အခန်း ၈
Viewers 8k

Chapter 8


လင်းရွှမ်၏နှလုံးသည် ရုတ်တရက် ခုန်သွား‌ေလသည်။ ကောင်မလေးပြောတာတွေကဘာကိုဆိုလိုတာလဲ...ချစ်သူရည်းစားရှာသည့်အခါ သူမစံနှုန်းနဲ့အညီ တစ်ယောက်ယောက်ကို ရှာမှရမည်ဟု ပြောခဲ့သေးသည်။အဖိုးက သူ့အား စီစဥ်ချိန်းတွေ့ပေးခဲ့စဥ်တုန်းက လဲဤကောင်မလေးက ပြင်းပြင်းထန်ထန်ကန့်ကွက်ခဲ့ပြီး မကျေနပ်မှုတွေကို ပြသခဲ့လေသည်။


သူမသည် အလွန်ယုံကြည်အားကိုးမိပြီး မောင်နှမများကြားက ဆက်ဆံရေးအား အခြားအရာတစ်ခုအဖြစ် အထင်လွဲမှားစေခဲ့ခြင်းဖြစ်ပေလိမ့်မည်။


သူ၏ လေးစားမှု မထိခိုက်စေဘဲ "နှစ်သက်တယ်" ဆိုသော စကားလုံးသည် သူမ၏ မှားယွင်းသော ခံယူချက်များအား ဘယ်လိုများ ငြင်းဆန်နိုင်မလဲ...


မကြာခင်မှာပဲ လင်းရွှမ် သည် သူအတွေးလွန်နေမှန်း အသိ၀င်လာသည်။လင်းယောင်ယောင်သည် ဟန်ဆောင်မှုမရှိသောအသံဖြင့်


"ဘာလို့ဆို ညီမလေးချစ်မိတော့မှာမို့ ပြီးတော့အစ်ကိုကြီးကိုမခြောက်ချားစေချင်ဘူး အခုညီမလေး အစ်ကိုကြီးကိုချစ်ဖို့မတားမြစ်ဘူးမလား..."


လင်းရွှမ် ၏ နှလုံးခုန်သံများ ခုန်တက်သွားသည်။သူမ၏ ပျော့ပျောင်းသော လေသံကြောင့်လား သို့မဟုတ် သူ ရှင်းရှင်းလင်းလင်းမကြားလိုက်သော အခြားအရာတစ်ခုခုကြောင့်လား မသိပေ။သူ အနည်းငယ် စိတ်တိုသွားသည်။ သူ့လက်မောင်းက ကြွက်သားတွေကို လေ့လာဖို့ ကြိုးစားနေသော လင်းယောင်ယောင် ကို တွန်းထုတ်လိုက်ပြီး တစ်ဖက်ကို ပြန်ထိုင်လိုက်သည်။


"ကောင်းကောင်းထိုင်စမ်း...မိန်းကလေးဆိုတာ မိန်းကလေးနဲ့တူရမယ်လေ... ငါ့ကို လာထွေးပတ်မနေနဲ့"


လင်းယောင်ယောင် သူမမျက်နှာကို လက်နှစ်ဖက်နှင့်ကိုင်ပြီး နာခံစွာ ထိုင်ချလိုက်၍ မဲ့ပြုံးပြုံးလိုက်ပြီး


"အစ်ကိုကြီး စိတ်အနှောက်အယှက် ဖြစ်သွားလား ...ဒါဆို မနက်ဖြန်လဲ အပူကပ်ပြီး လိုက်နှောင့်ယှက်နေမှာပဲ ဒါမှမဟုတ် ညီမလေးကို ချစ်ခွင့်ပေး ဒီရှုပ်ထွေးတဲ့ပတ်သက်မှုကို ညီမလေး ပြောင်းလဲပစ်နိုင်ပါတယ်"


ခေါင်းကိုက်သွားသော လင်းရွှမ် "..."


လူတစ်သိန်းရှိသော ညသိန်းငှက်များ သည် ဤညီမလောက်ခက်ခဲလိမ့်မည်မဟုတ်ပေ။ကံကောင်းထောက်မစွာဖြင့် မကြာမီ လင်းမိသားစု၏ အဓိကနေအိမ်သို့ ရောက်ရှိလာခဲ့သည်။ညအချိန်မှာ ၁၀ နာရီရှိနေပြီဖြစ်သည်။


အင်တာနက် စွဲလမ်းနေသော မိန်းကလေး လင်းယောင်ယောင် ဟာ ရေချိုးပြီး သူမ၏ အဝတ်အစားတွေကို ညအိပ်ဝတ်စုံအဖြစ် ပြောင်းလဲလိုက်သည်။ သူမသည် သီးသန့်အဆောင် တွင် ပျော်ရွှင်စွာလှဲလျောင်းလိုက်ပြီး ကြယ်ပွင့်ကွန်ရက်ထဲ ၀င်လိုက်သည်။


လင်းယောင်ယောင်၏ ပထမဆုံးစိုးရိမ်မှုသည် နေ့ခင်းဘက်အပြင်မထွက်မီ ကြယ်ပွင့်ကွန်ရက် တွင် ရောင်းချခဲ့သော ဖြည့်စွက်အစားအစာဖြစ်သည့် ပူစီနံသခွားသီးကြော်ဖြစ်သည်။


ပလက်ဖောင်းပေါ်ရှိ ကိုယ်ရေးကိုယ်တာအကောင့်သို့ ဝင်ရောက်ပြီးနောက်၊ သတိပေးချက် မက်ဆေ့ချ်များ ဆက်တိုက်ပေါ်လာသည်။အကြမ်းဖျင်းဖတ်ပြီးနောက် လင်းယောင်ယောင် အနည်းငယ် ထိတ်လန့်သွားသည်။


"ဟင် ...အချပ်ရေ 100 အကုန်ရောင်းကုန်တယ်...ပိုက်ဆံအများကြီးရှိတဲ့ လူတွေက အလွန် မမိုက်မဲကြပေဘူးလား...နည်းနည်းလွန်တယ်မဟုတ်လား..."


ထို့နောက် လင်းယောင်ယောင်သည် အသေးစိတ်အရောင်းမှတ်တမ်းများနှင့် မှတ်ချက်များကို စစ်ဆေးလိုက်သည်။သူမအစားအစာများကို ဝယ်သူ နှစ်ယောက်သာ ရှိသည်ကို မကြာမီ ရှာဖွေတွေ့ရှိခဲ့သည်။


ပထမဖောက်သည်၏ ID မှာ "ငါ တွန့်တိုနေတယ်" ဟုရေးထားပြီး ဒုတိယဖောက်သည်မှာ "ကျန်း" ဟူ၍ဖြစ်သည်။


ထို့အပြင် လူနှစ်ဦး၏ဝယ်ယူချိန်သည် အလွန်နီးကပ်နေ‌ေလသည်။ သူငယ်ချင်း နှစ်ယောက် ကြယ်တာရာနက် ပေါ်ရှိ သီးသန့် ကုန်တိုက်သို့ အခမဲ့လာရောက်၍ အခမဲ့ အစားအသောက်ရှာနေပုံရပြီး အရသာတစ်ခုခုကို သိလာသောအခါတွင် သူတို့၏ သူငယ်ချင်းဖြစ်သူများကို ချက်ချင်း အကြံပြုခဲ့သည်။သို့သော်!

ဤလူနှစ်ဦး၏ မှတ်ချက်များနှင့် အဆင့်သတ်မှတ်ချက်များသည် လင်းယောင်ယောင် အတွက် အထောက်အကူမဖြစ်ပေ။


"ငါ တွန့်တိုနေတယ်" ၏အဆင့်သတ်မှတ်ချက်- အရသာအညွှန်း- ကြယ်ငါးပွင့်... အရန်ကုထုံးအကျိုးသက်ရောက်မှု- 20% (0 ~ 20% ရွေးချယ်နိုင်သည်)"


အမှာစကား- "ငါစားဖူးသမျှ သခွားသီးထဲမှာ အကောင်းဆုံးပဲ၊ ပိုင်ရှင်သူဌေး နောက်ထပ်မေးပါ ။QAQ


ဆန့်ကျင်ဘက်တွင်၊ "ကျန်း" ၏အဆင့်သတ်မှတ်ချက်- အရသာအညွှန်းကိန်း- ကြယ်တစ်ပွင့်။အရန်ကုထုံးအကျိုးသက်ရောက်မှု- 0% (0 ~ 20% ရွေးချယ်နိုင်သည်)။


အမှာစကား- "စျေးကြီးပြီး စားလို့မဝဘူး။ မဝယ်ပါနဲ့၊ လူတိုင်း..."


သခွားသီးရောင်း၍ ၀င်ငွေ 10,000 ရရှိသော လင်းယောင်ယောင် ကတော့ ပျော်ရွှင်နေဆဲဖြစ်သည်။


"မှတ်ထားလိုက်ပါမယ်နော်...အရသာမကောင်းရင် ဘာဖြစ်လို့ ထက်ဝက်ကျော်ကို အလျင်စလို ဝယ်သွားတာလဲ"


ရောင်းကုန်သည် ဆုလာဘ်အမျိုးအစား ဖြည့်စွက် အစားအစာ အရသာ စမ်းသပ်မှုတစ်ခု ဆိုကြပါစို့ ထိုအခြေအနေမျိုးတွင် ၀ယ်သူသည် ထိုအရာကိုစားပြီး အကူအညီမရသော သုံးသပ်ချက်တစ်ခု ရေးသားပါက တိုင်ကြားနိုင်သည်။ သို့သော်လည်း ရောင်းကုန်အတွက် ပေးချေထားပြီးဖြစ်သော ၀ယ်သူများအတွက်မှာမူ အမှာစကားအား မည်သို့အဆင့်သတ်မှတ်ပေးမည်ကိုမဆို သူမ ဆုံးဖြတ်ပိုင်ခွင့်မရှိပေ။


လင်းယောင်ယောင်သည် သူမလက်ထဲတွင်ရှိနေသည့် ပထမအဆင့်ပစ္စည်းများကို လှမ်းကြည့်လိုက်သည်။

မကြာမီတွင် သူမသည် နောက်ထပ်ဖြည့်စွက်အစားအစာဖြစ်သည့် မာပိုတို့ဟူးကိုကြေညာရန် ဆုံးဖြတ်လိုက်သည်။မာပိုတို့ဟူးသည် ဂန္ထဝင် စီချွမ်ဟင်းလျာဖြစ်သည်။ အဓိကပါဝင်ပစ္စည်းများမှာ တို့ဟူး၊ ပါးပါးလှီးထားသော အသား (ဝက်)၊ ငရုတ်သီးနှင့် တရုတ်ငရုတ်ကောင်းတို့ဖြစ်သည်။


ထိုအရာများထဲတွင် ဟင်းခတ်အမွှေးအကြိုင်များဖြစ်သော ငရုတ်ကောင်းသည် အစားအစာအတွက် ပါဝင်ပစ္စည်းနှင့် ဆေးဖက်ဝင်ပစ္စည်း နှစ်မျိုးလုံးဖြစ်သည်။ လင်းယောင်ယောင် သည် ငရုတ်ကောင်းကို မထည့်‌ပဲငရုတ်ကောင်း၏ အနှစ်သာရကိုသာ အသုံးပြုခဲ့သည်။


ပြီးသွားသော ဟင်းချိုသည် အနီရောင်တောက်တောက်ဖြစ်ပြီး တို့ဟူးသည် နှင်းဖြူရောင်ဖြစ်ပြီး ကြက်သွန်နီအစိမ်းဖြင့် အစက်ချထားသည်။အမြင်အာရုံအကျိုးသက်ရောက်မှုသည် အလွန်ကောင်းမွန်လှသည်။ အနံ့ပြင်းပြင်း တို့ဟူးအား ပါးစပ်ထဲတွင် နူးညံ့ချောမွေ့စွာခံစားရစေမည်။ ပူပူနွေးနွေး၊ ထုံထိုင်းစေ၍ ပူပူစပ်စပ်၊ လတ်လတ်ဆတ်ဆတ် အရသာသည် ညစာအတွက် အလွန်စားကောင်းမည်ဖြစ်သော ဟင်းလျာတစ်ခုဖြစ်လိမ့်မည်။


လင်းယောင်ယောင်သည် မာပိုတို့ဟူးအား အပိုင်းတစ်ရာအဖြစ် ပိုင်းခြားလိုက်ပြီး ပုံမှန်ဖြည့်စွက် အစားအစာကဏ္ဍ၏ "ဆုလာဘ်နယ်မြေ"တွင်တင်လိုက်သည်။ သူမသည် အပိုင်းတစ်ပိုင်းလျှင် ၀င်ငွေ 0.01 ဖြင့် ပေးဆောင်စေပြီး တစ်ဦးချင်းစီလျှင် အများဆုံး 5 ပိုင်းအထိ ၀ယ်ယူနိုင်ခြင်းဖြင့် ကန့်သတ်ထားလိုက်သည်။


ထမင်းဖြူနှင့် တွဲစားစရာပင်မလို။ ဖောက်သည်သည် လေးလံသောငရုတ်သီးနှင့် ငရုတ်ကောင်းထုတ်နုတ်ချက်ဖြင့် မာပိုတို့ဟူးငါးပိုင်းကိုစားလျှင်ပင် ခံတွင်းသည် ပူလာပြီး အရသာပျက်သွားမည်ဖြစ်သည်။


၀င်ငွေ 0.01 အမှတ်ဖြင့်၊ တို့ဟူးသည် ဆုချီးမြှင့်သည့်ဧရိယာတွင် ရှိနေသည်။ ထို့ကြောင့်၊ လူများသည်အားလုံးသည် မလိုလားသောမှတ်ချက်များ မဟုတ်ဘဲ ကောင်းမွန်စွာ မှတ်ချက်ပေးရလိမ့်မည်။


ယခင် အံ့ဖွယ်ဖောက်သည်နှစ်ဦးသည်လင်းယောင်ယောင်၏ ကိုယ်ပိုင်စတိုးကို အာရုံစိုက်ခဲ့သည်။ သူမ၏ ထုတ်ကုန်အသစ်အကြောင်း အကြောင်းကြားရမည်။ အထူးသဖြင့် "ကျန်း" ဟုခေါ်သောသူသည် သူမအား ဆိုးသွမ်းသောသုံးသပ်ချက်ပေးလျှင် နာမည်ပျက်စာရင်းထဲ ထည့်ထားလိမ့်မည်။

အားလုံးလုပ်ပြီးသွား၍ လင်းယောင်ယောင် ဟာ သီးသန့်အဆောင် မှာ ထွက်လာသည်။ သူမ သမ်းဝေကာ ကုတင်ပေါ် လှဲချလိုက်ပြီး စက္ကန့်ပိုင်းအတွင်း အိပ်ပျော်သွားသည်။


သို့သော် အနည်းငယ်ပင်ပန်းခဲ့သော လင်းရွှမ် သည် သူ့အခန်းရှိ ကုတင်ကြီးပေါ်တွင် လဲလျောင်းနေသော်လည်း အလွန်နိုးနေပြီး အိပ်မပျော်ပေ။


ယနေ့ မွန်းလွဲပိုင်း မတော်တဆ မှု သည် နောက်ထပ် ဖြစ်နိုင်ဖွယ် မရှိတော့ကြောင်း သူ သိသော်လည်း အတွင်းခံဘောင်းဘီတစ်စုံကို မသိစိတ်က ၀တ်ထားပြီး ကိုယ်လုံးတီး မအိပ်ဝံ့ပေ။


နောက်ဆုံးတွင် အိပ်ပျော်သွားပြီးနောက် အိပ်မက်ထဲတွင် စိတ်အနှောက်အယှက်ဖြစ်စေသော ကလေးမလေးတစ်ယောက်ရှိနေဆဲဖြစ်ပြီး သူမ၏မျက်နှာပေါ်တွင် အပြုံးချိုချိုဖြင့် "အစ်ကိုကြီး အစ်ကိုကြီး--" ဟု ညင်သာစွာ ခေါ်နေလေသည်။

သူ၏နားထဲတွင် မှော်ဆန်သောအသံက မြည်နေပြီးအိပ်မက်ဆိုးတစ်ခုဟု သူထင်ခဲ့သော်လည်း နောက်နေ့မနက်စောစော အိပ်ရာ နိုးလာသောအခါ ဆယ်ကျော်သက်ကောင်လေးများ မနက်အိပ်ရာထသကဲ့သို့ ဖြစ်ရိုးဖြစ်စဉ်တစ်မျိုးကို တွေ့လိုက်ရသည်။


လင်းရွှမ် ၏ ချောမောသော မျက်နှာသည် မည်းမှောင်သွားသည်။ ညစ်ပတ်နေသော အတွင်းခံဘောင်းဘီများနှင့် စာရွက်များကို အဝတ်လျှော်စက်ထဲသို့ ပစ်ချလိုက်သည်။


အကယ်၍ သူ လင်းယောင်ယောင်နှင့် အဆက်အသွယ်များစွာရှိခဲ့မည်ဆိုလျှင် သူမနှင့် အလေ့အကျင့်ဖြစ်လာလိမ့်မည်ဟု ထင်မှတ်ခဲ့သည်။ သို့သော် ဤတိုးတက်မှုသည် သူမျှော်လင့်ထားရာနှင့် ခြားနားပုံရသည်။


မနက်စောစော လင်းယောင်ယောင် တစ်ယောက် မဖွင့်ချင်သောမျက်လုံးများကို ပွတ်တိုက်ပြီး ပါးလွှာသော အ၀တ်ကို ဝတ်ဆင်လိုက်သည်။ အခန်းထဲက ပထမထပ်ကို သူမဆင်းလာသောအခါ လင်းရွှမ်ဟာ စမတ်ကျသော စစ်ယူနီဖောင်း၀တ်ထားသည်ကိုတွေ့လိုက်ရသည်။ သူ၏ဉာဏ်ကောင်းသောစက်ရုပ်အိမ်ဖော်မလေးပြုလုပ်ပေးခဲ့သော အာဟာရ ရှိ သော နံနက်စာကိုသုံးဆောင်နေစဥ် နံနက်ခင်းသတင်းများကိုလဲနားထောင်နေသည်။ နံနက်စာတွင် ပေါင်မုန့်၊ ကြက်ဥနှင့် နို့များပါဝင်သည်။



"အာ... အစ်ကိုကြီး၊ ဘာ ကြောင့် ဒီလောက် စောစော ရောက် နေ တာ လဲ ...အစ်ကိုကြီးအတွက် ညီမလေးက မြတ်နိုးဖွယ်မနက်စာလုပ်ပေးဖို့ စောစောထ လာပါတယ်ဆို..."


လင်းရွှမ် သောက်လက်စနို့ကိုရပ်တန့်လိုက်၍ မျက်မှောင်ကြုတ်ပြီး ပါးပါးလွှာလွှာ ည၀တ်အင်္ကျီ ၀တ်ဆင်ထားသော လင်းယောင်ယောင် အား ကြည့်လိုက်သည်။ လင်းယောင်ယောင် ဟာ ဤကဲ့သို့အဝတ်အစားများဖြင့် အိမ်ထဲတွင် လျှောက်သွားနေသည်ကို လက်မခံနိုင်ဘဲ


"မင်းအခန်းထဲပြန်သွားပြီး မင်းအဝတ်အစားတွေပြောင်းလိုက်ပါ... နောက်ပြီး ကြုံရာကျပန်းစကားတွေကို သိမ်းကျုံးမသုံးပါနဲ့"


ဟု အေးစက်စွာပြောခဲ့သည်။"မြတ်နိုးဖွယ် မနက်စာ" သည် လွန်ခဲ့သော နှစ်ပေါင်းများစွာက ဤအိမ်တွင် သူတို့၏ ဖခင်အတွက် မိခင်ပြုလုပ်ပေးခဲ့သော အရာဖြစ်သည်။ နက်မှောင်သောအရောင်ရှိသော ကြက်ဥကြော်သည် နှလုံးပုံသဏ္ဍာန်ကို ထိန်းသိမ်းထားရုံလေးသာဖြစ်သည်။ ထိုမနက်စာသည် ခင်ပွန်းဖြစ်သူ နှစ်သက်သော အထူးကုသမှုတစ်ခုဖြစ်သည်ဟု သူမက ဆိုခဲ့သည်။ သူတို့မောင်နှမအတွက်မှာမူ ကြက်ဥပြုတ်တစ်လုံးဆီသာ။ ဖခင်ဖြစ်သူထံမှ "ချစ်ခြင်းမေတ္တာ" ကို ခံစားရခြင်း ရှိ၊ မရှိ မသိရသေးပေ။


လင်းယောင်ယောင် သူမ၏ အဝတ်အစားများကို ငုံ့ကြည့်သည်။ ပြဿနာလုံး၀မရှိဟု သူမ ထင်သည် ။ ညဝတ်ဝတ်စုံသည် နူးညံ့ပြီး သက်တောင့်သက်သာရှိစေသည်။ အထည်သည် ပါးလွှာသော်လည်း အတိုကြီးမဟုတ်ပေ။ သူမ၏ခန္ဓာကိုယ်နှင့် ကပ်လွန်းခြင်း သို့မဟုတ် သူမ၏ခါးတွင်ပင် ကပ်မနေပါ။ အလွန်ချောင်ပြီး အဆင်ပြေမှုရှိလှသည်။


မိန်းကလေးအများစုက အိမ်တွင် ဤကဲ့သို့ဝတ်စားဆင်ယင်ခြင်းသည် ပုံမှန်မဟုတ်ပေဘူးလား...

လင်းရွှမ် ၏ မနက်စောစောတွင် အလွန် တင်းကျပ် စွာ နှင့် သပ်ရပ် စွာ ဝတ်ဆင် ထား သည်မှာ ပုံမှန်မဟုတ်ပေ‌ေလာ။ထို့နောက် လင်းယောင်ယောင်သည် သူမ စောစောက ပြောခဲ့သော စကားများကို ပြန်သတိရပြီး ပြဿနာတစ်စုံတစ်ရာကို သတိမထားမိခဲ့ပေ။


သူမ၏ နားလည်မှုအရ မြတ်နိုးဖွယ်မနက်စာ ဟုခေါ်လိုက်သော မနက်စာသည် မိသားစု၏ ချစ်ခြင်းမေတ္တာများဖြင့် ပြုစုထားပေးသော မနက်စာပင် အလွန်ဖြူစင်ပါသည်။ ခါးသီးသောမျက်နှာဖြင့် ခဏမျှတွေးပြီးနောက် လင်းယောင်ယောင် နားမလည်နိုင်စွာ ထားလိုက်ရန် ဆုံးဖြတ်လိုက်သည်။သူမ လင်းရွှမ်အား

"အစ်ကိုကြီး အပြင်သွားမလို့လား"


ဟု မေးလိုက်သည်။ လင်းရွှမ် က

"အင်း ငါစစ်ဌာနချုပ်ကို သွားပြီးတော့ နေ့လည်မှာ နယ်စပ်ကြယ် ကို သွားရမယ်"


နှစ်ရက်လောက်အနားယူသင့်သော လင်းရွှမ်သည် ပြန်လာရန် ကြိုတင်ဆုံးဖြတ်ခဲ့သည်။အဖိုးသည် အိမ်ဟောင်းတွင် နေထိုင်ပြီး သူတို့၏မိဘများသည် ဧကရာဇာမြို့တော်ပတ်လည်ရှိ စစ်ကြယ်များတွင် နေထိုင်ကြသည်။ အရေးကြီးကိစ္စ မရှိလျှင် ပြန်မလာကြပေ။


သူသည် ညီမလေးနှင့်အတူ တစ်နေ့တာအများစု ရှိနေတတ်သည်။ မနေ့တုန်းက မိဘများ ပြန်လာကြသည်။ ထို့နောက် အဖိုးအိမ်သို့ ညစာစားရန် သွားကြသောအခါ အပြင်လူတွေ အများကြီးရှိနေလေသည်။ ကလေးမလေးနှင့် တစ်ယောက်တည်း အချိန်တိုအတွင်း သူ စိတ်အနှောင့်အယှက်ဖြစ်ခဲ့ရပြီး အချို့သော တိုးတက်မှုများသည် လမ်းကြောင်းမှန်မှ လုံးဝသွေဖည်သွားခဲ့သည်။ လင်းရွှမ်သည် မထိန်းချုပ်နိုင်သောအရာများနှင့် မတည်ငြိမ်သောအကြောင်းရင်းများကို အမြဲတွန်းလှန်လေ့ရှိသည်။


လင်းယောင်ယောင်သည် ရုတ်တရက် သူထွက်သွားလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။ သူမ အံ့ဩသွားကာ

"ဘာလို့ ဒီလောက်မြန်ရတာလဲ အိမ်မှာ နှစ်ရက်သုံးရက်နေမယ်လို့ ပြောတယ်မဟုတ်ဘူးလား "


လင်းရွှမ် ပြန်လည်ရှင်းပြရန် မရည်ရွယ်ထားပေ။ သူက သူမကို မကြည့်ဘဲ တင်းမာသောလေသံဖြင့်

"မမေ့ပါနဲ့ ရှောင် ပါတဲ့ အမည်နဲ့လူတွေနဲ့ ဘယ်သူ့ကိုမှ မနှောင့်ယှက်နဲ့..."


ကောင်မလေး အထင်မှားသွားမည်ကို ကြောက်လန့်၍

"မင်းကျောင်းစဖွင့်ချိန်ရောက်ရင် တော်ဝင်မြို့ကို ပြန်ပြောင်းလာမယ်”


ဟုထပ်ပြောလိုက်သည်။စစ်သားအားလုံးသည် အမိန့်ကို လိုက်နာရမည်ဟု လင်းယောင်ယောင် သိသည်။ လင်းရွှမ် နေ့ခင်းဘက် ထွက်သွားမည်ဖြစ်၍ မနက်ဖြန်အထိ သူ့အား နေစေရန် မဖြစ်နိုင်ဘူးဟု ဆိုသည်။ လင်းရွှမ်၏ မှာကြားချက်အရ သူမသည်လဲ ရှောင်မင် အား မနှစ်သက်ပေ။ သို့သော် အစ်ကိုဖြစ်သူ၏ ဂရုစိုက်မှုကို နားထောင်ပြီးနောက် သူမသည် နွေးထွေးစွာခံစားနေရဆဲဖြစ်သည်။


သူမသည် လင်းရွှမ်၏ ရှေ့တွင် မှီ၍ ထမင်းစား စားပွဲပေါ်တွင် လက်နှစ်ဖက်ကို ချိတ်ထားသောကြောင့် လင်းရွှမ် အဝေးသို့ မကြည့်နိုင်လောက်အောင် နီးကပ်နေလေသည်။လင်းယောင်ယောင်သည် သနားစရာကောင်းသော အကြည့်ဖြင့်

"အစ်ကိုကြီး နေ့ခင်းဘက် မသွားခင် အိမ်အရင်ပြန်လို့မရဘူးလား"

ဟုမေးလိုက်သည်။သူမ၏ ချောင်ကျနေသော ညဝတ်အင်္ကျီကော်လာသည် သူမ၏ညှပ်ရိုးမှ လျော့ရဲရဲပြောင်းသွားပြီး အရေပြားတစ်လက်မခန့် ပေါ်သွားသည်ကို သူမ သတိမထားမိလိုက်ပေ။လင်းရွှမ် ခေါင်းကို မော့လိုက်ပြီး သူမအား မော့ကြည့်လိုက်သည်။ ထိုရွေ့လျားနေသောမြင်ကွင်းသည် သူ့အကြည့်များအား မထင်မှတ်ဘဲ စွဲဆောင်သွားခဲ့လေသည်။ သူမျက်လုံးများ ရှောင်ချင်သော်လည်း သူမကိုလဲ ကြိမ်းမောင်းချင်သည် ။


သုံးစက္ကန့်ပင်ကြာသွားသည်။ နောက်ဆုံး သူအကြည့်တွေကို ရှောင်လိုက်ပြီး တစ်ဖက်က နွားနို့ဖန်ခွက်အား လှမ်းကြည့်လိုက်သည်။သူမအသားအရည်က နွားနို့ကဲ့သို့ ဖြူဖွေးနေသဖြင့် ထိတွေ့လိုက်သောအခါ နွားနို့ကဲ့သို့ နူးညံ့နေမလားဟု လူကို အံ့ဩသွားေစသည်။


လင်းရွှမ် ၏လက်ချောင်းသည် မသိစိတ်က ရွေ့လျားသွားပြီး နွားနို့အား တစ်ငုံသောက်လိုက်၍ ဖုံးကွယ်လိုက်သည်။အမှန်တကယ်ပင် မူမမှန်မှုများ ပိုများလာနေပြီဖြစ်သည်။ ပူပူနွေးနွေး ရေကူးဝတ်စုံနှင့်မိန်းမလှလေးများအပေါ်တွင်ပင် သူခံစားချက်မရှိသည်မှာ ရှင်းလင်းသိသာလွန်းသည်။လင်းရွှမ် သူမအား ပြန်မဖြေသောကြောင့် လင်းယောင်ယောင်သည် သူ့အား မကျေမနပ်ဖြင့် ဆက်ပြီး ချုပ်နှောင်လိုက်သည်။


"အချိန်မီ မရောက်နိုင်ရင်လဲ အစ်ကိုကြီးရဲ့တပ်သားကို နေ့ခင်းဘက် လာခိုင်းလိုက်ပါ..."


လင်းရွှမ် ငုံ့ကြည့်လိုက်ပြီး သူမအားကြည့်နေခြင်းကို ရပ်လိုက်ပြီး အလွန်အေးစက်သောအသံဖြင့်


"ဘာကိစ္စလဲ "


လင်းယောင်ယောင် အနည်းငယ် ဒေါသ ထွက်သွား‌ေသာ အစ်ကိုကြီး၏ ရန်လိုမှုကို နားမလည်ပေ။ ယနေ့ လင်းရွှမ် အမှန်တကယ်ထူးဆန်းနေသည်ဟု သူမ ခံစား‌ေနရသည်။ သူမသည် စစ်ပွဲအရှင်သခင် ၏လက်မောင်း/ပေါင်ကို ဆုပ်ကိုင်ထားနိုင်ရန် မနေ့ကပင် အလွန်ကြိုးစားခဲ့ပြီး တစ်နေ့တာလုံး အချည်းနှီးဖြစ်ခဲ့သည်။ကျောင်းစတက်လျှင် လင်းရွှမ်အားတွေ့နိုင်သေးသည်ဟုတွေးကာ သူမ ပျော့ပျောင်းသောအသံဖြင့်

"ညီမလေး အစ်ကိုကြီးအတွက် အဆာပြေမုန့်လုပ်ပေးလိုက်မယ် လမ်းမှာစားလို့ရတာပေါ့"


"မလိုပါဘူး၊ စစ်သင်္ဘောပေါ်မှာ စားနပ်ရိက္ခာ ပြတ်တောက်တယ်ဆိုတာ မရှိပါဘူး"

ဟု တိတ်တဆိတ် ငြင်းဆိုခဲ့သည်။ လင်းယောင်ယောင် အမှန်တကယ်ဒေါသထွက်သွားသည် ။


" အစ်ကိုကြီးကို နှောင့်ယှက်နေတယ်လို့ ထင်နေတာလား... ကောင်းပြီလေ နောက်ဆို ဘာမှလုပ်ပေးမှာ မဟုတ်ဘူး နံစော်နေတဲ့ အစ်ကိုကြီးပဲ"


ကောင်မလေးသည် ဒေါသတကြီးလှည့်ထွက်သွားကာ လှေကားဆီသို့ ပြေးသွားခဲ့သည်။လင်းရွှမ် သည် နှလုံးသားထဲတွင် ခံစားချက်များ ရောထွေးနေသည်။ သူ မည်သို့ပြန်ပြောရမည်ကို မသိတော့ပေ။ ထို့ကြောင့်


"နေ့လည်သုံးနာရီမှ ပြန်ရောက်မယ် "


ဟု လှမ်းပြောလိုက်သည်။ကလေးမလေးက ခေတ္တရပ်ပြီး “ဟမ်” ဟုပြန်ပြောနေသော်လည်း နောက်ပင် လှည့်မကြည့်ချေ။


နေ့လည် ၃ နာရီတွင် လင်းရွှမ် အိမ်သို့ပြန်ရောက်သောအခါ ဉာဏ်ကောင်းသောအိမ်ဖော်၊အမ်ဘာက သူ့အား ခရီးဆောင်သေတ္တာကြီးတစ်လုံး ပေးလိုက်သည်။


လင်းရွှမ် က..."ယောင်ယောင် ဘယ်မှာလဲ" ဟု မေးလိုက်သည်။


အမ်ဘာ က ...

"ကြယ်ပွင့်ကွန်ရက်မှာ ချောမောတဲ့ ယောက်ျားလေးအတွက် အရသာရှိတဲ့ မုန့်တွေလုပ်နေရပြီး အလုပ်ရှုပ်နေတယ်လို့ သခင်မလေး ယောင်ယောင်က ပြောခဲ့ပါတယ် သခင်လေးကိုပို့ဖို့ အချိန်မရှိဘူး ပြီးတော့ ချောမွေ့တဲ့ခရီးဖြစ်ပါစေလို့ ပြောခဲ့ပါတယ်"


လင်းရွှမ် "..."


ကောင်မလေးသည် သူ စိတ်ဆိုးအောင် တမင်ပြောနေမှန်း သိသော်လည်း သူမအခန်းထဲကနေ ထွက်လာစေပြီး ပညာပေးရန် သူအားသန်နေဆဲဖြစ်သည်။သူ၏ညီမလေးသည် ဤစရိုက်မျိုးဖြစ်ပေသည်။အတော်မလွယ်လှပေ။


လင်းရွှမ်သည် အစားအသောက်ပုံးကိုဖွင့်လိုက်ပြီး သေတ္တာထဲတွင် လှပစွာထုပ်ပိုးထားသော သရေစာများကို ကြည့်လိုက်သည်။ အဆာပြေမုန့် ငါးမျိုးရှိသည်။


အကွက်များတွင် အမည်များကို နှင်းဆီမယ်လာလူးကာ၊ ပဲနီကိတ် ၊ နို့မုန့်ကြွပ်၊ လက်ဖက်စိမ်းကိတ် ဟူ၍ရေးထားသေးသည်။



Xxxxx

Ei Thet Hmue