Chapter 15
Viewers 9k

 


အပိုင်း(၁၅)



"ရှင့်မှာ မြေပုံ ရှိလား။ ဒီဒေသရဲ့ မြေပုံတစ်ခု ကျွန်မကိုပေး" ကျီရှောင်အုံး သင်္ဘောဦးထိပ်တွင် မတ်တပ်ရပ်လိုက်ကာ ပဲ့ကိုင်သားရဲလူကို ပြောလိုက်တယ်။


ဗီလပ် ကြားလိုက်ပြီး လျင်မြန်စွာပင် သင်္ဘောအခန်းငယ်ထဲမှ မြေပုံတစ်ခု ယူလာလိုက်၍ ကျီရှောင်အုံးအား ပေးလိုက်ခဲ့တယ်။


ကျီရှောင်အုံး မြေပုံအစွန်းလေးအား သူမရဲ့တုန်ရီနေတဲ့လက်ချောင်းလေး နဲ့ ဖိညှပ်ယူလိုက်ပြီး သူမကိုယ်သူမ စိတ်အေးအေးထားဖို့ ဖိအားပေးလိုက်ကာ သူမတို့တွေရဲ့ပတ်ဝန်းကျင်အနေအထားနဲ့ မြေပုံအား လေ့လာလိုက်ခဲ့တယ်။


ဒါက ပင်လယ်မြေပုံတစ်ခုအား ပထမဆုံးအကြိမ် သူမ မြင်ဖူးလိုက်တာပင်၊ မတိုင်ခင်ကတော့ သူမက သာမာန် ဒုတိယနှစ် သိပ္ပံကျောင်းသူတစ်ယောက်ဖြစ်ရုံပါပဲ။


ဗီလပ် လို့ခေါ်တဲ့ ပဲ့ထိန်းသားရဲလူအမျိုးသားအား သူမတို့ရဲ့လက်ရှိတည်နေရာအကြောင်း မေးမြန်းလိုက်ပြီး ပင်လယ်မြေပုံနှင့် တိုက်ယှဉ်ကြည့်လိုက်ကာ သူမတို့က သူမတို့ရှေ့မှာရှိတဲ့ ကျောက်‌ဆောင်တန်း နဲ့ နှစ် ကီလိုမီတာသာလျှင် ဝေးတော့မှန်း အတည်ပြုလိုက်နိုင်ခဲ့တယ်။


သူမက ရွက်တိုင်အား အပေါ်ထူလိုက်ပြီး ရွက်တိုင်နှစ်ခု ဖျန့်ထားရှိရန် ဆုံးဖြတ်လိုက်ခဲ့တယ်။


အဲဒီနောက် သူမရဲ့ ရူပဗေဆရာ ပြောဖူးထားတာအား ပြန်တွေးပြီး လုပ်လိုက်ခဲ့တယ်၊ ရေမိုင် ၁၀ ကနေ ၁၅ လောက် အရှိန်နှုန်းပြေးတဲ့ ဒီလို သင်္ဘောမျိုးဆို တစ်နာရီကို ၁.၈ ကီလိုမီတာ နဲ့ ညီမျှတာပဲ။ ဒါက ပြောရရင်....


ကျီရှောင်အုံး စိတ်တွက် တွက်ချက်လိုက်တော့ သူမတို့မှာ ကျောက်‌ေဆာင်တန်းကို ရှောင်ရှားဖို့ ၅မိနစ်မှ ၇ မိနှစ်လောက်ပဲ အချိန်ကျန်ရှိတော့မှန်း သိလိုက်ရတယ်။


ကျီရှောင်အုံး အသက်ပြင်းပြင်း ရှူရှိုက်လိုက်ပြီး သူမလက်အား သူမရဲ့ဂျက်ကတ်အင်္ကျီထဲ ထည့်သွင်းလိုက်၍ နေရာလွတ်ထဲမှ သူမရဲ့သံလိုက်အိမ်မြောင်အား ထုတ်ယူဖို့ ကုတ်အင်္ကျီထဲ ထည့်ဖုံးထားလိုက်ရတယ်။


သံလိုက်အိမ်မြောင်က သေးသေးလေးဆိုပေမဲ့ အာရုံမစိုက်ဘဲနေလို့တော့ မရပေ။


ပဲ့ထိန်းသားရဲလူက မျက်နှာထိမျက်နှာထား သုန်မှုန်စွာနှင့် မသာမယာဖြစ်နေကာ သူ့မျက်နှာအမူအရာ ငါးမျိုးလုံးက ဘဝင်မကျတဲ့ရုပ်ပုံပေါက်နေပြီး ရိုင်းစိုင်းတဲ့ဝံပုလွေတစ်ကောင်နဲ့ ပိုတူလာခဲ့ပြီး လောဆော် ပြောလိုက်တယ်- " 'မိန်းမပျို' မင်းရဲ့ ဖြေရှင်းချက်က ဘာလဲ၊ မြန်မြန်ပြောစမ်း!"


တစ်ချိန်တည်းမှာပဲ သူ့တို့နောက်က ဝံပုလွေတွေက ပိုပိုပြီး ရတတ်မအေးဖြစ်လာကြကာ စိတ်မရှည်နိုင်စွာ သံယောင်လိုက် လိုက်ကြတယ်။


"ဟုတ်တယ်၊ တကယ်လို့ ငါတို့ ကျောက်‌ေဆာင်တန်းကို အန္တရာယ်ကင်းကင်း မဖြတ်ကျော်နိုင်ဘူးဆိုရင် မင်းရော ကျားသစ်‌ကောင်ကိုရော ငါတို့ ရေထဲ ပစ်ချလိုက်မှာ"


"မင်း ဘာလို့ အီလေးဆွဲနေတာလဲ။ မင်း ဘာမှမလုပ်နိုင်ပဲနဲ့ အကြီးအကဲကိုလှည့်ဖျားပြီး အချိန်နှောင့်နှေးအောင် တမင်လုပ်လိုက်တာမလား !"


"တုံးလိုက်တဲ့မိန်းမ မင်းငါတို့ကို လာနောက်ပြောင်ရဲလို့ကတော့....."


.


ဟိုလ်ဒန်က ခပ်လှမ်းလှမ်းကနေ မတ်တပ်ရပ်နေပြီး နံရံကို ကျောဖြင့်မှီ၍ ခြေထောက် ခြေချိတ်ထိုင်နေပြီး ကျီရှောင်အုံးအား အလေးအနက်မထားတဲ့မျက်လုံးများဖြင့် ကြည့်နေခဲ့တယ်။


သူ့မျိုးနွယ်ဝင်သားတွေ ကောင်မလေးအား ဆူပူကျိန်းမောင်းနေတာကို နားထောင်ရင်းနဲ့ သူကတော့ နေရာက‌နေတောင် မရွေ့ပေ။


ခုနက ကောင်မလေး သူ့ကို စကားလာပြောတုန်းက ခဏလောက် သူ စဉ်းစားချင့်ချိန်လိုက်ပြီး သူမ တောင်းဆိုချက်ကို သူ သဘောတူလိုက်ခဲ့တာဖြစ်တယ်။


ဗီလပ် က သင်္ဘောပဲ့ထိန်းအနေနဲ့ အတွေ့အကြုံများစွာရှိသူဖြစ်တယ်၊ သူတောင်မှ အခြားသားရဲလူတွေနဲ့အတူတူ သင်္ဘောပေါ်မှာ ဘာလုပ်ရမှန်းမသိဖြစ်နေခဲ့တာပဲ။


'မိန်းမပျို'က နည်းလမ်းရှိတယ်လို့ လာပြောလိုက်တော့ သူ ချက်ချင်းပဲ သူမကို စမ်းလုပ်ကြည့်စေလိုက်တာပင်။


သူမ အောင်မြင်သွားရင်တော့ အကောင်းဆုံးပေါ့၊ သို့ပေမဲ့ သူမသာ မအောင်မြင်လို့ရှိရင်......


ဟိုလ်ဒန်က သူ့လက်ကို မြှောက်လိုက်၍ ကျားသစ်လေး ကုတ်ဆွဲသွားတဲ့ သူ့မျက်နှာက သွေးစင်းကြောင်းရာတွေကို ထိ‌ေတွ့လိုက်ပြီး သူ့မျက်လုံးတွေက အလင်းတစ်ချက်လက်ကာ ပြုံးရောင်သန်းသွားခဲ့တယ်။


သူ့ကို အံဩစေတာက ကောင်မလေးက သူထင်ထားတာထက် အများကြီး ပို တည်ငြိမ်အေးဆေးနေတာပဲ။


လက်လှမ်းမီတဲ့ဦးတည်ဘက်တွေကို ချိန်ညှိပံ့ပိုးပေးဖို့ ကျီရှောင်အုံး ယာယီနာရီ မြေပုံလေးတစ်ခု ဗီလပ်အား ဆွဲပေးလိုက်ခဲ့တယ်၊ နာရီတစ်လုံးလို ၁ မှ ၁၂ အထိ ရှင်းရှင်းလင်းလင်း မှတ်သားပေးလိုက်ကာ ဂဏန်းတွေကို ဘယ်လိုခွဲခြားရမလဲ မြန်မြန်သင်ပေးလိုက်ခဲ့တယ်။


"၁၀ နာရီဆို ၃၀၀ မီတာ" ကျီရှောင်အုံး ရှင်းအောင်ပြောပေးလိုက်တယ်။


သင်္ဘောက ဖြည်းညင်းစွာဖြင့် ကျောင်ဆောင်ကျောက်တန်းဆီ ဦးတည်ဝင်ရောက်သွားနေခဲ့တယ်၊ ဗီလပ်က သူတို့ရှေ့က မြူခိုးငွေ့ဖြူဖြူတွေကို ကြည့်လိုက်ခဲ့တယ်၊ ဘာအမှားအယွင်းမှ မလုပ်လိုက်မိအောင် သူ့စိတ်သူ တည်တည်ငြိမ်ငြိမ်ထားခဲ့တယ်။


၃၀၀ မီတာ‌လောက် သွားလိုက်ပြီးနောက် ကျီရှောင်အုံး ပြောတာကို သူနားထောင်လိုက်တယ်- " ၁ နာရီ ၊ ၅၀၀ မီတာ သွားမယ်"


သူတို့တွေ ပထမဆုံးကျောက်ဆောင်တန်းအား ရှောင်နိုင်လိုက်တာကို သိလိုက်တော့ ရင်းနှီးတဲ့ခံစားချက်တစ်ခုက သူ့အပေါ်ကျရောက်လာပြီး သူ့ရင်ထဲမှ ပျော်ရွှင်သွားတော့တယ်။


ကံမကောင်းတာက သူ့ပျော်ရွှင်မှုက ကြာရှည်မခံခဲ့ဘဲ ဒုတိယကျောက်ဆောင်တန်းက ဦးကြိုပြုနေခဲ့တယ်။


ကောင်မလေးရဲ့ စည်းစနစ်တကျ အသံက အမိန့်ပေးလိုက်ခဲ့တယ်။


" ဦးတည်ချက် ၉ နာရီ ၅၀၀ မီတာ သွားမယ်"


"ဦးတည်ချက် ၁၂ နာရီ ရှေ့တည့်တည့် ၂၀၀ မီတာ သွားမယ်"


"ရှေ့ကို တည့်တည့်ဆက်သွား...."


သင်္ဘောပေါ်က လူအားလုံးရဲ့အသက်က သည်ကောင်မလေးလက်ထဲတွင် ကျရောက်နေ၏။


ဟိုလ်ဒန် ချည်း သူမကို စိုက်ကြည့်နေတာမဟုတ် အခြားသားရဲလူတွေအားလုံးလည်းပဲ ဝိုင်းကြည့်နေခဲ့ကြတယ်။


ကောင်မလေးရဲ့ကမ်းပါးနံဖူးက နိမ့်ကျသွားလိုက်ပြီး သူမရဲ့ဆိတ်ဆိတ်ငြိမ်တဲ့မျက်လုံးများက မျက်လွှာချထားလိုက်တယ်၊ သူမရဲ့နူးညံ့ဖြူဆွတ်တဲ့အသားအရေက မီးတောက်မီးလျှံအောက်တွင် တလက်လက်တောက်ပနေတဲ့ ကျောက်မျက်အလွှာတွေလို ဝင်းဝါစိုပြေနေခဲ့တယ်။


တသိမ့်သိမ့်တုန်နေတဲ့ မျက်တောင်တွေရဲ့ အရိပ်တွေ က ပင်လယ်လမ်းပြမြေပုံပေါ်တွင် ကျဆင်းနေခဲ့ကာ လွန်းပေါ်မှာသိပ်သည်းစွာသောင်တင်နေတဲ့ပိုးချည်မျှဉ်တွေလို တရုတ်ထင်းရှူးပင်ထိပ်က သစ်ရွက်တွေသို့နှယ်ပင်။


ညလေ‌ပြေလေညင်းက သူမအသံအား ကုန်းပတ်ပေါ်နှင့် သားရဲလူတွေ၏နားတိုင်း နားတိုင်းကို သယ်ဆောင်လာလိုက်ခဲ့တယ်။


သူမကိုယ်ပေါ်ကနေ ချိုမြိန်တဲ့ သင်းရနံ့လေးကိုလည်း သယ်ဆောင်လာခဲ့တာပင်။


သေချာတာပေါ့ ဒီတစ်ခါတော့ ဘယ်သူကမှ ဆွဲ‌ဆောင်ညို့ငင်နေတဲ့သင်းရနံ့အား နည်းနည်းလေးတောင် မလှုပ်ရှားရဲခဲ့‌ပါဘူး။


သင်းရနံ့က တကယ့်ကို ဖြားယောင်းသွေးဆောင် နေ‌စေကာမူပင်။


ကျီရှောင်အုံး မြေပုံပေါ်တွင် ကျောက်ဆောင်တန်းနေရာအမှတ်အသားအား စိုက်ကြည့်လိုက်ခဲ့သာ သူမအသံက တည်ငြိမ်သွားလိုက်တယ်၊ သူမရင်ထဲမှာ ဘယ်လောက် စိတ်ဖိစီးနေတယ်ဆိုတာ သူမပဲ သိလေတယ်။


မြေပုံအား ကြည့်လိုက်ရင်းနဲ့ ချွေးအေးအလွှာပါးလေး စို့နေတဲ့ သူမလက်ဖဝါးပေါ်မှ သံလိုက်အိမ်မြောင်ကို စိုက်ကြည့်လိုက်ခဲ့တယ်။


သူမ ဒီအရာတွေကို စာအုပ်ထဲတွင်သာ ထိတွေ့ခဲ့ရတာဖြစ်တယ်၊ ပဲ့ထိန်းသားရဲအမျိုးသားအား လက်တွေ့အနေနဲ့ ကိုယ်တိုင်ကိုယ်ကျ ညွှန်ကြားပြသပေးရလိမ့်မယ်လို့ ဘယ်တုန်းကမှ မတွေးထားခဲ့ဖူးပေ။


ဒီလိုလက်တွေ့ကျမှုမျိုးက အနည်းဆုံးတော့ ခံစားချက်ကောင်းတွေ ပေးစွမ်း‌ နေမှာမဟုတ်ပေ။


အဆုံးသတ်မှာတော့ သူမက ဒီသင်္ဘောပေါ်မှာ ရှိနေပြီး တစ်ခုခု အမှားအယွင်းဖြစ်သွားလို့ ရွက်တိုင်က ကျောက်ဆောင်နဲ့ရိုက်မိသွားရင် သူမ ရင်ဆိုင်ဖြေရှင်းရမှာပဲဖြစ်တယ်။


********


နှစ်နာရီစာက ဆယ်စုနှစ် တစ်ခုစာ ထက် ပိုကြာရှည်နေခဲ့တယ်။


ကျီရှောင်အုံး ဗီလက်အား နောက်ဆုံးကျောက်ဆောင်ကို ရှောင်ရှားဖို့ အမိန့်ပေးလိုက်ပြီး သူမတို့တွေ အောင်အောင်မြင်မြင်နဲ့ ကျောက်ဆောင်နေရာတွေကနေ ထိုးထွက်လာနိုင်မှပဲ သူမလက်တွေ ခြေထောက်တွေ ပျော့ခွေကျသွားပြီး သင်္ဘောဘေးဘက်က ကုန်းပတ်ပေါ်မှ လျော့လျော့လေး ထိုင်ချလိုက်ရတယ်။


သူမလက်ကို မြှောက်၍ သူမနံဖူးအား ထိတွေ့လိုက်ကာ ချွေးအေးတွေအား သုတ်ဖယ်လိုက်ရတယ်။


ရှေ့မှာရှိ‌နေတဲ့မြူခိုးငွေ့တွေက တ‌ဖြေးဖြေးစတင်ကွယ်ပျောက်လို့သွားပြီး ကြည်လင်တောက်ပတဲ့ကောင်းကင်ယံအား ထုတ်ဖော်ပြလာခဲ့တယ်၊ အဝေးကြီးမှာရှိနေတဲ့ တောင်တန်းတွေရဲ့အလွန်တွင် ပုန်းကွယ်လျိုးနေတဲ့ လခြမ်းကွေးက အရက်မူးသမားတစ်ယောက်ရဲ့ မျက်လုံးနဲ့ သွားတူနေခဲ့တယ်။


ဗီလပ်က တက်မကနေ လက်ကို ဖြေလျော့လိုက်၍ သင်္ဘောကုန်းပတ်ရဲ့နောက်ကို ပျော်ရွှင်စွာ ခုန်ဆင်းလိုက်ပြီး သူ့ကလန်သားတွေဆီ အောက်ပွဲခံဖို့ သူ့လည်ပင်းတွေကို ဆန့်ထုတ်လိုက်ခဲ့တယ်။


"ဝူး....."


"ငါတို့ လွတ်ပြီဟေ့......"


" အာ့-ဝူး......"


ကျီရှောင်အုံး သူမနားတွေကို ပွတ်တိုက်ထုတ်လိုက်ရတယ်။ ဝံပုလွေတွေ တစ်ကောင်ပြီး တစ်ကောင် အူလိုက်တဲ့အသံက သူမနားစည်မှာ တော်တော်အူလွန်းသွားခဲ့တယ်။


ခဏလောက် ထိုင်နေလိုက်ပြီးတော့ သူမ မတ်တပ်ထရပ်ဖို့ ကြိုးစားလိုက်ခဲ့တယ်။ သူမ အရမ်းစိတ်ပင်ပန်းနေတာကြောင့်ဖြစ်မယ် ဘာလို့ဆို အောင်မြင်မှုမရဘဲနဲ့ သူမ နှစ်ကြိမ်တောင် ကြိုးစားလိုက်ရတယ်။


သင်္ဘောဘေးတန်းတွင် သူမ ကုပ်တွယ်တက်လိုက်ပြီး သုံးကြိမ်မြောက် ပင်ပန်းဖို့အဆင်သင့်ဖြစ်နေခဲ့တယ်၊ ရုတ်တရက် ဘွတ်ဖိနပ်အထူတစ်စုံက သူမ မျက်စိရှေ့မှာ ထွက်ပေါ်လာခဲ့တယ်။


ကျီရှောင်အုံး သားရေဘွတ်ဖိနပ်နောက်လိုက်၍ အပေါ်မော့ကြည့်လိုက်တော့ ဟိုးအမြင့်တွင် ဦးခေါင်းတစ်လုံးရှိနေခဲ့ကာ ဟိုလ်ဒန်၏မျက်နှာကို သူမ မြင်လိုက်ရတယ်။


သူမတို့နှစ်ယောက်၏အရပ်မြင့်ကွာဟချက်ကြောင့် ဒီရှုထောင့်ကနေဆို မပြောပါနှင့်တော့၊ ကျီရှောင်အုံး၏လည်ပင်းတောင် နာလာတော့တယ်။ သူမ သူ့ကို‌မော့မကြည့်တော့ဘဲ သူမခေါင်းက ငုံ့ထားလိုက်ကာ တစ်ခုခုကို ရှာဖွေဖို့ မျက်ဝန်းနက်တွေအား လှည့်လိုက်ခဲ့တယ်။


ဟိုလ်ဒန်က သူမ သူ့ကို စကားမပြောတာ တွေ့တော့ သူ့ဒူးခေါင်းကို ကွေးလိုက်ချလိုက်ကာ ကောင်မလေးရှေ့တွင် ဆောင့်ဆောင့်ထိုင်ချလိုက်ပြီး သူမနဲ့ မျက်လုံးချင်း ဆိုင်လိုက်ခဲ့တယ်။


"မင်း ခုနလေးက ဘာနည်းလမ်းကို သုံးလိုက်တာလဲ" အလွန်စိတ်ဝင်စားသည့်လေသံအပြည့်နှင့် သူပြောလိုက်တယ်။


ကျီရှောင်အုံး သူမအကြည့်အား လွှဲဖယ်လိုက်ပေမဲ့ ဟိုလ်ဒန်၏ တည်ငြိမ်နေတဲ့ အစိမ်းရောင်မျက်လုံးသူငယ်အိမ်တွေဆီ ပြန်ကြည့်လိုက်ခဲ့တယ်။


ခဏလောက်ကြာသွားပြီးတော့ သူမခေါင်းကို ဘေးသို့လွှဲလိုက်ကာ မဆိုင်တဲ့အဖြေတစ်ခုပေးလိုက်ခဲ့တယ်၊ " ကျွန်မ မနက်ဖြန်မနက် ထွက်သွားမယ်၊ ရှင် ကျွန်မကို ပေးထားတဲ့ကတိကို မှတ်မိတယ်မလား"


"ဒါပေါ့" ဟိုလ်ဒန်၏နှုတ်ခမ်းက ကွေးညွှတ်တက်သွားခဲ့ကာ သူ့အသံက ပေါ့ပါးနေလေတယ်။


သို့ပေမဲ့လည်း နောက်ခဏကြာတော့ သူ့အသံနှုန်းက ပြောင်းလဲသွားလိုက်တယ်၊ " ငါ မင်းကို သွားခွင့်ပြုလို့ရတယ် ဒါပေမဲ့ မင်း ငါ့ပစ္စည်းတွေယူသွားလိုက်တာကတော့ ငါက အဲဒါတွေကို အစားအစာနဲ့ လဲထားခဲ့ရတာ။ ပြီးတော့လည်း အဲဒီ ကျားသစ်ပေါက်က ငါ့ သင်္ဘောခန်းကို ဖျက်ဆီးသွားသေးတယ်။ ငါ အဲဒါကိုတော့ ခွင့်လွှတ်လို့ မရနိုင်ဘူး"


ဟိုလ်ဒန်၏စကားထဲက "ပစ္စည်းတွေ" ကို အစားအစာနဲ့ လဲထားခဲ့ရတယ်ဆိုတာက ကျီရှောင်အုံး၏ ကျောပိုးအိတ်ကို ရည်ညွှန်းလိုက်တာပဲ ဖြစ်တယ်။


ကျီရှောင်အုံး သူမနှုတ်ခမ်းပါးအား တင်းတင်းစေ့ထားလိုက်ပြီး သူမရဲ့ကြည်လင်နေတဲ့ မျက်လုံးတွေနဲ့ ဟိုလ်ဒန်အား စိုက်ကြည့်လိုက်ခဲ့တယ်။


သူမ တစ်လျှောက်လုံး သိထားခဲ့တာက ဝံပုလွေမျိုးနွယ်စုက ဉာဏ်နီဉာဏ်နက်များပြီး သူတို့နဲ့ ဆက်ဆံရတာ အရမ်းအန္တာရာယ်ရှိတယ်ဆိုတာပဲဖြစ်တယ်။


"ဒါဆို ရှင်က ဘာဖြစ်ချင်လို့လဲ"


"You stay behind and come back to the race with me," Holden did not beat around the bush, "then I won't look into these anymore."


"မင်း နောက်မှာနေခဲ့ပြီး ငါနဲ့အတူ မျိုးနွယ်စုကို ပြန်လိုက်ခဲ့ရမယ်" ဟိုလ်ဒန်က ကွေ့ဝိုက်မနေတော့ပဲ တဲ့တိုးသာပြောလိုက်တယ်၊ " အဲဒါဆို ငါ ဒါတွေ နောက်ထပ် ထည့်မတွက်တော့ဘူး"


". . ."


ဟိုလ်ဒန်က သူမ တိတ်ဆိတ်နေတာကို မြင်လိုက်တော့ သူ့နံဖူးက အနည်းငယ်လေး မြင့်တက်သွားလိုက်ကာ " မင်း မလုပ်ချင်ဘူးလား၊ ငါတို့မျိုးနွယ်စုမှာက 'မိန်းမပျို'တွေ ကောင်ကောင်းဆက်ဆံခံရပါတယ်၊ အနည်းဆုံးတော့ ကျားသစ်တွေထက် ပိုကောင်းတယ်"


ဟိုလ်ဒန်က သူမကို ကျားသစ်လေးနဲ့ အတူရှိတာ တွေ့ရတော့ အလိုအလျောက်ပင် သူမအား "ကျားသစ်၏အမျိုးသမီး"လို့ တွေးလိုက်ခဲ့တာဖြစ်တယ်။


" သနားဖို့‌ကောင်းတာက ကျားသစ်မျိုးနွယ်က သူတို့ရဲ့အားနည်းတဲ့မိတ်လိုက်‌ဖော်အတွက် ခံစားချက်တွေကို ကာကွယ်ဖို့ သဘောမပေါက်ကြဘူး၊ ပြီးတော့ ခေါင်းဆောင်ကလည်း ရက်စက်ကြမ်းကြုတ်တယ်၊ သူ ငါ့ကို အရှုံးပေးရတာ။ မင်းက အရမ်း အားနည်းလွန်းတယ်၊ မင်းသာ ကျားသစ်မျိုးနွယ်စုဆီ ပြန်သွားလိုက်ရင် မင်းပဲ အနိုင်ကျင့်ခံရမှာပဲ။ မင်း ငါနဲ့ အတူ ပြန်လိုက်ခဲ့တာကမှ ပိုကောင်းလိမ့်မယ်၊ ငါက မင်းကို ကောင်းကောင်းဆက်ဆံမှာပါ"


ကျီရှောင်အုံး ဘာမှ ပြန်မပြောလိုက်ခဲ့ဘဲ သူမ ပြန်ခုခံမှုကို ဖော်ပြဖို့ ဆိတ်ဆိတ်သာလျှင် နေလိုက်ခဲ့တယ်။


သူမက ကျားသစ်မျိုးနွယ်က 'မိန်းမပျို' မှမဟုတ်တာ၊ ဘယ်လိုပဲဖြစ်ဖြစ် ကျားသစ်မျိုးနွယ်စုကို သူမ ပြန်သွားမှာ မဟုတ်ဘူး။


သူမက သူမနဲ့ရင်းနှီးတဲ့ ၂၁ ရာစုကို ပြန်မဲ့ အိမ်ပြန်လမ်းတစ်ခုကို ရှာချင်ရုံလေးပါပဲ။ ဒီနေရာက နေရာတိုင်းမှာ သွေးထွက်သံယိုတွေ အပြည့်ပဲ၊ ပြီးတော့ သားရဲလူသားအမျိုးသားတွေက သန်မာပြီးတော့ လူမဆန်ကြဘူး။ သူတို့က သူမကို အချိန်မရွေး သတ်စားပစ်လိုက်နိုင်တယ်။ ဒီနေရာမှာ သူမ အသက်ရှင်သန်နိုင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။


ဟိုလ်ဒန်က ထောင့်စွန်းလေးက ထင်ရာစိုင်းတတ်တဲ့ကောင်မလေးအား ကြည့်လိုက်ခဲ့တယ်၊ စကားဆက်ပြောချင်သေးပေမဲ့ သူ့ခါးကို တစ်စုံတစ်ခု လာထိတာကို ခံစားလိုက်ရတယ်။


"ဝီ.. ဝီ..." လျှပ်စစ်ဓာတ်အားအသံက ထပ်မံထွက်ပေါ်လာခဲ့ကာ ကောင်မလေး၏ မှင်ရည်လိုမည်းနက်တဲ့ မျက်လုံးတွေက တည်ငြိမ် ပြတ်သားစွာနဲ့ သူ့အား တည့်မတ်စွာ စိုက်ကြည့်နေခဲ့တယ်။


ဟိုလ်ဒန်က ဒီပစ္စည်းရဲ့စွမ်းအား ကို မြင်ဖူးထားခဲ့တယ်။ သူ ဓာတ်လိုက်ခံရတုန်းက သူ မလှုပ်နိုင်မရှားနိုင်ဖြစ်သွားပြီး ဘာခွန်အားမှ မရှိတော့ပေ၊ အခုတောင် သူ အဲဒီနာကျင်မှုကို ခံစားလို့နေရတုန်းပင်။


" ဟုတ်ပါပြီ ဟုတ်ပါပြီ" ဟိုလ်ဒန်က သူ့လက်တွေအား သဘောတူညီသည့်ပုံ ထားရှိလိုက်ကာ ထိတ်ထိတ်ပျာပျာမဖြစ်ဘဲ သူပြုံးလိုက်ခဲ့တယ်။ " ငါ ဗီလပ်ကို နေထွက်တာနဲ့ ကမ်းကပ်ခိုင်းလိုက်မယ်၊ မင်း အချိန်မရွေး ထွက်သွားလို့ရတယ်"


*******


ကျီရှောင်အုံးက ပတ်ပတ်လည်ကို ကြည့်ရှုလိုက်ပြီး နောက်ဆုံးတွင်မှ ထောင့်စွန်းတွင် ရင်းနှီးတဲ့ပုံရိပ်တစ်ခုအား တွေ့လိုက်ခဲ့တယ်။


ရမ် က ကြမ်းပြင်ပေါ်တွင် ဘေးကင်းစွာ လဲလျောင်းနေဆဲဖြစ်ပေမဲ့ သူ့ဒဏ်ရာတွေကို ဘာမှမလုပ်ရသေးဘဲ သူ့အမွေးတွေကလည်း သွေးတွေနဲ့ ရွှဲနစ်လို့နေခဲ့တယ်။


သူ နည်နည်းကလေးတောင် မလှုပ်ရှားနိုင်တော့ပေ၊ ဖြစ်နိုင်တာက သူ့မှာ လက်ကျန်အား မရှိတော့တာနေမယ်။


သူ့မျက်တောင်တောင်တွေက ဖြည်းညင်းစွာ ပွင့်လာခဲ့ကာ နက်ရှိုင်းတဲ့မျက်လုံးပြာလေးတွေကို ရွှေ့ပြောင်းလိုက်တော့ ကျီရှောင်အုံးနှင့်ဟိုလ်ဒန်တို့ ဆီကျရောက်သွားခဲ့တယ်။


ကျီရှောင်အုံးလည်း နီးကပ်လာခဲ့ကာ ဝံပုလွေနှစ်ကောင်က သူ့အား ကောက်မဖို့ လုပ်နေတာကို မြင်လိုက်ခဲ့တယ်။


သားရဲလူတွေက ကြမ်းကြမ်းရမ်းရမ်းလှုပ်ရှားလိုက်ကြပြီး လက်သည်းတစ်ဖက်က ကျားသစ်လေး၏ဒဏ်ရာအား ထိတော့မဲ့ ဆဲဆဲ ဖြစ်တာကို သူမ မြင်လိုက်ခဲ့ရတယ်၊ သူမ ငိုကြီးချက်မနဲ့ လျင်မြန်စွာ ပြောလိုက်ခဲ့တယ်၊ " သူ့ကို မထိနဲ့"


ဝံပုလွေနှစ်ကောင်က တစ်ယောက်ကို တစ်ယောက်ကြည့်လိုက်ခဲ့တယ်၊ ကျီရှောင်အုံးက ကျောက်ဆောင်တန်းကို ဖြတ်ကျော်ဖို့ သူတို့ကို ခုလေးတင် ကူညီ‌ပေးထားတာပဲ၊ အကြီးအကဲတောင်မှ သူမကို ယဉ်ယဉ်ကျေးကျေး ဆက်ဆံတာဖြစ်တော့ သူတို့လည်း နာခံလိုက်ကြတယ်။


ကျီရှောင်အုံး ဟိုလ်ဒန်ဆီက အခန်းတစ်ခု ငှားလိုက်ပြီး ကျားသစ်လေးအား အခန်းဆီ သယ်ဆောင်သွားလိုက်ကာ သူ့အား ကုတင်ပေါ်သို့ ညင်ညင်သာလေး ချပေးလိုက်ခဲ့တယ်။


သူမ ပြတင်းပေါက်နှင့်တံခါးတွေကို ပိတ်လိုက်ပြီး နေရာလွတ်ထဲမှ ဆေးသေတ္တာကို ယူလိုက်ကာ သူ့ဒဏ်ရာကို သန့်ရှင်းဖို့ ပိုးသတ်ဆေးနှင့် ပတ်တီးစအား ထုတ်လိုက်ခဲ့တယ်။


ဒါကို တော်တော်ကြုံခဲ့ရဖူးထားတော့ ရမ် ဘယ်နေရာမှန်းမသိရတဲ့နေရာကနေ ပစ္စည်းတွေထုတ်ယူနိုင်တဲ့ သူမ စွမ်းရည်အား ကြိတ်မှိတ်လက်ခံလိုက်ပြီး သူ့မျက်လုံးတွေ ငြိမ်ငြိမ်လေး ပိတ်လိုက်ခဲ့တယ်။


ကျီရှောင်အုံး သူ့ဒဏ်ရာတွေအား ကျွမ်းကျွမ်းကျင်ကျင် သန့်ရှင်းရေးလုပ်လိုက်ပြီးတော့ သန့်ရှင်းတဲ့ပတ်တီးဖြင့် ချည်နှောင်ပေးလိုက်ခဲ့တယ်။


အကုန်လုပ်ကိုင်ပြီးသွား‌ပြီး သူမ လတ်ပတ်နာရီကို ကြည့်လိုက်တော့ မနက် ၂ နာရီထိုးနေတာ တွေ့လိုက်ခဲ့တယ်။


သူမ နေမထွက်ခင် လေး နာရီလောက် နားလို့ရနေသေးတာပင်။


ဒီည ဖြစ်ပျက်လိုက်တဲ့ အဖြစ်အပျက်တွေက အရမ်းများလွန်းတော့ ကျီရှောင်အုံးလည်း အတော်ပင်ပန်းသွားခဲ့ပြီး အိပ်ရာပေါ်လှဲချလိုက်သည်နှင့် ခနလေးအတွင်း အိပ်ပျော်သွားတော့တယ်။


သို့ပေမဲ့ သင်္ဘောက အလွန်ယိမ်းထိုးစွာ‌ရွေ့လျားသွားလိုက်ပြီး သူမ တစ်ချိုးတည်းမအိပ်ပျော်နိုင်ဘဲ မနက် ၆ နာရီထိုးတာနဲ့ သူမ နိုးနေခဲ့တယ်။


ဟိုလ်ဒန်က သူ့စကားသူ ပြန်မရုတ်သိမ်းခဲ့ဘဲ ပဲ့ထိန်းအား အနီးနားက ကမ်းတွင် ကပ်ဖို့ ပြောလိုက်ခဲ့တယ်။


ကျီရှောင်အုံးက သူမကျောပိုးအိတ်နှင့် ကျားသစ်လေးကို သယ်ကာ သင်္ဘောပေါ်မှ ဆင်းလိုက်ခဲ့ပြီး ကုန်းပတ်ပေါ်မှာ မတ်တပ်ရပ်နေတဲ့ လူငယ်ခေါင်းဆောင်အား နောက်ပြန်လှည့်ကြည့်လိုက်ခဲ့တယ်။


ဟိုလ်ဒန်က သူ့လက်မောင်းတွေအား လက်ရန်းပေါ်တွင် မှီလိုက်၍ နောက်ဆုံးတစ်ကြိမ် မေးလိုက်ခဲ့တယ်- " ငါနဲ့အတူ မျိုးနွယ်စုကို ပြန်လိုက်ဖို့ တကယ် မစဉ်းစားတော့ဘူးလား"


ဒီစကားက ကျီရှောင်အုံးအား ချီတုံချီချ ဖြစ်သွားစေခဲ့တယ်၊ ကောင်မလေး၏နှုတ်ခမ်းများက တင်းကျပ်သွားတာ သူ မြင်လိုက်ခဲ့တယ်။ ဒီတစ်ခါတွင် သူမခေါင်းကို ရှေ့တည့်တည့်သို့ လှည့်လိုက်ကာ ထွက်ခွာလိုက်တော့တယ်။


ဟိုလ်ဒန်က သူ့ခေါင်းအား ငုံ့လိုက်၍ ကောင်မလေး၏ပုံရိပ် တောအုပ်ထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားတာကို ကြည့်နေရင်းဖြင့် သူ့အကြည့်အား ပြန်သိမ်းယူလိုက်ကာ ပဲ့ထိန်းအား ရွက်လွှင့်လိုက်ဖို့ အမိန့်ပေးလိုက်ခဲ့‌တော့တယ်။


End....