အခန်း(၄၉)《 ချန်းယန် အလယ်တန်းကျောင်း 》
Author: Drunken Light Song
Source: Jostena M
Editor: playerprophet & Callis
Translator: オタク
သုံးနာရီကြာပြီးနောက် ရှာဖွေ ကယ်ဆယ်ရေးအဖွဲ့များသည် လမ်း ဆယ့်ခုနစ်လမ်းနှင့် လူနေဧရိယာဆယ့်တစ်ခုကို ရှာဖွေခဲ့ကြ၏။ သူတို့သည် ဖုတ်ကောင် တစ်ထောင်နီးပါးကို သတ်ဖြတ်ခဲ့ကြသော်လည်း အသက်ရှင်ကျန်သူ သုံးဆယ့်သုံးဦးကိုသာလျှင် ရှာတွေ့ခဲ့ကြလေ၏။
ဤနယ်မြေတွင် အသက်ရှင်ကျန်သူက ဤထက်ပိုများရမည်။ သူတို့ဘယ်နေရာမှာများလဲ။
Aမြို့က အသက်ရှင်ကျန်နေသူတွေက တစ်နေရာရာမှာ အတူတူစုပြီး ပုန်းနေကြတာ ဖြစ်နိုင်လေမလား။
အာရုံမတက်ခင် တစ်နာရီခွဲလောက်၌ ရှာဖွေကယ်ဆယ်ရေး တာ၀န်၏ တပ်မှူးသည် နေ့လည်ဘက် ရှာဖွေကယ်ဆယ်ရေးအသင်းအနားယူဖို့အတွက် မြို့လည်ခေါင်ရှိ အားကစားရုံကြီးတစ်ခုကို အခြေစိုက်စခန်းအဖြစ်ရွေးချယ်လိုက်၏။ ပထမနှင့် ဒုတိယအဖွဲ့တို့သည် အားကစားရုံအတွင်းရှိ အလောင်းများကို ဖယ်ရှားရှင်းလင်းရန် တာ၀န်ပေးခံရ၏။ တခြားအဖွဲ့များသည် ရှာဖွေမှုများကို ဖြန့်ကျက်လုပ်ဆောင်ရန် သက်ရှိထောက်လှမ်းရေးကိရိယာများကို ဆက်လက်အသုံးပြုခဲ့ကြပြီး အာရုံမတက်ခင်မှာပင် အားကစားရုံဆီသို့ ပြန်ရောက်လာကြလေ၏။
သက်ရှိထောက်လှမ်းရေးကိရိယာနောက်ကိုလိုက်ရင်း ဆယ့်နှစ်ခုမြောက်အဖွဲ့သည် အဆင့်မြင့်ဗီလာခရိုင်တစ်ခုသို့ ရောက်သွားခဲ့ကြ၏။ ဗိုလ်မှုးသည် တံခါး၌ အစောင့် လေးငါးယောက်ကို ချန်ထားခဲ့ရန် ရပ်တန့်လိုက်၏။ ကျန်သည့်သူများသည် ဗီလာခရိုင်သို့ အတူတကွ ၀င်ရောက်ခဲ့ကြ၏။
သူတို့ဖြတ်ကျော်လာသည့် အိမ်များစွာသည် တံခါးများအဖွင့်ခံထားကြရပြီးဖြစ်၏။ တံခါးမကြီးများ၊ သော့များ၊ ပြတင်းပေါက်များသည် ရိုက်ခွဲအဖွင့်ခံထားကြရပြီး အိမ်များသည် အသေအချာရှာဖွေခံခဲ့ရပြီးပုံပင်။ ဗီလာခရိုင်အတွင်းရှိ အသက်ရှင်ကျန်သူများသည် အစားအစာအတွက် ရှာဖွေခဲ့ကြပုံရ၏။ ဆယ့်နှစ်ခုမြောက်အဖွဲ့သည် ဆက်လက်လမ်းလျှောက်လာကြပြီး ဗီလာတစ်ခု၏ ဂိတ်ပေါက်တဝိုက်တွင် ဖုတ်ကောင်ဒါဇင်ပေါင်းများစွာကို တွေ့လိုက်ကြရပြီး ၎င်းတို့သည် တံခါးအား ရိုက်နှက် ချိုးဖဲ့နေကြလေ၏။
သက်ရှိထောက်လှမ်းရေးကိရိယာမရှိလျှင်တောင် ဗီလာအတွင်း၌ အသက်ရှင်သန်သူများ ရှိမည်ကို ခန့်မှန်းနိုင်ကြလေ၏။ သူတို့ချဉ်းကပ်လာသည်နှင့် ဖုတ်ကောင်များသည် လတ်ဆတ်သောအသွေးအသားရနံ့ကို ရလိုက်ကြရ၏။ သူတို့သည် ချက်ချင်းပင် ဖုတ်ကောင်များအား စတင် ပစ်ခတ် သတ်ဖြတ်လိုက်ကြ၏။
“တံခါးဖွင့်ပါ၊ ငါတို့က အစိုးရရှာဖွေကယ်ဆယ်ရေးအဖွဲ့ပါ။ ငါတို့ ဖုတ်ကောင်တွေကိုသတ်ပြီးပြီ၊ ကျေးဇူးပြုပြီး တံခါးဖွင့်ပါ ”
လီမင်းသည် ရှေ့သို့တက်လာပြီး တံခါးအား ပြင်းပြင်းထန်ထန်ခေါက်လိုက်၏။
တုန်ယင်နေသောလက်များသည် တံခါးအားဖွင့်လာခဲ့ပြီး အမျိုးသမီးတစ်ဦး၏ ဖျော့တော့နေသောမျက်နှာ ပေါ်လာလေ၏။ သူမသည် ပိုးသားဂါ၀န်ကို၀တ်ဆင်ထားလေ၏။ ဆာလောင်နေခြင်းကြောင့်ဖြစ်နိုင်ကာ သူမ၏ ပါးများသည် ချိုင့်၀င်နေပြီး ပါးရိုးများ ငေါထွက်နေလေ၏။ အနက်ရောင်ဆံပင်ရှိသောခေါင်းတစ်ခုနှင့် ထိတ်လန့်ကြောက်ရွံ့နေသော မျက်လုံးကြီးတစ်စုံကြောင့် သူမသည် ထိတ်လန့်ကြောက်မက်ဖွယ်ရုပ်ရှင်တစ်ခုမှ ထွက်ပေါ်လာသည့် မင်းသမီးတစ်လက်ကဲ့သို့ပင်။
“ရှင်...ရှင်တို့....”
အမျိုးသမီးသည် အပြင်ဘက်ရှိ စစ်၀တ်စုံ၀တ်ဆင်ထားသည့် လူများကို မြင်လိုက်ပြီး သူမ၏မျက်လုံးထဲတွင် မျှော်လင့်ချက်များ ထွက်ပေါ်လာလေ၏။ သူမသည် လီမင်းအားဆွဲလိုက်ပြီး သူ့အားအထဲသို့ ဆွဲခေါ်သွားလေ၏။
“အထဲကိုလာပါ၊ သူ့ကို ကယ်ပေးပါ၊ သူ့ကို ကယ်ပေးပါ ”
လီမင်းသည် အမျိုးသမီး၏ ဖမ်းဆွဲခံလိုက်ရပြီး တုန်လှုပ်သွားသော်လည်း သူမ၏အသံထဲမှ အရေးတကြီးအရာကို ကြားလိုက်ရပြီး သူမနောက်မှ အိမ်ထဲသို့လိုက်သွားလေ၏။ တခြားသူများလည်း သူတို့နောက်မှ လိုက်ပါသွားခဲ့ကြ၏။
အတွင်းဘက်ရှိ အပြင်အဆင်သည် အလွန်အကျူးကို ဇိမ်ခံအဆင့်ရှိသည်ဟု ပြောနိုင်၏။ ကမ္ဘာ့အဆုံးသတ်မတိုင်ခင်ကတော့ ထိုအရာမျိုးကို ချီးကျူးအားကျသည့် ခံစားချက်များ ရှိကောင်းရှိလိမ့်မည်။ သို့သော် ယခုအချိန်မှာတော့ ထိုရှေးဟောင်းပစ္စည်း ရတနာများသည် ပေါင်မုန့်တစ်လုံးလောက်ပင် တန်ဖိုးမရှိပါတော့ချေ။
ဧည့်ခန်းရှိ ဆိုဖာပေါ်တွင် ရှပ်အဖြူနှင့် ပိန်ပါးသောလူတစ်ဦး လဲလျောင်းနေ၏။ သူ့ပုခုံးတွင် သွေးများထွက်နေပြီး အ၀တ်အား အနီရင့်ရောင်စွန်းထင်းနေလေ၏။ ထိုလူ၏ အေးစက်နေသောချွေးများ၊ တုန်ယင်နေသော ခန္ဓာကိုယ်အရ သူသည် ဖုတ်ကောင်တစ်ကောင်ထံမှ အကိုက်ခံလိုက်ရသည်မှ ထင်ရှား၏။
“ကျေးဇူးပြုပြီး သူ့ကိုကယ်ပေးပါ၊ သူ့ကို ကယ်ပေးပါ ”
“ကျွန်တော်က ဆရာ၀န်ပါ၊ ကျွန်တော်ကြည့်ပါရစေ”
စုန့်ချန်ရှုသည် ရှေ့သို့လျှောက်သွားလိုက်ပြီး သွေးစွန်းနေသောရှပ်ကို ဖွင့်လိုက်ပြီး သူ့ပုခုံးမှ ထိတ်လန့်စရာဒဏ်ရာအား ဖွင့်လှစ်လိုက်၏။ ဒဏ်ရာသည် အသားတစ်,တစ်ခုပျောက်ဆုံးနေပြီး အလွန်နက်သဖြင့် အရိုးကိုပင် မြင်နိုင်ကာ အစွန်အနားပတ်လည်တွင် အနက်ရောင်ဖြစ်နေပြီး ၎င်းသည် စုန့်ချန်ရှုအား မျက်မှောင်ကြုတ်မိသွားစေ၏။
【TN : ကျော် ဆျာ၀န်တျောက်ပါ ဟီး
မစပဲ မနေနိုင်တော့လို့ :၃ 】
အမျိုးသား၏ မျက်လုံးကို ကြည့်လိုက်ချိန်တွင် သူ့အကြည့်သည် အာရုံမစိုက်နေတော့ချေ။ သူ့အနက်ရောင်မျက်စံများသည် အနီရောင်သွေးကြောများဖုံးလွှမ်းနေလေပြီး အနီရောင်သည် အလည်ဗဟိုသို့ပင် ပြန့်နေပြီဖြစ်၏။ ၎င်းသည် ကူးစက်ခံရခြင်း၏ လက္ခဏာပင်ဖြစ်ကာ သူသည် မကြာခင်မှာပင် ဗီဇပြောင်းလဲခြင်းခံရတော့မည်ဖြစ်သည်။
“ဘယ်လိုနေလဲ ”
လီမင်းက မေးလာ၏။
စုန့်ချန်ရှုသည် သက်ပြင်းရှိုက်ကာ ခေါင်းညင်သာစွာ ခါပြလာ၏။
အမျိုးသမီးသည် တစ်ခုခုကို သတိပြုမိသွားခဲ့ပုံရ၏။
“ဝါး ”
သူမသည် မျက်ရည်များကျဆင်းလာကာ အမျိုးသား၏ လက်မောင်းများထဲသို့ လဲကျသွားလေ၏။
အစားအစာတချို့သည် သူတို့၏ပတ်လည်ကြမ်းပြင်ပေါ်တွင် ပြန့်ကျဲနေပြီး ၊ စားလက်စအစားအစာများပင်။ ပြောစရာမလိုအောင်ပင် ဘာဖြစ်ပျက်ခဲ့သလဲဆိုသည်ကို သူတို့ ခန့်မှန်းနိုင်လေ၏။ အမျိုးသားသည် အစားအစာရှာရန် ထွက်သွားခဲ့သည့်အချိန်တွင် ဖုတ်ကောင်တစ်ကောင်၏ အကိုက်ခံလိုက်ရပြီး ရောဂါပိုးအား ခုခံရန် ကျရှုံးသွားခဲ့လေသည်။
“မဒမ်၊ ခင်ဗျားရဲ့ ခင်ပွန်းက ကူးစက်ခံလိုက်ရပြီ။ ကျေးဇူးပြုပြီး ငါတို့နဲ့ထားခဲ့လိုက်ပါ”
လီမင်းက တိုးတိုးလေးပြောလာ၏။
“မဟုတ် မဟုတ်ဘူး မဟုတ်ဘူး...ငါမသွားနိုင်ဘူး ”
အမျိုးသမီးသည် အမျိုးသား၏လည်ပင်းအားဖက်ထားကာ လီမင်းနောက်သို့လိုက်ရန် ငြင်းဆန်နေခဲ့လေ၏။
“ခေါင်းဆောင်၊ ကျွန်တော်တို့ ဘာလုပ်သင့်လဲ ”
လီမင်းသည် ခက်ခဲသော ဆုံးဖြတ်ချက်တစ်ခုကို ပြုလုပ်ခဲ့ရ၏။ သူ သူမအား အတင်းအကြပ်မလုပ်နိုင်၊ သူလုပ်သင့်ရဲ့လား။ သူတို့တွင် အချိန်အများကြီးမရှိပေ။ သူတို့အကြာကြီးနေလို့မရချေ။
ထိုအချိန်မှာပင် အမျိုးသား၏ ခန္ဓာကိုယ်သည် စတင်တောင့်တင်းလာပြီး သူ့အရေပြားအရောင်သည် စတင်ပြောင်းလဲလာလေ၏။
“သူအသွင်ပြောင်းနေပြီ ”
စုန့်ချန်ရှုသည် မတိုင်ခင်က ဖုတ်ကောင်အသွင်ပြောင်းခြင်းအား မြင်တွေ့ခဲ့ဖူး၏။ ထို့ကြောင့် ငိုကြွေးနေသောအမျိုးသမီးအား ဆွဲထုတ်လိုက်ပြီး သူ့လက်ထဲမှ သေနတ်အား မြှောက်လိုက်၏။
နောက်တစ်ခဏမှာပင် အမျိုးသားသည် သူ့သွေးနီရောင် မျက်လုံးများကို ဖွင့်လာလေ၏။ သူသည် သူ့လည်ချောင်းထဲမှ အော်ဟောက်လာပြီး " ဟော ဟော " ဟူသည့်အသံဖြင့်အော်ဟောက်ကာ သူ့ပါးစပ်ကိုဖွင့်ပြီး သူတို့ဆီသို့ပြေးလာလေ၏။
“မဟုတ်ဘူး ”
“ဘန်း ”
အသံနှစ်ခုသည် တစ်ချိန်တည်းမှာပင် ထွက်ပေါ်လာပြီး အမျိုးသားသည် သူ့နဖူးတွင် သွေးထွက်သံယိုအပေါက်တစ်ခုနှင့်အတူ လဲကျသွားလေ၏။
“နင် သူ့ကို သတ်လိုက်တာ၊ နင် သူ့ကိုသတ်လိုက်တာ ”
အမျိုးသမီးသည် ကြေကွဲပြီး ငိုကြွေးလေတော့၏။
ကျန့်ယွင်သည် ထပ်ကြာအောင် စောင့်မကြည့်နိုင်တော့ချေ။ သူသည် သူမဆီသို့တည့်တည့်သွားပြီး အမျိုးသမီးအား သတိမေ့အောင် ရိုက်လိုက်၏။ သူသည် သူမအား ကျန့်ကျားဟယ်ဆီသို့ တွန်းပို့လိုက်ပြီး သူမအား သူ့ပုခုံးပေါ်သို့တင်ပေးလိုက်၏။
“ဘာလို့ ထပ်ပြီး ငါပဲလဲ....”
ကျန့်ကျားဟယ်တစ်ယောက် သူ့ပါးစပ်စေ့လိုက်ပြီး အမျိုးသမီးအား သူ့ပုခုံးပေါ်တွင် သယ်လိုက်၏။
【TN : ကျန့်-ကူလီလေး-ကျားဟယ် : Why always me 😒 】
လီမင်းသည် ကျန့်ယွင်၏ ကိစ္စများကို ကိုင်တွယ်သည့် ရိုးရှင်း ကြမ်းတမ်း သည့်နည်းလမ်းကို နားမလည်နိုင်ခဲ့တော့ချေ။ သူတစ်ခုခုပြောဖို့ ပါးစပ်ဖွင့်လာခဲ့သော်လည်း ပြန်မြိုချလိုက်လေ၏။
ထို့နောက်မှာတော့ သူတို့သည် နောက်ထပ်အိမ်နီးနားချင်းအိမ်နှစ်လုံးကို ထပ်ရှာခဲ့ပြီး နေမထွက်မှီ အားကစားရုံသို့ပြန်မလာခင် အသက်ရှင်ကျန်သူသုံးဦးကိုရှာတွေ့ခဲ့ကြသည်။
အခြားအဖွဲ့များလည်း ပြန်ရောက်လာခဲ့ကြသော်လည်း သူတို့သည် အသက်ရှင်ကျန်သူနောက်ထပ်များစွာကို ရှာမတွေ့ခဲ့ကြချေ။
တပ်မှူးသည် Aမြို့၏ မြေပုံကိုဖွင့်လိုက်ကာ ဂရုတစိုက်လေ့လာကြည့်လိုက်၏။ ယခင်က A မြို့သည် ခရီးသွားမြို့တစ်ခုဖြစ်ခဲ့သည်ဟု ပြောခဲ့၏။ မြို့ခံလူဦးရေထက် ခရီးသွားဧည့်သည်သည် ပိုများ၏။ Aမြို့၏ သာယာသောရှုခင်းအများစုသည် အနောက်ဘက်ခြမ်းတွင်တည်ရှိကြ၏။ ထိုနေရာတွင် တောင်များ၊ မြစ်များနှင့် ရှုခင်းသာများသည် အလွန်သာယာလေ၏။
ခရီးသွားဧည့်သည်များသည် အရှေ့ဘက်မှ မြို့တွင်းသို့၀င်ရောက်လာခဲ့ကြ၏။ သို့သော် တစ်နေ့တာ၏ အဓိက ရှာဖွေမှုသည် မြို့ပြနယ်မြေများသည်ပင်။ ခရီးသွားဧည့်သည်များသည် ဟော်တယ်များထဲတွင် ပုန်းနေကြခြင်းသော်လည်းကောင်း အနောက်ဘက်သို့ ထွက်ပြေးကုန်ကြခြင်းသော်လည်းကောင်း ဖြစ်နိုင်၏။ ထို့ကြောင့် သူသည် သူတို့၏ ဤည၏ နောက်ထပ်ရှာဖွေမှုသည် မြို့၏အနောက်ဘက်သို့ဦးတည်ရန် ဆုံဖြတ်ချက်ချလိုက်၏။
သူတို့သည် ယနေ့၌ အသက်ရှင်ကျန်သူ ခြောက်ဆယ့်ကိုးဦးကို ရှာတွေ့ခဲ့ကြပြီး အများစုသည် ကမ္ဘာပျက်ကပ်ကြီးစတင်ကတည်းက သူတို့အိမ်များထဲတွင် ပုန်းနေခဲ့ကြပြီး သူတို့သိုလှောင်ထားသောအစားအစာများကို အသက်ရှင်သန်ရေးအတွက် မှီခိုနေခဲ့ကြခြင်းဖြစ်သည်။ သူတို့သည် ထိတ်လန့် ကြောက်ရွံ့ခြင်းနှင့် ဆာလောင်သောအခြေအနေတွင် ရောက်နေကြ၏။
ရှာဖွေကယ်ဆယ်ရေးအဖွဲ့သည် သူတို့အား ကုန်ပစ္စည်းခြောက်အချို့၊ ဘီစကစ်နှင့် အခြားအစားအစာများအား ပေးခဲ့၏။ သူတို့စားရခက်ခဲသော်လည်း သူတို့အစာအိမ်အား ဖြည့်တင်းကြရမည်ပင်။
စုရွေ့ကျယ်သည် အခြေအနေအားမြင်ပြီး သူတို့ကားပေါ်သို့တက်ကာ အိတ်အထုပ်ကြီးအားဖွင့်လိုက်၏။ သူသည် အိုးတစ်လုံးကိုထုတ်ယူလိုက်ပြီး၊ ခေါက်ဆွဲခြောက်လေးထုပ်ကို အရက်မီးခွက်ဖြင့် ဆူအောင်တည်လိုက်ပြီး အားကစားရုံတစ်ခုလုံးသို့ အနံ့များပြည့်သွားစေလေ၏။ သူသည် ခေါက်ဆွဲများကို တစ်ခါသုံးခွက်တစ်လုံးတွင်ထည့်၍ အသက်ရှင်ကျန်သူတစ်ယောက်ချင်းစီကို ကျွေးလိုက်၏။
ဤအချိန်တွင် ခေါက်ဆွဲခြောက်များတွင် တာရှည်ခံပစ္စည်းများပါမပါ၊ သူတို့အသုံးပြုပြီးသားဖြစ်သော တစ်ခါသုံးခွက်များကို ပန်းကန်ခွက်ယောက်အဖြစ်သုံးနေခြင်းကို မည်သူကမှ ဂရုမစိုက်နိုင်ကြတော့ဘဲ သူတို့စားနိုင်သည့်အရသာကြောင့် ခွက်များအား ကိုင်ထားခဲ့ကြလေသည်။
အသက်ရှင်ကျန်သူများသည် သူတို့၏ ပူနွေးသောခေါက်ဆွဲစွပ်ပြုတ်ကြောင့် သက်သာခဲ့ကြပြီး အစာအစာခြောက်များနှင့် ဘီစကစ်များကို ကောက်ယူကာ ဖြေးညင်းစွာ ၀ါးနေကြတော့၏။
သူသည် စစ်သားများကိုလည်း ၀က်ပေါင်ခြောက်နှင့် ချောကလက်ကဲ့သို့ သူတို့၏ခွန်အားကိုဖြည့်တင်းနိုင်သည့်အရာများအပြင် ဖျော်ရည်နှင့် ခွန်အားဖြည့်အချိုရည်များကိုလည်း ပေးခဲ့၏။ သူတို့သည် တစ်ညလုံး အလုပ်ကြိုးစားခဲ့ကြသည်ပင်။
“ကျေးဇူးတင်ပါတယ်....”
လီမင်းသည် ရှက်ကိုးရှက်ကန်းဖြင့် ပြောလိုက်၏။ စုရွေ့ကျယ်နှင့် သူ့အဖွဲ့သည် ထိုပစ္စည်းများကို စုဆောင်းရန် အပြင်းအထန်ကြိုးစားခဲ့ကြသည်ကို သူသိ၏။ သို့သော် နောက်ဆုံး၌ အခြားသူများကို ဖြန့်ဝေပေးခဲ့၏။
“ရပါတယ်”
သူတို့သည် ဤလောက်များသော ပစ္စည်းများကို စုဆောင်းပြီးနောက် သူတို့စားသောက်နေသည့်အချိန်တွင် တခြားမည်သူ့ကိုမှ ခွဲဝေပေးခြင်း မပြုရန် အကြောင်းပြချက်မရှိချေ။
နောက်ထပ် အရက်မီးခွက်တစ်ခုအပိုရှိပါက စုရွေ့ကျယ်သည် ခေါက်ဆွဲနောက်တစ်အိုးကိုချက်ပြုတ်လိုက်မည်ပင်။ သို့သော် ၎င်းက မင်းရဲ့ဗိုက်ပြည့်ဖို့ပဲလေ။ သူတို့အသက်ရှင်ကျန်သူ အခြေစိုက်စခန်းကိုပြန်ရောက်ပါက တံခါးပိတ်ပြီး သူတို့စားချင်သည့် မည်သည့်အရာမဆို စား၍ရနိုင်သည်။
နေထွက်လာခဲ့ပြီး အပူချိန်လည်း မြင့်တက်လာလေကာ လူများသည် စတင် အိပ်ပျော်သွားကြ၏။
နေ၀င်သွားသည့်အချိန်တွင် ရှာဖွေကယ်ဆယ်ရေးအဖွဲ့သည် အလျင်အမြန်စုဝေးကြကာ ဒုတိယမြောက် ရှာဖွေကယ်ဆယ်ရေး တာ၀န်အတွက် ပြင်ဆင်ကြလေ၏။ ပထမနှင့် ဒုတိယအဖွဲ့သည် အသက်ရှင်ကျန်သူများကို ကာကွယ်ရန် ကျန်နေခဲ့ပြီး တခြားအဖွဲ့အားလုံးကို အပြင်သို့ စေလွှတ်လိုက်၏။
တပ်ခွဲမှူးသည် မြေပုံပေါ်တွင် အဖွဲ့တစ်ခုစီအတွက် နယ်မြေအမှတ်အသားပြုပေးခဲ့ပြီး ဆယ့်နှစ်ခုမြောက်အဖွဲ့၏ စစ်ကားသည် အမှတ်အသားဆီသို့ ရွေ့သွားကြလေ၏။
ရှာဖွေမှုတစ်ခု၏ အကွာအဝေးအား ဆယ်ကီလိုမီတာခန့် သတ်မှတ်ပေးထားခဲ့သော်လည်း ရှာဖွေရနယ်မြေကို ကျော်သွားသည့်တိုင် သက်ရှိထောက်လှမ်းရေးကိရိယာသည် တုန့်ပြန်အချက်ပေးခြင်းရှိမလာခဲ့ချေ။
ယာဉ်သည် သက်ရှိထောက်လှမ်းရေးကိရိယာညွှန်ပြသည့် လမ်းကြောင်းအတိုင်း မောင်းသွားခဲ့ရာ အလယ်တန်းကျောင်းတစ်ခုကို မြင်လိုက်ကြရ၏။
အဖြူရောင်နံရံသည် ကလေးများ၏ ဂရပ်ဖတီဖြင့်ဆေးခြယ်ထားပြီး ၀င်ပေါက်အပေါ်တွင် " ချန်းယန်အလယ်တန်းကျောင်း " ဟုရေးသားထား၏။ သို့သော်လည်း ကျောင်း၏သံဂိတ်တံခါးသည် ဖျက်စီးခံထားရပြီး အားကစားကွင်းအလွတ်သည် လူသေများ၏ နက်ရှိုင်းသော အော်ဟောက်သံဖြင့် ပဲ့တင်ထပ်နေခဲ့၏။
ကျောင်းထဲတွင် အသက်ရှင်ကျန်နေသူတစ်ယောက်ရှိရမည်ဖြစ်ပြီး ကလေးတစ်ယောက်လည်းဖြစ်နိုင်၏။ ဤအသိသည် လူများ၏ နှလုံးသားအား တုန်လှုပ်နစ်မြုပ်သွားစေ၏။ သူတို့သည် ကျောင်းထဲသို့ကားအား အလျင်စလိုမောင်း၀င်ခဲ့ကြပြီး မကြာခင်မှာပင် အဆောက်အဦး၏ အောက်ခြေတွင် တံခါးများအား ရိုက်ပုတ်နေသော ဖုတ်ကောင်ရာပေါင်းများစွာကို မြင်လိုက်ကြရ၏။
တံခါးကို ဗီရိုများနှင့် ပိတ်ဆို့ထားသော်လည်း ဖုတ်ကောင်များ၏ ကြမ်းတမ်းသောရိုက်ပုတ်မှုများအောက်တွင် သိပ်ကြာကြာခံနိုင်တော့မည်မဟုတ်သည့်ပုံရ၏။
အဆောက်အဦးထဲရှိ ကျောင်းသားများသည် အန္တရာယ်ရှိနိုင်သည်။
“တိုက်ပွဲအတွက် အသင့်ပြင် ”
လီမင်း အမိန့်ပေးလိုက်ချေ၏။
လူတိုင်းသည် ကားထဲမှ ခုန်ဆင်းလိုက်ကာ သူတို့၏စက်သေနတ်များကို မြှောက်လိုက်ပြီး ဖုတ်ကောင်များအား ပစ်ချလေတော့၏။ သေနတ်သံများ တဒတ်ဒတ်နှင့် ဖုတ်ကောင်များ လျင်မြန်စွာ လဲပြိုကျကုန်လေ၏။ သို့သော် အသစ်များ တိုးလာလေ၏။
ဖုတ်ကောင်များ အလွန်များပြားနေသဖြင့် တိုက်ခိုက်နေသော စစ်သားများအား နောက်ပြန်ဆုတ်ခိုင်းရ၏။
“အောင်း ”
ရုတ်တရက် ဖုတ်ကောင်တစ်ကောင်သည် ဖုတ်ကောင်အုပ်ကြီးကို ဖြတ်ပြီးတိုးထွက်လာလေကာ ကျည်ဆန်မိုးကိုဖြတ်ပြီး စစ်သားများဆီသို့ ပြေးလာလေ၏။ မရေမတွက်နိုင်သော ကျည်ဆန်များသည် ၎င်း၏ခန္ဓာကိုယ်ကို ထိမှန်သွားသော်လည်း ၎င်း၏အရှိန်ကို မရပ်တန့်နိုင်ခဲ့ချေ။
“လက်ပစ်ဗုံးတွေကို သတိထား ”
လီမင်းအော်လိုက်ပြီး လက်ဗစ်ဗုံးတစ်လုံးကို ပစ်လိုက်လေ၏။
လက်ပစ်ဗုံးသည် မပေါက်ကွဲခင် ဖုတ်ကောင်၏ ခန္ဓာကိုယ်နှင့် တိတိကျကျထိမိသွားလေ၏။ ခန္ဓာကိုယ်၏ ဘယ်ဘက်အခြမ်းသည် ပျောက်ကွယ်သွားသော်လည်း ၎င်းသည် ၎င်း၏ကျန်သည့်ခြေတစ်ချောင်းနှင့် သူတို့ဆီသို့ ခေါင်းမာစွာနှင့်ရွေ့လာနေဆဲပင်။
စစ်သားများသည် ၎င်း၏ခေါင်းအား ပစ်ခတ်ခဲ့ကြသော်လည်း ဖုတ်ကောင်သည် သတ်ရန် ခက်ခဲကြောင်း သက်သေပြနေခဲ့လေ၏။