ဘုရင့်ကြင်ယာတော် နန်းတော်သို့ ပြန်ခြင်း
"ဘာကြောင့်လဲဆိုတော့ အရှင်မင်းကြီးက လင်းရှောင်ကို မယုံကြည်လို့ပါ...."
လင်းရှောင်၏ စူးရှလှသည့်မျက်လုံးများက ဧကရာဇ်၏ မျက်စိသူငယ်အိမ်နှစ်ခုစီရှိသော မျက်လုံးများထဲကို တည့်တည့် စိုက်ကြည့်လေသည်။
သူ သတ္တိတို့ကို စုလိုက်ပြီး ဆက်ပြောလိုက်သည်။
"အရှင်မင်းကြီး... လင်းရှောင်ကို တိုက်ရိုက်မေးလိုက်ရင် ရပါလျက်နဲ့ ဘာကြောင့်များ အမြဲတမ်းလိုလို သက်သေရဖို့ ခြုံပုတ်တွေကို ရိုက်နှက်နေရတာပါလဲ...."
ထိုစကားများကို ကြားသည်နှင့် ဧကရာဇ် မျက်ခုံးတို့ ပင့်သွားခဲ့သည်။ သူ၏ ဒွိသူငယ်အိမ်ရှိသော မျက်လုံးများက အမူအယာမပျက်ရှိနေကာ သူ့ကိုနင့်နင့်သီးသီးကြည့်နေသည်။ လင်းရှောင်ကလည်း ရှောင်လွှဲခြင်းမရှိပဲ တည်တည်ငြိမ်ငြိမ်ပြန်ကြည့်နေလိုက်သည်။
ထိုသည်ကို တွေ့သောအခါ ဧကရာဇ်၏ နှလုံးသားထဲတွင် လှိုင်းလေတစ်ခု ထလာခဲ့သည်။ သူ့ရှေ့တွင် အမြဲတမ်းလိုလို ဂရုတစိုက်ပြောဆိုတတ်သော မိန်းမစိုးလေးတစ်ယောက်က နောက်ဆုံးတွင် သူ့ကိုပင် မေးခွန်းထုတ်ရဲသော လူတစ်ယောက်အဖြစ် ပြောင်းသွားခဲ့သည်။
သံသယဝင်စရာပင် မရှိပဲဤသည်က ထိုလူသား၏ ပွင့်လင်းကာ တိုက်ရိုက်ဆန်ပြီး လတ်ဆတ်သည့် ရနံ့တို့ မွှန်းထုံနေသည့် မူလပုံစံသာဖြစ်ရပေမည်။
ဧကရာဇ်က မတ်တတ်ထရပ်လိုက်ကာ လင်းရှောင်ကို အချိန်အတော်အကြာ စူးစူးရဲရဲကြည့်နေရင်း လင်းရှောင်ရှေ့သို့ လျှောက်သွားလိုက်သည်။ ထိုပုံစံမှာ လင်းရှောင်၏ အတွင်းရောအပြင်ကိုပါ အကုန်လုံးကို ထိုးဖောက်ကြည့်ရှုချင်နေသည့်ဟန် ပေါက်နေသည်။
ဧကရာဇ်၏ ထွက်သက်များက လင်းရှောင်ကို ညစ်ညမ်းသလို ခံစားရစေပြီး သူ့နှလုံးသားတစ်ခုလုံး ရှက်ရွံ့မှုတို့ ပျံ့နှံ့သွားကာ သူ့မျက်နှာပင် အနည်းငယ် ပူပြင်းလာရသည်။
တိုးဖျကာ အားနည်းသော အသံလေးဖြင့် ခေါ်လိုက်သည်။
"အ... အရှင်မင်းကြီး...."
လင်းရှောင်၏ ခေါ်သံလေးက ဧကရာဇ်၏ နှလုံးသားထဲသို့ နက်နက်ရှိုင်းရှိုင်းထိုးဖောက်သွားပြီး နှလုံးခုန်သံက ငြင်သာလာသလို ထိန်းမနိုင်သိမ်းမရလည်း ဖြစ်သွားသည်။
ဧကရာဇ်က မနေနိုင်တော့ပဲ သူ့ရှေ့ရှိယောက်ျား၏ ပုံစံအစစ်အမှန်ကို သိချင်လာမိ၍ မေးလိုက်သည်။
"ဒါဆို ပြောပါဦး... မောင်မင်းက ဘယ်လိုထင်လို့လဲ...."
လင်းရှောင်က ခဏမျှသူ့ဘာသာသူ စဉ်းစားလိုက်ပြီး အတော်အသင့်လှည့်ဖျားပြောဆိုလိုက်သည်။
"လင်းရှောင်ရဲ့ စိတ်ထဲက အရာတွေက အရှင်မင်းကြီး ယူဆထားသလို မဟုတ်ရပါဘူး...."
လင်းရှောင်၏ မျက်လုံးထဲရှိ လှည့်ဖျားမှုလေးက သဘာဝဆန်စွာဖြင့် ဧကရာဇ်၏ မျက်လုံးအောက်မှ မလွတ်မြောက်နိုင်ခဲ့ချေ။ ၎င်းက အမှန်စင်စစ် ဖြေဆိုချင်သည့်အရာမဟုတ်၍ သူ့ကို စိတ်မကျေနပ်စေပေ။
ဧကရာဇ်က လင်းရှောင်၏ မေးစေ့ကိုကိုင်ကာ မျက်နှာကိုပင့်မော့လိုက်ပြီး တစ်ဖက်လူ၏ အတွေးများကို သူ့ထံမှ ဖုန်းကွယ်မရစေရန် မျက်လုံးများထဲသို့ တည့်တည့် စိုက်ကြည့်လိုက်သည်။ ထို့နောက် နောက်တစ်ကြိမ် ထပ်မေးပြန်သည်။
"ဒီတော့... ကျန်းတွေးနေတာ ဘာများလဲ..."
"...."
လင်းရှောင် ကြောင်တောင်တောင်လေး ငေးမောမိသွားပြီး ဧကရာဇ်က ခုဏက သူ့အဖြေကို သဘောမကျသည့် ပုံပင်။
လင်းရှောင်က ဧကရာဇ်၏ အကြည့်စူးစူးအောက်တွင် သူ့နှုတ်ခမ်းကိုစေ့ထားမိလိုက်သည်။
သူ အခြားဝေဖန်ချက်တွေကိုမှ မလုပ်ရဲတာ... ဘယ်လိုလုပ် အမှန်အတိုင်း ပြောနိုင်ပါ့မလဲ...
အဆုံးထိရောင်အောင် တွန်းအားပေးခံရ၍ ထိုအချိန်တွင် လင်းရှောင်က ဘာပြောရမလဲ မသိတော့ပဲ ဧကရာဇ်ရှေ့တွင် အထိတ်တလန့်ဖြစ်နေရသည်။
သူ့လက်ကို မြှောက်လိုက်ချလိုက် အကြိမ်ကြိမ်လုပ်ရင်း ဘယ်နားထားရမလဲ မသိတော့ပေ။ သူ့ပါးစပ်ကလည်း ပွင့်ချည်ပိတ်ချည်ဖြစ်နေသော်လည်း မည်သည့် စကားမှ ထွက်မလာပေ။
သူ၏ မျက်ခုံးများက စိုးရိမ်တကြီးကုတ်ကျသွားခဲ့သည်။ သူတစ်ခုခုပြောချင်သော်လည်း ဘာမှပြောမထွက်ပေ။ အဆုံးတွင် သူက ဧကရာဇ်ကို ရိုးရှင်းသော်လည်း ရိုးသားမှုအပြည့်ရှိသည့် ပုံစံလေး လုပ်ပြလိုက်သည်။
ဧကရာဇ်က ထိုမြင်ကွင်းကိုကြည့်ရင်း အနည်းငယ် ရယ်ချင်စဖွယ်ကောင်းသည်ဟု ထင်၍ သူ့နှုတ်ခမ်းပါးတို့က အနည်းငယ် ကွေးညွတ်သွားသည်။
လင်းရှောင်က ထိုတမူထူးခြားသည့်အပြုအမူကို မြင်လိုက်ပြီး အစအနောက်ခံနေရသည်ဟု ခံစားလိုက်ရကာ ရှက်ရွံ့လာခဲ့သည်။ ခဏအကြာတွင် သူ့ခေါင်းအထက်မှ အငွေ့များ ထွက်ပေါ်လာပြီး သူ့မျက်နှာတစ်ခုလုံး ရဲရဲနီသွားသည်။
သူ့နှလုံးသားက တဖြေးဖြေးချင်းဖြင့် အရှိန်နှုန်းမြင့်ကာ ခုန်ပေါက်လာပြီး ၎င်းက လင်းရှောင်ကို သူ့ရင်ဘတ်ကြီး ပေါက်ကွဲတော့မည်ဟု ခံစားသွားမိစေသည်။
ထိုအချိန် လင်းရှောင်ကို ထိုမျှရှက်သွာစေသည့် ဧကရာဇ်ကြီးမှာ ထိုမြင်ကွင်းကို သဘောကျနှစ်သက်နေဟန်ပုံဖြင့် မျက်လုံးများ မှေးစင်းကာ ကြည့်နေသည်။
ရှက်ဒေါသတို့ ထွက်လာသော လင်းရှောင်က သူ့ကို မျက်စောင်းထိုးရင်း မကျေမချမ်းပြောလိုက်သည်။
"အရှင်မင်းကြီး ဘာတွေတွေးနေလဲဆိုတာ ကိုယ့်ဘာသာ ပိုသိတယ် မဟုတ်ဘူးလား...."
သူပြောလိုက်ပြီးသည်နှင့် လင်းရှောင်နောင်တရသွားသည်။ သူထိုစကားလုံးများကို မည်သူ့ကိုမဆို ပြော၍ရသော်လည်း ယခုသူ့ရှေ့ရှိလူမှာ ဧကရာဇ်မင်းမြတ်ဖြစ်နေလေသည်။
လင်းရှောင်က ဧကရာဇ်ကိုမဝံ့မရဲခိုးကြည့်လိုက်သော်လည်း သူ့မျက်နှာပေါ်တွင် ဒေါသတို့ ရှိနေရမည့်အစား အနည်းငယ်စိတ်ရှုပ်နေသလိုပင် ဖြစ်နေသည်။
စိတ်မကျေမနပ်ဖြစ်နေသော်လည်း သူ၏နူးညံ့သောအသံလေးနှင့် နီမြန်းနေသော ပါးပြင်နှစ်ဖက်က သူပြသချင်သည့် မခံမရပ်နိုင်ဖြစ်နေသော စိတ်ခံစားချက်ကို မပြသနေပေ။ ယင်းအစား ဂျီကျနေသည့်ကလေးငယ်တစ်ယောက်အလား တစ်စုံတစ်ယောက်၏ နှလုံးသားကို ကလိယားထိုးနေသလို ခံစားချက်မျိုး ပေးစွမ်းနေသည်။
ကြောင်လေးတစ်ကောင်က သူ၏ပန်းရောင်ခြေသည်းလေးကို လက်ဖဝါးလေးထဲမှ ဆန့်ထုတ်ပြီး ဧကရာဇ်၏ နှလုံးသားလေးကို ကုတ်ခြစ်နေဘိသကဲ့သို့ မဖော်ပြနိုင်လောက်အောင် ယားယံသွားစေသည်။
လင်းရှောင် မတုန့်ပြန်နိုင်သေးခင် ဧကရာဇ်က သူ့ကိုယ်သူ မရပ်တန့်နိုင်တော့ပဲ အနားတိုးကပ်လာကာ သူ့နှဖူးကို လင်းရှောင်နှဖူးနှင့် ထိလိုက်သည်။
ထိုမျှနီးကပ်နေမှုက ဧကရာဇ်၏အကြည့်များကို ပိုမိုနက်ရှိုင်းသွားစေပြီး လင်းရှောင်ကို အံ့ဩသွားစေသည်။ ဒွိသူငယ်အိမ်များမှာ မှင်များကဲ့သို့ နက်မှောင်နေပြီး တစ်ချက်ကြည့်ရုံဖြင့် လူတိုင်း၏အကြံအစည်များကို ရှာတွေ့နိုင်ကာ တစ်ဖက်လူကို ကျောရိုးတစ်လျှောက် ကြက်သီးမွှေးညင်းထစေသည်အထိ ဖြစ်သွားစေသည်။ သူ၏ အကြည့်များက သံလိုက်ဖြင့်ဆွဲငင်ခံထားရသလိုဖြစ်ကာ ဧကရာဇ်၏ မျက်လုံးများထံမှ အကြည့်မလွှဲနိုင်ဖြစ်နေရသည်။
တိတ်ဆိတ်နေသည့် အခန်းကျယ်ထဲတွင် ပဲ့တင်ထပ်နေပြီး လင်းရှောင်နားထဲတွင် တဒုတ်ဒုတ်နှင့် ကြားနေရသော နှလုံးခုန်သံက မည်သူ့ နှလုံးခုန်သံလည်း မသိတော့သော်လည်း ၎င်းက သူ့ကို အနည်းငယ် ရီဝေဝေဖြစ်သွားစေသည်။
ဧကရာဇ်၏ အသွင်အပြင်က တလှုပ်လှုပ်ဖြစ်နေသော ဖယောင်းတိုင်မီးအောင်တွင် ဝေဝါးနေသော်လည်း လင်းရှောင်၏ မျက်လုံးထဲတွင် ပန်းပုထုထားသကဲ့သို့ ထင်ထင်ရှားရှား မြင်နေရသည်။ ၎င်းက သူ့ကို ဧကရာဇ်က မည်မျှခန့်ညားကြောင်း သိလာစေပြီး ခန့်ညားလွန်း၍ သူ့အာခေါင်ပင် ခြောက်သွေ့လာရသည်။
လင်းရှောင် ဧကရာဇ်နား တဖြေးဖြေးချင်းတိုးလာပြီး သူ၏ အလှတရားကြောင့် မိန်းမောနေမိသည်။
သူ ဧကရာဇ်၏ နှုတ်ခမ်းများကို တစ်ကြိမ်မျှ အသာဖွဖွလေး လျက်လိုက်မိသည်။
သူ ဧကရာဇ်၏ ပါးလျလျနှုတ်ခမ်းပါးများကို ထိလိုက်မိသည်နှင့် အသိပြန်ဝင်လာမိပြီး သူလုပ်ခဲ့သည့်အရာကြောင့် မှင်သက်မိသွားရသည်။ သူ ဧကရာဇ်ရင်ခွင်ထဲမှ ခုန်ထွက်လုနီးနီးဖြစ်သွားသော်လည်း တစ်ဖက်လူက သူ့ကို အားဖြင့်ပြန်ဆွဲထားလိုက်သည်။
၎င်းနောက်မှ ဧကရာဇ်၏ အားပြင်းကာ မွတ်သိပ်လှသော အနမ်းများက လိုက်ပါလာခဲ့သည်။
"အွန့်..."
လင်းရှောင် ကြောင်တောင်တောင်လေးဖြစ်သွားကာ ဧကရာဇ်နှင့် မျက်လုံးခြင်းဆုံသွားရသည်။ တစ်ဖက်လူ၏မျက်လုံးထဲတွင် ခုဏက လင်းရှောင်ပြုလုပ်လိုက်သည့် လှုပ်ရှားမှုကို ပြင်းပြင်းထန်ထန်စနောက်ချင်သည့် အရိပ်အရောင်တို့ကို ဖော်ပြနေသည်။
လင်းရှောင် မပျော်မရွှင်ဖြစ်သွားရသော်လည်း သူ၏ခန္ဓာကိုယ်က ဧကရာဇ်နှင့်အတူ မျှဝေနေရသည့် အနမ်းများကြောင့် အားနည်းကာ အင်အားမဲ့လာပြီး တစ်ဖက်လူကို တွန်းမထုတ်နိုင်တော့ပေ။
ဧကရာဇ်၏ လျှာက တဖြေးဖြေးချင်း နက်ရှိုင်းလာပြီး လင်းရှောင်ကို သူတို့၏ ချိတ်ဆက်ထားမှုများမှတစ်ဆင့် နှိုးဆွနေကာ သူ့ကို လမ်းညွှန်နေသည့် အရိပ်အယောင်နှင့်အတူ 'ဒါကမှ အနမ်းအစစ်ပဲ...'ဟု ပြောနေသယောင်ဖြစ်နေသည်။
လင်းရှောင်က လုံးဝဖရိုဖရဲဖြစ်သွားစေသည်အထိ အနမ်းခံလိုက်ရပြီး သူပင် သတိမထားမိပဲ သူ၏ ခုခံနေသည့်လက်များက ပိုမိုလိုချင်နေသည့်ဟန် ပြောင်းလဲသွားသည်။
မှုန်ဝါးဝါးဖယောင်းတိုင်မီးအောက်တွင် နှစ်ယောက်သား၏ လိမ်ယှက်နေကြသော ပုံရိပ်နှစ်ခုက ပြတင်းပေါက်တွင် အရိပ်ထင်နေပြီး လူနှစ်ယောက်၏ကြားတွင် ဒွိဟဖြစ်ချင်စရာ ခံစားချက်တို့ ပေါက်ဖွားလာရသည်။
လေထုက ပုံမှန်အတိုင်းဖြစ်နေပြီး လင်းရှောင်၏ အမူအယာက သာယာမှုကြောင့် စတင်၍ အားအင်ယုတ်လျော့သလို ဖြစ်လာသည်။
သူတို့၏ ဆန္ဒများ တိုးပွားလာသည်နှင့်အမျှ တစ်ခါမှမခံစားဖူးသည့် ရမ္မက်ဇောအဟုန်က အမျိုးသားနှစ်ယောက်ကြားတွင် တိုးမြင့်လာသည်။
ဧကရာဇ်က သူ့ကိုယ်သူ ထိန်းလိုက်နိုင်သော်လည်း လင်းရှောင်က အသိမရှိတော့ပဲ သတိလက်လွတ်ဖြင့် သူ့အဝတ်များသူ ဆွဲချနေသည်။
သူ့ကိုယ်တွင်းရှိ အပူဓာတ်များကို လျော့နည်းစေရန် သူ့အဝတ်များကို ချွတ်နေခြင်းဖြစ်သည်။
သို့သော် ထိုအချိန်တွင် ဧကရာဇ်က ရုတ်တရက်ကြီး ရပ်တန့်သွားကာ သူ့ကို ခပ်ဝေးဝေးသို့ တွန်းထုတ်လိုက်သည်။
လင်းရှောင်က ဧကရာဇ်ရှေ့တွင် ကူကယ်ရာမဲ့စွာ မတ်တတ်ရပ်လိုက်ပြီး သူ၏ အနည်းငယ် ပရမ်းပတာဖြစ်နေသော အဝတ်အစားများနှင့် စိတ်လွတ်နေသည့် အမူအယာက သူ၏စိတ်ဝိဉာဉ်ကို ဝါးမြိုနေသည့် ညှို့ဓာတ်တစ်ခုနှင့်တူနေပြီး သူနှင့်ပိုမိုနီးကပ်အောင် ကပ်လိုက်ပြီး တစ်ကိုယ်လုံးကို ဝါးမြိုပစ်ချင်စေသည်အထိ ပါဖြစ်သွားခဲ့သည်။ ဧကရာဇ်က မျက်မှောင်ကြုတ်ရင်း မြင့်တက်လာသော တပ်မက်မှုများကို ခက်ခက်ခဲခဲချိုးနှိမ်ကာ အကြည့်လွှဲလိုက်သည်။
"ကျန်းအခု မောင်မင်းရဲ့ ခံစားချက်ကို နားလည်သဘောပေါက်သွားပါပြီ..."
ဧကရာဇ်၏ အသံက ဟက်စကီးတစ်ကောင်၏ အသံလို တိုးလျနေပြီး ထိုသည်ကို ကြားသည်နှင့် လင်းရှောင်တစ်ကိုယ်လုံးကို ပျော့ခွေသွားစေခဲ့သည်။
လင်းရှောင် တွေငေးငေးလေး မျက်တောင်ခတ်လိုက်ပြီး သူ့ဆီတိုးဝင်လာခဲ့သည်။
ဧကရာဇ်က နှုတ်ခမ်းတင်းတင်းစေ့ကာ လှည့်ထွက်သွားလိုက်ပြီး ထွက်ပေါက်ရှေ့တွင်ရပ်လိုက်သည်။
"မနက်ဖြန်ကြရင် ကျန်းတို့ တိုင်းပြည်တို့ပြန်ဖို့ ရှိသေးတယ်...မောင်မင်း စောစောအနားယူသင့်တယ်...ကျန်းတို့ ခဏလောက်လေညင်းခံဖို့ အပြင်ထွက်ရအောင်...."
ထိုသို့ပြောပြီးသည်နှင့် ဧကရာဇ်က တံခါးဆွဲဖွင့်ကာ လျှောက်ထွက်သွားလိုက်ပြီး သူ၏ခြေလှမ်းများက ယခင်က လင်းရှောင်မှတ်မိသည်ထက် မြန်ဆန်နေသည်။
တံခါးဖွင့်လိုက်သည်နှင့် အပြင်ဘက်ကလေက တိုးဝင်လာပြီး အခန်းထဲရှိ အပူဓာတ်ကို ပျောက်ကွယ်သွားစေသည်။ ၎င်းက လင်းရှောင်၏ အသိစိတ်ကိုလည်း ပြန်သယ်ဆောင်လာခဲ့ပေးသည်။
လင်းရှောင် သူ၏တပ်မက်မှုများ ပျောက်ကွယ်သွားသည်နှင့် သူ့အကြည့်များက ဧကရာဇ် ထွက်ခွာသွားသည့်နောက်ကို လိုက်ပါသွားသည်။ ဘာဖြစ်သွားသလဲ သိသွားသောအခါ သူ့ပါးများက ချက်ချင်းနီရဲလာသည်။
နောက်ထပ်တစ်ကြိမ် ဧကရာဇ်၏အနမ်းက သူ့ကို အသိစိတ်လွတ်သွားစေပြန်ပြီ။
ဤတစ်ကြိမ်တွင် သူ၏အပြုအမူများကို ဧကရာဇ်ကိုဆွဲဆောင်ချင်သည့် ပုံစံအဖြစ် အဓိပ္ပါယ်ကောက်၍ ရသွားခဲ့သည်။
လင်းရှောင် သူ့ကိုယ်သူ နာကျင်မှုမရှိပဲ သေအောင်မသတ်နိုင်၍ မုန်းတီးမိသွားသည်။
ပိုဆိုးသည်မှာ ဧကရာဇ်က သူ့ခံစားချက်များကို နားလည်မှုလွဲသွားခဲ့လေပြီ။
လင်းရှောင် ၎င်းကို တွေးမိသည်နှင့် သူ့မျက်လုံးထဲတွင် ရှုပ်ထွေးနေသော အကြည်များ ဖြစ်ပေါ်လာသည်။
ကိစ္စတွေက တကယ်ပဲ ဒီလိုဖြစ်သွားခဲ့တာလား...
ဒါမှမဟုတ် အစကတည်းက ဒီလိုဖြစ်နေခဲ့တာလား...
လင်းရှောင် ခဏမျှတွေးပြီးနောက်တွင် ရုတ်တရက်ခေါင်းခါလိုက်ကာ နောက်ထပ်အရာများ ထပ်မတွေးမိစေရန် ကြိုးပမ်းလိုက်သည်။
နောက်တစ်နေ့မနက်တွင် လင်းရှောင်နိုးသည်နှင့် သူ့ဘေးတွင် လူတစ်ယောက်ရပ်နေကြောင်း သိလိုက်ရသည်။
သူ့ဘေးရှိလူက တစ်ကိုယ်လုံး အနက်ရောင်ကို ဝတ်ဆင်ထားကာ သူ့ကျောပေါ်တွင် ဓားရှည်တစ်ချောင်းကို လွယ်ထားသည်။ ကိုယ်ခံပညာရှင်များ၏ နောက်ဆုံးအဆင့်က အနက်ဝတ်ဖြစ်ပြီး ၎င်းက သူ့မျက်နှာကို ဖုံးအုပ်ထားသည်။
လင်းရှောင်က ထိုလူကို စစ်ပွဲအတွင်းတွင် မြင်ဖူးကြောင်း မှတ်မိသွားသည်။ ထိုအချိန်က ဤလူက ဧကရာဇ်ရှေ့တွင် ရပ်နေခဲ့သည်။
ထိုလူက လင်းရှောင်နိုးလာသည်ကို သတိပြုလိုက်မိသည်နှင့် ချက်ချင်း ဒူးထောက်ချလိုက်သည်။
"ဒီငယ်သားရဲ့ နာမည်က အန်းယပါ... အရှင်က ကြင်ယာတော်ကို အိမ်ပြန်ပို့ပေးဖို့ ဒီငယ်သားကို အမိန့်ပေးထားပါတယ်..."
လင်းရှောင် ထိုလူကို ကြောင်တောင်တောင်လေး ကြည့်လိုက်ပြီး ကောင်းကင်ကို လှမ်းကြည့်လိုက်သည်။ ကောင်းကင်၏အရောင်က အတောအလေး လင်းထိန်နေပြီဖြစ်ပြီး လင်းရှောင်က စိတ်ရှုပ်ထွေးစွာ မေးလိုက်သည်။
"ဧကရာဇ္ကေရာ..."
"အရှင်က အမြန်ဆုံးမြင်းကိုးစီးနင်းပြီး အရင်ထွက်ခွာသွားနှင့်ပါပြီ..."
အန်းယက ပြတ်သားစွာ ပြန်ဖြေလိုက်သည်။
လင်းရှောင်မျက်ခုံး တစ်ဖက်ပင့်သွားသည်။
ဧကရာဇ်က ထွက်သွားပြီပေါ့...
မုတိုင်းပြည်မှာ တစ်ခုခုဖြစ်လို့လား....
လင်းရှောင်က အန်းယကို မေးချင်သော်လည်း တစ်ဖက်လူ၏မျက်နှာက အမူအယာမဲ့နေလျက်ရှိနေသည်။ လေးစားသည့် အမူအယာပင် မရှိနေလေရာ ထိုလူနှင့် ဝေးဝေးနေပြီး အကွာအဝေးတစ်ချို့ ထားပြီးနေသင့်သည်ဟု ခံစားမိအောင် လုပ်နေသည်။
လင်းရှောင်က ထိုလူကိုမေး၍ ဘာမှမသိရတော့မည်မှန်း သိသွား၍ နောက်ထပ် မနှောင့်ယှက်မနှောင့်ယှက်တော့ပေ။
ထို့ကြောင့် အမိန့်သာပေးလိုက်သည်။
"ဒါဆို ခရီးထွက်ဖို့အတွက် ပြင်ဆင်လိုက်ဦး... ကျွန်တော်တို့နဲ့အတူ ဘယ်သူတွေပါလာမှာလဲ..."
"အန်းရှန်း၊ အန်းဖန်၊ အန်းလျှို့နဲ့ အန်းယုံတို့ပါ..."
လင်းရှောင် ကြောင်တောင်တောင်လေးဖြစ်သွားသည်။
သူတို့အကုန်လုံးရဲ့ မျိုးရိုးနာမည်တွေက အန်းတွေလား....
သူ အန်းယကို မေးခွန်းထုတ်သလို ကြည့်လိုက်သော်လည်း ထိုလူက ဘာမှမမြင်သလို ဆက်လက်၍ဒူးထောက်နေပြီး နောက်ထပ်အမိန့်ပေးမည်ကို စောင့်နေလိုက်သည်။
လင်းရှောင် သက်ပြင်းချပြီးပြောလိုက်သည်။
"ကောင်းပြီလေ ခင်ဗျားသွားလို့ရပြီ... အန်းရှန်းကို ကျွန်တော့်အတွက် အထဲကိုခေါ်ပေးပါ့လား..."
လင်းရှောင်က ကြုံရာနာမည်ကောက်ရွေးပြီး ထိုလူကို အထဲသို့ ခေါ်လိုက်သည်။
ခဏအကြာတွင် တစ်ကိုယ်လုံးကို အနက်ရောင်ဝတ်ထားသော မိန်းမတစ်ယောက်က အခန်းထဲ ဝင်လာခဲ့သည်။
တိုက်ဆိုင်စွာဖြင့် သူမက မနေ့ကသူ့ကို အကျဉ်းထောင်သို့ လိုက်ပို့သည့် အစေခံဖြစ်နေသည်။
လင်းရှောင်အနည်းငယ် အံ့ဩသွားမိချိန်တွင် အန်းရှန်းက သူ့ရှေ့တွင် ဒူးထောက်ချလိုက်သည်။
လင်းရှောင်က အိပ်ယာပေါ်တွင် ထိုင်နေရင်း ပြောလိုက်သည်။
"ထလို့ရပြီ... ဧကရာဇ် အလျှင်စလိုထွက်သွားရတယ် ဆိုတဲ့ အဓိပ္ပါယ်က မုတိုင်းပြည်မှာ တစ်ခုခုဖြစ်နေပြီလို့ ဆိုလိုတာမလား..."
အန်းရှန်းခေါင်းခါပြလိုက်သည်။
"ဒီငယ်သား မသိပါဘူး... ဘာပဲဖြစ်ဖြစ် တိုင်းပြည်တစ်ပြည်မှာ အုပ်ချုပ်သူ ဧကရာဇ်က အကြာကြီး ထွက်သွားလို့မရပါဘူး.. အရှင်က အချိန်အတော်ကြာ ထွက်လာခဲ့ပြီးပါပြီ..."
လင်းရှောင်က ထိုစကားလုံးများ၏ နောက်ကွယ်မှ အဓိပ္ပါယ်ကို အောက်ပါအတိုင်း တွေးလိုက်သည်။
ဧကရာဇ်က အချိန်မဆိုင်းပဲ ပြန်သွားရတာ.. အစိုးရပိုင်းဆိုင်ရာ ကိစ္စရေးရာတွေကို ကိုင်တွယ်ဖို့အတွက်ပါ...
လင်းရှောင်က ထိုအဖြေကို အတော်လေးစိတ်ကျေနပ်သွားပြီး နောက်ထပ်မေးခွန်းတစ်ခုမေးလိုက်သည်။
"ဒါဆိုရင်လန်ဝေ့ရော... စစ်သူကြီးချုပ်လန်ဝေ့ရော သူ့နောက်လိုက်သွားတာလား...."
အန်းရှန်းက ခေါင်းလေးငုံ့ကာ ပြန်ဖြေလိုက်သည်။
"ဟုတ်ပါတယ်... အရှင်က ကျွန်တော်မျိုးမတို့ ငယ်သားငါးယောက်ကိုပဲ သခင်လေး နန်းတော်ပြန်တဲ့နေရာမှာ စောင့်ရှောင့်ပေးဖို့ ချန်ခဲ့တာပါ..."
ထိုအထိပြောပြီးနောက်တွင် အန်းရှန်းက လင်းရှောင်တစ်ယောက် လူအနည်းငယ်သာကျန်ခဲ့၍ အထင်လွဲမည်ကို စိုးသောကြောင့် ထပ်ပြောလိုက်သည်။
"ကျေးဇူးပြုပြီး မစိုးရိမ်ပါနဲ့ သခင်လေး...ကျွန်တော်မျိုးမတို့ ငယ်သားငါးယောက်က အရာရာတိုင်းကို ကိုင်တွယ်နိုင်ပါတယ်... ကျွန်တော်မျိုးမတို့ရဲ့ ကိုယ်ခံပညာက စစ်သူကြီးလန်ပြီးရင် ဒုတိယနေရာမှာ ရှိတာမလို့ သခင်လေးအပေါ် ဘာအန္တရာယ်မှ မကျရောက်စေရပါဘူး..."
၎င်းကို ကြားပြီး လင်းရှောင်ခဏမျှရပ်တန့်သွားပြီး အန်းရှန်း သူပြောချင်သည်ကို နားလည်မှုလွဲသွားကြောင်း ချက်ချင်းသိသွားသည်။ သူက ရယ်ချင်စရာကောင်းသည်ဟု တွေးမိပြီး ပြောလိုက်သည်။
"ကျွန်တော် အဲ့ဒီ့အကြောင်းကို မစိုးရိမ်ပါဘူး..."
ထိုသို့ပြောပြီးသည်နှင့် လင်းရှောင်သက်ပြင်းချလိုက်သည်။
"ဒီအတိုင်း စိတ်ရှုပ်ထွေးသွားရုံပါပဲ..."
"လန်ဝေ့ကို ဧကရာဇ်က မြို့တော်ထဲကနဲ့ နှင်ထုတ်ထားတာမလား... ဒါဆို သူကဘယ်လိုလုပ်ပြီး စစ်သူကြီးချုပ်ဖြစ်လာရတာလဲ..."
ခဏမျှရပ်လိုက်ပြီးနောက်တွင် အရိုအသေပေးပြီး ပြန်မဖြေတော့ပေ။
"ဒီ... ဒီငယ်သား မသိပါဘူး... ဒါပေမဲ့ အရှင့်မှာ ကိုယ်ပိုင်အတွေးရှိလောက်မှာပါ..."
သူမ ဘာမှမသိကြောင်း ပြောသော်လည်း အန်းရှန်းက ဧကရာဇ်တွင် သူ့အတွေးနှင့်သူရှိကြောင်းပြောလာသည်။ သူဘယ်လိုပဲကြည့်ကြည့် သူမ မသိဘူးဆိုသည်ကို မယုံနိုင်ပေ။
သို့သော် သူမကြည့်ရသည်မှာ ဤမှဆက်၍ ပိုမပြောနိုင်တော့ပုံပေါ်သောကြောင့် ဆက်မမေးပဲ ရပ်လိုက်တော့သည်။
လင်းရှောင်က သူမကို ခက်ခဲအောင်မလုပ်လိုတော့၍ စကားလမ်းကြောင်းသာ ပြောင်းလိုက်သည်။
"ဖုယွီကျွင်း... ဧကရာဇ်က ရှောက်နိုင်ငံရဲ့ ဒုတိယမင်းသားကို ဘယ်လိုကိုင်တွယ်လိုက်လဲ..."
အန်းရှန်းက လေးစားစွာ ပြန်ဖြေလိုက်သည်။
"သူက အရှင့်ရဲ့ သတ်မှတ်ချက်တွေကို သဘောတူလိုက်ပြီး ရှောက်နိုင်ငံရဲ့ ဘုရင်ဖြစ်လာပြီး ရှောက်နိုင်ငံကို မုနိုင်ငံရဲ့လက်အောက်ခံနိုင်ငံဖြစ်လာပါပြီ..."
လက်းရှောင် မျက်ခုံးပင့်မိသွားသည်။ ကြည့်ရသည်မှာ လန်ဝေ့က အတော်လေး ယုံကြည်ရပုံပင်။
ထိုကိစ္စကို နောက်ပစ်ကာ လင်းရှောင်က မတ်တတ်ရပ်လိုက်သည်။
"သွားကြစို့...."
အန်းရှန်းက အံ့ဩသွားက မြင်နိုင်လောက်အောင် စိတ်ရှုပ်သွားပြီး လင်းရှောင်ကို ခေါ်လိုက်မိသည်။
လင်းရှောင်က အန်းရှန်းကို မေးခွန်းထုတ်သလို ပြန်ကြည့်လိုက်သည်။
အန်းရှန်း မေးလိုက်သည်။
"သခင်လေး သူ့ကို သွားကြည့်မှာပါလား..."
သူမကို ခဏမျှ နားမလည်နိုင်သလို စိုက်ကြည့်ပြီးနောက်တွင်မှ အန်းရှန်းက ဖုယွီကျွင်းအကြောင်း ပြောနေကြောင်း သိသွားရသည်။ လင်းရှောင်က မနေနိုင်တော့ပဲ ရယ်လိုက်မိကာ ခေါင်းအသာခါလိုက်သည်။
"မလိုပါဘူး... ကျွန်တော်ပြောတာက ကျွန်တော်တို့ မြန်မြန်လေး ပြန်သွားကြရအောင်လို့ ပြောတာပါ... ကံကောင်းရင် ကျွန်တော်တို့ မြန်မြန်မပြန်ရင် ဧကရာဇ်ကိုတောင် မီနိုင်လောက်မယ်လေ..."
အန်းရှန်းက လင်းရှောင်ကို အံ့အားတကြီး ကြည့်လိုက်သည်။
လင်းရှောင် အကြည့်လွှဲလိုက်သည်။
"ကျွန်တော်က မုတိုင်းပြည်ကို ပြန်ဖို့ ဆုံးဖြတ်ပြီးသွားပြီလေ... တခြားနိုင်ငံကလူနဲ့ မတွေ့ရင်ပိုကောင်းတာပေါ့... အထူးသဖြင့် တစ်ဖက်နိုင်ငံရဲ့ ဘုရင်နဲ့ဆိုရင် ပိုတောင် မတွေ့သင့်သေးတယ်...."
လင်းရှောင်၏ နောက်ဆုံးစကားများက အန်းရှန်းကို အနည်းငယ်ပြုံးရယ်သွားစေသည်။
"ကြည့်ရတာတော့ စစ်သူကြီးလန်က သခင်လေးကို သေချာရှင်းပြထားပုံပါပဲ..."
ဤသည်က လင်းရှောင်အဖို့ အန်းရှန်း၏ အပြုံးကို မြင်ဖူးသည့် ပထမဆုံးအကြိမ်ဖြစ်၍ အံ့အားသင့်သွားရကာ မနေနိုင်တော့ပဲ ပြောလိုက်မိသည်။
"ဒီတော့ မင်းတို့ အနက်ရောင်ဝတ်လူတွေအကုန်လုံးက မျက်နှာအကြောသေနေကြတဲ့ လူတွေချည်းပဲ မဟုတ်ဘူးပေါ့လေ..."
အန်းရှန်းက တောင့်တင်းသွားကာ သူမမျက်နှာပေါ်ရှိ အပြုံးက ပျောက်ကွယ်သွားသည်။
လင်းရှောင် အနည်းငယ် သနားစရာကောင်းသလို ခံစားလိုက်ရသော်လည်း အခြားအရာများကိုသာ အာရုံစိုက်လိုက်သည်။
အန်းရှန်းက လန်ဝေ့က သူ့အတွက် ကိစ္စတွေ ဖြေရှင်းပေးသွားတဲ့အကြောင်း ဘယ်လိုသိနေတာလဲ...
အန်းရှန်းက တစ်ဖက်လူ၏မျက်နှာပေါ်ရှိ ရှုပ်ထွေးနေမှုကို မြင်လိုက်ရ၍ ရှင်းပြလိုက်သည်။
"သခင်လေးက စစ်သူကြီးလန်နဲ့စကားပြောခဲ့ပြီး ရှောက်နိုင်ငံရဲ့ ဒုတိယမင်းသားကို သွားမတွေ့လို့ ပါ...."
"ဒီတော့ မင်းက ကျွန်တော် လန်ဝေ့စကားနားထောင်လိုက်တယ်လို့ ကောက်ချက်ချလိုက်တယ်ပေါ့လေ...."
လင်းရှောင် ကျယ်လောင်စွာပြောလိုက်ပြီး အန်းရှန်းကို ထင်ရာမြင်ရာကောက်ချက်ချထား၍ အပြစ်တင်နေဟန်နှင့်တူနေသည်။
အန်းရှန်းက ခပ်မြန်မြန်ရှင်းပြလိုက်သည်။
"အဲ့ဒာတင်မကသေးပါဘူး.... ဒီငယ်သားက သခင်လေးနဲ့ စစ်သူကြီးလန်တို့ ပြောနေကြတာတွေကို ရှင်းရှင်းလင်းလင်းကြားခဲ့ပါသေးတယ်..."
"....."
လင်းရှောင် နှုတ်ခမ်းတင်းတင်းစေ့ပြီး မျက်နှာကြီး မဲမှောင်သွားသည်။
အန်းရှန်းက ချက်ချင်း ဒူးထောက်ချလိုက်သည်။
"ကျေးဇူးပြုပြီး စိတ်လျော့ပါသခင်လေး... ဒီငယ်သားက လုပ်ချင်လို့ လုပ်ခဲ့တာ မဟုတ်ပါဘူး... ဒီငယ်သားရဲ့ အဆင့်က အတော်လေးမြင့်နေခဲ့လို့ပါ....."
အန်းရှန်းက အနည်းငယ်ရှက်သွားသလို ခံစားလိုက်ရပြီး မတ်တတ်ရပ်သလိုလို အနည်းငယ် ကုံးကွကွဖြစ်သွားရသည်။
"စစ်သူကြီးလန်လည်း ဒီငယ်သားကြားတယ်ဆိုတာသိပါတယ်..."
လင်းရှောင် သူကြားလိုက်သည့်အရာကြောင့်မှင်သက်သွားခဲ့သည်။
"လန်ဝေ့လည်းသိတယ်လား..."
အန်းရှန်းက ဆက်ပြောလိုက်သည်။
"စစ်သူကြီးလန်ရဲ့ ကိုယ်ခံပညာအဆင့်က ဒီငယ်သားထက် မြင့်ပါတယ်...ဒီငယ်သားကြားသွားစေလောက်အောင်အထိ အမှားမလုပ်လောက်ပါဘူး... သူက သခင်လေးကို ဖျောင်းဖျတယ်ဆိုတာကို ဒီငယ်သားကို တမင်နားထောင်စေခဲ့တဲ့ပုံပါပဲ..."
လင်းရှောင်က ဖြတ်ပြောလိုက်သည်။
"မင်းပြောချင်တာက အစကတည်းက မင်းက လန်ဝေ့ငါ့ကို ဖျောင်းဖျနေတာကို ခွင့်ပြုထားခဲ့တယ်လို့ ဆိုလိုတာလား...."