Chapter 17
Viewers 9k


အပိုင်း(၁၇)


တောင်ဆတ်ကျေးရွာပေါ်လွှမ်းမိုးထားတဲ့ ကောင်းကင်ပြင်တစ်ခုလုံးက မီးခိုးငွေ့များနှင့် ပြည့်နှက်လျက်ရှိနေပြီး မီးခိုးရောင်နွယ်ပင်နှာမောင်းတွေက ကြောင်လိမ်လှေကားလို ရစ်ပတ်နှောင်ဖျန့်ကျက်လျက် လင်းရောင်ခြည်တန်းတွေနဲ့ ပေါင်းစပ်ပျောက်ကွယ်နေခဲ့သည်။


အဝေးကနေ နည်းနည်းလေးနီးကပ်လာသည်နှင့် အမှောင်ထုကန့်လန့်ကာအား တစ်စချင်း တစ်စချင်းစီ ရှေ့သို့ဆွဲခေါ်နေကာ အမည်းရောင်အလင်းစက်တွေက အရှေ့သို့ သွန်းလောင်းချလိုက်ခဲ့တယ်။ ဘယ်နေကိုသွားပါစေ ထိန်လင်းနေတဲ့ကောင်းကင်က အဖြူနှင့်အမည်းနှစ်ခုအဖြစ် ကမ္ဘာကြီးအား နှစ်ပိုင်း ပိုင်းချလိုက်ခဲ့တယ်။


ညက တိတ်ဆိတ်စွာဖြင့် အီရစ် နောက်ကျောသို့ ရောက်ရှိလာလိုက်ကာ လျင်မြန်စွာဖြင့် သူ့ခေါင်းပေါ်ကနေ ဖြတ်သန်းသွားလိုက်ကာ သူ့အား အမှောင်ထုသို့ ရုတ်ချည်းပင် သွတ်သွင်းလိုက်ခဲ့တယ်။


ကံကောင်းတာက ခြံဝန်းထဲက မီးပုံက လင်းလက်နေဆဲဖြစ်တော့ သူ့ရှေ့က အရာအားလုံးအား ထွန်းလင်းပြနေခဲ့တယ်။


အီရစ်၏ကိုယ်ခန္တာက တောင့်ခဲသွားလိုက်ကာ သူ့ရှေ့က ကြီးမားတဲ့ကျားသစ်ကြီးအား မိနှစ်ဝက်ကြာမျှ မမှိတ်မသုန် စိုက်ကြည့်လိုက်ခဲ့ပြီး သူ့ခြေထောက်တွေ ပျော့ခွေကျသွားလိုက်ကာ ကြမ်းပြင်ပေါ်သို့ သူ လဲကျလုနီးပါးဖြစ်သွားခဲ့တော့တယ်။


အီရစ်က သူ့မျိုးနွယ်စုတွင် အသန်မာဆုံးစစ်သည်တော်တစ်ယောက်ဖြစ်ပေမဲ့လည်း ရက်စက်ကြမ်းကြုတ်လှတဲ့ ကျားသစ်မျိုးနွယ်စုရဲ့မျက်လုံးထဲကို မဝင်နိုင်တုန်းပင်။


ထုံးစံအတိုင်း အားနည်းတဲ့အသားစားသားရဲမျိုးစိတ်များဖြစ်တဲ့ မြေခွေးသားရဲများ၊ ဖျံသားရဲများ အစရှိတဲ့မျိုးနွယ်စုတွေကို ခုခံတိုက်ခိုက်ဖို့သာ သူ ဦးဆောင်နိုင်တာပင်။ ဒါပေမဲ့ ကြောင်ကြီးမျိုးစိတ်တွေကိုတော့ သူ လုံးဝ သွားမပတ်သတ်ရဲပေ။


တစ်ဖက်တွင်လည်း သူတို့ရဲ့အရှိန်နှုန်းက ကျားသစ်မျိုးနွယ်စုထက် နိမ့်ကျတာပဲဖြစ်၏။


တစ်ဖက်ကကြည့်ပြန်တော့လည်း ကျားသစ်တွေရဲ့ရက်စက်ကြမ်းကြုတ်မှုက အခြားသူတွေထက် အဆမတန်ရက်စက်ပြန်တယ်။


ဒါပေမဲ့ အရေးကြီးဆုံးကတော့ ကျားသစ်တွေအတွက် အဓိကအစာအရင်းအမြစ်က သမင်မျိုးနွယ်စုဖြစ်နေတာပင်။


အီရစ်ရဲ့အပေါင်းအသင်းရောင်းရင်းများစွာက ကျားသစ်တွေရဲ့ပါးစပ်ပေါက်များတွင် သေဆုံးသွားခဲ့ရတယ်။ အထူးသဖြင့် ဒီလိုမျိုးပုံမှန်မဟုတ်တဲ့ ထူးချွန်အရည်အသွေးရှိနေတဲ့ တစ်ကောင် ကျားသစ်တစ်ကောင်ကို သူမြင်လိုက်တဲ့အခိုက်အတန့်မှာ သူ့ရင်ထဲမှာ ဘယ်လောက်တောင် ထိတ်လန့်ချောက်ချား ကြောက်သွေးတုန်နေရလဲ ဆိုတာ စိတ်ကူးကြည့်မိနိုင်တာပင်။


အီရစ်တစ်ယောက် တံခါးဘောင်အား တင်းတင်းကိုင်ထားပြီး သူ့ရဲ့ပထမဆုံး ပင်ကိုယ်ဗီဇအရ ထွက်ပြေးဖို့ပင်။


သူ နောက်ပြန်လှည့်ကာ အခန်းအပြင်သို့ လျင်မြန်စွာ ထွက်ပြေးလိုက်ခဲ့တယ်၊ ဒါပေမဲ့ သူ့ဦးချိုတွေက အရမ်းကြီးတော့ တံခါးနှင့်တိုက်မိလိုက်ပြီး "ဘန်း" ဆိုတဲ့ အသံကျယ်ကြီး ထွက်ပေါ်လာလိုက်ကာ အခန်းတစ်ခုလုံး သူ့ရိုက်ခတ်မှုကြောင့် လှုပ်ယမ်းလို့သွားလိုက်တယ်။


တစ်ချိန်တည်းမှာပဲ သူ့ဦးချိုတွေက တံခါးကျည်းဘောင်ကြားက အလပ်ကြားလေးတွင် သွားညပ်နေခဲ့၏။


အီရစ် သူ့ကိုယ်လုံးကို လှည့်လိုက်ပြီး ရုန်းကန်ရင်းနဲ့ အခန်းထဲအား ကြည့်လိုက်ခဲ့တယ်။


ရမ်က အိပ်ရာပေါ်တွင် လဲလျောင်းနေပြီး သူ တော်တော်လေး မကျေနပ်ဖြစ်နေကြောင်း ပြသဖို့ လှုပ်ရှားမှုတစ်ခုလုပ်လိုက်ခဲ့ကာ သူ့သွားတွေကို ဒေါသထွက်စွာနဲ့ ထုတ်ဖော်ပြနေခဲ့တယ်။


သူ့ဘေးက ကောင်မလေးက အသံကြောင့် အနှောင့်အယှက်ဖြစ်သွားပြီး သူမမျက်ခုံးရိုးတွေက မျက်မှောင်ကြုတ်မှုတစ်ခုသို့ တွန့်ခေါက်လို့သွားခဲ့တယ်။


သူမ အရမ်းပင်ပန်းနေတာကြောင့် ကျီရှောင်အုံး ထတောင် မထနိုင်ဘဲ ထပ်လိမ့်လိုက်ခဲ့ပြီး သူမလက်ကိုမြှောက်လိုက်၍ သူမမျက်လုံးတွေကို ပွတ်သပ်လိုက်ပြီး ပြန်အိပ်ပျော်သွားခဲ့တယ်။


ရမ်က သူ့လက်သည်းတစ်ဖက်ကို မြှောက်လိုက်ခဲ့ပြီး သူ့ရဲ့ကြီးမားတဲ့လက်က ကောင်မလေးရဲ့ပါးပြင်ထက်တောင် ပိုကြီးမားနေခဲ့သည်၊ သူ သူ့လက်ကို ကောင်မလေး နားဘေးတွင် ကပ်ထားလိုက်ခဲ့တယ်။ ထိုလက်က သူမရဲ့သိမ်မွေ့နူးညံ့ပါးလျတဲ့မျက်နှာလေး ဖုံးလွှမ်းလိုက်ခဲ့တယ်။


"တိတ်တိတ်ဆိတ်ဆိတ်နေစမ်း" လေးလံပြီး စိတ်မကြည်တဲ့အသံ ထွက်ပေါ်လာခဲ့ကာ အသံက ဒီသစ်သားအိမ်သေးလေးထဲတွင် ပဲ့တင်ထပ်သွားခဲ့တယ်။ အဲဒီနောက် ယဉ်ကျေးပျူငှာခြင်းမရှိဘဲ ဖြည်းဖြည်းချင်း ခြိမ်းခြောက်စကားပြောလိုက်ခဲ့တယ် ၊ " ဆူအောင်လုပ်ရင် ငါ မင်းကို စားပစ်မယ်"


အီရစ် သူ့အသက်ရှူသံကို ထိန်းထားလိုက်ပြီး အတိုးလျဆုံးဆူညံသံလေးတောင် လုပ်မိမှာ စိုးထိတ်ပြီး ကြောက်ကြောက်ရွံ့ရွံ့နဲ့ မြိုချလိုက်ခဲ့တယ်။


ဦးချိုတွေတောင်မှ ရုတ်တရက် ပေါ့ပါးသွားကာ လှုပ်ရှားရလွယ်ကူသွားခဲ့တယ်။


နောက်ဆုံး တံခါးကြားမှ ဦးချိုတွေကို ဆွဲထုတ်နိုင်လိုက်ကာ အိပ်ရာပေါ်တွင် ကောင်မလေး၏ခေါင်းပေါ် ရစ်ဝဲဖို့ သူ့လက်သည်းကို 'မ ' တင်နေတဲ့ ကျားသစ်အား နောက်လှည့်ကာ ကြည့်ရှုလိုက်ခဲ့တယ်။


ကျားသစ်၏မျက်လုံးများက နက်‌နဲနေကာ သူ့မျက်နှာအမူအရာက ခန့်မှန်းလို့မရနိုင်ဖြစ်နေခဲ့သည်၊ အီရစ် ဘယ်လိုတွေးတောရမှန်း မသိတော့ချေ။


မီးအလင်းရောင်ထဲတွင် လက်က လက်ဖဝါးကနေ အေးစက် ချွန်မြမှုတွေ ဖြာထွက်နေခဲ့တယ်။ အီရစ် စိတ်ထင့်လို့သွားခဲ့တယ်။ တစ်ချက်လေးလှုပ်ရှားလိုက်တာနဲ့ အနှီကျားသစ်က သူမလေးရဲ့အထိခိုက်မခံတဲ့ နားထင်အား ထိုးဖောက်မိနိုင်တာပင်။


အီရစ် အလွန်ကြောက်ရွံ့တုန်လှုပ်သွားကာ သူ့မျက်နှာက ဖြူရော့လို့သွားတော့တယ်။


ဒီတစ်ခါတွင်တော့ သူ့ကိုယ်ဟန်အမူအရာကိုတောင် ပြောင်းလဲအောင် မစွမ်းသာနိုင်တော့ပေ၊ ဒါပေမဲ့ ထိန်းသိမ်းလို့မရတော့ဘဲ သူ့ခန္တာကိုယ်ကို ခိုင်ခိုင်မာမာရပ်တည်နိုင်လိုက်ပြီး ငိုကြီးချက်မနဲ့ အော်လိုက်တော့တယ် " မလုပ်နဲ့"


"မလုပ်နဲ့.... အုံး ကို အဲ့လိုမျိုး မလုပ်လိုက်ပါနဲ့" သူ ပြင်းပြင်းထန်ထန် ငြိမ်သက်သွားလိုက်ကာ သူ့စကားအား သေသေချာချာ အချိန်ယူစဉ်းစားပြောလိုက်ခဲ့တယ်။


အရိုးသားဆုံးပြောရရင် အီရစ် ခေါင်းရှုပ်လို့သွားခဲ့၏။


ဒီကျားသစ်ရဲ့အရောင်အသွေးပုံစံကို ကြည့်ခြင်းအားဖြင့် ကျီရှောင်အုံး အနားမှာ အမြဲတမ်းရှိနေတဲ့ ကျားသစ်ပဲ ဖြစ်ရမယ်။ ကလေးအရွယ်ကနေ လူကြီးအရွယ်ကို ဒီလောက်မြန်မြန်ဆန်ဆန်ကြီး ဘယ်လိုများ ပြောင်းသွားတာများလဲ။ ပြီးတော့ အခုလိုလည်း ကျားသစ်မျိုးနွယ်က 'မိန်းမပျို'တစ်ယောက်ရဲ့ သနားညှာတာမှုကို လှည့်စားဖို့ အားနည်းချင်ယောင်ဆောင်နိုင်တာပဲလား!။


အဲဒီဝံပုလွေတွေကပဲ တစ်ခုခု လုပ်လိုက်တာများ ဖြစ်နေမလား။


ကျီရှောင်အုံးနောက်ကို လိုက်နေတဲ့ သူ့ရည်ရွယ်ချက်က ဘာလဲဆိုတာ အီရစ် မသိတော့ပေ။


ဒါပေမဲ့ ဘယ်လိုပဲဖြစ်နေပါစေ အသားစားမျိုးစိတ်တစ်ကောင်က အသီးရွက်စားမျိုးစိတ် 'မိန်းမပျို'တစ်ယောက်ရဲ့ နောက်ကို လိုက်ပါနေတာက....... ကောင်းတဲ့အရာတော့ ဖြစ်မှာ မဟုတ်ပေ။


ဧရာမကျားသစ်ဆီက ကျီရှောင်အုံးအား ကယ်တင်ဖို့ အီရစ် ဆုံးဖြတ်လိုက်တော့သည်။


" အုံး.... အုံးက မင်းကို မိတ်ဆွေတစ်ယောက်လို သဘောထားပြီး အမြဲတမ်း ဆက်ဆံခဲ့တာ..... သူက မင်းနဲ့ အရမ်းရင်းနှီးတာပဲကို" အီရစ် နှလုံးခုန်သံတွေကလည်း တဖြည်းဖြည်းချင် နီးကပ်စပြုစွာနဲ့ ပြောင်ပြောင်တင်းတင်းပင် ရှေ့သို့ ခြေလှမ်းအနည်းငယ် တိုးလှမ်းလိုက်ပြီး သူ့အသံတွေ တုန်ရီနေစေကာမူ အကြောက်တရားတွေကို ဖိသိပ်လိုက်ခဲ့တယ်။


ရမ် က ဂရုမစိုက်ဟန်ဖြင့် သူ့(အီရစ်)ကို ကြည့်ဖို့ သူ့မျက်လုံးများကို ဘေးသို့ လွှဲစောင်းလိုက်ခဲ့ပြီး သူ့မျက်နှာအမူအရာကတော့ အလွန်ကို မကြည်မသာ ဖြစ်နေခဲ့တယ်။


သေချာတာပေါ့ သူမက သူ့အပေါ်ကောင်းမှာပေါ့။ သူမအိမ်မှာ ကြောင်လေးတစ်ကောင် မွေးထားတယ်လို့ သူမ သူကို တစ်ခါက ပြောဖူးတယ်၊ သူမက သူ့ကို ကြောင်တစ်ကောင်လို ဆက်ဆံတာပဲလေ။


"ပြီးခဲ့တဲ့တစ်ခေါက်တုန်းက မင်းကို ကယ်ဖို့အတွက်နဲ့ အုံးက အဲဒီ ဝံပုလွေတွေ ပြည့်နှက်နေတဲ့ သင်္ဘောပေါ်ကို တစ်ယောက်တည်း တက်သွားခဲ့တာ။ မင်း သူ့ကို ကျေးဇူးတင်သင့်တယ်....အုံးသာ အဲဒီမှာ ရှိမနေဘူးဆိုရင် မင်းလည်း ပြန်မလာနိုင်လောက်ဘူး" အီရစ်က ကျားသစ်ရဲ့စိတ်ဝင်စားမှုမရှိတဲ့ အကြည့်တွေနဲ့ ဆုံမိလိုက်တော့ ချက်ချင်းပင် ရှိုးတိုးရှန့်တက်ဖြစ်သွားလိုက်ကာ သူ့အသံက ပိုတိုးဝင်လို့သွားတော့တယ်၊ " အဲတာကြောင့် ..... မင်း အုံးကို ထိခိုက်အောင် လုပ်လို့မရဘူး...."


"ကယ်ကြပါဦး!' သူ တကယ်ကြီးကိုပဲ ကျားသစ်တစ်ကောင်ရဲ့ဘေးကင်းလုံခြုံမှုအကြောင်းကို ပြောရဲနေလိုက်တာပဲ။ သူ့သေခြင်းတရားက ချက်ချင်းကျရောက်လာတော့မလို သူ ခံစားလိုက်ရတော့တယ်။


သို့သော်ငြားလည်း အချိန်အကြာကြီး ကြာပြီးသည့်နောက် မျှော်မှန်းထားခဲ့တဲ့ ဒေါသက မရောက်ရှိလာခဲ့ပေ။


သူ ကျားသစ်ကြီးအား မြင်ရဖို့ သူ့ခေါင်းကိုနှိမ့်၍ ဖြည်းညင်းစွာဖြင့် ငုံ့ကြည့်လိုက်ခဲ့ပြီးတော့ အိပ်ရာပေါ်မှာ ကွေးကွေးလေးအိပ်နေတဲ့ ကောင်မလေးကို ကြည့်လိုက်ခဲ့တယ်။


ကျားသစ်၏မျက်လုံးများက ပြာလဲ့နေခဲ့ကာ မျက်လုံးထဲတွင် ပင်လယ်ပြာပြာကို ထည့်သွင်းထားသလိုပင်။


'သူမက သူ့ကို ကယ်ဖို့ ဝံပုလွေသင်္ဘောပေါ် တက်ခဲ့တာလား။'


အရင်ကတော့ သူမကျောပိုးအိတ်ကို ယူဖို့ သင်္ဘောပေါ်ကို တက်ခဲ့တာလို့ ရမ် ထင်ခဲ့တာဖြစ်တယ်။


ကျောပိုးအိတ်အကြောင်းရောက်တော့မှ ရမ်၏ မျက်ခုံးရိုးများက ကွေးညွှတ်သွားခဲ့လိုက်တယ်။


'သူမ အခုနက သူ့ကို ဘယ်ထဲထည့်လိုက်တာလဲ။'


သူ မြင်ခဲ့တာတော့ ဘာမျှရှိမနေတဲ့ နေရာလွတ်ကွက်လပ်သာမကဘဲ သူမကျောပိုးအိတ်နှင့် သူမ သူ့ကိုမကြာခဏကျွေးခဲ့တဲ့ နို့ဘူးနှင့် အသားပိုင်း တွေ ဖြစ်တယ်။


အဲဒီထက်ပိုတာတော့ ဒီနေရာမှာ သူတစ်ခါမှ မမြင်ဖူးတွေ ပစ္စည်းတွေ အများကြီးမှ အများကြီးပင်။


'ဒါက သူမ အမြဲတမ်း "လေထဲက ပစ္စည်းတွေထုတ်လိုက်တဲ့နေရာ" လား။'


'ဒီနေရာက လုံးဝလွတ်နေတဲ့ နေရာကြီးပဲလား။'


'ဒီလိုနေရာမျိုး ဘော်နီးယားကုန်းမြေတိုက်ပေါ်မှာ ရှိတာပဲလား။'


ဒီနေရာလွတ်ကို ကြည့်ရတာ တည်ငြိမ်နေတယ်လို့ထင်ရပေမဲ့ မြန်မြန်ဆန်ဆန်လည်း စီးဆင်းနေခဲ့တယ်။


ရမ်၏ကိုယ်ခန္တာက ပိုပို ပြီး လေးလံလို့လာခဲ့ကာ သူ့စိတ်တွေလည်း ပိုပိုပြီး ပင်ပန်းနွမ်းနယ်လာခဲ့တာပင်။ သူမှတ်မိတဲ့ နောက်ဆုံးအရာက မြေကြီးပေါ်မှာလဲလျောင်းပြီး သူ့မျက်လုံးတွေ မှိတ်ချလိုက်တာပဲ။


သူ ပြန်နိုးလာတော့ ဒီနေရာမှာ ဒီလိုပုံစံနဲ့ ဒီအိပ်ရာပေါ် ရောက်နေခဲ့တာပင်။


ရမ် သူ့ကိုယ်ခန္တာကို ပြန်ပြောင်းလဲဖို့ အမြဲတမ်း ကြိုးစားခဲ့ပေမဲ့ မရခဲ့ပေ။ မမျှော်လင့်ထားတာက ခဏလေးအိပ်လိုက်တာနဲ့ ပြန်ပြောင်းလဲသွားလိုက်တာပဲ။


'ဒီ အခွင့်အလမ်းက ဘာကြီးလဲ။'


ရမ် တစ်ယောက် နားမလည်နိုင်တော့ချေ။


သူအရင်က တွေးထားခဲ့တာ သူ့ကိုယ်ခန္တာကပြောင်းလဲနိုင်မဲ့ သော့ချက်က ဝံပုလွေတွေရဲ့လက်ထဲမှာလို့ပင်၊ သို့ပေမဲ့ အခုကျတော့ မဟုတ်တော့သလိုပဲ။


သူ့လက်သည်းများက ညင်သာစွာနဲ့ ကောင်မလေးရဲ့ချောမွတ်တဲ့မျက်နှာလေးအား ထိုးညွှန်လိုက်ခဲ့ကာ တဖြေးဖြေးနဲ့ လက်လှမ်းလိုက်ပြီး ဦးခေါင်းခွံအား ရောက်ရှိသွားကာ ရပ်တန့်လိုက်ခဲ့တယ်။


သူ့ကိုယ်နေဟန်ထားက ခံစားချက်မဲ့နေလျက် အတွေးနယ်ချဲ့နေတော့တယ်။


ဒီလှုပ်ရှားမှုက အီရစ်အား နောက်စက္ကန့်တွင်းမှာ ဒီသားရဲက ကျီရှောင်အုံးရဲ့ကိုယ်ခန္တာကို ဖောက်စားလိုက်တော့မလို အန္တရာယ်များသွားစေခဲ့တယ်။


သူ(ကျားသစ်) အုံးကို နာကျင်စေမှာ သူ ခွင့်မပြုနိုင်ဘူး။


အီရစ် ဒီလို တွေးတောလိုက်ခဲ့ပြီး တိတ်တဆိတ် သူ့ဦးချိုတွေအား ငုံ့ချလိုက်ကာ သူ့ဘဝ၏ အကြီးမားဆုံးသတ္တိတွေကို စုစည်းလိုက်ခဲ့သည်။ ကျားသစ် မပြင်ဆင်ထားလိုက်ချိန်မှာ သူ့ကိုယ်ကို ကိုင်းလိုက်ပြီး သူ့ခေါင်းကို ငုံ့လိုက်ခဲ့ပြီး သားရဲကောင်၏ ဝမ်းဗိုက်ဆီသို ဆတ်ခနဲ ခွေ့လိုက်တော့တယ်။


ရမ် သူ့လည်ပင်းအား တိမ်းစောင်းလိုက်၍ နောက်သို့ နှစ်လက်မလောက် ချော်ကျသွားခဲ့တယ်။


သူ့ကြည့်မိလိုက်စဉ်မှာပဲ သမင်က မြန်ဆန်စွာဖြင့်ပင် အိပ်ပျော်နေတဲ့ ကောင်မလေးအား သူ့လက်မောင်းထဲတွင် ပွေ့ယူလိုက်ပြိး တံခါးပေါက်သို့ ဦးတည် သုတ်ခြေတင် ပြေးသွားတော့တယ်။


ရမ်၏မျက်နှာအမူအရာက နစ်မြုတ်သွားလိုက်ကာ သူကိုယ်တိုင်ပင် မသိလိုက်ဘဲ မျက်နှာရှစ်ချောက်ချိုးဖြစ်သွားတော့သည်၊ သူ သူ့အမြီးအား ဆတ်ခနဲဆွဲလှု ပ်လိုက်ပြီး ရှေ့သို့ ဆန့်လိုက်ကာ အီရစ်၏ခြေသလုံးအား ပျော့ပြောင်းစွာ ရိုက်ထုတ်လိုက်ခဲ့တယ်။


လက်ချောင်းလေးတစ်ချောင်းတောင် သူ မလှုပ်လိုက်ရပဲ အီရစ်၏ခြေမခိုင်ဘဲ ရှေ့ကိုကိုင်းကျသွားတာအား ကြည့်ရနေလိုက်ခဲ့တယ်....


သမင်တစ်ကောင်နှင့် ကောင်မလေးတစ်ယောက်က တစ်ယောက်ပေါ် တစ်ယောက်ထပ်ကာ ကြမ်းပြင်ပေါ်သို့ ပစ်လဲကျသွားတော့တယ်။


********


"အား...."


ကျီရှောင်အုံး နာကျင်မှုကြောင့် နိုးသွားခဲ့တော့တယ်။


သူမခေါင်းနောက်က ကြမ်းခင်းသစ်သားအမာသားနဲ့ သွားရိုက်မိသွားပြီး သူမ အနည်းငယ်လေး ထူပူသွားတော့သည်။


တစ်ချိန်တည်းပင် နောက်ထပ်လေးလံတဲ့အလေးချိန်ကြီးက သူမအပေါ်သို့ ဖိချလိုက်ခဲ့ပြီး သူမ အား အသက်မရှုနိုင်အောင် လုပ်လိုက်ခဲ့တယ်။


ကျီရှောင်အုံး သူမမျက်ခုံးရိုးတွေ ကျုံ့သွားလိုက်ပြီး ဖြေးညင်းစွာဖြင့် မျက်လုံးဖွင့်ကြည့်လိုက်ခဲ့တယ်၊ သူမ မော့ကြည့်လိုက်တော့ အီရစ်၏ဦးချိုကြီးတွေနဲ့ သူ့ရဲ့မည်းနက်တဲ့မျက်လုံးတွေနဲ့ ဆုံသွားလိုက်ခဲ့တယ်။


"အီရစ်လား" ကျီရှောင်းအုံးရဲ့ဦးနှောက်က ထုံထိုင်းသွားခဲ့တယ်၊ ဘာတွေဖြစ်သွားမှန်း သူမ မသိတော့ပေ။ သူမ ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်တော့ သူမက အခန်းထဲမှာ ရှိနေတုန်းဖြစ်တယ်ဆိုတာ သူမ တွေ့လိုက်ရတယ်၊ .. 'ဒါပေမဲ့.... သူမက ဘာလို့ မြေကြီးပေါ်ရောက်နေရတာလဲ။' ပြီးတော့ အီရစ်ကရော ဘာလို့ဒီကိုရောက်နေရတာလဲ။'


ကျီရှောင်အုံး သူမလက်ကိုမြှောက်လိုက်ပြီး သူမရဲ့နားထင်အား ပွတ်လိုက်၍ အိပ်ချေပြေသွားပြီး ဇဝေဇဝါဖြစ်စွာတွေးတောလိုက်ခဲ့တယ်။


အီရစ်က လက်တစ်ဖက်နဲ့ သူ့ကိုယ်သူ ထောက်ထူလိုက်ပြီး ကောင်မလေး၏မျက်နှာအား ပဟေဠိဖြစ်စွာ ကြည့်လိုက်ခဲ့ပြီး သူ့ပါးပြင်က ရုတ်ခြည်းပင် ရှက်သွေးဖျာသွားတော့တယ်။ သူ လျင်မြန်စွာ မြေကြီးပေါ်မှ ခုန်ထလိုက်ပြီး မတ်တပ်ရပ်လိုက်ကာ ချောင်းနှစ်ခါဟန့်လိုက်၍ ပျာယာခတ်စွာ ရှင်းပြလိုက်ခဲ့တယ်၊ "အုံး နင်... နင် နိုးလာပြီပဲ...... ငါ မဝင်ခင် တံခါးခေါက်လိုက်သေးတယ်။ ငါ ညစာချက်ပြီးသွားပေမဲ့ နင်က ဘာမှပြန်မပြောတော့ ငါလည်း နင် တစ်ခုခုဖြစ်နေတာလားလို့ဆိုပြီး စိတ်ပူတာနဲ့ ငါ သိရအောင် အထဲဝင်လာလိုက်တာ။ နင် ငါ့ကို အပြစ်မတင်နေပါဘူးနော်"


စိုးရိမ်ပူပန်မှုနှင့် ကြောက်စိတ်မွှန်ထူမှုအား ဘေးချိတ်ထားလိုက်ကာ ဗလုံးဗထွေးနဲ့ အီရစ် စကားအနည်းငယ်ပြောလိုက်ခဲ့တယ်။


ကျီရှောင်အုံး နားလည်သွားပြီး ခေါင်းညိတ်လိုက်ကာ သူမခေါင်းကို ပြန်ခါရမ်းလိုက်ခဲ့တယ်။ "ရပါတယ်..... ငါ ကောင်းကောင်းမအိပ်ရတာ အရမ်းကြာသွားတော့...."


အိပ်နေတုန်းက ကျီရှောင်အုံးတစ်ယောက် အရမ်းထူးဆန်းတဲ့ အိမ်မက်တစ်ခုတောင် မက်လိုက်သေးတယ်။


သူမ အိမ်မက်မက်ခဲ့တာက သူမက အမွေးပွအရုပ်အကြီးကြီးတစ်ခုအောက်မှာ အိပ်ခဲ့ပြီး အရုပ်ကြီးရဲ့အမြီးက သူမခြေထောက်တွေကို ပတ်ထားတယ်တဲ့။ သူမ ဘယ်လောက်ရုန်းရုန်း သူမ ရုန်းလို့မရဘူးဖြစ်နေခဲ့တယ်။


အရုပ်ကြီးက အမွေးတွေအများကြီးနဲ့ သူမတစ်ကိုယ်လုံးကို ထုတ်ထားပြီးတော့ သူမကို အရမ်းနွေးသွားအောင် လုပ်ပေးခဲ့တာ။


သူမ သူ့အလိုလို အရုပ်ကြီးပေါ် မှီလိုက်ပြီး အနွေးဓာတ်ယူလိုက်တာပဲ တော်တော်လေးအန္တရာယ်များတယ်လို့ ခံစားလိုက်ရပေမဲ့ပေါ့။ သူမ ရုန်းထွက်လိုက်ချင်ပေမဲ့ သူမတစ်ကိုယ်လုံးက သူ့အလိုလို ပြန်ပြီး အဖမ်းခံမိချင်ပြန်ရောပဲ။


ကျီရှောင်အုံး စကားဆုံးတာကို စောင့်လိုက်ရင်း အီရစ် သူမလက်ကောက်ဝတ်အား ပြင်းပြင်းထန်ထန်ဆွဲယူလိုက်၍ သူမအား အခန်းပြင်သို့ ဆွဲခေါ်လိုက်ခဲ့တယ်၊ "အုံး ငါတို့ ဒီနေရာက ထွက်မှရမယ် "


ကျီရှောင်အုံး‌ ကောင်းကောင်း မနိုးကြားသေးပဲ ဖြစ်နေသေးကာ မျက်တောင် မှိတ်တုတ်မှိတ်တုတ်ခတ်လိုက်ရင်းနဲ့ ခြေလှမ်းအနည်းငယ်ကြာ လိုက်ပါလာခဲ့သည်၊ ".....ဘာဖြစ်လို့လဲ"


အီရစ်က ကုတင်ကို ပြန်ကြည့်ရင်း ပြောလိုက်ခဲ့တယ်၊ " ဒီမှာ အန္တရာယ်ရှိတယ် ကျားသစ်က...."


သူ့စကားတွေက တစ်ဝက်တစ်ပျက်နဲ့ ပြတ်သွားကာ အဆုံးသတ်လိုက်ခဲ့တယ်။


သူ ခနလေးတင် ကျားသစ်သားရဲ အကြီးကြီးကို မြင်လိုက်ရပါတယ်။ ဒါပေမဲ့ ဘာလို့မှန်းမသိဘဲ အဲဒါက ရုတ်တရက် သားပေါက်လေးတစ်ကောင်လို ပြန်ပြောင်းသွားလိုက်တာပဲ။


သူ့ကိုယ်လုံးက ပိုသေးသွားပြီး သားပေါက်တစ်ကောင်ရဲ့ ပုံမှန်အရွယ်စားထက်တောင် သေးသွားသေးတယ်။


သူရှိနေတဲ့ ခုတင် ပတ်လည်တွင် တစ်ဝက်လောက် ပြိုကျသွားလိုက်ပြီး သူ့အရင်ကိုယ်ခန္တာအလေးချိန်ရဲ့ သဲလွန်စသာ ကျန်ရှိတော့တယ်။


မူလက သူ့နောက်ခြေထောက်ကို ပတ်ထားတဲ့ ပတ်တီးစက အခုဆို အပိုင်းအပိုင်းအစစ ဖြစ်သွားခဲ့ပြီး သူကိုယ်ခန္တာ ကြီးထွားလာတဲ့အချိန်မှာ မြေကြီးပေါ်ကို ပျံ့ကြဲသွားလိုက်ခဲ့သည်။


အီရစ်: ". . ."


End ......