အခန်း ၇
Viewers 8k

Chapter 7



ဤမိန်းကလေးနဲ့ သူ၏မြေးတို့ တစ်ယောက်ကို တစ်ယောက် တွေ့နိုင်လျှင် မည်မျှကောင်းလိမ့်မည်နည်း။

ထို့နောက် လင်ယောင်ယောင် သည် လင်းရွှမ် ၏ လက်မောင်းချိတ်၍ အိမ်ဟောင်း၏ ပင်မခန်းမဆောင်ထဲသို့ ခေါ်ဆောင်သွားသောအခါသူ၏ တက်ကြွသော အဖိုးဖြစ်သူကို တွေ့ရသည့်အပြင် ကြော့ရှင်းချောမောသော သက်လတ်ပိုင်း ဦးလေး နှင့် နူးညံ့ပြီး နုပျိုလှပသော အမျိုးသမီးကို တွေ့လိုက်ရသည်။

လင်းကျန့်ဟိုင်သည်


"၊လင်းရွှမ် ဒီ လင်းမိသားစု မိန်းကလေးက ဒုတိယ ဗိုလ်ချုပ်ကြီး လင်းဟွေ့ ရဲ့ မြေးပါ ...သူမဟာ ဒီနှစ် ဟွာနို့ပထမ စစ်တက္ကသိုလ်က ဘွဲ့ရတဲ့ အကြီးတန်း ဆေးဆိုင် လက်ထောက် ကုထုံးပါ... ပြောရရင် မင်းရဲ့ အငယ်တန်း ညီမပေါ့.... မင်းနဲ့ သူမရဲ့ စိတ်ပိုင်းဆိုင်ရာ အံဝင်ခွင်ကျမှုက ၈၃ ရာခိုင်နှုန်းလေ မင်းတို့လူငယ်တွေက ပိုပြောတတ်ပြီး နေရာတော်တော်များများမှာ စကားပြောလို့ရပါတယ်..."


'ဒါဟာ စံနမူနာပြတဲ့ စကားလုံးလား'


လင်ယောင်ယောင် ရုတ်တရက် သတိရှိလာသည်။ ညီမလေးတစ်ယောက်အနေနဲ့ သူ၏အစ်ကိုအား စောစောစီးစီး ရည်းစားဘယ်ထားစေချင်လိမ့်မည်နည်း။လင်ယောင်ယောင် ရုတ်တရက်စိတ်မကောင်းဖြစ်သွားသည်။


"အဖိုး၊ သမီးအစ်ကိုကြီးက ငယ်ပါသေးတယ်၊ သူ့ကို စိတ်ပူမနေပါနဲ့..."


လင်းထျန်းယွဲ့ သည် အသက်ခုနစ်ဆယ်တွင် ရှန်းယွင်ကျင်း နှင့်တွေ့ဆုံခဲ့ပြီး သူတို့၏ စိတ်ပိုင်းဆိုင်ရာ လိုက်ဖက်မှုမှာ ၉၅ ရာခိုင်းနှုန်းပင် ရှိသည်။ အချိန်တန်လျှင် အကောင်းဆုံးလူများနှင့် သင်တွေ့ဆုံနိုင်လိမ့်မည်။


လင်းကျန့်ဟိုင် က မုတ်ဆိတ်မွှေးတွေကို မှုတ်လိုက်ပြီး သူမကို စိုက်ကြည့်လိုက်သည်။ ဒီ ဂရုမစိုက်တတ်တဲ့ မြေးမလေးက သူ့အတွက်ဘယ်လို အရှုပ်အထွေးတွေများ ရှိလေမလဲ...? သူ မြေးမလေးကို ကမန်းကတန်း မျက်စိမှိတ်ပြလိုက်သည်။


"ယောင်ယောင် ကလေးမလေး...မင်းဘာလုပ်နေတာလဲ?မီးဖိုချောင်မှာ မင်းအနှစ်သက်ဆုံး ပွက်ပွက်သီးတွေ ပြင်ထားတယ် သွားစားလေ..!"


လင်းကျန့်ဟိုင်သည် တစ်ခုခု နည်းနည်းထူးဆန်းနေသလို ခံစားလာရသည်။ပုံမှန်ဆိုလျှင်သူ၏မြေးမလေးသည် လင်းရွှမ်ကို အမြဲကြောက်တတ်သူဖြစ်သည်။ ရုတ်တရက် ဘာကြောင့်များ သူနှင့်ရင်းနှီးသွားလေသလဲ ? လင်းရွှမ် သည်လည်း ထူးဆန်းနေသည်။ ပုံမှန်အားဖြင့် တိုက်ပွဲတစ်ခုအတွင်း မဟုတ်လျှင် မည်သူနှင့်မျှ နီးကပ်စွာ ထိတွေ့ဆက်ဆံခြင်းကို မကြိုက်ပေ။သို့သော် ဤအစ်ကိုကြီးနဲ့ ညီမလေးသည်လက်တစ်ကမ်းမှာပင်ရှိနေသည်။


လင်းမိသားစု၏ နေအိမ်ဟောင်းသို့ ဝင်ရောက်လာကတည်းက လင်းရွှမ်၏ အမူအရာမှာ ကြည်လင်မှုသိပ်မရှိပေ။လင်းကျန့်ဟိုင် နှင့် လင်းဟွေ့ တို့ကို နှုတ်ဆက်ရုံမှလွဲ၍ လင်း၀မ်ယွဲ့ အား ယဉ်ကျေးစွာ ခေါင်းညိတ်ပြရုံသာဖြစ်သည်။


လက်ထပ်ဖို့ သင့်တော်သော အမျိုးသမီးတစ်ယောက်ကို ရှာတွေ့ရန် အချိန်တန်ပြီဟု သူတွေးထားသော်လည်း အဖိုးက သူ့ကို မကြာခင် မိတ်ဆက်ပေးလိမ့်မည်ဟု မမျှော်လင့်ထားပေ။


ယောက်ျားတစ်ယောက်၏အမြင်အရ လင်း၀မ်ယွဲ့ ဟာ တကယ့်ကို ရွေးချယ်မှုကောင်းတစ်ခုပင်ဖြစ်သည်။ ရှားရှားပါးပါးပင် သူနှင့် 80% ကျော် လိုက်ဖက်မှုရှိနေသည်... သို့သော်လည်း သူ၏ "သင့်လျော်သော" အခြေအနေနှင့်ကိုက်ညီသော ဤအမျိုးသမီးအား သူစိတ်၀င်စားမှုမရှိပေ။မည်သို့ပင်ဖြစ်စေ လင်ယောင်ယောင်၏ အပြုအမူသည် ဧည့်သည်များကို အနည်းငယ် အရှက်ရစေမည်ဖြစ်သည်။ သူ လင်ယောင်ယောင် ၏ နဖူးကို ခေါက်လိုက်ပြီး


"မင်း ဧည့်သည်တွေနဲ့ ဒီလိုပဲ စကားပြောရသလား"


လင်းယောင်ယောင် သည် အဖိုးကြီး၏ ပြောဆိုခြင်းနှင့် လင်းရွှမ်၏ ကြိမ်းမောင်းခြင်းကိုခံရသောကြောင့်သူမ နီရဲနေသောနှုတ်ခမ်းကိုစူလိုက်ပြီး


"ဟုတ်ပါပီ ညီမလေးမှားသွားပါတယ် ဒါဖြင့်လဲ အစ်မလင်းနှင့်အတူ စကားပြောလိုက်ပါဦး..."


ထို့နောက် သူမသည် မီးဖိုခန်းသို့ ထွက်လာခဲ့သည်။


သွေးသားမတော်စပ်သော ညီမတစ်ယောက်အနေနှင့် လင်းရွှမ်၏အိမ်ထောင်ရေးအကြောင်းကို သူမပြောပိုင်ခွင့်မရှိပေ။သို့သော် လင်းရွှမ်တွင် ချစ်သူ သို့မဟုတ် စေ့စပ်ထားသူရှိသည်ကို ဝတ္ထုတွင် ဖော်ပြခြင်းမရှိခဲ့ဟု သူမ ထင်ခဲ့သည်။လင်း၀မ်ယွဲ့ သည် သူမ၏ခယ်မ မဖြစ်နိုင်ဟု ယူဆသည်။


လင်း၀မ်ယွဲ့အနည်းငယ်ရှက်သွားသည်။ ပထမအကြိမ်တွေ့ဆုံမှုတွင် သူမ၏အမျိုးသားဘက်မှ ညီမသည် သူမအား မနှစ်မြို့လိမ့်မည်ဟုသူမ မထင်ခဲ့ပေ။ ကိစ္စမရှိပေ။သူမ၏သူတော်ကောင်းတရားကို ပိုကောင်းအောင် ထုတ်ပေးနိုင်သည်။


လင်းကျန့်ဟိုင်သည် လင်းယောင်ယောင်ကိုယ်စား တောင်းပန်လိုက်သည်။


"ကလေးမလေးက အလိုလိုက်ထားတော့ အနည်းငယ်ဆိုးပြီး စကားကောင်းကောင်း မပြောတတ်ဘူး ၀မ်ယွဲ့...ဗွေမယူပါနဲ့ကွယ်"


လင်း၀မ်ယွဲ့ ပြုံးလိုက်ပြီး


"မဟုတ်ပါဘူး ယောင်ယောင် ရဲ့ စိတ်နေစိတ်ထားလေးက အရမ်းချစ်စရာကောင်းပါတယ်"


သူမသည် လင်းရွှမ် ကို တိတ်တဆိတ်ကြည့်နေသည်။ သူသည် ထူးထူးခြားခြား သူရဲကောင်းဆန်မှုဖြင့် သူမ မြင်ဖူးသည့်အတိုင်း အေးခဲပြီး ကြီးစိုးနေသည်။သို့သော် သူသည် သူမကို အနည်းငယ်မျှပင် မကြည့်ပေ။ သူမမေးခွန်းများကိုလည်း တိုတိုတုတ်တုတ်နှင့် လျစ်လျူရှုသော စကားလုံးများဖြင့်ပင် ဖြေခဲ့သည်။


ညစာသည် အလွန်အရသာရှိသော်လည်း အနည်းငယ် အဆင်မပြေမှုများရှိနေလေသည်။


လင်း၀မ်ယွဲ့ သည် အရန်ဆေးဆိုင်ကုထုံးပညာရှင်အဖြစ် ညသိန်းငှက်များ တွင်ပါဝင်လိုသည့်ဆန္ဒနှင့်ပတ်သက်၍ လင်းရွှမ် မှ သူမ၏ကိုယ်ရေးအကျဉ်းကို တပ်ဖွဲ့ဝင်များ၏ ပြည်သူ့စုဆောင်းရေးရုံးသို့တင်ပြရန် သူမကို တိတ်တဆိတ်တောင်းဆိုခဲ့သည်။


လင်းရွှမ် သည် လူတိုင်းအပေါ် အေးစက်၍ မထူးခြားသော သဘောထားဖြင့်ဆက်ဆံတတ်သည်။ သူ၏ ခံ့ညားထည်၀ါသော ဂုဏ်သိက္ခာကြောင့် မည်သူနှင့်မျှ ရင်းရင်းနှီးနှီးမရှိပေ။သို့သော် သူ့အား စိတ်ဝင်စားနေသောမိန်းကလေးတစ်ယောက်အပေါ် တူညီသော သဘောထားကိုသာ သုံး၍ ငြင်းဆိုခဲ့သည်။


သူစိတ်ဝင်စားမှုမရှိသည်ကို ဆိုလိုခြင်းပင်ဖြစ်သည်။


လင်း၀မ်ယွဲ့ သည် လင်းရွှမ် နှင့် နီးစပ်ရန် စိတ်ပိုင်းဆိုင်ရာ လိုက်ဖက်မှု 83 % ကို အမှန်တကယ် အားကိုးချင်ခဲ့သည်။ယခုတွင် လင်းရွှမ်သည် သူမအား မနှစ်သက်သော်လည်း ရှေ့ဆက်ပေါင်းသင်းနိုင်ရန် အခွင့်အရေး ရှိလိမ့်မည်။ သို့သော်လည်း လင်းရွှမ်သည်သူမနှင့် နီးစပ်ရန် ဆန္ဒပင်မရှိလိမ့်မည်ဟုသူမ မမျှော်လင့်ထားပေ။သူမ အတော်မျက်နှာပူသွားသည်။ သူမ ငိုချင်စိတ်ကိုထိန်းထားနိုင်ရန် နှုတ်ခမ်းများကိုကိုက်ထားသည်။


လင်းဟွေ့ သည် အနည်းငယ် ရှေးဟောင်းဆန်သည်။ ထမင်းစားပြီးနောက် သူကမန်းကတန်း နှုတ်ဆက်လိုက်သည်။


လင်းယောင်ယောင် သည် ပျင်းရိစပြုနေပြီဖြစ်သည်။ သူမသည် မူလတွင် အဖိုးအား အရန်အစားအသောက်ရောဂါကုထုံး ဌာနသို့ လျှောက်ထားခြင်းအကြောင်း ပြောပြချင်သော်လည်း ယခုအချိန်တွင် လုံးဝစိတ်မ၀င်စားတော့ပေ။


သူမအစ်ကိုကြီးသည် ထိုအလှမယ် လင်းကို စိတ်မဝင်စားသော်လည်း လင်းမရှိလျှင် အလှမယ် လီ၊ ဝမ်ဝမ် ရှိနေသေးဦးမည်…။


သူမအစ်ကိုဟာ အလွန်တော်သူတစ်ဦးဖြစ်သည်။ ဟွာနို့အင်ပါယာတစ်ခုလုံးတွင်အထူးချွန်ဆုံး ငယ်ရွယ်ပြီး အရည်အချင်းရှိသူဖြစ်သည်။ ငယ်ငယ်ရွယ်ရွယ်မိန်းကလေးများ သူမအကိုဆီ အပြေးအလွှားသွားလိမ့်မည်ဟု မည်သူကသိလိမ့်မည်နည်း။


ညီမတစ်ယောက်အနေနှင့် ခယ်မတစ်ယောက်နောက်ပိုင်းမှပေါ်လာလေလေ ပိုကောင်းလေလေဖြစ်သည်။


လင်းဟွေ့ နှင့် လင်း၀မ်ယွဲ့ တို့ ထွက်ခွာသွားသောအခါ လင်းကျန့်ဟိုင်သည် ဖောင်းပွနေသော မြေးမလေး၏ ဦးခေါင်းကိုဖွဖွကိုင်လိုက်ပြီး


"အဖိုးက အသက်ကြီးလာပြီကွယ့် စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းနေတဲ့ လူတစ်ယောက်အတွက် ရက်တွေ အများကြီး မကျန်တော့ဘူး အဖိုးမသေခင်မှာ မင်းတို့မောင်နှမတွေ အိမ်ထောင်ပြုပြီး ဘဝကို ထူထောင်နိုင်စေဖို့ အဘိုးက မျှော်လင့်တယ် မြစ်လေးတွေ မြစ်မလေးတွေချီသွားရရင် အကောင်းဆုံးပေါ့ကွယ်..."


မူလပုံစံသည် အပြင်တွင် အနည်းငယ် မာနကြီးသော်လည်း သူမသည် အဖိုး လင်းကျန့်ဟိုင်နှင့် အလွန်ရင်းနှီးသည်။ အဖိုးလင်း သည် တစ်ယောက်ထဲနေပြီး အထီးကျန်ဆန်နေမည်လိမ့်ဟု အမြဲတွေးမိသောကြောင့် သူမသည် တစ်လလျှင် အနည်းဆုံးတစ်ကြိမ် လာတွေ့ဖို့လိုအပ်လိမ့်မည်။ အဖိုးအတွက်ကလေးတစ်ယောက်ကဲ့သို့ပြုမူရတာ အလွန်ပျော်စရာကောင်းသည်။


လင်းထျန်းယွဲ့နှင့် သူ၏ဇနီး သည် လင်းကျန့်ဟိုင်အား လင်းယောင်ယောင် အစားအသောက်လက်ထောက်ကုထုံးပညာရှင်ဘွဲ့ကို ရွေးချယ်ရခြင်းမှာ အကြောင်းပြချက်တစ်ခုဖြစ်လိမ့်မည်ဟုအခိုင်အမာယုံကြည်ခဲ့သည်။


သူမသည် သူ၏မြေးအရင်းမဟုတ်သော်လည်း လင်းကျန့်ဟိုင် သည် မြေးငယ်မလေးကို အလွန်ချစ်ခင်တွယ်တာသည်။


လင်းရွှမ်လက်ဖက်ရည်တစ်ငုံသောက်လိုက်ပြီး


"ယောင်ယောင် က အစားအသောက် ဖြည့်စွက်စာ ကုထုံးကို ရွေးချယ်လိုက်ပြီဗျ ဖြည့်စွက်စာက မကောင်းဘူးဆိုရင်တောင် အဖိုးက သူ့မြေးမရဲ့ ဟင်းတွေကို ပိုကြိုက်မယ်လို့ ယုံကြည်ပါတယ်"


ဟု လင်းရွှမ် ရုတ်တရက်ပြောလိုက်သည်။


လင်းကျန့်ဟိုင် အံ့အားသင့်သွားသည်။ ခဏတာ အေးခဲသွားပြီး မျက်လုံးများ အနည်းငယ် စိုစွတ်နေ၏။မြေးမလေးရဲ့ခေါင်းကို ထပ်ပြီး ဖွဖွပုတ်လိုက်ပြီး ပြောလိုက်သည်။


" ညစ်ပတ်တဲ့ ကလေးမလေး... ဘယ်လို အစားအသောက် လက်ထောက်ဌာနကို ရွေးခဲ့တာလဲကွယ့် နောင်တစ်ချိန် အိမ်ထောင်ပြုလို့မရတော့ရင် ဘယ်လိုလုပ်မလဲ "


လူအများစု ဇနီးမယားကို ရွေးချယ်သောအခါတွင် မည်သူမျှ ဆေးဆိုင် အရန်ကုထုံးကို ဦးစားမပေးပေ။ ဂီတလက်ထောက်ဆိုရင်လည်း ကောင်းပေလိမ့်ဦးမည်။


သို့သော် အစားအသောက်လက်ထောက်ကုထုံးပညာရှင်သည် လက်ကျန်အမျိုးသမီးဦးရေ အများဆုံးရှိသည့် အလုပ်အကိုင်ဖြစ်သည်ဟု ဆိုသည်။ လူများစွာသည် မှောင်မိုက်သော ဟင်းလျာများကို နေ့တိုင်းမကြုံတွေ့ရဘဲ အစားအသောက်လက်ထောက်ကုထုံးပညာရှင်နှင့် လက်ထပ်ခြင်းထက် စက်ရုပ်များဖြင့် ပြုလုပ်ထားသော အစားအစာများကိုသာ စားသုံးချင်ကြသည်။


လင်းယောင်ယောင် သည် မိမိကိုယ်ကို အလွန်ယုံကြည်မှုရှိသည်။


"ဟမ်...သမီးဒီလောက်ချစ်စရာကောင်းပြီး လှတာကို ကိုယ်ပိုင်အရည်အချင်း အားမကိုးဘူးဆိုရင်တောင် ယောက်ျားတော်တော်များများက သမီးကိုလက်ထပ်ချင်ကြတယ်လေ အဖေက သမီးတို့မျိုးရိုးက သားမက်ရဖို့နဲ့ လက်ထပ်ဖို့က ကြီးကြီးမားမားမဟုတ်ဘူးလို့ ပြောခဲ့တယ်လေ "


လင်းရွှမ် : " ... ... အင်း၊ သူမ လက်မထပ်ချင်ဘူးဆိုရင်တောင် ကျွန်တော်တို့မိသားစုက သူမကို အကုန်အကျခံနိုင်ပါတယ်လေ"


လင်းရွှမ် သည် ခေတ္တရပ်လိုက်ပြီး


"အဖိုး...ကျွန်တော်လဲ ကိုယ်တိုင် ရွေးချယ်ရတာကို ပိုကြိုက်ပါတယ်"


လင်းကျန့်ဟိုင် သည် သူ့အား အောင်သွယ်မလုပ်စေချင်ကြောင်း သိစေလိုခြင်းဖြစ်သည်။လင်းကျန့်ဟိုင် ဝမ်းနည်းစွာဖြင့်


"မင်းတို့နှစ်ယောက်လုံးက စိတ်ဓာတ်ပြင်းထန်တာပဲ အဖိုးစကားကို နားမထောင်ချင်ကြဘူး....."


ခဏကြာပြီးနောက် မောင်နှမနှစ်ယောက် စစ်တပ်ကားထဲမှာ ထိုင်ပြီး အိမ်ပြန်ကြလေသည်။ ကလေးမလေးက သူ့လက်ကို မကိုင်တော့ဘဲ လွမ်းဆွတ်နေပုံရသည်ကို လင်းရွှမ် မြင်လိုက်သည်။


"ဘာတွေတွေးနေတာလဲ”


လင်းယောင်ယောင် က


"အစ်ကိုကြီး ဘယ်လိုမိန်းကလေးမျိုးကိုကြိုက်တာလဲ"


'ဘယ်လိုမိန်းကလေးမျိုး'


လင်းရွှမ် ဒီကိစ္စကို တစ်ခါမျှ မတွေးမိဖူးပေ။သူဘယ်မိန်းမမျိုးကိုမှ အထူးဂရုမစိုက်မှုမရှိ၊ တရားဝင်စီးပွားရေးအတွက် မလိုအပ်လျှင် မည့်သည့်အမျိုးသမီးကိုမှ စကားတစ်ခွန်းမှ မပြောဖူးပေ။


အမေကလွဲ၍ သူနှင့်အဆက်အသွယ်ရပြီး ရင်းနှီးသူ တစ်ဦးတည်းသော အမျိုးသမီးသည် လင်းယောင်ယောင် ပင်ဖြစ်သည်။သူ လင်းယောင်ယောင် ကို ငုံ့ကြည့်လိုက်ပြီး


"ဘာလို့ဒီလိုမေးတာလဲ... မင်းနဲ့ဘာမှမဆိုင်ပါဘူး"


လင်ယောင်ယောင် မျက်လုံးများ ပြူးကျယ်သွားသည်။


"ဆိုင်တာပေါ့ ...ညီမလေးနဲ့ဆက်ဆံရေးမကောင်းတဲ့ ခယ်မနဲ့တွေ့ပြီး အစ်ကိုကြီးမိသားစုမှာ သဟဇာတမှုမရှိရင် ဘယ်လိုလုပ်မလဲ"


လင်းရွှမ် ထူးဆန်းစွာပြောလိုက်သည်။


"ငါတစ်ယောက်ယောက်ကိုတွေ့ရင် မင်းသူ့ကိုကြိုက်လား မကြိုက်လား မေးရမှာလား"


လင်းယောင်ယောင် လက်ခုပ်တီးပြီး


"အိုး၊ ဒါဆိုအဆင်ပြေတယ် ညီမလေးရည်းစားရှာတဲ့အခါ အစ်ကိုကြီးရဲ့သုံးသပ်ချက်ကို လိုက်နာမယ်လေ...ညီမလေးရဲ့ထင်မြင်ချက်ကို မမေးဘဲ အစ်ကိုကြီးရည်းစားကို ဘာလို့ရှာရမှာလဲ..."


ထို့နောက် လင်းယောင်ယောင် နောက်တစ်ခေါက် ရွေ့ထိုင်လိုက်သည်။သူမ လင်းရွှမ် ၏ဘေးတွင်ထိုင်လိုက်ပြီး လက်နှစ်ဖက်ကိုယမ်းကာ


"အစ်ကိုကြီး ဒါပဲလေ...လာပါ ညီမလေးကို ကတိပေး"


လင်းရွှမ်သည် အကိုကြီးတစ်ယောက်လက်တွဲဖော်ရှာဖွေသည့်ကိစ္စမျိုးတွင် ညီမလေး၏စံသတ်မှတ်ချက်နှင့် ဆုံးဖြတ်ရလိမ့်မည်ဟုတစ်ခါမျှမကြားဖူးပေ။


သို့သော် လင်းရွှမ် သည် ကလေးမလေး၏ ဆူညံစွာပြောဆိုခြင်းကို သည်းမခံနိုင်ပေ။ ထို့အပြင် သူ့မိသားစုအပေါ် မကောင်းသော မိန်းမမျိုးကိုလဲ သူ မနှစ်သက်ပေ။သူ အနည်းငယ်စိတ်မရှည်သံဖြင့်ပြောလိုက်သည်။


"ငါတို့မိဘအပေါ်နဲ့ မင်းအပေါ်ကောင်းတဲ့သူကို ရှာပေးပါ့မယ်"


လင်းယောင်ယောင် သည် မူးမေ့လဲသွားချင်သည်။


“အစ်ကိုကြီး တစ်စုံတစ်ယောက်ကို ရှာတော့မှာလား”


လို့ တိတ်တဆိတ် မေးလိုက်မိသည်။


လင်းယောင်ယောင်သည် ယခုအခါ ညီမလေးတစ်ဦးဖြစ်သည်။ ဤဂုဏ်ရည်ကို မှီ၍တွယ်ကပ်နေခြင်းသည် ယုတ္တိမရှိပေ။ယခင်က လင်းယောင်ယောင် သည် မိဘမဲ့ဖြစ်ပြီး အဖွားနှင့်အတူနေထိုင်ခဲ့သည်။


သူမနှင့် ထိတွေ့ဖူးသည့် တစ်ဦးတည်းသော ညီအကိုမောင်နှမမှာ သူမထက် လအနည်းငယ်ငယ်သော ဦးလေးဝမ်းကွဲဖြစ်သည်။ သူသည် စားစရာဖြစ်ဖြစ် ကစားစရာဖြစ်ဖြစ် သုံးစရာဖြစ်ဖြစ် သူမဆီကနေ အရာအားလုံးကို လုယူရတာကို သဘောကျသော ကြမ်းကြမ်းတမ်းတမ်း၀တုတ်ကောင်လေးတစ်ယောက်ဖြစ်သည်။


သူမ မနှစ်မြို့လျှင် ဦးလေး နှင့် အဒေါ်ဆီမှ အပြောခံရတတ်သည်။ ညီမကောင်းတစ်ယောက်ကဲ့သို့ အပြုအမူမျိုးမရှိဟု ပြောလိမ့်မည်။သူမအဖွားကပင် အစ်မကြီးတစ်ယောက်အနေနှင့် မောင်ငယ်လေးအား အလျော့ပေးမှရမည်ဟု ပြောသေးသည်။ထို့ကြောင့် သူမလိုချင်သည့်အရာအတွက် သူမ တိုက်ပွဲဝင်မှဖြစ်မည်။နောက်ပိုင်းတွင် သူမဝမ်းကွဲ‌ေမာင်‌ေလးသည် သူမထက် အရပ်ပိုမြင့်လာသောအခါ ဦးလေးနှင့် အဒေါ်က


"မင်းကအစ်မကြီးပဲ မင်းမောင်လေး လိုချင်တာကို ပေးလိုက်ပေါ့"

ဟုပြောနေတုန်းပင်။ အဖွားထွက်သွားသည့်အခါ သူမ၏စားသောက်ဆိုင်ဟောင်းကို လုယူသွားရန် ကြံစည်ထားကြသည်။ သိသာထင်ရှားသည်မှာ၊ အဖွား၏ ကျန်ရစ်ခဲ့သော အိမ်ဟောင်းကိုပင် သိမ်းပိုက်ထားပြီးဖြစ်သည်။


လင်းယောင်ယောင်သည် ငယ်စဉ်ကလေးဘဝကတည်းက အခြားသူများ၏သားသမီးများနှင့် မောင်နှမများကိုမနာလိုဖြစ်ခဲ့သည်။ အထူးသဖြင့်အပေါ်တွင်နေထိုင်သော ၀မ့်ရှောင်ဟွာတို့မိသားစုဖြစ်သည်။သူမသည် နူးညံ့ပျော့ပျောင်းသော်လည်း အသိုင်းအဝန်းတစ်ခုလုံးတွင် မည်သူမျှ သူမကို အနိုင်ကျင့်ဝံ့ခြင်းမရှိပေ။ အကြောင်းမှာ ရပ်ရွာတွင် ခေါင်းဆောင်တစ်ဦးဖြစ်၍ သူမထက်လေးနှစ်ကြီးသော အကိုကြီး၀မ့်တာစူ ကြောင့်ပင်။ သူ၏ညီမလေးအား အနိုင်ကျင့်သူသည် အိမ်ပြန်၍ ငိုသည်အထိ အရိုက်ခံရမည်မှာ သေချာသည်။ ၀မ့်တာစူသည် တစ်ခုခု အရသာရှိသောအစားအသောက်တွေ့လျှင် သူ့ညီမလေးအတွက် တစ်စိတ်တစ်ပိုင်း သိမ်းထားလေ့ရှိသည်။ ၀မ့်ရှောင်ဟွာ နှင့် ကောင်းမွန်သော ဆက်ဆံရေးရှိသော လင်ယောင်ယောင် ပင်လျှင် ဤကောင်းချီးကို ခံစားရပါသည်။


ဤအချက်တွေက လင်းယောင်ယောင်အား မနာလိုဖြစ်စေသည်။ အထူးသဖြင့် ဖြစ်ပျက်ခဲ့သမျှအား ခြွင်းချက်မရှိ ကာကွယ်ပေးမည့် အကိုကြီးတစ်ယောက်ရှိရန် သူမ မျှော်လင့်သူဖြစ်သည်။


"ဟွာနို့ ၏ဒဏ္ဍာရီ" တွင် လင်းရွှမ် သည်များသောအားဖြင့် လင်းယောင်ယောင် နှင့်အဆက်အသွယ်အနည်းငယ်သာရှိသည်။ မူလပိုင်ရှင်ကြောင့်ပင် ရှောင်မင်နှင့် ရှောင်ကျန်းတို့ ညီအစ်ကိုများကို လှုံ့ဆော်နိုင်ခဲ့သည်။ရှောင်မင် သည် သူ့အား စိတ်အနှောက်အယှက်ဖြစ်စေဖို့ မကြံစည်ခင်မှာ သူမကို ခုခံကာကွယ်ရန်ရပ်တည်ခဲ့ပြီး သူမအတွက် လက်စားချေရန် ကြိုးစားခဲ့သည်။


ယခု သူမသည် ဟွာနို့အင်ပါယာ၏ လင်းယောင်ယောင် ဖြစ်လာသည်။ သူမ၏ပထမဆုံးပျော်ရွှင်မှုမှာ မိဘများရှိဖို့ပင်။ ကံမကောင်းစွာဖြင့် သူမ၏မိဘများသည် အိမ်၌အမြဲနေထိုင်ခြင်းမရှိသည့်အပြင် သူမနှင့် မျိုးဆက်ကွာဟမှုပါရှိနေသည်။


ဒုတိယ အပျော်ရွှင်ဆုံးမှာ အစ်ကိုကြီး လင်းရွှမ် တစ်ယောက်ရလာခြင်းပင်။နောက်ဆုံးတွင် အစ်ကိုဖြစ်သူအားတင်းတင်းကြပ်ကြပ်ပွေ့ဖက်ရန် အစီအစဉ်မှာ တဖြည်းဖြည်းအကောင်ထည်ပေါ်လာပြီး ယခုအခါ လင်းရွှမ်သည် သူ၏ လက်နှစ်ဖက်ကိုပင် ပွေ့ဖက်ခွင့်ပြုနေပြီဖြစ်သည်။


သူမအစ်ကိုကြီးမှာ တခြားမိန်းမရှိလာလျှင် ဘယ်မိန်းမကမှ သူမယောက်ျားကို သွေးမတော်သော ညီမနှင့် အလွန်ရင်းနှီးစေချင်လိမ့်မည်နည်း။


လင်းယောင်ယောင်သည် လင်းရွှမ် ၏ လက်ကြီးကို ဆုပ်ကိုင်လိုက်သည်။ သူမ မသိစိတ်က သူ့လက်ဖဝါးရှိ ပါးလွှာသော အပေါက်များကို ခြစ်နေမိသည်။ သူမ မျက်တောင်ခတ်ပြီး


"အစ်ကိုကြီး အစ်ကိုကြီး ...နောက်မှ ကောင်မလေးရှာလို့ မရဘူးလားဟင် ညီမလေး အရွယ်ရောက်တဲ့ထိ စောင့်ပါဦး"


ကလေးမလေး၏ လက်လေးသည် အရိုးမရှိ၊ သေးသေးလေးနှင့် အလွန်ပေါ့ပါး၍ ဖြူစင်ပြီး နူးညံ့ပျော့ပျောင်းနေသောကြောင့် သူအားအနည်းငယ် စိတ်ရှုပ်သွားစေသည်။


လင်းရွှမ် သည်သူ့လက်အား ရုတ်သိမ်းလိုက်ပြီး အေးစက်စက် အသံဖြင့်


"မင်း အရွယ်ရောက်တဲ့ထိစောင့်နေရမယ်? ဘာလို့လဲ..."


သူတို့နှစ်ဦး၏ ဆက်ဆံရေးကို မသိသူများအနေနှင့် ဤစကားများအား ကြားလျှင်အထင်မှားနိုင်သည်။


ကလေးမလေးက ဖွင့်ပြောနေတာများလား....


သူတို့နှစ်ဦးသည် ဥပဒေအရ မောင်နှမတော်စပ်သော်လည်း တကယ်တမ်း သွေးသားချင်းမသက်ဆိုင်ကြပေ။



Xxxxxx

Ei Thet Hmue