Chapter 20
Viewers 9k

 


အပိုင်း(၂၀)


ကျီရှောင်အုံး အလွန်တိတ်ဆိတ်စွာနဲ့ ငိုကြွေးလိုက်ခဲ့တယ်။


သူမက ကလေး‌လေးလို အော်ကြီးဟစ်ကျယ် ငိုပစ်တတ်တဲ့အစားမျိုးမဟုတ်ပေ။ သူမရဲ့မိဘတွေက အမြဲတမ်း သူမကို လိမ္မာရေးခြားရှိတဲ့ သိုးငယ်လေးတစ်ယောက်လို သင်ကြားခဲ့တာဖြစ်တယ်။


သူမ ငိုရတာကြိုက်ပေမဲ့ သူမ အမြဲတမ်းလိုလို တစ်ယောက်တည်းသာ ငိုကြွေးခဲ့ရတာဖြစ်တယ်။


သူမ တိတ်ဆိတ်စွာနဲ့တသိမ့်သိမ့် ရှိုက်ငိုလိုက်ရင်း သူမမျက်ရည်တွေကို တိတ်တဆိတ်သုတ်ဖယ်လိုက်ကာ တစ်ခါမှ သူများတွေကို အနှောင့်အယှက်မ‌ေပးခဲ့ပေ။


ကျီရှောင်အုံး သူမမျက်နှာလေးကို ရမ်ရဲ့လည်ပင်းသေးသေးလေးမှာ မြုတ်နှံထားလိုက်ပြီး သူမမျက်လုံးထဲကနေ မျက်ရည်တွေ အဆက်မပြတ်ကျခဲ့ကာ သူ့အမွေးတွေကို တိုက်စားစေလိုက်ခဲ့တယ်။


ကျားသစ်လေးရဲ့အမွေးတွေက အလွန်တိုတော့ စိုစွတ်သွားပြီးနောက်မှာ အမွေးတွေက ဝက်မွေးစုတ်တံတစ်ချောင်းလိုဖြစ်သွားတော့ သူမမျက်နှာ အနည်းငယ်လေး တရွရွနဲ့ယားသွားခဲ့တယ်။


ကျီရှောင်အုံး တစ်ယောက် ဘာမှစဉ်းစားမနေတော့ဘဲ အချိန်အကြာကြီး ဆက်တိုက် ငိုနေလိုက်ခဲ့တယ်၊ တကယ်လို့ သူမနှာခေါင်းက ခဏခဏ တရှုံ့ရှုံ့လုပ်နေတာသာ မဟုတ်ဘူးဆိုရင် အခြားလူတွေက သူမ အိပ်ပျော်သွားပြီလို့ပဲ အထင်မှားလိမ့်မှာပင်။


ရမ်က တောအုပ်အပေါ်ကို ကြည့်ဖို့ သူမခေါင်းကို မော့လိုက်ခဲ့တယ်။ ဆောင်းရာသီဖြစ်လို့ သစ်ပင်က သစ်ရွက်တွေအားလုံးက ကြွေကျနေခဲ့ကာ သစ်ကိုင်းတွေအား ရှိနေရုံသာ ချန်ထားလိုက်ပြီး တောက်ပတဲ့ကောင်းကင်ကြီးကို ကြည်ကြည်လင်လင်မြင်လိုက်ရစေသည်။


ရံဖန်ရံခါ ငှက်လေးတစ်ကောင်တစ်လေ ပျံပြေးသွားတာက နှင်းမှုန်တွေအား အောက်ကို တဖွားဖွားကျစေလိုက်ခဲ့တယ်။


ကောင်မလေးရဲ့ရှိုက်ငိုနေမှုက သူ့နားထဲမှာ ကြားနေရတုန်းပင်။


ပေါ့ပါးကာ နူးညံ့ပြီး ဘာမှမကြားရအတိုင်းပင်၊ အသံက အထီးကျန်ဆန်စွာ သနားစဖွယ်အသံတစ်ခုဖြစ်နေခဲ့တယ်။


. . .


သူမ ဒီလောက်ဝမ်းနည်းနေလိမ့်မယ်လို့ ရမ် မထင်ထားခဲ့ပေ။


အရိုးသားဆုံးပြောရရင် သူအနည်းငယ်လေး နောင်တရနေခဲ့လေတယ်။


သူ့အတွက်ကြောင့်သာမဟုတ်ရင် သူမက အဲဒီအပင်စားမျိုးနွယ်စုမှာ ရှည်လျားလှတဲ့ ဆောင်းရာသီတစ်ရာသီလုံးကို အောင်းနေနိုင်မှာပဲမလား။


ပြီးခဲ့တဲ့နှစ်ရက်တုန်းက ရမ် အဲဒီအကြောင်း တွေးတောခဲ့တယ်။


ဒါပေမဲ့ အခုတော့ သူ အနည်းငယ်လေး နောင်တရလိုက်ပြီး သူလည်း ဘာမှမတတ်နိုင်တော့ပေ။


သူမရဲ့ "နေရာလွတ်"ဆိုတဲ့အရာက သူ့ကိုပုံမှန်အသွင် ပြန်ပြောင်းစေဖို့ သော့ချက်ဖြစ်နေသည်။ သူ အဲဒီအကြောင်း မရှာတွေ့သေးခင် သူ သူမကို လွှတ်ပေးလို့ မရနိုင်ပေ။


သူမ သူ့ကိုပွေ့ဖက်ထားပြီး ဒီလောက်သနားစရာကောင်းအောင် ငိုနေတာတောင်မှပင်။


ကျီရှောင်အုံး ငိုတာကိုရပ်လိုက်တဲ့အချိန်မှာတော့ တစ်နာရီတောင်ကြာသွားခဲ့ပြီဖြစ်တယ်။


သူမ ရမ်ရဲ့လည်ပင်းလေးနဲ့ ပွတ်တိုက်လိုက်ပြီး သူမမျက်ရည်တွေကို သုတ်လိုက်ကာ သူမရဲ့မျက်လုံးနီနီရဲကို ပင့်ကာ ခပ်လှမ်းလှမ်းကို ကြည့်လိုက်ခဲ့တယ်။


အဝေးရှိ ကောင်းကင်က ကြည်လင်နေကာ တိမ်တိုက်ဖြူဖြူများက ဖူးပွင့် ဖျန့်ကျက်လျက်ရှိနေခဲ့တယ်။ သို့သော်လည်း မိုးကုတ်စက်ဝိုင်းအဆုံးတွင်တော့ တိမ်တွေက မည်းနက်ထူထပ်တဲ့ အလွှာတစ်ခုအဖြစ် ထူထပ်လွန်းနေခဲ့တယ်။


တောင်ပေါ်ရှိမိုးက တိတ်ဆိတ်စွာရွာကျလျက်ရှိနေတယ်။


ပြီးခဲ့တဲ့အတွေ့အကြုံအရ ဒါက နှင်းမုန်တိုင်းတစ်ခုလာတော့မဲ့ သင်္ကေတစ်ခုဖြစ်တယ်ဆိုတာ ကျီရှောင်အုံး သိနေခဲ့သည်။


သူမနှာခေါင်းအား နှာရှုံ့လိုက်ခဲ့တယ်။ အဆုံးမှာတော့ သူမ အသက်ရှင်ချင်သေးတာပဲမလား။ သူမ ဒီကမ္ဘာထဲမှာ တိတ်တဆိတ်နဲ့ မသေလိုက်ချင်ဘူး။ ဒီတော့ သူမ သူမရဲ့စိတ်ခံစားချက်တွေကို ပြန်ရုတ်သိမ်းလိုက်ပြီး တစ်ယောက်တည်း လမ်းဆက်လျှောက်လိုက်ခဲ့တယ်။


ကျီရှောင်အုံးတစ်ယောက် ကံကောင်းနေခဲ့လေတယ်။ သိပ်မဝေးတဲ့နေရာက တောင်ခြေရင်းတွင် စွန့်ပစ်ထားတဲ့ သစ်သားတဲအိမ်ငယ်လေးတစ်လုံးကို သူမ တွေ့လိုက်ခဲ့တယ်။


တဲအိမ်လေးက ဟောင်းနွမ်းစုတ်ပြတ်နေပြီးတော့ တံခါးပေါက်ကလည်း ထုတ်ချင်းပေါက် အပေါက်များနဲ့ ပျက်စီးနေခဲ့တယ်။ တံခါးကျည်းဘောင်တွေက တွဲလွဲကျနေကာ လေအေးတွေတိုက်တဲ့အချိန် ပြိုကျလုနီးနီးဖြစ်နေခဲ့တယ်။


တဲလေးက သေးလည်းသေးကာ ကြည့်ရတာတော့ အဲဒီမှာ လူမနေတာ နှစ်တော်တော်ကြာသည့်ပုံပင်။ တဲရှေ့တွင်လည်း ရေခဲ့လွှာထုအထူတစ်ခုရှိနေခဲ့ကာ ဖြိုချဖို့ ခက်ခဲလိမ့်မှာပင်။


သို့ပေမဲ့လည်း ကျီရှောင်အုံးအတွက်ကတော့ ဒီနေရာကပဲ အံဩလောက်တဲ့ ကျေနပ်စရာတစ်ခုဖြစ်နေခဲ့တယ်။


ကျီရှောင်အုံး နှင်းတွေခဲနေတဲ့နေရာပတ်လည်ကို ခြေဖျားထောက် တက်နင်းသွားလိုက်ပြီးတော့ သစ်သားအိမ်လေးထဲ နေရာပတ်လည်အား ကြည့်ရှုရင်း လျှောက်ဝင်သွားလိုက်တယ်။


အိမ်ရဲ့အတွင်းပိုင်းက အပြင်ဘက်ကကြည့်တာထက်စာရင် ပိုကောင်းနေခဲ့တယ်။ ထောင့်တွင် သစ်သားကုတင်တစ်လုံးရှိပြီး ကုတင်နဲ့ကပ်လျက်တွင်တော့ သူမ အရပ်ထက်တောင် မြင့်နေတဲ့ ဗီရိုတစ်လုံးရှိနေခဲ့တယ်။ ဝက်သစ်ချသားနဲ့လုပ်ထားတဲ့ စတုရန်းပုံ စားပွဲတစ်လုံးက အလယ်တွင်ရှိနေခဲ့ပေမဲ့ စားပွဲမျက်နှာပြင်ကတော့ အပေါက်များဖြင့် ယိုယွင်းနေခဲ့တယ်။


ကြမ်းပြင်က ဝါးနဲ့ခင်းထားပြီး ပုံစံပျက်နေတဲ့ ဆွေးမြေ့နေတဲ့ နေရာနှစ်ခုတောင် ရှိနေခဲ့လိုက်တယ်။


ကျီရှောင်အုံး သူမလက်ညိုးထိပ်နဲ့ သုတ်ကြည့်လိုက်တော့ လက်ဖျားထိပ်မှာ ဖုန်မှုန့်အလွှာထူတစ်ထပ် စွန်းထင်းသွားခဲ့တယ်။


အိမ်ပိုင်ရှင်က ပြောင်းသွားတာ ဖြစ်နိုင်လောက်မည်။ ဒီနေရာက အရမ်းစုတ်လွန်းပြီး အရမ်းလည်းယိုင်နဲ့လွန်းတော့ ဘယ်သူကမှ ဒီမှာ တကယ်အတည်တကျ မနေသွားခဲ့တာပဲ။


ဘယ်လိုပဲဖြစ်ဖြစ် ကျီရှောင်အုံးအတွက်ကတော့ ကောင်းတဲ့အရာတစ်ခုပင်ဖြစ်တယ်။


ဒီအဓိပ္ပာယ်က ဆောင်းရာသီမှာ သူမ ဒီနေရာမှာ ငြိမ်းငြိမ်းချမ်းချမ်းနေလို့ရတယ်ဆိုတဲ့သဘောပေါ့။ နှင်းမုန်တိုင်းကျလာရင် သူမ လောလောလတ်လတ်တော့ အေးခဲပြီး မသေနိုင်တော့ဘူးပေါ့လေ။


ကျီရှောင်အုံးက အလွန်ကို လွယ်လွယ်ကူကူ ရောင့်ရဲတင်းတိမ်တတ်တဲ့လူတစ်ယောက်ပင်။ 


တဲအိမ်ငယ်လေးအား ထပ်ခါတလဲလဲ ကြည့်ရှုလိုက်ရင်းနဲ့ သူမရဲ့ကျဆင်းနေတဲ့ စိတ်ဓာတ်တွေက လျင်မြန်စွာပြန်တက်လာခဲ့ပြီး သူမ ရမ်အား ကုတင်ပေါ်မှာ တင်ထားလိုက်ခဲ့တယ်။ မမှောင်လာခင် အလင်းကျန်ရှိနေသေးတာကို အခွင့်ကောင်းယူပြီးတော့ သူမ ထင်းခြောက်ရှာဖို့ အပြင်ဘက်ကို သွားလိုက်ခဲ့တယ်။


တဲက သူ့ရဲ့အနောက်က သစ်တောနဲ့ အရမ်းနီးနီးကပ်ကပ်ရှိနေပြီး အဲဒီနေရာ အနီးအနားမှာ သစ်ကိုင်းခြောက်အများအပြား ရှိနေခဲ့တယ်။ ကျီရှောင်အုံး ခုနှစ်ကြိမ် ရှစ်ကြိမ်လောက် ကဲ့သယ်ပြီးမှာတော့ နောက်ဆုံး တစ်ညစာအတွက် ထင်းလုံလောက်အောင် စုပြီးသွားတော့တယ်။


သူမ ပြန်ရောက်လာတဲ့အချိန် သူမ မီးဖိုထဲကို ထင်းထည့်လိုက်ခဲ့ပြီး ဂတ်စ်အနည်းငယ်ဖြင့် ထင်းချောင်းတစ်ချောင်းအား မီးရှို့လိုက်ကာ ကျန်တဲ့ထင်းတွေကို မီးစွဲစေလိုက်ခဲ့တယ်။


တောက်ပတဲ့မီးတောက်တွေ လင်းလက်လာခဲ့ကာ အေးခဲနေတဲ့ အခန်းငယ်လေးထဲကို နွေးထွေးလာလိုက်ခဲ့တယ်။


ကျီရှောင်အုံး သူမနေရာလွတ်ထဲက ပလတ်စတစ်ဇလုံတစ်လုံးကို ရှာလိုက်ခဲ့ပြိး အပြင်သို့သွားက နှင်းတွေဖြည့်လိုက်ခဲ့တယ် အဲဒီနောက် သူမ မီးလင်းဖိုဘေးနားတွင် ထားထားလိုက်ခဲ့တယ်။


နှင်းတွေ အရည့်ပျော်ကျသွားပြီး ရေဖြစ်သွားတဲ့အခါ သူမ စားပွဲခုံ၊ ဗီရိုနှင့် ကုတင်ခြေထောက်တွေကို သုတ်လိုက်ခဲ့တယ်။ ကြမ်းပြင်တောင်မှ အလွတ်မပေးခဲ့ဘဲ သုတ်လိုက်ခဲ့တယ်။


ဒါတွေအားလုံး လုပ်လို့ပြီးသွားပြီး သူမ မော့ကြည့်လိုက်တော့ ကောင်းကင်ယံက မှောင်သွားပြီဖြစ်တယ်။


သူမ တံခါးပေါက်က ရေခဲတွေရှင်းထုတ်ဖို့ ရည်ရွယ်ထားပေမဲ့ လက်လျော့လိုက်ရတယ်။


အလွန်ပင်ပန်းပေမဲ့လည်း ကျီရှောင်အုံး အရာအားလုံးကို သန့်ရှင်းရေး လုပ်လိုက်နိုင်ခဲ့ပြီး နောက်ဆုံးတွင် တဲအိမ်ငယ်လေးထဲတွင် နေလို့ရသွားခဲ့ကာ အောင်မြင်သွားတဲ့ ခံစားမှုတစ်ခုကို ခံစားလိုက်ရတယ်။


သူမ သူမရဲ့နေရာလွတ်ထဲကနေ သူမရဲ့အနွေးအိပ်ရာ၊ ခြုံစောင်များနဲ့ ခေါင်းအုံးများကို တစ်ခုပြီးတစ်ခု ထုတ်ယူလိုက်ခဲ့တယ်။


သူမတို့အတန်းထဲမှာက လူတွေအများကြီးရှိတာမို့ ခြုံစောင်က သုံး လေးဆယ်လောက်တောင်ရှိနေခဲ့တယ်။ ကျီရှောင်အုံး သုံးထည်ကို ကုတင်ပေါ် မှာ ဖြန့်ခင်းလိုက်ပြီးတော့ စမ်းပြီး လှဲကြည့်လိုက်ခဲ့တယ်။ နည်းနည်းမာနေသေးတာကြောင့် အပေါ်မှာ နောက်ထပ်နှစ်ထည် ထပ်ဖြန့်ခင်းလိုက်ခဲ့တယ်။ အပေါ်မှာ ထပ်ခြုံဖို့ ပိုထူတဲ့ စောင်တစ်ထည်ကို သူမ ချန်ထားလိုက်ခဲ့တယ်။


တံခါးက ယိုင်နဲ့နေတော့ ကျီရှောင်အုံးက လျှောက်လာလိုက်ပြီး တံခါးပေါ် သူမလက်ကို တင်ထားလိုက်ကာ ဘယ်လိုဖြေရှင်းရင်ကောင်းမလဲလို့ စဉ်းစားလိုက်ခဲ့တယ်။


ရုတ်တရက် တံခါးက "ဘန်း" ဆိုတဲ့အသံတစ်ခု နဲ့ ရှေ့ကို ပြုတ်ကျလာပြီး သူမ ခြေထောက်အနားကို လာ ကျသွားခဲ့တယ်။


ကျီရှောင်အုံး ကမန်းကတန်း နောက်ပြန်ဆုတ်သွားလိုက်ရတယ်...."......" 


ဒီအရာက လုံးလုံး သုံးလို့မရနိုင်တော့ဘူးပဲ ကျီရှောင်အုံး တွေးတောလိုက်ခဲ့တယ်။ သူမ သူမရဲ့နေရာလွတ်ထဲက နှစ်ထပ်အနွေးအိပ်ရာတစ်လုံး ရှာတွေ့လိုက်ပြီး နှစ်ထပ်အနွေးအိပ်ရာကို တံခါးပေါ်တွင် တင်ထားဖို့ သစ်သားခုံတန်းလျားတစ်ခုပေါ်တက်၍ သူမလက်ကို အပေါ်ကို မြှောက်လိုက်ခဲ့တယ်။


တံခါးက နည်းနည်းလေး ပိုကြီးနေခဲ့ပြီး တံခါးဘောင်နဲ့ အံဝင်ခွင်ကျမဖြစ်နိုင်တော့ ကျီရှောင်အုံး က အရှေ့ဘက်မှာ နေရာချထားလိုက်ပြီး သစ်သားစားပွဲခုံကိုတော့ တံခါးနောက်တွင် ထား ထားလိုက်ခဲ့တယ်၊ ဒီလိုဆို အနည်းဆုံးတော့ လေတွေ မတိုးနိုင်တော့ဘူးပေါ့။


ရမ်က ပျော့ပျောင်းတဲ့ ကုတင်ပေါ်တွင် လှဲနေရာမှ တစ်ယောက်တည်း အလုပ်များနေတဲ့ ကောင်မလေးကို ကြည့်ရှုနေခဲ့တယ်။


သိသိသာသာကြီး သူမက ခုနလေးကမှ အသက်ရှုကြပ်မတတ် ငိုကြွေးနေရာကနေ နောက်ခဏကြာတော့ ထိုအရာက ဘာမှမဖြစ်ပျက်ခဲ့သလိုပါပဲလား။


ကျားသစ်'အမ'တွေနဲ့ လုံးလုံး တူမနေခဲ့ချေ။


ရမ်က တွေးတောလိုက်ရင်း သူ့ရှေ့ခြေထောက်တွေကို မြှောက်လိုက်ပြီး ဆူးထစ်တွေပါနေတဲ့သူ့လျှာဖြင့် သူ့အမွေးကို သူပြန်လျက်လိုက်ခဲ့တယ် ။


*


ကျားသစ်'အမ'တွေက အလွန်မှီခိုမှုကင်းပြီး အလွန်လည်းအားရှိသည်။ အရာအားလုံးကို တစ်ယောက်တည်းနဲ့ ဖြေရှင်းနိုင်ကြတာပင်။


ပြီးတော့ ဒီတစ်ယောက်ကတော့။ သူမက အားနည်းသူ၊ ထိလွယ်ရှလွယ်သူ၊ နုနယ်သူဖြစ်သော်လည်း အမြဲတမ်းလိုလို ကျားကုတ်ကျားခဲ ရှင်သန်နေခဲ့တယ်။


ဒါကို ဇွဲနပဲကြီးတယ်လို့ပြောလို့ရရုံတင်မကဘူး အားကြီးသောကျားသစ်မျိုးနွယ်စုရဲ့ ရှေ့ကိုတောင်ပြေးနေတယ်လို့ ဖော်ပြလို့ရနေသည်ပဲ။


****


ညသန်းခေါင်ယံတွင်တော့ နှင်းမုန်တိုင်းက အချိန်မှန် ရောက်ရှိလာခဲ့သည်။


အပြင်ဘက်တွင်တော့ အေးစက်တဲ့လေတွေက တဖြူးဖြူးတိုက်ခတ်နေပြီး နှင်းတွေက ထူထပ်စွာဖြင့် မြေပြင်ကို ဖုံးအုပ်လို့နေပြီး တံခါးရဲ့လစ်လပ်နေတဲ့နေရာကို ဖြတ်ပြီးတော့ နှင်းပွင့်လေးတွေ တိုးဝင်နေခဲ့တယ်။


ကျီရှောင်အုံး အအေးဒဏ်ကို မကြောက်တော့ပေ။ မီးလင်းဖိုက ပြင်းထန်စွာ လောင်ကျွမ်းနေပြီး တစ်အိမ်လုံးကို နွေးထွေးသော အလွှာတစ်ခုဖြင့် ဖုံးအုပ်ထားခဲ့တယ်။ နှင်းပွင့်တွေက မဆင်းသက်နိုင်ခင်မှာပဲ အရည်ပျော်ကျသွားလိုက်ပြီဖြစ်တယ်။


ကျီရှောင်အုံး က သူမကိုယ်သူမ စောင်ထဲတွင် ဖုံးအုပ်ထားလိုက်ပြီး ကုတင်ပေါ်တွင် ကျုံ့ကျုံ့လေးကွေးနေခဲ့တယ်။ မီးလင်းဖိုမှာ အပူရှိန်ရှိပေမဲ့လည်း နှင်းတွေက တဖျောက်ဖျောက်ကျနေဆဲဖြစ်တော့ သူမ ချမ်းစိမ့်သလိုခံစားနေရတယ်။


အဆုံးသတ်မှာတော့ ခြုံစောင်တွေက အိပ်ရာဖုံးစောင်တွေလောက် မနွေးခဲ့တာပဲဖြစ်တယ်။


သူမ ရမ်ကို သူမရင်ဘတ်ထဲတွင် ပွေ့ဖက်ထားပြီး သူ့ရဲ့ထူထဲသော သားမွေးတွေကနေ အနွေးဓာတ်အချို့ ယူဖို့ ကြိုးစားလိုက်ခဲ့တယ်။


အသက် ဆယ့်ခြောက်နှစ် အရွယ် မိန်းကလေးရဲ့ ခန္ဓာကိုယ်က သူ့ရဲ့ မိန်းမသားဆန်သော ပုံစံသို့ စတင်ပြောင်းလဲနေပြီဖြစ်တယ်။ သူမရဲ့ ရင်ဘတ်က နူးညံ့ပြီး အရည်ရွှမ်းသော မက်မွန်သီးတစ်လုံးလို အနည်းငယ်လေး စူဖောင်းလာနေပြီဖြစ်တယ်။


တစ်ချက် ကိုက်လိုက်တာနဲ့ အရည်တွေ စီးကျလာလိမ့်မှာပင်။


. . .


ငန်းမွေးကုတ်အင်္ကျီရဲ့ပိတ်ဆို့ကာထားမှုကလည်း မရှိတော့ သူမ ရမ်နဲ့ အများကြီးပိုနီးလို့လာခဲ့တယ်။


ကောင်မလေးရဲ့သင်းရနံ့သည် နေရာအရပ်ရပ်မှ ထွက်ပေါ်လာလိုက်ပြီး ကျားသစ်'အမ'တွေမှာ မရှိတဲ့ မွှေးပျံ့ ချိုမြိန်တဲ့ သင်းရနံ့တစ်မျိုးပင်ဖြစ်တယ်။


. . .


ရမ် တစ်ယောက် တောင့်တောင့်ကြီး အေးခဲသွားခဲ့တော့တယ်။


ကျီရှောင်အုံးကတော့ ဒါကို သတိမပြုမိဘဲ ရမ် အတွက် သူမရဲ့ စိတ်ခံစားချက်တွေက အိမ်မှာရှိတဲ့ သူမရဲ့အမွေးတိုကြောင်လေး နဲ့ အတူတူထားနေတာဖြစ်လောက်ပေမည်။


သူမက သူမပါးပြင်တွေနဲ့ သူ့နှာတံဖျားကိုတောင် ပွတ်သတ်လိုက်ရင်းနဲ့ ညည်းညူကာ မေးနေလိုက်ခဲ့တယ်။ "ထောင်ထောင် ငါ အိမ်ပြန်ိနိုင်မယ်လို့ နင်ထင်လားဟင်"


ရမ်က သူ့မျက်လုံးနှစ်လုံးလုံးကို မော့လိုက်ပြီးတော့ ကောင်မလေးကို ကြည့်လိုက်ခဲ့တယ်။


ကျီရှောင်အုံး အနည်းငယ် အိပ်ငိုက်လာသလို ခံစားလိုက်ရတယ်၊ သူမမျက်လုံးတစ်ခြမ်းမှေးစင်းလာလိုက်ကာ သူမပါးပြင်မို့မို့က မီးဖိုမှ နွေးထွေးမှုဖြင့် နီထွေးလာခဲ့ပြီး အိပ်ချင်မူးတူးနဲ့ အသက်ပြင်းပြင်းရှူရှိုက်လိုက်ခဲ့တယ်။


ကျီရှောင်အုံး သူမ မျက်လုံးတွေကို မှိတ်ကာ အိပ်လိုက်တဲ့အချိန်မှာတော့ ကြာကြာ မအိပ်လိုက်နိုင်သေးခင်မှာပဲ သူမ မသိစိတ်ထဲမှာ အသံတစ်သံကြားလိုက်ရသလို ထင်လိုက်ရခဲ့တယ်။


"ထောင်ထောင်ကို ငရဲပို့လိုက်တော့"


အဲဒီနောက် သူက ပြောလိုက်၏ "မှတ်ထား၊ ရမ် ကမှ ငါ့နာမည်"


အသံက တိုးတိမ်ကာ ပူနွေးတဲ့လေက ခြောက်သွေ့နေတဲ့ ကျောက်ဖြန်းတွေပေါ် တိုက်ခတ်လာလိုက်သလိုပင်။


ထိုအသံက စက္ကန့်ပိုင်းအတွင်း နားထဲသို့ တိုးဝင်သွားကာ မတွေးတတ်နိုင်အောင်ပင် အနည်းငယ်လေး ရေငတ်သလို ခံစားလိုက်ရတယ်။


'ဘယ်သူစကားပြောလိုက်တာလဲ'


*********


'ရမ် က ဘယ်သူလဲ'


အဲဒီနာမည်က နည်းနည်းရင်းနှီးနေသလိုပဲ . . တစ်နေရာရာမှာ သူမ ကြားဖူးသလိုပဲ။ . .


ကျီရှောင်အုံး သည် သူမရဲ့မျက်လုံးတွေနဲ့တိုက်ပွဲဝင်နေရာမှ ရှုံးနိမ့်လို့သွားခဲ့ပြီး အဲဒီနောက် လုံးလုံးလျားလျား အိပ်ပျော်သွားခဲ့တော့တယ်။


**********


နောက်တစ်နေ့ မနက်မှာတော့ မီးဖိုထဲက မီးက ပြာအဖြစ်ပြောင်းလဲသွားလိုက်ပြီး နှင်းမုန်တိုင်းက ခဏပိုင်းလောက် ရပ်သွားပုံပင်။


ကျီရှောင်အုံး အိပ်ယာပေါ်တွင် လဲလျောင်းနေပြီး မထလိုက်သေးပေ။ သူမ မျက်လုံးများကို မှိတ်ထားပြီး လက်တွေကို သူမဗိုက်ပေါ်တွင် တင်ထားလိုက်ကာ သူမ ခန္ဓာကိုယ် တစ်ခုလုံးအား ဘောလုံး တစ်လုံးလို ကွေးနေခဲ့လိုက်တယ်။


ရမ် က မီးငြိမ်းသွားတာကြောင့် သူမအေးနေပြီလို့ မှန်းဆလိုက်ကာ အိပ်ရာပေါ်မှ ခုန်ဆင်းလိုက်ခဲ့တယ်။


သူမမှာက အမွေးမရှိပေ၊ ဆောင်းရာသီက ဘယ်လောက်ကြာနိုင်ဦးမလဲဆိုတာကို သူလည်း မသိပေ။


အဆုံးသတ်မှာတော့ သူ့မူလပုံစံကို ပြန်ပြောင်းဖို့ သူမအပေါ်မှာ သူ မှီခိုနေရဦးမှာပဲမလား။ သူ အခန်းထဲကို လှည့်ပတ်ကြည့်လိုက်တော့ မီးထိုးနိုင်တဲ့အရာ ဘာမှမရှိတာကို တွေ့လိုက်ရတယ် ဒီတော့ ရမ်က တံခါးဆီကိုသွားလိုက်ပြီး သူနဲ့ကွက်တိဖြစ်နေတဲ့ အပေါက်ကြီးကို တိုးဝှေ့ထွက်သွားလိုက်ခဲ့တယ်။


တစ်ညလုံး နှင်းတွေကျထားတော့ မြေပြင်ပေါ်ကို နှင်းတွေ ဖုံးလွှမ်းနေခဲ့တယ်။


အဖြူရောင်ဆေးသုတ်ထားတဲ့ စုတ်တံတစ်ချောင်းလိုပင်၊ နှင်းတွေက ကမ္ဘာကြီးတစ်ခုလုံးကို စူးရှတောက်ပတဲ့အဖြူရောင်အလွှာတစ်ခုဖြင့် ဖုံးအုပ်ထားခဲ့လိုက်တယ်။


ရမ် တစ်ယောက် ဒဏ်ရာရနေတဲ့ သူ့နောက်ခြေထောက်လေးကို ဆွဲကာ တဲအိမ်ပတ်လည်တွင် တစ်ပတ် ပတ်လိုက်ခဲ့တယ်။ သစ်ကိုင်းတွေက နှင်းတွေကြောင့် စိုနေပြီး မီးမတောက်နိုင်တော့ပေ။


မနေ့က လမ်းပေါ်သို့ သူ ပြန်ဆင်းလိုက်ပြီး တောင်ဆတ်ရွာကို ပြန်သွားလိုက်ကာ မျိုးနွယ်အကြီးအကဲရဲ့ မီးဖိုချောင်ကနေ ထင်းကို သူ "ငှားရမ်း"လိုက်ခဲ့တယ်။


သို့ပေမဲ့လည် ဒီခန္ဓာကိုယ်က သေးငယ်လွန်းသဖြင့် ခရီးတစ်ခေါက်ကို ထင်းနှစ်ချောင်း၊ သုံးချောင်းသာ သယ်သွားနိုင်လေတယ်။ ငါးခေါက်မြောက်တွင်တော့ သူ နောက်ဆုံးတွင် ဖမ်းမိသွားခဲ့တယ်။


"မင်း--"


မျိုးနွယ်အကြီးအကဲ ဂျော့ က ထိတ်လန့်သွားလိုက်ကာ ဒေါသထွက်သွားလိုက်တယ်၊ ၊ ​​ဒီကျားသစ်က ဘယ်လိုလုပ်ပြီး ပြန်ရောက်လာပြန်ပြီလဲ!


ဂျော့ က သူ့မျိုးနွယ်စုကလူတွေကို ခေါ်မလို့ လုပ်လိုက်ပေမဲ့ ရမ်က ထင်းရဲ့ တစ်ဖက်စွန်းတွင် ခြေဖဝါးကို ဖိချလိုက်ရာ ထင်းချောင်းက ချက်ခြင်းပင် ခုန်ထွက်သွားပြီး မျိုးနွယ်အကြီးအကဲအိုကြီးရဲ့ သမင်ချိုတွေကို ထိမှန်သွားလိုက်ခဲ့တယ်။


မျိုးနွယ်အကြီးအကဲက ထင်းချောင်းနဲ့ရိုက်မိလိုက်ပြီး သူ့သမင်ချိုတွေကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ကာ ခြေလှမ်းအနည်းငယ် ဆုတ်သွားလိုက်တယ်။


ရမ် နောက်ဆုံးထင်းချောင်းကိုယူလိုက်ပြီး ခြံစည်းရိုးပေါ်မှ ခုန်ဆင်းလိုက်၍ နောက်လှည့်ကြည့်လိုက်ကာ သမင်အား အေးစက်စက် စိုက်ကြည့်လိုက်ခဲ့တယ်။


အကြည့်က အေးစက်နေပြီး သူ့အား‌ ပွင့်ထွက်သွားအောင် ကိုက်ဖောက်ချင်နေသလိုပင်။


ကြောက်ရွံ့ထိတ်လန့်စွာဖြင့် အကြီးအကဲအိုကြီးက နေရာမှာတင် တောင့်ခဲသွားလိုက်ပြီး တုန်တုန်ယင်ယင်နဲ့ အခြားနေရာသို့ ကြည့်လိုက်ခဲ့တော့တယ်။


သွားလိုက် ပြန်လိုက်နဲ့ အကြိမ်တော်တော်များများ လုပ်လိုက်ပြီးတော့ ရမ်တစ်ယောက် ထင်းအလုံအလောက် စုဆောင်းပြီးချိန်မှာတော့ နေ မွန်းတည့်ချိန်တောင် ရောက်တော့မည်ဖြစ်တယ်။


ရမ် မီးဖိုထဲသို့ ထင်းတစ်ချောင်း ထည့်လိုက်ခဲ့တယ်။ ကံကောင်းထောက်မစွာပဲ မီးက အသေမငြိမ်းသွားသေးဘဲ မကြာမီ မီးတောက်များ တစ်ဖန် တောက်လောင်လာခဲ့တယ်။


ဒါပေမဲ့ ကျီရှောင်အုံးကတော့ ခုထိကို မထသေးပေ။


နောက်ဆုံးတော့ ရမ်က တစ်ခုခုမှားနေပြီဆိုတာ နားလည်လိုက်ပြီး ကုတင်ပေါ်ကို ခုန်တက်လိုက်ကာ ကုတင် ထောင့်ရှိ ကောင်မလေးကို ကြည့်ရှုလိုက်တယ်။


ကျီရှောင်အုံး သူမဘာသာ ခိုက်ခိုက်တုန်ယင်နေခဲ့တယ်။ သူမတစ်ကိုယ်လုံး နာကျင်ကိုက်ခဲနေပြီး ခြေတွေလက်တွေ က အားမရှိတော့ပေ။ ဝန်အပြည့်နဲ့ထရပ်ကားတစ်စီးက သူမပေါ်ကို ဖြတ်ပြေးသွားသလို ခံစားနေခဲ့တယ်။


သူမ မျက်လုံးဖွင့်ဖို့တောင် ခွန်အားမရှိတော့ပေ။


ရမ် က သူမဘေးတွင် ရပ်ကာ ကောင်မလေး နဖူးမှ ချွေးစီးတွေ ထွက်နေတာကို ကြည့်ရှုနေခဲ့တယ်။


မူလကတော့ သူမ အိပ်ရာမထနိုင်တာ အရမ်းအေးနေတာကြောင့်မို့လို့ တွေးတောခဲ့တာဖြစ်တယ်၊ 'ဒါပေမဲ့ အဲ့ဒါက ကြည့်ရတာ ဒီလို ဟုတ်ပုံမရဘူးပဲ။'


ထိုအချိန်တွင် မီးက အရှိန်ပြန်တက်လာပြီး အခန်းက အပူငွေ့တွေ သိပ်သည်းလာခဲ့တော့တယ်။


ပုံမှန်မဟုတ်သော ရနံ့တစ်ခုက လေထဲသို့ ပျံ့နှံ့သွားခဲ့တယ်။


ထိုအနံ့က ပေါကြွယ်ဝကာ ချိုမြိန်ပြီး နူးညံအိစက်တဲ့ သွေးအနံ့ရဲ့ သဲလွန်စတွေကနေ ထွက်ရှိလာခဲ့တာပင်။


'...ဒီအနံ့က ကောင်မလေးဆီက ထွက်လာတာပဲ။'


ရမ်က သူမက ပကတိအတိုင်း ခြေရာလက်ရာမပျက်ဘဲ ဘယ်နေရာတွင်မှ မြင်သာတဲ့ဒဏ်ရာတွေ ရှိမနေတာကို မြင်ရဖို့ ကျီရှောင်အုံးအပေါ်ခြုံ၍ ကြည့်ရှုနေခဲ့တယ်။


သို့သော် ကျားသစ်တွေရဲ့အနံ့ခံအာရုံက အလွန်စူးရှထက်မြက်တော့ ရနံ့ရဲ့အရင်းမြစ်ကို အလွယ်တကူ ရှာဖွေလိုက်နိုင်ခဲ့တယ်။


ရမ် တစ်ယောက် ကျီရှောင်အုံးရဲ့ ခြေတွေ လက်တွေ တစ်လျှောက် တစ်ခုချင်း တစ်ခုချင်းစီ လျှောက်သွားကာ အပေါ်မှအောက်သို့ အနံခံလိုက်ခဲ့ပြီး နောက်ဆုံးတွင်တော့ သူ့နှာခေါင်းက ကောင်မလေးရဲ့ ခြေထောက်တွေအလယ်တွင် ရပ်တန့်လိုက်ခဲ့တော့တယ်။


End.....