အခန်း(၅၂)
Viewers 12k

အခန်း(၅၂) 《 နောက်တစ်ကြိမ်စကားပြောကြခြင်း》


Author: Drunken Light Song

Source: Jostena M

Editors: playerprophet & Callis

Translator: オタク


ချန်းကျောင်းနှင့် တခြားဒဏ်ရာရထားသောလူများသည် အသီးအရွက်ဖျော်ရည်ကိုသောက်ပြီး သူတို့၏အမူအရာများ ပြေလျော့လာကာ သူတို့၏ခန္ဓာကိုယ်များ တုန်ယင်နေခြင်း ရပ်သွားလေသည်။ ၎င်းသည် အလွန်ထိရောက်ခဲ့လေသည်။ 


ထိုအချိန်၌ လီမင်းသည်လည်း သူတို့ကိုရှာရန်ရောက်လာပြီး ရှာတွေ့ခဲ့လေသည်။


အရန်တပ်ဖွဲ့များရောက်ရှိလာခဲ့ပြီး ကျန်နေ‌သည့်ဖုတ်ကောင်များကို ရှင်းလင်းပြီးနောက် အသက်ရှင်ကျန်သူများတစ်ယောက်ချင်းစီအား စစ်ဘက်ဆိုင်ရာ ID ကတ်များပေးခဲ့သည်။ 


လီမင်း စာရင်းကောက်သည့်အချိန်တွင် ကျန့်ယွင်ထိုနေရာတွင်မရှိသည်ကို တွေ့လိုက်ပြီး သူအားရှာဖွေရန်သွားခဲ့သည်။ ဒဏ်ရာရထားသောလူများ၏အခန်းကို ‌ရှာတွေ့လိုက်ပြီး အလွန် အံ့ဩသွားလေသည်။ 


လီမင်းအား အခြေအနေကို အကျဉ်းချုပ်ရှင်းပြပြီးနောက် ကျန်းရှို့လျန်အား ချန်းကျောင်းနှင့် တခြားဒဏ်ရာရသူများကို သူတို့၏ ဗင်ကားထဲသို့သယ်သွားပေးရန် ပြောလိုက်၏။ ကျန်သည့်လူများသည် လုံး၀ကူးစက်သွားပြီဟု သူတို့အတည်ပြုထားပြီးသော်လည်း သူတို့အသွင်မပြောင်းသေးခင် တစ်စုံတစ်ခုလုပ်ရန် မသင့်လျော်ပေ။ ထို့ကြောင့် ကျန့်ယွင်သည် သူတို့ရဲစခန်း၌ အချိန်အနည်းငယ်ပိုကြာအောင် နေရန်မေးလိုက်ပြီး သူတို့အားမဖြေရှင်းခင် သူတို့အသွင်ပြောင်းသွားရန် စောင့်နေခဲ့ကြသည်။


ဆယ့်နှစ်ဖွဲ့မြောက်၏ လီမင်းသည် သူတို့အပေါ် ကျေးဇူးတရားနှင့် တာ၀န်ရှိမှုကြောင့် ဆက်လက်နေရန် အဆိုပြုခဲ့သည်။ သူသည် စုန့်ချန်ရှုမှ ကူးစက်ခံရပြီဟု အတည်ပြုသမျှအားလုံးသည် အသွင်ကူးပြောင်းခြင်းအောက် ရောက်သွားခဲ့ကြသည်ကို သူ့မျက်လုံးများဖြင့် ကိုယ်တိုင်မြင်ခဲ့ရသော်လည်း သူတို့ရွှေ့ပေးခဲ့သော ဒဏ်ရာရလူနှစ်‌ယောက်သည် ကောင်းမွန်နေသည့်ပုံရ၏။ ဤလျှို့ဝှက်ဆန်းကျယ်သောအဖွဲ့အပေါ် သူ၏အမြင်သည် အဆင့်တစ်ဆင့်တိုးသွားခဲ့လေ၏။ 


လမ်း၌ အသွင်ပြောင်းဖုတ်ကောင်များကို ဖြေရှင်းပြီးနောက် လူအုပ်သည် အားကစားရုံဆီသို့ အခက်အခဲမရှိ ပြန်ရောက်သွားကြလေ၏။ အလယ်တွင် လူနှစ်ဦးဖြတ်လျှောက်သွားလောက်အောင်ကျယ်သည့် အလယ်လမ်းတစ်ခုစီဖြင့် နေရာများစွာကို ပိုင်းခြားထားခဲ့လေ၏။ အသက်ရှင်ကျန်သူများ အနားယူရန်အတွက် ‌ကြမ်းပြင်အား စောင်များဖြင့် ခင်းထားလေ၏။ 


စစ်တပ်သည် ဒီဇယ်ဂျင်နရေတာများကို တပ်ဆင်ပြီး အားကစားရုံကြီးအား အေးစေရန် လေအေးပေးစက်များဖွင့်ထားပြီး အပူချိန်သည် ယခုမှ ရောက်ရှိလာသော အသက်ရှင်ကျန်သူများကို သက်တောင့်သက်သာရှိစေ၏။ သူတို့သည် အလုပ်ရှုပ်နေကြသော စစ်သားများနှင့် အခြားအသက်ရှင်ကျန်သူများသည် ရောက်လာကြပြီး အားကစားရုံကြီး၌ ၀င်ထွက်သွားလာနေကြပြီး စိတ်အေးလက်အေးရှိနေကြသည်ကို မြင်လိုက်ကြရ၏။ သူတို့သည် စစ်သားများ၏လမ်းညွှန်မှုအရ သတ်မှတ်ထားသည့်နေရာများဆီသို့ အနားယူရန် သွားကြလေ၏။ 


စစ်သားများသည် သူတို့၏ ဗိုက်များကိုဖြည့်ရန် လူတိုင်းအား ပေါင်မုန့်၊ ၀က်ပေါင်ခြောက်၊ ၀က်အူချောင်းများနှင့် သောက်ရေများကို ပေးဝေခဲ့ကြ၏။ အသက်ရှင်ကျန်သူများသည် ရက်အတော်ကြာအောင် ကြောက်ရွံ့နေခဲ့ကြရ၏။ ယခုမူ နိုးကြားမှုအပြည့်နှင့် များပြားကြီးမားလှသော လက်နက်ကိုင်တပ်ဖွဲ့များ၏ ကာကွယ်မှုအောက်တွင် နောက်ဆုံး၌ သူတို့ လုံခြုံသည့်ခံစားချက်ကို ရခဲ့ကြလေသည်။ သူတို့တတ်နိုင်သလောက် စားသောက်ကြပြီးနောက် သူတို့ထဲမှ အများစုသည် လဲလျောင်းပြီး အိပ်စက်ကြလေ၏။ 


သူတို့ရောက်လာသည်မှာ အနည်းငယ်နောက်ကျခဲ့သော်လည်း တပ်မှူးသည် အနားယူရန် စစ်တပ်နှင့်အနီးဆုံး ခြားထားသည့်နံရံနားတွင် နေရာချန်ထားစေရန် ပြုလုပ်ပေးခဲ့သည်။ 


တခြား ရှာဖွေ ကယ်ဆယ်ရေးအဖွဲ့များသည် အချိန်နှင့်အမျှ ပြန်ရောက်လာကြသော်လည်း တစ်ဖွဲ့ချင်းစီသည် အသေအပျောက်များဖြင့်သာ ပြန်ရောက်လာခဲ့ကြသည်။ ဆယ့်နှစ်ဖွဲ့မြောက်အဖွဲ့သည် အကောင်းဆုံးကံရှိပြီး တစ်ဖွဲ့လုံးသည် လုံလုံခြုံခြုံဖြင့် မည်သည့်ဒဏ်ရာများမရဘဲ ပြန်ရောက်လာခဲ့သည်။ 


ဒဏ်ရာရသူများကို အားကစားရုံအနောက်ဘက်ရှိ အခန်းသို့ပို့ထားခဲ့ပြီး စစ်တပ်ဆေးဘက်ဆိုင်ရာ၀န်ထမ်းများက ဂရုစိုက်ပေးနေသည်။ 


မိုးလင်းဖို့သည် သိပ်မကြာတော့ချေ။ နောက်ဆုံး၌ သူတို့သည် နံရံအားမှီပြီးထိုင်နိုင်ကြပြီဖြစ်ကာ သူတို့၏မျက်လုံးများကို မှိတ်ထားချိန်တွင် ကျန့်ယွင်သည် ရုတ်တရက် သူတို့ဆီသို့လာနေသော ခြေသံများကို ကြားလိုက်ရလေ၏။ 


ကျန့်ယွင်ကြည့်လိုက်သောအခါ တပ်မှူးသည် စစ်သားများစွာခြံရံလျက် လူကိုယ်တိုင်လာနေသည်ကို တွေ့လိုက်ရ၏။ 


မတိုင်ခင်က ကျန်းရွှီကျိုးထံသို့ ကျန့်ယွင်နှင့် စုရွေ့ကျယ်အား ခေါ်ဆောင်သွားပေးသည့် တပ်မှူးကျန်းပင်ဖြစ်၏။ 


"တပ်မှူးကျန်း၊ ခင်ဗျားက ဒီကို ဘာလို့များလဲ"


"မနေ့ညက စစ်သားအများကြီး ဒဏ်ရာရခဲ့ကြတယ်၊ ပြီးတော့ ဒေါက်တာစုန့်ရဲ့ ဆေးပညာအရည်အချင်းက အရမ်းတော်တယ်လို့ ကျွန်တော်ကြားခဲ့ရတယ်။ သူ့မှာ သူတို့ကိုကူညီပေးဖို့ အချိန်ရှိမလား။ နောက်ထပ် ကျွန်တော် လူကြီးမင်းကျန့် နဲ့ လူကြီးမင်းစု တို့ကို ပြောစရာအချို့ရှိပါတယ် "


တပ်မှူးကျန်း၏ အသံသည် အလွန်ဖော်ရွေကာ လေးစားမှုအပြည့်ရှိ၏။ မထွက်ခွာမီ ကျန့်ယွင်နှင့် စုရွေ့ကျယ်အား စောင့်ကြည့်သင့်ကြောင်း ဗိုလ်ချုပ်ကျန်းမှ သူ့အား သတိပေးခဲ့၏။ 


ဆယ်ဖွဲ့မြောက်အဖွဲ့၏ခေါင်းဆောင် ကွမ်းဟုန်နှင့် ဆယ့်နှစ်ဖွဲ့မြောက်အဖွဲ့၏ခေါင်းဆောင် လီမင်းတို့၏ အစီရင်ခံစာများအရ ရဲစခန်းရှိ တိုက်ပွဲ၌ ကျန့်ယွင်၏အဖွဲ့မရှိပါက မည်သည့်အကျိုးဆက်များဖြစ်လာမည်ကို မသိနိုင်ခဲ့ချေ။ 


သူတို့အဖွဲ့၏ သန်မာမှုသည် သူတို့မှန်းဆထားသည်ထက် သေချာပေါက် ပိုသန်မာပေသည်။ သူတို့ထဲမှ တစ်ယောက်ဖြစ်သည့် ဒေါက်တာစုန့်သည် လူနာ၏အခြေအနေအရ ရောဂါပိုးကြောင့် တခြားသူသည် လုံး၀ဖျက်ဆီးခံလိုက်ရပြီး ဖြစ်မဖြစ်ကိုပင် ဆုံးဖြတ်ပေးနိုင်စွမ်းရှိ၏။ ထို့ကြောင့် သူသည် ဒဏ်ရာရသူများ၏ အခြေအနေအား အကဲဖြတ်ပေးဖို့ ကူညီ‌ပေးရန် သူအားမေးချင်ခဲ့သည်။ 


"ရတာပေါ့ "


ကျန့်ယွင်သည် ချန်းချီနှင့် ကျန်းရှို့လျန်တို့အား စကားအနည်းငယ်ပြောပြီး ဤနေရာတွင်နေကာ ချန်ကျောင်းနှင့် တခြားဒဏ်ရာရသူများကို စောင့်ကြည့်ရန်ပြောလိုက်၏။ ထို့နောက် စုရွေ့ကျယ်နှင့် စုန့်ချန်ရှုတို့နှင့်အတူ တပ်မှူး‌ကျန်းနောက်သို့လိုက်သွားလေ၏။ 


အားကစားရုံ၏ နားနေခန်းထဲတွင် ဒဏ်ရာရစစ်သား ဒါဇင်များစွာသည် ကြမ်းပေါ်တွင် လဲလျောင်းနေကြကာ သူတို့အားလုံးသည် အဖျားတက်ခြင်း၊ တက်ခြင်း နှင့် အသားအရေနီမြန်းခြင်းများကို ခဏပြီး ခဏ ခံစားနေရ၏။ ဆေးဘက်ဆိုင်ရာစစ်သားများသည် သူတို့၏ ဒဏ်ရာများကို သန့်ရှင်းပြီး ပတ်တီးစီးပေးထားပြီးဖြစ်သော်လည်း အခြားမည့်သည့်အရာမှ ပိုမလုပ်နိုင်ခဲ့ကြချေ။ သူတို့သည် သာမာန်အအေးမိဖျားနာခြင်းထက် ဖုတ်ကောင်ရောဂါပိုး ကူးစက်ခံရခြင်းကြောင့် ဖျားနာနေကြခြင်းဖြစ်ကာ သာမာန်ဆေးဝါးများဖြင့် ကုသပေး၍မရချေ။ 


ဖုတ်ကောင်ရောဂါပိုးသည် 100% အချိန်ပြည့် အသွင်ပြောင်းခြင်းမဖြစ်စေဘဲ 30% လောက်သည် စွမ်းအားရှင်တစ်‌ယောက်အဖြစ် နိုးထလာနိုင်သည့်အခွင့်အရေးရှိကြောင်း သိရှိဖို့ရန် သိပ်မကြာတော့ချေ။ 


ဖုတ်ကောင်ရုပ်ရှင်များနှင့် ၀တ္ထုများ ကြည့်ရှု ဖတ်ရှုဖူးသူ အများစုသည် ရောဂါပိုးကူးစက်ခံရပြီးနောက် သေချာပေါက် သေဆုံးရမည်ဖြစ်ပြီး ၎င်းသည် မလိုအပ်သော စွန့်လွှတ်အနစ်နာခံမှုများဦးတည်နေသည်ဟု ယူဆကြသည်။ သို့သော် တူညီသည့်အခန်းထဲတွင် ဒဏ်ရာရသူများနှင့်နေရသည်မှာ အလွန်အန္တရာယ်များပြီး မည်သူက ဗီဇပြောင်းနိုင်သည်၊ မည်သူက မပြောင်းနိုင်ဟု မပြောနိုင်ကြချေ။ ဗီဇမပြောင်းနိုင်သည့် သူများကိုလည်း ပြောင်းသွားနိုင်မည့်သူများ၏ အနီးနားတွင်ထားရန်ကလည်း အလွန်အန္တရာယ်များလေ၏။ 


စစ်တပ်၏ ဖြေရှင်းနည်းကတော့ လူများအား တစ်ယောက်ချင်း ကြည့်ရှုရန်ဖြစ်၏။ ဒဏ်ရာရလူတိုင်းအား စစ်သားတစ်ယောက်မှ စောင့်ကြပ်နေခဲ့ကြ၏။ အကယ်၍ တစ်စုံတစ်ယောက်သာ ဗီဇပြောင်းသွားခဲ့ပါက ပုခက်ထဲမှာပင် လည်ပစ်ညစ်ခံရမည့် အန္တရာယ်ရှိသည်ပင်။ သို့သော် ၎င်းသည် စစ်တပ်အထောက်အပံ့ရင်းမြစ်များကို ကြီးမားသည့်ဖြုန်းတီးမှုဖြစ်စေသည်။ အကယ်၍ ဒေါက်တာစုန့်သာ ဆေးဘက်ဆိုင်ရာ၀န်ထမ်းများအား ကူးစက်မှုကို မည်သို့ ခွဲခြားသတ်မှတ်ရမည်အား ပြသပေးနိုင်ပါက ဖြေရှင်းဖို့ရန် ပိုပြီး လွယ်ကူပေလိမ့်မည်။ 


စုန့်ချန်ရှုသည် မည်သည့်အရာကိုမှ မဖုန်းကွယ်ထားခဲ့ချေ။ သူသည် သူတို့၏မျက်လုံးများ၏ပြောင်းလဲမှုကြောင့် ကူးစက်ခံရသည့်လူများအား မည်သို့ဆုံးဖြတ်ပြီး သိခဲ့သည်ကို ဆေးဘက်ဆိုင်ရာစစ်သားများအားပြောပြခဲ့၏။ ရောဂါပိုးအား တိုက်ခိုက်နေဆဲဖြစ်သည့်လူများအဖို့ ပြဿနာလုံး၀မရှိနိုင်သော်လည်း သူတို့သည် ဗီဇပြောင်းနိုင်နေဆဲဖြစ်သည်။ ထို့ကြောင့် သူတို့အား ပုံမှန် စမ်းသပ်စစ်ဆေးပေးခြင်းသည် ပိုကောင်းပေလိမ့်မည်။ 


အသီးအရွက်နှင့် သစ်သီးဖျော်ရည်သည် ဒဏ်ရာရသူများအား သူတို့၏ ရောဂါပိုးခုခံနိုင်စွမ်းအား တိုးမြှင့်ပေးရန် ကူညီပေးနိုင်သည့် အချက်ကိုတော့ ကျန့်ယွင်နှင့် စုရွေ့ကျယ်သည် ကျန်းရွှီကျိုးအား ပြောပြခဲ့ပြီးဖြစ်ကာ စစ်တပ်သည် ထိုအကြောင်းသိရှိပြီးဖြစ်သဖြင့် ဆေးဝါးပညာရှင်များသည် ဒဏ်ရာရသူများအား တိုက်ခဲ့ပြီးဖြစ်လေ၏။ သို့သော် စုရွေ့ကျယ်နှင့်မတူဘဲ သူတို့သည် နေရာလွတ်တစ်ခုလုံးရှိ အပင်များကဲ့သို့ ရွေးချယ်စရာ မရှိကြချေ။ 


သူတို့သည် စတိုးဆိုင်များမှ ရရှိခဲ့သော အသီးအရွက်နှင့် ‌အသီးအနှံ‌များကို အသုံးပြုခဲ့ကြသည်။ ဖျော်ရည်များကို နေ့ရက်များစွာ တိုက်ခဲ့ပြီးနောက် သူတို့၏ ထုတ်လုပ်ပေးနိုင်ဖို့ ရွေးချယ်မှုသည် အကန့်အသတ်ဖြစ်လာ၏။ စားလို့ရသည့် အသီးများနှင့် အစိမ်းရောင်ဟင်းရွက်များဖြစ်သ၍ သူတို့သည် ကြက်ဟင်းခါးသီး၊ သခွားသီး၊ ခဝဲသီး၊တရုတ်နံနံပင်၊ ချယ်ရီသီးများ၊ ကီဝီသီးများ၊ ဖရဲသီး၊ သခွားမွှေး၊ စသည့်အရာများ တစ်ခုချင်းစီကို အတူတကွ ရောကာ ဖျော်ရည်စက်ထဲသို့ ပစ်ထည့်လိုက်ကြသည်။ 


အသီးနှင့် အရွက် ရောထားသောဖျော်ရည်၏ အရောင်နှင့် အရသာသည် တုန်လှုပ်ဖွယ်ပင်။ 


ပြင်းထန်သောအဖျားကိုသာ ကျေးဇူးတင်ရမည်။ ဒဏ်ရာရထားသူများသည် သတိမရှိနေကြချေ။ နို့မဟုတ်လျှင် သူတို့အား တိုက်လိုက်သည်နှင့် တန်း၍ ပြန်ထွေးထုတ်ကြလိမ့်မည်။ 


စစ်သားများ၏ အခြေအနေသည် သာမာန်လူများထက် သန်မာ၍ဖြစ်နိုင်သည်။ အသီးအရွက်ဖျော်ရည်အား သောက်လိုက်ပြီးနောက် သူတို့ထဲမှ အများစုသည် အတော်လေး တည်ငြိမ်လာကြလေပြီး၊ အနည်းငယ်လောက်ကသာ ဗီဇပြောင်းမည့် လက္ခဏာများ ပြလာလေ၏။ 


ဒဏ်ရာရသူများအား စုန့်ချန်ရှု၏စောင့်ရှောက်မှုဖြင့် ထားခဲ့၏။ တပ်မှုးကျန်းသည် ကျန့်ယွင်နှင့် စုရွေ့ကျယ်တို့အား တခြားနားနေခန်းထဲသို့ ဦးဆောင်ခေါ်သွားလေ၏။ 


"ကျေးဇူးပြုပြီး ထိုင်ကြပါ" 


တပ်မှုးကျန်းသည် သူတို့နှစ်ယောက်အား ထိုင်ရန် ဖိတ်ခေါ်ပြီးနောက် သူသည် လိုရင်းတိုရှင်း တည့်တည့်ပင် မေးလာ၏။ 


"ကွမ်းဟုန်နဲ့ လီမင်းတို့က သူတို့ရဲ့ အစီရင်ခံစာတွေမှာ မင်းတို့က ဖုတ်ကောင်တွေကိုရှင်းလင်းတဲ့အချိန်တုန်းက အနီရောင်ဖောက်ခွဲပစ္စည်းတွေကိုအသုံးပြုခဲ့တယ်လို့ ဖော်ပြထားတယ်။ ငါမေးချင်တာက အဲ့ဒါက မင်းရဲ့ လက်နက်ပြောင်းထားတဲ့အပင်တွေပဲလား "


"ဟုတ်ပါတယ် "


စုရွေ့ကျယ်သည် ပျော်ပျော်ရွှင်ရွှင်ပဲ ၎င်းအား အတည်ပြုလာလေ၏။ 


"ရှာဖွေကယ်ဆယ်ရေး မတိုင်ခင်က ကျွန်တော်တို့ မိသားစုတစ်စုရဲ့အိမ်မှာ ချယ်ရီသီးတွေရှာတွေ့ခဲ့ပြီး အဲ့ဒါတွေက အခုထိ မပုပ်ကြသေးလို့ ကျွန်တော် အဲ့ဒါတွေကို ချယ်ရီဗုံးအဖြစ်ပြောင်းလိုက်တာ။ ဒါပေမယ့် ကျွန်တော်တို့ အဲ့ဒါတွေအားလုံးကို အရင်တိုက်ပွဲမှာ သုံးလိုက်ပြီ။ "


"စိတ်မရှိပါနဲ့ ၊ စိတ်မရှိပါနဲ့ "


တပ်မှူးကျန်း၏ မျက်လုံးများသည် သူမေးလာသည့်အချိန်‌တွင် တောက်ပလာကာ "ကျွန်တော်သိချင်မိတာက လူကြီးမင်းစုက ဘယ်အပင်မဆို လက်နက်လုပ်နိုင်လား "


"အဲ့ဒါက..."


စုရွေ့ကျယ်သည် ရှက်ရွံ့မှုတချို့နှင့် တပ်မှူးကျန်းအားကြည့်လိုက်၏။ 


"လုံး၀ရိုးရိုးသားသားပြောရရင် တပ်မှူးကျန်း ကျွန်တော့်မှာ ဒီစွမ်းရည်ရှိတာ အချိန်မကြာသေးဘူး။ ပြီးတော့ ကျွန်တော် ဘယ်လိုအသုံးပြုရမယ်ဆိုတာ အပြည့်အ၀နားမလည်သေးဘူး။ ထပ်ပြောရရင် အပင်တွေ ရဖို့က အကန့်အသတ်ရှိတယ်လေ။ လက်ရှိအချိန်အထိတော့ ကျွန်တော်က ပဲစေ့တွေ ချယ်ရီသီး၊ ငရုပ်သီးနဲ့ အာလူး အပင်လေးမျိုးကိုသာ ပြောင်းလဲခဲ့ရသေးတာ၊" 


"အာလူးတွေလား၊ အာလူးတွေကို ဘာအဖြစ်ပြောင်းလဲနိုင်ခဲ့တာလဲ"


တပ်မှူးကျန်း၏ စိတ်ဝိညာဉ်သည် တက်ကြွလာလေ၏။ သူတို့၏ ရှာဖွေမှုများမှ အာလူးများစွာကို ပြန်လည်ရရှိခဲ့သည်။ 


"အာလူးတွေကို မြေမြှုပ်မိုင်းတွေအဖြစ်ပြောင်းလဲနိုင်ခဲ့တာပါ။ သူတို့ကို မြေကြီးထဲမှု မြှုပ်ထားပြီး ဖုတ်ကောင်တွေ အဲ့အပေါ်ကဖြတ်လျှောက်ချိန်မှာ အဲ့ဒါတွေ ပေါက်ကွဲလိမ့်မယ်"


တပ်မှူးကျန်းသည် ခဏလောက် တွေးတောလိုက်ပြီး ထို မြေမြှုပ်မိုင်းများသည် အကန့်အသတ်သာ အသုံးပြုနိုင်ကြောင်း ဆုံးဖြတ်ချက်ချလိုက်၏။ သူတို့အား ဗုံးများ ကျည်ဆန်များကဲ့သို့ စွယ်စုံအသုံးပြုနိုင်လိမ့်မည်မဟုတ်ချေ။ 


သူသည် စစ်သားတစ်ယောက်အား ခေါ်လိုက်ပြီး ဂိုထောင်ထဲတွင် ငရုပ်သီးများရှိမရှိကို သွားကြည့်ရန် ပြောလိုက်ပြီး ရှိပါက တချို့အားယူခဲ့ရန် ပြောလိုက်၏။ 


"Aမြို့က စစ်သားတစ်ယောက် ကျွန်တော်တို့အဖွဲ့ထဲမှာ ရှိတယ်လေ။ သူပြောတာကတော့ ဒီနေရာနဲ့ အနီးနားမှာ လယ်သမားဈေးကြီးတစ်ခုရှိတယ်တဲ့။ အဲ့မှာတော့ အသီးအရွက်နဲ့ အသီးအနှံတွေ အများကြီးရှိရမယ်။ မြို့ထဲမှာ မနက်ဖြန်ညနေ နောက်ဆုံးရှာဖွေ ကယ်ဆယ်ရေး သွားတဲ့အချိန်ကျရင် အဲ့ဈေးကို အဖွဲ့နှစ်ဖွဲ့ လွှတ်လိုက်မယ်။ မင်းတို့နှစ်ယောက် သွားဖို့ စိတ်၀င်စားကြလား " 


တပ်မှူးကျန်း၏ ဆုံးဖြတ်ချက်အတွက် အကြောင်းပြချက်နှစ်ခုရှိပြီး တစ်ခုကတော့ ရောဂါပိုးများကို ဟင်းသီးဟင်းရွက်များနှင့် အသီးအနှံများဖြင့် ကုသဖို့အတွက်ဖြစ်ပြီး တခြားတစ်ခုကတော့ အချို့အပင်များအား လက်နက်ပြောင်းဖို့ စုရွေ့ကျယ်အား မေးရန်ဖြစ်၏။ မစ်ရှင်၏ လုံခြုံရေးအား တိုးမြှင့်ပေးနိုင်ရုံသာမက ၎င်းတို့အား သုတေသနအတွက် အခြေစိုက်စခန်းသို့ပြန်ယူလာနိုင်စေရန်ဖြစ်၏။ 


ကျန့်ယွင်နှင့် စုရွေ့ကျယ်တို့ တစ်ဦးနှင့်တစ်ဦးကြည့်လိုက်ကြပြီးနောက် သွားဖို့ရန် သဘောတူလိုက်ကြ၏။ 


"ဒါပေါ့ဗျာ "


သူတို့ဘာများ လုပ်နိုင်မှာလဲ။ သူတို့ငြင်းဆန်၍မရချေ။ ထို့အပြင် သူတို့သည် စတုတ္ထမြောက်စစ်တပ်နှင့် ကောင်းမွန်သောဆက်ဆံရေးကို ထိန်းသိမ်းဖို့လည်း မျှော်လင့်ခဲ့ကြသေးသည်။ သူတို့သည် နောက်ဆုံးမှာတော့ တောင်ပိုင်းစစ်ဌာနချုပ်မှ တည်ထောင်ထားသော အခြေစိုက်စခန်းတွင် နေချင်ကြသည်။ 


ထိုအချိန်၌ စစ်သားသည် သွားယူလာသော ငရုပ်ပွသီးများကို လာပို့လေ၏။ သူ့လက်ထဲတွင် ငရုပ်သီးခြောက် လေးငါးတောင့်ခန့်ရှိလေ၏။ သူသည် ရှက်ကိုးရှက်ကန်းဖြစ်နေပုံရပြီး "ခေါင်းဆောင် ဒါတွေ သုံးလို့ ရနိုင်မလားဗျ "


တပ်မှူးကျန်း မျက်လုံးများသည် စုရွေ့ကျယ်ထံသို့ စိုက်ကြည့်လာလေ၏။ 


စုရွေ့ကျယ်သည် ထိုအရာများကိုကြည့်လိုက်ပြီး သူအနေဖြင့် မသေချာချေ။ 


"ကျွန်တော်အရင်ဆုံး ကြိုးစားကြည့်ပါရစေ " ဟုသာ ပြောနိုင်လေ၏။ 


သူသည် ငရုပ်သီးများကို ဘယ်ဘက်လက်ထဲတွင်ကိုင်ပြီး လက်နက်များအဖြစ်ပြောင်းရန် တိုက်တွန်းလိုက်၏။ တစ်ခဏမှာပဲ ငရုပ်သီးများသည် အနီရောင် လက်ပစ်ဗုံးများနှင့် ခဲယမ်းများအဖြစ်ပြောင်းသွားလေ၏။ 


တပ်မှူးကျန်းသည် အလွန်၀မ်းမြောက်သွားပြီး သူသည် လူများအား ငရုပ်သီး လက်ပစ်ဗုံးနှင့် ခဲယမ်းများကို သိမ်းထားရန် အမိန့်ပေးလိုက်၏။ သူသည် မနက်ဖြန်၌ ဤအရာလေးများ၏ စွမ်းအားကို ဖုတ်ကောင်များနှင့် စမ်းသပ်ရန်အတွက် လူနှစ်ယောက်ကို သူနှင့်အ‌တူခေါ်သွားရန် တွေးနေခဲ့၏။ ကျန်သည့်အရာများကို သူအခြေစိုက်စခန်းသို့ပြန်ရောက်လာချိန်တွင် သုတေသန၌အသုံးပြုရန် ဗိုလ်ချုပ်ကျန်း ဆီသို့ ပြန်ယူလာလိမ့်မည်။ 


စာရေးသူတွင် ပြောစရာရှိပါတယ်။ 


【လမ်းမပေါ်က ပြဇာတ်ငယ်လေး 】


ကျန့်ရှောင်ယွင် : စိုးရိမ်နေ။ ကျန့်ကျားဟယ်၊ ဟင်းသီးဟင်းရွက်‌ဖျော်ရည် နှစ်ခွက်။


ကျန့်ကျားဟယ် : ကောင်းပြီ၊ ချက်ချင်းရမယ် ( အသီးများနှင့် အရွက်များကို ပေါ့ပေါ့ပါးပါး ဆုပ်ကိုင်ပြီး ဖျော်ရည်ညစ်လိုက်)


လူအုပ်ကြီးသည် ခြေတစ်လှမ်း နောက်ဆုတ်လိုက် : ဟေး....


ကျန့်ကျားဟယ် ချန်းကျောင်းကို မလိုက် : အလှလေး၊ လာပါ၊ အသီးအရွက်ဖျော်ရည်ကိုသောက်လိုက်၊ အဲ့ဒါက အာဟာရရှိတယ်။ သောက်ပြီး‌နောက် ပိုပြီး သက်တောင့်သက်သာဖြစ်လာပြီး ပိုကောင်းလာသလိုခံစားရ! 


ချန်းကျောင်း၏ ပြင်းထန်လှသော ရုန်ကန်မှုသည် တစ်စုံတစ်ခုအား ခုခံနေသည့်ပုံရ၏။ 


ချန်းချီ : ဒီလူငယ်လေး၊ မင်းရဲ့လက်တွေက ဘာလုပ်နေတာလဲ။ 


ကျန့်ကျားဟယ် : အို့၊ ကျွန်တော့လက်တွေ ဖျော်ရည်ညစ်တုန်းက ပေသွားလို့။ ကျွန်တော် မိန်းမလှလေးရဲ့ အ၀တ်အစားဆွေကို သုတ်ဖို့ ငှားချင်လို့။ 


ချန်းချီ : ဘယ်သူက မင်းကို ငါ့ညီမရဲ့အ၀တ်အစားနဲ့ သုတ်ခွင့်ပေးလို့တုန်း။ မင်းရဲ့လက်တွေကိုသုတ်ပြီး ငါ့ညီမကို မင်းလက်ထဲထားမှာလား။ မင်းလက်တွေကို ဘယ်လိုသုတ်နိုင်ပြီး သူမမျက်နှာကို ဆက်ထိနေနိုင်တာလဲကွ။ မင်းကတော့ သန်မာတဲ့ အိုတာကုအခြေအနေကို ထုတ်ဖော်ပြပြီးနေပြီပဲ၊ သောက်ရူးညီလေး၊ မင်းကတော့ ဘယ်တော့မှ ငါ့ယောက်ဖဖြစ်လာနိုင်မှာမဟုတ်ဘူး။


ကျန့်ကျားဟယ် : အိုတာကုက ဘာမှားနေလို့လဲ။အိုတာကု ဦးနှောက်က ကြီးတယ်နော်။ 


ကမ္ဘာကြီး၏ထောင့်နားလေးတွင် မေ့လျော့ခံထားရသော အခြားဒဏ်ရာရလူနာလေး : အသီးအရွက်ဖျော်ရည်၊ အ၀တ်အစား ဒါမှမဟုတ် လက်သုတ်နေတာလား၊ လာပြီး ငါ့ကိုကယ်ပါအုံး၊ ဒါမှမဟုတ် ငါ မင်းတို့ကိုပြဖို့ ဖုတ်ကောင်ဘုရင်တစ်ယောက်ဖြစ်လာမယ်၊ အာ ဟေး။