Chapter 10
Viewers 9k

 


အပိုင်း(၁၀)


ကျီရှောင်အုံး မနေ့ညက အဖြစ်အပျက်အား တွေးတောလိုက်တယ်၊ ဝက်ဝံညိုက ပျားရည်ပုလင်းအလွတ်သာချန်ပြီး အိပ်ပျော်သွားခဲ့တာပဲ။


ဝက်ဝံကများ သူမ ကျောပိုးအိတ်ကို ခိုးသွားတာလား။


ဒါကို နားလည်သွားလိုက်တော့ ကျီရှောင်အုံး သူမမျက်လုံးတွေကို အမြန်ပိတ်ချကာ သူမနေရာလွတ်အား စစ်ဆေးကြည့်လိုက်ခဲ့တယ်။


ကံကောင်းထောက်မစွာဘဲ နေရာလွတ်ထဲမှာ အရာအားလုံး ရှိနေတုန်းပါပဲ။


သူမ ကျောပိုးအိတ်ထဲမှာ အလွယ်တကူယူသုံးလို့ရအောင်လို့ ထားထားခဲ့တဲ့ အရာတွေဖြစ်တဲ့ - သံလိုက်အိမ်မြောင်၊ ဓာတ်မီးနှင့် ဖုန်းတွေသာ ပျောက်သွားခဲ့တာပဲ။


အခုဆို နေရာလွတ်ကို သူမရဲ့ကျောပိုးအိတ်ကနေတစ်ဆင့်မဖြတ်ဘဲ တိုက်ရိုက်ဝင်လို့ရနိုင်ပေမဲ့ ဆဲဖုန်းမှာက အခြားကမ္ဘာမှာရှိတဲ့ သူမရဲ့အဆက်သွယ်တွေနဲ့ နေရာအတိကျညွှန်ပြနိုင်တဲ့ သံလိုက်အိမ်မြောင်ရယ်နဲ့ ညဘက်မှာ အလင်းရဖို့သုံးတဲ့ ဓာတ်မီးရယ်သာ ရှိနေခဲတာဖြစ်တယ်။ တစ်ခုချင်းစီက အလွန်အရေးကြီးတာတွေကြီးပဲ။


ဝက်ဝံက သူမကျောပိုးအိတ်နဲ့ ဘာလုပ်နိုင်မှာမို့လို့လဲ။


ကျီရှောင်အုံးတစ်ယောက် သံသယများနဲ့ကျန်ရှိလိုက်ပြီး လှိုဏ်ဂူဝင်ပေါက်ကို လှမ်းကြည့်လိုက်ခဲ့တယ်။


နှင်းမုန်တိုင်းက စဲသွားခဲ့ပြီဖြစ်တော့ အပြင်ဘက်တစ်လောကလုံး ရုပ်လုံးပေါ်လာခဲ့တယ်။


တောအုပ်တစ်ခုလုံးက အဖြူရောင်အလွှာတစ်ခု ဖုံးအုပ်ခြင်းခံလိုက်ပြီး သစ်ပင်တွေပေါ်မှာ နှင်းထုတွေ အထူကြီးတင်နေပြီး သစ်ကိုင်းတစ်ချို့မှာတောင် နှင်းတွေရှိနေခဲ့တယ်။


မြင်မြင်သမျှအရာအားလုံးမှာ ငွေရောင်နှင့်အဖြူရောင် နှင်းတွေက အတိုင်းအဆမဲ့ တန်ဆာဆင်ယင်ထားခဲ့ပါတယ်။နှင်းကျတာတော့ မရပ်သေးပေ၊ လေအေးတွေနဲ့နှင်းမှုန်စတွေက လှိုက်ဂူထဲသို့ ဝဲလွင့်လာခဲ့ပြီး သူမအား ခိုက်ခိုက်တုန်ချမ်းအောင် လုပ်ဆောင်နေခဲ့တယ်။


ကျီရှောင်အုံးက အပူချိန်တက်စေဖို့ ချောကလက်တောင့်နှစ်ခုစားလိုက်ရုံသာမက ယောက်ျားစီးနှင်းကာအင်္ကျီတစ်ထည်အား သူမခြုံဖို့ နေရာလွတ်ထဲမှ ထုတ်လိုက်ခဲ့တယ်။ ရှည်လျားတဲ့ကုတ်အရှည်က သူမအတွက် အနည်းငယ်လေးချောင်နေကာ သူမ ခြေမျက်စိထိ ရောက်လုနီးပါးပဲ၊ ထိုအင်္ကျီကို သူမကိုယ်ပေါ်တွင် ခြုံထားလိုက်ပြီး အအေးဓာတ်အများစုအား ပိတ်ဆို့ထားလိုက်ခဲ့တယ်။


သူတို့ရဲ့ခရီးစဉ်က ဆောင်းတွင်းထဲမှာဖြစ်တာကြောင့် အတန်းသားအချို့က ထူထူထဲထဲအင်္ကျီတွေ သယ်လာခဲ့တာပဲဖြစ်တယ်။ ဒီကုတ်က 'လျို့ချီချန်း' ပိုင်တဲ့အင်္ကျီပဲ။


ကျီရှောင်အုံးလည်း မေးလိုက်ခဲ့တယ်၊ "ဒီလေကာကုတ်ကြီးက တကယ်လိုရော လိုမှာမို့လား။"


'လျို့ချီချန်း' က စာအုပ်တစ်အုပ်အား ဖတ်နေရင်းနဲ့ လေသံဖျော့ဖျော့နဲ့ ပြန်ဖြေလိုက်တယ်၊ "ညဘက်တွေဆို တောင်ပေါ်တွေမှာ အေးတယ်လေ လိုရမယ်ရပေါ့"


ကျီရှောင်အုံး အခုတော့ တွေးလိုက်တယ်၊ အဲဒါက လိုတယ် အရမ်းကိုလိုအပ်တယ်။


သူမဘေးက ကျားသစ်ပေါက်လေးရဲ့အသံက သူမအတွေးမျှင်တန်းအား နှောင့်ယှက်လိုက်ခဲ့ပါတယ်။


သူဘယ်အချိန်ကဘယ်လို နိုးလာပြီး သူမဆီကို လျှောက်လာလိုက်လဲ သူမ မသိပေ။ ဒါပေမဲ့ သူမခြေထောက်ပေါ်မှာ သူ့ခြေချောင်းနှစ်ချောင်းလေးရှိကာ သူ့ခေါင်းကိုမော့၍ သူမဆီသို့ ကြည်ပြာရောင် ဖျော့ဖျော့မျက်လုံးလေးတွေနဲ့ စိုက်ကြည့်လိုက်ခဲ့တယ်။


ကျီရှောင်အုံး က သူဗိုက်ဆာတယ်လို့ ထင်သွားလိုက်တာကြောင့် ရှေ့နောက်မစဉ်းစားဘဲ သူမရဲ့နေရာလွတ်ကနေ နို့ဘူးတစ်ဘူးအား တိုက်ရိုက်ထုတ်ယူလိုက်ခဲ့တယ်။ သူမက ကတ်ကျေးတစ်လက်ပါ ထုတ်လိုက်ကာ သူ့ရှေ့မှာတင် ဖောက်၍ ထားပေးလိုက်ခဲ့တယ်။


ဒီတစ်လျှောက်လုံး လုပ်လိုက်ပြီးသွားတော့မှ သူမ အမှားလုပ်လိုက်မိတယ်ဆိုတာ သဘောပေါက်လိုက်ပြီး ကျီရှောင်အုံးရဲ့လှုပ်ရှားမှုတွေက တောင့်ခဲသွားတော့တယ်။


အခုလေးတင် သူမရဲ့ကျောပိုးအိတ်ကို ကွယ်မထားလိုက်မိဘူးလား။


ကျီရှောင်အုံး - "......"


သူမနဲ့အတူ အီရစ်ရှိတုန်းကလိုမျိုး သူမရှေ့ကကျားသစ်လေးကိုတော့ ဂရုမစိုက်မိပေမဲ့လည်း သူမရဲ့ကျောပိုးအိတ်ထဲမှာ တမင်ဖုန်းကွယ်ထားပြိီးတော့ သူမရဲ့နေရာလွတ်ထဲကနေ ပြောင်ပြောင်တင်းတင်းကြီးတော့ မထုတ်ယူခဲ့တာပဲဖြစ်တယ်။


ကျီရှောင်အုံးရဲ့ဖြူစင်ပြီးနက်မှောင်တဲ့မျက်လုံးပြူးလေးက ကျားသစ်လေးအား စိတ်ရှုပ်ထွေးစွား စိုက်ကြည့်နေမိလိုက်တယ်။ သူ အဲဒါကို သတိမထားမိလောက်ပါဘူးနော်။


'ရမ်'ကလည်း သူမအား လုံးဝ အကြည့်မလွှဲဘဲ စိတ်ဝင်တစား စိုက်ကြည့်နေခဲ့တာတယ်။


အချိန်ကြာကြီးနေတော့မှ သူ ဖြေးညင်းစွာဖြင့် ပြောင်းလိုက်ပြီး ဆက်ပြီးကြည့်လိုက်ခဲ့တယ် ၊ ဒါပေမဲ့ နို့ဘူးကိုပဲ ဖြစ်တယ်။


သူက ရုတ်ခနဲ လှိုဏ်ဂူဝင်ပေါက်ဘက်သို့လှည့်လိုက်ကာ သူ့နောက်ခြေထောက်တွေနဲ့ နို့ဘူးကို မြေကြီးပေါ်သို့ ကန်ထုတ်လိုက်ကာ ခုန်ထွက်သွားလိုက်ခဲ့တယ်။


"ဗွမ်း...."


နို့ရည်တွေက နေရာအနှံဖိတ်စင်သွားလိုက်ကာ ကျီရှောင်အုံးရဲ့ရှူးဖိနပ်ပေါ်တွင်ပါ တစ်ဝက်မျှ ဖိတ်စင်သွားတော့တယ်။


ကျီရှောင်အုံး အနည်းငယ်လေး စိတ်အနှောင့်အယှက်ဖြစ်သွားခဲ့တယ်။ သူ တစ်ခုခုမှားနေတာ တွေ့လိုက်လို့လား။


ဒါပေမဲ့ သူမ အဲလိုခြောက်လန့်ဖို့ မရည်ရွယ်ခဲ့ပါဘူးနော်.....'


ကျီရှောင်အုံး မြေကြီးပေါ်က တစ်စက်စက်ကျနေတဲ့နို့ဘူးအား ကြည့်လိုက်ရင်းနဲ့ နည်းနည်းစိတ်ဓာတ်ကျသွားတော့တယ်။


သူမရဲ့နေရာလွတ်က ရိက္ခာပစ္စည်းတွေက အကန့်အသတ်နဲ့ရှိတာလေ၊ နို့ဘူးကလည်း ဒီနေရာမှာဆို အရမ်းအဖိုးတန်တာပဲကို သူမ ကိုယ့်တိုင် သောက်ဖို့တောင် မနဲထိန်းထားနေရတာ။ ဒါပေမဲ့ သူမကဖြင့် သူ့ကိုတော့ မြန်မြန်အနာသက်သာပါစေတော့ဆိုပြီး နို့ဘူးပေးလိုက်ခဲ့တာ။


သူ အဲဒါကို ဘယ်လိုလုပ် အသိမှတ်မပြုပေးနိုင်ရတာလဲ။


ကျီရှောင်အုံးက ရှေ့တိုးလိုက်ကာ ကျားသစ်လေးရဲ့နှစ်ရွက်ဝိုင်းလေးနှစ်ဖက်နဲ့ပါးလေးတွေကို ဖျစ်ညစ် ဆွဲလိမ်လိုက်ခဲ့ပြီး ပြောလိုက်တယ်- " အစားအသောက်ကို ဖြုန်းတီးတယ်ပေါ့လေ။ ဒါတွေက ဘယ်ကနေရောက်လာလဲဆိုတာ နင်သိရဲ့လား။ နင့် ဒီနေရာမှာ အဲဒါမရှိနိုင်ဘူး၊ ငါ သယ်လာလို့သာ...."


သူမ ဆူညံပူညံဆက်လုပ်လိုက်ခဲ့တယ် - " နောက်တစ်ခါ နင့်အစားအသောက်တွေ ဖြုန်းတီးလို့ကတော့ ငါ နင့်ကို နောက်ထပ် ဘာမှလဲ ကြွေးမှာမဟုတ်ဘူး လမ်းပေါ်လဲ ခေါ်သွားမှာမဟုတ်ဘူး"


သူမက ထိုစကားတွေကို ခွေးတစ်ကောင်က ကြောင်တစ်ကောင်အား ကျီစားနေတဲ့လေသံမျိုးနဲ့ ပြောလိုက်တာပဲဖြစ်တယ်။


'ရမ်'က ကြွေရောင်တောက်တဲ့မျက်လုံးလေးတွေနဲ့ သူမလည်စေ့ထိ လေကာဂျက်ကတ်နဲ့ပိတ်ဝတ်ထားပြီး မျက်နှာသေးသေးလေးပဲဖော်ထား၍ ပါးလေးက အအေးဒဏ်ကြောင့် ဖျော့ဖျော့လေးရဲနေတဲ့ ကောင်မလေးအား ကြည့်လိုက်ခဲ့တယ်။


"ငါ ပြောတာ ကြားရဲ့လား" ကျီရှောင်အုံး မေးလိုက်ခဲ့တယ်။


'ရမ်'က သူ့အကြည့်အား လွှဲဖယ်လိုက်ပြီး သူ့ခြေသည်းတွေက မြေကြီးပေါ်ကို တောင်စဉ်ရေမရ ကုတ်ခြစ်ဆွဲလိုက်ခဲ့ပေမဲ့ တုံ့ပြန်မှုမရှိပေ။


ကျီရှောင်အုံး နောက်ထပ် ထပ်ပြောလိုက်ချင်ပေမဲ့ ရုတ်တရက် အသံတစ်ခုကြားလိုက်ရတယ်။


ပြင်းထန်စွာတိုက်ခတ်နေတဲ့ နှင်းနှင့်လေတွေကြောင့် ထို အသံက မကြားတကြားဖြစ်နေခဲ့ကာ--


"အုံး..... အုံး...."


ကျီရှောင်အုံးရဲ့မျက်လုံးများ ပြူးကျယ်သွားလိုက်ကာ အဝေးအား လှမ်းကြည့်လိုက်ခဲ့တယ်။


ဖွေးဖြူနေတဲ့ နှင်းပြင်ကျယ်ကြီးထဲတွင် သစ်သားလှည်းတစ်စီးက တစ်ရွတ်တိုက်ထိုးခွင်းလို့လာခဲ့ကာ ဆီးနှင်းပွင့်တွေတဖွားဖွားကျနေတဲ့ရှေ့မှာ လူကောင်ကြီးမားလှတဲ့သမင်ကြီးတစ်ကောင်က ရှေ့ကနေ ပြေးလွှားလာခဲ့တယ်။


သမင်ကြီးက လျင်မြန်စွာဖြင့် လှိုဏ်ဂူရှေ့သို့ လှည်းအား ဆွဲလာလိုက်ကာ ရင်းနှီးတဲ့အသံတစ်ခု ထွက်ရှိလာခဲ့တယ် - " အုံး နင် အဆင်ပြေရဲ့လား"


ကျီရှောင်အုံး ဝမ်းသာအဲလဲနဲ့ အံဩသွားခဲ့တယ် " အီရစ်လား"


~~~~~~~


ကျီရှောင်အုံးက 'ရမ်'အား လှည်းပေါ်ထိုင်ရန် ဆွဲလာလိုက်ပြီး အီရစ်ကိုပါ ငန်းမွှေးစောင်ဖြင့် လွှမ်းခြုံလိုက်ခဲ့၍ သိချင်စိတ်နဲ့မေးလိုက်ခဲ့တယ်- "အီရစ် မနေ့က နင်ဘယ်တွေသွားလိုက်တာလဲ။ ဘာလို့ နင်ပြန်ရောက်မလာတာလဲ။ ငါတို့တွေ တစ်ညလုံး စောင့်နေလိုက်ရတာ ငါထင်တာက နင်......"


အီရစ်က နှင်းတောထဲမှာ ပြေးနေရင်းနဲ့ နောင်တရစိတ်နဲ့ပြောလိုက်တယ် - " ငါ တောင်းပန်ပါတယ် အုံး။ ငါ ထင်းလိုက်ရှာနေတုန်း နှင်းတွေက အရမ်းကျလာပြီး ငါ နှင်းတောထဲမြုပ်ခံလိုက်ရတာ။ ငါ့သူငယ်ချင်း 'ရုသ်'က ငါ့ကို ကယ်လိုက်ပေမဲ့ ငါ တစ်ညလုံး အိပ်ငိုက်နေခဲ့တာနဲ့ ......... ငါ... မင်းကိုလာခေါ်ဖို့ နောက်ကျသွားလို့ တောင်းပန်ပါတယ်" သူ ထပ်ပြီး တောင်းပန်လိုက်ခဲ့တယ်။


ကျီရှောင်အုံးက နှင်းတောထဲမှာ မြုတ်သွားတယ်ကြားလိုက်ရတော့ သူဘယ်လိုနေလဲမေးလိုက်ပေမဲ့ သူက ပြောလိုက်တယ်- "သမင်မျိုးနွယ်တွေက အရမ်းသန်မာတာ။ ဒီလောက်နှင်းလောက်က ဘာမှမဟုတ်ပါဘူး"


ကျီရှောင်အုံးက သူပြောပြလိုက်တဲ့အကြောင်းကနေ သူမတွေးမိပြီး မေးလိုက်ခဲ့တယ်- " နင့်သူငယ်ချင်းက ဘယ်သူလဲ"


အီရစ်က နောက်ပြန်လှည့်ကာ အော်ပြောလိုက်တယ်- " သူက 'ရုသ်'လို့ခေါ်တယ်။ သူက ဖာရစ်ကျေးရွာမှာ နေတာ။ သူက ဝက်ဝံမျိုးနွယ်စုကပဲ"


ကျီရှောင်အုံးက မနေ့ညက အပြောင်းလဲမြန်တဲ့ ဝက်ဝံညိုအကြောင်း တွေးမိသွားလိုက်ကာ အလိုလိုထိတ်လန့်သွားလိုက်တယ်။


အီရစ်က သူမလန့်သွားတာကို ခံစားမိလိုက်တော့ နှစ်သိမ့်ပေးလိုက်တယ်- " 'ရုသ်'က အရမ်းသဘောကောင်း ကြင်နာတတ်ပါတယ်။ မကြောက်ပါနဲ့ သူက နင့်ကို ရင်းရင်းနှီးနှီးရှိမှာပါ။


မကြာမီ သူတို့တွေ ဖာရစ်ကျေးရွာသို့ ရောက်ရှိသွားခဲ့တယ်။


ကျေးရွာသို့မရောက်ခင် သားရဲလူမျိုးစုပေါင်းစုံ လာလိုက်သွားလိုက်လုပ်နေတာအား သူမမြင်လိုက်ခဲ့တယ်။


စာသင်သားဝက်ဝံသားရဲလူသားတစ်ယောက်၊ ခွေရစ်နေတဲ့အမြီးတစ်ချောင်းဖြင့် တရွေ့ရွေ့သွားနေတဲ့ မြွေလူတစ်ယောက်၊ ကျောကုန်းမှာ လပြာရောင်တောင်ပံတွေရှိတဲ့ လိပ်ပြာလူသားတွေ......


အီရစ်က ရွာထဲမှာ မျိုးနွယ်စုတွေစုပေါင်းနေတယ်ဆိုတာကို ပြောပြထားတာတောင် ကျီရှောင်အုံး ထိုအရာကို သူမမျက်စိနှစ်လုံးနဲ့ မြင်လိုက်ရချိန်မှာလည်း သူမ အံ့အားသင့်နေရဆဲပင်ဖြစ်တယ်။


အံဩဘနန်းကြီးနေဆဲဖြစ်တဲ့ ကျီရှောင်အုံးက ဒီနေရာမှာ အပင်စားသားရဲလူတွေကြီးပဲ ရှိတာမဟုတ်မှန်း အံအားသင့်စွာ တွေ့လိုက်ရတယ်။ အသားစားသားရဲလူတွေလည်း ရှိတာပဲလား။'


ကျီရှောင်အုံးက ခြင်္သေ့သားရဲလူတစ်ယောက် ဖြတ်လျှောက်သွားတာကို မြင်လိုက်ရကာ သူမ အံ့ဩတုန်လှုပ်သွားရတယ်။


"အီရစ်.. နင်..... နင်မကြောက်ဘူးလား"


အီရစ်က သူ့ရဲ့လူသားသွင်ပြင်သို့ ပြောင်းလဲလိုက်ကာ သူမဘေးကနေ လျှောက်လာလိုက်ခဲ့တယ်၊ "ဒါက ငြိမ်းချမ်းရေးကျေးရွာတစ်ခုလေ။ မြက်စားတဲ့မျိုးနွယ်တွေရော အသားစားမျိုးနွယ်တွေရော အတူတူယှဉ်တွဲပြီး သူတို့ဆန္ဒနဲ့ သူတို့ရောက်လာကြတာ။ ဒီနေရာမှာဆို ခိုက်ရန်ဖြစ်ပွားမှု မရှိသလောက်ပဲ၊ တကယ်လို့ အသားစားသားရဲမျိုးနွယ်တစ်ယောက်က ကြမ်းကြမ်းတမ်းတမ်းပြုမူလိုက်ရင် သူတို့က လူထုကို ယမ်းပုံမီးကျဖြစ်စေလိမ့်မယ်။


'မထင်ထားဘူးပဲ...... ဒါက ဒီလိုနေရာမျိုးလား။'


ကျီရှောင်အုံး အံအားသင့်စွာနဲ့ ကျားသစ်လေးကို ပွေ့ထားလိုက်ပြီး ကျေးရွာထဲသို့ ဝင်ရန် နောက်မှ လိုက်ပါသွားခဲ့တယ်။


အချိန်ခဏလျှောက်လာလိုက်ပြီးတော့ ကျီရှောင်အုံးက တစ်ခုခုက မသင်္ကာဖွယ်ကောင်းသလို ခံစားလိုက်ရကာ -


"ဘာလို့ သားရဲလူ 'အမျိုးသား'တွေ အများစုဖြစ်နေကြတာလဲ"


အီရစ်က မသေချာမရေရာနဲ့ ပြောလိုက်ခဲ့တယ်- "နင်တို့မျိုးနွယ်စုအကြီးအကဲက မရှင်းပြထားဘူးလား။....... သမင်မျိုးနွယ်ဖြစ်ဖြစ် ဝက်ဝံမျိုးနွယ်ပဲဖြစ်ဖြစ် အခြားဘယ်မျိုးနွယ်မဆိုမှာက 'မိန်းမပျို'တွေ အရမ်းရှားတယ်ဆိုတာလေ။ တိုက်ကြီးမှာ ပြောင်းလဲမှုတွေအားလုံးဖြစ်ပြီးသွားတည်းက 'မိန်းမပျို'တွေ ရှားပါးလာပြီး ပိုပြီးအဖိုးတန်လာတာလေ။" အဲဒီနောက် အီရစ်က ပုံမှန်လိုမျက်နှာထားနဲ့ပြောလိုက်တယ်- "မျိုးနွယ်စု ဆက်ပြီးတည်တန့်နိုင်အောင်လို့ အချို့ကလန်တွေက 'မိန်းမပျို'တွေက 'အဖိုအမျိုးသား'တွေအများကြီးနဲ့ မကြာခဏမိတ်လိုက်လေ့ရှိကြတယ်"


အီရစ်ရဲ့သဘာဝကိုက သားရဲလူတစ်ယောက်ဖြစ်တော့ သူ့အမြင်မှာတော့ ဒါက ပုံမှန်ထက်တောင် ပိုနေသေးတာဖြစ်တယ်။


သို့ပေမဲ့ ထိုအရာက ကျီရှောင်အုံးရဲ့နားထဲမှာတော့ အံဩနေရတုန်းပင်။ 'မိန်းမပျို'သားရဲလူတစ်ယောက်မှ မမြင်မိတာ မအံ့ဩတော့ပါဘူး။'


သူမအီရစ်ရဲ့ရွာမှာရှိတုန်းကလည်း သူမမြင်သမျှက 'သမင်သားရဲလူအဖိုအမျိုးသား' တွေကြီးပဲဖြစ်တယ်။


'ဖာရစ်'ကျေးရွာတွင် တစ်ဖက်တစ်ချက်စီမှာ သစ်သားအိမ်ပုလေးတွေရှိကာ ကျောက်တုံးအိမ်တစ်အိမ်နှစ်အိမ်က ကြိုကြားကြိုကြားရှိနေခဲ့တယ်။


ကျီရှောင်အုံး ရှေ့တွင် ပျံကျဈေးဆိုင်ခန်းတွေလိုမျိုး သက်ကယ်တဲတွေ စီတန်းဆောက်လုပ်ထားတာ တွေ့လိုက်ရတယ်။ တစ်ချို့တဲတွေမှာ ထူးဆန်းတဲ့ပစ္စည်းတွေရှိကာ အချို့တဲတွေက လေးတွေ မြားတွေ ပုဆိန်တွေ၊ ဖျာတွေနှင့် မှန်ဘီလူးတွေ....ရှိနေခဲ့တယ်။


"ဖာရစ်ရွာက ဘော်နီရား ကုန်းမြေပြန့်ပေါ်မှာ စည်ပင်ကြွယ်ဝဆုံးပဲလေ။ ဒီက လူတစ်ယောက်က သင်္ဘောတစ်စီးကို တီထွင်ခဲ့တာ။ သင်္ဘောကတို့တွေ နေတိုင်းနေ့တိုင်း ကျေးရွာတွေအများကြီးကို ထွက်တယ်" အီရစ်က စကားပြောရင်းနဲ့ လျှောက်လာလိုက်တယ်၊ "အုံး မနက်ဖြန်နေ့လယ်ကျရင် တောင်ဆတ်ကျေးရွာကို သွားဖို့ သင်္ဘောရှိတယ်၊ ငါ အဲဒီရွာကို သွားမလို့လုပ်ထားတာပဲ။ သင်္ဘောက အရှေ့အရပ်ကို ဦးတည်နေတာ နင် ငါနဲ့အတူ လိုက်မယ်မလား"


ကျီရှောင်အုံးက ခဏမျှ စဉ်းစားလိုက်ပြီးတော့ ခေါင်းညိတ်လိုက်ပြီး ခေါင်းထက်ကနေ စုဝေးသံတွေကြားလိုက်ရတယ်။


သားရဲလူတွေတော်တော်များများက ဈေးဆိုင်ငယ်တစ်ခုကို ဝိုင်းနေပြီး တစ်စုံတစ်ခုအား အကျိတ်အနယ်ဆွေးနွေး လျက်ရှိကြတယ်။


"ဒါက ဘာလဲ"


"ဒါကြီးက မာမာကြီး နွေးလဲမနွေးဘူး၊ ဒါကရော အဆူးတောင်တစ်ခုလား....."


"ဒါနဲ့ ဘာလုပ်လို့ရလဲ။ ဒီထဲကို ပြောင်းစေ့ဘယ်လောက်ဆန့်လဲ"


ကျီရှောင်အုံးက သားရဲလူတွေ ဆီ ဝိုးတိုးဝါးတား လှမ်းကြည့်လိုက်တော့ အနီရောင် ထောင့်စွန်းတစ်ခုသာ လှမ်းမြင်လိုက်ရတယ်။


သူမနှလုံးခုန်သံတွေ ရပ်တန့်သွားတော့တယ်။ သူမ အီရစ်အား စကားပြန်ပြောမနေတော့ဘဲ ရှေ့သို့တိုးသွားလိုက်ခဲ့တယ်။


သားရဲလူအများစုက အရပ်ရှည်ကြပြီး သူမက ပုပုသေးသေးလေးဖြစ်တယ်။ ကျားသစ်လေးအား ပွေ့ထားလိုက်ရင်းနဲ့ ကုန်းသွားလိုက်တာက သူမအား ရှေ့ကိုတိုးဖို့ လမ်းရှင်းပေးသလို ဖြစ်နေခဲ့တယ်။


လှမ်းကြည့်လိုက်တော့ အလယ်မှာ သူမရဲ့အနီရောင်ကျောပိုးအိတ် ရှိနေခဲ့ပြီး ဇစ်က အကျယ်ကြီးပွင့်နေရာ အထဲတွင်တော့ သံလိုက်အိမ်မြောင် ၊ ဓာတ်မီးနှင့် ဆဲဖုန်းတို့က အတူတကွ ရှိနေကြလေတယ်။


End.....