Chapter 21
Viewers 9k

 


"ကြင်နာတတ်တဲ့ သားရဲကောင်လေး" 

ဘာသာပြန်သူ - tartarmoon


အပိုင်း(၂၁)


ကျီရှောင်အုံးရဲ့ ဗိုက်အောက်ပိုင်းနာကျင်မှုက သူမအား ဆက်လက်ဖိစီး‌ထားခဲ့၏။


ပုံမှန်အားဖြင့်တော့ သူမရဲ့ဓမ္မတာရာသီက ဒီလောက် မနာကျင်ပေ။ ဒီတစ်​ခါ​မှာတော့ ရာသီဥတု တအား အေး


တာ‌ကြောင့်နဲ့ ချွေးအေးတွေ​ထွက်နေတာကြောင့်​ ​ဖြစ်နိုင်တယ်၊ ချွေး​တွေက အေးနေတော့ သူမကို ပိုဆိုးဆိုးရွား ခံစားလိုက်ရစေသည်​။


မနက်အစောကြီးကတည်းက ကျီရှောင်အုံးတစ်ယောက် တစ်ခုခုမှားနေတယ်ဆိုတာသတိပြုမိခဲ့ပါတယ်၊ သူမရဲ့ဗိုက်က နာကျင်မှုနဲ့အတူ ဖောင်းပွနေပြီးတော့ သူမခြေထောက်‌တွေကြားတွင် စိုစွတ်နေတဲ့အရာတစ်ခု ရှိနေခဲ့တာပင်။


ရမ် ထွက်သွားလိုက်ချိန်မှာ သူမရဲ့ဘောင်းဘီကို ချွတ်ကြည့်လိုက်‌တော့ ဘောင်းဘီပေါ်မှာ သွေး‌တွေစွန်းထင်းနေတာကို တွေ့လိုက်ခဲ့သည်။


ကျီရှောင်အုံး သူမရဲ့ခန္ဓာကိုယ်ကို နံရံနှင့် ထောက်မှီကာ သူမရဲ့လစဉ်သုံးဂွမ်းထုပ် ရဖို့ အသည်းအသန် မွှေနှောက်ရှာဖွေလိုက်ပြီး သန့်ရှင်းတဲ့ အတွင်းခံဘောင်းဘီကို သူမရဲ့ နေရာလွတ်ထဲကနေ ထုတ်ယူလိုက်ပြီး‌တော့ သူမခန္ဓာကိုယ်ပေါ်မှာ ဝတ်ဆင်လိုက်ခဲ့တယ်။


အဲဒီနောက် သူမ ကုတင်ပေါ်သို့ အရုပ်ကျိုးပျက်လဲကျသွားလိုက်တော့တယ်။ မွန်းတည့်အချိန်ရောက်တဲ့အခါမှာတော့ သူမ အရမ်းနာကျင်နေ ခဲ့ရပါတယ်။ သေခြင်းနှင့်ရှင်ခြင်းကြားမှာ ကူးခတ်သွားလာနေရသလို သူမ မျက်နှာက ဖြူဖျော့သွားခဲ့လိုက်တယ်။


ကျားသစ်‌ပေါက်လေး တစ်ကောင် တစ်မနက်လုံးလုံး ဘာတွေလုပ်နေလဲဆိုတာကို‌တော့ သူမ မသိခဲ့‌လိုက်ပေ။


ကျီရှောင်အုံး စုစုပေါင်းလစဉ်သုံးဂွမ်းထုပ် နှစ်ထုပ်သာ သယ်လာခဲ့တာမို့ တစ်လစာအတွက် လုံလောက်ရုံတင်ဖြစ်‌သည်။


ဒီလိုမျိုး အတွင်းကျတဲ့အရာမျိုးဆိုတာ မိန်းကလေးအများစုက သူတို့ကိုယ်ပိုင်အိတ်ထဲမှာပဲ သိမ်းထားတာဖြစ်ပြီး ဘတ်စ်ကားကုန်တင်ခန်းထဲမှာ မထည့်ထားတာ‌ကြောင့်မို့ သူမမှာ အပို တစ်ခုမှ မရှိ‌ တော့ပေ။


'ဒီဟာတွေ ကုန်သွားရင် သူမ ဘာလုပ်ရပါမလိမ့်။ ရှေးခေတ်က အမျိုးသမီးတွေလို သစ်ခေါက်တွေကို ဘယ်လိုသုံးရမယ်ဆိုတာ သင်ရတော့မှာလား။ ဒီနေရာက အမျိုးသမီး‌တွေကရော ရာသီမလာကြဘူးလား။'


'သူတို့ ဘယ်လိုများ ဖြေရှင်းကြပါလိမ့်။' ကျီရှောင်အုံးတစ်ယောက် သူမဦးနှောက်ရဲ့ တွေးတောနိုင်စွမ်းထက်ကို ကျော်လွန်သွားခဲ့ကာ သူမ ခေါင်းတွေတောင် မူးနောက်လာခဲ့‌တော့သည်။


'ဒါပေမယ့် 'အား'တစ်ခုက သူမ အပေါ်က . . ဘောင်းဘီကို လာဆွဲနေတာလား။' ကျီရှောင်အုံး သားရေကြိုးတပ် အားကစားဘောင်းဘီတစ်ထည်ကို ဝတ်ထားခဲ့တာဖြစ်တယ်။


အားက အလွန်လျင်မြန်စွာနဲ့ ဆွဲချွတ်သွားလိုက်ပြီး မကြာခင်မှာပင် သူမဘောင်းဘီကို သူမရဲ့တင်ပါးထိရောက်အောင် ဆွဲချလိုက်ခဲ့တယ်။


အေးစက်တဲ့လေက လွတ်နေတဲ့အသားနေရာကို တိုးဝင် မိသွားပြီး ထိတွေ့ခံရတဲ့သူမရဲ့ အသားအရေက ကြက်သီးမွေးညှင်းတွေ ထိုးထောင်ထလာတော့တယ်။


ကျီရှောင်အုံး အောက်ကို ငုံကြည့်လိုက်တော့ သူမဘောင်းဘီကို ကိုက်ခဲကာ ခက်ခက်ခဲခဲ ဆွဲချနေတဲ့ကျားသစ်ပေါက်လေးကို မြင်လိုက်ရတယ်။


ကျီရှောင်အုံးရဲ့ပါးပြင်မို့မို့က နီမြန်းလာလိုက်ပြီး သူ့ကို တားဖို့ သူမလက်ကို လှမ်းလိုက်ကာ ရှက်ရွံ့စွာနဲ့ပြောလိုက်တယ်။ "နင် ..... နင် ဘာလုပ်တာလဲ" ဒါပေမယ့် သူမက အားနည်း၊ ပျာယာခတ်နေကာ ဖျော့တော့စွာနဲ့ နူးညံ့ပြီး တိုးတိတ်နေခဲ့တယ်။


သို့ပေမဲ့လည်း ရမ် က ပိုသေးငယ်သွားပေမဲ့ သူ့ခွန်အားကလည်း မပြောပလောက်ခဲ့ပေ။


လူနှစ်ယောက်သည် မထင်မှတ်စွာပဲ အနည်းငယ်လေး ရှေ့မတိုးနောက်မဆုတ်အခြေအနေမှာ ရောက်နေခဲ့လိုက်တယ်။ ဒီလိုနဲ့ မိန်းကလေးတစ်ယောက်၊ ကျားသစ်တစ်ကောင်က အားကစားဘောင်းဘီတစ်ထည်နဲ့အတူ တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် စိုက်ကြည့်နေခဲ့ကြတော့၏။


ရမ် သူမကို မမှိတ်မသုန်စိုက်ကြည့်နေခဲ့တယ်။ 'သူမက သွေးတွေ တစိမ့်စိမ့်ထွက်နေပြီး သူမ မျက်နှာအမူရာက ဖြူဖျော့နေတာပဲ။'


'သူမ ဒဏ်ရာရနေတာ အသိသာကြီးပဲ ဒါပေမဲ့ ဒဏ်ရာကို ဘာလို့ သူ့ကို မြင်ခွင့်မပြုရတာများလဲ။' အဲဒီလိုတွေးတောလိုက်ပြီး ရမ် က သူမဘောင်းဘီကို ထပ်ကိုက်ပြီး အောက်ကို ဆွဲချလိုက်တော့တယ်။ "ဟေး...မလုပ်နဲ့..."


ကျီရှောင်အုံး အထိတ်တလန့်နဲ့ ဟန့်တားလိုက်ခဲ့တယ်။ ကျားသစ်လေးရဲ့သွားတွေက ချွန်ထက်နေပြီး ကျီရှောင်အုံးတစ်ယောက် သူမဘောင်းဘီကို သူ စုတ်ပြဲအောင်ဆွဲလိုက်မည်ကို စိုးရိမ်သွားတော့တယ်။


ဒါက သူမရဲ့ တစ်ထည်တည်းသော နွေးထွေးပြီ သက်တောင့်သက်သာရှိတဲ့ ဘောင်းဘီတစ်ထည်ပဲ။ သူမ သူတို့ကို သူမရဲ့ ညဝတ်အင်္ကျီတွေလို စဉ်းစားထားခဲ့တာ။ ဒီလိုတွန့်ဆုတ်နေတုန်း အားကစားဘောင်းဘီတွေက ကျားသစ်လေးရဲ့ "ဟွတ်"ဆိုတဲ့အသံတစ်ခုနဲ့ သူမရဲ့ပေါင်လုံးရောက်တဲ့အထိ အောင်အောင်မြင်မြင် ဆွဲချနိုင်ခဲ့လိုက်တယ်၊ ကျီရှောင်အုံး ထိတ်လန့်စွာနဲ့ သူမမျက်လုံးများ ပြူးကျယ်သွားလိုက်တော့တယ်။


ကောင်မလေးရဲ့ သွယ်လျတဲ့တင်ပါး၊ နှင်းလို့ဖြူဝင်းနေတဲ့အသားအရေ နဲ့ သူမရဲ့လက်ရာမြောက်လှသော တင်ပါးဆုံရိုးပတ်လည်ကို Azure ချည်သားဘောင်းဘီက ဖုံးကွယ်ထားခဲ့သည်။


သူမရဲ့ဖြောင့်တန်းနေတဲ့ ခြေတံတွေအပေါ်မှာတော့ နူးညံ့တဲ့ တြိဂံပုံ ဧရိယာတစ်ခုရှိနေခဲ့တယ်။ ရမ် သွေးရနံ့တွေ ထွက်ရှိလာတဲ့နေရာအား....... နီးနီးကပ်ကပ် ငေးစိုက်ကြည့်နေခဲ့လိုက်သည်။ 


'ဒီနေရာက . . ဒဏ်ရာ ရထားတာလား' သွေးရနံ့က လေထဲသို့ ပြည့်လျှံသွားလိုက်သည်နှင့်ချက်ချင်းပင် ကျီရှောင်အုံး ရုတ်ခြည်းပင် ဘာတွေဖြစ်နေလဲဆိုတာ နားလည်သွားလိုက်တယ်။


ခဏအကြာတွင် သူမပါးပြင်မို့မို့က နှင်းဆီနီရောင်လို နီမြန်းလာလိုက်တော့တယ်။ အခြားတစ်ဖက်ကသူက ကျားသစ်ပေါက်စလေးတစ်ကောင်ဖြစ်ပေမဲ့ ဖော်မပြနိုင်တဲ့ရှက်ရွံ့မှုကို ခံစားမိတုန်းပင်။


သူမ ဘောင်းဘီကို လက်ချောင်းများဖြင့် ဆုပ်ကိုင်ထားပြီး ပုစွန်ထုပ်လေးတစ်ကောင်လို ကိုယ်လုံးကို ကွေးကာ သူမရဲ့ရှက်ရှက်အပေါ်မှာ ပြန်လှန်ထားသည်။


"ငါ... ငါ ဒဏ်ရာ ရထားတာမဟုတ်ဘူး" သူမရဲ့ အောက်နှုတ်ခမ်းကို သူမသွားနဲ့ကိုက်လိုက်ရင်း ကျီရှောင်အုံး သူ့ကို ဒါကို ဘယ်လိုရှင်းပြရမှန်းမသိဖြစ်နေလိုက်ကာ "ဒါ...... ဒါက လစဉ်ပုံမှန် ဖြစ်နေကျ ဇီဝကမ္မတုံ့ပြန်မှုပဲ... ငါ ရက်ပိုင်းအတွင်း ပြန်ကောင်းလာမှာပါ"


ရမ်ရဲ့နက်မှောင်တဲ့မျက်လုံးတွေက သူမကို စိုက်ကြည့်နေလိုက်ပြီး သူမပြောတဲ့စကားကို နားလည်သည့်ပုံလဲ မပေါ်ပေ။


ကျားသစ်'မိန်းမပျို'တွေကလည်း ရာသီလာကြတယ်။ ဒါပေမဲ့ အချိန်တိုင်းနီးပါး ရာသီကာလကို 'အထီး'နှင့် အတူ ကုန်ဆုံးပြီး အဲဒီနောက် နောက်လာမဲ့ မျိုးဆက်သစ်များကို ပြုစုပျိုးထောင်ဖို့ စတင်လိုက်တယ်၊ မျိုးအောင်နိုင်ခြင်း မရှိတဲ့အခြေအနေမျိုးက အလွန်ရှားပါးလွန်းတာပဲဖြစ်သည်။


ဒီလိုဖြစ်တာတောင် သူတို့တွေ လူသားတွေလို သွေးတွေအများကြီး မထွက်ပေ။ ဒီတော့ ရမ် ဒီလိုအဖြစ်ပျက်မျိုးကို တစ်ခါမှ မမြင်ဖူးထားတာပဲဖြစ်၏။


'သွေးအနံ့တွေ အရမ်းသိပ်သည်းနေတော့ အခုလေးတင် ဘယ်လောက်တောင် ထွက်သွားလိုက်တာများလဲ။' ရမ်ရဲ့ အမူအရာက ခက်ထန်လာလိုက်ပြီး သူ သူမရဲ့ခြေထောက်တွေကနေ ခပ်ခွာခွာလှမ်းလိုက်ပြီး သူမရဲ့ကိုယ်ခန္တာအား ဆက်လက်စူးစမ်းချင်နေခဲ့တယ်။


ကျီရှောင်အုံး သူမရဲ့အတွင်းခံဘောင်းဘီအား သူချွတ်မှာကို ကြောက်တာနဲ့ ထောင့်သို့ လျင်မြန်စွာနဲ့ ကျုံ့ဝင်သွားလိုက်တယ်။


အခုက သူမ အရမ်းအားနည်းနေတာကြောင့် ဖြစ်နိုင်သလို ဒီလိုအရာတွေနဲ့ပတ်သတ်ပြီး ပြောဖို့ အရမ်းရှက်နေတာကြောင့် ဖြစ်နိုင်တယ်၊ 'ဒါပေမဲ့ သူမ ဒီကျားသစ်ပေါက်လေးကိုတောင် ကြောက်နေရသလား။'


"......နင် ဒီကို လာခွင့်မရှိဘူး!" ကျီရှောင်အုံး သူမရဲ့ နောက်ဆုံးကျန်ရှိတဲ့ ခွန်အားနဲ့ အမိန့်ထုတ်ပြန်လိုက်ခဲ့တယ်။


ရမ်: "...


'သွေးထွက်လွန်ပြီး သေမှာကို သူမ မကြောက်ဘူးလား.....။ * လေထဲမှာလဲ သွေးနံ့တွေက အပြည့်ပဲကို' ရမ် တစ်ယောက် မီးဖိုဘေးတွင် လဲလျောင်းနေပြီး ကုတင်ပေါ်က ကောင်မလေးကို ကြည့်နေရင်း သူ့ခေါင်းကို အောက်ငိုက်ထားခဲ့တယ်။


သူမ ဒီလောက် ဆိုးဆိုးရွားရွား နာကျင်နေတာ သူမ ထိတ်လန့်သွားဖို့ အချိန်ဘယ်လောက်မှ ကြာမှာမဟုတ်ဘူးလို့ သူ တွေးတောလိုက်ခဲ့တယ်။


ဒါပေမယ့် ထိုအဖြစ်က အချိန်တော်တော်ကို ကြာမြင့်သွားခဲ့ပြီး သူမမျက်နှာမှာ နည်းနည်းဖြူဖျော့ရုံကလွဲလို့ ဘာနေမကောင်းဖြစ်တဲ့သူပုံမှလဲ ပေါက်မနေပါလား။ သူမ တစ်နေ့လုံးနီးပါး သွေးတွေထွက်နေတာတောင် သတိရှိရှိနိုးကြားနေနိုင်တုန်းပဲ။


အဲဒီနူးညံ့ကျိုးပဲ့လွယ်တဲ့ ခန္ဓာကိုယ်မှာ သွေးတွေဘယ်လောက်များ ပုန်းနေတာများလဲ။ ရမ် သိချင်စိတ်ဖြစ်မိသွားတယ်။


တစ်ချိန်တည်းမှာပဲ ကျီရှောင်အုံး သူမအား အပြန်ပြန်အလှန်လှန် စိုက်ကြည့်နေတဲ့ ကျားသစ်အပျင်းလေးကို ကြည့်လိုက်ပြီး ဆုပ်လည်းစူး စားလည်းရှုးအခြေအနေဖြစ်နေခဲ့လေတယ်။ သူမ လစဉ်သုံးဂွမ်းကပ်ကို ဒီနေ့မနက် ကိုးနာရီတုန်းက လဲထားခဲ့ပြီး နေ့လည်သုံးနာရီထိတောင် မလဲရသေးပေ။


ဂွမ်းကပ်တွေကို သုံးနာရီတိုင်း လဲပေးရမှာဖြစ်ပေမဲ့လည်း ကျားသစ်လေးရှိနေတာမို့လို့ သူမအတွင်းခံဘောင်းဘီကို ချွတ်ပြီးတော့ ဂွမ်းကပ်တွေဖယ်လဲတဲ့အချိန် သူမသွေးထွက်နေတာကို သူ မြင်သွားမှာကို စိုးရိမ်နေမိတယ်။


သူပြန်လာပြီးတာနဲ့ အဲဒီမှာပဲ မလှုပ်မလျက်လှဲနေမယ်လို့ ဘယ်သူကသိမှာတဲ့လဲ! ကျီရှောင်အုံး သူမဝမ်းဗိုက်ကို ဖက်ထားလိုက်တယ်။ သူမ ဂွမ်းကပ်ခွာကို လဲချင်နေလေပြီလေ. .


The End.....