အပိုင်း(၁၃)
လေထုကား ချိုမြိန်တဲ့မွေးရနံ့တွေဖြင့် ပြည့်လျှံနေကာ ခပ်လှမ်းလှမ်းကနေ လာသလို ထင်လိုက်ရတယ်။ ထိုအနံ့က ဆားငံရေ အနံအသက်နဲ့ ရောထွေးနေခဲ့ပြီး သိမ်မွေ့နုနယ်နေလေတယ်။ ဝံပုလွေမျိုးနွယ်စုရဲ့ 'မိန်းမပျို'များမှ ထွက်ရှိတဲ့ သင်းရနံ့နဲ့ လုံးလုံးလျားလျားခြားနားနေခဲ့တယ်။
ဟိုလ်ဒန် က သူ့ဘွတ်ဖိနပ်ထိပ်ဖျားအား ဦးလှည့်လိုက်ပြီး အစိမ်းရောင်သူငယ်အိမ်တွေက သင်္ဘောအခန်းငယ်လေး ထောင့်ဆီရှိ တောင်ဆိတ်သားရေခွံပုံနောက်ဘက်အား လှည့်ကြည့်လိုက်ခဲ့တယ်။
"အကြီးအကဲ...." လက်အောက်ငယ်သားဝံပုလွေက သူ့နှာခေါင်းအား တရှုံ့ရှံ့လုပ်၍ လေထဲကအနံအသက်အား အနံ့ခံလိုက်ပေမဲ့ ဘာအနံ့အသက်မှ မရတုန်းပင်။
ဟိုလ်ဒန်က အခြားဝံပုလွေတွေေပြာတာအား လုံးလုံးမကြားနိုင်တော့သလို မရပ်တန့်ခဲ့ပေ၊ ရှေ့သို့သာ ခြေတစ်လှမ်း လှမ်းလိုက်ပြီး တောင်ဆိတ်သားရေခွံပုံဘက်သို့ ဦးတည်သွားလိုက်ခဲ့တယ်။
သူ့သားရေဘွတ်ဖိနပ်က မာကျောတဲ့ကြမ်းခင်းသားပေါ် ခပ်ပြင်းပြင်းနင်းချလိုက်ပြီး ခဏကြာမျှ လေးလံကာ ဖိနှိပ်ချုပ်ချယ်နေခဲ့တော့တယ်။
ဒုတ် ဒုတ် ဒုတ်.....
ကျီရှောင်အုံးတစ်ကိုယ်လုံးက တောင့်တင်းသွားလိုက်ကာ သူမရဲ့အတွေးမျှင်တန်းလိုက်ကြီးက အစွမ်းကုန်တောင့်တင်းသွားလိုက်ပြီး ပုံမှန်လို မစဉ်းစားမတွေးခေါ်နိုင်တော့ပေ။
'မိတ်လိုက်ဖို့ လိုလားတဲ့ ကိုယ်သင်းရနံ့ ဆိုတာ ဘာကြီးလဲ။'
'ဘာလို့ သူမကျတော့ ဘာအနံ့မှ မရတာများလဲ။'
ခြေလှမ်းသံတွေက နီးသထက် နီးလာခဲ့ကာ သူမ အင်္ကျီလက်ရှည်စအား မြောက်လိုက်၍ သူမနှာခေါင်းနဲ့ အနံခံကြည့်လိုက်တော့ သူမကိုယ်အနံသင်းသင်းသာရလိုက်ပြီး ထိုအနံက သူမကိုယ်ပေါ်ကမဟုတ်ဘဲ ချွေးနံသာဖြစ်တယ်ဆိုတာ အတည်ပြုလိုက်တယ်။ သို့ပေမဲ့ မဟုတ်ဘူးပဲ သူမအဝတ်အစားတွေပေါ်က ဆပ်ပြာမှုန့်အနံ့အပြင် သူမ ဘာပုံမှန်မဟုတ်တဲ့ အနံကိုမှ မရပါဘူး။
'သူ့မှာ ခွေးနှာခေါင်း ရှိနေတာလား။'
ဟိုလ်ဒန်က သားရေခွံပုံရှေ့တွင် ရပ်တန့်လိုက်ပြီး သူ့မျက်ခုံးရိုးများ မြင့်တက်သွားခဲ့တယ်။ သူ့လျှာထိပ်ဖျားက သူမနှုတ်ခမ်းပါးပေါ်တွင် လာသပ်လိုက်သလို သူ့အကြည့်က သူမ ရှိတဲ့နေရာမှာ ကျောက်ချနေခဲ့တယ်။
မွေးရနံ့က ချိုမြိန်ပြီး ကျပ်သိပ်စွာ ထုတ်ပိုးထားတဲ့ ယိုလိုမျိုးပင်။
ထိုမွေးရနံသင်းပျံ့မှုက လျှံထွက်လာခဲ့ကာ 'မိန်းမပျို'ဖြစ်သူရဲ့ တုန်ယင်ကာ အကူအညီမဲ့နေတာကို သူ စိတ်ကူးပုံဖော်နိုင်လုနီးပါးပင်။
သို့သော် နောက်ခဏအကြာမှာတော့ သူ့မျက်ခုံးရိုးတွေက တွန့်ခေါက်သွားခဲ့တယ်။
ထိုအမွေးနံ့က ရုတ်တရက် ပျောက်ကွယ်သွားခဲ့ပြီး ဆားငံရေအနံ့သာ ပြန်နေရာယူသွားလိုက်တယ်၊ ထိုဟာက ဟိုလ်ဒန်ရဲ့မျက်နှာအား ဖျက်ရိုက်လိုက်သလို သူ့အား အံအားသင့်သွားစေလိုက်တယ်။
သူ ပြောစရာမရှိလောက်အောင် စိတ်ပျက်သွားလိုက်တယ်၊ ထိုအနံ့အား ထပ်ရှာဖို့ ထပ်အားရုံစူးစိုက် ရှုရှိုက်လိုက်ပေမဲ့ ထိုအနံ မရတော့ပေ။
အလျင်လိုတဲ့ခြေလှမ်းသံတွေက သင်္ဘောအခန်းငယ်လေးအပြင်ဘက်တံခါးေပါက်ဆီ ရောက်ရှိလာခဲ့ကာ ဝံပုလွေတစ်ကောင်က လှေကားအဆုံးတွင် မတ်တပ်ရပ်နေခဲ့ပြီး အလျင်စလို သတင်းပို့လိုက်တယ်- "အကြီးအကဲ... သင်္ဘောဦးထိပ်အောက်က ကုန်းပတ်က ပေါက်သွားပြီ!"
ဟိုလ်ဒန်၏မျက်ခုံးရိုးများက လျိုမြောင်တစ်ခုလို ကြုံ့သွားလိုက်ကာ မတိုင်မီက သူ့အတွေးတွေအား ထုတ်ပယ်လိုက်ပြီး တံခါးဆီသို့ ပြန်သွားလိုက်ခဲ့တယ်၊ "ဘာဖြစ်သွားတာလဲ"
သားရဲလူအမျိုးသားမှ ပြောလိုက်တယ်၊ "အသေးစိတ်အကြောင်းပြချက်တော့ ရှာမတွေ့ဘူး...... ဒါပေမဲ့..... ကျွန်တော် စောင့်ကြည့်ခန်းကို သွားပြီး ထပ်စစ်ဆေးလိုက်တော့ အဲဒီက ကျားသစ် ပျောက်သွားတယ်၊ ကျွန်တော်တို့ သူ့ကို အထဲမှာရော အပြင်မှာရော ရှာမတွေ့......"
ဟိုလ်ဒန်က လှေကားဆီတက်သွားလိုက်ပြီး ဒီစကားတွေကို ကြားလိုက်ရတော့ သူ့မျက်လုံးများက အေးစက်စက်လက်သွားခဲ့ကာ- "သင်္ဘောကို ခုချက်ချင်း ပိတ်ချလိုက်။ သူ့ကို ရှာကြစမ်း"
သင်္ဘောအခန်းတံခါးက နောက်ဆုံးတွင် ပိတ်ကျသွားခဲ့တယ်၊ အပြင်ဘက်က လရောင်က အထဲအား အဆက်သွယ်ဖြတ်တောက်လိုက်ရုံသာမကဘဲ အပြင်ဘက်က ကျီးလန့်စားစားဖြစ်နေတာတွေကလည်း ခွဲထုတ်ခြင်းခံလိုက်ရတော့တယ်။
ကျီရှောင်အုံး တောဆိတ်သားရေခွံတွေနောက်တွင် ဆက်လက်ပုန်းအောင်းနေခဲ့ပြီး ထွက်မလာရဲခဲ့ပေ။
ဖြေးညင်းစွာနဲ့ သူမနံဖူးအား လက်နဲ့သွားထိလိုက်တော့ ချွေးအေးတွေ ဖုံးလွှမ်းနေတာ ရှာတွေ့လိုက်ခဲ့တယ်။
မိတ်လိုက်ဖို့လိုလားတဲ့မွေးရနံ့....က သူမကို ဆိုလိုတာများလား။
တိရစ္ဆာန်တွေရဲ့သဘာဝဖြစ်စဉ်က ပုံသေစက်ဝိုင်းတစ်ခုရှိတယ်ဆိုတာ သူမ သိလေတယ်၊ ဒီမိတ်လိုက်ချိန်ထွက်တဲ့မွေးရနံ့ဆိုတာက ဇီဝကမ္မဖြစ်စဉ်အရ သားအိမ်မှာသားဥတည်နိုင်တဲ့အခြေအနေတစ်ခုပင်ဖြစ်ပြီး 'အမ'ရဲ့ ဆန့်ကျင်ဖက်လိင်ပေါ်မှာ အလက်ခံနိုင်ဆုံးအချိန်ကို ကိုယ်စားပြုတာပဲဖြစ်တယ်။
ရက်တွက်ကြည့်လိုက်တော့ ဒီရက်က သူမရဲ့သားအိမ်မှာ သားဥတည်နိုင်တဲ့ရက်ဖြစ်နေပြီပဲ။
သို့ပေမဲ့ ဒီသဘာဝဖြစ်စဉ်က တိရစ္ဆာန်တွေမှာပဲ ဖြစ်တာမဟုတ်ဘူးလား။
အမျိုးသမီးတွေမှာလဲ သားဥတည်ချိန်ရောက်ရင် မွေးရနံ့ထွက်တာပဲလား။
ကျီရှောင်အုံး စိတ်ထဲမှာ တွေးတောရလွန်းလို့ ခေါင်းတွေ ပိုထိုးကိုက်လာလေတယ်။ ဒီလိုသားဥတည်တဲ့ဖြစ်စဉ်ကို ဘယ်လို သူမ ထိန်းချုပ်ရမှာလဲ။
သူမ နှုတ်ခမ်းအား ကိုက်လိုက်မိတယ်။ အခုသံသယဝင်စရာမလိုအောင် သူမက အဲဒါအတွက်နဲ့ သက်ရှိပစ်မှတ်ဖြစ်လို့နီးပါးပဲ။
အခုလေးတင် ဝံပုလွေအမျိုးသားက ပင်လယ်ဆားငံအနံ့ရပြီးတော့ ထွက်ခွာသွားလိုက်တာ။ သူမဖုံးလို့ရမဲ့ နောက်ထပ် အနံ့အသက်တစ်ခုခုများ ရှိနေတာများလား။
********
သင်္ဘောရဲ့ဦးထိပ်က ယိုစိမ့်နေပြီး သားရဲလူသားအမျိုးသားတွေအားလုံးပဲ သူတို့အိမ်မက်ကနေ အလျင်စလို လှုပ်နိုးခြင်းခံလိုက်ရကာ သင်္ဘောအား ပြင်ဆင်လိုက်ကြရသည်။
ဟိုလ်ဒန်နဲ့ ကျန်တဲ့သူတွေက သင်္ဘောရဲ့ထောင့်တိုင်း ထောင့်တိုင်းတွင် ကျားသစ်လေး ရှိ မရှိ လိုက်လံ စစ်ဆေးနေကြတယ်။
ဒီလိုရှုပ်ယှက်ခတ်နေတဲ့အချိန်ကို အခွင့်ကောင်းယူပြီး ကျီရှောင်အုံး ကြောင်ပူဒီနာ၊ ငရုတ်ကောင်းမှုန့်၊ တတိုင်းမွေးတွေနဲ့အတူ အခြားဟင်းခတ်အမွေးအကြိုက်တွေအား သူမတစ်ခါသုံးဖူးထားတဲ့ အမွေးအိတ်လေးထဲမှာထည့်ကာ သူမလက်ကောက်ဝတ်မှာ ချိတ်လိုက်တယ်။
သင်္ဘောအခန်းငယ်လေးကနေ အလင်းရောင်ဖျော့တော့လေးပေါ်မှီခို၍ ချွတ်နင်းထွက်လိုက်ခဲ့တယ်။ ဟိုလ်ဒန်တို့ စစ်ဆေးရေးဝင်နေတာကြောင့်ပင် ဒီကုန်းပတ်ပေါ်မှ ဝံပုလွေတစ်ကောင်မှ ရှိမနေခဲ့ပေ။
ကျီရှောင်အုံး ခုနက သူတို့ရဲ့ပြောစကားကို ပြန်တွေးလိုက်တယ်။ 'အဲဒီကျားသစ်က တကယ်ပဲ သူမ သိတဲ့ကျားသစ်လေးများ ဖြစ်နေမလား။'
'စောင့်ကြည့်ခန်းထဲကနေ သူလွတ်သွားတာလား။ အခု သူဘယ်ရောက်နေတာများလဲ။'
"ဟိုနေရာမှာ လှုပ်ရှားမှုရှိတယ်....."
"မင်း အနံတစ်ခုခုရလား"
"သွားစစ်ကြည့်လိုက်စမ်း"
ရုတ်တရက် စကားပြောသံတွေက ထောင့်နားသို့ နီးကပ်လာခဲ့တယ်။ ကျီရှောင်အုံး သူမစိတ်တွင်တောင့်ခနဲဖြစ်သွားလိုက်ပြီး အလိုလို ပတ်ဝန်းကျင်အား ကြည့်မိလိုက်တယ်။
သူမဘေးနှစ်ဘက်နှစ်ချက်လုံးမှာ ဘာအခန်းမှ မရှိဘဲ သားရဲလူအမျိုးသားတွေရဲ့နားနေဆောင်လိုမျိုးသာ တွေ့လိုက်တယ်။ ခြေလှမ်းသံတွေက ချဉ်းကပ်လာခဲ့တယ်၊ ကျီရှောင်အုံး တစ်နေနေရာကို ရှောင်တိမ်းဖို့ အရမ်းနောက်ကျသွားလေပြီ၊ သူမ ကြောက်စိတ်တွေမွှန်ထူစွာနဲ့ အခန်းတံခါးကိုသာ တွန်းဝင်သွားလိုက်ပြီး ဘေးဘက်သို့ လှစ်ခနဲပြေးလိုက်ကာ ကမန်းကတန်းပင် သူမနောက်က တံခါးအား ပိတ်ချလိုက်ရတယ်။
တစ်ချိန်တည်းနီးပါးပဲ ဝံပုလွေနှစ်ကောင်က မျက်နှာချင်းဆိုင်လမ်းသို့ လှည့်လာခဲ့ကာ တံခါးဝတွင် ရပ်တန့်သွားလိုက်တယ်။
"ထူးဆန်းတယ်။ ဘာမှမရှိဘူး"
"အခုလေးတင် ငါတို့ ခြေသံတွေ ကြားလိုက်ရပါတယ်....."
"အကြီးအကဲ အသံများလား"
"နောက်တစ်နေရာရာ သွားကြည့်ရအောင်"
သားရဲလူအမျိုးသားနှစ်ယောက်က တံခါးပေါက်ဝနားတွင် တီးတိုးပြောဆိုနေကြာပြီး လမ်းတစ်လျှောက် မီးတုတ်အား ဝေ့ရမ်းကြည့်လိုက်ပြီးနောက် ထွက်သွားလိုက်ကြတယ်။
တံခါးနောက်တွင် ပုန်းအောင်းနေတဲ့ ကျီရှောင်အုံးတစ်ယောက် သူမကျောက ချွေးအေးတွေ စိုရွဲသွားလိုက်ကာ သူမခြေထောက်တွေ ပျော့ခွေကျနေတာကို သဘောသွားလိုက်တယ်။
သူမ စပြီး ကြောက်ရွံ့လာတာကို ခံစားမိလိုက်ရပြီး၊ မဆင်မခြင်နဲ့ သင်္ဘောပေါ်ထက်လိုက်မိတာအား နောင်တရနေလိုက်တော့တယ်။
ဒီနေရာက သားရဲလူအမျိုးသားတွေရဲ့ နှာခေါင်းနှင့်နားတွေက သူမတို့ထက် ပိုပြီး အာရုံခံနိုင်စွမ်းရှိနေလေတယ်။ သူမ ကြာကြာမပုန်းအောင်းနိုင်ဘဲနဲ့ သူမ ဘယ်လိုလုပ် သင်္ဘောပေါ်ကနေ လွတ်နိုင်ပါလိမ့်မလဲ။
သူမကျောပိုးအိတ်ကိုလည်း ရှာမတွေ့၊ ကျားသစ်ပေါက်လေးကလည်း ပျောက်နေတုန်းပဲ။ သူတို့တွေ နှစ်မျိုးစလုံး ထွက်ပေါက်မရှိ ဖမ်းထားနေတုန်းပဲလား။
ကျီရှောင်အုံး သူမစိတ်ကိုလျှော့ချဖို့ တံခါးဝတွင် ထိုင်ချလိုက်ရတယ်။ သူမစိတ်က အနည်းငယ်လေးပိုတည်ငြိမ်လာတော့မှ စားပွဲဘေးတန်းကို ကိုင်၍ မတ်တပ်ရပ်လိုက်ရတယ်။
ရုတ်ခြည်းပင် သူမလက်ချောင်းတွေက မာကျောတဲ့တစ်စုံတစ်ခုအား သွားထိမိလိုက်တယ်။ သူမ လက်ချောင်းတွေက သံမှိုလိုမျိုးအရာအားခံစားလိုက်ရကာ မသိမသာရွေ့ပြီး စမ်းကြည့်လိုက်တယ်။
ကျီရှောင်အုံးရဲ့မျက်လုံးတွေက လင်းလက်သွားကာ အမှောင်ထုထဲမှာတောင့် ဝင်းလက်တောက်ပသွားခဲ့ပြီး သူမ ချက်ချင်းပင် နောက်ပြန်လှည့်ကြည့်လိုက်ပြီး သူမလက်ထဲကို ပစ္စည်းအား ယူလိုက်ခဲ့တယ်။
ပြတင်းပေါက်ကို ဖြတ်သန်းဝင်ရောက်လာတဲ့ လရောင်ခြည်အားသုံး၍ သူမ နောက်ဆုံး ထို ပစ္စည်းအား မြင်လိုက်ခဲ့တယ်။ နှင်းဆီအနီပွင့်တွေ သံမှိုတွေနဲ့ကပ်ထားတဲ့ ပုခုံးသိုင်းကြိုးပင်။ ထိုအရာက သူမကျောပိုးအိတ်ပင်။
ဇစ်က ပွင့်လျက်သား ဖြစ်နေ ခဲ့တယ်။ ဒီနေရာက သားရဲလူအမျိုးသားတွေက ဇစ်ကို ဘယ်လိုသုံးရလဲ သိလားတော့ သူမ မသိပေမဲ့ ကျောပိုးအိတ်ကာ ကျယ်ကျယ်ပွင့်ဟလျက်ရှိပြီး တိရစ္ဆာန်အရိုးတွေ၊ လျှော်ကြိုးနှင့်အခြား တိုလီမုတ်စ အရာတွေ နဲ့ ပြည့်နေလေတယ်။
.
သူတို့တွေ တကယ်ပဲ သူမကျောပိုးအိတ်ကို အိတ်စုတ်တစ်လုံးလို သုံးဖို့ ယူသွားလိုက်တာလား.....
ကျီရှောင်အုံး အထဲကို မွှေနှောက်ရှာဖွေကြည့်ပြီး နောက်ဆုံးမှ သူမရဲ့သံလိုက်အိမ်မြောင်၊ ဓာတ်မီးနှင့် ဆဲဖုန်းအား အောက်ဆုံးတွင် ရှာတွေ့လိုက်ခဲ့တယ်။
သူမနှလုံးသားထဲက ကျောက်တုံးကြီးက လမ်းခုလတ်မှာပဲ အငြိမ်းစားရသွားခဲ့တယ်။ သူမ ကျောပိုးအိတ် ပြန်ရသွားတာပဲ!
ဒီလောက် ရုတ်တရက်ဆန်ဆန် ဖြစ်လာလိမ့်မယ်လို့ မထင်ထားမိပေ။ သူမ သာမာန်ကာလျှံကာ အခန်းတွေရွေးလိုက်တာက သူမကျောပိုးအိတ်ရှိနေတဲ့ အခန်းဖြစ်နေတယ်တဲ့လေ။
နောက်ပိုင်း သွားလာရအဆင်ပြေစေဖို့ ကျီရှောင်အုံး အိတ်အား သူမနေရာလွတ်ထဲကို ထည့်လိုက်၍ ဓာတ်မီးပဲ အပြင်မှာ ချန်ထားလိုက်ခဲ့တယ်။ သူမနေရာလွတ်ထဲက ဘတ်ထရီနှစ်လုံးထုတ်လိုက်ပြီး ဘက်ထရီလဲလိုက်ကာ အားကုန်သွားတဲ့ဘက်ထရီတွေကို သူမနေရာလွတ်က ထောင့်တစ်ထောင့်မှာ ပစ်လိုက်ခဲ့တယ်။
ခလုတ်ကို လက်မဖိ၍ ညင်ညင်သာသာ တွန်းလိုက်တော့ အဖြူရောင်အလင်းတန်းကြီးတစ်ခုက ချက်ချင်းပင် ဓာတ်မီးခေါင်းကနေ အတန်းလိုက် ထွက်လာခဲ့တယ်။
ကျီရှောင်အုံး နောက်ဆုံးတော့ အခန်းတစ်ခုလုံးအား မြင်လိုက်ခဲ့တယ်။ အခန်းက အရမ်းမကြီးသလို ရိုးရှင်းတဲ့ပရိဘောဂပစ္စည်းတွေ ရှိတယ်၊ တိရစ္ဆာန်သားရေခင်းထားတဲ့ ကုတင်တစ်လုံးရှိကာ၊ လေးနှင့်မြား၊ ကျောက်ပုဆိန်၊ လှံတွေနှင့် အခြားလက်နက်ပစ္စည်းတွေအား ကုတင်ဘေးတစ်လျှောက်ချိတ်ဆွဲထားခဲ့တယ်။
ကျီရှောင်အုံး ဓာတ်မီးအား နေရာအနှံ့ လျှောက်ထိုးကြည့်လိုက်ချိန် ပြတင်းပေါက်က လှုပ်ရှားနေတဲ့ အရိပ်တစ်ခုအား မြင်လိုက်ရသွားခဲ့တယ်။
သူမ တောင့်တင်းသွားလိုက်ကာ ချက်ချင်းပင် သတိအပြည့်ဖြစ်သွားပြီး ထိုနေရာအား စိုက်ကြည့်တော့၊ ကြည့်နေတဲ့ အရိပ်က ပြတင်းပေါက်ကနေ ခုန်ချကာ သူမခြေထောက်နား ကျလာခဲ့တယ်။
ကျီရှောင်အုံး အခြေအနေကိုတုံ့ပြန်လိုက်ပြီး နောက်ကိုခြေနှစ်လှမ်း ဆုတ်လိုက်ပြီး ထိုအရာအား သေသေချာချာ ကြည့်လိုက်ခဲ့တယ်။
မတိုင်မီမှာပဲ....
"ဝူ...."
ဒီရင်းနှီးနေတဲ့အသံ ထွက်လာခဲ့ကာ ကျီရှောင်အုံး မျက်လုံးများ ပြူးကျယ်သွားလိုက်ပြီး မယုံကြည်နိုင်စွာနဲ့ သူမဓာတ်မီးနဲ့ ထိုအရာပေါ်ကို ထိုးကြည့်လိုက်ခဲ့တယ်။
သေချာလေတယ်။ သူမရှေ့က သတ္တဝါလေးက အခြားတော့မဟုတ် သူမ ပျောက်နေတဲ့ ကျားသစ်ပေါက်လေးပင်ဖြစ်တော့တယ်။
သူက သူမတည့်တည့်မှာ မတ်တပ်ရပ်လိုက် ပြီး သူ့ခေါင်းအား နောက်ပြန်ဆုတ်လိုက်ကာ လည်ချောင်းကနေ ညည်းညူသံနိမ့်နိမ့် ထုတ်လိုက်တယ်။ သူ့သူငယ်အိမ်တွေက ဂရုမစိုက်ဟန်နှင့် အေးစက်မှိန်ပျမှုတွေ ပါဝင်နေခဲ့တယ်။
သူ့ပါးစပ်အား ဖွင့်လိုက်ပြီး ချွန်ထက်တဲ့သွားတွေ လှပ်ဟာပြလိုက်တယ်။
သူ့နောက်မှ ကြမ်းပြင်ပေါ်တွင်တော့ သွေးအစက်အစက်တွေက ပြောက်တိပြောက်ကျား ပျံ့နှံ့နေပြီး မကြာမီ မြေနီရောင်သို့ ပြောင်းလဲသွားခဲ့တယ်။
ကျီရှောင်အုံးက သွေးစက်တွေနောက် လိုက်ပါလိုက်တော့ သူ့နောက်ခြေထောက် တွင်ဖြစ်နေကာ ဒဏ်ရာဟောင်းက ပွင့်ထွက်နေပြီး ပတ်တီးစတွေက သွေးတွေနဲ့ရွှဲစိုနေခဲ့တယ်။ သူလည်း တော်တော်နာကျင်နေလောက်မှာပင်။ သူ ခြေချလိုက်တာနဲ့ ဒဏ်ရာရနေတဲ့သူ့ခြေထောက်အား ညင်သာစွာကွေးလိုက်ပြီး အနာသက်သာအောင် အရှိန်သတ်လိုက်ခဲ့တယ်။
ကျီရှောင်အုံး သူ့အား မမှတ်မိစွာ စိုက်ကြည့်နေခဲ့တယ်၊ လက်ချောင်းများ တုန်ရင်စွာနဲ့ ဓာတ်မီးကိုပင် ကောင်းကောင်းမကိုင်ထားနိုင်ပေ။
သူ့ကိုကြည့်ရတာ ရက်စက်ကြမ်းကြုတ်တဲ့ပုံပေါက်နေပြီး သူ့မျက်လုံးထဲမှာ သူမကိုယ်သူမ သားရဲကောင်ရဲ့ သားကောင်လို မြင်နေခဲ့တယ်။
ကျီရှောင်အုံး ထိတ်လန့်စွာနဲ့ ရှေ့ကို တစ်လှမ်းလှမ်းလုနီးပါဖြစ်သွားပေမဲ့ အဲဒီအစား နောက်သို့သာ ကျုံ့ဝင်လို့သွားခဲ့တယ်။
သူ့မျက်လုံးထဲက စူးစူးရဲရဲ သတ်ဖြတ်ချင်နေတဲ့သူက ဘယ်သူလဲတော့ သူမ မသိပေ။ သူမပဲလား ဒါမှမဟုတ် အခြားသားရဲလူသားလားတော့မသိပေ။
***********
သူ ခြေချလိုက်သည့်အခိုက် ရမ် တစ်ယောက် သူ့အပေါ်လွှမ်းနေတဲ့ အဖြူရောင်အလင်းတန်းတစ်ခုအား မြင်လိုက်ခဲ့တယ်။
အလင်းတန်းအဆုံးတွင် ပိန်ပါးတဲ့မိန်းကလေးက အခန်းတံခါးဝတွင် မတ်တပ်ရပ်နေခဲ့ကာ သူမမျက်နှာအမူအရာက ဘာလုပ်ရမှန်းမသိဖြစ်နေပုံရတယ်။ သူ့ကို မြင်လိုက်ရပြီးနောက် သူမ နောက်ပြန်ဆုတ်သွားလိုက်ခဲ့တယ်။
သူမ သူ့ကို ပထမဆုံးအကြိမ် မြင်တုန်းကလိုမျိုးပင်။
ရမ်ရဲ့မျက်လုံးများက ဆုတ်ယုတ်သွားလိုက်ကာ သူ့လျှာက ဖြည်းဖြည်းချင်း သူ့သွားအား လျက်လိုက်ခဲ့တယ်။ သွေးထွက်လွန်နေတဲ့အတွက် သူ့စိတ်က သူ့ရဲ့သားရဲဗီဇအား ဖုံးကွယ်ထားလိုက်ဖို့ လုံလောက်ခဲ့တယ်။
'သူမ ဘာလို့ ဒီသင်္ဘောပေါ်မှာ ရှိနေတာများလဲ။ သူမ ဝံပုလွေကောင်တွေ အဖမ်းခံထားရတာများလား။'
ရမ် သူ့မျက်လုံးကို ဝေ့လိုက်ပြီး အခန်းတွင်းအား လှည့်ကြည့်လိုက်ခဲ့တယ်။ ကြည့်ရတာတော့ ပုံမှန်ပင်။
သူ သင်္ဘောပေါ် တက်တဲ့အချိန်က သင်္ဘောပေါ်က ဝံပုလွေတွေက သောက်စားနေကြပြီးတော့ ကုန်းပတ်ပေါ်မှာ အောင်ပွဲခံနေကြသည်။ သူတို့တွေ ဆောင်းတွင်းအတွက် မျိုးနွယ်စုက 'မိန်းမပျို'တွေကို ကာကွယ်ဖို့ သားရေတွေ လုံလုံလောက်လောက် ရအောင် ရှာနိုင်ခဲ့ကြတာပဲ။
ဝံပုလွေမျိုးနွယ်စုအတွင်းက အတွင်းရေးသတင်းတွေကို သိနိုင်ဖို့အတွက် သူ့တည်ရှိမှုအား တမင်သက်သက်ဖွင့်ထုတ်ချလိုက်ပြီး သူတို့ဆီမှာ အဖမ်းခံဖို့ ဟန်ဆောင်လိုက်ခဲ့ပြီး စောင့်ကြည့်ခန်းထဲမှာ အပိတ်ခံလိုက်ခဲ့တယ်။
သူ့ကိုစိတ်ပျက်စေရတာက သည်အသုံးမကျတဲ့အသီးအရွက်စားသားရေခွံတွေကလွဲလို့ အခန်းထဲမှာ ဘာအသုံးဝင်တဲ့အချက်အလက်မှ မရှိပေ။
ဝံပုလွေတွေ ကြည့်ရတာ သူ ဘာလို့ အရွယ်သေးသွားတာနဲ့ပတ်သတ်လို့ ဘာမှမသိတဲ့ပုံပင်။
ရမ်ရဲ့စိတ်အခြေအနေက အနည်းငယ်လေးဆိုးသွားခဲ့တယ်။ ဒီကိုယ်ခန္တာက အရမ်းအားနည်းလွန်းတယ်၊ တိုက်ခိုက်ခံနိုင်အားလည်း နိမ့်ကျတယ်၊ သူ့သွားနှင့်လက်သည်းတွေက လုံလောက်အောင် မချွန်ထက်ပေ။ ဒါတွေတင်မကပေ၊ သူ့အတော်အသင့်ပေါ့ပါးဖျတ်လတ်နေတာကို ဘေးဖယ်ရင် ကျန်တာအားလုံးက တစ်စက်လေးမှ အသုံးမဝင်ပေ။
စောင့်ကြည့်ခန်းတံခါးကို ဖွင့်လိုက်တော့ သတိနဲ့နေတဲ့ ဝံပုလွေနှစ်ကောင်အား ဆွဲဆောင်မိလိုက်ခဲ့တယ်။ သူတို့သတိပြုတာကို လမ်းကြောင်းလွှဲဖို့ သင်္ဘောဦးထိပ်ကုန်းပတ်အား သူဖျက်ဆီးလိုက်ကာ လွတ်မြောက်သွားခဲ့ပေမဲ့ သူ့ဒဏ်ရာက ပြန်ပွင့်ထွက်သွားခဲ့တယ်။ မကြာမီမှာပဲ သွေးနံ့က သူရှိတဲ့နေရာအား ထုတ်ဖော်လိမ့်ပေမည်။
ရမ် က သူ့ရှေ့က ခံစားချက်မဲ့နေတဲ့မိန်းကလေးအား ကြည့်လိုက်ခဲ့တယ်။ သူမ ကြောက်သွားတယ်လို့ သူထင်လိုက်ခဲ့တယ်၊ ပြန်သက်သာတာနဲ့ ထွက်ပြေးရပေမည်။ သူ မမျှော်လင့်ထားတာက သူမက ဖြေးညင်းစွာဖြင့် သူ့ရှေ့တွင် ဆောင့်ဆောင့်ထိုင်ချလိုက်ကာ သူမရဲ့သေးသွယ်ကျိုးပဲ့လွယ်တဲ့ လက်ချောင်းဖြူဖြူလေးတွေက ရှေ့ကိုတိုးလာပြီး သွေးတွေစိုရွှဲနေတဲ့ ပတ်တီးအား ဖွဖွလေး ထိလိုက်ခဲ့တယ်။ သူမရဲ့မျက်လုံးနက်နက်လေးက ထိတ်လန့်စွာနဲ့ သူ့အား လှမ်းကြည့်လိုက်ကာ စိုးရိမ်နေတဲ့အသံလေးဖြင့် -
" နာလား"
ရမ် ရဲ့ကိုယ်ခန္တာက အလိုအလျောက်တုံ့ပြန်သွားလိုက်ကာ ဖြည်းဖြည်းချင်း နောက်သို့ ကျုံ့ဝင်သွားခဲ့တယ်။
ကျီရှောင်အုံး ဒါကို မြင်လိုက်တော့ သူမနှုတ်ခမ်းပါးက မြင့်တက်သွားလိုက်ကာ ညင်သာတဲ့အပြုံးတစ်ပွင့်ဖြစ်တည်သွားပြီး သူမမျက်လုံးတွေက မှေးစင်းသွားလိုက်တယ်၊ သူမအပြုံးအား လျင်မြန်မြန် ပျောက်ပျက်သွားလိုက်ကာ မျက်နှာတည်တည်နဲ့ ပြောလိုက်တယ်၊ " နာနေတာတောင် နင်လျှောက် ပြေးသွာ နေသေးတယ်ပေါ့၊ အဲဒါ ဘယ်လောက်အန္တရာယ်များလဲ နင်သိလား"
ရမ် က ကောင်မလေးရဲ့လက်ချောင်းလေးတွေကို ငေးမောကြည့်လိုက်ပြီး သူ့မျက်လုံးတွေက မှိန်ဖျော့သွားလိုက်တယ်။
ကျီရှောင်အုံး တစ်ခုခုထပ်ပြောမလို့လုပ်လိုက်ပေမဲ့ ရုတ်တရက် တိတ်ဆိတ်နေတဲ့ လူသွားလမ်းက ဆူညံလာခဲ့ကာ လေးလံ၍ နိမိတ်မကောင်းတဲ့ ခြေသံတွေက တံခါးဝမှာ ရပ်တန့်သွားခဲ့တယ်။
ကျီရှောင်အုံး လျင်မြန်စွာနဲ့ ရှေ့ကိုတိုးလိုက်ပြီး သူ့အား ပွေ့ယူလိုက်တယ်။ "ဒုန်း" အားရှိပါးရှိ နဲ့ တံခါးအား ပိတ်ကန်လျက် ဖွင့်လိုက်ခဲ့တယ်။
အပြင်ဘက်တွင်တော့ ဟိုလ်ဒန်က သူ့ခြေထောက်ရှည်တွေကို အထိုင်ချလိုက်ကာ သူ့လက်ကိုပိုက်လိုက်လျက် တံခါးဘောင်အား မှီထားလိုက်ခဲ့တယ်။.... ကျဉ်းမြောင်းနေတဲ့ သူ့မျက်လုံးတွေကို မှေးစင်းကာ ရှာဖေွနေရင်း သူ့အကြည့်က သူ့တည့်တည့်က ကောင်မလေးပေါ် ကျရောက်သွားလိုက်တာက သူ့ရဲ့သားကောင်ကို ရှာတွေ့သွားသကဲ့သို့ပင်။
End.....