အခန်း ၆
Viewers 8k

Chapter 6



အဓိက ဗိုလ်ချုပ် လင်းရွှမ်သည် ယခုအချိန်တွင် အလွန်စိတ်ဆိုးပြီး ဒေါသထွက်နေပြီဟု ဆိုနိုင်သည်။ တရားခံ လင်းယောင်ယောင် ကို ဒေါသမထွက်သော်လည်း သူ့ကိုယ်သူ ဒေါသထွက်နေမိသည်။ယခင်က သူသည် အလှအပဆိုင်ရာ သွေးဆောင်မှုအမျိုးမျိုးကို လုံးဝလျစ်လျူရှုခဲ့ပြီး ရွံရှာလာသလို ခံစားခဲ့ရသည်။ အများအားဖြင့်၊ သူ့အတွက် လိင်စိတ်ဆန္ဒဆိုသည်မှာ ပေါ်လာခဲသော ခံစားချက်တစ်မျိုးပင် ဖြစ်သည်။


ယခုဖြစ်ပျက်ခဲ့သည်က မတော်တဆဆိုသည်ကို သူသိထား၏။ ကလေးမလေးက သူ့ကို အစ်ကိုကြီးတစ်ယောက်ဆိုသည့် ခံစားချက်မျိုးပေးနေသည်။ သူမသည် သူ့အပေါ် အလွန်ရင်းနှီးစွာ ပြုမူသော်လည်း၊ သူမ မျက်နှာက ဖြူစင်ပြီး ယုံကြည်ချင်စရာကောင်းနေသည်။သို့သော်လည်း၊အခန်းတံခါးကို ပိတ်ပြီးနောက် မိန်းကလေးက သူ့ကို ပွတ်ပြီး သူ့လက်မောင်းကို ပွေ့ဖက်လိုက်ချိန်၊ သူ့ပေါင်ကို လာဖက်ချိန်နှင့် သူ့ခန္ဓာကိုယ်က တစ်နေရာသို့ လာထိလိုက်ချိန်တို့က တစ်ခုပြီးတစ်ခု ပေါ်လာရလေသည်။ ထိုအတွေးမျိုးက တစ်ကယ်ကို ဆိုးရွားသည်ဟု သူ ခံစားရသည်။သူကိုယ်တိုင်က မိန်းမတစ်ယောက်ယောက်နှင့် အတူရှိနေရမည်အရွယ်မို့လို့လား မသိတော့ချေ။


ထို့နောက် လင်းရွှမ် သည် လှေကားထိပ်သို့ လျင်မြန်စွာ လျှောက်သွားလိုက်လျှင် ထိတ်လန့်နေဆဲဖြစ်သည့် လင်းယောင်ယောင်ကို ပြောလိုက်သည်။


"ဘာလဲ...မင်းက အိမ်ဟောင်းကို မပြန်ချင်ဘူးလား...သွားမယ်လေ"


"အိုး"


သူမလည်း သူ့နောက်ကို အမြန်လိုက်သွားလေတော့သည်။


လမ်းတစ်လျှောက်မှာ လေထုက အတော်ပင် ရှက်စရာကောင်းလှသည်။

သူမသည် ပထမဆုံး အကြိမ် ကားပျံ စီးနင်းရသည့် ခံစားချက်ကိုတောင် ဂရုမစိုက်နိုင်အားပဲ တစ်ဖက်ခုံမှာထိုင်နေသော အေးစက်စက်လူကိုကြည့်ပြီး စကားပြောဖို့ ကြိုးစားနေရသည်။


"အစ်ကိုကြီး...ရေဆာနေလား...အသီးတစ်ခုခု စားချင်လားဟင်...ရှေ့တန်းကို ဘယ်တော့သွားမှာလဲ....ပြီးတော့ ဧကရာဇ်မြို့တော်ကို ဘယ်တော့ပြန်ပြောင်းမှာလဲ...."


အေးစက်ချောမောပြီး ပြည့်စုံသော လူကြီးသည် အဆုံးမရှိ တရစပ်ပြောနေသည့် ကလေးမလေးကို ငြီးငွေ့လာရကာ....


"မင်း ငါ့ကို ရှေ့တန်းကို မြန်မြန်သွားစေချင်တာလား...မင်း ရည်းစားထားမှာကို တားမှာစိုးလို့ ဒီကိုမပြန်လာစေချင်တာမလား"


သူမလည်း အပြစ်ကင်းသည့်ပုံစံလေးနှင့် မျက်တောင်တစ်ချက်၊နှစ်ချက် ခတ်လိုက်ပြီး ပြန်ပြောရသည်။


"အစ်ကိုကြီးကလည်း....ညီမလေး ကြိုက်တဲ့သူ မရှိပါဘူးဆို"


ထို့နောက် လင်းရွှမ်သည် virtual screen ကိုဖွင့်ပြီး မူရင်းပိုင်ရှင်၏ Weibo အကောင့်ကို ပြလိုက်သည်။


"ငါရဲ့ တတိယမင်းသားက နင်တို့လို ကြောင်တွေ၊ခွေးတွေအတွက် မဟုတ်ဘူးနော်...ဘယ်ကောင်မက ငါ့ ရှောင်မင်ကို လုဝံ့သလဲ...အေး..လာထိတဲ့ ကောင်မမျိုးကို ငါ ဘယ်လို ဆုံးမ,မလဲဆိုတာကို ကြည့်ကြည့်လိုက်"


လင်းယောင်ယောင်: '...အိုး!'


ဤ Weibo ပို့စ်သည် မူလပိုင်ရှင်မှ အထက်တန်းကျောင်းပြီးကာစ လူချမ်းသာ သူဌေးသမီးတစ်ယောက်အကြောင်းကို စတင်သိရှိသွားချိန်က ရေးတင်ထားတာဖြစ်သည်။ထိုကောင်မလေးသည် စီးပွားရေး အလွန်ကောင်းမွန်သော Ella Star မိသားစု ဆင်းသက်လာသူဖြစ်သည်။ သူမသည် စာမေးပွဲတွင် အမှတ်ကောင်းများရထား၍ အင်ပါယာ၏ ပထမဆုံးစစ်ပညာရေးအကယ်ဒမီမှာ တက်ရောက်ခွင့်ရခဲ့၏။ထိုကောင်မလေးက Weibo မှာ ရှောင်မင်ကို tag တွဲ၍ အချစ်ဝန်ခံချက်ပို့စ်တစ်ခု တင်ခဲ့တာဖြစ်သည်။ချက်ချင်းပင် ထိုကိစ္စသည် Weibo တွင် နံပါတ်တစ်ရှာဖွေမှုအများဆုံး အကြောင်းအရာတစ်ခုဖြစ်လာခဲ့သည်။ပိုအရေးကြီးသည်က ရှောင်မင် ကိုယ်တိုင်က ထိုကလေးမအား ပြန်ပြောခဲ့တာကြောင့်ပင်။


"မင်းဘွဲ့ရသွားတဲ့အတွက် ဂုဏ်ယူပါတယ်...တက္ကသိုလ်တက်ပြီး စာကြိုးစားပါ"


ထိုကောင်မလေး၏ ဝန်ခံချက်ကို ခိုင်လုံစွာ အကြောင်းပြန်ခြင်းမရှိသော်လည်း မူလပိုင်ရှင်က ထိုကိစ္စကို သိရှိပြီးနောက် ဒေါသထွက်နေခဲ့သည်။သူမသည် Weibo မှာ ရှောင်မင် ကို အကြိမ်များစွာ Tag တွဲတင်ထားသော်လည်း သူက အလိုက်အထိုက် ယဉ်ယဉ်ကျေးကျေးသာ တစ်ခွန်း၊နှစ်ခွန်း ပြန်ပြောတတ်သည်။တစ်ခါမှ သူမကို ဤမျှ ရှည်ရှည်ဝေးဝေးစာမပြန်ခဲ့ဖူးပေ။ထို့ကြောင့် မူရင်းပိုင်ရှင်သည် ဒေါသကြီးသူဖြစ်တာကြောင့် သူမ၏ Weibo မှာ တင်ထားခဲ့တာပင်။ထို့နောက် သူမသည် ဒေါသတကြီးဖြင့် ရှောင်မင် နှင့် ယခင်က ပြောဆိုထားသော စာများကိုဖျက်ကာ Weibo အကောင့်ကို ဖျက်ပစ်ခဲ့သည်။ထို့နောက် စိတ်ပေါက်ပေါက်နှင့် virtualဂိမ်းတစ်ခုကစားနေခိုက် သတိလက်လွတ်ဖြစ်ပြီး မေ့မြောသွားခဲ့ရ၏။


ဤအဖြစ်အပျက်နှင့် ပတ်သက်ပြီး ကမောက်ကမ ဖြစ်ခဲ့ရသော်လည်း မူရင်းပိုင်ရှင် လင်းယောင်ယောင်က သူမ၏ မိသားစုအကြောင်းကို Weibo မှာ နာမည်တပ်ပြီး မတင်ထားဖူးတာကြောင့် သူမကို Follow မလုပ်သူများက မသိခဲ့ကြပေ။သူမကိုယ်တိုင်က ထိုကောင်မလေးကို ရွဲ့စောင်းထားသော်ငြား တိကျသော အထောက်အထားမရှိချေ။ထို့ကြောင့် ရက်အနည်းငယ်အကြာတွင် ထိုအကြောင်းအရာသည် လူအများကြားမှ ပျောက်ကွယ်သွားခဲ့သည်။


လင်းယောင်ယောင် ကူးပြောင်းလာပြီးနောက်တွင် သူမသည် ပတ်ဝန်းကျင်အသစ်နှင့် လိုက်လျောညီထွေဖြစ်အောင် အလုပ်ရှုပ်နေခဲ့သည့်အပြင် ရှောင်မင် ကိုလည်း လုံးဝမကြိုက်သောကြောင့် ထိုကိစ္စအား ခေါင်းထဲမထည့်ခဲ့ပေ။သို့သော်၊ ယခု သူမရှေ့မှာ လင်းရွှမ် ပြနေသည့် Weibo ပို့စ်ကိုကြည့်လိုက်ရင်း ရုတ်တရက် ချွေးစေးတွေ ထွက်လာခဲ့ရသည်။


"အစ်ကိုကြီးက..Weibo မသုံးဘူးမလား..."


လင်းရွှမ် သူမကို စိုက်ကြည့်နေ၏။


"အစ်ကိုတစ်ယောက်အနေနဲ့ ညီမဖြစ်သူရဲ့ဘဝကို သေချာလေ့လာလို့ မရဘူးလား"


ဤမိန်းကလေးသည် သူ့ရှေ့တွင် အလွန်နာခံပြီး နူးညံ့သော်လည်း အပြင်တွင် အလွန်ဒေါသထွက်ပြီး မာနကြီးကြောင်းကို သူတွေ့ရှိခဲ့သည်။မာနကြီးလည်း ကြီးချင်စရာပင်၊ သူတို့၏ လင်း မိသားစုမှ အမျိုးသားများသည် မိသားစုအတွင်းရှိ အမျိုးသမီးများနှင့် မိန်းကလေးများကို ဘယ်သူ့မျက်နှာမှ မကြည့်ဘဲ နေနိုင်စေရန် အသည်းအသန် အလုပ်လုပ်နေကြသူများဖြစ်သည်။


"ရှောင်မင် ကို သွားမစနဲ့...ရှောင်ပါတဲ့သူဆို ဘယ်သူမှ မကောင်းဘူး"


လင်းရွှမ် အေးစက်စွာပြောလိုက်သည်။လင်း မိသားစုသည် အာဏာရှိပြီး စီးပွးရေးအရလည်း တောင့်တင်းသောကြောင့် ဧကရာဇ်မိသားစုက သူတို့ကို မနာလိုဖြစ်နေကြသည်။နှစ်တစ်ရာလျှင် တစ်ကြိမ်ကျူးကျော်လာတတ်သည် ဇာ့ခ် များနှင့် စစ်ပွဲသည် အဆုံးသတ်တော့မည်ဖြစ်သည်။ အရှုံးမရှိသောနတ်ဘုရား လင်းရွှမ် မရှိလျှင် အင်ပါယာသည် နောက်နှစ်တစ်ရာလုံးလုံး နောက်ထပ်စစ်နတ်ဘုရားတစ်ပါးကို လိုက်ရှာ‌ရတော့မည်ဖြစ်သည်။ပလ္လင်ပေါ်ရှိ လူကြီးကလည်းနေမကောင်းဖြစ်နေသဖြင့် သိပ်မကြာခင် သေသွားတော့မည်ဖြစ်၏။


လင်း မိသားစုကသာ ရာဇပလ္လင်အတွက် သင့်တော်သူ တစ်ယောက်ယောက်ကို ထောက်ခံပေးထားမည်ဆိုလျှင် ထိုသူက ထီးနန်းဆက်ခံခွင့်ရဖို့ အလားအလာများပေသည်။လင်းရွှမ် သည် ဧကရာဇ်မြို့တော်နှင့် ဝေးကွာနေသော်လည်း ထိုအခြေအနေများကို သူ နားလည်ထားသည်။ သို့သော်၊ ညီမဖြစ်သူ လင်းယောင်ယောင် ကို သိပ်ဂရုမစိုက်ဖြစ်တာကြောင့် မင်းသားသုံးပါးထဲမှာ အလျှို့ဝှက်ဆုံးဖြစ်သည့် ရှောင်မင် ကို သူမ တစ်ကယ်ချစ်မိလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။


မူလက သူသည် ရှေ့တန်းတွင် နောက်ထပ်အချိန်တစ်ခုအထိ နေရန် စီစဉ်ခဲ့ပြီး သုတ်သင်ခံခဲ့ရသော ဇာ့ခ်လူမျိုး အကြွင်းအကျန်များကို ကိုယ်တိုင်ကိုယ်ကျ စောင့်ကြည့်ချင်သေးသည်။ယခုမူ၊ ဧကရာဇ်မြို့တော် သို့ ချက်ချင်းလွှဲပြောင်းပေးရန် လျှောက်ထားချင်စိတ် ဖြစ်လာခဲ့သည်။ဤသည်ကလည်း ညီမဖြစ်သူကို အပေအတေကောင်စုတ်များက ခိုးယူသွားမှာစိုးတာကြောင့်ပင်။ခပ်တုံးတုံး ကလေးမလေးကို ကြည့်ပြီး သူ မျက်မှောင်ကြုတ်ရင်း ပြောလိုက်သည်။


"ရှောင်မင်ကို သွားစရင် ငါမင်းခြေထောက်တွေကို ချိုးပစ်မယ်… မင်းကြားလား"


လင်းယောင်ယောင် အစ်ကိုဖြစ်သူကို လန့်သွားကာ အမြန်ခေါင်းညိတ်၍ ပြောလိုက်၏။


"ကြားပါတယ်"


သူမသည် အစ်ကိုကြီး၏ စကားကို နားထဲ ထည့်ထားရုံမျှသာ မကကြောင်း ‌သက်သေပြရန်အတွက် ဦးနှောက်ဆက်သွယ်ရေးကိရိယာကို ချက်ချင်းဖွင့်ကာ Weibo စာမျက်နှာသို့ သွားလိုက်သည်။ သူမ ကူးပြောင်းလာသည့်နေ့ကတည်းက Weibo ကို ဖျက်ထားခဲ့ပြီး ရှောင်မင်ကို ကြိုက်နေကြသည့် ကောင်မလေးအား ရွဲ့စောင်းထားသော blog များကိုလည်း ဖျက်ပစ်ခဲ့ပြီးဖြစ်သည်။


သူမသည် ဤကမ္ဘာတွင်ရှိခဲ့သော မူလပိုင်ရှင်၏ခြေရာများကို ဖျောက်ဖျက်လိုခြင်းမရှိခဲ့ပေ။ မူလကိုယ်ခန္ဓာ၏ လက်စခြေစ အကြွင်းအကျန်များကို သူမနှစ်သက်သော်လည်း၊ရှောင်မင်နှင့်ပတ်သတ်လာလျှင်တော့မရပေ။ သူ့ကိုတစ်ကယ်ချစ်သည့် မိန်းကလေးတစ်ယောက်အပေါ် လျစ်လျူရှုကာ ထီးနန်းရဖို့အရေး လင်းမိသားစုအား ဖျက်ဆီးပစ်ခဲ့သူကို သူမ ခွင့်လွှတ်နိုင်စွမ်းမရှိပေ။


လင်းယောင်ယောင် က သူ့စကားကို တစ်ကယ်နားထောင်ပြီး သူ့စကားအတိုင်း လိုက်လုပ်သည်ကို မြင်လိုက်ရ၍ လင်းရွှမ် မျက်နှာမှာ အနည်းငယ် ပြေလျော့သွား၏။သူကလည်း ခြေထောက်ချိုးမည်ဟု ပြောခဲ့သည်က ခြိမ်းခြောက်ပြောခြင်းသာ။တစ်ကယ်တမ်းက သူမ အတွက်ကြောင့် ပြောရခြင်းဖြစ်၏။ချက်ချင်းဆိုသလိုပင်၊ကလေးမလေးက သူ့အနားတိုးလာပြီး သူ့လက်မောင်းကို ဖက်ထားလိုက်ပြန်သည်။


"အစ်ကိုကြီး... အခု ရှောင်မင် ကို ညီမလေး မကြိုက်တော့ဘူးနော်...သူဆိုလေ အစ်ကိုကြီးနဲ့တိုက်ရင် နာရီဝက်မပြောနဲ့...သုံးမိနစ်တောင် ခံနိုင်မှာမဟုတ်ဘူး...နောက်ဆို ကောင်လေးတစ်ယောက်ကို ကြိုက်တော့မယ်ဆိုရင် အစ်ကိုကြီးလိုမျိုး အရပ်ရှည်၊ရုပ်ချောပြီး စိတ်ထားကလည်း ဖြူစင်တဲ့သူမျိုးကိုမှ ရွေးမှာ"

ချက်ချင်းပင်၊သူမ စကားကြောင့် လင်းရွှမ် မျက်နှာပေါ်ရှိ အေးစက်မှုက မှိန်ဖျော့သွားသည်။သူမက ရုပ်ချောကြောင်း ချီးကျူးလိုက်သောအခါ သူအနည်းငယ် စိတ်မသက်မသာဖြစ်ရသည်။ ထို့နောက် သူ့လက်မောင်းကို ကိုင်ထားသည့် သူမ မျက်နှာကလေးကိုကြည့်ပြီး အေးစက်စက်ပြန်ပြောဖြစ်လေသည်။


"ငါ့ကို မြှောက်ပင့်နေလည်း အသုံးမဝင်ဘူး"

....


များမကြာမီတွင်၊ စစ်ကားတစ်စီးသည် ဧကရာဇ်မြို့တော်၏ ဆင်ခြေဖုံးရပ်ကွက်ရှိ လင်း မိသားစု အိမ်ဟောင်းသို့ ရောက်ရှိလာသည်။ချစ်စရာကောင်းသည့် ကလေးမလေးက အစ်ကိုဖြစ်သူ၏ လက်မောင်းကို တွဲထားဆဲပင်။ သူမ တွန်းထုတ်ခံရလိုက်တိုင်း ခဏအကြာတွင် ရှေ့ကို တစ်ဖန် ပြန်ရောက်လာပြီး လက်ကိုပြန်တွဲထားတတ်သည်။


နောက်ဆုံးတွင် လင်းရွှမ် သူမအား တွန်းထုတ်ရန်ပင် ပျင်းလာရသည်။ကလေးမလေးက အရပ်ပုပုသေးသေးနှင့် သူ့ပုခုံးခန့်သာ ရှိသည်။ သူမခန္ဓာကိုယ်ကလည်း သူ့ကို သွေးဆောင်ဖူးသည့် အမျိုးသမီးတွေနှင့် ယှဥ်၍မရ‌ဘဲ ကလေးမလေးတစ်ယောက်မျှသာဖြစ်သည်။ ယနေ့နေ့လည်မှ အဖြစ်ကလည်း မတော်တဆမှုတစ်ခုပင်။ သူမနှင့် ပိုပြီးရင်းနှီးလာသည့်အခါ သူ ယခုလို ထူးထူးဆန်းဆန်းခံစားရမှာမဟုတ်တော့ပေ။


အရာရှိ လင်းကျန့်ဟိုင် သည် အိမ်တော်၏ ပင်မခန်းမတွင် စောင့်နေပြီဖြစ်သည်။


လွန်ခဲ့သော နှစ်ဆယ့်သုံးနှစ်က တိုက်ပွဲတစ်ခုတွင် သူသည် စိတ်ပိုင်းဆိုင်ရာ ပြိုကွဲသွားပြီး ရှေ့တန်းတွင် မနေနိုင်တော့ပေ။ ထိုကြောင့်သူသည် တပ်ဖွဲ့များကို ညှိနှိုင်းကွပ်ကဲရန် နှင့် စစ်သားများကို အမိန့်ပေးရန် နောက်ကွယ်တွင်သာရှိနေတော့သည်။


သူသည် တပ်မတော်၏ စစ်ဦးစီးချုပ် သုံးဦးထဲမှ တစ်ဦးဖြစ်နေဆဲဖြစ်သည်။ ကြယ်ငါးပွင့်တပ်မှူးတစ်ဦးအနေဖြင့် အမြင့်ဆုံးကြယ်အဆင့်ရှိသူတစ်ဦးလဲဖြစ်သည်။ ယခုအချိန်တွင် လင်းကျန့်ဟိုင် သည် စစ်တပ်တွင် နေ့စဥ်လုပ်ဆောင်မှုအတွက် အလွန်အကျွံပါဝင်နေသော်လည်း သူပြောသမျှကို ကြယ်လေးပွင့်တပ်မှူး ရှောင်ချင်၊ တော်ဝင်ဌာနခွဲမှ ကြယ်သုံးပွင့်တပ်မှူး၊ အရပ်ဘက်အဖွဲ့မှ ကျောက်သယ်မင် လူတိုင်းက သူ၏ထင်မြင်ချက်များကို နားထောင်နေကြတုန်းပင်ဖြစ်သည်။


အကြောင်းမှာ သူ့တွင် "မီးခိုးရောင်၀ံပုလွေတပ်ဖွဲ့" ကို ထောက်ပံ့နိုင်တဲ့ အရည်အချင်းကောင်းရှိသော သားကောင်းတစ်ဦး၊ လင်းထျန်းယွဲ့ နှင့် နှစ် ၅၀၀ မှ တစ်ကြိမ် ရှားပါး SSS အရည်အချင်းပြည့်မီသော မြေးဖြစ်သူ လင်းရွှမ် ကြောင့်ပင်ဖြစ်ပေသည်။


မြေးဖြစ်သူ လင်းရွှမ်သည် ဧကရာဇ်မြို့တော်သို့ သုံးနှစ်ကြာမျှ မပြန်ဖြစ်ခဲ့သော်လည်း လင်းကျန့်ဟိုင်သည် သူ၏မြေးကို ချစ်မြတ်နိုးတန်ဖိုးထားနေတုန်းပင်ဖြစ်သည်။


အရာရှိလင်း သည် ညစာစားရန်လာသောအခါတွင် အရသာရှိပြီးခမ်းနားသော ညစာပြင်ဆင်ထားပေးရန် မီးဖိုချောင်အဖွဲ့ကို တောင်းဆိုခဲ့သည်။


ထို့အပြင် ယခုအချိန်တွင် လင်း မိသားစု၏ စံအိမ်ဟောင်းတွင် ထူးခြားသော ဇာတ်ကောင်တစ်ဦးရှိနေပြီဖြစ်သည်။လင်းဟွေ့သည် လင်းကျန့်ဟိုင် ၏ လက်ထောက်ဖြစ်ခဲ့သည်မှာ နှစ်တစ်ရာရှိပြီဖြစ်သည်။ ယခု သူသည် "သူရဲကောင်းတပ်ရင်း" လက်အောက်ရှိ ဆဋ္ဌမအဖွဲ့၏ ကပ္ပတိန်ဖြစ်ပြီး ဒုတိယဗိုလ်ချုပ်ကြီး အဆင့်ဖြင့် အုပ်ချုပ်လျက်ရှိသည်။


လင်းဟွေ့ သည် သစ္စာရှိပြီး လက်တွေ့ကျသူတစ်ဦးဖြစ်သည်။ သူ၏အရည်အချင်းတွေသည် သိပ်မကောင်းသော်ငြားလည်း သူဟာလေးနက်၍ စစ်မှန်သူတစ်ဦးဖြစ်သည့်အတွက်သူရဲကောင်းဖြစ်ရန် လုံလောက်သူဖြစ်ပေသည်။ သူသည် ရှေ့တန်းမှ "မီးခိုးရောင်၀ံပုလွေတပ်ဖွဲ့" မှသူရဲကောင်း ဖြစ်လာရန် လင်းကျန့်ဟိုင် ကိုယ်တိုင်ကိုယ်ကျပင် အတည်ပြုပေးခဲ့သည်။


ဟွာနို့အင်ပါယာ၏ အဓိကတပ်ကြီးခြောက်ခုသည် အလွန်ကွဲပြားသည်။ အလယ်တန်းနှင့် အထက်တန်း စစ်ဗိုလ်ချုပ်များသည် တပ်များကြားတွင် တော်ရုံလှုပ်ရှားရန်ခဲယဥ်းသည်။ တစ်ခုတည်းသောခြွင်းချက်မှာ ဗဟိုကြယ်စင်ကို ကာလကြာရှည်စောင့်ကြပ်ထားပြီး နယ်ချဲ့အာဏာကို လုံးဝကာကွယ်ပေးသည့် "သူရဲကောင်းတပ်ရင်း" ပင်ဖြစ်သည်။ ထိုတပ်ရင်းသည် အခြားတပ်ငါးခုနှင့် ကောင်းမွန်သောဆက်ဆံရေးကို ထိန်းသိမ်းထားပြီး အခြားတပ်မငါးခုမှ အထက်ပိုင်းနှင့် အလယ်အလတ်အဆင့် ဗိုလ်ချုပ်များကို ပုံမှန်လွှဲပြောင်းလက်ခံနေသောတပ်ရင်းဖြစ်သည်။ဤတစ်ကြိမ်တွင် လင်းဟွေ့ သည် ယခုနှစ်တွင်အသက် ၂၃ နှစ်ရှိပြီဖြစ်သော သူ၏မြေးငယ်လေး လင်း၀မ်ယွဲ့ ကိုအတူခေါ်လာသည်။


သူမသည် S အဆင့် စိတ်စွမ်းအားနှင့် B အဆင့် ကိုယ်လုံးကိုယ်ပေါက်ရှိသူဖြစ်သည်။ သူမသည် ဟွာနို့ပထမစစ်တက္ကသိုလ် မှ ဘွဲ့ရခဲ့သော အကြီးတန်း ဆေးဆိုင်လက်ထောက် ကုထုံးပညာရှင်ဖြစ်သည်။

အရန်ကုထုံးဆရာများထဲမှ သူမကို ပထမတန်းစား အရည်အချင်းဟု သတ်မှတ်ထားကြသည်။ ဘွဲ့ရပြီးနောက်၊ သူမသည် အကြီးတန်းဆေးဆိုင် အရန်ကုထုံးပညာရှင်ထံ ရောက်ရှိနိုင်ပြီး သူမ၏ အဆင့်သတ်မှတ်ချက်များသည်လည်း အလွန်ကောင်းမွန်လှပေသည်။

ထို့ထက်အရေးကြီးသည်ကား သူမ၏စိတ်ခွန်အားနှင့် ၈၀ ရာခိုင်နှုန်းထက်ပို၍လိုက်ဖက်ညီသော လက်မထပ်ရသေးသည့် အရွယ်ရောက်ယောက်ျား ၃ ယောက်ထဲတွင် လင်းရွှမ်သည်လည်းပါဝင်သူတစ်ဦးဖြစ်ပေသည်။


လိုက်ဖက်ညီမှုမှာ ၈၃ ရာခိုင်နှုန်းသာရှိသော်ငြားလည်း အလွန်ကောင်းမွန်နေပြီဖြစ်သည်။ ။တိုက်ပွဲဝင်အများစုသည် လတ်တလောတွင် စိတ်ပိုင်းဆိုင်ရာကြံ့ခိုင်မှု ၈၀ ရာခိုင်နှုန်း ကျော်ရှိသည့် အရန်ကုထုံးတစ်ခုပင်မရှိပေ။ ရှိခဲ့လျှင်ပင် အရန်ကုထုံးဆရာက လက်ခံနိုင်မှုရှိမရှိပေါ်တွင်မူတည်နေသည်။


လင်း၀မ်ယွဲ့ သည် သူမနှင့်လိုက်ဖက်အောင် လမင်းကဲ့သို့နူးညံ့သိမ်မွေ့ပြီး သိက္ခာရှိသောသူဖြစ်သည်။


သူမသည် ငယ်စဉ်ကတည်းက လင်းရွှမ် ကို အလွန်အားကျနှစ်သက်ခဲ့ပြီး သူမ၏ ရည်မှန်းချက်မှာ ဘွဲ့ရပြီးနောက် "မီးခိုးရောင်၀ံပုလွေတပ်ဖွဲ့"တွင် ပါဝင်ပြီး လင်းရွှမ်၏ တရားစီရင်ပိုင်ခွင့်အောက်ရှိ "ညသိန်းငှက်များ" အတွက် ဆေးဆိုင်လက်ထောက်ကုထုံးအဖြစ် လုပ်ကိုင်ရန်ဖြစ်သည်။


ယခုလည်း လင်းရွှမ်သည် ဧကရာဇ်မင်းမြတ်၏ မြို့တော်သို့ ဆွေမျိုးများထံ သွားရောက်လည်ပတ်ရန် ပြန်လာသည်ဟုသတင်းကြားသဖြင့် သူမသည် အဖိုးအား တွေ့ဆုံရန် လင်း မိသားစု၏ အိမ်သို့ အလည်သွားရန် တောင်းဆိုခဲ့သည်။လင်းထျန်းယွဲ့ နှင့် သူ၏ဇနီးသည် တစ်နှစ်ပတ်လုံး အိမ်တွင်မရှိသောကြောင့် လင်းမိသားစု၏ အိမ်ဟောင်းသို့ ရောက်ခဲ့ကြသည်။ မမျှော်လင့်ဘဲ လင်းရွှမ် သည် ယနေ့ ညစာစားရန် လင်းမိသားစု၏အိမ်ဟောင်းသို့ ပြန်လည်ရောက်ရှိနေပြီဖြစ်သည်။


လင်းကျန့်ဟိုင် သည် ယခုအခါ ကြီးကျယ်ခမ်းနားသော အဘိုးအိုတစ်ဦးဖြစ်နေသော်လည်းတစ်ချိန်က လူငယ်တစ်ဦးလည်း ဖြစ်ခဲ့ပေသည်။လင်း မိသားစုမှ ကလေးမလေးသည် အရန်ကုထုံးပညာရှင်အဖြစ် "ညသိန်းငှက်များ" တွင်ပါဝင်လိုသည်မှာ ဟန်ဆောင်မှုမျှသာဖြစ်ကြောင်း သူဘယ်လိုများမရိပ်မိပဲနေမည်နည်း။ အမှန်တကယ်တွင် သူမ၏ရည်ရွယ်ချက်က လင်းရွှမ်များလား?


လွန်ခဲ့သည့်နှစ်အနည်းငယ်တွင် လင်းရွှမ်သည် ရှေ့တန်းတွင်ရှိနေခဲ့ပြီး စစ်ပွဲနှင့် အလုပ်ရှုပ်နေခဲ့သည်။ ယခု ဇာ့ဂ်ဒီရေ ကျဆင်းလာသဖြင့် လင်းရွှန်းသည် မကြာမီ ဧကရာဇ်မြို့သို့ ပြန်လည် ပြောင်းရွှေ့ရတော့မည်ဖြစ်သည်။ ဘဝတစ်လျှောက်လုံး အဖြစ်အပျက်များအား စတင်စဉ်းစားရန် အချိန်တန်လေပြီ။


လွန်ခဲ့သော အနှစ်သုံးဆယ်က လင်းကျန့်ဟိုင် ၏ဇနီးသည် အပြင်းဖျား၍ သေဆုံးသွားခါနီးအချိန်တွင် သူမ၏မြေးဖြစ်သူအား မသွားမီတွင် ကြည့်ရှုနိုင်စေရန်အတွက် လင်းရွှမ် သည် ကြိုတင်ဗိုက်ခွဲမွေးထားခြင်းဖြစ်သည်။ထို့နောက် လင်းကျန့်ဟိုင် သည် စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းပြီး တစ်နှစ်ပတ်လုံး ခေါင်းကိုက်ေ၀ဒနာခံစားနေရရှာသည်။ သူသည် ယခုနှစ်တွင် အသက် ၃၀၅ နှစ်ရှိနေပြီဖြစ်၍ သက်တမ်းသည် လေးရာအောက်တွင်သာ နေထိုင်နိုင်မည်ဟု ယုံကြည်ထားသည်။ နောက်ဆယ်စုနှစ်အနည်းငယ်အတွင်း သူသည် ထိုနေရာသို့ မည်သည့်နေ့မျိုးမဆို သွားနိုင်လေသည်။


သူမသေခင်မှာ လင်းရွှမ် ၏ ကလေးမွေးပြီး၍ လင်းမိသားစု၏ ဆက်ခံသူတွေကို မြင်နိုင်ရန် သူမျှော်လင့်နေသည်။လင်းဟွေ့သည် သူ၏အဓိကအချက်နှင့် နောက်ဆုံးငွေရေးကြေးရေးစံနှုန်း ကို သိသည်။ သူသည် တာဝန်သိတတ်သူတစ်ဦးဖြစ်သည်။ သူရဲကောင်းများသည် နယ်ချဲ့အာဏာသိမ်းခြင်းတွင် မည့်သည့်အခါမှ မခံမရပ်နိုင်ဖြစ်ပြီး အဆုံးစွန်သော သာလွန်သူ၏ အင်ပါယာအာဏာကိုသာ ခုခံကာကွယ်ပေးသည်။ လင်း၀မ်ယွဲ့ သည် လင်းရွှမ်အတွက် ကောင်းမွန်သော ရွေးချယ်မှုဖြစ်ပေလိမ့်မည်။

လင်ကျန့်ဟိုင် သည် မြေးဖြစ်သူ ညစာစားရန် အိမ်ဟောင်းသို့ ပြန်သွားကြောင်းသိသောကြောင့် လင်းဟွေ့နှင့် လင်း၀မ်ယွဲ့ကို ညစာစားဆက်စားစေရန် ဆုံးဖြတ်ခဲ့သည်။





Xdxxxx

Ei Thet Hmue