ငါလည်း အနှောင့်အယှက်မပေးချင်တော့တာနဲ့....."


ကျီရှောင်အုံး စကားမဆုံးလိုက်ခင် အီရစ်က သူ့ခေါင်းကိုမော့ကာ တောက်ပစွာပြုံးလိုက်တယ်၊ " ကိစ္စမရှိပါဘူး၊


အဘိုးနေရာကနေ ငါ'‌တောင်ဆတ်'ကျေးရွာက အစည်းအဝေးကို ကိုယ်စားသွားတက်ဖို့ရှိတယ်။ အဲဒီနေရာကလည်း အရှေ့အရပ်မှာပဲ၊ နင်အဆင်ပြေမယ်ဆိုရင် ငါတို့ အတူတူသွားလို့ရတယ်။"


အီရစ်က စကားလည်း ဆုံး ကျီရှောင်အုံးဆီလည်း ရောက်ရှိသွားခဲ့တယ်၊ နောက်ဆုံးတော့ သူမပွေ့ပိုက်ထားတဲ့ ကျားသစ်လေးကို မြင်ရသွားတော့တယ်။


အညိုရောင်အစင်းကျားနဲ့ကျားသစ်လေးက အီရစ်အား စိုက်ကြည့်လိုက်၍ သူ့မျက်ဆံနက်များက အသားစားသားရဲမျိုးနွယ်က သူ့သားကောင်ကို မြင်လိုက်ရသလို ထူးထူးခြားခြားပင် တဖျတ်ဖျတ်တောက်ပသွားလိုက်တယ်။


Chapter end