အခန်း(၅၄)《လယ်သမားဈေး》
Author: Drunken Light Song
Source: Jostena M
Editors: Callis, Dragon, playerprophet, Shirubame
Translator: オタク
LED နေကြာပန်းမီးအိမ်၏ အကျိုးသက်ရောက်မှုသည် အံ့ဩဖွယ်ကောင်းပါသော်လည်း မျက်စိဖမ်းစားနေဆဲဖြစ်သဖြင့် ဆွေးနွေးတိုင်ပင်ကြပြီးနောက် သူတို့သည် သတင်းအား ယာယီဖုံးကွယ်ထားရန် ဆုံးဖြတ်ခဲ့ကြသည်။ ထိုအစား ပြောင်းဖူးကျည်ဆန်များနှင့် ပြောင်းဖူးဗုံးများ၏သတင်းကို တမ်မှူးကျန်းအား ဝေမျှခဲ့လေသည်။ ပြောင်းဖူးသည် ပဲစေ့များထက်ရှာရလွယ်ကူပြီး စုရွေ့ကျယ်သည် ကယ်ဆယ်ရေးအဖွဲ့များ အသုံးပြုနိုင်ရန် ပိုများသောပြောင်းဖူးကျည်ဆန်များကို ပြောင်းလဲပေးနိုင်လိမ့်မည်။
ကျန့်ယွင်နှင့် စုရွေ့ကျယ်တို့သည် ပြောင်းဖူးများကိုလည်း လက်နက်အဖြစ်ပြုလုပ်နိုင်မည်ဟု သတင်းပါးရန် သူ့အားတွေ့ချင်ခဲ့ကြသည်။ အသေအချာကိုပင် တပ်ခွဲမှူးကျန်းသည် ချက်ချင်းပင် လူများအား ပြောင်းဖူးအိတ်ကြီးတစ်အိတ်ကို ဆွဲယူလာရန် အမိန့်ပေးလိုက်ပြီး စုရွေ့ကျယ်အား ၎င်းတို့အား လက်နက်အဖြစ်ပြောင်းရန် ကူညီစေ၏။
သို့သော်လည်း စုရွေ့ကျယ်သည် တစ်ကြိမ်တွင် ပြောင်းစေ့ဆယ်ခု၀န်ကျင်လောက်သာ ပြောင်းလဲပေးနိုင်ခဲ့ပြီး သူသည် မူးဝေပြီးရင်း မူးဝေလာကာ စွမ်းအင် အလွန်အကျွံသုံးစွဲခြင်း၏ လက္ခဏာတစ်ခုပင်ဖြစ်လေ၏။ ပြောင်းစေ့များကို လက်နက်ပြောင်းလဲခြင်းသည် ပဲစေ့များပြောင်းလဲခြင်းထက် ပိုသုံးစွဲခဲ့ရ၏။
တပ်ခွဲမှူးကျန်းသည် ပြောင်းလဲခဲ့ပြီးသော ပြောင်းစေ့ကျည်ဆန်များကို ရေတွက်ကြည့်ခဲ့ရာ ပြောင်းစေ့ကျည်ဆန်အခုတစ်ထောင်နီးပါးနှင့် ပြောင်းဖူးဗုံးဆယ်လုံးရှိလေ၏။ သူသည် လောဘမကြီးခဲ့ပါချေ။ သူသည် ချက်ချင်းပင် စုရွေ့ကျယ်အား ပြန်နားရန် ခွင့်ပြုလိုက်သည်။ သူတို့သည် ဤအပင်မှပြောင်းလဲထားသောလက်နက်များကို သူတို့၏ယနေ့ညရှင်းလင်းရေးတွင် အသုံးပြုနိုင်သည်။
မနက် ဆယ်နာရီ၀န်းကျင်တွင် စစ်သားများသည် အိုးကြီးများစွာကိုဖိုကြကာ စတင်ချက်ပြုတ်ကြလေ၏။ သူတို့သည် ဂျုံမှုန့်များစွာနှင့် အာလူးများကိုရှာတွေ့ခဲ့ကြပြီး ဤတစ်နပ်ကတော့ ပါးပါးလှီးထားသော အာလူးများ နှင့် လုပ်ထားသောပန်ကိတ်များဖြစ်သည်။ အသက်ရှင်ကျန်သူတိုင်းသည် အနည်းဆုံး ပန်ကိတ်သုံးချပ်ပါ တစ်ပန်းကန် သို့မဟုတ် နှစ်ပန်းကန်ရရှိကြလေပြီး အတော်လေးကောင်းမွန်သည်ဟုယူဆနိုင်သည်။
ကျန့်ယွင်နှင့်အခြားသူများသည်လည်း ပန်ကိတ်ပူပူနွေးနွေးများကို သွားယူကာ စားကြလေ၏။ ဆီ သို့မဟုတ် ရေ မပါရှိသော်လည်း အာလူးများကို အလွန်ကောင်းမွန်စွာ ကြော်ထားခဲ့လေ၏။ ကြွပ်ရွပြီး မွှေးကြိုင်နေသော ပေါင်မုန့်ထဲတွင် ကြွပ်ရွပြီး လေးပင်သောအာလူးများကို ဌာပနာသွပ်ထားသည်မှာ အရသာရှိလှ၏။
စားသောက်နေစဉ် လူများစွာသည် စကားစမြည်လည်းပြောဆိုနေကြ၏။ ချန်းချီသည် အလွန်စကားများသောလူတစ်ယောက်ဖြစ်ကာ စုရွေ့ကျယ်သည် သူနှင့်ကျန့်ယွင်တို့၏ ရယ်စရာကောင်းသော ငယ်ဘ၀ဟာသများကို လေ့လာခဲ့ရသည်။ ကျန့်ယွင်သည် ယခု 1.9 မီတာအရပ်ရှည်ပြီး ၀မ်းဗိုက်ကြွက်သားရှစ်ခုနှင့် ကြံ့ခိုင်သောပေါင်တံတို့နှင့် ချောမောခန့်ငြား သော်လည်း သူသည် ငယ်စဉ်က အရပ်ပုကာ ၀ပြီး မကြာခဏအနိုင်ကျင့်ခံခဲ့ရသည်။ နောက်ပိုင်း၌ သူသည် ကြိုးစားအားထုတ်မှုအနည်းငယ်ဖြင့် ပြောင်းပြန်လှန်ပစ်နိုင်ခဲ့သည်။
ကျန့်ယွင်သည် ချန်းချီ၏ စကားများသောပါးစပ်အား ချုပ်ပစ်ချင်နေခဲ့ပြီဖြစ်၏။ ဘယ်လိုတောင် ဂရုမစိုက်တဲ့ သူငယ်ချင်းလဲ။
အချိန်အကြာကြီးအိပ်ပျော်နေခဲ့သူ ချန်းကျောင်းသည် နောက်ဆုံး၌ သူမ၏မျက်လုံးများ ပွင့်လာခဲ့လေ၏။
ချန်းကျောင်းသည် ချန်းချီနှင့် အတော်လေးဆင်တူ၏။ နဂါးနှင့် ဖီးနစ်အမွှာများပင်။ ချန်းချီသည် ချန်းကျောင်းထက် ဆယ့်ငါးမိနစ်စော၍ မွေးခဲ့ခြင်းဖြစ်၏။ ချန်းချီ၏ အသွင်အပြင်သည် အလွန်ခန့်ငြားချောမောသည့်အမျိုးအစားဖြစ်ပြီး ချန်းကျောင်းသည် အလွန်လှပသောအမျိုးအစားဖြစ်၏။ မည်သို့ပင်ဆိုစေကာမူ မောင်နှမနှစ်ယောက်စလုံးသည် အလွန်ထူးချွန်သူများပင်ဖြစ်ကြ၏။
ချန်းချီ၏ပုံစံသည် ကျန့်ယွင်၏ ပလေးဘွိုင်းပုံစံထက် များစွာမဆိုးလှချေ။ ချန်းကျောင်း၏ 1.75 မီတာကတော့ မိန်းကလေးများကြားထဲတွင်ရပ်လိုက်ပါက လုံး၀ပေါ်လွင်ပေသည်။ ထို့အပြင် သူမတွင် ခါးသွယ်သွယ်လေး၊ လှိုင်းတွန့်ဆံပင်ရှည်ကြီးနှင့် လှပသောအသွင်အပြင်ငါးရပ်လည်း ရှိသေး၏။ သူမ၏ မျက်လုံးများသည် တောက်ပနေသော ကြယ်လေးများကဲ့သို့ပင်။ သူမသည် နတ်ဘုရားမတစ်ယောက်ကဲ့သို့ဖြစ်ပြီး အိုတာကုတစ်ယောက်ဖြစ်သော ကျန့်ကျားဟယ်ကိုပင် ရပ်တည်ရန်မတတ်နိုင်အောင် လုပ်နိုင်ချေ၏။
သို့သော်လည်း...၎င်းသည် အသွင်အပြင်တစ်ခုသာဖြစ်၏။
“လာစမ်းပါ၊ ဒီအဘွားကြီး သေလောက်အောင်ငတ်နေပြီ၊ ဘာလို့အရမ်းမွှေးနေတာလဲ။ ”
ထိုစကားလုံးကြမ်းများသည် လူများအား လန့်သွားစေ၏။
ချန်းချီသည် စားသောက်ရင်း အလုပ်ရှုပ်နေသော်လည်း ချန်းကျောင်းသည် ၎င်းအားဆွဲယူလိုက်သောအခါ အာလူးပန်ကိတ်အလုပ်အနည်းငယ်ကိုသာ စားလိုက်ရလေ၏။
“အား၊ ငါ့ပန်ကိတ်”
ချန်းချီသည် စိတ်ဆင်းရဲစွာ ဟစ်အော်လိုက်ပြီး ချန်းကျောင်းဆီသို့ ပြေးသွားလေ၏။ လူချောလေးနှင့် မိန်းမလှလေးတို့သည် ပန်ကိတ်တစ်ခုအတွက် လုံးထွေးနေကြပြီး မျက်နှာများ ဆုံးရှုံးကုန်ကြလေတော့သည်။
ကျန့်ယွင်သည် စုတ်သပ်လိုက်ပြီး ရှင်းပြလာသည်မှာ “ကောင်းပြီ၊ ချန်းမိသားစုက စစ်တပ်နဲ့ နိုင်ငံရေးမိသားစုတစ်ခုပဲ၊ မောင်နှမတွေက ငယ်ငယ်ကတည်းက စစ်တန်းလျားတွေဆီမှာပဲ ကြီးပြင်းလာခဲ့ကြတာ.. သူတို့က နည်းနည်းတော့ ကြမ်းတယ်...”
အဲ့ဒါက နည်းနည်းလေးကြမ်းတမ်းတာမဟုတ်ဘူး၊ ကြမ်းတမ်းတာ၊ အိုခေ ။
အစ်ကိုနှင့်ညီမသည် သူတို့တိုက်ခိုက်မှုပြီးဆုံးသွားပြီး သနားစရာအာလူးပန်ကိတ်ကို ခွဲဝေလိုက်၏။ သူတို့သည် နောက်ဆုံး၌ ပြင်းထန်လာခဲ့သည်။
“ကျန့်ကော ”
ချန်းကျောင်းသည် ကျန့်ယွင်ကိုမြင်သည်နှင့် ချက်ချင်း လှပသောအပြုံးလေးတစ်ခုကို ပြလာလေ၏။ သူမသည် သူမ၏လက်များကို ဖွင့်ဟ၍ သူ့ဆီသို့ပြေးလာပြီး သူ့အား ပွေ့ဖက်မှုကြီးတစ်ခုပေးရန် ကြိုးစားလေ၏။
“အာ၊ အာ ၊အာ ငါ့ဇနီးလေးက ဒီမှာ ရှိနေတုန်းပဲ”
ကျန့်ယွင်သည် လက်ဆန့်ကာ သူမကို တားလိုက်ပြီး ပြောလိုက်၏။ တစ်ခါလောက်ပွေ့ဖက်ခြင်းသည် အဆင်ပြေပါ၏။ သူကအမြဲတမ်း ချန်းကျောင်း၏ အစ်ကိုတစ်ယောက်ပင် ဖြစ်ခဲ့၏။ သို့သော် ယခုမူ သူ့ချစ်သူလေးက အနားတွင်ရှိပြီး အလွယ်တကူ နားလည်မှုလွဲစေနိုင်သည့် တစ်စုံတစ်ခု သူ မလုပ်နိုင်ပေ။
ထိုမှသာ ချန်းကျောင်းသည် ကျန့်ယွင်ဘေးတွင်ရပ်နေသော စုရွေ့ကျယ်အား တွေ့လိုက်လေပြီး သူမ၏မျက်လုံးများ ကျယ်သွားလေ၏။
“ဝေါင်း၊ ဒါက နင့်ရဲ့ ဇနီးလေးလား။ ဘယ်လောက်ချစ်စရာကောင်းလိုက်သလဲ ”
သူမသည် ပြောပြီး မှင်သက်နေသောမျက်နှာနှင့် စုရွေ့ကျယ်၏ ကလေးအဆီများနှင့် မျက်နှာလေးအား ဖျစ်လိုက်လေ၏။
“ကောင်းလိုက်တဲ့အသားအရေ၊ ဖျစ်လို့ကောင်းလိုက်တာ အိုး”
စုရွေ့ကျယ် :....
ကျန့်ယွင်၏မျက်နှာသည် တစ်ခါတည်း မဲမှောင်သွားလေကာ သူ့ဇနီးလေး၏မျက်နှာပေါ်ရှိ သူမ၏လက်သည်းများကို ဆုတ်ဖြဲလိုက်လေ၏။
“သွားစမ်း၊ ထပ်လုပ်ကြည့် ငါနင့်ရဲ့ လက်သည်းတွေကို ညှပ်ပစ်လိုက်မယ် ”
ချန်းကျောင်းသည် နှုတ်ခမ်းစူလိုက်ကာ “နင်ဘာလို့အရမ်းကြောက်စရာကောင်းနေတာလဲ ဟမ် ”
အစ်ကိုနှင့် ညီမတို့အုပ်စု လှည့်ပတ်ကစားခြင်း နောက်ဆုံး၌ ရပ်တန့်သွားသောအခါ ကျန့်ယွင်သည် ချန်းကျောင်းအား သူမနိုးထလာခဲ့သည့်စွမ်းအားအကြောင်း မေးရန် အခွင့်အရေးရတော့၏။
“စွမ်းအား။ အဲ့ဒါဘာလဲ၊ ငါစားလို့ရလား ”
ချန်းကျောင်းသည် ပဟေဠိဖြစ်နေသောမျက်နှာနှင့် မေးလာလေ၏။
ကမ္ဘာပျက်ကပ်မတိုင်ခင်က ကျန့်ယွင်သည် ချန်းချီနှင့် ချန်းကျောင်းကို ဖုန်းခေါ်ပြီး Aမြို့၌ လုံခြုံသောနေရာတစ်ခုရှာပြီး အစားအစာများ ပို၀ယ်ထားရန် ပြောခဲ့၏။ နှစ်ယောက်သားသည် နာနာခံခံဖြင့် တိုက်ခန်းငယ်လေးတစ်ခုကို ရှာတွေ့ခဲ့ပြီး စူပါမားကတ်လေးဆီသို့ အစားအစာတစ်ထုပ်ကြီးနှင့် သောက်စရာများကို၀ယ်ရန် အောက်ထပ်သို့ဆင်းသွားခဲ့ကြပြီး သူများဆိုင်လေးများကို အပြောင်ရှင်းလုနီးပါးပင် ဖြစ်ခဲ့၏။
ကမ္ဘာပျက်ကပ်ကြီး ပေါက်ကွဲလာပြီးနောက် သူတို့နှစ်ယောက်စလုံးသည် ထိတ်လန့်သွားကြလေ၏။ သူတို့သည် စစ်တပ်နှင့် နိုင်ငံရေးမိသားစုတစ်ခုမှ ဖြစ်နေခဲ့သော်လည်း သူတို့သည် ကလေးဘ၀ကတည်းက စစ်တန်းလျားများထဲတွင် လူးလာလျှောက်သွားခဲ့ကြ၏။ သူတို့သည် တာ၀န်များစွာကို ထမ်းဆောင်ခဲ့ကြ၏။ သူတို့သွေးကိုမြင်တွေ့ရခြင်းမှာ ပထမဆုံးအကြိမ်မဟုတ်ချေ။
သို့သော်လည်း ကမ္ဘာနှင့်ချီပြီး ဖုတ်ကောင်ပေါက်ကွဲမှုကြီးသည် သူတို့မြင်တွေ့ဖူးသည့် ပထမဆုံးအကြိမ်ပင်ဖြစ်၏။ သူတို့သည် အိမ်သို့ဖုန်းခေါ်ရန်ကြိုးစားခဲ့သော်လည်း ဘာကြောင့် ဆဲလ်ဖုန်းများ၏လိုင်းများပျောက်ကွယ်ကုန်သည်ကို မသိခဲ့ကြချေ။ သူတို့သည် အိမ်ထဲတွင်သာနေခဲ့ပြီး သူတို့ဆီသို့ ကျန့်ယွင်လာမည်ကို စောင့်နေခဲ့ကြ၏။
သို့သော် ရက်အနည်းငယ်ကြာပြီးနောက် သူတို့သည် သေနတ်သံတစ်ခုကိုကြားခဲ့ရပြီး စစ်တပ်ဟုထင်ခဲ့ကြသည်။ သူတို့အပြင်သို့ထွက်လာခဲ့ပြီး ရဲဖြစ်နေသည်ကို တွေ့လိုက်ရ၏။
ထိုရဲများသည် ရိက္ခာပစ္စည်းများရှာဖွေရန်နှင့် ကယ်ဆယ်ရေးလုပ်ငန်းများကို ကူညီရန် ထွက်လာကြခြင်းဖြစ်၏။ သူတို့တွင် လူအင်အားကန့်သတ်ချက်ရှိပြီး တစ်မြို့လုံးကိုပတ်ပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ဆောင်ရန် မတတ်နိုင်ကြပေ။ သူတို့သည် သူတို့၏နယ်မြေအပိုင်အတွင်းရှိ အသက်ရှင်ကျန်သူတချို့ကိုသာ ကယ်ဆယ်ရန် ကြိုးစားနိုင်ခဲ့ကြသည်။ ရဲစခန်းတွင် လက်နက်များရှိရမည်ကို သိပြီးနောက် ချန်းချီနှင့် ချန်းကျောင်းတို့သည် လူများပိုမိုရှာဖွေကယ်ဆယ်ဖို့ ရဲများကို ကူညီရန် ထိုရဲများနှင့် လိုက်သွားကြလေ၏။
ရဲစခန်းရှိ အသက်ရှင်ကျန်သူတစ်၀က်သည် ထိုမောင်နှမ မနေ့က ကယ်ခဲ့ခြင်းဖြစ်သော်လည်း သူတို့သည် စွမ်းအားရှင်တစ်ယောက်မှ မတွေ့ခဲ့ဖူးကြချေ။ ထို မတိုင်ခင်က ဒဏ်ရာရရှိခဲ့သူများသည် ကူးစက်မှု၏ ကံကြမ္မာကို မလွတ်မြောက်နိုင်ခဲ့ကြချေ။ ထို့ကြောင့် သူတို့သည် စွမ်းအားရှင်များ၏ တည်ရှိမှုကို မသိခဲ့ကြချေ။
ယမန်နေ့က ကျန့်ယွင် မျှဝေပေးခဲ့သော အချက်အလက်များအရ ချန်းချီသည် ကျန့်ယွင်တို့အဖွဲ့၀င်များအားလုံးနီးပါးသည် စွမ်းအားရှင်များဖြစ်ကြသည်ကို သိခဲ့ရပြီးဖြစ်သော်လည်း ချန်းကျောင်းသည် မေ့မျောနေသည်မှ နိုးလာခါစဖြစ်ကာ အမှောင်ထုထဲတွင်ရှိနေဆဲဖြစ်၏။
ကျန့်ယွင်သည် သူမအား စွမ်းအားရှင်တစ်ယောက်ဆိုသည်မှာ ဘာဖြစ်သည်ကို အတိုချုပ်ရှင်းပြချက်တစ်ခုပေးပြီး သူမ၏ ခန္ဓာကိုယ်ထဲရှိ စွမ်းအင်ကို နားလည်ရန်ကြိုးစားစေ၏။
ချန်းကျောင်းသည် မျက်စိမှိတ်လိုက်၏။ နောက်တစ်ခဏ၌ လေအေးတစ်ခုသည် ပတ်ပတ်လည်တွင် ပေါ်လာလေ၏။ ထို့နောက် လေသည် သန်မာပြီးရင်း သန်မာလာလေ၏။ နောက်ဆုံး၌ သူမသည် လူများ၏ အ၀တ်များကို တိုက်ခတ်လိုက်ပြီး နာကျင်သံများကို ပြုလုပ်လိုက်လေ၏။ သူမ၏မျက်နှာထက်တွင်ပင် နာကျင်မှုကြောင့် ရှံ့နေလေ၏။
“လေ၊ အဲ့ဒါက လေစွမ်းအားပဲ ”
ကျန့်ကျားဟယ်သည် စိတ်လှုပ်ရှားစွာ အော်လာလေ၏။
ချန်းကျောင်းသည်လည်း သူမ၏လက်ဖဝါးကို အံ့ဩစွာ ကြည့်လိုက်၏။ သူမတွင် တကယ်ကြီးကို စွမ်းအားတစ်ခုရှိနေတယ်။ အဲ့ဒါက သူမရဲ့ခန္ဓာကိုယ်ထဲတွင် ထိုစွမ်းအားကို မည်သို့ထိန်းချုပ်ရမလဲမသိသဖြင့် သနားစရာပင်။
ကျန့်ကျားဟယ်သည် ရောက်လာပြီး သူမ၏ အမူအရာကို မြင်လိုက်ရ၏။ သူသည် ချက်ချင်း သူမအား အကြံပေးလေ၏။
“မင်းရဲ့စွမ်းရည်ကိုဖိနှိပ်ပြီး လေဓားတွေ လုပ်ဖို့ကြိုးစားကြည့်ပါ ”
ချန်းကျောင်းကြိုးစားလိုက်၏။ သူမသည် ပါးလွှာသောလေဓားတစ်ခုကို နံရံဆီသို့ ပစ်ထုတ်လိုက်ပြီး ထိုအပေါ်တွင် အရာတစ်ခုချန်ခဲ့လေ၏။
“လေတိုက်ခိုက်မှုတွေက အမှန်တကယ်ကို ကွဲပြားနိုင်တာပဲ။ လေကိုအသုံးပြုပြီး သူတို့ရဲ့ အမြန်နှုန်းကို တိုးနိုင်တယ်၊ လေဓားကိုလည်း လှီးဖြတ်ဖို့သုံးနိုင်တယ်၊ ပြီးတော့ အဲ့ဒါက မမြင်ရလို့ တိုက်ခိုက်မှုက မမျှော်လင့်ထားတာမျိုးပဲ ”
ကျန့်ကျားဟယ်သည် သူ့ဦးနှောက်အပေါက်ကြီးကို နောက်တစ်ကြိမ် ပြသလေ၏။
ထိုအကြောင်းပြောလိုက်သည်နှင့် ချန်ကျောင်းသည် ကျန့်ကျားဟယ်အား မတူညီသောနည်းဖြင့် ကြည့်လာလေ၏။ လူငယ်လေးသည် အတော်လေးထက်မြက်လိမ့်မည်ကို သူမ မမျှော်လင့်ထားခဲ့ချေ။
ချန်းချီသည် သူမအားကြည့်လိုက်ပြီး သေလောက်အောင် မနာလိုဖြစ်နေပြီး သူလည်းပဲ ထိုစွမ်းအားမျိုးလိုချင်တယ်လေ အား။
“ကောင်းကောင်းအနားယူကြစို့။ ငါတို့ညနေကျရင် တာ၀န်တစ်ခုလုပ်စရာရှိနေသေးတယ် ”
“ကောင်းပြီ ”
နေ့လည်ပိုင်း၌ ကျန့်ယွင်၏အဖွဲ့သည် သက်တောင့်သက်သာအိပ်နေခဲ့ကြပြီး ညရောက်သောအခါ သူတို့သည် နိုးလာပြီး စတင်ပြင်ဆင်ကြလေ၏။
ဆယ့်တစ်ဖွဲ့မြောက်နှင့် ဆယ့်နှစ်ဖွဲ့မြောက်အဖွဲ့တို့သည် ကျန့်ယွင်၏အဖွဲ့နှင့်အတူ ချန်းချီနှင့် ချန်ကျောင်းအပါအ၀င် လူပေါင်း ၈၈ ယောက်သည် လယ်သမားဈေးသို့သွားခဲ့ကြသည်။ ချန်းချီသည်လည်း တိတိကျကျ ပစ်ခတ်နိုင်ခြင်းတွင် တကယ့်ကို ကောင်းမွန်၏။
သူ့အား သေနတ်တစ်လက်ပေးထားသ၍ ဖုတ်ကောင်အားသတ်ရန် အာမခံနိုင်ခဲ့သည်။ ချန်ကျောင်း၏ ခန္ဓာကိုယ်သည် စွမ်းအားများပြည့်နေပြီး သူမ၏ဒဏ်ရာများသည် LED နေကြာပန်းမီးအိမ်ဖြင့် ကုသပြီးဖြစ်၏။ သူမသည် ချန်းချီထက် မနိမ့်ကျဘဲ သူမသည်လည်း အလွန်တော်သော တိုက်ခိုက်ရေးသမားတစ်ယောက်ပင်ဖြစ်၏။
အဖွဲ့သည် ခါတိုင်းကဲ့သို့ မြို့ထဲသို့ ၀င်ရောက်လာကြပြီး သက်ရှိထောက်လှမ်းရေးကိရိယာကို အသုံးပြုပြီး အသက်ရှင်ကျန်သူများကို ရှာဖွေလေ၏။
သူတို့သည် စစ်ကားကြီးသုံးစီးကို မောင်းလာခဲ့ကြပြီး မပုပ်သေးသော အသီးအရွက်များနှင့် သစ်သီးများအားလုံးကို ပြန်သယ်သွားရန် အဆင်သင့်ဖြစ်နေကြ၏။
“ကျေးဇူးအများကြီးတင်ပါတယ်။ ဒီတစ်ကြိမ်မှာလည်း ငါတို့ ပျော်ပျော်ရွှင်ရွှင်ပူးပေါင်းဆောင်ရွက်နိုင်မယ်လို့မျှော်လင့်ပါတယ်။ ”
မထွက်ခွာခင် လီမင်းသည် သူတို့အား နှုတ်ဆက်ရန် ရောက်လာလေ၏။
ကျန့်ယွင်နှင့်တခြားသူများသည် အနည်းငယ်ပဟေဠိဖြစ်သွားကြပြီး သို့သော် နောက်ပိုင်းတွင် သူတို့နှင့်အတူ ယူဆောင်လာသော မဂ္ဂဇင်းအပိုင်းမှ အချက်အလက်များကို မြင်လိုက်ကြရ၏။
လယ်သမားဈေးသည် သိပ်မဝေးချေ၊ သို့သော် လမ်းတလျှောက်တွင် ဖုတ်ကောင်အများကြီးရှိနေလေ၏။ သူတို့တွင် ပြောင်းစေ့ကျည်ဆန်များရှိသော်လည်း ၎င်းတို့အားရှင်းလင်းရန် အားထုတ်မှုအများအပြားစိုက်ထုတ်ရပေလိမ့်မည်။
သို့သော် လယ်သမားဈေးထဲတွင် ဖုတ်ကောင်အနည်းငယ်သာရှိ၏။ နောက်ဆုံးပျက်ကပ်ကြီးသည် ညအချိန်၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လယ်သမားဈေးသည် ညနေအစောပိုင်းတွင် ပိတ်ခဲ့၍ ဖြစ်နိုင်လေသည်။ တစ်ဆိုင်ပြီးတစ်ဆိုင် ရှာဖွေကြပြီးနောက် သူတို့သည် အမှန်တကယ်ကို အစားအစာအမျိုးအစားအများအပြားကို စုဆောင်းနိုင်ခဲ့ကြသည်။
အစိမ်းရောင် ဟင်းသီးဟင်းရွက်အများစု၏အရွက်များသည် ပုပ်ကုန်ပြီးဖြစ်သော်လည်း အထားခံသော ဖရုံသခွားသီး၊ သခွားသီးများနှင့် ဖရုံသီးများစသည့် တချို့အရာများသည် ရှိနေဆဲဖြစ်ကာ အသီးအနှံများလည်း ပေါများလေ၏။ ထပ်ပေါင်းပြီး သူတို့သည် ဂျုံမှုန့်အမြောက်အများ၊ ကောက်ညှင်းဆန်၊ ပြောင်းဆန် နှင့် တခြား အစေ့အဆံများကိုလည်း စုနိုင်ခဲ့ပြီး အလွန်ကြွယ်၀သော ရိတ်သိမ်းမှုတစ်ခုဖြစ်လာလေသည်။
သူတို့အပြန်လမ်းတွင် သူတို့သည် ဖုတ်ကောင်အုပ်စုနောက်တစ်စုနှင့် ကြုံခဲ့ကြ၏။ သိလိုစိတ်ပြင်းစွာဖြင့် ကျန့်ယွင်သည် ပြောင်းဖူးလက်ပစ်ဗုံးတစ်လုံးကိုယူပြီး လီမင်းဆီသို့ကမ်းပေးလိုက်ကာ ၎င်း၏စွမ်းအားကိုမြင်နိုင်ရန် လက်ပစ်ဗုံးအား အသုံးပြုခိုင်းလိုက်၏။
မမျှော်လင့်ထားစွာပဲ၊ ဖုတ်ကောင်များ၏ အပိုင်းပိုင်းအစစကြေသွားခြင်းမျိုးဖြစ်မလာခဲ့ပေ။ ဖုတ်ကောင်များသည် အဝါရောင်အကျိအချွဲများဖြင့်ဖုံးနေပြီး ၎င်းတို့၏ခန္ဓာကိုယ်များသည် လေဖြတ်သွားသကဲ့သို့ဖြစ်သွား၏။ ၎င်းတို့သည် လုံး၀မလှုပ်ရှားနိုင်ခဲ့ကြချေ။ နောက်ဆုံး၌ ၎င်းတို့အားလုံးသည် စက်သေနတ်များဖြင့် အပစ်ခံလိုက်ကြရ၏။
ထိုပြောင်းဖူးလက်ပစ်ဗုံးနှင့် ဂိမ်း၏ပြောင်းဖူးထောပတ်တို့သည် အလောင်းကောင်များအပေါ်တွင် ဆိုင်ငံ့သွားအောင် ထိန်းနိုင်သည့်ပုံရလေ၏။ အလောင်းကောင်များအတွက် ခေါ်နိုင်သည့် အခြေအနေတစ်ခုမှာ အရေးပါသောအခန်းကဏ္ဍတစ်ခုအဖြစ်ပါ၀င်လာနိုင်လေသည်။