Chapter 19
Viewers 9k

အပိုင်း(၁၉)


" ကျွန်မ.... ကျွန်မပါ"


တိုးတိတ် တုံ့ဆိုင်းနေတဲ့အသံတစ်သံက လူအုပ်ကြီးထဲတွင် ထွက်ရှိလာလိုက်ခဲ့တယ်။


ထိုအသံက သိမ်မွေ့တာကြောင့် လူအုပ်ကြီးရဲ့ကျီစားလန့်စားဖြစ်နေကြတဲ့ သားရဲလူတွေအသံက လွှမ်းခြုံသွားခဲ့ပြီး ကျီရှောင်အုံးရဲ့အသံက အာရုံစိုက်မှုမရလိုက်ခဲ့ပေ။


ကျီရှောင်အုံးက သားရဲလူတွေဘေးနားတွင် မတ်တပ်ရပ်နေခဲ့ပြီး ကျားသစ်လေးက သူမရှိတဲ့နေရာကို ကြည့်လိုက်တဲ့အချိန် သူတို့အားလုံးပင် ရန်သူနဲ့မျက်နှာချင်းဆိုင်လိုက်ရသလို နောက်တွန့်သွားလိုက်ခဲ့တယ်။


'ရမ်ရဲ့ခန္တာကိုယ်သေးသေးလေးက ခြိမ်းခြောက်မှုသေးသေးလေးဖြစ်ပေမဲ့လည်း သူက သူတို့ကျေးရွာထဲကို အခြားကျားသစ်တွေ ခေါ်မလာဖူးလို့ ဘယ်သူက အာမခံမှာတဲ့လဲ။'


တောင်ဆတ်ကျေးရွာက ဒီနေရာမှာ အခြေချနေထိုင်လာခဲ့တာ နှစ်ပေါင်းများစွာ ကြာမြင့်ပြီဖြစ်ကာ သူတို့ဘဝနဲ့သူတို့ ရောင့်ရဲတင်းတိမ်နေကြပြီး အနီးနားက အိမ်နီးချင်းမျိုးနွယ်တွေနဲ့လည်း ဆက်ဆံရေးကောင်းတွေ ရှိထားတာပဲဖြစ်တယ်။


သူတို့တွေက ကလန်တစ်ခုလုံး အမြစ်ပြုတ်စေမဲ့ အာရုံစိုက်မှုကို မလိုချင်ကြတာပဲဖြစ်တယ်။


တောင်ဆတ်ကလန်ရဲ့မျိုးနွယ်အကြီးအကဲက ဂျော့ လို့ခေါ်ပြီး တောင်ဆတ်မျိုးနွယ်တွင် အသက်ကြီးဆုံးဖြစ်သည်။ သူက မုတ်ဆိတ်ဖြူများရှိကာ အသံဩဇာကောင်းသူတစ်ဦးဖြစ်သည်။


သူ ကပ်ဘေးတစ်ခုကို ရင်ဆိုင်ချိန်မှာ သူ့ဒေါသကချုပ်တည်းထားတာတောင် စိတ်အခြေအနေကောင်းမည် မဟုတ်ပေ။ သူ့မုတ်ဆိတ်တွေက လွင့်ပျံနေခဲ့ပြီး သူ့မျက်စိများ ပြူးကျယ်နေခဲ့တယ်။


ဘယ်သူမှ ဝံမခံကြတာတွေ့တော့ သူ ထပ်မေးလိုက်ခဲ့တယ်၊ "ဘယ်သူ ဒီကျားသစ်ကို ရွာထဲခေါ်လာတာလဲ။ မင်းတို့တွေ တစ်ယောက်မှ မသိကြဘူးလား။"


တောင်ဆတ်မျိုးနွယ်အကြီးအကဲက ကလန်ရဲ့အသန်မာဆုံးလူငယ်တွေအား သူတို့ကို ဝန်းရံကာကွယ်ဖို့ စီမံရင်းနဲ သူ့မုတ်ဆိတ်အား မှုတ်ထုတ်လိုက်ကာ ပြောလိုက်ခဲ့တယ်။


တစ်ချိန်တည်းမှာပဲ ကျားသစ်လေးရဲ့မူလအစအား ရှာဖွေဖို့ သူ့လူတွေကို ပြောလိုက်ခဲ့တယ်။


မနေ့က ကျီရှောင်အုံး အီရစ်နောက်ကနေ ခြံဝန်းထဲက သူ့ရဲ့ယာယီနေထိုင်တဲ့နေရာကို လိုက်သွားတုန်းက သားရဲလူတော်တော်များများက သူမအား မြင်ဖူးထားကြတယ်။


ဒီကျေးရွာထဲမှာ သားရဲလူတွေအများကြီးမရှိတော့ ဒီကိစ္စနဲ့ပတ်သတ်လို့ များများစားစားမေးရမဲ့သူတွေလဲ ရှိမနေခဲ့ပေ။


ထိုအရာကို ဖုံကွယ်ထားတာတောင် ကြာကြာဖုံးထားနိုင်မည်မဟုတ်ပေ။


ကျီရှောင်အုံး တိတ်ဆိတ်စွာနဲ့ ရှေ့ကို ခြေတစ်လှမ်းတိုးလိုက်ပြီး သူမခေါင်းကိုငုံ့ကာ နှုတ်ထွက်လိုက်ခဲ့ပြီး မရှိနိုင်တဲ့အသံနှုန်းနဲ့ သူမ ပိုင်ဆိုင်မှုကို ရှာတွေ့သွားခဲ့ကာ ပြောလိုက်တယ်၊ "ကျ...ကျွန်မ.... သူ့ကို အထဲခေါ်လာခဲ့တာ"


တောင်ဆတ်မျိုးနွယ်အကြီးအကဲနှင့် ကလန်သားတွေအားလုံးရဲ့မျက်လုံးက သူမပေါ်သို့ ကျရောက်သွားတော့တယ်။


ကျီရှောင်အုံး နောင်တအကြီးအကျယ်ရလိုက်ခဲ့တယ်။ သူမ ထွက်လာတဲ့အချိန် ဘာလို့များ သူ့ကို နေရာလွတ်ထဲ မထည့်မိလိုက်ရတာများလဲ။


သူမ သူတို့ရဲ့အနံခံအာရုံကောင်းတာကိုသာမကပဲ ပြဿနာရှာတတ်လွန်းတဲ့ ကျားသစ်မျိုးနွယ်စုရဲ့စွမ်းရည်ကို လျော့တွက်ထားမိလိုက်တာပဲ။


ဘာလို့များ အခန်းထဲမှာ မနေပဲနဲ့ သူ့နေရာသူမသိရတာလဲ။


ဘယ်လိုပြောပြော ကျီရှောင်အုံး "ထောင်ထောင်"အတွက် အကျိုးအကြောင်းရှင်းပြဖို့ ကြိုးပမ်းဆဲပင်ဖြစ်တယ်။ "သူက တကယ် တကယ်ကိုကောင်းပါတယ်။ အခြားသူတွေနဲ့ မတူပါဘူး.... သူက ကျားသစ်မျိုးနွယ်ကနေ စွန့်ပစ်ခံထားရတာ၊ သူတို့ကို ဒီနေရာကို ခေါ်လာပြီး ရှင်တို့ကို ထိခိုက်အောင် မလုပ်ပါဘူး" ခဏရပ်လိုက်ပြီးနောက် သူမစကားကို ပိုပြီးယုံကြည်လက်ခံနိုင်အောင်လို့ ထပ်ထည့်ပြောလိုက်ခဲ့တယ်၊ "ကျွန်မ ကတိပေးပါတယ်"


သူမစကားထဲက "မကောင်းမှုကို ဖုံးကွယ်ထားတယ်"ဆိုတဲ့ သဘောလက္ခဏာကိုတော့ သတိမမူမိပဲ သုံးလိုက်မိသွားခဲ့တယ်။


တောင်ဆတ်သားရဲလူတွေက သူမအား မသင်္ကာမကင်းဖြစ်စွာနဲ့ စိုက်ကြည့်လိုက်ကြတယ်။


သူမမျိုးနွယ်ကိုမသိကြတာဖြစ်နိုင်ပါတယ် ဒါပေမဲ့ ကျီရှောင်အုံးရဲ့စကားက သူတို့အား လက်ခံအောင် မစည်းရုံးနိုင်ခဲ့လိုက်ပေ။


မနေ့က လူတိုင်းသိထားကြတာက အီရစ်က လူသားမျက်နှာရှိတဲ့ 'မိန်းမပျို'တစ်ယောက်ကို ပြန်ခေါ်လာခဲ့တယ်လို့ပင်။


မျိုးနွယ်စုတိုင်းက လူသားအသွင်နဲ့အလွန်နီးစပ်တဲ့အသွင်ပြောင်းနိုင်တဲ့ သားရဲလူအနည်းစုကိုပဲ ထွက်ရှိတာဖြစ်ပေမဲ့ သူတို့က အလွန့်အလွန်ကို ရှားပါးပြီး အထုံပါရမီရှိကာ ကွဲပြားခြားနားပြီး ချောမောခံ့ညားကြတာပဲ ဖြစ်တယ်။


ဝံပုလွေမျိုးနွယ်စုက ဟိုလ်ဒန်လိုမျိုးပင်။


ရှားပါးပေမဲ့ ထူးထူးခြားခြားတော့ မဟုတ်ပေ။


အခြားသူတွေက သူတို့က ကျီရှောင်အုံးကိုတော့ မသိကြပေ။


"တောင်းပန်ပါတယ် ငါတို့ မင်းကို မယုံကြည်နိုင်ဘူး" အခြားတစ်ဖက်ကလူက 'မိန်းမပျို'ဖြစ်နေတာကို မြင်လိုက်ရတော့ မျိုးနွယ်အကြီးအကဲက အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ခဲ့ကာ 'မိန်းမပျို'တစ်ယောက်က ဒီလောက်သတ္တိရှိမယ်ဆိုတာ မသေချာတော့ပေ။


"ကျားသစ်တွေက မွေးကတည်းက ရက်စက်ကြမ်းကြုတ်တဲ့သူတွေပဲ၊ နှစ်စဉ်နှစ်တိုင်း မရေမတွက်နိုင်တဲ့သမင်တွေ သူတို့လက်သည်းအောက်မှာ သေကြေကြတယ်။ အဲဒါက စွန့်ပစ်ခံထားခဲ့ရင်တောင် သူက သမင်မျိုးနွယ်တွေကို စားတယ်ဆိုတာ ငြင်းပယ်လို့မရနိုင်ဘူး!" မျိုးနွယ်အကြီးအကဲ ဂျော့က ဒီလို ရှင်းရှင်းလင်းလင်းပြောကြားလိုက်ခဲ့တယ်။


မျိုးနွယ်အကြီးအကဲရဲ့စကားတွေက သူ့ကလန်သားတွေကို လှုံဆောင်ဖို့ အကြောင်းဖြစ်စေလိုက်ရုံသာမက သူတို့ရဲ့ ကျားသစ်မျိုးနွယ်အပေါ် အရိုးစွဲကြောက်လန့်မှုအား အစပျိုးစေလိုက်ခဲ့တယ်။


သားရဲလူတွေက ချက်ချင်းပင် ကျီရှောင်အုံးရဲ့ဘေးကနေ ထွက်ခွာလိုက်ခဲ့ကာ သူအား တုံ့ဆိုင်းစွာနဲ့ မေးခွန်းထုတ်နေမှုနဲ့အတူ ကြည့်လိုက်ကြတယ်။


လူအုပ်ကြီးထဲက အီရစ်က သီးသန့်ခွဲထားခံရတဲ့ကောင်မလေးအား အကြိမ်တော်တော်များများ တုံ့ဆိုင်းစွာနဲ့ ကြည့်လိုက်ခဲ့တယ်၊ ဒါပေမဲ့ သူ သူမကိုကူညီဖို့ ရှေ့ထွက်မလာလိုက်ခဲ့ပေ။


အဆုံးသတ်ကျတော့ မနေ့က သူ ရမ်ရဲ့ပုံစံအစစ်ကို မြင်ထားခဲ့ပြီးဖြစ်တယ်၊ သူ့လက်သည်းတွေက ကောင်မလေးအား ဖျတ်ခနဲသူမကို ချိန်ရွယ်လိုက်ပြီး ထိခိုက်အောင် လုပ်ချင်နေခဲ့တာကို စောင့်ကြည့်လိုက်ခဲ့ရတယ်။


ဒါကပဲ အန္တာရာယ်မပြုနိုင်တဲ့သားရဲတစ်ကောင်လို့ သူ့ကိုယ်သူ ယုံကြည်အောင် မလုပ်လိုက်နိုင်တာပဲဖြစ်တယ်။


ကျီရှောင်အုံးက ခြင်းတောင်းလက်ကိုင်အပေါ် တင်းတင်းဆုပ်ကိုင်ထားလိုက်ပြီး ခေါင်းမော့ကာ ပြောင်းရိုးဖျာပေါ်မှာ လဲလျောင်းနေတဲ့ ကျားသစ်လေးကို ကြည့်လိုက်ခဲ့တယ်။


ရမ်ကလည်း သူမအား သူ့ရဲ့အထက်စီးဆန်မှုတွေ အနည်းငယ်လေး ဖယ်ရှားလျက် ပြန်ကြည့်နေခဲ့ပြီး သူ့အမူအရာက ငြိမ်းချမ်းနေကာ ဘာလှိုင်းခတ်ခြင်းမှရှိမနေခဲ့ပေ။


ကျီရှောင်အုံးက အစကနေ သူ ဒီလောက်လိမ္မာရေးခြားရှိနေတာကို တွေးတောလိုက်ပြီး သူမ အက်ခ်မျိုးနွယ်အကြီးအကဲကို ပြောလိုက်ခဲ့တယ်၊ " ကျွန်မ တောင်းပန်ပါတယ် အကြီးအကဲ...ကျွန်မ......."


"သူ ဒီမှာ နေလို့မရဘူး" ကျီရှောင်အုံး စကားမဆုံးသေးခင်မှာပဲ ဂျော့က သူမအား အေးစက်စွာ ကြားဖြတ်လိုက်ပြီး ပြောလိုက်တယ်၊ "မျိုးနွယ်တစ်ခုလုံးရဲ့လုံခြုံရေးအတွက် မင်း ငါတို့ရွာထဲကနေ အမြန်ဆုံး ထွက်သွားလိမ့်မယ်လို့ ငါ မျှော်လင့်တယ်။"


ကျီရှောင်အုံး : ". . ."


အီရစ်က နောက်ဆုံးတွင် မနေနိုင်တော့ဘဲ လူအုပ်ထဲမှ ထွက်လိုက်ကာ " အကြီးအကဲဂျော့ မကြာခင် မုန်တိုင်းလာတော့မှာ။ တကယ်လို့ အကြီးအကဲ အခု သူတို့ကို မောင်းထုတ်လိုက်ရင် သူတို့တွေ နှင်းမုန်တိုင်းထဲမှာ နှစ်မြုတ်သွားလိမ့်မယ်။ အကြီးအကဲ သူတို့ကို နှင်းမုန်တိုင်း ရပ်တဲ့အချိန်ထိပဲ နေခွင့်ပြုလိုက်ရင်ရော မကောင်းဘူးလား"


ဂျော့က လုပ်ထုံးလုပ်နည်းအရပဲ လုပ်ချင်လိုက်ခဲ့ပြီး သူပြောလိုက်တယ်။ " ငါ စိတ်မကောင်းပါဘူး။ အကြီးအကဲတစ်ယောက်အနေနဲ့ မျိုးနွယ်ရဲ့ဘေးကင်းလုံခြုံရေးကိုပဲ ငါ တွေးရလိမ့်မယ်။ သူတို့နေတာက ကလန်ကို အန္တရာယ်မပြုပါဘူးလို့ ဘယ်သူက အာမခံနိုင်မှာလဲ။" သူ့လေသံက ပြောင်းသွားခဲ့ကာ သူ ကျီရှောင်အုံးဘက်သို့ လှည့်လိုက်ခဲ့တယ်။ "အမျိုးသမီး ကျားသစ်နဲ့အတူ ခုချက်ချင်း ထွက်သွားလိုက်ပါတော့"


******


ကျီရှောင်အုံးရဲ့ ခြုံစောင်လုပ်ဖို့ဆိုတဲ့ အစီအစဉ်က အဆုံးသတ်သွားတော့သည်။


အီရစ်က သူ့မျိုးနွယ်ကောင်းဖို့အတွက် သူ သူမကို ရွာပေါက်ဝထိသာ လိုက်ပို့ပြီး ပြောလိုက်နိုင်တယ်၊ "အုံး ငါ တောင်းပန်ပါတယ်..... ငါ နင့်အတွက် မပြောပေးနိုင်ခဲ့ဘူး"


တကယ်တမ်းတော့ သူ့မသိစိတ်ထဲမှာတော့ ဒီကျားသစ်က အရမ်းအန္တရာယ်များတယ်လို့ တွေးတောလိုက်ဆဲပင်။


အုံး ဘာလို့ ဒီလိုလုပ်လိုက်ရတာလဲဆိုတာ သူ သိဖို့တောင် သူ မအားထုတ်နိုင်ခဲ့ပေ။


သို့ပေမဲ့ ကျီရှောင်အုံးက အီရစ်က ဘယ်က ဖြစ်တည်လာတာလဲဆိုတာ သိထားခဲ့တယ်။


သူက ကျားသစ်မျိုးနွယ်ကို သေလုမတတ်ကြောက်တာကြောင့် အဲဒီအကြောက်တရားကို သူ ကြံ့ကြံခံဖို့ စီစဉ်ခဲ့တာပဲဖြစ်တယ်။ ဒီလို ကျားသစ်နဲ့ ရေရှည်ဆက်ဆံရေးကောင်းရှိဖို့ဆိုတာက ရှာတွေ့ဖို့ အတော်လေးကို ရှားပါးနေပြီဖြစ်သည်။


ကျီရှောင်အုံး က ဒါ ကိစ္စမရှိပါဘူးလို့ ပြောလိုက်ခဲ့တယ်၊ သူမ အီရစ်ကို နှုတ်ဆက်လိုက်ပြီးနောက် သူမကျောပိုးအိတ်ကိုသယ်ပြီး ထောင်ထောင်ကို သူမရင်ဘတ်တွင် ပွေ့ပိုက်၍ တောင်ဆတ်ကလန်မှ ထွက်ခွာရန် ပြင်ဆင်လိုက်တော့တယ်။


"အုံး နင် အနီးအနားမှာ နေဖို့ နေရာတစ်ခု ရှာရမယ်၊ ဒီက ငါ့အဘိုးကိုယ်စားလုပ်တဲ့ကိစ္စတွေ ပြီးသွားရင် ငါ နင့်ကို လာရှာမယ်!"


အီရစ်က စိတ်မချနိုင်တာကြောင့် သူ တတွတ်တွတ်မှာကြားလိုက်ခဲ့တယ်။


သို့ပေမဲ့ လေအေးတွေက လွင့်ပျံလာခဲ့ကာ အီရစ်ရဲ့စကားသံတွေကို ဝေးသထက် ဝေးအောင် ဝေ့ဝဲ တိုက်သွားခဲ့တယ်။


ကျီရှောင်အုံးရဲ့နားထဲကို ရောက်မသွားဘူးဆိုတာတော့ သူမသိလိုက်ခဲ့ပေ။


ကျီရှောင်အုံး အရှေ့ဘက်ကိုသွားတဲ့ လမ်းကို လျှောက်လိုက်ခဲ့တယ်။


လမ်းက နှင်းတွေနဲ့ ဖုံးလွှမ်းနေခဲ့ကာ နေရောင်ခြည်က နှင်းတွေပေါ်သို့ ဖြာကျပြီး သူမမျက်လုံးထဲကို ရွှေမှုံကျဲထားသလို တလက်လက်တောက်ပတဲ့ အလွှာတစ်လွှာ ရောင်ပြန်ဟပ်နေခဲ့ကာ နာကျင်မှုနဲ့အတူ စူးရှလင်းလက်နေခဲ့တယ်။


ကျီရှောင်အုံး ဒီလိုအချိန်ကို အခွင့်ကောင်းယူပြီးတော့ နှင်းမုန်တိုင်းမလာခင် ညအိပ်ဖို့ လုံခြုံတဲ့နေရာတစ်ခု ရှာချင်ခဲ့တယ်။


ဆောင်းရာသီ ရောက်လာတာနဲ့ နှင်းမုန်တိုင်းတွေက ခဏလေး ရပ်နားပြီးတော့ တစ်ခု ပြီး တစ်ခု မကြာမကြာကျလာဦးမှာပင်။


သူမ အရမ်း အလျင်လိုနေတာကြောင့် ဖြစ်နိုင်တယ်။ နှင်းထုအောက်တွင် ကြမ်းတမ်းတဲ့ကျောက်တုံးတွေများစွာ နှစ်မြုတ်နေခဲ့ပြီး ကျီရှောင်အုံးရဲ့ခြေထောက်က ကျောက်တုံးတစ်တုံးပေါ်တွင် တက်နင်းမိလိုက်ခဲ့ရာ သူမ ဟန်ချက်ပျက်သွားပြီးတော့ ရှေ့ကနှင်းတောထဲသို့ သူမ ယိုင်ကျသွားတော့တယ်။


လဲကျသွားတာ အချိန်တိုလေးအတွင်းဖြစ်သွားခဲ့ကာ ကျီရှောင်အုံး သူမလက်မောင်းထဲက ကျားသစ်လေးကို သတိရသွားလိုက်တယ်။


သူမ သူ့ကို ဖိညစ်မိမှာ စိုးရွံ့သွားလိုက်တော့ သူမ ဘေးကိုစောင်းပြီး တောင့်ခနဲ ပြောင်းကျလိုက်ခဲ့တယ်။


ကံအားလျော်စွာပဲ နှင်းက ပျော့ပြောင်းနေခဲ့ပြီး ပြင်းပြင်းထန်ထန်ကျသွားခဲ့တာတောင် အရမ်းကြီးမနာသွားခဲ့ပေ။


သို့ပေမဲ့ ကျီရှောင်အုံး အကြာကြီးနေသည်အထိ ပြန်မထနိုင်သေးချေ။


နှင်းတောထဲတွင် ငှက်မွေးကုတ်အင်္ကျီဝတ်ဆင်ထားတဲ့မိန်းကလေးက အင်္ကျီအောက်မှ သွယ်လျ ဖြောင့်တန်းတဲ့ခြေသလုံးလေးကို ထုတ်ဖော်ပြနေခဲ့တယ်။


သူမက အညိုရောင် ပျောက်ကျားကွက်နဲ့ကျားသစ်လေးကို သူမလက်မောင်းထဲမှာ တင်းတင်းပွေ့ထားခဲ့ကာ သူမမေးစေ့က သူ့ခေါင်းပေါ်တင်နေပြီး သူမမျက်တောင်မွှေးလေးကော့ကော့လေးတွေ ငြိမ်သက်စွာ ပိတ်ကျလျက်ရှိနေခဲ့တယ်။


ကောင်မလေးရဲ့တင်းတင်းကျပ်ကျပ်အပွေ့ခံထားရတဲ့ ရမ် ခမျာမှာတော့ တုတ်တုတ်တောင် လှုပ်လို့မရတော့ပေ။


သူ အနည်းငယ်လေးရုန်းလိုက်တော့ လက်မောင်းတွေက သူ့ကို ပိုတင်းတင်းဖက်ထားလိုက်ခဲ့တယ်။


ရမ်တစ်ယောက် ဒီကိုယ်ခန္တာရဲ့ခုခံနိုင်အားအတွက် မျှော်လင့်ချက်မရှိတော့သလို ခံစားလိုက်ရတယ်၊ ဒီတော့သူ ရုန်းကန်ခြင်းကို လက်လျော့လိုက်ပြီး ကျီရှောင်အုံးအား သူ့ကို ပွေ့ပဲပွေ့ဖက်ထားခွင့်ပြုလိုက်ရတော့တယ်။


ခဏလောက်ကြာပြိးတော့ သူ့ခေါင်းက အနည်းငယ်လေးပူလောင်လာသို ခံစားလိုက်ရပြီး သူ့အမွှေးတွေက စိုစွတ်လာသည့်ပုံပင်။


ကောင်မလေးက သူ့ခေါင်းအား သူမမေးစေ့လေးနဲ့ ပွတ်တိုက်လိုက်ပြီး အဲဒီနောက်တွင် မသဲမကွဲတက်ကြွတဲ့အသံက လိုက်ပါလာခဲ့တယ်။


"ထောင်ထောင် ငါ တကယ်အိမ်ကို ပြန်ချင်တယ်....." သူမမေးလိုက်ခဲ့တယ်။ "နင်ရော မပြန်ချင်ဘူးလား"


ရမ်က သူမလက်မောင်းထဲတွင် ဆိတ်ငြိမ်သက်စွာဖြင့် လဲလျောင်းနေခဲ့ပြီး သူ့မျက်လုံးထဲတွင်တော့ နက်နက်ရှိုင်းရှိုင်း မှေးမှိန်သွားခဲ့တယ်။


End.......