အခန်း ၅
Viewers 8k

Chapter 5 (ပူစီနံ နှင့်သခွားသီးမွှေကြော်)


ယခု သူမ ခေါင်းကိုက်နေရသည်က သူမ ရှောင်မင်ကို ကြိုက်နေမှန်း ယန်ယိဖေး သိထားတာကြောင့်ဖြစ်သည်။အမှန်တစ်ကယ်တွင်၊မူလပိုင်ရှင်သည် ပြီးခဲ့သည့် နွေရာသီက ဒုတိယမင်းသား ရှောင်မင်၏ အသက်၂၀ ပြည့်မွေးနေ့ ညစာစားပွဲမှာ မြင်မြင်ချင်းပင် ရှောင်မင်ကို ချစ်မိသွားခဲ့သည်။ ထိုအကြောင်းကို အတန်းဖော်များနှင့် သူငယ်ချင်းများကိုလည်း ဖုံးကွယ်ထားခြင်းမရှိပေ။ 


သို့သော် သူမသည် ထိုစဉ်က ပညာရေးဖိအားများအောက်မှာသာ လုံးပမ်းနေရပြီး အထက်တန်းကျောင်းတက်နေသေးသောကြောင့် ဤအကြောင်းကို လူများစွာ မသိရှိခဲ့ပေ။ ရှောင်မင် သည်လည်း တင်းကြပ်စွာ စီမံခန့်ခွဲထားသည့် အင်ပါယာ၏ ပထမစစ်တက္ကသိုလ်တွင် ပညာသင်ကြားနေသောကြောင့် တွေ့ဆုံခွင့်ပင်မရှိခဲ့ပေ။ မူလပိုင်ရှင်သည် ရှောင်မင် နှင့်ပတ်သက်ချင်နေသော အမျိုးသမီးများကို အဝေးသို့ တွန်းထုတ်ရန် လင်းမိသားစုက အရှိန်အဝါကိုသုံးတတ်သည်။


  


"ဘယ်လိုပဲဖြစ်ဖြစ် ငါ့ကို ချစ်တဲ့သူက ငါ့အစ်ကိုကြီးနဲ့ နာရီဝက်ကြာအောင် မတိုက်နိုင်ဘူးဆိုရင် အစ်ကိုက သူ့ကို ငါ့ရည်းစားအဖြစ်လက်ခံပေးမှာမဟုတ်ဘူး..ပြီးတော့ ရှောင်မင်က ငါ့အစ်ကိုကြီးထက် အများကြီး ပျော့ညံ့တယ်လေ...အဲ့ဒါကြောင့် ငါ သူ့ကို မကြိုက်ဘူးလို့ ဆုံးဖြတ်လိုက်ပြီ"


စစ်နတ်ဘုရား ၏ တင်းကျပ်သော စည်းကမ်းသည် ယခုမှ အမှန်တစ်ကယ် ကောင်းမွန်ကြောင်း လင်းယောင်ယောင် ရုတ်တရက် ခံစားလိုက်ရသည်။ ယန်ယိဖေး အံ့အားသင့်သွားပြီး ပြူးတူးပြဲတဲနှင့်ဆိုလာ၏။


"အမလေး..နင့်အစ်ကိုက အရမ်းဆိုးတာပဲ...ငါ့အစ်မဆိုလည်း စကားလက်နှင်းဆီ တပ်ဖွဲ့ရဲ့ ကပ္ပတိန်ဖြစ်ပေမယ့် သူက ငါ့ကို ဘယ်တော့မှ ဂရုမစိုက်ဘူး... ဟုတ်ပါတယ်....သူမကိုယ်တိုင်က ရိုမန့်တစ်ဆန်လို့လား မသိဘူး...ရည်းစားတွေဆိုလည်း တစ်နေ့တစ်မျိုး ရိုးကို မရိုးရဘူး...ထည်လဲတွဲတာ"


 'အိုး… စကားလက်နှင်းဆီ တပ်ဖွဲ့ ရဲ့ တပ်မှူး ယန်ယိမန် ဟာ တစ်ကယ် ရိုမန့်တစ်ဆန်တတ်တာပဲ'


 


မိသားစုအကြောင်း ပြောပြီးသည့် အခါ ယန်ယိဖေး က စီးပွားရေးအကြောင်းပြောလာသည်။


"တတိယမင်းသား ရှောင်ကျန်းရဲ့ ဘွဲ့နှင်းသဘင်အခမ်းအနားကို လုပ်ဖို့အတွက် ဧကရီက နောက်နေ့ ရွှယ်လန် အပန်းဖြေစခန်းမှာ စကိတ်စီးပွဲ၊ နှင်းလျှောစီးပွဲနဲ့ ရေပူစမ်းပါတီ တွေ လုပ်မယ်တဲ့....မနက်ဖြန်ကျရင် ငါတို့အတန်းဖော်အားလုံးကို ဖိတ်ထားတယ်ဟ....ငါတို့နဲ့ မျိုးဆက်တူတဲ့ တော်ဝင်မင်းသားတွေနဲ့ မင်းညီမင်းသားတွေလည်း လာကြမှာလေ..."


ရှောင်ကျန်း သည် သူမတို့ တက်နေသော အထက်တန်းကျောင်းက အတန်းဖော်ဖြစ်သည်။ "ဒဏ္ဍာရီထဲမှ အရှင်သခင်" တွင် လင်းယောင်ယောင် အပေါ်ထားသော ရှောင်ကျန်း၏ ချစ်ခြင်းမေတ္တာအကြောင်း စာရေးသူက သိပ်မရေးထားခဲ့ပေ။အထက်တန်းကျောင်းတုန်းက သူမ ကို ချစ်ခဲ့သည်ဟု ပြောထားခဲ့၏။ သို့သော်လည်း ဝတ္ထုထဲတွင် အတိုချုံးဖော်ပြထားသည့်အတိုင်း ရှောင်ကျန်း သည် ရွှယ်လန်အပန်းဖြေစခန်း မှာကျင်းပမည့် သူ၏ မွေးနေ့ပါတီတွင် သူမ အား ပထမဆုံးအကြိမ် ချစ်ခွင့်ပန်ခဲ့တာဖြစ်သည်။သူမကလည်း ပြောစရာမလိုအောင် ငြင်းပယ်ခဲ့၏။ 


ယန်ယိဖေး သည် သူမ၏ Crush ရှောင်ကျန်း က သူငယ်ချင်းကောင်းဖြစ်သူ လင်းယောင်ယောင် ကို အမှန်တစ်ကယ် ချစ်နေတာကိုလည်း ထိုအချိန်တွင် သိရှိခဲ့သည်။


သူမ ထိုအကြောင်းကို တွေးမိပြီး ချက်ချင်းပင် ခေါင်းယမ်းလိုက်သည်။


 "မဟုတ်ဘူး....အစ်ကိုနဲ့အတူတူ အိမ်မှာနေချင်တယ်...ငါတို့ မတွေ့တာ သုံးနှစ်ရှိပြီလေ အစ်ကိုကြီးက ငါ့အတွက် တစ်ကယ်ကို အစွမ်းထက်တဲ့ ဒိုင်းကာလိုပဲ"


ယန်ယိဖေး သံသယဖြစ်သွားမိသည်။


"နင့်အစ်ကိုကြီးကို ဘယ်အချိန်ကတည်းက အရမ်းချစ်သွားတာလဲ...နေပါဦး...နင့်အစ်ကိုကြီးက မကြာခင် အင်ပါယာမြို့တော်ကို ပြန်ပြောင်းလာမယ်ဆို...အဲ့ဒီအခါကျရင် နင်နဲ့ အမြဲတွေ့ရမှာပဲဟာ"


ထို့နောက် ယန်ယိဖေးက ကလေးလေးလို ချွဲလိုက်၏။


 


"ယောင်ယောင် ကလည်း...ဘေဘီ... ငါနဲ့ လိုက်ခဲ့ပါဟာ...နင် ရှောင်မင် ကို မကြိုက်ရင်လေ တခြား ကောင်လေးချောချောလေးတွေနဲ့ တွဲလို့ရတယ်လေ...နင့်အစ်ကိုကြီးလည်း သိမှာမဟုတ်ပါဘူး....နင် မရှိရင် ငါ တစ်ယောက်တည်းသွားရမှာ ပျင်းစရာကြီး"


"ဘယ်သူနဲ့မှ မတွဲချင်ပါဘူးဟာ....အလကားကောင်တွေပါ...‌တစ်ယောက်မှ မချောဘူး...ငါ ဘယ်သူ့ကိုမှ ကြိုက်လို့မဖြစ်ဘူး...အစ်ကိုကြီးက ငါ့ကို ရိုက်လိမ့်မယ်"


သူမ ယခုလိုပြောလည်း ယန်ယိဖေး စိတ်မဆိုးဘူးဆိုတာကို သူမ သိသည်။ ယန်ယိဖေးသည် သူငယ်ချင်းတစ်ယောက်အနေနှင့် သူမအပေါ် အမြဲရိုးသားခဲ့သူဖြစ်သည်။သို့သော်လည်း၊ အချစ်က လူတွေကို မျက်စိကန်းစေတာမို့ ဤကောင်မလေးနှင့် ခပ်ခွာခွာနေသင့်သည်။ထိုနည်းလမ်းက သူငယ်ချင်းအချင်းချင်း မျက်နှာပျက်စရာ ဖြစ်ရတာထက် အတော်ကောင်းမည်။ ဖုန်းခေါ်ဆိုမှုပြီးသွားသောအခါတွင် အခန်းထဲက အသိဉာဏ်စနစ်သည် လင်း မိဘများထံမှ အသံမက်ဆေ့ဂျ်ကို ပြောကြားလာသည်။ သူတို့ နှစ်ယောက်သည် တာဝန်ကျရာကို ပြန်သွားကြပြီဖြစ်၍ ညနေကျလျှင် လင်းရွှမ် နှင့်အတူ ညစာစားရန် လင်း မိသားစု၏ အိမ်ဟောင်းသို့ ပြန်သွားရန် ပြောထားသည်။ 


လင်းရွှမ် သည် နောက်နှစ်ရက်အကြာတွင် ရှေ့တန်းသို့ ပြန်သွားရမည်ဖြစ်သည်။ ထို့ကြောင့် အဘိုးဖြစ်သူမာရှယ် နှင့် ညစာသွားစား‌ရပေမည်။ထို့နောက် လင်းယောင်ယောင် သည် နေ့လည် ၄နာရီတွင် Alarm ပေးထားပြီး virtual အိမ်လေးထဲသို့ ဝင်လာခဲ့သည်။ သူမသည် စိတ်စွမ်းအင်များထွက်လာအောင် မလုပ်ဆောင်နိုင်သေးသည့်အတွက် လက်တွေ့ဘဝမှာ ဖြည့်စွက်အစာတွေ မဖန်တီးနိုင်သော်လည်း virtual အိမ်လေး၏ ဝိညာဉ်ရေးချိတ်ဆက်မှုကိရိယာမှာ စိတ်စွမ်းအင်ထွက်ရှိမှုကို လမ်းညွှန်ပေးသည့် အခန်းကဏ္ဍတစ်ခု ပါဝင်တာကြောင့် ကြယ်ပွင့်ကွန်ရက် တွင် အစမ်းလုပ်ကြည့်နိုင်သည်။


ကြယ်ပွင့်ကွန်ရက်တွင် ဖြည့်စွက်ဆေးဝါးများနှင့် ဖြည့်စွက်အစားအစာများသည် ဆေးဝါးနှင့် အစားအစာပစ္စည်းများမှ ထုတ်လုပ်သည့် အတုအယောင်ဒေတာများ အပေါ် အခြေခံထားသည်။သို့သော်လည်း၊ ထိုးသွင်းလိုက်သည့်စိတ်စွမ်းအင်က အစစ်အမှန်ဖြစ်၍ ထုတ်ကုန်များက အကျိုးသက်ရောက်မှုရှိသည်။ သို့သော်၊ ရုပ်ပိုင်းဆိုင်ရာ အရာဝတ္ထုများ မရှိသောကြောင့် သာမန်အစားအစာ သို့မဟုတ် ဆေးဝါးများ၏ ကုသနိုင်စွမ်းထက် 10-20% ကိုသာ ကုသနိုင်၏။


စိတ်စွမ်းအင်ကို အလဟဿ မဖြုန်းတီးနိုင်ရန်၊ လေ့ကျင့်ခန်းနှင့် ထုတ်ကုန်အသစ်များကို စမ်းသုံးကြည့်နေသော အတွေ့အကြုံမရှိသေးသူများမှလွဲ၍ အရန်ကုထုံးပညာရှင် အနည်းငယ်ကသာ ကြယ်ပွင့်ကွန်ရက် တွင် ဖြည့်စွက်ဆေးဝါးများနှင့် အစားအစာများကို ပြုလုပ်ပေးမည်ဖြစ်သည်။ ဖြည့်စွက်ဂီတကုထုံးများသည် ရုပ်ပိုင်းဆိုင်ရာ ကုသနိုင်စွမ်း မရှိသောကြောင့် မူလအကျိုးသက်ရောက်မှု၏ 70 မှ 80% ခန့်ကို မရရှိနိုင်တော့ပေ။


 


လင်းယောင်‌ယောင် သည် ဆေးဝါးနှင့် အစားအသောက်အတွက် အလုပ်သင်အဆင့် လက်ထောက်ကုထုံးပညာရှင်အခန်းကို ငှားပြီး အရိုးရှင်းဆုံး ဖြစ်သည့် ပထမအဆင့် -ဆေးဝါးပစ္စည်းများနှင့် ပထမအဆင့် အစားအသောက်ပစ္စည်းများကို သူမ၏ စိတ်စွမ်းအားဖြင့် ကိုင်တွယ်နည်းကို သင်ယူခဲ့သည်။ ဆေးဖက်ဝင်ပစ္စည်းများကို ကုသရန် အဓိကနည်းလမ်းမှာ ၎င်းတို့၏ အနှစ်သာရကို စိတ်စွမ်းအားဖြင့် ထုတ်ယူခြင်းဖြစ်သည်။ အစားအသောက် ပြုပြင်ခြင်း၏ အဓိကနည်းလမ်းမှာ စိတ်၏စွမ်းအားဖြင့် ၎င်းအတွင်းရှိ အညစ်အကြေးများကို ဖယ်ရှားရန်ဖြစ်သည်။


ရက်အနည်းငယ်ကြာ လေ့ကျင့်ပြီးနောက်တွင် လင်းယောင်ယောင် စတင်လုပ်နိုင်ပြီဖြစ်ကြောင်း ခံစားခဲ့ရသည်။ထို့နောက် သူမသည် ရိုးရှင်းသော ဖြည့်စွက်အစားအစာ တစ်ခုပြုလုပ်ရန်ဆေးဝါးများနှင့် ပါဝင်ပစ္စည်းများကို အသုံးပြုခဲ့သည်။ ယခင်က ဆေးဝါးနှင့် အစားအစာ ပေါင်းစပ်ထားသော ဟင်းပွဲများကို ဘယ်သူကမှ မပြုလုပ်ခဲ့ချေ။ ဤနည်းလမ်းသည် ချက်ပြုတ်နေစဉ်အတွင်း ဆေးဝါးများ၏ ထိရောက်မှုကို ဆိုးရွားစွာ ဆုံးရှုံးစေပြီး အများအားဖြင့် အရသာရှိပြီးသားဖြစ်သော ဖြည့်စွက်အစားအစာများ၏အရသာကို ပို၍ပင် ထူးဆန်းလာစေတာကြောင့်ပင်ဖြစ်သည်။


 


ဤသည်မှာ လင်းယောင်ယောင် အတွက် ပထမဆုံးအကြိမ် စမ်းသပ်ခြင်းလည်း ဖြစ်သည်။ သူမသည် သခွားသီးကြော်ကို ပူစီနံ ဖြင့် ထပ်ကြော်လိုက်သည်။ ပူစီနံ သည် ဆေးဖက်ဝင်ပစ္စည်းဖြစ်သလို အစားအသောက်လည်း ဖြစ်သည်။ မျှော်လင့်ထားသည့်အရသာကို ရရှိရန်အတွက် ပူစီနံ အရွက်အနည်းငယ်နှင့် ပူစီနံ extract အနည်းငယ်ကို ထည့်လိုက်သည်။ စိတ်စွမ်းအင်ဖြင့် ပြုပြင်ထားသော သခွားသီးကို မပြုပြင်ရသေးသော သခွားသီးနှင့် နှိုင်းယှဉ်ရန် သူမ တစ်ကိုက်,ကိုက်ကြည့်လိုက်သည်။ ထိုအခါ ပြုပြင်ထားသော သခွားသီး၏ အရသာက ပိုချိုမြိန်ပြီး နူးညံ့သလို သူမ ခံစားရသည်။ 


ထို့နောက် သခွားသီးကို ၈ မီလီမီတာ အထူလှီးဖြတ်ပြီး ဒယ်အိုးထဲတွင် ဆီအပူပေး၍ နှစ်ဖက်လုံး အနည်းငယ်ညိုလာသည်အထိ ကြော်ပြီးနောက် ဖယ်ထားလိုက်သည်။ ထို့နောက် ကြက်သွန်ဖြူ၊ ငရုတ်ကောင်း နှင့် ငရုတ်ကောင်းမှုန့်တို့ကို ဆီသတ်ရန် ဒယ်အိုးထဲတွင် ဆီအပူပေးကာ မွှေးလာသည်အထိ မီးအလယ်အလတ်ဖြင့် ကြော်ပြီး စောစောက ကြော်ထားသည့် သခွားသီးထည့်ကာ အညီအမျှ မွှေကြော်လိုက်၏။ နောက်ဆုံးတွင် ပူစီနံ extract ၊ ဆား နှင့် ကမာဆော့စ်တို့ကို ထည့်လိုက်လျှင် ရိုးရှင်းသော ပထမအဆင့် ဖြည့်စွက်စာ၊ ပူစီနံသခွားသီးကြော် သည် အဆင်သင့်ဖြစ်နေလေပြီ။ 


လင်းယောင်ယောင် ကိုယ်တိုင် မြည်းစမ်းကြည့်လိုက်သောအခါ အရသာက သိပ်မဆိုးပေ။ဤဟင်းပွဲသည် သူမ,မျှော်လင့်ထားသည်ထက် ပိုမွှေးပြီး ကြွပ်နေသော်လည်း အနည်းငယ် ဆိုးရွားနေသေးသည်။ထို့နောက် သူမ ပူစီနံ extractအချိုးအစားကို ချိန်ညှိလိုက်၊ ပူစီနံ အရွက်ကို တစ်ခါ ထည့်လိုက် လုပ်ကြည့်ပြန်သည်။ ထို့နောက် အထပ်ထပ်အခါခါ အချိုးအစား ပြောင်းပြီး လုပ်ကြည့်လေသည်။သို့သော်လည်း၊ ဘယ်ဟင်းပွဲက အကျိုးသက်ရောက်မှု အကောင်းဆုံးလဲ ဆိုတာကို သူမ ဆုံးဖြတ်၍မရချေ။စစ်သည်တစ်ဦးက အရသာခံကြည့်မှသာ သိရပေလိမ့်မည်။


ထို့နောက် လင်းယောင်ယောင် သည် ဖြည့်စွက်အစားအစာများအတွက် ကြယ်ပွင့်ကွန်ရက် ၏အကြီးဆုံးအွန်လိုင်းစျေးဝယ် ပလက်ဖောင်းတွင် ကိုယ်ပိုင်စတိုးဆိုင်ငယ်တစ်ခုဖွင့်ရန် ကြယ်ပွင့်ကွန်ရက် လမ်းညွှန်မှုကို ကြည့်ပြီး လိုက်လုပ်ကြည့်သည်။ စတိုးဆိုင်ကို နာမည်ပေးရန် ပျင်းသွားသဖြင့် မူရင်းနာမည်ကို သာ အသုံးပြုခဲ့သည်။ထို့နောက် "Virtual အရန် အစားအသောက်" ဆိုသည့် ကဏ္ဍကို ရွေးချယ်လိုက်ပြီး ပူစီနံသခွားသီးကြော်ဟင်းပွဲကို အပေါ်ဆုံး နေရာမှာ တင်ထားလိုက်သည်။သခွားသီးတစ်လုံးစီက မတူညီသော အရသာများဖြစ်၍ စုစုပေါင်း ဟင်းပွဲက ၁၀၀ ရှိသွားသည်။ 


ဤပလက်ဖောင်းမှာ virtual ဖြစ်သည့်အတွက် အစားအသောက်က အမှိုက်ဖြစ်စေ၊ အရသာရှိသည် ဖြစ်စေ၊ ဝယ်သူ၏ ကံနှင့်သာ သက်ဆိုင်၏။ ဘယ်သူမဆို Virtual အရန် အစားအသောက်များ အတွက် ငွေကြေးများစွာ သုံးစွဲမည်မဟုတ်ချေ။ထို့အပြင် အတွေ့အကြုံမရှိသေးသော အစားအသောက် ဖြည့်စွက်ကုထုံး ပညာရှင်များ၏ အစားအသောက်များကို ဘယ်သူကမှ အရဲကိုးပြီး ငွေသုံး၍ ဝယ်မှာမဟုတ်ပေ။


လင်းယောင်ယောင် သည် ဈေးဝယ်ပလက်ဖောင်းပေါ်ရှိ အခြားသော အစားအသောက် လက်ထောက်ကုထုံးများ၏ လက်ရာများကို လှည့်ပတ်ကြည့်ရှုလိုက်သေးသည်။သူတို့ထဲမှ အများစုမှာ အနက်ရောင်၊ နီညိုရောင်၊သို့မဟုတ် စိမ်းပုပ်ပုပ် အစားအစာများဖြစ်ပြီး ရွံစရာဟင်းပွဲများနှင့်တောင် ဆင်တူ‌နေသည်။ ထို့အပြင် တစ်ချို့သူများက လာမြည်းချင်သူများကို ငွေပေးသည့်သဘောမျိုး reward များ ကပ်ထားကြသည်။ထို့ကြောင့် လူတော်တော်များများက စမ်းမြည်းကြည့်ပြီး သူတို့၏ ထင်မြင်ယူဆချက်တွေကို ထုတ်ပြောကြသည်။ ထို့အပြင် သူတို့ဘက်မှလည်း အရသာနှင့် ထိုရောက်မှုတွေအပေါ် ရမှတ်များနှင့်၊ မှတ်ချက်များ ပေးကြ၏။


လင်းယောင်ယောင်သည် အတန်ကြာလှည့်ပတ်ကြည့်ပြီးနောက် စိတ်ထဲမှာ ကျေနပ်သလိုဖြစ်သွားရသည်။ပြီးလျှင်၊သူမ၏ အရသာရှိသော ပူစီနံ နှင့် သခွားသီးကြော်ကို ဈေးနှုန်းခပ်မြင့်မြင့် တင်လိုက်သည်။ဟင်းတစ်ပွဲလျှင် ခရက်ဒစ် 100 ဖြစ်ပြီး ဟင်းတစ်ပွဲမှာ သခွားသီးတစ်လုံးသာ ပါမည်ဖြစ်လေသည်။ 


သခွားသီးသည် ကြယ်တာရာခေတ်တွင် လူသုံးအများဆုံး ပထမတန်းစား ပါဝင်ပစ္စည်းအဖြစ် ရှိနေဆဲဖြစ်သည်။ သခွားသီးတစ်လုံးကို ခရက်ဒစ် 2 ခုဖြင့် ဝယ်ယူနိုင်ပြီး virtual သခွားသီးသည် 1 ခရက်ဒစ်သာ ရှိ၏။virtual ဖြည့်စွက်စာများ တွင် မာစတာအဆင့် သို့မဟုတ် ပထမတန်းစား ဖြည့်စွက်အစားအစာများကို ခရက်ဒစ် 100 ဖြင့်သာ ရောင်းချတတ်ကြသည်။ 


သူမ ပိုက်ဆံလိုချင်လို့ ဒီလိုလုပ်တာလား... ဒါမှမဟုတ် လုံးဝမရောင်းချင်တာလာား... ဘယ်ဟုတ်မလဲ...


အကြောင်းမှာ သူမကသာ သာမန်ဈေးနှုန်းတစ်ခုသာ သတ်မှတ်လိုက်လျှင် ဘယ်သူမှ သတိထားမိကြမှာမဟုတ်ပေ။ထို့အပြင် ပထမအဆင့် ဖြည့်စွက်စာများသည် အမြင့်ဆုံးဈေးထားလျှင် ကြည့်ရှုသူများက မြင်လွယ်ကြမည်ဖြစ်သည်။


ဝယ်သူတွေကလည်း ဈေးနှုန်းအမြင့်ဆုံးမှ အနိမ့်ကို အမျိုးအစားခွဲ၍ ကြည့်နိုင်သဖြင့် သူမ၏ ဟင်းပွဲက ထိပ်ဆုံးမှာပေါ်လာမည်ဖြစ်၏။ထို့ကြောင့် သူမသည် စူးစမ်းလိုသူများကို အထူးရည်ရွယ်ထားသည်။သူမကိုယ်တိုင်ကလည်း ဟင်းပွဲအားလုံး ရောင်းချနိုင်ရန် မမျှော်လင့်ခဲ့ပေ။ မြည်းစမ်းကြည့်ဖို့ တစ်ယောက် သို့မဟုတ် နှစ်ယောက်ခန့်သာ လာလိမ့်မည်ဟု မျှော်လင့်ထားမိသည်။ တစ်နေကုန်သွား၍တောင်ဘယ်သူမှ မဝယ်လျှင် စားချင်သူတစ်ယောက်ယောက်ထံကို reward အဖြစ်ပေးမည်ဖြစ်သည်။


မကြာမီ နေ့လည်၄နာရီတွင် လင်းယောင်ယောင် ကြိုတင်သတ်မှတ်ထား သော alarmသံ ထွက်ပေါ်လာသည်။ ထို့နောက် သူမသည် virtual အိမ်လေး ထဲမှထွက်ပြီး အဘိုးအိမ်သို့ ဘယ်အချိန်ပြန်သွားရမည်ကို အစ်ကိုဖြစ်သူအား မေးမြန်းရန် စတုတ္ထထပ်သို့ ပြေးတက်သွားလိုက်သည်။ 


ကြယ်တာရာခေတ် ခေတ်တွင်၊ ဘယ်သူမဆို လက်တွေ့ကျပြီး အစစ်ဟုထင်ရသော ဆက်သွယ်ရေးကိရိယာ သို့မဟုတ် အိမ်တွင်း အသိဉာဏ်ရှိသော အသံစနစ်ဖြင့် အလွန်အဆင်ပြေစွာ ဆက်သွယ်နိုင်သည်။သို့သော်လည်း၊စနစ်မှတစ်ဆင့် ဆက်သွယ်နေလျှင် အစ်ကိုကြီးနှင့် သူမကြားက ဆက်ဆံရေးမှာ တိုးတက်နိုင်စရာ လမ်းမမြင်‌သဖြင့် လူချင်းတွေ့ရသည်က ပိုကောင်းပေသည်။


မကြာခင်မှာပဲ သူမ လင်းရွှမ် ၏ အခန်းတံခါးကို တဒေါက်ဒေါက်ခေါက်ကာ တံခါးရှိ စမတ်အာရုံခံ ကိရိယာနေရာကို ပါးစပ်ကပ်၍ ပြင်းပြင်းထန်ထန်အော်လိုက်သည်။


 


"အစ်ကိုကြီးရေ...နိုးပြီလား...ဒီမှာ အစ်ကိုကြီးရဲ့အလှဆုံးနဲ့ ချစ်စရာ အကောင်းဆုံး ညီမလေးလေ...တံခါးမြန်မြန်လာဖွင့်ပေးပါဦး"


 


လင်းရွှမ် သည် သုံးလေးရက်ကြာအောင် ကောင်းကောင်းမအိပ်ရသေး၍ အိပ်ရန်ပြင်နေခြင်း ဖြစ်သည်။ထို့အပြင် အိမ်မှာ ရှိနေတာကြောင့် ကိုယ်တီးလုံးချွတ်ပြီး အိပ်နေရန် ပြင်နေသော်လည်း ဆူညံသည့် ကလေးမကြောင့် ရုတ်တရက် နိုးလာခဲ့ရသည်။


 


'...ညီမ ဖြစ်ဖြစ်...ဘာဖြစ်ဖြစ်...လုံးဝကို ချစ်စရာ မကောင်းဘူး'


လင်းရွှမ် သည် အိပ်ရေးမဝဖြစ်နေ၍ တံခါးခေါက်သံကြောင့် အတော်ပင် စိတ်ဆိုးသွားရသည်။ လင်းယောင်ယောင် က သူ့အခန်းတံခါးကို အတင်းခေါက်နေသောကြောင့် အရေးကြီးကိစ္စတစ်ခုခုလား ဟု စိုးရိမ်သွားကာ ဘောင်းဘီပါးပါးတစ်ထည်ကို ၀တ်ပြီး တံခါးဖွင့်လိုက်သည်။ 


လင်းယောင်ယောင် သည် တံခါးဘောင်တွင် မှီထားရာမှ မထင်မှတ်ပဲ တံခါးက ရုတ်တရက် ပွင့်သွားသဖြင့် အရှိန်မထိန်းနိုင်ဘဲ အခန်းထဲသို့ ရုတ်တရက် လဲကျသွားသည်။


လင်းရွှမ်မှာလည်း ညီမဖြစ်သူက သူနှင့်တွေ့တိုင်း လာမှီပြီးတွယ်ကပ်လေ့ရှိသဖြင့် အလွန်သတိရှိနေရသည်။ထို့ကြောင့် ဘေးနားကို ကပ်ပြီး ခြေတစ်လှမ်းဆုတ်လိုက်၏။သို့သော်၊ယခုမှ အိပ်ရာထခါစဖြစ်၍ သူ့ဦးနှောက်၏ တုံ့ပြန်မှုက အနည်းငယ် နှေးကွေးသွားသည်။ထို့ကြောင့် အရှိန်ပြင်းပြင်းနှင့် လဲကျလာသော သူမကို အချိန်မီ မတားနိုင်ခဲ့ပေ။


ထို့ကြောင့် သူမ အရှိန်နှင့် ပြိုကျလာကာ ကြမ်းပြင်ပေါ်သို့ လဲကျသွားတော့မည့်အချိန်မှာ အားကနဲအော်ဟစ်လိုက်ပြီး လက်တစ်ဖက်နှင့် လင်းရွှမ် ခါးအောက်မှ ဘောင်းဘီစကို ဆုပ်ကိုင်လိုက်သည်။ ထို့နောက် ယိုင်လဲသွားသည့်ကိုယ်နေဟန်ထားကိုပြင်ရန် အားရှိသမျှ သုံး၍ အစ်ကိုကြီး၏ ပေါင်ကို ပွေ့ဖက်ထားလိုက်ရသည်။


'အိုး.... သူ့ပေါင်ကို ကိုင်ထားမိတာပဲ'


'နေပါဦး ငါ ကိုင်ထားတဲ့ နေရာက နည်းနည်းတော့ ထူးဆန်းနေတယ်... အဝတ်အစားအောက်က နည်းနည်းပျော့တယ်..ပြီးတော့ နည်းနည်း မာတယ်…ရှည်လည်းရှည်တယ်... '


သူမ မော့ကြည့်လိုက်တော့ အင်္ကျီမပါသည့် စစ်နတ်ဘုရား၏ ပြီးပြည့်စုံသော ဗိုက်သားရှစ်မြောင်းနှင့် ဆွဲဆောင်မှုရှိသော ရေသူမမျဉ်းနှစ်ကြောင်းရှိကြောင်း တွေ့ရှိသွားရသည်။ 


ထို့နောက် ရေသူမမျဉ်းအောက်သို့ အကြည့်ရောက်သွားလျှင်............ 


သူမ အချိန်အတော်ကြာအောင် ကိုင်ထားမိသော အရာက ဘောင်းဘီစ ဟုတ်မနေသဖြင့် သူမ ကြံရာမရဖြစ်သွားရသည်။


တတိယခြေထောက်…


သူမ အံ့သြသွားပြီး အပြစ်ရှိနေသည့် လက်ကလေးကို အမြန်ပြန်ရုတ်ကာ မျက်နှာတစ်ပြင်လုံး နီရဲလာရသည်။ 


"ညီမ....ညီမ... အစ်ကိုကြီး...အစ်...ကို...ကြီးက ဘာလို့ အောက်ခံဘောင်းဘီ မဝတ်ထားတာလဲ ..." 


လင်းရွှမ် စိတ်ထဲတွင် မိုးခြိမ်းသံများ ထစ်ချုန်းသွားပုံရပြီး သူ့သွေးကြောများထဲမှာ ဘာမှမရှိတော့သလို ခံစားလိုက်ရသည်။တစ်အိမ်လုံး ထူးဆန်းစွာ တိတ်ဆိတ်သွားပြီးနောက် သူက သူ့ပေါင်ကို ဆုပ်ကိုင်ထားဆဲဖြစ်သော သူမလက်နှစ်ဖက်ကို အမြန်ဖယ်ကာ အလွန်ရှက်နေသည့်ပုံစံဖြင့် တံခါးကိုပိတ်ချလိုက်သည်။


လင်းယောင်ယောင် သည် လင်းရွှမ် ၏ အခန်းတံခါးအပြင်ဘက်တွင် ထိတ်လန့်တုန်လှုပ်စွာ ရပ်နေဆဲဖြစ်သည်။စစ်နတ်ဘုရား၏ ပေါင်ကို ကိုင်ထားရသည့် ခံစားချက်ဆိုလျှင်တောင် ဘာမှ မထူးဆန်းသော်လည်း တတိယခြေထောက်ကို ကိုင်ထားရသည့် ခံစားချက်ကမူ... ကောင်းကင်ကြီး ပြိုကျလုနီးပါး ဖြစ်သွားသလို ခံစားရ၏။ ထို့နောက် သူမ မထင်မှတ်ဘဲ အတွေးဝင်သွားသည်။စစ်နတ်ဘုရား၏ တတိယခြေထောက်မှာ အလွန်ပင်ကြီးမားသလို SS အဆင့်ကိုယ်လုံးကိုယ်ပေါက်ကြောင့် ယောင်းမဖြစ်လာမည့်သူ၏ ဘဝသည် သေချာပေါက် ခက်ခဲပေတော့မည်။


တံခါးပြန်မဖွင့်ခင် ဆယ်မိနစ်ခန့် အချိန်အတွင်းမှာ လင်းရွှမ် သည် အလွန်တင်းကျပ်သော ဘောင်းဘီနှင့် သပ်ရပ်စွာ ၀တ်ဆင်ထားပြီးဖြစ်သော်လည်း အေးစက်ပြီး ချောမောသော မျက်နှာကမူ မည်းမှောင်လျက်ရှိ၏။သူ့ရှေ့က လင်းယောင်ယောင်မှာ ခေါင်းငုံ့ဦးညွှတ်ကာ သူ့ကို တောင်းပန်နေလေသည်။


"အစ်ကိုကြီး… တောင်းပန်ပါတယ်...အခုကလေ တစ်ကယ် မတော်တဆ ဖြစ်သွားတာပါ...ညီမလေးကို ကြိုက်တဲ့အပြစ်ပေးလို့ရပါတယ်… ဒါနဲ့ အစ်ကိုကြီး အိမ်ဟောင်းကို ဘယ်တော့သွားမှာလဲ"


 


နောက်တစ်ခါ ထိုကဲ့သို့ နမော်နမဲ့ထပ်လုပ်မည်ဆိုလျှင် ဤကလေးမလေးကို လွှတ်ထား၍မဖြစ်၊ကြိုက်ရာအပြစ်ပေးဖို့ ဆုံးဖြတ်ထားပြီးသားပင်။ သူမ ဘယ်လောက်ပဲ နူးညံ့သိမ်မွေ့ နေပါစေ၊သူ ခွင့်လွှတ်မှာမဟုတ်တော့။ တစ်ဆက်တည်းပင် သူ့မျက်နှာက ပိုနီရဲလာပြီး ပြောလိုက်သည်။


 


"တိတ်စမ်း.....မေ့လိုက်တော့... အဲဒါကို ထပ်မပြောနဲ့" 


Xxxx