အခန်း(၄၀)
Viewers 13k

အခန်း(၄၀)《 ကယ်ဆယ်ရေး အစီအစဉ် 》


Author: Drunken Light Song

Source: Jostena M

Translator: オタク


စုန့်ချန်ရှုသည် ကျောက်ပင်း သတိမေ့လဲကျသွားသည်ကိုမြင်လိုက်ရသောအခါ ချက်ချင်းပင်စစ်ဆေးရန်သွားလိုက်ပြီး သူ့ခန္ဓာကိုယ်၏အပူချိန်သည် အံ့အားသင့်ရလောက်အောင်မြင့်မားနေသည်ကိုတွေ့လိုက်ရ၏။ သူကတော့ ဖျားနေပြီ။


“ဘာဖြစ်သွားတာလဲ။ တပ်စုခေါင်းဆောင် ဒဏ်ရာရထားတဲ့ တခြားနေရာရှိသေးလို့လား ”


ကျောက်ပင်း၏ လက်မောင်းရှိဒဏ်ရာသည် ပတ်တီးစီးထားပြီးဖြစ်ကာ မည်သည့်နေရာတွင်မှ ‌သွေးအစွန်းအထင်းများမတွေ့ရခဲ့ရပေ။ နောက်ထပ်ဒဏ်ရာတွေ ရှိနေတာမျိုး မဖြစ်သင့်ဘူး။ 


စစ်သားလေးများသည် တစ်ယောက်နှင့်တစ်ယောက်ကြည့်လိုက်ကြ၏။ တပ်စုခေါင်းဆောင် တခြားဒဏ်ရာရခဲ့သေးသလားကို သူတို့မမှတ်မိကြချေ။ 


စုန့်ချန်ရှုသည် သူပြိုလဲကျသွားရသည့်အကြောင်းရင်းကို ရှာ‌မတွေ့နိုင်သေးသဖြင့် ခပ်ရှင်းရှင်းပင် ကျောက်ပင်း၏အ၀တ်များကို ချွတ်ပစ်လိုက်၏။ သူ့လည်ပင်းအနောက်ဘက်တွင် ဖုတ်ကောင်၏လက်သည်းများကြာင့်ဖြစ်နိုင်သည့် ခပ်တိမ်တိမ်ကုတ်ခြစ်ရာလေးတစ်ခုကို သတိထားမိလိုက်၏။ ဒဏ်ရာသည် ခပ်တိမ်တိမ်လေးဖြစ်သဖြင့် သွေးအများကြီး မထွက်သဖြင့် သတိမထားမိခဲ့လိုက်ကြပေ။ 


မျက်စံများပုံမှန်အခြေအနေရှိနေဆဲကို သိရရန် ကျောက်ပင်း၏ မျက်ခွံများကို ဖွင့်ကြည့်လိုက်၏။ သူ့မျက်လုံးများသည် အနည်းငယ် စူးရဲနေသော်လည်း ပုံမှန်အားဖြင့်ညဘက်နောက်ကျခြင်းများနှင့် မောပန်းမှုကြောင့်ဖြစ်နိုင်သည်။ ကူးစက်ခံရသည့်သူ၏ လုံး၀နီရဲနေသော မျက်လုံးများလောက် ပုံကြီးချဲ့စရာတော့မလိုပေ။ ရောဂါပိုးကို ခုခံတိုက်ခိုက်နိုင်နေသ၍ အသက်ရှင်သန်ဖို့ရာ ဖြစ်နိုင်လိမ့်မည်။


“ဒေါက်တာ ကျွန်တော်တို့ တပ်စုခေါင်းဆောင် ဘာဖြစ်သွားတာလဲ ”


စစ်သားငယ်လေးများသည် ထိတ်လန့်တုန်လှုပ်သွားကြကာ ယခုလေးတင်မှ သူတို့၏ရဲဘော်ကဲ့သို့ ကျောက်ပင်း ခံစားရမည်ကို ကြောက်ရွံ့နေကြလေ၏။ 


“အခုကတော့ ပြဿနာမရှိဘူး။ သူ ရောဂါပိုးကို တိုက်ထုတ်နေတာဖြစ်မယ်။ ငါတို့အနေနဲ့ ဘာမှလုပ်နိုင်တာမရှိဘူး။ သူကိုယ်တိုင်အပေါ်မှာပဲ မူတည်တယ် ”


စစ်သားငယ်လေးတစ်ယောက်သည် မြေပြင်ပေါ်သို့လဲကျသွားကာ နာကျင်နေသည့်အမူအရာပြည့်နေသည့်ကျောက်ပင်းကိုကြည့်လိုက်ကာ သူ့သွားများကို အံတင်းတင်းကြိတ်လိုက်၏။ သူမတတ်နိုင်ပဲ မျက်ရည်ကျလာခဲ့လေ၏။ 


“ကျွန်တော့်အပြစ်ပါ။ တကယ်လို့ခေါင်းဆောင်ကသာ ကျွန်တော့်ကို တစ်လျှောက်လုံး ဆွဲခေါ်မလာခဲ့ရဘူးဆိုရင် အခုလဲနေရမယ့်သူက ကျွန်တော်ဖြစ်ရမှာ ....”


“အခုမှ ပြောနေလို့ဘာမှအသုံးမ၀င်ဘူး။ မင်းသွားပြီး ရေခဲအိတ်တွေရှာ၊ အနည်းဆုံးတော့ သူ့ကိုအေးအောင်ကူညီနိုင်တယ်”


စုန့်ချန်ရှု၏စကားများကို ကြားပြီးနောက် စစ်သားလေးများသည် ချက်ချင်းဆိုသလိုပင် ၎င်းတို့ကို ရှာဖွေဖို့ရန် ဆေးဆိုင်သို့သွားကြလေ၏။ ဒဏ်ရာရသူများကို ပြုစုစောင့်ရှောက်ရန် လူသုံးယောက်လောက်ကိုသာလျှင် ချန်ထားခဲ့ကြလေ၏။ 


စုန့်ချန်ရှုသည် ကျောက်ပင်းကို ကြည့်လိုက်ပြီး သက်ပြင်းချလိုက်မိ၏။ ယခုတော့ ကျောက်ပင်းအလိုအပ်ဆုံးအရာမှာ ဟင်းသီးဟင်းရွက်ဖျော်ရည်တစ်ခွက်ဖြစ်၏။ သို့သော် ဟင်းသီးဟင်းရွက်များသည် ဤနေရာတွင် ထွက်ပါ်လာဖို့မဖြစ်နိုင်ဆုံးအရာတွေလည်းဖြစ်နေပြန်၏။ 


သူတို့အရှေ့တံခါးကိုဖြတ်ပြီး၀င်လာခဲ့ကြချိန်တွင် သူတို့အလွန်အလျင်လိုနေခဲ့ကြပြီး ကားကို အပြင်ဘက်တွင် ချန်ထားခဲ့ကြ၏။ ကားထဲမှ ယူလာသည်ဟု ဟန်ဆောင်ချင်လျှင်တောင် သူတို့မလုပ်နိုင်ပေ။ 


သို့သော်လည်း ရုတ်တရက်ထွက်ပေါ်လာသည့် မှန်ကွဲသည့်အသံသည် လူအများ၏အာရုံကိုဆွဲဆောင်သွား၏။ 


“ဒီမှာ သူတို့ကို ဂရုစိုက်နေ”


ကျန့်ယွင်သည် စစ်သားငယ်လေးသုံးယောက်ထံသို့ ပြတ်သားစွာ ပြောလိုက်၏။ 


“ငါတို့ထွက်ပြီးတစ်ချက်လောက်ကြည့်လိုက်မယ် ”


“ဒါဆိုလည်း..ကောင်းပါပြီ။ တကယ်လို့ အန္တရာယ်တစ်ခုခုရှိလာရင် ချက်ချင်း ကျွန်တော်တို့ကို ခေါ်လိုက်ပါ ”


စစ်သားငယ်လေးသုံးယောက်တွေးထားသည်မှာ သူတို့သည် စစ်သားများဖြစ်သဖြင့် အန္တရာယ်နှင့်ရင်ဆိုင်ရမည့်သူမှာ သူတို့သာလျှင် ဖြစ်သင့်သည်ဟူ၍ပင်။ သို့သော်လည်း ဤနေရာတွင် သတိမေ့မြောနေသော သူတို့၏ရဲဘော်များရှိနေဆဲဖြစ်သောကြောင့် သူတို့အဝေးသို့လျှောက်သွား၍မဖြစ်ပြန်ချေ။ သူတို့အနေဖြင့် အခြေအနေကိုစစ်ဆေးရန် အခြားအုပ်စုကိုသာ သွားခွင့်ပြုလိုက်ရုံသာရှိတော့၏။ 


“ကောင်းပါပြီ”


သူတို့စင်္ကြံသို့ရောက်သည်နှင့် ဖုတ်ကောင်အများအပြားသည် မှန်ပြတင်းတစ်ခုကို ခွဲနေကြပြီး တွယ်တက်၀င်လာဖို့ကြိုးစားနေကြလေ၏။ ဆေးရုံ၏ပြတင်းပေါက်များကို အကြမ်းခံသောမှန်များဖြင့်ပြုလုပ်ထားပြီး ၎င်းတို့အား ခွဲရန်မလွယ်ကူချေ။ အမှန်တကယ်ကို ဖုတ်ကောင်များ၏ ခွန်အားတိုးလာသည့်ပုံရ၏။ 


“ကျွန်တော်ကိုခွင့်ပြု၊ ကျွန်တော့်ကိုခွင့်ပြု ”


ကျန့်ကျားဟယ်သည် အော်လိုက်ပြီး ရှေ့သို့ပြေးလွှားသွားလိုက်၏။ သူ့လက်ထဲရှိ ဂေါ့ရိုက်တုတ် များဖြင့် ဖုတ်ကောင်များ၏ခေါင်းများကို ရိုက်ခွဲနေလေတော့၏။ 


သို့သော်လည်း အရင်က ဖုတ်ကောင်များကိုသတ်ရန် ရိုက်ချက် တစ်ချက်တည်းသာလိုအပ်ခဲ့၏။ ယခုမူ ၎င်းတို့သေသွားရန် နှစ်ကြိမ် သုံးကြိမ်ရိုက်ရန် လိုအပ်ချေ၏။ ဦးခေါင်းခွံများသည် အဆများစွာ ပိုမာကြောလာကြပုံရကာ ကျန့်ကျားဟယ် ခွန်အားပိုအသုံးပြုရန် လိုအပ်ခဲ့ရ၏။ 


ကျန့်ကျားဟယ်တစ်ယောက် ဖုတ်ကောင်များကို ချေမှုန်းပစ်ပြီးသည်ကိုမြင်ပြီး ကျန်းရှို့လျန်သည် ရှေ့သို့တိုးကာ ပြတင်းပေါက်ကို သူ့မြေကြီးစွမ်းရည်ဖြင့်အလုံပိတ်ပစ်ရန် စီစဉ်လိုက်သည်။ သို့သော် စုန်ချန်ရှု၏ တားခြင်းကိုခံလိုက်ရ၏။


စုန့်ချန်ရှုသည် သူ့အိတ်ဆောင်ဓားကိုထုတ်ယူလိုက်ပြီး ကျန့်ကျားဟယ်ရိုက်ခွဲပြီးဖွင့်ထားခဲ့သော ဖုတ်ကောင်များ၏ခေါင်းများကို တူးလိုက်ကာ အမြုတေအများအပြားကို ဆွဲထုတ်လိုက်လေ၏။ 


စုန့်ချန်ရှုသည် အမြုတေများကို သန့်ရှင်းရန် သူ့ရေစွမ်းအားကို အသုံးပြုလိုက်ပြီး ကျန်းရှို့လျန်အားပြတင်းပေါက်ကို အလုံမပိတ်ခိုင်းခင်မှာပင် ၎င်းတို့အား သိမ်းလိုက်၏။ 


တခြားဖုတ်ကောင်များခွဲခြင်းမှ ကာကွယ်ရန် ကျန်းရှို့လျန်သည် ရိုးရိုးပင် ပြတင်းပေါက်အားလုံးနှင့် ပထမထပ်ရှိတံခါးများကို အလုံပိတ်လိုက်လေ၏။ ဒီအချိန်မှာတော့ ၎င်းတို့ သေချာပေါက်ကို ခွဲ၀င်ဖို့ လမ်းမရှိနိုင်တော့ပေ။ 


ပြတင်းများကို အလုံပိတ်သည့်အချိန်တွင် ကျန်းရှို့လျန်သည် ခွန်အားအများအပြားကို သုံးလိုက်ရ၏။ ကံကောင်းစွာဖြင့် ၎င်းကို အမြုတေများနှင့် ဖြည့်တင်းနိုင်ပေ‌သည်။ 


သူတို့ဆေးကုခန်းမှပြန်ရောက်ချိန်တွင် စစ်သားများသည်လည်း ရေခဲအိတ်များနှင့် ဆေးဆိုင်မှပြန်ရောက်လာကြပြီး ကျောက်ပင်း၏ ခန္ဓာကိုယ်ကို အေးအောင်လုပ်နေကြလေ၏။ 


“ဘာဆိုးဆိုးရွားရွားမှ မရှိဘူးလား ”


သူတို့သည် ကျန့်ယွင်နှင့်တခြားသူများပြန်ရောက်လာကြချိန်တွင် သိချင်စိတ်ဖြင့် ချက်ချင်းမေးမြန်းကြလေ၏။ 


“ဘာဆိုးဆိုးရွားရွားမှမရှိပါဘူး။ ဖုတ်ကောင်တော်‌တော်များများက ပြတင်းပေါက်တွေကိုခွဲနေခဲ့ကြတာ။ ဒါပေမယ့် ငါတို့ ပိတ်ထားလိုက်ပါပြီ ”


“အဲ့ဒါကောင်းတယ် ”


စစ်သားများသည် စိတ်ချသွားကြ၏။ သူတို့သည် ကြေနေသောဘီစကစ်ထုတ်များနှင့် ဓာတ်ဆားရည်ပါသည့် အိတ်တချို့ကိုထုတ်ယူလိုက်ပြီး တစ်၀က်အားကျန့်ယွင်နှင့် ဝေမျှလိုက်ကြ၏။ 


“ကျွန်တော်တို့ အစားအစာတွေအများကြီး မယူလာခဲ့ရဘူး။ ဒီဘီစကစ်တွေပဲကျန်တော့တာ။ ခင်ဗျား ဒါကို အမျိုးသမီးနဲ့ ကလေးကို စားဖို့ပေးလိုက်ပါ။ ဆားရည်ကို ဆေးဆိုင်ကနေယူလာခဲ့တာ။ နည်းနည်းလျှော့သောက်ရင်တော့ ပြဿနာတစ်ခုခုရှိမှာမဟုတ်ပါဘူး ”


ပုံမှန်ဆားရည်သည် လူ့ခန္ဓာကိုယ်ကို အန္တရာယ်မဖြစ်စေသည့် တကယ့်ဆားရည်ဖြစ်၏။ ရေပြတ်လပ်ချိန်တွင် ဆားနှင့်ရေဖြည့်စွက်ပေးနိုင်သော်လည်း အများကြီးသောက်ရန်မဖြစ်ချေ။ 


စုရွေ့ကျယ်သည် အနည်းငယ် ရင်ထဲထိသွားရ၏။ စစ်သားများသည် တစ်ရက်နှင့်တစ်ည အနားမယူခဲ့ကြရသေးပေ။ ထို့အပြင် အသက်ရှင်ကျန်ရစ်သူများ၏ အကြံအစည်များကြောင့် ဒဏ်ရာရထားခဲ့ကြလေ၏။ သူတို့သည် မောပန်း ဆာလောင်နေခဲ့ကြသော်လည်း အမျိုးသမီးများနှင့် ကလေးများအတွက်တွေးပေးနေကြဆဲဖြစ်ကာ သူတို့နှင့်ပါလာသော စားစရာအနည်းငယ်လေးကိုတောင်မှ တစ်၀က်ခွဲပေးခဲ့ကြ၏။ 


စစ်သားများသည် ကမ္ဘာပေါ်တွင် ချစ်စရာအကောင်းဆုံးဖြစ်ကြသည်ဟု ပြောကြသည်မှာ အံ့ဩစရာမရှိချေ။ 


[TN/ ဖွတ်တပ်ကြောင့် ဖွတ်ဖွတ်ကြေနေသော ဗမှားပြည်သူ/သားများ : (ノಠ益ಠ)ノ彡┻━┻


ဘာသာပြန်သူ မိမိ : စာရိုက်ရင်း အီလည်လည်ပါဖြစ်သွားသည်။ ခုံအလုံးတစ်ရာလှန်လိုက်သည်။ (/¯◡ ‿ ◡)/¯ ~ ┻━┻]


“မလိုပါဘူး။ ကျွန်မတို့ကားထဲမှာ စားစရာရှိတယ်။ ကျွန်မတို့စားပြီးကြပြီ ”


ဝူကျင်းသည် အလျင်အမြန်ငြင်းဆိုလိုက်ပြီး ထိုအရာများကို သူတို့ထံသို့ပြန်ပေးလိုက်၏။ ယွီသုန်သုန်လေးကတောင်မှ သူ့လက်သေးသေးများကို ခါယမ်းပြလာလေ၏။ 


စစ်သားများသည် သူတို့တကယ်မလိုအပ်သည်ကို မြင်ကြသဖြင့် အစားအစာများကို ပြန်ယူသွားကြကာ သူတို့စားရန် အချင်းချင်းခွဲဝေလိုက်ကြ၏။ 


“မင်းတို့နောက်ထပ်ဘာလုပ်ကြမှာလဲ ”


စုန့်ချန်ရှု မမေးဘဲမနေနိုင်တော့ပေ။ 


“ကျွန်တော်တို့မသိတော့ဘူး ”


စစ်သားလေးများသည် ခက်ခက်ခဲခဲ မဲ့ပြုံးသွားကြလေ၏။ 


“ခေါင်းဆောင်နိုးလာတဲ့အထိစောင့်ပြီး တခြားသူတွေကို ကယ်ဖို့ ကျွန်တော်တို့ ပြန်သွားဖို့ ကြိုးစားရမယ် ”


“ဒါပေမယ့် မင်းတို့တွေက လူအရမ်းနည်းနေတာ..”


“ဒါက ဒီလိုပဲလေ။ မင်းတောင် သူတို့ကို အမြဲ ချန်ထားခဲ့လို့မရနိုင်ဘူး၊ မင်းချန်ထားခဲ့နိုင်လို့လား ”


စစ်သားငယ်လေးတစ်ယောက်က အတော်လေး ခက်ခက်ခဲခဲဖြင့် ပြုံးပြလာ၏။ 


ဆေးကုခန်းသည် အလွန်မကြီးလှချေ။ စစ်သားများကို ကောင်းကောင်းမွန်မွန်အနားယူနိုင်ကြစေဖို့ ကျန့်ယွင်သည် အနားယူရန် တခြားအခန်းကို ရှာဖွေခဲ့၏။ 


“ကျန့်ကော၊ ငါတို့နောက်ထက် ဘာဆက်လုပ်သင့်လဲ ” 


ကျန့်ကျားဟယ် အသံတိုးတိုးဖြင့်မေးလာ၏။ 


အခြေအနေကိုသိရန် သူတို့သိချင်သည်များကို မေးထားပြီးဖြစ်ကြ သော်လည်း အဖြေမှာ သူတို့မျှော်မှန်းထားသည်နှင့် ကွာခြားနေခဲ့၏။ Sမြို့၏ မြို့စောင့်တပ်သည် ယခုအခါတွင် အရပ်သားအုပ်စုတစ်စု၏ ထိန်းချုပ်မှုအောက်တွင်ဖြစ်နေ၏။ ကျန့်ယွင်နှင့် တခြားသူများသည် ကယ်ဆယ်ရေးအတွက် စောင့်နေ ချင်ကြသည်။ သို့သော် ၎င်းသည် ဘယ်အချိန်ရောက်လာမည်မှန်း မသိနိုင်တော့ချေ။ စုရွေ့ကျယ် ဤနေရာတွင်ရှိနေ၍ သူတို့အတွက် စားသောက်ဖို့အတွက် စိုးရိမ်စရာမလိုသော်လည်း ယခုအခါ ဖုတ်ကောင်များသည် ပိုပြီး သန်မာလာနေကြကာ လက်နက်ကိုင်တပ်အုပ်စုကြီး ၏နောက်မှ လိုက်ခြင်းသည် ပိုလုံခြုံလိမ့်မည်ပင်။ 


“ကယ်ဆယ်ရေးက လာဖို့ကတော့ သေချာတယ်။ အချိန်တစ်ခုပဲ ”


ကျန့်ယွင် ကတော့ အတည်ပြုလိုက်လေ၏။ 


“ဒါပေမယ့် အဲ့မတိုင်ခင် စစ်တန်းလျားတွေထဲမှ အဖမ်းခံထားရတဲ့ စစ်သားတွေကို ကယ်ဖို့ ငါတို့ သူတို့ကို ကူညီနိုင်တယ်။”


“ငါတို့ လူနည်းနည်းလေးကို အားကိုးပြီးတော့လား”


စုန့်ချန်ရှု က မယုံကြည်နိုင်စွာမေးလိုက်၏။ 


“ဘာလဲ၊ မင်းမလုပ်ရဲဘူးလား ”


ကျန့်ယွင် မျက်ခုံးပင့်ပြီးပြောလိုက်လေ၏။ 


“သူတို့မှာက စွမ်းအားရှင်နှစ်ယောက်ပဲရှိတာ။ ငါတို့ကခြောက်ယောက်ရှိတယ်”


“ဒါပေမယ်...သူတို့မှာ သေနတ်တွေရှိတယ်...”


ထိုလူများသည် လက်နက်တိုက်အတွက် စစ်တန်းလျားများကို လုယက်ဓားပြတိုက်ခဲ့၏။ ယခု သူတို့ လက်နက်ကိုင်ထားကြလိမ့်မည်။


“ဘာလဲ၊ ငါတို့ရဲ့ ပစ်ခတ်အားက သူတို့တွေထက်အားနည်းနေလို့လား ”


သူတို့တွင် ရွေ့လျားလက်နက်တိုက်တစ်ခုဖြစ်သည့် စုရွေ့ကျယ်ရှိနေဆဲကို ထို့နောက်မှာတော့ စုန့်ချန်ရှုတစ်ယောက်သတိရသွားလေ၏။ 


စုရွေ့ကျယ်သည် သူ့နှုတ်ခမ်းလေးများကို အသာကွေးညွှတ်ကာပြောလာ၏။ 


“တကယ်တော့ အထဲကို ပြေး၀င်စရာမလိုဘဲ သူတို့ကိုကယ်ဖို့ လျို့ဝှက်နည်းလမ်းတစ်ခုပေါ်လာတယ် ”


“ဘာနည်းလမ်းလဲ ”


စုန့်ချန်ရှုသည် တောက်ပသောမျက်လုံးများနှင့် သူ့အားကြည့်နေလေ၏။ 


စုရွေ့ကျယ်သည် သူ့လက်ကို မြှောက်လိုက်ပြီး လက်ထဲတွင် ထူထဲတုတ်ခိုင်လှသော အစိမ်းရောင် စပျစ်နွယ်တစ်ခုပေါ်လာလေ၏။ 


“အဲ့ဒါကဘာလဲ ”


စုရွေ့ကျယ်သည် စပျစ်နွယ်ကိုထိန်းချုပ်ရန် သူ့စွမ်းအားကိုသုံးပြီး နံရံပေါ်သို့တွယ်တက်သွားစေ၏။ ထို့နောက် သူတို့သည် တိုးညှင်းသော ကြိတ်ဝါးသံတစ်ခုကိုကြားလိုက်ကြရ၏။ စပျစ်နွယ် ဖြတ်သန်းသွားသည့်နေရာတိုင်းတွင် တစ်စုံတစ်ခုမှ ကိုက်ဝါးသွားသကဲ့သို့သော လျိုမြောင်းတစ်ခုကို ချန်ထားခဲ့လေ၏။ 


“ စပျစ်နွယ်ပင် ”


ဂိမ်းကစားသူ ကျန့်ကျားဟယ် ကတော့ ပထမဆုံး စကားပြောလာပြီး စပျစ်နွယ်၏နာမည်ကို ထုတ်ပြောလာလေ၏။ 


၎င်းသည် ဂိမ်းထဲရှိ အပင်အမျိုးအစားတစ်ခုဖြစ်ပြီး ၎င်းသည် သင်္ချိုင်းကျောက်တိုင်များပေါ်တွင်ကြီးထွားနိုင်ကြပြီး ၎င်းကို ကိုက်စားလေ့ရှိ၏။ ယခု ၎င်းကို နံရံကို တိတ်တဆိတ်ကိုက်စားဖို့ အသုံးပြုနေခြင်းဖြစ်ပြီး ချဉ်းကပ်သည့်ပုံခြင်း မတူသော်လည်း ရလဒ်ကတော့ ကျေနပ်လောက်စရာပင်။ 


မကြာခင်မှာပင် စပျစ်နွယ်ပင်သည် တိတ်ဆိတ်စွာနှင့် နံရံပေါ်တွင် အပေါက်ကြီးတစ်ခု ကိုက်ပစ်လိုက်လေ၏။ 


“မိုက်တယ်၊ ဒါဆို ငါတို့ အဲ့ဒါကိုသုံးပြီး စစ်တန်းလျားတွေထဲကို တိတ်တိတ်လေး၀င်လို့ရနိုင်ပြီ ”


ကျောက်ပင်းနဲ့ တခြားသူတွေက မြေပြင်အနေအထားနဲ့ ရင်းနှီးကျွမ်း၀င်တာမို့ မျှော်လင့်ချက်ရှိပါသေးတယ်။ 


“ဒါပေမယ့် သူတို့ကိုကယ်ပြီးတဲ့နောက် ဘယ်လိုဖြေရှင်းကြမလဲ ”


“သူတို့ကို ဗီလာနယ်မြေထဲကို ပြန်ခေါ်သွားမယ်။ အဲ့မှာ အိမ်အလွတ်တွေအများကြီးရှိပြီးတော့ အဲ့အထဲမှာ သူတို့အမြဲနေလို့ရတယ်။ ”


ဆူဆူညံညံနှင့် ပြောဆိုဆွေးနွေးပြီး လူတိုင်းသည် နောက်အစီအစဉ်ကို ဆုံးဖြတ်လိုက်ကြကာ ယခုတွင်တော့ သူတို့အနေနှင့် ကျောက်ပင်းနိုးလာသည်ကိုစောင့်နေခဲ့ကြသည်။ 


အချိန်သည် ညဉ့်နက်၏ ထက်၀က်ကျော်နေပြီဖြစ်ပြီး ကျောက်ပင်း၏အဖျားသည် ပိုဆိုးပြီးရင်း ဆိုးလာနေကာ သူ့ခန္ဓာကိုယ်သည် တုန်ယင်နေဆဲဖြစ်လေ၏။ စစ်သားများသည် ရောက်လာပြီး စုန့်ချန်ရှုအားစစ်ဆေးပေးပါရန် နှစ်ခေါက်လာမေးကြလေ၏။ သို့သော် နိုးထခြင်းကဲ့သို့သော ကိစ္စမျိုးအတွက် စုန့်ချန်ရှုလည်း သူတို့အားမကူပေးနိုင်ချေ။ သူ့အနေဖြင့် သူတို့အား စကားလုံးအနည်းငယ်ဖြင့် နှစ်သိမ့်ပေးရုံသာရှိတော့၏။ 


အဆုံးမှာတော့ စုန့်ချန်ရှုသည် စိတ်စောကာ စုရွေ့ကျယ်အား သူ့နေရာလွတ်ထဲမှ အသီးဖျော်ရည်အရောတစ်ပုလင်းကိုထုတ်ရန် မေးလိုက်ပြီး တစ်၀က်ကို ယွီသုန်သုန် သောက်ရန်အတွက်ခွဲလိုက်၏။ ကျန်တစ်၀က်ကို ဟင်းသီးဟင်းရွက်ဖျော်ရည်အချို့နှင့်ရောလိုက်၏။ သူသည် ၎င်းကို စစ်သားများဆီသို့ယူသွားလိုက်ပြီး သူတို့သောက်ခဲ့သည်မှ ကျန်သည့်အရာဖြစ်ပြီး၊ ကျောက်ပင်းအား ဗိုက်တာမင်တချို့ဖြည့်ပြီး သူ့ခုခံနိုင်စွမ်းကို မြှင့်တင်ပေးနိုင်စေရန်ဟုသာပြောလိုက်၏။ 


စစ်သားများသည် ထိုအကြောင်းကို လုံး၀နားမလည်နိုင်ကြပေ။ ထို့ကြောင့် သူ့အစာအိမ်ကို ဖြည့်ဖို့အနည်းငယ်သောက်ရန် သူ့အတွက်ကောင်းလိမ့်မည်ဟု တွေးလိုက်ကြ၏။ သူတို့သည် စုန့်ချန်ရှုအားကျေးဇူးတင်ပြီး ၎င်းကို ကျောက်ပင်းအား တိုက်လိုက်ကြ၏။ 


ကျောက်ပင်း ကံကောင်းခြင်းကြောင့်လော ဟင်းသီးဟင်းရွက်ဖျော်ရည်အရော၏ အခန်းကဏ္ဍတစ်ခုကြောင့်လော သူတို့မသိခဲ့ကြပေသော်ငြား နောက်တစ်နေ့ နေထွက်လာသည့်အချိန်တွင် ကျောက်ပင်းသည် ခေါင်းကြည်ကြည်နှင့် နိုးလာခဲ့လေ၏။။


ခေါင်းဆောင်သည် သူ့မျက်လုံးများကိုဖွင့်လိုက်သည့်အချိန်တွင် အလွန်စိတ်ပူနေကြပြီး တစ်ညလုံး မအိပ်ခဲ့ကြသည့် စစ်သားငယ်လေးများသည် မျက်ရည်များ ကျလာကြလေတော့၏။ 


သတင်းကိုကြားပြီး ကျန့်ယွင်နှင့် တခြားသူများအထဲသို့၀င်လာပြီး မေးလိုက်၏။ 


“မင်းအခုဘယ်လိုနေလဲ။ မင်းမှာ ဘာစွမ်းရည် နိုးထလာလဲ ”


“စွမ်းရည် ”


ကျောက်ပင်းသည် နိုးရုံရှိသေးကာ သူ့အသိစိတ်က အခုထိ ပြန်မရောက်လာသေးချေ။ 


“ဟုတ်တယ်၊ ခင်ဗျားက ဖုတ်ကောင်တစ်ကောင်ကုတ်တာခံခဲ့ရတာ။ ကံကောင်းလို့ ခင်ဗျားခုခံနိုင်ခဲ့ပြီး ကူးစက်မခံရတာ။ အခု ခင်ဗျားနိုးလာပြီ၊ စွမ်းရည်တစ်ခုနိုးထလာသင့်တယ်။ ခင်ဗျားအခု ကြိုးစားကြည့်သင့်တယ် ”


ကျောက်ပင်းသည် ယခုထက်တိုင် အတော်လေး ရှုပ်ထွေးနေဆဲပင်။ သို့သော် စုန့်ချန်ရှုသည် စွမ်းရည်မည်သို့အသုံးပြုရမလဲဆိုသည်ကို ယေဘုယျလမ်းညွှန်ချက်ပေးလိုက်ပြီးနောက် သူ့ခန္ဓာကိုယ်ထဲရှိ စွမ်းအားကို ခံစားမိပြီး ၎င်းကို ထိန်းချုပ်ရန် ကြိုးစားလိုက်၏။ 


နောက်တစ်ခဏမှာတော့ ကျောက်ပင်း၏ လက်ဖဝါးမှ ပူပြင်းသောမီးတောက်တစ်ခု ထွက်ပေါ်လာလေ၏။ 


“ဟား၊ အဲ့ဒါက မီးစွမ်းရည်တစ်ခုပဲ ”

~~~~~~


စာရေးသူမှာပြောစရာရှိပါတယ်။


【လမ်းမပေါ်က ပြဇာတ်ငယ်လေး 】


ကျောက်ပင်း : အရင်ကတော့၊ ငါ့မှာ ကြီးမားတဲ့စစ်တပ်ကြီးတစ်ခုရှိခဲ့တယ်....


ကျန့်ရှောင်ယွင် : လူတိုင်းက ထိုင်ခုံတွေဆွဲနေပြီး ပုံပြင်တွေ ပြောနေကြပြီ။ စုရှောင်ကျယ် မြေပဲတွေ ဖရဲစေ့တွေ ထုတ်လိုက်အုံး။


ကျောက်ပင်း : ..နောက်တော့ ငါတို့ လူတစ်ထောင် ဒါမှမဟုတ် နှစ်ထောင်လောက်ကိုကယ်ခဲ့တယ်။


လူတိုင်း : အင်း အင်း။


ကျောက်ပင်း : နောက်လည်းကျရော စွမ်းအားရှင်နှစ်ယောက် ရောက်လာပါလေရော။


လူတိုင်း : အင်း အင်း


ကျောက်ပင်း : နောက်တော့ စစ်သားတွေဒါပေမယ့်ကြီးဟာ gg* ဖြစ်သွားရော။


လူတိုင်း : ....ငါတစ်ခုခုပြောချင်တယ်၊ ဘာပြောရမှန်းမသိဘူး →_→


ကျောက်ပင်း : မင်းတို့လည်း ထပ်တူခံစားရပုံရပါတယ်။


စုန့်ချန်ရှု : အမ်း...ဖြစ်ကောင်းဖြစ်နိုင်တယ်၊ ဖြစ်ကောင်းဖြစ်မယ်၊ အဲ့က ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ 


ကျောက်ပင်း : ငါအရမ်း၀မ်းနည်းတယ်...


စုန့်ချန်ရှု : မင်းရဲ့ ပူဆွေးမှုကို ထိန်းထားပါ။ 


ကျောက်ပင်း : စွမ်းရည်တစ်ခု နိုးထလာလောက်သည်အထိ ၀မ်းနည်း! 


「TN/ gg က in game slangလိုမျိုးတစ်ခုပါ။ Good game ! လိုဆိုလိုတာ။ ပြိုင်ပွဲတစ်ခုမှ နှစ်ဘက်သား တစ်သင်းနိုင် တစ်သင်းရှုံးချိန် ပွဲပြီးချိန်ကျ gg လို့ပြောကြတာပေါ့!!!!! 

ပြီးတော့ ဒီနေ့ ပြဇာတ်ငယ်လေးက တအားချစ်ဖို့ကောင်းပါတယ်။ manhwaသာဆို Chibiလေးနဲ့ ချစ်စရာလေးနေမှာ။ ကျောက်ပင်းကပြော ကျန်တဲ့သူတွေက နားထောင်ပြီး အင်း လိုက်နေကြတာ 🤭🤭」