အခန်း(၅၁)
Viewers 12k

အခန်း(၅၁) 《ချန်းမောင်နှမများ》


Author: Drunken Light Song

Source: Jostena M

Editors: playerprophet & Callis

Translator: オタク


ဖုတ်ကောင်ခွေး လဲကျသွားချိန်တွင် သူတို့အနေဖြင့် ကျန်သည့်ဖုတ်ကောင်များကို ကြောက်စရာမရှိတော့ချေ။ ပဲစေ့ကျည်ဆန်များ၏ မယှဉ်နိုင်သောသေစေနိုင်စွမ်းအောက်တွင် ဆိုင်ပတ်လည်တွင်ရှိနေသော ဖုတ်ကောင်များကို အလျင်အမြန်ပင် ဖယ်ရှားပစ်ခဲ့သည်။ 


သူ့ခန့်မှန်းယူဆချက်အား စစ်ဆေးရန်အတွက် စုရွေ့ကျယ်သည် ဓားတစ်ချောင်းကို ထုတ်လိုက်ပြီး ဒုတိယဖုတ်ကောင်ခွေး၏ခေါင်းအား ဖွင့်လိုက်၏။ ထို့နောက် ထူးခြားသောအရောင်နှင့် အမြုတေအခဲတစ်ခုကို တွေ့လိုက်လေ၏။ အမြုတေသည် ၎င်းကိုယ်တိုင် အနီရောင်ဖျော့ဖျော့ရှိနေပြီး အပြင်ဘက်တွင် အလွှာတစ်ထပ်ရှိနေပြီး ခါ့မိုင်းအနီရောင်ဖြင့် ဆေးသုတ်ထားသကဲ့သို့ပင်။ 


【TN : Carmine red သည် အစားအစာများ၊ cosmetics များတွင်အရောင်ဆိုးသော ဆိုးဆေးနေရာတွင် အသုံးပြုသည်။ (source from Google)】


အကယ်၍ ဆင့်ကဲပြောင်းလဲပြီးသောခွေးသာ တခြားခွေး၏အမြုတေအား စားလိုက်ပြီးပါက ၎င်း၏အမြုတေသည် ပြောင်းလဲသွားပေလိမ့်မည်။ အကယ်၍ စုရွေ့ကျယ် အချိန်မှီမပစ်လိုက်မိပါက ၎င်းသည် မတွေ့ဝံ့စရာအကျိုးဆက်များနှင့်အတူ နောက်တစ်ကြိမ် ဆင့်ကဲပြောင်းလဲသွားနိုင်လေသည်။ 


ဆယ်ဖွဲ့မြောက်အဖွဲ့သည် ဆိုင်ခေါင်မိုးပေါ်တွင် အချိန်အတော်ကြာပိတ်မိနေခဲ့ကြ၏။ အန္တရာယ်မှ လွတ်မြောက်လာခဲ့ပြီးနောက် သူတို့သည် ဆယ့်နှစ်ဖွဲ့မြောက်အဖွဲ့နှင့် ပြန်ပေါင်းလိုက်ကြသည်။ သို့သော်လည်း သူတို့၏အရေအတွက်သည် လေးဆယ်မှ နှစ်ဆယ့်ငါးအထိ လျော့ကျသွားလေ၏။ စစ်သားဆယ့်ငါးယောက်သည် ကျဆုံးသွားခဲ့ကြရ၏။ 


လက်ခံနိုင်လောက်သော ဆုံးရှုံးမှုပင်။


【TN : အန္တရာယ်ကြီးနဲ့ ကြုံရပေမယ့် သူတို့မှန်းသလောက် ဒီထက်အများကြီးမသေဘဲ နည်းလို့ပြောချင်တာပါ။ 】


ဆယ်ဖွဲ့မြောက်အဖွဲ့ ကယ်ဆယ်ရန် ရောက်လာစဉ် အလွန်များသောဖုတ်ကောင်များကို မမျှော်လင့်ထားခဲ့ကြချေ။ သူတို့၏အစီအစဉ်မှာ စစ်ကားများကိုအနှောက်အယှက်ဖြစ်စေရုံသာ အသုံးပြုကြရန်ဖြစ်၏။ 


ဆင့်ကဲပြောင်းလဲလာသော ဖုတ်ကောင်များ၊ ခွေးများနှင့် လူသားများ နှစ်မျိုးစလုံးသည် ဤနေရာတွင် စောင့်ဆိုင်းနေခဲ့ကြ၏။ ၎င်းတို့သည် အလွန်လျင်မြန်ကာ ဆယ်ဖွဲ့မြောက်အဖွဲ့၏ကားကို မှီသွားကြပြီး တိုက်ခိုက်ကြလေတော့၏။ 


ဖုတ်ကောင်ခွေးသည် အလွန်စွမ်းအားကြီးပြီး ကားအား ၎င်း၏ခန္ဓာကိုယ်ဖြင့် ထပ်ခါထပ်ခါ တိုက်လေ၏။ ကားသည် လမ်းအားကွေ့ပြီး လမ်းဘေးတားတန်းဆီသို့ ၀င်အောင်းမိလေ၏။ ၎င်းလှုပ်ရှားမှုကြောင့် ဖုတ်ကောင်များသည် ဝိုင်းအုံလာလေ၏။ သူတို့တိုက်မိချိန်တွင် တခြားတစ်ဖက်တွင်လည်း အုံနေပြီဖြစ်ပြီး ကားသည် အစုအဝေးအောက်ပိလုပင်ဖြစ်နေ၏။ 


ဆယ်ဖွဲ့မြောက်အဖွဲ့သည် အကူအညီအတွက် လှမ်းခေါ်သော်လည်း သူတို့တွင် အချိန်အများကြီးမရှိတော့ချေ။ ဖုတ်ကောင်များသည် အရူးအမူးတိုး၀င်စုရုံးလာကြကုန်၏။ ဆင့်ကဲပြောင်းလဲလာသောဖုတ်ကောင်များနှင့် ခွေးတို့၏ ပူးပေါင်းစွမ်းအားသည် အလွန်ပြင်းထန်ဆိုးရွားလှချေ၏။ ချွန်ထက်သော လက်သည်းများသည် ကျည်ကာမှန်ကိုပင် ဖောက်နိုင်လေ၏။ အနောက်ဘက်ကားတံခါးသည် ဖုတ်ကောင်များ၏အားကြောင့် ပိန်လျမ်ညွတ်သွားလေ၏။ အကယ်၍သူတို့သာ ကားထဲတွင် ဆက်ပုန်းနေပါက သူတို့သည် လည်ပင်းကျဉ်းပန်းအိုးထဲက လိပ်ကြီးသာဖြစ်သွားလေတော့မည်။ 


သူတို့အနေဖြင့် သေဖို့အတွက်သာထိုင်စောင့်နေ၍မရချေ။ သူတို့သည် ဝိုင်းရံခံနေရမှုကိုချိုးဖောက်ရန် နည်းလမ်းရှာကာ ကယ်ဆယ်ရေးအတွက် စောင့်စောင်းနေခဲ့ကြရလေသည်။ ကြံ့ခိုင်မှုစွမ်းအားနှင့် ပစ်ခတ်မှုစွမ်းအားများကိုအသုံးပြုပြီး ဆယ်ဖွဲ့မြောက်အဖွဲ့သည် ဝိုင်းအုံနေသည်မှ လိုင်းတစ်လိုင်းကို အောင်အောင်မြင်မြင် ရှင်းလင်းနိုင်ခဲ့လေသည်။ 


ဆင့်ကဲပြောင်းလဲနေသော ဖုတ်ကောင်များသည် လျင်မြန်ကြကာ ထိုအမြန်နှုန်းမျိုးနှင့် သတ္တဝါမျိုးကို ထိပ်တိုက်ရင်ဆိုင်ရန် သဘာ၀မကျချေ။ ဆယ်ဖွဲ့မြောက်အဖွဲ့၏‌ခေါင်းဆောင် ကွမ်းဟုန်သည် ဆိုင်ငယ်လေး၏ ခေါင်းမိုးထက်ဆီသို့ ဆယ်ဖွဲ့မြောက်အဖွဲ့အား ဦးဆောင်သွားခဲ့လေ၏။ သို့သော် အစုအဝေးကြီးကိုချိုးဖြတ်ပြီး နံရံကိုဖောက်ထွက်စဉ် သူတို့သည် တစ်ဒါဇင်ထက်ပိုသောလူများကို ဆုံးရှုံးသွားခဲ့ကြရသည်။ 


သူတို့တွင် ပူဆွေး၀မ်းနည်းနေရန် အချိန်မရှိခဲ့ကြချေ။ ရဲစခန်းထဲတွင် ကယ်ဆယ်ရေးအား စောင့်ဆိုင်းနေသော အသက်ရှင်ကျန်သူများရှိနေသေးချေသည်။ 


ရဲစခန်းသည် လမ်းဘေးဆိုင်လေး၏ ဆန့်ကျင်ဘက်တစ်ဖက်တွင်ရှိပြီး မီတာ ခုနစ်ရာထက်နည်း၏။ ထူထပ်သိပ်သည်းသော ဖုတ်ကောင်အုပ်စုကြီးသည် ရဲစခန်းငယ်လေး၏ပတ်လည်တွင် ဝိုင်းနေကြ၏။ ရဲစခန်း၏ ဒုတိယထပ် ၀ရံတာတွင် ယူနီဖောင်း၀တ်ထားသော ရဲ၀န်ထမ်းများနှင့် သန်မာသောလူငယ်အချို့ရပ်နေကြလေ၏။ သူတို့သည် တံမြက်စည်းရိုးများနှင့် ဓားများဖြင့် ပြုလုပ်ထားသော လှံစွပ်များဖြင့် ဖုတ်ကောင်များ၏ခေါင်းများကိုထိုးဖောက်ကာ ၎င်းတို့အများအပြားကို သတ်နေကြသည်။ 


သူတို့သည် သေနတ်သံများကို သေချာပေါက် ကြားခဲ့ကြရမည်ဖြစ်ပြီး သူတို့အားကယ်တင်ရန်ရောက်လာသည့် စစ်သားများကို တွေ့ပြီး ကူညီရန်ကြိုးပမ်းနေခဲ့ကြသည်။ 


သို့သော် ၎င်းသည် အလွန်အန္တရာယ်များလှ၏။ ထိုနေရာတွင် ဆင့်ကဲပြောင်းလဲလာသောဖုတ်ကောင်များ စုပြုံနေလေ၏။ 


သူတို့၏ စိုးထိတ်မှုကို အတည်ပြုသကဲ့သို့ လူငယ်တစ်ယာက်၏ လက်နက်သည် လက်သည်းတစ်ခုနှင့် ချိတ်မိပြီး သူမတုန့်ပြန်နိုင်ခင် သူသည် အောက်သို့ ပြင်းပြင်ထန်ထန်ဆွဲခံလိုက်ရကာ ဟန်ချက်ပျက်သွားလေ၏။ လမ်းတဖက်မှ စစ်သားများသည် လမ်းအားဖြတ်ပြီး သူ့အား စောင့်ကြည့်နေစဉ် ၀ရံတာမှ ဖုတ်ကောင်ပင်လယ်ထဲသို့ကျခါနီးတွင် ဘေးဘက်မှ လက်တစ်ဖက်သည် ထွက်လာပြီးသန်မာ‌သော အားဖြင့် သူ့အား နောက်သို့ပြန်ဆွဲလိုက်လေ၏။ သူ့လက်နက်ကတော့ ပျောက်သွားပြီဖြစ်၏။ 


ကျန့်ယွင်သည် ရင်းနှီးသောပုံရိပ်ကိုမြင်လိုက်ရချိန်တွင် သူ့မျက်လုံးများ အာရုံစိုက်မှု လျော့ကျသွားလေ၏။ သူလား၊ သူက ဘာလို့ ဒီနေရာမှာ ရှိနေတာလဲ။ 


"ရှောင်ကျယ်၊ ချယ်ရီ..မဟုတ်ဘူး။ ဗုံးတွေ ငါ့ကို တချို့ပေး "


ကျန့်ယွင် စုရွေ့ကျယ်အား ‌လှမ်းအော်‌လိုက်၏။ 


စုရွေ့ကျယ်သည် တုန့်ဆိုင်းမှုမရှိဘဲ ချယ်ရီဗုံးအများအပြားလုပ်ရန် သူ့စွမ်းအားကို သုံးလိုက်၏။ 


"သွားကြစို့ "


ကျန့်ယွင်သည် သူ့အဖွဲ့အား လောဆော်လိုက်၏။ 


လီမင်းသည် ဆက်လက်ရပ်တည်နိုင်ရန် ရုန်းကန်နေနိုင်ရုံသာ။ 


ကျန့်ယွင်နှင့် သူ့အဖွဲ့သည် မြင့်မြတ်သောနတ်ဘုရား၏ ၀င်ရောက်စွက်ဖက်သကဲ့သို့ နှင်ကြပြီး လောဆော်ကာ ပစ်ခတ်ကြလေတော့၏။ မဂ္ဂဇင်းထဲမှ ပဲစေ့ကျည်ဆန်များနှင့်အတူ ဖုတ်ကောင်များအား သေစေနိုင်သည့် ထိခိုက်မှုဖြစ်စေရန် ခေါင်းအားချိန်ရွယ်ရန်ပင် မလိုခဲ့ချေ။ ထပ်ပေါင်းပြီး ကျန့်ယွင်တွင်ချယ်ရီဗုံးများရှိ သူတို့နီးလာသည်နှင့် အစုအပြုံလိုက်အား ရှင်းလင်းရန် ပစ်လိုက်လေ၏။ 


"ကျန့်ယွင် "


1.9 မီတာရှည်သော ကျန့်ယွင်သည် ပေါ်လွင်ထင်ရှားနေလေ၏။ ဒုတိယထပ်၀ရံတာတွင်ရပ်နေသောလူငယ်လေးသည် သူ့အား စိတ်လှုပ်ရှားစွာ လက်ဝှေ့ယမ်းပြလာလေ၏။ 


【TN : 6 ပေ 2လက်မ ရှည်သော ကျန့်ယွင် 🤭】


ကျန်သည့်ဖုတ်ကောင်များသည် အသံကိုတုန့်ပြန်လာကြပြီး သူ့အားဖမ်းဆွဲရန် ၎င်းတို့၏လက်များကို ဆတ့်တန်းနေကြလေ၏။ စုရွေ့ကျယ်သည် သူ့ဆီသို့ရောက်အောင်ခုန်နေသော ဖုတ်ကောင်အများအပြားကိုစောင့်ကြည့်နေခဲ့သော်လည်း ဖုတ်ကောင်ခွေးမျာလောက် ထိရောက်မှုများမရှိခဲ့ချေ။ ၎င်းတို့မည်မျှကြိုးပမ်းပါစေ ၀ရံတာရှိ လူများထံသို့ ၎င်းတို့ မရောက်နိုင်ချေ။ 


"ပြန်၀င်၊ အထဲကစောင့် "


ကျန့်ယွင် သူ့အားလှမ်းအော်လိုက်၏။ 


သူသည် ချန်းချီ၏ ဉာဏ်မဲ့သောလုပ်ရပ်အပြုအမူများနှင့် ပတ်သတ်ပြီး ဘာမှ မလုပ်နိုင်ခဲ့ချေ။ သူ့ကိုဖုတ်ကောင်တွေ ဝိုင်းရံနေချိန်မှာ အရမ်းပျော်ရွှင်နေတာက ဘာလဲ။ 


ချယ်ရီဗုံး၏ ပေါက်ကွဲမှုသည် စစ်တပ်၏ လက်ပစ်ဗုံးတစ်လုံးနှင့် ယှဉ်နိုင်၏။ စွမ်းအားသည် အမှန်တကယ်ကို တူညီသော်လည်း ဖုတ်ကောင်များနှင့်ယှဉ်လိုက်ပါက ပျက်စီးမှုပိုများလာချေ၏။ သက်ရောက်မှုခံလိုက်ရသည်နှင့် ဖုတ်ကောင်အားလုံးနီးပါးသည် လဲကျကုန်လေ၏။ ဆင့်ကဲပြောင်းလဲသောဖုတ်ကောင်များပင် ပေါက်ကွဲမှုကို ခံနိုင်ရည်မရှိကြဘဲ ၎င်းတို့အရေအတွက်ပင် လျော့ကျသွားလေ၏။ 


ကျန့်ယွင်နှင့် စစ်သားများသည် ထိခိုက်မှုမရှိဘဲ ရဲစခန်းဂိတ်၀သို့ ချဉ်းကပ်လာခဲ့ကြလေ၏။ သူတို့တံခါးမခေါက်ရသေးခင်မှာပင် ဂိတ်တံခါးပွင့်လာခဲ့လေ၏။ 


"ကျန့်ယွင်၊ အထဲ၀င်လာခဲ့ "


ချန်းချီသည် လာဘ်ခေါ်ကြောင်တစ်ကောင်ကဲ့သို့ အမူအရာနှင့် စိတ်လှုပ်ရှားစွာ လက်ဝှေ့ယမ်းပြနေခဲ့လေ၏။ 


ကျန့်ယွင်သည် သူ့စိတ်ထဲကနေပင် သူ့အားမျက်လုံးလှန်လိုက်မိပြီး သူအပေါ်သို့တက်ကာ ချန်းချီ၏နောက်စေ့အား ရိုက်ပစ်ချင်နေ‌၏။ သို့သော်လည်း ပတ်ပတ်လည်တွင် ဖြတ်ကောင်များစွာ ကျန်နေသေးသဖြင့် အရင်ဆုံး အခြားသူများနှင့်အတူ အထဲသို့၀င်သွားလေ၏။ 


လူအုပ်သည် ရဲစခန်းထဲသို၀င်ရောက်သွားကြပြီး ဂိတ်တံခါးအား ပိတ်လိုက်ကြ၏။ တံခါးအား တိုက်ခိုက်မှုရှိနေပါသော်လည်း မည်သူကမှ ဂရုမစိုက်ကြတော့ချေ။ ယခု အပြင်ဘက်တွင် ဖုတ်ကောင်ဒါဇင်အနည်းငယ်သာရှိပြီး တံခါးသော့သည် အလွန်ခိုင်ခံ့၏။ ဆင့်ကဲ‌ဖုတ်ကောင်များမရှိဘဲ အချိန်ခဏကြာအောင် ထိန်းထားနိုင်စွမ်းရှိလိမ့်မည်။


"လူတိုင်း ထွက်လာကြ၊ စစ်တပ်က ငါတို့ကိုကယ်ဖို့ရောက်လာပြီ "


ချန်းချီ အော်ပြောလိုက်၏။ 


သူ့အသံထွက်လာသည်နှင့် အခန်းများ‌ ထောင့်များဆီမှ လူများထွက်လာကြလေ၏။ အကြမ်းဖျင်းခန့်မှန်းရလျှင် လူနှစ်ရာနီးပါးရှိလေ၏။ အသက်ရှင်ကျန်သူများသည် ဖျော့တော့၊ ပိန်လှီပြီး သူတို့မျက်လုံးများထဲတွင် ထိတ်လန့်တုန်လှုပ်နေကြလေ၏။ သူတို့သည် ဆုတ်ယုတ်နစ်မြုပ်နေခဲ့ကြလေသည်။ ကြမ်းပြင်ပေါ်ရှိ အိပ်ယာခင်းများနှင့် ရှုပ်ပွနေသည့် အမှိုက်များမှ သူတို့သည် ဤနေရာတွင် အချိန်အချို့ကြာအောင် ပိတ်မိနေခဲ့ကြခြင်းဖြစ်ရမည်။ 


သို့သော် သူတို့သည် ချန်းချီအား အလွန်အလေးအနက်ထားကြပုံရပြီး သူ့နောက်တွင်ရပ်နေသော ရဲ၀န်ထမ်းတချို့ပင် သူ့အား တိတ်တဆိတ်ထောက်ခံနေပုံရ၏။ 


သို့သော် ချန်းချီသည်လည်း ချန်းမိသားစု၏ အစိတ်အပိုင်းတစ်ခုပင်။ သူသည် အချိန်တချို့ စစ်တပ်ထဲတွင်နေခဲ့ဖူးသော်လည်း စကားပြောရန် စွမ်းရည်များတော့ မရှိခဲ့ချေ။ 


"ငါတို့က အမျိုးသား ကယ်ဆယ်ရေးအဖွဲ့ပါ။ အခု ငါတို့ တောင်ပိုင်းစစ်ဌာနနယ်မြေမှာ အသက်ရှင်ကျန်သူအခြေစိုက်စခန်းတစ်ခုတည်ထောင်ထားပြီးပြီ။ ကျေးဇူးပြုပြီး ငါတို့နဲ့အတူလိုက်ဖို့ အသင့်ပြင်ကြပါ။ "


ကွမ်းဟုန်သည် ပြောပြီး အရှေ့သို့ တိုးသွားခဲ့လေ၏။ 


တဖက်တွင်တော့ လီမင်းသည် တခြားအဖွဲ့များမှ အကူးအညီတောင်းခံရန်အတွက် ရေဒီယိုကိုစတင်အသုံးပြုနေခဲ့လေ၏။ ဆယ်ဖွဲ့မြောက်အဖွဲ့၏ စစ်ကားများသည် သူတို့ဝိုင်းရံထားသည်ကို ချိုးဖောက်စဉ်က ဖုတ်ကောင်များကြောင့် ပိန်လိမ်ကုန်ပြီဖြစ်၏။ ဆယ့်နှစ်ဖွဲ့မြောက်အဖွဲ့၏စစ်ကားများသည် အခြေစိုက်စခန်းသို့ ပြန်ရောက်သွားပြီဖြစ်၏။ လူအများကြီးကို ပြန်ခေါ်သွားရန်အတွက် သူတို့အနေဖြင့် အနည်းဆုံး စစ်ကား နှစ်စီးမှ သုံးစီး လိုအပ်လေသည်။ 


လီမင်း၏ ခေါ်ဆိုမှုသည် မကြာခင်မှာပင် ပြန်ဖြေလာလေ၏။ ရှစ်ဖွဲ့မြောက်အဖွဲ့သည် အတွင်းသို့၀င်လာနေပြီဖြစ်ပြီး ဆယ့်တစ်ဖွဲ့မြောက်အဖွဲ့သည် လမ်းတွင်ဖြစ်၏။ ဆယ့်သုံးဖွဲ့မြောက်အဖွဲ့သည် ပြဿနာအချို့နှင့် ရင်ဆိုင်ခဲ့ကြရပြီး သူတို့တတ်နိုင်သမျှ မကြာခင်မှာ ရောက်လာပေလိမ့်မည်။ တခြားဆိုရသော် လူတိုင်းကို နေရာပြောင်းရွှေ့ရန် အခက်အခဲ မရှိချေ။ 


"သွားကြစို့၊ သပ်သပ်ရပ်ရပ်လုပ်ပြီး ငါတို့နဲ့အတူ ဘာတွေ ယူသွားဖို့လိုအပ်လဲဆိုတာ ရှာကြစို့။ ကားတွေက ငါတို့ကိုခေါ်ဖို့ရောက်လာလိမ့်မယ်၊ အချိန်တိုအတွင်း ထွက်ခွာနိုင်လိမ့်မယ် "


ကွမ်းဟုန်သည် လူအုပ်အား အော်လိုက်၏။ 


ကျန့်ယွင်သည် လူအုပ်အားပတ်ကြည့်လိုက်သော်လည်း ချန်းကျောင်းအား မတွေ့ခဲ့ချေ။ သူမျက်မှောင်ကြုတ်လိုက်ပြီး 


"ကျောင်းကျောင်း ကော "


ချန်းချီသည် သူ့နှုတ်ခမ်းအား ကိုက်လိုက်ပြီး တီးတိုးပြောလာလေ၏။ 


"ငါနဲ့လိုက်ခဲ့ "


ချန်းချီ၏မျက်နှာပေါ်ရှိ အမူအရာကိုကြည့်ပြီး ကျန့်ယွင်၏ နှလုံးသား နစ်မြုပ်သွားလေ၏။ သူသည် ချန်းချီနောက် အပေါ်ထပ်သို့လိုက်သွားလေ၏။ ကျန့်ယွင်သွားသည်နှင့် စုရွေ့ကျယ်အား သူနှင့်အတူခေါ်လာရန် မမေ့ချေ။ 


【TN: ဘဲလေးကို ကြိုးနဲ့ဆွဲကာခေါ်သွားမလား။ ကျောပိုးအိတ်လေးထဲ ထည့်ကာခေါ်သွားမလား။ ကိုယ်သွားရာ တကောက်ကောက်လိုက်မှာလား 🤪】


ချန်းချီလည်း ကျန့်ယွင်ဘာကြောင့် ဆယ်ကျော်သက်လေးတစ်ယောက်အား တောက်လျှောက်ဆွဲခေါ်လာသည်ကို နားမလည်ခဲ့သော်လည်း ကျန့်ယွင်တွင် သူ့အကြောင်းပြချက်နှင့်သူရှိမည်ကို သူယုံကြည်သဖြင့် မည်သို့‌သော အကြောင်းအရာကိုပြောရန်မျှ ပါးစပ်ဟမလာခဲ့ချေ။ သူသည် သူတို့အား ဒုတိယထပ်ရှိ ပိတ်ထားသောအခန်းတစ်ခုဆီသို့ ခေါ်လာခဲ့လေ၏။ 


အခန်းအား ဘာကြောင့် သော့ခတ်ထားသည်ကို သူတို့မသိခဲ့ချေ။ ၀င်ပေါက်တွင် စောင့်ကြပ်နေသော ရဲနှစ်ယောက်ရှိခဲ့သော်လည်း သူတို့လည်း ထုပ်ပိုးဖို့ သွားကြလေပြီ။ ချန်းချီသည် အရှေ့သို့သွားကာ အခန်းတံခါးကို ဖွင့်လိုက်၏။ အတွင်း၌ လူ လေးယောက်မှ ခြောက်ယောက်သည် သွေးများထွက်ပြီး လဲနေကြ၏။ ချန်းကျောင်းလည်း သူတို့ထဲမှ တစ်ယောက်ပင်။ 


"ဘာတွေ ဖြစ်ခဲ့တာလဲ " 


ကျန့်ယွင်သည် တစ်ချက်ကြည့်ရုံဖြင့်ပင် ချန်းကျောင်းသည် ဖျားနေသည်ကို ခံစားနေရကြောင်း သိလိုက်၏။ သူမ၏မျက်နှာသည် နီရဲနေကာ သူမ၏နဖူးသည် ချွေးများ သီးနေ၏။ 


"ဒီမှာ အစားအစာတွေ အများကြီးမရှိတော့ဘူး။ ငါတို့ ကင်းထောက်ဖို့ လူတွေကို အလှည့်ကျ ခေါ်သွားရတယ်။ သူမနေ့က လူတစ်ဒါဇင်လောက်ကို ခေါ်ပြီးအပြင်ကိုသွားခဲ့ပြီးတော့ ပစ္စည်းနည်းနည်းလေးနဲ့ပဲပြန်လာခဲ့ပြီး လူတိုင်းဒဏ်ရာရလာကြတယ်။ ပတ်ပတ်လည်က ဖုတ်ကောင်တွေက သူတို့သွေးနံ့ကြောင့် ဆွဲဆောင်ခံကြရပုံရတယ်။ သူတို့ဖုတ်ကောင်တွေ ဖြစ်သွားမှာကို လူတိုင်းက ကြောက်နေကြတာ။ ဒါပေမယ့် ငါ သူတို့ကို ပစ်မထားနိုင်ဘူး။ ငါသူတို့ကို ဒီမှာ ထားရုံပဲတတ်နိုင်ပြီး တတ်နိုင်သလောက် လူတွေကို စောင့်ကြည့်ခိုင်းထားတာ။ "


ချန်းချီ စကားပြောနေချိန်တွင် သူ့မျက်နှာတွင် နာကျင်၀မ်းနည်းမှုကို မပြဘဲ မနေနိုင်ခဲ့ချေ။ 


"ဒီလိုဖြစ်လာမယ်မှန်းသာသိရင် ငါသူ(မ)နဲ့အတူ မနေ့က သွားခဲ့ပါတယ်"


"ရှောင်ကျယ်...သွားပြီး လောင်စုန့်နဲ့ ကျန့်ကျားဟယ်ကို ခေါ်ခဲ့ "


ဒဏ်ရာရသူများကို ဒီမှာ ချန်မထားခဲ့နိုင်ချေ။ သူတို့ကို စုန်ချန်ရှုကုသပေးရန် လိုအပ်သည်။ သူတို့ ကျန့်ကျားဟယ် ညစ်ပေးနိုင်သည့် အသီးအရွက်ဖျော်ရည်ကိုလည်း လိုအပ်သည်။ 


စုရွေ့ကျယ်သည် ခေါင်းညိတ်လိုက်ကာ စုန့်ချန်ရှုနှင့် ကျန့်ကျားဟယ်ကိုခေါ်ရန် အောက်ထပ်သို့ ဆင်းသွားလေ၏။ သူ့အတိတ်ဘ၀တုန်းက ကျန့်ယွင်ထံမှ ထိုမောင်နှမနှစ်ယောက်အကြောင်းကို ကြားခဲ့ဖူးသည်။ သူတို့အတူတူကြပြင်းလာကြပြီး ဆက်ဆံရေးကောင်းမွန်ကြသည်ကို သိခဲ့ရ၏။ သူ ကျန့်ယွင်အတွက် စိတ်မကောင်းခံစားရ၏။ 


စုန့်ချန်ရှာနှင့် ကျန့်ကျားဟယ် ရောက်လာလေ၏။ စုန့်ချန်ရှုသည် လူတိုင်း၏ ဒဏ်ရာများကို ပထမဆုံး စစ်ဆေးလိုက်၏။ ကံ‌မကောင်းစွာဖြင့် သူတို့သည် အချိန်အတော်ကြာအောင် ရောဂါပိုးကူးစက်ခံထားခဲ့ကြရ၏။ သူတို့ထဲမှ အများစုသည် ကူးစက်ခံရသည့်အဆင့်မြင့်နေခဲ့ကြပြီး သူတို့၏မျက်နှာများသည် ဖျော့တော့ကာ မီးခိုးရောင်များဖြစ်နေကြ၏။ သူတို့၏ မျက်လုံးများသည် ဖြူလာကာ အာရုံစိုက်မှုမရှိကြတော့ဘဲ နောက်ထပ် တုန့်ပြန်မှု မရှိတော့ချေ။ 


ချန်ကျောင်းအပါအ၀င် လူနှစ်ဦးသာ ရောဂါပိုးအား တိုက်ခိုက်နေသည့်ပုံရ၏။ သူသည် စုရွေ့ကျယ်ပေးသော ဆေးသေတ္တာကိုသုံးပြီး သူတို့၏ဒဏ်ရာများကို အပြေးအလွှားကုသပေးပြီး ကျန့်ကျားဟယ်၏ လတ်ဆတ်သော အသီးအရွက်ဖျော်ရည်ကို တိုက်လေ၏။ 


သူတို့သည် အကောင်းဆုံး လုပ်ပေးခဲ့ပြီ။ နောက်ထပ်ဖြစ်လာမည့်အရာကတော့ သူတို့၏ ကံတရားပေါ်တွင်သာ ပုံအပ်ထားရလိမ့်မည်ဖြစ်သည်။