Chapter 7
Viewers 9k

အပိုင်း(၇)


အီရစ်က အန္တရာယ်အသိနဲ့ နောက်သို့ယိုင်ထိုးသွားခဲ့တယ်၊ " ကျားသစ်..ကျားသစ်မျိုးနွယ်ဝင်လား။"


အလွန်ကြောက်ရွံ့ထိတ်လန့်စွာနဲ့ သူ့သမင်ဦးချိုတွေက တုန်ရီနေခဲ့တော့တယ်။


အားနည်းတဲ့သူက သန်မာတဲ့သူအား ကြောက်ရွံ့သည်မှာ မွေးရာပါဗီဇပင်ဖြစ်လေရာ နှစ်စဉ်နှစ်တိုင်း သမင်တွေကို အမဲလိုက်တဲ့ ကျားသစ်တွေကိုတော့ ပြောဖို့တောင်မလိုပေ။ အခြားတစ်ဖက်က မလှုပ်မယှက်နိုင်နေတဲ့ ကျားသစ်‌ေပါက်လေးဖြစ်နေတာတောင်မှ ကျားသစ်လေးကို အထင်သေးလို့မရနိုင်ပေ။


ကျီရှောင်အုံးက ကျားသစ်လေးရဲ့ဒဏ်ရာကို မထိအောင်ထိန်းထားလိုက်ပြီး ခြေထောက်လေးကို ထောက်ကူပေးလိုက်ပြီးတော့ အားတောင့်အားနာစွာ ရှင်းပြလိုက်တယ်၊ "သူက ဘယ်သူ့ကိုမှ အန္တရာယ်မပြုလောက်ပါဘူး...."


ကံမကောင်းတာက သူမရဲ့တုံ့ဆိုင်းနေမှုက သူမကိုယ်သူမတောင် ယုံကြည်အောင်မလုပ်လိုက်နိုင်ခဲ့ပေ။


နောက်အတွေးထဲမှာတော့ တွေးတောနေခဲ့တယ်၊ သူမက ကျားသစ်လေးနဲ့ သုံးခါဆုံခဲ့ဖူးတာဖြစ်တယ်။ နှစ်ခါက သူ့ကိုပြုစုပေးနေရလို့ ဘာမှထွေထွေထူးထူး မဖြစ်ပျက်လိုက်ပေ၊ နောက် တတိယအကြိမ်ကတော့ သူက သူမကို ကယ်ပေးလိုက်ခဲ့တာဖြစ်တယ်။


'သူက အန္တရာယ်မပေးဘူးလေ မှန်တယ်မလား။'


အီရစ်က သူ့စိတ်ကိုပြန်တည်ငြိမ်အောင်ထိန်းလိုက်ကာ အရဲစွန့်၍ မေးလိုက်တယ်၊ " "အဲဒါ"နဲ့ နင်ဘယ်လိုလုပ်ပြီး အတူရှိနေတာလဲ"


ကျီရှောင်အုံးက ကျားသစ်လေးနဲ့ သုံးကြိမ်သာ ဆုံဆည်းမိပြီး သူ့ကိုကယ်တင်ပေးခဲ့တာဖြစ်တယ်။ ဒါပေမဲ့ အီရစ်ရဲ့ ကျားသစ်ပေါက်လေးနဲ့ပတ်သတ်တဲ့ သူ့အထင်မြင်တွေကို ပြောင်းလဲသွားအောင်လို့ အလေးပေးကာ ထပ်ပြောလိုက်ခဲ့တယ်။ "ကျားသစ်မျိုးနွယ်ဝင်နှစ်ယောက်က အခုလေးတင် ငါ့ကိုတိုက်ခိုက်ခဲ့တာ အဲဒါကို သူက ငါ့ကို ကယ်ပေးခဲ့တာလေ။"


သို့သော်ငြားလည်း ကျီရှောင်အုံးက အရမ်းရိုးရှင်းရှင်း တွေးထားလိုက်တာပဲဖြစ်တယ်။


အသားစားသားရဲတွေနဲ့ အသီးအရွက်စားသားရဲအနွယ်ဝင်တွေကြားက အချင်းချင်းဆက်ဆံရေးက နှစ်ထောင်ပေါင်း များတည်းက တည်ရှိလာခဲ့တာပဲလေ၊ ဘယ်လိုလုပ် နေ့ချင်းညချင်းကြီး ပြောင်းလဲနိုင်ပါ့မလဲ။


အီရစ်က ကျားသစ်ပေါက်လေးအား စူးစမ်းလိုက်ပြီးနောက် ကျီရှောင်အုံးအား ကြည့်လိုက်ကာ ခက်ခက်ခဲခဲပြောထွက်လိုက်တယ်၊ "နင် "အဲဒါ" ကို နင်နဲ့ခေါ်သွားဖို့ ရည်ရွယ်ထားတာလား။"


ကျီရှောင်အုံးက ခေါင်းညိတ်လိုက်ကာ ရိုးသားစွာပင် ပြောလိုက်တယ်၊


"သူလည်း သူ့မျိုးနွယ်ကနေ ကွဲလာတာပဲနေမယ်။ ငါ သူတို့ကိုရှာပြီး သူ့ကိုကူညီပေးဖို့ စီစဉ်ထားတယ်။"


အီရစ်ရဲ့ကျီးလန့်စားစားဖြစ်နေတဲ့မျက်နှာကိုတွေ့လိုက်တော့ သူမ ခဏလောက်တွေးတောလိုက်ပြီး စဉ်းစဉ်းစားစားပြောလိုက်တယ်၊ "တကယ်လို့ နင် အဲဒါကို လက်မခံချင်ရင် ငါတို့ လမ်းခွဲ သွားလိုက်လို့ရတယ်"


ကျီရှောင်အုံးက အီရစ်ခေါင်းညိတ်မယ်လို့ ထင်လိုက်တယ် ဘာလို့ဆို သူ့မျက်နှာပေါ်က ကြောက်လန့်နေမှုက အလွန်သိသာနေလို့ပါပဲ။


မမျှော်လင့်ထားတာကတော့ သူက သူ့ခေါင်းကိုရမ်းလိုက်ပြီး ကျားသစ်ပေါက်လေးကို ငေးစိုက်ကြည့်လိုက်ကာ ပြောလိုက်တယ်၊ "မဟုတ်ဘူး၊ ငါ နင်နဲ့လိုက်ခဲ့မယ်...... တကယ်လို့ အန္တရာယ်တစ်ခုခုရှိလာမယ်ဆိုရင် ငါ နင့်ကိုကာကွယ်ပေးမယ်။"


သူပြောလိုက်တဲ့ "အန္တရာယ်"ဆိုတဲ့အရာကိုတော့ ဘာလဲဆိုတာ ထည့်ပြောမသွားလိုက်ပေ။


ကျီရှောင်အုံးက သူ့စေတနာကို မငြင်းဆန်နိုင်တော့ သူမနဲ့ သူ့ကို လိုက်ခိုင်းလိုက်ခဲ့တော့တယ်။


အချိန်က မစောတော့ပေ၊ တကယ်လို့ သူတို့သာ မြန်မြန်ဆန်ဆန် မသွားလိုက်ရင် ဒီနေ့ဒီတောင်ပေါ်ကို တက်နိုင်မှာ မဟုတ်တော့ပေ။


အီရစ် သူမကို လှမ်းမခေါ်လိုက်ခင် ကျီရှောင်အုံးက သူမအိတ်ထဲက သံလိုက်အိမ်မြောင်ကို ထုတ်ထားခဲ့တာဖြစ်တယ်။


ကံကောင်းတာက သူမ မှန်ကန်တဲ့ဦးတည်ဘက်ကို ဆုံးဖြတ်ချက်ချလိုက်ပြီး အရှေ့တည့်တည့်ကို ဆက်သွားနိုင်လိုက်တယ်။


ကျီရှောင်အုံးက ရှေ့ကနေ လျှောက်ပြီးတော့ အီရစ်က သူမ နောက်မှလိုက်သွားလိုက်ခဲ့တယ်။


လမ်းခရီးတွင် အီရစ်က ကျီရှောင်းအုံးရင်ဘတ်ထဲက ကျားသစ်လေးအား မျက်စေ့ထောင့်ထောက်ကြည့်နေခဲ့တယ်။ ကျားသစ်လေးလှုပ်ရှားလိုက်တာနဲ့ သူ့ဦးချိုမှ ဖြေဖျားထိ အေးစက်တင်းမာသွားခဲ့တယ်။


ကျားသစ်လေးက သူ့ခြေသည်းလေးမြောက်ကာ သူ့နားလေးကိုကုတ်လိုက်ခဲ့စဉ် အီရစ်က နောက်သို့ခြေလှမ်းတော်တော်များများ ဆုတ်သွားပြီးတော့ သူ့သမင်မျက်လုံးတွေက သတိအပြည့်နဲ့ဖြစ်သွားလိုက်တယ်။


အကောင်ပေါက်လေးက သူ့အား နှုတ်တစ်ခွန်းမှမဟဘဲ စိုက်ကြည့်လိုက်ပြီးတော့ သူ့လက်ဖဝါးလေးကို ချလိုက်ပြီး ပျင်းရိစွာ သန်းဝေလိုက်ခဲ့တယ်။


အီရစ်အား သူ့မျက်လုံးထဲတောင် ထည့်မနေချေ။


လူတစ်ယောက်၊ ကျားသစ်တစ်ကောင်နဲ့ သမင်တစ်ကောင်က သုံးနာရီကျော်ကျော် လမ်းလျှောက်လိုက်ပြီး နောက်ဆုံးတွင်တော့ ညနေ ငါးနာရီလောက်မှ သင့်တော်တဲ့ဂူတစ်လုံးကို ရှာတွေ့လိုက်ခဲ့တယ်။


ဝင်ပေါက်က အလွန်နိမ့်ပြီး အီရစ်ရဲ့အရပ်ကြီး ဂလန့်ဂလားက အထဲကို ကုန်းဝင်လိုက်ရတယ်။


အထဲတွင် အလွန်ကျယ်ဝန်းကာ လှိုဏ်ဂူက နက်သည်။ အထဲတွင် ဘာမှရှိမနေခဲ့ဘဲ ဝက်ဝံတစ်ကောင်ရဲ့ပိုက်နက်ဂူပုံမျိုး ပုံစံမပေါက်နေခဲ့ပေ။


ကျီရှောင်အုံးက သူမကိုယ်သူမ စိတ်တည်ငြိမ်အောင်လုပ်လိုက်ပြီး အပြင်ထွက်ကာ မြက်ခြောက်တွေ ရွေ့ယူ၍ ဂူထဲတွင် ဖြန့်ချင်းထားလိုက်တယ်။ အဲဒီနောက် သူမက အခင်းပေါ်မှာ ကျားသစ်လေးကို ချထားလိုက်ခဲ့တယ်။


အီရစ်က မီးဖိုဖို ဖို့ တာဝန်ယူလိုက်ပြီး မီးမွေးလိုက်တော့ လှိုဏ်ဂူက ရုတ်ချည်းပင် ပိုလင်းထိန် သွားတော့တယ်။ သူ အပျင်းခို မနေဘဲ ချက်ချင်းပင်


လှိုဏ်ဂူထဲကနေ ပြန်ထွက်သွားလိုက်တယ်။


အချိန်ခဏမျှကြာပြီးနောက် တောရိုင်းသစ်သီးတွေနဲ့အတူ သူ ပြန်ရောက်လာခဲ့တယ်။ " ဒီပတ်ဝန်းကျင်မှာ စားလို့ရတာ သိပ်များများစားစား မရှိဘူး၊ ငါ အသီးနည်းနည်းလောက်ပဲ ခူးလာခဲ့တယ်။ ဒီနေ့တော့ ငါတို့ ဒါလေးပဲ စားလိုက်ရအောင်။ တကယ်လို့ မနက်ဖြန်လမ်းမှာ မှိုတွေ ဘာတွေတွေ့ရင် ငါတို့ နည်းနည်းခူးစားကြတာပေါ့"


ကျားသစ်ပေါက်လေးက သူ့မျက်လုံးကို ဖွင့်လိုက်ပြီး သူ့နှာခေါင်းကနေ ဟင့်ခနဲ နှာရှုတ်လိုက်တယ်။


အီရစ်က ချက်ချင်း သူ့ဆီကို စိတ်လှုပ်ရှားစွာ လှည့်ကြည့်လိုက်ခဲ့တယ်။


ကျားသစ်လေးက နောက်လှန် လှိမ့်လိုက်ကာ သူ့အား မတူမတန်သလို လျစ်လျူရှူလိုက်ခဲ့တယ်။


အသီးအရွက်စား သားရဲအနွယ်တွေက ဘာကိုမှ မက်မက်စက်စက်ရှိသူတွေ မဟုတ်ကြပေ။ မှိုဟင်းလေးတစ်ခွက်လောက်နဲ့ သူတို့ကို ကျေနပ်စေတာပဲဖြစ်တယ်။


ကျီရှောင်အုံးက သားရဲလူသားနှစ်ယောက်ကြား ကျိတ်ပုံးခုတ် ရန်ဖြစ်နေတာကို ဂရုမပြုမိဘဲ အသီးတစ်လုံးအား အခွံနွာရန် လှမ်းယူလိုက်ခဲ့တယ်။


ဒီအသီးက ကြည့်ရဆိုး၍ အပြင်ဘက်တွင် ကြမ်းတမ်းတမ်းကြီးဖြစ်ကာ ကျီရှောင်အုံး ခွဲနေကျမဟုတ်ခဲ့ပေ၊ ဒါပေမဲ့ အခွံခွာပြီးနောက်မှာတော့ အထဲက အတွင်းသားက အဖြူရောင် ဖြစ်နေခဲ့တယ်။ ကျီရှောင်အုံး အသီးအား ဖွဖွကလေး ကိုက်ကြည့်လိုက်တော့ အနံလေးမွှေးနေကာ သူမပါးစပ်ထဲတွင် အုန်းရေလို အချိုအရသာ ပြည့်နှက်သွားတော့တယ်။


သူမ အရမ်းစားလို့ကောင်းတယ်လို့ တွေးလိုက်ကာ နောက်ထပ်တစ်လုံးလှမ်းယူလိုက်ပြီး ကျားသစ်လေးဆီလှည့်လိုက်တယ်။ "နင် စားဦးမလား။"


ကျားသစ်လေးက သူမကို တစ်ချက်လှမ်း ကြည့်ရုံမျှလှမ်းကြည့်လိုက်ပြီး သူ့အကြည့်ကို လွှဲဖယ်သွားလိုက်တယ်။


ကျီရှောင်အုံး... "......"


ကဲပါလေ သူက အသားစားတိရစ္ဆာန်တစ်ယောက်ပဲမလား။


ညမှောင်သွားပြီးနောက် အီရစ် အိပ်မောကျသွားတာကို အခွင့်ကောင်းယူကာ ကျီရှောင်အုံး သူမ နေရာလွတ်ထဲကနေ တိတ်တိတ်လေး နိုးဘူးနှစ်ဘူးထုတ်လိုက်တယ်။


နိုးဘူးတစ်ဘူးကို ဖောက်လိုက်၍ အသားပိုင်း တစ်အိတ်နဲ့အတူ ကျားသစ်လေးရှေ့မှာ သွားချထားပေးလိုက်ပြီး နောက်တစ်ဘူးကို သူမဘာသူမ သောက်လိုက်တယ်။


ဒါကိုကျ ကျားသစ်လေးက မငြင်းပေ၊ သူ့မျက်နှာလေးကို နို့ဘူးထဲတွင် မြုတ်နှံလိုက်တယ်။ အသားပိုင်းကိုလည်း ပြောင်သွားအောင် စားပစ်လိုက်တယ်။


ကျီရှောင်အုံး သူ့နားရွက်ဝိုင်းလေးတွေကို ဆွဲမဆိတ်ဘဲ မနေနိုင်ဘဲ ဆွဲဆိတ်လိုက်ကာ ရေရွတ်လိုက်တယ်၊ " အစားသောက်နဲ့ပတ်သတ်ပြီး နင်ဒီလောက် ဇီဇာကြောင်လိုက်မယ်လို့ ငါမထင်ထားဘူး"


ကျားသစ်လေးက သူ့ခေါင်းကို ညွှတ်ကိုင်းလိုက်ပြီး မငြင်းလိုက်ခဲ့ပေ။


သူ စားပြီးသွားတာနဲ့ နို့ဘူးခွံကို ပြန်ယူလိုက်ကာ အိပ်ဖို့မလှဲလိုက်ခင် သူမနေရာလွတ်ထောင့်နားလေးတွင် လွှင့်ပစ်လိုက်ခဲ့တယ်။


ဒါပေမဲ့ သူမ သတိမထားမိလိုက်တာကတော့ သူမ လဲလျောင်းလိုက်ပြီးနောက် ကျားသစ်လေးက သူ့မျက်လုံးထောင့်စွန်းလေးအား ဖြည်းညင်းစွာ ဖွင့်ကြည့်လိုက်ပြီး ကောင်မလေးရဲ့ခွေခွေခေါက်ခေါက်အိပ်နေတဲ့ပုံလေးအား လှည့်ကြည့်လိုက်ခဲ့တယ်။


ခဏကြာပြီးနောက် သူ့ကိုယ်ကိုလှည့်လိုက်ကာ လှိုဏ်ဂူအပြင်ဘက်သို့ လျှောက်သွားလိုက်ခဲ့တယ်။


~~~~~~~~~~


အမှောင်ထုထဲတွင် အရိပ်မည်းမည်းတစ်ခုက ခြေဖွကာ တောအုပ်ကို ဖြတ်သန်းပြေးဝင်ရောက်သွားခဲ့တယ်။


ထိုအရာနောက်မှာတော့ ပေါ့ပါးဖျတ်လတ်တဲ့ ရင်းနှီးတဲ့ ပုံရိပ်နှစ်ခုက လိုက်ပါလာခဲ့တယ်။


တောနက်ထဲတွင် ရမ် က မတ်တပ်ရပ်လိုက်ပြီး သူ့နောက်ကိုလှည့်ကြည့်လိုက်တယ်၊ "'ရိုးဒ်'၊ 'ဒိုး' နောက်ကနေလိုက်လာဖို့ မင်းတို့ကို ဘယ်သူကခွင့်ပြုချက်ပေးလို့လဲ"


သူ့အသံကာ ဂရုမစိုက်ဟန်နဲ့တင်တင်စီးစီးနိုင်နေတယ်။


ကျီရှောင်အုံးက သူနဲ့အတူ ထွက်ပြေးလာတည်းက သည်နှစ်ယောက်က လမ်းတစ်လျှောက်လုံး သူ့နောက်ကနေ လိုက်လာခဲ့ကြတာဖြစ်တယ်။


ရိုးဒ်က မျက်လုံးပြူးကျယ်စွာနဲ့ ရှေ့တိုးလိုက်ပြီး မယုံကြည်နိုင်စွာဖြင့် မေးလိုက်တယ်။ " 'ရမ်' တကယ်ပဲ မင်းလား။"


ချက်ချင်း ပဲ စကားဆက်လိုက်တယ်၊ " မင်း ဘယ်လိုလုပ် ဒီ... ဒီလိုဖြစ်သွားတာလဲ။"


"မှင်စာလေးတစ်ကောင်လို" ထိုစကားသုံးလုံးထွက်သွားပြီးမှ 'ရမ်'ရဲ့မျက်နှာအမူအရာကို မြင်လိုက်ပြီး ချက်ချင်းပင် ဆက်ပြောမဲ့စကားအား ပြန်မြိုချလိုက်ခဲ့တယ်။


'ရမ်'က သူတို့ကို နောက်ပြန်လှည့်ကြည့်လိုက်တယ်။ သူနှင့် သူတို့က ခြားနားသွားခဲ့ပြီဖြစ်တယ်၊ သူ့ရဲ့အခုပုံစံက သားပေါက်ကလေးတစ်ကောင်လို ဖြစ်နေခဲ့တယ်။


အညိုရင့်ရောင် အစက်အပျောက်လေးတွေ ရှိတဲ့ သူ့ခြေချောင်းလေးခြောင်းလုံးက ထိုနေရာတွင် အမှတ်မထင် မတ်တပ်ရပ်လိုက်ရုံနဲ့ သူဟာ အရွယ်ရောက်ပြီးခေါင်းဆောင်တစ်ယောက်ပုံစံအနေအထား ရှိသွားခဲ့တယ်။


ဒီလိုမျိုး ကိုယ်ဟန်အနေအထား အကြီးအသေးပြောင်းလဲလိုက်မှုက 'ရိုးဒ်'နဲ့ ဒိုး' အား အလွန်အံ့ဩတုန်လှုပ်သွားစေလိုက်တယ်။


ရမ်'ရဲ့ မူလပုံစံက အရပ်အလွန်ရှည်ပြီး သန်မာထွားကျိုင်းတဲ့သူတစ်ယောက်ဖြစ်တယ်။ သူ့ရဲ့သားရဲလူသားပုံကို ပြောင်းလဲလိုက်တဲ့အချိန်တုန်းက သူဟာ ကျားသစ်မျိုးနွယ်စုရဲ့ အသန်မာဆုံးနှင့် အင်အားအကြီးမားဆုံးသူတစ်ယောက်ဖြစ်ခဲ့တယ်။


ဘယ်လိုလုပ် ဒီလောက်တောင် သေးသေးလေးဖြစ်သွားရတာလဲ။


ဒိုး'က ပထမဆုံး သူ့ကိုယ်သူပြန်တည်ငြိမ်သွားနိုင်လိုက်ပြီး မေးလိုက်နိုင်တဲ့သူဖြစ်တယ်၊ "ခေါင်းဆောင် ဘယ်လိုတွေဖြစ်သွားတာလဲ"


ကျားသစ်မျိုးနွယ်စုက သုံးရက်လုံးလုံး သူ့အား မောကြီးပမ်းကြီး ရှာဖွေနေခဲ့ပေမဲ့ ဘာသတင်းအစနမျှ မရရှိခဲ့။


'ရမ်'ရဲ့စွမ်းရည်လေး အမျှင်တန်းနဲ့ဆို မနေ့ကများ သူ ဒဏ်ရာတွေသွားတာပဲဖြစ်ဖြစ်၊ သေသွားတာလားဖြစ်နေမလာပဲ၊ ဒါမှမဟုတ် တမင်သက်သက် သူတို့ကို သူရှာလို့မရအောင်လုပ်လိုက်တာများလား.... အရင်ဆုံးဖြစ်နိုင်ချေရှိတာတွေထဲကမှ မဖြစ်နိုင်တဲ့အရာတွေကို ပယ်ချလိုက်ခဲ့တယ်။


ဒီတော့ သူက ဒီတစ်လျှောက်လုံး ကလန်ကလူ‌တွေ မောကြီးပမ်းကြီး လိုက်ရှာတာကို တမင်သပ်သပ် ရှောင်‌နေခဲ့တာလား။


ဒိုး'က ဒီ "နို့စို့အရွယ်လေး" ရမ်' အား နက်မှောင်၍ စူးစမ်းနေတဲ့မျက်လုံးများနဲ့ ကြည့်ကာ မေးလိုက်တယ်၊


" ဒီတစ်လျှောက်လုံး မင်း ဘယ်တွေရောက်နေတာလဲ။ မင်း မျိုးနွယ်စုကို ပြန်မလာတော့ဘူးလား"


'ရမ်'ရဲ့အသံနှုန်းက ခပ်တန်းတန်းဖြစ်နေကာ တစ်ဝက်အမှန် ပြောလိုက်တယ်၊ "ဝံပုလွေမျိုးနွယ်စုဆီ သွားကြည့်မလို့"


ငတုံးကောင် ဝံပုလွေတွေကတော့ သူသေသွားလို့ မီးပုံရှို့အသုဘအခမ်းအနားတောင် လုပ်ပြီးပြီ ထင်နေကြမှာပဲ။


'ဒိုး'က ထပ်မေးလိုက်တယ်၊ " မင်း အသက်ရှင်နေတယ်ဆိုလည်း ဘာလို့ ငါတို့ကို အသိမပေးတာလဲ။ မျိုးနွယ်စုက မင်း သေသွားပြီး ထင်နေကြတာ။ ဒီရက်တွေမှာ ကလန်က ယျော့တိယျော့ရဲဖြစ်လာတာ '‌လောရန့်' က သတ္တိကောင်းပြီးတော့ ခေါင်းဆောင်အသစ်တစ်ဦးရွေးဖို့ လူတိုင်းကို လိုက်စည်းရုံးနေပြီ"


ဒိုး'က သူ့မျက်လုံးကို စိုက်ကြည့်လိုက်ပြီး "တကယ်လို့ မင်းပြန်မလာဘူးဆိုရင် မျိုးနွယ်ဝင်တွေ ဆူပူအုံကြွမှာ ငါတော့ စိုးရိမ်တယ်။"


ကျားသစ်မျိုးနွယ်စုက အခြားတစ်ယောက်ရဲ့ထိန်းချုပ်မှုကို ကျိုးကျိုးနွံနွံနာခံကြတဲ့ တိရစ္ဆာန်တွေ ဘယ်တုန်းကမှ မဟုတ်ခဲ့ပေ။


ရမ်' သူတို့ရဲ့ခေါင်းဆောင်ဖြစ်လာတာက သူ့တွင် အသာစီးမှု ရှိနေတာကြောင့်ဖြစ်တယ်။


သူ့ရဲ့ အင်အားကြီးမားမှု၊ ရက်စက်ကြမ်းကြုတ်မှု၊ စဉ်းစားချင့်ချိန်တတ်မှုက ကျားသစ်မျိုးနွယ်စုအထက်ရောက်ရှိနေမှုက သူ့အမိန့်အာဏာအား မျိုးနွယ်စုတစ်ခုလုံးကို အလျော့ပေးလိုက်နာစေခဲ့တာဖြစ်တယ်။


ဒါ့ကြောင့်ပင် 'ရမ်'က သူ၏ ကိုယ်ခန္တာအရွယ်အစား သေးငယ်သွားမှုအား ကလန်ကို မသိစေချင်တာပဲဖြစ်တယ်။


ရိုးဒ်'နဲ့ ဒိုး' ပါ အပါအဝင်ဖြစ်တယ်။


ဟုတ်ပါတယ်၊ 'ရမ်' ထောင်ချောက်မိပြီး သူ ဒဏ်ရာရသွားတည်းက ဒီလို ကိုယ်ခန္တာသေးသေးဖြစ်သွားခဲ့တာဖြစ်တယ်။


သူ့ရဲ့အရွယ်ရောက် ကိုယ်ခန္တာအသွင်အား ပြန်မပြောင်းနိုင်သလို သူ့ရဲ့လူသားအသွင်လည်း ယူလို့မရတော့ချေ။


ပထမတော့ ဝံပုလွေတွေ လက်ချက်လို့ သူ ထင်ထားမိတာဖြစ်တယ်။ ထိုအကောင်တွေက ဉာဏ်နီဉာဏ်နက်များပြီး ကလိမ်ကျတတ်ကာ မကြာခဏဆိုသလို မမြင်နိုင်တဲ့ထောက်ချောက်တွေ ဆင်တတ်တာဖြစ်တယ်။


သို့ပေမဲ့လည်း ဝံပုလွေမျိုးနွယ်စုနဲ့ ဘာမှမပတ်သတ်တာကို သူရှာတွေ့လိုက်ခဲ့တယ်။


ဝံပုလွေတွေက ကံကောင်းစွာဖြင့် သူ့ခြေချောင်းလေးတစ်ချောင်းသာပဲ ဒဏ်ရာရအောင် လုပ်နိုင်ခဲ့ကာ ဒဏ်ရာက တဖြေးဖြေးချင်း ပြန်ကောင်းလာခဲ့ပေမဲ့ သူကတော့ သူ့ရဲ့နဂိုမူလအခြေအနေအား ပြန်မပြောင်းနိုင်နေတုန်းပင်။


သူ့ရဲ့ဒီအသွင်ပုံသဏ္ဍာန်လိုပဲ ဖြစ်နေခဲ့တယ်။


ကျားသစ်မျိုးနွယ်စုဝင်တွေအားလုံးက အလွန်ရည်မှန်းချက်ကြီးမားကြကာ အားလုံးက ရိုးသားမှုမရှိကြပေ။ သူ့နဂိုကိုယ်ခန္တာအတိုင်း ရှိနေတုန်းကတော့ ထိုအချက်က ပြဿနာမဟုတ်ပေ။


တကယ်လို့ သူအခုလို သားပေါက်လေးအရွယ်သေးသေးလေး ဖြစ်သွားတာကို သူတို့သာ ရှာတွေ့သွားလိုက်ရင် သူဘယ်လိုလုပ် ပြန်သွားနိုင်ပါ့မလဲ။


" ငါ အခုလောလောဆယ်တော့ ပြန်မှာမဟုတ်ဘူး" 'ရမ်'က တည်ငြိမ်စွာ ပြောလိုက်တယ်။


'ဒိုး'က အံအားသင့်သွားခဲ့တယ်၊


" မင်း ဘာပြောလိုက်တယ်။"


ညက တိတ်ဆိတ်နေခဲ့ကာ 'ရမ်'ရဲ့လေးကန်နေသော အသံသာလျှင် ချန်ရစ်ထားခဲ့တယ်၊ "ငါ အခုလောလောဆယ် ဂရုစိုက်စရာ အခြားအရာရှိနေတယ်"


လှိုဏ်ဂူပေါက်ဝမှ အလင်းရောင်တန်းလေးတစ်ခုက ဖြိုးဖြိုးဖျက်ထွက်ပေါ်လာခဲ့ကာ သေးသွယ်တဲ့ကောင်မလေးရဲ့ အပြင်ထွက်လာတဲ့ ခြေသံက လိုက်ပါလာခဲ့တယ်။


ကောင်မလေးက ဓာတ်မီးတစ်လက်ကို ကိုင်လျက် ပတ်ဝန်းကျင်အား ထိုးရှာနေခဲ့ပေမဲ့ ဘာမှမမြင်ခဲ့ပေ၊ ဒီတော့ သူမ တိုးတိတ်စွာ လှမ်းခေါ်လိုက်ခဲ့တယ်၊ "ဟေး နင်ဘယ်မှာလဲ။"


'ရမ်'၏ရှေ့က သစ်ပင်ဆီသို့ အလင်းတန်းက ဝေ့ဝိုက်လာခဲ့၍ သူ နောက်ပြန်ဆုတ်လိုက်ပြီး သူ့မျက်လုံးများက ကောင်မလေးဆီ အကြည့်စွဲသွားလိုက်တယ်။


'ရိုးဒ်'နဲ့ 'ဒိုး'လည်း လိုက်ကြည့်လိုက်ခဲ့တယ်။


'ရိုးဒ်'က တစ်ချက်လှမ်းကြည့်လိုက်တော့ သူမက ရှေ့ရက်က ကောင်မလေးမှန်း သိသွားလိုက်ကာ သူငေးကြည့်လိုက်တယ်။


'ဒိုး'က သူ့အကြည့်အား ပြန်ရုတ်သိမ်းလိုက်ကာ- "ဒီ 'မိန်းမပျို'က အဲဒီ အခြားအရာဆိုတာလား။"


'ရမ်'က ထို 'အရာ'ဆိုတဲ့ ဟာက "သူမ" ဆိုတာကို ပြန်မငြင်းလိုက်ခဲ့ပေ။


ဒီနေ့မနက်စောစောက သူ သမင်ရွာကို ဖြတ်သွားလိုက်တုန်းက ကျီရှောင်အုံးနဲ့ မျိုးနွယ်စုအကြီးအကဲတို့ စကားပြောနေတာကို ကြားသိလိုက်ရတယ်။ သူမက အရှေ့အရပ်က 'ပက်' လို့ခေါ်တဲ့ ပင်လယ်လိပ်ကြီးကို ရှာဖို့ ဦးတည်သွားမှန်း သူသိလိုက်ခဲ့ရတယ်။


ပင်လယ်လိပ်ကြီးက နှစ်ပေါင်းရှစ်ရာနီးပါး အသက်ရှင်နေထိုင်ခဲ့ပြီး အတွေ့အကြုံ၊ ဗဟုသုတများစွာရှိမှန်း သူ ကြားလိုက်ခဲ့ရတယ်။


သူ့နဂိုမူလကိုယ်ခန္တာအား ပြန်ရောက်နိုင်ဖို့ သူ့ကို ကူညီနိုင်ကောင်း ကူညီနိုင်လိမ့်မည်။


'ဒိုး'ရဲ့သွင်ပြင်အမူအရာက သူတစ်ခုခုအား သိသာစွာ အထင်မှားသွားလိုက်ပြီး မအီမသာဖြစ်သွားခဲ့တယ်။


'ဒီကောင်မလေးရဲ့သားမွေးတွေက ရှည်မနေဘဲ သူ့ကိုကြည့်ရတာ ကျိုးပဲ့ထိခိုက်လွယ်မဲ့ပုံပေါက်တယ်။ ခေါင်းဆောင်က ဒီလိုဟာမျိုးကို ဘယ်လိုလုပ် မျက်စိကျသွားရတာများလဲ။'


'ရမ်'က ရှင်းမပြဘဲ ကျီရှောင်အုံးတစ်ယောက် လှိုဏ်ဂူအပြင်ဘက်မှာ ပတ်ချာလှည့်လည် လျှောက်သွားပြီးတဲ့နောက် သမင်သားရဲလူအမျိုးသားအား သွားနှိုးဖို့ အထဲဝင်သွားတာကို ကြည့်ရှုနေခဲ့တယ်။ သူ မတ်တပ်ရပ်လိုက်ပြီး ပြန်သွားရန် ရှေ့သို့ ခုန်လှမ်းလိုက်ခဲ့တယ်။


"မင်း ထွက်သွားရင် မျိုးနွယ်စုကိုရော ဘယ်လိုလုပ်မလဲ။" 'ဒိုး'က နောက်ဆုံးတွင် မေးမြန်းလိုက်ခဲ့တယ်။


" သူတို့ဆီ ပြန်သွားလိုက်"။ 'ရမ်'က သူတို့ဆီ စကားချန်ခဲ့လိုက်ပြီးနောက် ခြေလှမ်းတော်တော်များ ခုန်လှမ်းလိုက်ကာ 'ရိုးဒ်'နဲ့ 'ဒိုး'အား နောက်တွင်ချန်ရစ်ထားလိုက်ခဲ့တယ်။ " ငါ့ဆီက ခေါင်းဆောင်နေရာကို ယူနိုင်စွမ်းရှိတဲ့ ဘယ်သူ့ကိုမဆိုပြောလိုက်။ တကယ်လို့ သူတို့မှာ အစွမ်းမရှိရင် တောအုပ်စည်းမျဉ်းစည်းကမ်းအတိုင်းကျင့်သုံးဖို့ မျိုးနွယ်စုတွေအားလုံးကို အတူတူ သိစေလိုက်မယ်လို့"


တောအုပ်အစွန်ဆုံးတွင်တော့ ကောင်မလေးတစ်ယောက်နဲ့ သမင်သားရဲတစ်ကောင်က ချဉ်းကပ်လာခဲ့တော့တယ်။


အီရစ်က သက်သာရာရသွားတဲ့ပုံပေါက်နေကာ ကျီရှောင်အုံးအား ခပ်မြန်မြန် ဖျောင်းဖျလိုက်ခဲ့တယ်၊


"'အဲဒါ'က ခရီးထွက်ရတာ ပျင်းဖို့ကောင်းမှန်းသိပြီးတော့ ပြန်သွားတာ ဖြစ်နိုင်တယ်၊ သူ့မျိုးနွယ်ကို ရှာဖို့ သွားလိုက်တာလဲ ဖြစ်နိုင်တာပဲ။ 'အုံး' အဲဒီဟာက သွားချင်တယ်ဆိုမှတော့ သွားခွင့်ပြုလိုက်ပါ...."


ကျီရှောင်အုံးက ဓာတ်မီးကို ကိုင်ကာ ဘယ်လိုတွေးရမှန်း မသိတော့ချေ။


'ရမ်'ရဲ့မျက်လုံးများက လင်းလက်သွားလိုက်ကာ ဒဏ်ရာရနေတဲ့သူ့ခြေထောက်လေးကို ကြွလိုက်ခဲ့တယ်။


တိရစ္ဆာန်တစ်ကောင်က ဒဏ်ရာရနေတဲ့အချိန် သူ့ခြေလှမ်းများက ယိုးတိုးယိုင်တိုင်ဖြစ်လာခဲ့ပြီး ပေါ့ပါးနေတဲ့ခြေလှမ်းသံက အသံပိုထွက်လာခဲ့တယ်။


ကျီရှောင်အုံးက အသံကြားလိုက်ရာနောက်ကို ကြည့်လိုက်ခဲ့တယ်။


တစ်ချိန်တည်းမှာပင် 'ရမ်'က သူ့ကိုယ်လုံးကို အောက်နိမ့်ချလိုက်ပြီး ကျီရှောင်အုံး လက်မောင်းထဲကို ခုန်တက်ခဲ့လိုက်ခဲ့တယ်။


End....