အခန်း(၅၅)
Viewers 12k

အခန်း(၅၅)《ရှောင်ဟေး၏ ကွဲပြားနေမှုများ 》


Author: Drunken Light Song

Source: Jostena M

Editors: Callis, Shirubame

Translator: オタク


လူတစ်စုသည် လယ်သမားဈေးတွင် သူတို့ရှာ၍ရသမျှနှင့်အတူ အားကစားရုံဆီသို့ ချောချောမွေ့မွေ့ ပြန်ရောက်လာခဲ့ကြသည်။ တပ်ခွဲမှူးကျန်းသည် သူတို့ပြန်ယူလာခဲ့သော အသီးအနှံများအပြည့် ရိတ်သိမ်းမှုကြီးကိုမြင်၍ အတော်လေး၀မ်းသာနေခဲ့သည်။ 


“ကျန့်ယွင်၊ ဒီအရာတွေထဲက တချို့ကိုမင်းရမယ်ဆိုတာ စိတ်ချလို့ရပါတယ်။ ဒါပေမယ့် မင်းရဲ့ကားက သေးလွန်းတယ်။ ဒီဟာတွေကို မင်းတို့နဲ့အတူသယ်သွားဖို့က အတော်လေးမလွယ်ဘူး ပြီးတော့ အဲ့ဒါတွေက လူတွေရဲ့ အာရုံစိုက်ခံရလိမ့်မယ်။ ဒါကြောင့် အဲ့ဒါတွေကို ငါတို့စစ်တပ်ထဲမှာ အရင်ဆုံးထားလိုက်သင့်တယ်။ အခြေစိုက်စခန်းကိုပြန်ရောက်တဲ့အချိန်ကျရင် မင်းကိုအများကြီးပြန်ပေးမယ်လို့ ငါအာမခံပါတယ်။ စိတ်မပူပါနဲ့ သက်သေပြဖို့အတွက် ငါမင်းကို မှတ်စုတစ်ခုရေးပေးနိုင်ပါတယ်။”


ဤစစ်ဆင်ရေးသည် ကျန့်ယွင်နှင့် သူ့အဖွဲ့၏အကူအညီဖြင့် ချောချောမွေ့မွေ့ပြီးဆုံးသွားခြင်းသာဖြစ်သည်ကို သိပြီး တပ်မှူးကျန်းသည် သူတို့စုဆောင်းခဲ့သော ပစ္စည်းများကို ခွဲဝေပေးရန် ကမ်းလှမ်းလာခဲ့သည်။ 


“မလိုပါဘူး။ ကျွန်တော်တို့ ယုံပါတယ် ခေါင်းဆောင်ကျန်း ”


နောက်ပိုင်း၌ ရှာဖွေရေးနှင့်ကယ်ဆယ်ရေးအဖွဲ့ပြန်ရောက်လာကြပြီး တစ်ရာထက်ပိုသည့်လူများကိုပြန်ခေါ်လာခဲ့လေသည်။ ဘာကြောင့် Aမြို့တစ်မြို့လုံးတွင် အသက်ရှင်ကျန်သူနည်းနည်းလေးသာရှိသည်ကို သူတို့မသိကြသော်လည်း သူတို့အများစုသည် မြို့မှ ထွက်ပြေးသွားကြခြင်း သို့မဟုတ် တစ်နေ‌ရာရာတွင် ပုန်းအောင်းနေကြခြင်းဟုသာ ခန့်မှန်းနိုင်လေသည်။ 


Aမြို့ထဲ၌ သုံးရက်ကြာ ကယ်ဆယ်ရေး စစ်ဆင်ရေးတစ်ခုပြီးဆုံးသွားခဲ့၏။ ပုန်းခိုနေသော သို့မဟုတ် သတင်းထုတ်လွှင့်သည်ကို မကြားနိုင်ကြသောအသက်ရှင်ကျန်သူများကို သံလွန်စတချို့ပေးရန်အတွက် သူတို့သည် ‌အဆောက်အဦးအများအပြား၏ နံရံများပေါ်တွင် အနီရောင်ဆေးဖြင့် တောင်ပိုင်းအသက်ရှင်ကျန်သူများအခြေစိုက်စခန်းသို့ လမ်းညွှန်ချက်များကို ‌ရေးဆွဲပေးခဲ့ပြီး ရေဒီယိုဌာန၏ နံပါတ်များကိုရေးပေးခဲ့သည်။ ထို့ကြောင့် အသက်ရှင်ကျန်သူများသည် ရေဒီယိုဖွင့်နိုင်သ၍ နောက်ဆုံးသတင်းများကို သိနိုင်လိမ့်မည်။  


နေ့ဘက်သည် မခံမရပ်နိုင်အောင် ပူနေဆဲပင်။ လူတိုင်းသည် ဂျင်ခန်းမထဲတွင် နေ့ဘက်အနားယူခဲ့ကြပြီး တပ်ခွဲမှူးကျန်းသည် ဗိုလ်ချုပ်ကျန်းထံသို့ ရေဒီယိုဖြင့် ဆက်သွယ်ခဲ့၏။ ၀န်ဆောင်မှုနယ်မြေသို့ပြန်ရောက်ပြီးနောက် စစ်တပ်သို့ပူးပေါင်းကာ သူသည် အခြေစိုက်စခန်းသို့ တိုက်ရိုက်‌သွားလေ၏။ 


ညဘက်၌ ၀န်ဆောင်မှုနယ်မြေသို့ပြန်ရောက်လာသည့်အချိန်မှသာ စစ်သားအများအပြားသည် ခန္ဓာကိုယ်များကို သယ်လာသည်ကို တွေ့လိုက်ရ၏။ 


“ဘာဖြစ်ခဲ့တာလဲ ”


တပ်ခွဲမှူးကျန်းသည် စစ်မေးဖို့ရာ အလျင်စလိုလွက်သွားလေ၏။ 


၀န်ဆောင်မှုနယ်မြေထဲတွင် မတော်တဆမှုလေးတစ်ခုဖြစ်ခဲ့၏။ အသက်ရှင်ကျန်သူများစွာသည် ရေသောက်ဖို့တန်းစီရန် အလွန်ပျင်းရိကြပြီး တိတ်တဆိတ် ရေပိုက်မှုရေကို သောက်ခဲ့ကြပြီး မတော်တဆကူးစက်မှုနှင့် ဗီဇပြောင်းလဲမှုတို့ကို ဖြစ်စေခဲ့သည်။ ဖုတ်ကောင်များရုတ်တရက်ပေါ်ပေါက်လာမှုသည် လူအများကြားတွင် ကြီးမားသောထိတ်လန့်မှုကြီးဖြစ်စေခဲ့ပြီး ကြီးကြီးမားမားဖြေရှင်းရမည့် ကိစ္စတစ်ခုဖြစ်လုနီးပါပင်။ 


ကံကောင်းစွာဖြင့် စစ်သားများသည် အခြေအနေကို အချိန်မှီထိန်းချုပ်နိုင်ခဲ့ပြီး အသေအပျောက်များစွာမဖြစ်စေခဲ့ပေ။ သို့သော် လူတစ်ဒါဇင်‌ထက်ပိုပြီး သေဆုံးခဲ့ဆဲပင်။ 


လူအုပ်သည် ခေါင်းများခါလျက် ၀န်ဆောင်မှုနယ်မြေအတွင်းထဲသို့ ပြန်၀င်သွားကြ၏။ 

 

စုရွေ့ကျယ်နှင့် ကျန့်ယွင်တို့သည် နောက်ဆုံး၌ သူတို့၏ကိုယ်ပိုင် သက်တောင့်သက်သာရှိသော off road ကားကိုမောင်းပြန်လာနိုင်လေသည်။ ချန်းချီ နှင့် ချန်းကျောင်းတို့မောင်နှမအတွက်ကမူ၊ သူတို့သည် ကျန့်ကျားဟယ်နှင့် အနောက်ခန်းထဲတွင် ဖျစ်ညစ်ထိုင်ကြရုံသာရှိ၏။ စုရွေ့ကျယ်၏ နေရာလွတ်ထဲတွင် off road ကား အမြောက်အများရှိသော်လည်း ၎င်းတို့၏ တန်ဖိုးသည် အဆင့်မြင့် off road ကားများလည်းဖြစ်နေကြသေးသည်။ 


အကယ်၍သူတို့သာ အသစ်စက်စက် တစ်စုံနှင့်ဆိုပါက အလွန် မျက်စိဖမ်းစားပြီး ပစ်မှတ်များသာ ဖြစ်လာနိုင်လေသည်။ လမ်းပေါ်တွင် စောင့်နေကြပြီးနောက် လမ်းမပေါ်တွင် သင့်လျော်သည့်ကားရှိမရှိကြည့်ရမည်ဖြစ်ပြီး နောက်မှ ကားတစ်စီးကိုကောက်ယူပြီး မောင်းသွားနိုင်လေသည်။ 


‌ကျန့်ယွင်သည် ကျောက်ပင်းဆီသို့သွားခဲ့ပြီး သုန်သုန်နှင့်အတူ ကြောင်ကလေးအားပြန်ခေါ်လာရန်ပြင်ဆင်နေခဲ့သော်လည်း သူတို့သည် အလွန် ဒရာမာဆန်သော မြင်ကွင်းတစ်ခုကိုမြင်လိုက်ကြရသည်။ 


ကြောင်နက်လေးသည် မည်ကဲ့သို့ တိုင်စွန်းတစ်ခုသို့တွယ်တက်နေသည်ကိုမသိခဲ့ဘဲ သေသေရှင်ရှင် ဆင်းလာဖို့ရန် ငြင်းဆန်နေလေ၏။ ယွီသုန်သုန်လေးသည် သူ့ခေါင်းလေးကိုမော့ကာ လှမ်းကြည့်နေပြီး စိုးရိမ်ပူပန်နေခဲ့လေ၏။ သူ့မျက်လုံးလေးများသည် မျက်ရည်များ လျှံကျလာလုနီးပါးပင်။ ကျောက်ပင်းနှင့် တခြားလူများသည် သူတို့နားများပါးများကို ကုတ်ပြီး ရှောင်ဟေးအား အောက်သို့ မည်သို့ပြန်ခေါ်ရမည်ကို တွေးရန် ကြိုးစားနေကြလေ၏။ 


“ဒီမှာ ဘာတွေဖြစ်နေတာလဲ ”


“ကောကော”


ယွီသုန်သုန်သည် စုရွေ့ကျယ်ကို မြင်လိုက်သည်နှင့် သူ့မျက်လုံးလေးများ တောက်ပသွားလေ၏။ သူသည် တိုင်စွန်းပေါ်ရှိ ရှောင်ဟေးကို လက်ညှိုးထိုးပြလိုက်ပြီး “ရှောင်ဟေး ဘာဖြစ်နေလဲမသိဘူး။ သူအကြာကြီးအိပ်နေခဲ့တာ။ သူနိုးလာတာနဲ့ သူ့အရှေ့က အပြင်ကိုထွက်ပြေးသွာပြီး သားသူ့ကိုကိုင်တာကို ငြင်းနေတာ... သူအခု သားကို မကြိုက်တော့ဘူးလားဟင်၊ ဝူး....”


ကလေးလေးသည် သူ့အဖော်လေးက သူ့အားလျစ်လျူရှူထားသောအခါ သူအလွန်လက်မခံနိုင်ခဲ့ပေ။ အဲ့ဒါက သူ့ကို တကယ်၀မ်းနည်းစေ၏။ 


“သုန်သုန် က ကောင်းပါတယ်။ မငိုပါနဲ့။ သုန်သုန်က အရမ်းချစ်စရာကောင်းတယ်။ ရှောင်းဟေးက သားကို ဘယ်လိုလုပ်မကြိုက်ဘဲနေရမှာလဲ။ သူမကြာခင်ဆင်းလာပါလိမ့်မယ်”


စုရွေ့ကျယ်သည် ကောင်ငယ်လေးကို ချော့မော့ဖျောင့်ဖျပြီး ကျန့်ယွင်အား တစ်ချက်ကြည့်လိုက်၏။ 


ကျန့်ယွင်၏ပါးစပ် တွန့်သွားလေ၏။ အမြင့်တက်ခြင်းအား သူမုန်းပါ၏။ 


ထို့ကြောင့် ကျန့်ယွင်သည် ကျန့်ကျားဟယ်ဆီသို့ နောက်အကြည့်တစ်ချက်ပေးလိုက်၏။ ကျန့်ကျားဟယ်သည် စိတ်ပျက်လက်ပျက်ဖြင့် သူ့လက်ညှိုးနှင့် သူ့ကိုယ်သူပြန်ထိုးပြလေ၏။ ကျန့်ယွင်သည်စိတ်မရှည်စွာ ခေါင်းညိတ်ပြပြီးနောက် သူရှေ့သို့ထွက်လာရမည်ကို ရုတ်တရက်သူသဘောပေါက်သွားလေ၏။ 


ကျန့်ကျားဟယ်တွင် အလွန်သန်မာသောခွန်အားရှိပြီး တိုင်အစွန်းသို့တက်ရာတွင် အလွန်အကူအညီဖြစ်စေ၏။ သူသည် လျင်မြန်စွာ တည်တည်ငြိမ်ငြိမ်တက်သွားခဲ့လေ၏။ သူသည် ရှောင်ဟေး၏အမြီးအား အမြန် ဖမ်းဆုပ်လိုက်၏။ 


“ဟားဟားဟား ငါမင်းကိုမိပြီ....”


သူပြော၍မပြီးသေးခင်မှာပင် ရှောင်ဟေး၏အမွှေးများအားလုံး ထောင်သွားကာ သူ့လက်သည်းများနှင့် သူ့အားကုတ်ရန်စတင်လိုက်ပြီးနောက် ကျန့်ကျားဟယ်၏ နားရွက်ကိုကိုက်လိုက်လေ၏။ 


နောက်တစ်ခဏမှာပင် ကျန့်ကျားဟယ်၏ မျက်လုံးများ ရုတ်တရက် တဖြေးဖြေးပိတ်ကျသွားပြီး သူ့အသိပျောက်သွားသကဲ့သို့ ပြုတ်ကျလေ၏။ 


“ကျန့်ကျားဟယ် ”


ကျန့်ယွင်သည် ပြေးထွက်သွားပြီး ကျန့်ကျားဟယ်၏ ကိုယ်အား သူ့မြေဆွဲအားနှင့် အချိန်မီထိန်းချုပ်လိုက်ပြီး သူ့အား ငှက်မွှေးလေးတစ်ခုကဲ့သို့ ဖြေးညင်းစွာ လွင့်မြောကျလာစေ၏။ 


ကျန့်ကျားဟယ်သည် သူ့မြေသို့ရောက်ပြီး မကြာခင်မှာပင် မျက်လုံးပွင့်လာခဲ့၏။ 


“မြောင် ”


ကျန့်ကျားဟယ်သည် မြေပေါ်သို့ သူ့လက်များ ခြေထောက်များနှင့် တစ်ပြိုင်တည်း ချရပ်လေ၏။ သူသည် ကြောင်တစ်ကောင်ကဲ့သို့ တွန့်ကွေးကာ ကြောင်တကောင်ကဲ့သို့ သူ့ခေါင်းကိုခါကာ မြောင်လေ၏။ 


ကျောက်ပင်းတို့အဖွဲ့ ၊ ကျန့်ယွင်တို့အဖွဲ့ : .....


“မြောင် မြောင် ”


ထို့နောက် ရှောင်ဟေးသည် သုံးပေအမြင့်မှ ခုန်ချလာပြီး ထိတ်လန့်တုန်လှုပ်စွာ အော်မြည်လေ၏။ 


“ဘာဖြစ်သွားတာလဲ ”


လူတိုင်း စိတ်ရှုပ်ထွေးသွားကြလေ၏။ 


“ရှောင်ဟေး ”


သုန်သုန်သည် သူ့မျက်လုံးလေးများကို တဖြတ်ဖြတ်ခတ်ပြီး မြေပေါ်ရှိ ရှောင်ဟေးဆီသို့လက်ဆန့်လိုက်၏။ 


“မြောင် ”


သို့သော်လည်း ကျန့်ကျားဟယ်၏မျက်နှာသည် စိတ်လှုပ်ရှားမှုနှင့်အတူ သုန်သုန်ဆီသို့ ပြေးသွားလေသည်မှာ သူ့အပေါ်သို့ ခုန်တက်သွားလိုသကဲ့သို့ပင်။  


ကျန့်ကျားဟယ်သည် ပိန်သော်လည်း သူသည် အလွန်အရပ်ရှည်နေဆဲပင်။ အကယ်၍ သူကာ ပဲစေ့ငယ်လေး သုန်သုန်အားဖိမိပါက သူ့အားသေသည်အထိ ဖိမိမည်မှာ သေချာလေ၏။ 


စုရွေ့ကျယ်သည် သုန်သုန်၏ရှေ့တွင် ပိတ်ရပ်လိုက်ပြီး လူအားတားရန် ရောက်လာသော်လည်း ကျန့်ကျားဟယ်၏ခွန်အားသည် အလွန်သန်မာ၏။ ကျန့်ကျားဟယ်အား သူ့လက်ဖြင့်တွန်းထားခဲ့သော်လည်း နံရံတစ်ခုကဲ့သို့ပင် သူ့အားတားရန်ကျရှုံးသည်သာမက သူပါလဲကျသွားလေ၏။ 


ကျန်းရှို့လျန်သည် ‌ကျန့်ကျားဟယ်၏ခြေထောက်ကို မြေပေါ်တွင်ချုပ်ထားရန် မြေကြီးကို အသုံးပြုခဲ့ပြီး နောက်ဆုံး၌ သူရှေ့သို့ အလျင်စလိုပြေးမသွားစေရန် တားဆီးလိုက်လေ၏။ 


“မြောင် ”


ကျန့်ကျားဟယ်သည် လက်မခံနိုင်သည့်ပုံရကာ တချိန်လုံး မြောင် ပြီးရင်း မြောင် နေတော့၏....


“မြောင် မြောင် မြောင် မြောင် မြောင် မြောင် မြောင် မြောင် မြောင် ”


ကြောင်ရှောင်ဟေးသည်လည်း ခုန်ကာ သူ့နားသို့ ခုန်ချလာ၏။ နို့ကြောင်ပေါက်လေး၏ နူးညံ့တိုးညင်းသောအသံသည် အနည်းငယ် ထက်ရှလာလေ၏။ သူ့လက်သည်းများသည် အလွန်ထက်မြကာ မြေပေါ်တွင် တိုက်ရိုက်ပင် နက်သောအပေါက်များ ဖန်တီးလိုက်လေ၏။ 


“ဘာတွေဖြစ်သွားတယ်ဆိုတာ ငါသိတယ်လို့ခံစားရတယ်.....”


စုန့်ချန်ရှုသည် ရုတ်တရက် ပါးစပ်ဖွင့်ကာ ပြောလာ၏။


လူအုပ်သည် ဘာဖြစ်သလဲဆိုသည်ကို ယောင်ဝါးဝါးသိသော်လည်း နည်းနည်းတော့ မယုံနိုင်စရာဖြစ်နေသေး၏။ 


စုန့်ချန်ရှုသည် ငုံ့ကာ ကြောင်နက်လေးကိုသူ့လက်နှစ်ဘက်ဖြင့် မ,ချီလိုက်၏။ သူ့မျက်လုံးဝိုင်းလေးများကိုကြည့်ပြီး မေးလိုက်၏။


“ကျန့်ကျားဟယ်လား ”


ကြောင်နက်လေးသည် ခေါင်းညိတ်ပြလေ၏။ 


သူတို့အားလုံးသည် မြေပေါ်ရှိ ကျန့်ကျားဟယ်အားကြည့်လိုက်ကြ၏။ သူသည် ကြောင်တစ်ကောင်ကဲ့သို့အပြုအမူဖြင့်ရှိနေဆဲဖြစ်ကြောင်းကို မြင်လိုက်ရ၏။ သူတို့သည် လက်များ၊ ခြေများနှင့် မျက်နှာကိုကြည့်လိုက်ကြပြီး ၎င်းသည် အသုံးမပြုနိုင်သည် သိသာနေပေသည်။ 


ကြောင်လေးနှင့် ကျန့်ကျားဟယ်တို့ ခန္ဓာကိုယ်လဲသွားကြခြင်းဖြစ်ပုံရသည်။ စုရွေ့ကျယ်သည် ကြောင်ငယ်လေး အဆင့်တိုးသွားခြင်းဖြစ်သင့်သည်ဟု ထင်ခဲ့၏။ အရင်ဘ၀၌ တိရိစ္ဆာန်များသည် ဆင့်ကဲပြောင်းလဲနိုင်ကြောင်းကြားခဲ့ရပြီး လူသားများကဲ့သို့ပင် ဆန်းကျယ်သောစွမ်းရည်အချို့ရှိကြ၏။ သို့သော် ဖြစ်ရပ်အနည်းငယ်သာလျှင် ရှိခဲ့၏။ နှစ်လသားအရွယ်ကြောင်ငယ်လေးတစ်ကောင်သည် ဆင့်ကဲပြောင်းလဲလာနိုင်ပြီး ရှောင်ဟေးတွင်ဖြစ်လာမည်ဟု သူစိတ်မကူးထားမိခဲ့ချေ။ 


“အခုဘယ်လိုဖြစ်ပြီလဲ။ သူတို့နှစ်ယောက် တချိန်လုံး အဲ့လိုပဲရှိနေတော့မှာလား ” 


“ငါမသိဘူး။ သူတို့ကို ကားပေါ်ကို အရင်ခေါ်သွားလိုက်။ အဖွဲ့ရဲ့ ထွက်ခွာမှုကို မနှောင့်နှေးစေနဲ့ ”


သူတို့သည် ချက်ချင်းပင် ကြောင်နက်လေးနှင့် ကျန့်ကျားဟယ်အား သူတို့နှင့်အတူ ခေါ်ပြီး ကျန့်ယွင်၏အမိန့်အတိုင်း အဖွဲ့နှင့် ထွက်ခွာသွားကြလေ၏။


ကံကောင်းစွာဖြင့် သုံးနာရီခန့်ကြာပြီးနောက် ရှောင်ဟေးနှင့် ကျန့်ကျားဟယ်တို့ ပြန်ပြောင်းသွားကြလေ၏။ 


“ဘုရားသခင်၊ အဲ့ဒါက ကြောက်ဖို့ကောင်းလိုက်တာ! ငါထင်တာ ငါတော့ တစ်သက်လုံးကြောင်တစ်ကောင်ဖြစ်ပြီလို့ ”


ကျန့်ကျားဟယ်သည် သူ့ခေါင်းအားကိုင်ပြီး အကြောက်အလန့် ညီးညူလေ၏။ 


“ရှောင်ဟေးရဲ့အမြှီးကိုဆွဲဖို့ ဘယ်သူကပြောလို့လဲ။မင်းက အကိုက်ခံရသင့်တယ် ”


စုန့်ချန်ရှုသည် သူ့အား တိတ်ဆိတ်ပြီး ဒေါသအကြည့်တစ်ခု ပေးလိုက်၏။ 


သူတို့၏ ဆွေးနွေးချက် ရလဒ်အရ ရှောင်ဟေး၏စွမ်းအားသည် တခြားသူများ၏ခန္ဓာကိုယ်များနှင့် ပြောင်းလဲနိုင်ပြီး တခြားသူများ၏စွမ်းရည်ကို ပုံတူကူးယူနိုင်ခြင်းဖြစ်နိုင်သည်ဟု ယုံကြည်သွားကြလေ၏။ ကျန့်ကျားဟယ်သည် ရှောင်ဟေး၏ ခန္ဓာကိုယ်ထဲတွင်ရှိနေချိန်၌ ရှောင်ဟေးသည်လည်း ကျန့်ကျားဟယ်၏ ခန္ဓာကိုယ်ထဲမှာရှိနေချိန် တူညီသောခွန်အားရှိလေ၏။ 


ရှောင်ဟေး၏စွမ်းအားသည် တခြားလုပ်ဆောင်ချက်များ ရှိမရှိ မသိသော်လည်း အနာဂါတ်၌ ဖြေးဖြေးချင်း ထုတ်ဖော်နိုင်သည်သာပင်။ အဆုံးမှာတော့ ရှောင်ဟေးသည် ကြောင်တစ်ကောင်သာဖြစ်ပြီး လူတစ်ယောက်မဟုတ်ချေ။ သူတို့ သူနှင့် မဆွေးနွေးနိုင်ကြပေ။ 


အခြေစိုက်စခန်းသို့သွားရာလမ်းသည် အတော်လေး ချော့မွေ့၏။ သူတို့သည် နေ့ဘက်၌ အနားယူခဲ့ကြကာ ညဘက်၌ ချီတက်ကြလေ၏။ လေးရက်လောက်ကြာခဲ့လေပြီး နောက်ဆုံး၌ ငါးရက်မြောက်နေ့၏ မနက်ခင်းတွင် သူတို့သည် တောင်ပိုင်းစစ်ဌာနမှ တည်ထောင်ထားသော အသက်ရှင်ကျန်သူများအခြေစိုက်စခန်းသို့ ရောက်သွားခဲ့ကြလေသည်။ 


တောင်ပိုင်းအခြေစိုက်စခန်းကို မြို့ငယ်လေးတစ်ခုမှ ပြန်လည်တည်ဆောက်ထားခြင်းဖြစ်၏။ အခြေစိုက်စခန်း၏နံရံများသည် ငါးမီတာမြင့်သော်လည်း ၎င်းတို့အား အပြည့်အ၀ တည်ဆောက်၍ မပြီးသေးချေ။ မည်သို့ပင် ဆိုပါစေ ဘောင်သည် အတော်လေးမြင့်ပုံရ၏။ အခြေစိုက်စခန်း၏ ဂိတ်ကိုဖြတ်သန်းပြီး လူများစွာ အလုပ်ရှုပ်နေကြသည်ကို မြင်နိုင်လေ၏။  


စစ်ယာဉ်တန်းသည် ရပ်တန့်သွားခဲ့ပြီး အခြေစိုက်စခန်းသို့မ၀င်ရောက်မှီ နာမည်၊ အသက် စသဖြင့် မှတ်ပုံတင်ကြရပြီး အခြေစိုက်စခန်း၏ စည်းမျဉ်းတချို့နှင့် စည်းကမ်းချက်များကို သူတို့အား အကြောင်းကြားပေးသည်။ ထို့နောက် သူတို့အား သူတို့၏ အခြေခံလူမှုရေးအချက်အလက်များနှင့် အဖြူရောင်ကတ်တစ်ခုပေးလာပြီး ၎င်းသည် သူတို့၏ ယာယီနေထိုင်ခွင့်ကတ်တစ်ခုဖြစ်လေ၏။ တစ်ပါတ်ကြာပြီးနောက် သာမာန် ID ကတ်တစ်ခုနှင့် ပြောင်းလဲနိုင်လိမ့်မည်ဖြစ်၏။ 


အသက်ရှင်ကျန်သူများအားလုံးသည် အခြေစိုက်စခန်းသို့ အခမဲ့၀င်ရောက်နိုင်ကြပြီး နေထိုင်စရာများကို စီစဉ်ထားပေးပြီးဖြစ်သော်လည်း အခြေစိုက်စခန်းသည် အခမဲ့နေထိုင်စရာနှင့် သုံးရက်စာအစားအသောက်ကိုသာ ထောက်ပံ့ပေးနိုင်လိမ့်မည်ဖြစ်၏။ နောက်ပိုင်း၌ နေထိုင်ရန်နှင့် အစားအစာအတွက် ပေးဆောင်ရာတွင် သူတို့၏ ကိုယ်ပိုင် အလုပ်ရှယ်ယာများကို အသုံးပြုရန် လိုအပ်လိမ့်မည်ဖြစ်၏။ 


ထိုသတင်းသည် အချို့အသက်ရှင်ကျန်သူများ၏ မကျေနပ်မှုကိုဖြစ်ပေါ်စေခဲ့သော်လည်း ကမ္ဘာကြီးသည် ယခုအခါ ကွဲပြားခြားနားနေခဲ့ပြီဖြစ်၏။ ပစ္စည်းများသည် အလွန်ရှားပါးနေ၏။ တစ်စုံတစ်ခုရယူရန် ဘာတတ်နိုင်တာမှမရှိဘဲမဖြစ်နိုင်ချေ။ ထို့အပြင် နိုင်ငံ၏ကျောပေါ်တွင် လဲလျောင်းနေ၍ မဖြစ်နိုင်ချေ။ 


ဤနေရာရှိ အလုပ်စနစ်အကြောင်း သူတို့လေ့လာခဲ့ကြ၏။ ဥပမာအားဖြင့် အကယ်၍ လူတစ်ယောက်သည် အခြေစိုက်စခန်းတည်ဆောက်ရာတွင် ကူညီရန် ကြိုးကြိုးစားစားအလုပ်လုပ်ခဲ့ပါက သူသည် တစ်နေ့လျှင် ငါးမှတ်ရရှိမည်ဖြစ်၏။ အမျိုးသမီးများတွင်လည်း တူညီစွာပင်ဖြစ်ကာ ချက်ပြုတ်ခြင်းနှင့် သန့်ရှင်းရေးတွင် ကူညီနိုင်သည်။ တစ်နေ့တွင် အလုပ်သုံးမျိုး၊ တစ်လတာအလုပ်နှင့် အပိုဆုများလည်းရှိ၏။ 


အလုပ်မှတ်တစ်မှတ်သည် ပူပူနွေးနွေးဘန်းမုန့်နှစ်ခုဖြင့် လဲလှယ်နိုင်သည်၊ သို့မဟုတ် ပူပူနွေးနွေးဘန်းမုန့်တစ်ခုနှင့် စွပ်ပြုတ်တစ်ခွက်ဖြင့် လဲလှယ်နိုင်လိမ့်မည်။ နေထိုင်စရာအတွက် အလုပ်မှတ်တစ်မှတ်သာလိုအပ်၏။ မင်းအလုပ်လုပ်ရန် ဆန္ဒရှိနေသ၍ အစားအသောက်နှင့် အမိုးအကာအမြဲတမ်းရှိနေလိမ့်မည်ဟု ပြောနိုင်၏။ သူတို့အားလုံးသည် သထုန်ခရိုင်တွင် နေထိုင်ခဲ့ကြသော်လည်း သူတို့အပြင်ထွက်ရသည့်အချိန်တွင် သေချာပေါက်ကို ပိုမိုထိတ်လန့်ကြောက်ရွံ့နေကြပေသည်။ 


အကယ်၍ အသက်ရှင်ကျန်သူများသည် ကုန်ပစ္စည်းများကို သူတို့နှင့်အတူယူလာပါက သူတို့သည် အလုပ်မှတ်များနှင့် လဲလှယ်နိုင်ကြမည်ဖြစ်ပြီး ၎င်းကို ပိုကောင်းသောနေထိုင်စရာနှင့် ပိုကောင်းသောအစားအစာများနှင့် လဲလှယ်နိုင်ခြင်း သို့မဟုတ် အိမ်တွင်းလိုအပ်ချက်ပစ္စည်းများနှင့် လဲလှယ်နိုင်ကြပေမည်။