အခန်း(၄၃)
Viewers 12k

အခန်း(၄၃)《 အောင်အောင်မြင်မြင် လွတ်မြောက်ခြင်း 》


Author: Drunken Light Song

Source: Jostena M

Translator: オタク


သို့သော်ငြားလည်း သယ်ယူပို့ဆောင်ရေးယာဉ်များမရှိဘဲ တစ်ချိန်တည်းမှာ လူများစွာကိုအဝေးသို့ခေါ်ဆောင်သွားဖို့ဆိုသည်မှ မဖြစ်နိုင်ပါချေ။ စုရွေ့ကျယ်၏နေရာလွတ်ထဲတွင် off road ဒါဇင်ပေါင်းများစွာရှိသော်လည်း လူရှစ်ရာကိုတော့ မဆန့်နိုင်ပေ။ စစ်တပ်သုံးကားများကို အသုံးပြုရန် လိုအပ်နေသေးသည်။ အရင်အစောင့်ကို စစ်ကားများမည်သည့်နေရာတွင်ရှိကြောင်း မေးခဲ့သော်လည်း အကယ်၍သူတို့သာ ၎င်းတို့အားသွားဆွဲရန်ကြိုးစားပါက ဆူညံသံတော်တော်များများလုပ်မိလိမ့်မည်။။


တကယ့်တော့ သူတို့သည် အရေအတွက်က အားနည်းသည်တော့မဟုတ်ချေ။ နောက်ဆုံးမှာတော့ သူတို့အားလုံးသည် စနစ်တကျလေ့ကျင့်ထားသော စစ်သားများဖြစ်ကြသည်။ သို့သော် ဤရက်များအတွင် သူတို့အား ဂိုထောင်ထဲတွင်မပိတ်ခံထားရကတည်းက သူတို့၏အခြေအနေသည် သိပ်မကောင်းချေ။ ထပ်ပေါင်းပြီး စစ်သားအများအပြားသည် ယခင်အသက်ရှင်ကျန်သူများ၏ပုန်ကန်မှုကြောင့် ဒဏ်ရာရထာခဲ့ကြခြင်းသည် သူတို့အတွက် အမှန်တကယ်ကို အလွန့်အလွန်အားနည်းချက်တစ်ခုဖြစ်နေတော့သည်။ 


ယခုအချိန် အရေးအကြီးဆုံးအရာမှာ လက်နက်များကို ပြန်ခိုးယူရန်ဖြစ်သည်။ ယခင်က ဂိုထောင်အားလုယက်ရန် တိုက်ခိုက်ဖို့အခွင့်ကောင်းယူခဲ့သော ထိုအသက်ရှင်ကျန်သူများ ကဲ့သို့ ကျန့်ယွင်သည် တူညီသောအစီအစဉ်အားပြုလုပ်ခဲ့လေသည်။ အသက်ရှင်ကျန်သူများသည် လက်နက်တိုက်အားပိုင်ခဲ့ကြသော်လည်း ခေါင်းဆောင်များသည် အသက်ရှင်ကျန်သူများအားလုံးအား လက်နက်များဖြန့်ဝေပေးရန်မဖြစ်နိုင်ချေ။ အများစုသော ထိုလက်နက်များမှာ လက်အနည်းငယ်ထဲရှိ လက်နက်အနည်းငယ်သာ ကျန်လိမ့်မည်ဖြစ်သည်။ ထို့ကြောင့် လက်နက်တိုက်ထဲတွင် လက်နက်အများအပြားကျန်ရှိပေလိမ့်ပေမည်။ 


မူလက ကျန့်ယွင်သည် လက်နက်များအားလုံးကို နေရာလွတ်ထဲသို့ထည့်ရန် စုရွေ့ကျယ်အားဂိုထောင်ဆီသို့ခေါ်သွားချင်သော်လည်း ၎င်းသည် စုရွေ့ကျယ်၏နေရာလွတ်အား ဖော်ထုတ်မိလိမ့်မည်မှာ သံသယ၀င်စရာမရှိပေ။ ရှစ်ရာထက်ပိုသည့်လူများရှိနေပြီး အဆုံးမှာတော့ လူသားတွေသာဖြစ်ပြီး လျော့ရဲသောပါးစပ်များလည်းရှိပေသည်။ 


မတော်တဆ သတင်းပေါက်ကြားသွားလျှင်တောင် စုရွေ့ကျယ်ဆီသို့ အန္တရာယ်ကြီးအား ယူဆောင်လာပေလိမ့်မည်။ ကျန့်ယွင်အဖို့ ထိုအရာအားပြုလုပ်ပြီး စုရွေ့ကျယ်အား အန္တရာယ်ဖြစ်စေဖို့ လုံး၀မဖြစ်နိုင်ချေ!


ထို့ကြောင့် ကျန့်ယွင်သည် နောက်ဆုံး၌ လက်နက်တိုက်အား ၀င်စီးပြီး တိုက်ရိုက်သာ လုယက်ဖို့ဆုံးဖြတ်လိုက်၏။


သူတို့ပဲကံကောင်းသည်လား မသိပေမယ့် ည၏အရိပ်အောက် ထိုအသက်ရှင်ကျန်သူများ၏ အလွန်လျော့ရဲပေါ့ပါးသောခုခံကာကွယ်မှုနှင့်အတူ သူတို့သည် လက်နက်တိုက်ဆီသို့သွားရာလမ်းတွင် အစောင့်အကြပ်များစွာကို အောင်အောင်မြင်မြင် ဖြတ်ကျော်နိုင်ခဲ့ကြသည်။ ၎င်းသည် စစ်တန်းလျား၏ အလယ်ဗဟိုတည့်တည့်တွင်တည်ရှိပြီး အိပ်ဆောင်အဆောက်အဦးများ ဝိုင်းရံနေပြီး ထိုနေရာတွင် ၀င်ပေါက်၌ လက်နက်ကိုင်ဆောင်ထားသော လူရှစ်ယောက်က စောင့်ကြပ်နေလေ၏။ ၎င်းအားဖြေရှင်းရန် သူတို့အဖို့ အလွန်ခက်ခဲပေလိမ့်မည်။ 


အစောက အစောင့်လေးယောက်အားဖြေရှင်းခဲ့သည့် ကျန့်ယွင်၏ ပျားရည်ထောင်ချောက်အသုံးပြုခြင်း ဗျူဟာသည် ဤကိစ္စတွင်တော့ အသုံးမ၀င်မည့်ပုံရ၏။ 


"ဒီတစ်ခုကိုတော့ ငါကိုင်တွယ်လိုက်မယ်" 


ကျန့်ယွင်သည် အသာပြုံးလျက် သူ့စွမ်းအားများကို ထုတ်လွှတ်လိုက်လေတော့၏။ 


လက်နက်တိုက်အား‌ စောင့်ကြပ်ရန် တာ၀န်ရှိသူများသည် မီးတိုင်များရုတ်တရက်ကြီး ငြိမ်းသွားကြောင်းမြင်လိုက်ကြပြီး သူတို့အမှောင်ထုထဲသို့ကျရောက်သွားလေတော့၏။ သူတို့မတုန့်ပြန်လိုက်နိုင်သေးခင်မှာပဲ အလွန်လေးလံသောအားတစ်ခုက သူတို့အားလွှမ်းခြုံသွားတော့၏။ သူတို့သည် အော်ရန် သူတို့ပါးစပ်အားဖွင့်ခဲ့သော်လည်း သူတို့သည် အလွန်သန်မာသောဖိအားတစ်ခု၏ ဖိနှိပ်ထားခြင်းခံနေရသဖြင့်အသံတစ်သံကိုမှ မထွက်လာနိုင်‌ခဲ့ချေ။ 


သူတို့၏ပတ်လည်တွင် ဆန်းကြယ်သော မီးခိုးတိမ်တိုက်တစ်ခုရှိနေပြီး ရှင်းရှင်းလင်းလင်းမမြင်နိုင်ကြတော့ချေ။ သူတို့၏အရိုးများကပါ တဆတ်ဆတ်တုန်ယင်လာသည်ကို ခံစားခဲ့ကြရပြီး သူတို့၏အသက်ရှူရသည်ကလည်း ပိုပြီးပင်ပန်းလာကြတော့၏။ သူတို့အနေဖြင့် သူတို့အားသေလောက်သည်အထိ နှိပ်စက်ဖိချေနိုင်လောက်အောင် သံသယရှိသော ထိုဖိအားသည် မည်သည့်နေရာမှ ထွက်လာသည်ကိုပင် မသိနိုင်ကြချေ။ 


မကြာခင်မှာပင် သူတို့သည် လုံး၀ကို မေ့မျောသွားကြပြီး လူတစ်စုသည် လက်နက်တိုက်၏ သော့အားရှာရန် အပြေးအလွှားသွားကြလေ၏။ 


သို့သော် သူတို့ရှာမတွေ့ခဲ့ကြချေ။ သော့သည် စွမ်းအားရှင်နှစ်ယောက်၏လက်ထဲတွင်ရှိနေသည့်ပုံရ၏။ သို့သော်လည်း ၎င်းသည် အရေးမကြီးချေ။ သူတို့တွင် ကျန့်ကျားဟယ်ရှိသည်။ သူ့ခွန်အားနှင့်ဆို လက်ဗလာဖြင့်ပင် သော့ခလောက်အား ချိုးနိုင်လိမ့်မည်။။


ထိုမှသာ စစ်သားများသည် ထိုအုပ်စုလေးရှိ လူအများစုမှာ စွမ်းရည်အသုံးပြုသူများဖြစ်ကြောင်း ရှာတွေ့သိရှိသွားကြတော့၏။ 


တစ်ကြိမ်တည်းနှင့်ပင် ကျန့်ကျားဟယ်သည် လက်နက်တိုက်၏တံခါးအားဖွင့်ရန် အောင်အောင်မြင်မြင် ချိုးလိုက်ပြီး လူတိုင်းသည် လက်နက်တိုက်ထဲသို့ ချက်ချင်း၀င်သွားကြကာ များစွာသောလက်နက်များအား သူတို့တပ်ဆင်နိုင်သလောက် တပ်ဆင်ကြတော့၏။ 


ထိုအချိန်၌ တစ်ဖက် အိပ်ဆောင်အဆောက်အဦးရှိမီးသည်လည်း ငြိမ်းသတ်ပြီးသွားလေ၏။ ၎င်းသည် လက်နက်တိုင်၏ တစ်ဖက်တွင်ရှိပြီး ဤဖက်သို့ တစ်စုံတစ်ယောက်လှမ်းအော်နေသည့်အသံကိုပင် ဝါးတားတားကြားနိုင်ကြလေသည်။ 


အုပ်စုသည် ပြေးထွက်သွားကြပြီး နှစ်ဖက်သည် ချက်ချင်းပင် ပြင်းထန်သောတိုက်ပွဲတစ်ခုထဲသို့ ၀င်ရောက်သွားကြတော့၏။ 


လူတိုင်းပြေးထွက်သွားကြပြီးနောက် ကျန့်ယွင်သည် စုရွေ့ကျယ်အား ဂိုထောင်ထဲရှိ ကျန်သည့်လက်နက်များအား သူ့နေရာလွတ်ထဲသို့ တိတ်တဆိတ် သိမ်းဆည်းလိုက်စေပြီး အသက်ရှင်ကျန်သူများအတွက် မည်သည်ကိုမှချန်ခဲ့ပေးရန် မရည်ရွယ်ထားခဲ့ချေ။ 


စစ်သားများသည် စစ်သားများပင်ဖြစ်ကာ အရပ်သားအုပ်စုတစ်ခုမဟုတ်ခဲ့ချေ။ မကြာခင်မှာပင် နေရာအနှံ့မှ အော်‌ဟောက်သံများ၊ အော်ဟစ်သံများ၊ သေနတ်သံများနှင့် ငိုယိုသံများကို တစ်ညလုံး ကြားခဲ့ကြရလေသည်။ 


ဒဏ်ရာရသူများကို နောက်တန်းတွင် ကာကွယ်ပေးထားပြီး တခြားသူများက ကာကွယ်ဖို့တာ၀န်ရှိကာ လွန်မြောက်ဖို့ ထွက်လမ်းတစ်ခုဖွင့်ပေးကြလေသည်။ သူတို့သည် ရှေ့သို့မောင်းလာရင်း ကားဂိုထောင်ဆီသို့ လျင်မြန်စွာရောက်လာကြပြီး ထိုနေရာတွင် တစ်ဒါဇင်ထက်ပိုသည့် စစ်တပ်သုံးထရပ်ကားများကို ပါကင်ထိုးထားလေ၏။ 


ကံမကောင်းစွာဖြင့် ကားသော့များကတော့ ရှိမနေချေ။


သူတို့သည် စစ်ဆေးမေးမြန်းရန် လူတစ်အားဖမ်းဆီးခဲ့ပြီး သော့များအားလုံးသည် သူတို့၏ လောင်တတို့လက်ထဲတွင်ရှိနေသည်ဟု သူတို့အားပြောပြခဲ့လေ၏။ 


နောက်ဆုံးမှာတော့ သူတို့သည် ထိုဘော့စ်နှစ်ယောက်နှင့် ထိပ်တိုက်တွေ့ဆုံဖို့ ရှောင်လွဲ၍မရနိုင်သည့်ပုံရလေသည်။ 


ထိုအကြောင်းအားတွေးနေသည့်အချိန်မှာပဲ မီးဘောလုံးကြီးတစ်လုံးသည် မြေပြင်ဆီသို့လာရောက်ရိုက်ခတ်လာလေပြီး မီးတောက်များပေါက်ကွဲထွက်လာလေ၏။ စစ်သားများသည် အကွာအဝေးတစ်ခုသို့ပြန်ဆုတ်လိုက်ကြရပြီး ကြီးသောအကွာအဝေးတစ်ခုကိုထိန်းထားလိုက်ရ၏။ ကြည့်ရတာ မီးစွမ်းအားရှင်တစ်ယောက် ရောက်လာသည်ပင်။ 


မီးစွမ်းအားရှင်သည် အဆောက်ဦးငယ်တစ်ခု၏အမိုးပေါ်တွင် ကြီးကျယ်ခမ်းနားစွာ ရပ်နေပြီး မြေပြင်ဆီသို့ မီးဘောလုံးများဖြင့်ပစ်ပေါက်နေလေပြီး စစ်သားများအားလှမ်းအော်နေလေ၏။ 


“ဘယ်လိုစစ်သားမျိုးတွေက အရပ်သားတွေကို ပစ်ခတ်တာပါလိမ့် ”


“မင်းကကော ဘယ်လိုအရပ်သားမျိုးလဲ ”


ကျောက်ပင်းသည် မတွေးတောတော့ဘဲ ချက်ချင်းပင် မီးဘောလုံးတစ်ခုအားပစ်လိုက်လေ၏။ ၎င်းသည် စစ်တန်းလျားများကို သိမ်းပြီး စစ်သားများက်ု ပစ်ခတ်သော ထိုလူများ၏အမှားပင်။ ၎င်းသည် ကမ္ဘာပျက်ကပ်အစပိုင်း၌ အလွန်ပြင်းထန်သော ပြစ်မှုကျူးလွန်ခြင်းတစ်ခုလည်း ဖြစ်လေ၏။ စစ်သားများအတွက် ပြစ်မှုကျူးလွန်သူများကို ပစ်ခတ်ရန်အတွက် လုံး၀မှားယွင်းသည်မဟုတ်ချေ။ 


“သူတို့မှာလည်း မီးစွမ်းအားရှင်တစ်ယောက်ရှိတယ်”


အသက်ရှင်ကျန်သူများ၏ အဆင့်အတန်းသည် ချက်ချင်းပင် ဖရိုဖရဲဖြစ်သွားတော့လေ၏။ 


“ဟမ်၊ လုပ်လိုက်တော့”


မီးစွမ်းအားရှင်၏စကားထွက်လာသည်နှင့် အရိပ်တစ်ခုသည် ဖြတ်ခနဲပေါ်လာပြီး စစ်သားတစ်ယောက်သည် သူ့လည်မြိုအား အလှီးခံလိုက်သောကြောင့် သူ့လည်ပင်းကိုကာရင်း လဲကျသွားလေ၏။ 


တခြားစစ်သားနှစ်ယောက်သည် သူ့လည်ပင်းရှိဒဏ်ရာအား တင်းတင်းကြပ်ကြပ်ဖိထားပေးရန် ရှေ့သို့ရောက်လာကြသော်လည်း နောက်တစ်ခဏမှာပဲ သို့တို့လည်း လဲကျသွားကြလေ၏။ 


စစ်တပ်သည် ချက်ချင်း စိတ်ရှုပ်ထွေးသွားကြပြီး ထိုမမြင်နိုင်သောရန်သူသည် အလွန်ကြောက်မက်ဖွယ်ကောင်းလေ၏။


“လူတိုင်း သတိထား၊ ဒီမှာ နောက်ထက် အမြန်နှုန်းစွမ်းအားရှင်တစ်ယောက်ရှိသေးတယ်”


ကျောက်ပင်း အော်လိုက်လေ၏။


သူ့အသံထွက်လာသည့်အချိန်မှာပဲ သူ့နောက်ကျောတွင် နာကျင်မှုခံစားလိုက်ရပြီး တစ်‌စုံတစ်ယောက်သည် သူ့ကျောအား ဓားဖြင့်ထိုးလိုက်လေ၏။ ကျောက်ပင်းသည် နာကျင်မှုကိုခံစားလိုက်ရပြီး မသိစိတ်ကြောင့် သူ့ခေါင်းကိုလှည့်ကြည့်ချင်ခဲ့သော်လည်း သူ့လည်ပင်းဆီသို့ အေးစက်သောအလင်းတစ်ခုလာနေသည်ကိုမြင်လိုက်ရ၏။ 


ကျောက်ပင်းသည် အေးစက်သောအလင်းသည် ဘာဖြစ်ကြောင်း ချက်ချင်းသတိပြုမိလိုက်သော်လည်း သူလွတ်မြောက်ရန်အတွက် တခြားသူသည် အလွန်လျင်မြန်လွန်းနေသည်။ သူသည် သူ့မျက်လုံးများကို အနည်းငယ်တွန့်ဆုတ်စွာဖွင့်လိုက်ပြီး တခြားလူက အောင်မြင်လိမ့်မည်ဆိုသည်မှာ ရှင်းလင်းနေခဲ့လေသည်...


သို့သော်လည်း မထင်မှတ်ထားသောနာကျင်မှု ရောက်မလာခဲ့ချေ။ ထိုအစား လေးလံသောအရာတစ်ခုပြုတ်ကျသည့်အသံတစ်ခုသာထွက်လာလေ၏။


ကျောက်ပင်းသည် အံ့ဩပြီး သူ့မျက်လုံးများကိုဖွင့်လိုက်သည်နှင့် သူ့အရှေ့တွင် လဲနေသော ငယ်ရွယ်သောလူတစ်ယောက်ကို တွေ့လိုက်ရ၏။ ထိုလူသည် မမြင်နိုင်သောလက်ကြီးတစ်ခု၏ မြေပြင်ပေါ်တွင်ဖိထားခြင်းခံရသည့်ပုံပေါ်ကာ သူ့လက်များနှင့် ခြေထောက်များသည် အဆက်မပြန်တုန်ယင်နေပြီး သွေးစွန်းနေသောဓားမြောင်တစ်ချောင်းသည် မြေပေါ်သို့ကျနေလေ၏။ 


ထိုလူ၏မျက်နှာသည် လုံး၀ကိုအနီရောင်သို့ပြောင်းနေလေပြီ။ သူ့မျက်လုံးများသည် သွေးထွက်လာပြီး ထောင့်စွန်းများမှ သွေးများ ဖြေးညှင်းစွာ စီးကျလာလေ၏။ သူ့အရိုးများကျိုးကြေသွားသံကိုပင် ကြားနိုင်ပြီး နောက်ဆုံး၌ ပြင်းထန်သောသွေးနံ့သည် လေထုအားဖုံးလွှမ်းသွားလေ၏။ ထိုလူ၏ခန္ဓာကိုယ်သည် သေသည်အထိ လုံး၀ကို ကြိတ်ချေခံလိုက်ရပြီး မြင်ကွင်းသည် အတော်လေးကို သနားစဖွယ်ပင်။


လည်ပင်းအားအလှီးခံလိုက်ရသော စစ်သားသုံးယောက်သည် သူတို့အသံအားဆုံးရှုံးသွားပြီး ကျောက်ပင်းသည်ပင် ပြင်းပြင်းထန်ထန်ဒဏ်ရာရခဲ့လေ၏။ သူ့ဒေါသကြောင့် ကျန့်ယွင်သည် ကြီးမားသောလှုပ်ရှားမှုတစ်ခုကိုပြုလုပ်ခဲ့ပြီး မြေဆွဲအားဆယ်ဆနှင့် သူ့အားသေသည်အထိ ကြိတ်ချေပစ်လိုက်၏။ ထိုတိုက်ခိုက်ထိုးနှက်မှုသည် သူ့စွမ်းရည်၏အများစုကိုသုံးလိုက်ရသော်လည်း သူ့အမြုတေ၏ကျေးဇူးကြောင့်ပင် မကြာခင်မှာပဲ စွမ်းအားပြန်လည်ရရှိခဲ့သည်။ 


အကွာအဝေးနှင့် ညအမှောင်ထု၏သိပ်သည်းမှုကြောင့် မီးစွမ်းအားရှင်သည် ဘာတွေဖြစ်ပျက်သွားသလဲကို ရှင်းရှင်းလင်းလင်းမမြင်ရချေ။ စစ်သားများဖရိုဖရဲဖြစ်သွားသည်ကိုသာသိပြီး သူတို့၏အစီအစဉ်များအောင်မြင်ပြီဟု တွေးထင်ကာ ပိုပြီးတောင် ခက်ထန်လာခဲ့လေသည်။ 


သို့သော်လည်း အမြန်နှုန်းစွမ်းအားရှင်နှင့် သူ့မီးစွမ်းအားအပေါ်မှီခိုခြင်းမရှိဘဲ သူ့သေနိုင်လောက်သောခြိမ်းခြောက်မှုသည် အလွန်အကန့်အသတ်ရှိလေ၏။ အမြုတေအထောက်အပံ့မရှိဘဲ မကြာခင်မှာဘဲ မီးစွမ်းအားသည် မတည်ငြိမ်တော့ပေ။ အသက်ရှင်ကျန်သူများ၏လက်ထဲရှိ ကျည်ဆန်များသည် တဖြည်းဖြည်း လျော့သွားပြီး သူတို့သည် ဖြည်းဖြည်းချင်းဆုတ်ခွာ ကုန်ကြရတော့၏။ 


ထိုအချိန်တွင် ဝူကျင်းသည် မြူအဖြစ်သို့တိတ်တဆိတ်ပြောင်းသွားပြီး အဆောက်အဦးလေးသို့ မျောတက်သွားလေပြီးနောက် မီးစွမ်းအားအသုံးပြုသူ၏နောက်တွင် ရုတ်တရက်ပေါ်လာကာ ပြင်းပြင်းထန်ထန်တွန်းချလိုက်လေ၏။ 


မီးစွမ်းအားနှင့်လူသည် အလွန်အံ့အားသင့်သွားပြီး အပေါ်ဆုံးထပ်မှ အော်ဟစ်ရင်း ပြုတ်ကျသွားလေ၏။ သူသည် ပွဲချင်းပြီးပင် သေသွားလေတော့သည်။


သူ့စွမ်းရည်အားအသုံးပြုရာတွင် အဆင်ပြေဖို့ရန်အတွက် ထိုမီးစွမ်းအားအသုံးပြုသူသည် သူ့အပေါ်ပိုင်းခန္ဓာကိုယ်တွင် မည်သည်ကိုမှ ၀တ်ဆင်ထားခြင်းမရှိပဲ သူ့အ၀တ်အစားများကိုချွတ်ထားကာ ဘေးဘက်တွင်ထားခဲ့လေသည်။ ဝူကျင်းသည် သူ့အင်္ကျီအိတ်ကပ်ထဲမှ သောများပါသော အိတ်သေးသေးလေးတစ်ခုကိုရှာတွေ့ခဲ့သည်။ ဝူကျင်းသည် တခြားအရာများကို ဂရုမစိုက်ခဲ့ပေ။ သူမသည် အိတ်ကိုယူကာ ခေါင်မိုးပေါ်မှ တိုက်ရိုက်ခုန်ဆင်းလာခဲ့သည်။ မြေပေါ်သို့ရောက်ခါနီးတွင် သူမ၏ကိုယ်သည် မြူအဖြစ်ရုတ်တရက်ပြောင်းသွားပြီး သိပ်သည်းစွာစုစည်းလာကာ မြေပေါ်သို့တည်ငြိမ်စွာ ဆင်းသက်လာလေ၏။ 


မြေပေါ်သို့ကျသွားသော အိတ်အားကောက်လိုက်ပြီး ဝူကျင်းသည်ပြုံးလျက် သူ့သူငယ်ချင်းများထံသို့ပြန်လာလေ၏။ ယခု သူမသည် စွမ်းအားအပေါ် ပိုကောင်းစွာ ထိန်းချုပ်နိုင်နေပြီဖြစ်ကာ ၎င်းအားအသုံးပြုရာတွင်လည်း ပိုပြီး အဆင်ပြေပျော့ပြောင်းလာခဲ့လေသည်။ 


သော့များပေါ်တွင် သင်္ကေတများရှိကာ သက်ဆိုင်ရာကားအားလျင်မြန်စွာရှာဖွေဖို့ရန် သူတို့အတွက် အဆင်ပြေစေ၏။ 


စစ်သားများသည် စစ်ထရပ်ကားများအတွက်သော့များရှာတွေ့ပြီး ထရပ်ကားများပေါ်သို့အတူတကွတက်လိုက်ကြသည်။ သူတို့၏ သေဆုံးသွားသော မိသားစု၀င်များ၏အလောင်းများကိုပင် ကားပေါ်သို့ဆွဲတင်ခဲ့လေသည်။ 


တစ်ဒါဇင်ထက်ပိုသော စစ်ကားများသည် ဂိတ်အားတိုက်ရိုက်ပင် တိုက်ဖြတ်ဖွင့်ကာ မောင်းထွက်လာခဲ့ကြလေသည်။ ဒီလူတွေက စစ်တန်းလျားတွေကို လိုချင်မှတော့ သူတို့အတွက်ထားခဲ့လိုက်မည်! 


ကျန့်ယွင်သည် သူတို့အား ဗီလာဆီသို့ခေါ်လာခဲ့သည်။ သူတို့သည် လမ်းတစ်လျှောက်တွင် ဖုတ်ကောင်အများအပြားကို တွေ့ခဲ့ကြသော်လည်း ၎င်းတို့ပား တိုက်ရိုက်ပင် ကားအောက်သို့ ဖြတ်ကြိတ်သွားလေသည်။ 


ဂတ်စ်ဆိုင်တစ်ခုကိုဖြတ်သည့်အချိန်တွင် သူတို့အုပ်စုသည် ဆိုင်ထဲတွင်ဖုတ်ကောင်အများအပြားကိုတွေ့လိုက်ရ၏။ ဆိုင်အားယခုထက်ထိ လုယက်မခံရသေးသည့်ပုံပင်။ ထို့ကြောင့်သူတို့သည်ရပ်၍ အထဲသို့၀င်ကာ ဖုတ်ကောင်များအားရှင်းလိုက်ကြ၏။ ထို့နောက် ဂတ်စ်ဖြည့်စက်ကိုစစ်ကြည့်ပြီးနောက် အတိအကျကို ဂတ်စ်များအများကြီးကျန်နေသေးသည်။ ထို့ကြောင့် သူတို့၏ထရပ်ကားများကို အများဆုံးဆံ့သည်အထိဖြည့်ပြီး ဂတ်စ်ဆိုင်မှ ထွက်လာခဲ့ကြလေ၏။ 


ဗီလာသို့သူတို့ရောက်လာကြသောအခါ မနက်ငါးနာရီပင်ကျော်သွားပြီးချေပြီ။ မကြာခင်မှာပင် နံနက်အာရုံတက်သည်ရောက်ရှိလာ‌တော့မည်။ သူတို့အနေဖြင့် တတ်နိုင်သမျှ နေရာချဖို့လုပ်ကြရမည်ဖြစ်သည်။ 


“ဒီနယ်မြေက ပျက်ကပ်မတိုင်ခင်ကတည်းက ပြည်သူတွေကိုမရောင်းရသေးဘူး။ ဒါကြောင့် အဲ့အိမ်တွေမှာ ဘယ်သူမှမနေဘူး။ ဒီမှာ အိမ်အလွတ်တွေအများကြီးရှိပြီးတော့ ရိုးရိုးအပြင်အဆင်နဲ့ ပရိဘောဂတွေချည်းပဲ။ မင်းတို့ဒီမှာနေလို့ရတယ်။ အရင်ဆုံးနေရာချပြီး ကောင်းကောင်းအနားယူပြီးမှ စကားပြောကြရအောင်။ ငါတို့အိမ်က ရှေ့ဘက်ထောင့်နားကတစ်အိမ်။ မင်းတို့ရဲ့ ဒဏ်ရာရထားတဲ့သူတေ‌ွက ငါတို့နဲ့နီးတဲ့နေရာမှာနေနိုင်တယ်။ ဒီမှာ ငါတို့ဆီမှာ ဆရာ၀န်‌တစ်ယောက်ရှိပြီး အိမ်မှာ ဆေးဝါးအချို့ကိုလည်း စုဆောင်းထားတာရှိတယ်”


ကျန့်ယွင်သည် သူ့စစ်ကားထဲတွင်ထိုင်ရင်း သူ့ဘေးနားတွင် လဲလျောင်းအနားယူနေသော ကျောက်ပင်းအားပြောလိုက်၏။ 


“ကျေးဇူးတင်ပါတယ်။ ကျေးဇူးအများကြီးတင်ပါတယ်”


ကျောက်ပင်းသည် လေးလေးစားစားနှင့် ကျန့်ယွင်အားကျေးဇူးတင်စကားပြောလေ၏။ ကျန့်ယွင်၏အကူအညီကြောင့်သာမဟုတ်ပါက သူတို့၏ရဲဘော်ရဲဘက်များကိုကယ်ဆယ်ခြင်းတွင် မည်သို့မျှ အောင်မြင်လိမ့်မည်မဟုတ်ချေ။ 


“ရပါတယ်။ လက်မြှောက်လိုက်ရုံလေးပါပဲ! ”


ကျန့်ယွင်သည် လက်ယမ်းပြလိုက်ပြီး စစ်ကားအား သူ့ဗီလာဆီသို့ဦးတည်လိုက်သည်။ တခြားစစ်ကားများသည် ခွဲထွက်သွားကြကာ တခြားသော အိမ်အလွတ်များဆီသို့ဦးတည်လိုက်ကြသည်။ 


သို့သော်လည်း စစ်ကားသည် ကျန့်ယွင်၏ဗီလာသို့ရောက်သည့်အချိန်တွင် တံခါးတွင် သွေးနှင့် ဖုန်များအများအပြားကိုတွေ့လိုက်ကြရသည်။ နံရံသည် ပြိုကျနေပြီး ပြတင်းပေါက်များပင် ကျိုးပဲ့ကွဲနေကြသည်မှာ ပြောစရာပင်မလိုချေ။


မြေပြင်ရှိ ကျင်းများကိုကြည့်လိုက်ခြင်းအားဖြင့် အမှတ်အသားများကျန်နေခဲ့သည်ကို မြင်နိုင်သည်။ ထရပ်ကားအားမောင်းသော စစ်သားသည် ကားအားချက်ချင်းရပ်လိုက်ပြီး အခြေအနေအား ကျောက်ပင်းထံသို့တင်ပြလိုက်လေ၏။ 


တစ်စုံတစ်ယောက်သည် ကျန့်ယွင်၏အိမ်အားဖျက်စီး၀င်‌ရောက်ပြီး စုရွေ့ကျယ်ချန်ထားခဲ့ သော အာလူးမိုင်းများနှင့် ဖောက်ခွဲမိပုံရလေသည်။ 


~~~~~~


【သစ်သားပြဇာတ်ငယ်လေး】


ကျောက်ပင်းသည် သူ၏ဒဏ်ရာရထား‌သောညီအစ်ကိုများကို ကုသပေးထားခြင်းမရှိ‌ကြောင်းမြင်လိုက်ရသောအခါ စိတ်ဆိုးလာလေ၏။ 


ကျောက်ပင်း : ငါ သူတို့ကို သွားသတ်မယ်။


ကျန့်ယွင် : အရင်ဆုံး မင်းရဲ့ညီအစ်ကိုတွေကိုကုသပေးပြီးမှ အဲ့အကြောင်းတွေပြော။


စုရွေ့ကျယ် : မှန်တယ်၊ အရင်ဆုံးသူတို့ကို ကုပေးပြီးနောက်မှ မျက်လုံးဖြူဝံပုလွေတွေကိုသတ်။


ဝူကျင်း :...


ကျန့်ယွင် : ရှောင်ကျယ် အဲ့ချယ်ရီ‌တွေကို ကျေးဇူးပြုပြီး ချထားပါကွာ။ ငါကြည့်ရတာအတော်လေးလန့်နေပုံရတယ်။ 


【လမ်းမပေါ်ကပြဇာတ်ငယ်လေး 】


ကျောက်ပင်း : ပြော၊ စွမ်းအားရှင်တွေက ဘယ်မှာလဲ။


အမြှောက်စာဇာတ်ကောင်လေး : ငါပြောမယ်၊ ငါပြောပါ့မယ်။ အိပ်ဆောင်မှာ အနားယူနေတယ်။


ကျန့်ရှောင်ယွင် : အနားယူတယ်။ 


အမြှောက်စာဇာတ်ကောင်လေး : အဲ့လိုအနားယူတာမျိုး၊ အနားယူရုံလေးပဲမဟုတ်ဘူး။


ကျန့်ရှောင်ယွင် : ချောင်းဆိုး


သုန်သုန် နှင့် ရှောင်ဟေး : မြောင် 


စုရှောင်ကျယ် : ပုံမှန်အနားယူတာမျိုးမဟုတ်တာက ဘယ်လိုအနားယူတာမျိုးလဲ။ 


ကျောက်ပင်း : အနားယူတာတွေက အမျိုးအစားအများကြီးရှိသေးလို့လား။ အရမ်းကို ရှုပ်ထွေးတဲ့အနားယူတာမျိုးလား။ ရှင်းရှင်းလင်းလင်းပြောစမ်း။


အမြှောက်စာဇာတ်ကောင်လေး : အရူး၊ဘအဲ့ဒါက လူနှစ်ယောက်ရဲ့ ဆော့တွေကို ချက်တာလေ။ အဲ့ဒါက မှင်စာတွေကြားကတိုက်ပွဲလေ။ အဲ့ဒါက လည်ပင်းအောက်က ထုတ်ဖော်မပြနိုင်တဲ့အရာတွေလေ။ လူကြိုက်များတဲ့ အိပ်ယာတွေ အိပ်ယာခင်းတွေပေါ်မှာ လှိမ့်တာမျိုးလေ။


စုရှောင်ကျယ် : ဟေး၊ ညစ်ပတ်လိုက်တာ။


သုန်သုန် : ဦးလေး၊ သား ဦးလေးကို လီပိုင်ဆီက အ၀တ်လျှော်ဆေးရည်တွေပေးမယ်လေ။