အခန်း ၁၀
Viewers 8k

Chapter 10



ကြယ်ပွင့်ကွန်ရက်တွင် လင်းယောင်ယောင် ငှားထားသည်မှာ အလုပ်သင်အဆင့် ဓာတ်ခွဲခန်းဖြစ်သောကြောင့် သူမေးလိုက်ခြင်းဖြစ်သည်။ ထို့အပြင်၊ ပလက်ဖောင်းပေါ်တွင်သူမရောင်းချသော သီးသန့်အစားအစာအားလုံးကိုပထမတန်းစား ပါဝင်ပစ္စည်းများမှပြုလုပ်ထားသည်။


အမှန်တကယ်တွင်၊ ဆေးဆိုင်နှင့် အစားအသောက်လက်ထောက်ကုထုံးဆရာများ၏ အဆင့်သည် ကြယ်ပွင့်ကွန်ရက်တွင် အမြဲတမ်းနောက်ကျ‌ေန‌‌သည်။


သို့သော်လည်း လင်းယောင်ယောင် ယခင်က ပူစီနံ နှင့် သခွားသီးကြော်အတွက် ၀င်ငွေ 100 ကို မြင့်မားစွာပေးခဲ့ပြီး နောက်ပိုင်းတွင် ၀င်ငွေ 0.01 သာ ဆုချီးမြှင့်ခဲ့သည်။ ရှောင်ချီ က ဤမိန်းကလေးဟာ စီးပွားရေး အခြေအနေကောင်းများ မရှိဟု ခံစားရသည်။ သူမပိုက်ဆံများများမရှိလျှင် လစာမြင့်မြင့်ဖြင့် ဆွဲဆောင်ရလိမ့်မည်။လင်းယောင်ယောင်က သူ့အား မထီမဲ့မြင် စိုက်ကြည့်နေသည်။

"ဒီမိန်းမက ဆင်းရဲတယ်လို့မြင်တာလား...လက်တွေ့မှာတော့ ဖြည့်စွက်စာတွေ ငါမချက်နိုင်သေးပါဘူး... နောက်မှပြောကြတာပေါ့... ဖုန်းနံပါတ်ချန်ထားခဲ့လို့ရတယ် ဂီနီ၀က်လိုတဲ့အခါ မင်းကို လာရှာလိုက်မယ်"


ရှောင်ချီ ရင်ကျပ်သွားသလို ခံစားလိုက်ရသည်။ သူ့ကို ဂီနီဝက်တစ်ကောင်လို ဆက်ဆံဖို့ မည်သူမျှ သတ္တိမရှိကြပေ။ ဤအတွေ့အကြုံမျိုးဟာ ဆန်းသစ်လှပေသည်။


သူဟာ ဖုန်းနံပါတ်ကို လင်းယောင်ယောင် အား တက်တက်ကြွကြွပင် ပေးခဲ့လိုက်သည်။ ကံမကောင်းစွာဖြင့် လင်းယောင်ယောင် က သူမ အမည်ရင်းကို မပြောဖို့ ငြင်းဆိုခဲ့ပြီး သူမအား "အယ်လဲဗင်း" ဟု ခေါ်စေခဲ့သည်။


လင်းယောင်ယောင် ဟာ 011 ၏ သံတူအနက် စကားလုံးတစ်လုံးဖြစ်သည်။ "အယ်လဲဗင်း?"ဟုတ်ပေသည်။ရှောင်ချီ က လျှို့ဝှက်ထားသော အဓိပ္ပါယ်ကို နားမလည်လိုက်ပေ။


[T/N- တရုတ်ဘာသာတွင် "0" သည် "Líng" ဖြစ်ပြီး "1" သည် "Yī")


ရှောင်ချီ မှတစ်ဆင့် လင်းယောင်ယောင် က "ကျန်း" သည် အမှန်တကယ်တွင် သူမ သိသောသူတစ်ယောက်ဖြစ်ကြောင်းနှင့် "ကျန်း" က သူမအား ဤကဲ့သို့ အဆင့်သတ်မှတ်ပေးပြီး မှတ်ချက်ပေးရသည့် အကြောင်းရင်းကိုလည်း သိခဲ့ရသည်။


..."ကျန်း တစ်ယောက်ရဲ့ စိတ်စွမ်းအားက တကယ့် SS တန်းပါပဲ ...ကြယ်ကွန်ရက်က ပထမတန်းစား ပါဝင်ပစ္စည်းတွေရဲ့ ဖြည့်စွက် ကုသရေး အစားအစာကို လျော့ချပေးတယ်... ဖြည့်စွက် ကုသရေး အာနိသင်က တကယ်တော့ ဘာမှ နီးပါးမရှိသလို ကွာခြားချက်က 1% ~ 2% လောက်ပဲ ရှိတယ်လေ... သိမ်မွေ့တဲ့ခြားနားချက်ကို သေသေချာချာမခံစားရပါဘူး...သူက ပူစီနံ ရဲ့အရသာကို မကြိုက်ပေမယ့် စားလို့ကောင်းတာကြောင့် စားဖို့မရပ်နိုင်ဘူးလို့လည်း ခံစားရတယ်တဲ့... သူကတော့ ချီးကျူးလိုက်ရင် လူတော်တော်များများ အတင်းလာ၀ယ်မှာကြောက်လို့ အခုလို ဆိုးတဲ့ေ၀ဖန်စာလုပ်ပြီး မှတ်ချက်ပေးခဲ့တာ ဒါပါပဲ..."


သူပြောခဲ့သည့်အတိုင်း အတင်းအဖျင်းပြောသူ ရှောင်ချီ ဟာ ပြုံးပြုံးလေးဖြင့် သတင်းကို ဆက်ပြောသည်။

"ဒီကလေးက နဂိုက မာနကြီးတဲ့ စရိုက်ရှိတယ်...မနေ့က အရမ်းစိတ်ဆိုးနေတာကြောင့် မင်းကို ပေးသမျှ သုံးသပ်ချက်က မကောင်းဘူးဖြစ်နေတာ..."


လင်ယောင်ယောင်:"......ဒါက တကယ်ကို မတရားတာဘဲ"


ရှောင်ချီက "သူဘာလို့ စိတ်ဆိုးနေလဲ မင်းသိချင်လား"


လင်းယောင်ယောင် သည် သူစိမ်းကိစ္စများကို စိတ်မဝင်စားတက်‌ေပ။ သူမက အေးစက်စွာဖြင့်


"စိတ်မ၀င်စားဘူး..."


သူမအစ်ကိုကြီးရှေ့တွင် လင်းယောင်ယောင် သည် နူးညံ့ပြီး ချစ်စရာကောင်းသည်။ သို့သော် သူမသည် အပြင်လူများရှေ့တွင် မာနကြီးပြီး သာမန်မျှသာဖြစ်သည်။


ရှောင်ချီဟာ အစားအသောက်စားရုံသာမက အတင်းအဖျင်းပြောသော ပရိသတ်တစ်ဦးလည်း ဖြစ်သည့်အတွက် ဝမ်းနည်းစရာပင်ဖြစ်သည်။လင်းယောင်ယောင် က ကြားချင်မကြားချင်ကို သူ ဂရုမစိုက်။ ဘာပဲဖြစ်ဖြစ် သူပြောချင်သည်။

"ဟားဟားဟား ဘာလို့ဆို အဲ့ဒီကလေးက သုံးနှစ်လောက်ကြိုက်နေတဲ့ မိန်းကလေးကို ဝန်ခံဖို့ ခရီးသွားပါတီနဲ့ ဂရုတစိုက်ကို ပြင်ဆင်ထားတာ သူ့ကောင်မလေးကို သွား‌ေပြာတော့ "မသွားဘူး" လို့ ပြန်ဖြေတော့ သူ့အကြံအစည်အားလုံးက မအောင်မြင်ခဲ့ဘူးလေ"...


သူ့လေသံထဲတွင် တစ်စုံတစ်ယောက်၏ နာကျင်မှုကြောင့် ပျော်ရွှင်နေခြင်းမှာ အလွန်ထင်ရှားသည်။


လင်းယောင်ယောင်- '...နေပါဦး၊ ဒီဇာတ်ကွက်က ရင်းနှီးနေသလိုပဲ'


တတိယမင်းသား ရှောင်ကျန်း အတွက် မိဖုရားကြီး စီစဉ်သော ရွှယ်လန်အားလပ်ရက်ကြယ်စင် ခရီးသွားပါတီသို့ သူမ မတက်နိုင်ကြောင်း ယန်ရိဖေး အား မနေ့ကပင် ပြောခဲ့သည်။

"ကျန်း... က မူရင်းပိုင်ရှင်ကို သဘောကျနေသော တတိယမင်းသား ရှောင်ကျန်း များ ဖြစ်နေမလား...ဒီလောက်တိုက်ဆိုင်မှု ဖြစ်နိုင်ပါ့မလား..."


လင်းယောင်ယောင် က ရှောင်ချီ ကို စေ့စေ့ကြည့်ပြီး


"သူ့ရဲ့ ဝန်ခံမှု မအောင်မြင်တဲ့အတွက် မင်းက အရမ်းပျော်နေပုံပဲ ကျန်း ကို မင်းတကယ် သဘောကျနေတာ ဖြစ်နိုင်တယ်..."


ကြယ်တစ်ခုနှင့်တစ်ခုကြားခေတ်တွင် လိင်တူချစ်ကြိုက်ခြင်းများသည် ပင်မရေစီးကြောင်းဖြစ်နေဆဲဖြစ်သည်။ သို့သော်လည်း ယောက်ျား-ယောက်ျားခြင်း ချစ်မေတ္တာ၊ မိန်းမ-မိန်းမခြင်း ချစ်မေတ္တာနှင့် လူမျိုးခြား ဆက်ဆံရေးကိုပင် ဥပဒေအရ အကာအကွယ်ပေးထားသည်။


ရှောင်ချီ၏ မျက်နှာသည် ပြေပြစ်ပြီး ချောမောလှသော်လည်း သူ့အမူအရာမှာ ယင်ကောင်ကို စားလိုက်သကဲ့သို့ ပုံပျက်သွားသည်။

"အဲ့ဒီကလေးကို ငါကဘယ်လိုဖြစ်လို့သဘောကျရမှာလဲ... ငါက သူ့ဝမ်းကွဲပါ...ဝမ်းကွဲတစ်ယောက်အနေနဲ့ ငါက တစ်ကိုယ်တော်ခွေးပေါက်လေးပဲရှိသေးတာ... ဟုတ်တယ်လေ အဲ့ဒီကလေးက ဒီတစ်ကိုယ်တော်ဖြစ်နေတဲ့ခွေးကို စောစောစီးစီးထားခဲ့တာကို ဘယ်မြင်ချင်ပါ့မလဲ..."


လင်းယောင်ယောင် က ဧကရာဇ်မြို့တော်ကြယ်စင်၏ ထိပ်တန်းပါဝါစက်ဝိုင်းစာရင်းကို ရှာဖွေရန် မူလကိုယ်ခန္ဓာ၏ မှတ်ဉာဏ်ကို ဂရုတစိုက်ရှာဖွေခဲ့သည်။ ရှောင်ချီ ၏ဝိသေသလက္ခဏာကိုရှာဖွေရန်သူမအချိန်အတော်ကြာခဲ့သည်။ သူဟာ မင်းသမီးလေး ရှောင်သဲနင် ၏သားအငယ်ဆုံးဖြစ်ပြီး လက်ရှိဧကရာဇ်မင်းမြတ်၏ဝမ်းကွဲတော်စပ်သူဖြစ်သည်။ မင်းသားသုံးပါးမှ ဖယ်ရှားခံရဖူးသော သူ တစ်ဦးလည်းဖြစ်သည်။

ရှောင်သဲနင် ဟာ နောက်ဆုံးဧကရာဇ်မင်းမြတ်၏ညီမတော်ဖြစ်ပြီး လက်ရှိဧကရာဇ်မင်းမြတ်၏ဝမ်းကွဲတော်စပ်သူဖြစ်သည်။ သူမဟာချမ်းသာသော မိသားစုနှင့် လက်ထပ်ခဲ့သော်လည်း စိတ်ပိုင်းဆိုင်ရာ ကွဲလွဲမှုအချို့ကြောင့် လွန်ခဲ့သော ဆယ်နှစ်ကျော်က ကွာရှင်းပြတ်စဲကြောင်း ကြေညာခဲ့သည်။ သူမ၏သားအငယ်ဆုံးကို အယ်လာကြယ်ပွင့် တွင်နေထိုင်ရန် ခေါ်ဆောင်သွားပြီး သားဖြစ်သူ၏မျိုးရိုးအမည်ကို ရှောင် ဟု ပြောင်းလဲခဲ့သည်။


ကြယ်တာရာခေတ်ရှိလူများသည် အသက်ရှည်ကြပြီး၊ တစ်စုံတစ်ဦးသည် အသက်အရွယ်အရငယ်သော်လဲ မျိုးဆက်အလိုက်ကြီးလျှင် "အသက်ကြီးသူ" ဖြစ်သည်ဟူသော အလေ့အထမျိုးရှိတတ်ကြသည်။


ရှောင်ချီ က မင်းသားမဟုတ်သော်လည်း တော်ဝင်မိသားစုနှင့် ဆက်ဆံရေးသည် အလွန်နီးစပ်သည်။


သို့သော်လည်း သူဟာ "စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းနေပြီ" ဖြစ်သောကြောင့် ရှောင်ကျန်းနှင့် မည်သို့ပင် ရင်းနှီးစေကာမူ မည်သူမျှ ဂရုမစိုက်ပေ။မူရင်းဝတ္ထု "ဟွာနို့၏ဒဏ္ဍာရီ" တွင် ရှောင်ချီ မပါဝင်ခဲ့ခြင်းမှာ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းချက်ကြောင့် ဖြစ်နိုင်လေသည်။


ထို့အပြင် လင်းယောင်ယောင် သည်လည်း ရှောင်ချီ ထံမှ ဟွာနို့ပထမစစ်တက္ကသိုလ်ကျောင်းသားတစ်ဦးအဖြစ် သင်ယူခဲ့ရသည်။ သူဟာ အမြင်အာရုံနှင့်ဆိုင်သောဦးနှောက်ဒေတာဆန်းစစ်သူ တွင် ဒုတိယနှစ်ကျောင်းသားအဖြစ် အဓိကလုပ်ဆောင်နေသည်။


ရှောင်ချီ က လင်းယောင်ယောင်တွေးနေသည်ကို ကြည့်ပြီး ပေါ့ပေါ့ပါးပါးနှင့်...


"မင်း ငါဘယ်သူလဲဆိုတာ ခန့်မှန်းမိတာလား... ဒါဆို မင်းဘယ်သူလဲဆိုတာ အမှန်အတိုင်းပြောပြသင့်တယ်မဟုတ်လား...မင်း ဆက်သွယ်ရေးနံပါတ်တစ်ခုမှ မပေးဘဲနဲ့ နာမည်ပြောင်တစ်ခုပဲပြောတယ်လေ... မင်း မရိုးသားတာပဲ...ဒီ ထောင်ရှစ်ပလက်ဖောင်းက ငါ့မိသားစုရဲ့စီးပွားရေးနော် မင်းမပြောရင်တောင် ငါနည်းနည်း‌ေလာက်အားစိုက်လိုက်ရင် သိနိုင်တယ်"


ရှောင်ချီက ထောင်ရှစ်ပလပက်ဖောင်းကိုသူ့အဖေမိသားစု ဖွင့်လိုက်တာလို့ မပြောခဲ့‌ေပ။ သူ့တွင် စီမံခန့်ခွဲပိုင်ခွင့်ရှိသော်လည်း၊ အလွန်အရေးကြီးသောအကြောင်းပြချက်မရှိပါက သုံးစွဲသူများ၏ ကိုယ်ရေးကိုယ်တာအား လွတ်လပ်စွာဝင်ရောက်ခွင့်မရှိပေ။ သို့မဟုတ်လျှင် အစုရှယ်ယာရှင်များ အစည်းအဝေးကို ကျော်ဖြတ်ရန် လိုအပ်ပြီး အစုရှယ်ယာ နှစ်ခု သို့မဟုတ် နှစ်ခုထက်ပိုသော ရှယ်ယာရှင်များက သဘောတူမှသာရမည်ဖြစ်သည်။

သို့သော် အမြင်အာရုံဦးနှောက်ဒေတာလေ့လာဆန်းစစ်သူအနေဖြင့်၊ သူဟာ မိန်းကလေး၏ဝိသေသလက္ခဏာကိုသိချင်ပါက ဤမျှ‌ေလာက်ထိ ဒုက္ခဖြစ်ရန်လည်း မလိုအပ်‌ေပ။


ရှောင်ချီက စကားပြောပုံးတစ်ခုလို ပြောနေသော်လည်း ထိပ်တန်းချမ်းသာသော မိသားစုမှ ကလေးတစ်ဦးသည် ဇာတ်ကြောင်းပျောက်သွား၍မဖြစ်ပေ။ "အယ်လဲဗင်း" ဟုခေါ်သော ဤမိန်းကလေး၏ အရည်အချင်းကို အစားအသောက်လက်ထောက်ကုထုံးအဖြစ်ယုံကြည်မှုရှိသည်။ သူဟာ သူမနှင့် သူငယ်ချင်းဖွဲ့ရန် ရည်ရွယ်ပြီး လက်တွေ့ဘဝတွင် တိုက်ပွဲဝင်ချင်သည်၊ သို့မှသာ ဤ"အယ်လဲဗင်း"မှထုတ်သောဖြည့်စွက်အစားအစာများကို စားသုံးနိုင်မည်ဖြစ်သည်။


သူ့အထောက်အထားကြောင့် မိတ်ဖွဲ့ဖို့ အစပျိုးနိုင်ခဲ့လျှင် အလွန်ကောင်းပေလိမ့်မည်။


ကြယ်တာရာခေတ်တွင်၊ လူတစ်ဦး၏စိတ်ပိုင်းဆိုင်ရာနယ်ပယ် ပြိုလဲသွားသောအခါ သို့မဟုတ် မသန်စွမ်းသည့်အခါတွင်၊ ဖြည့်စွက်စာဖြင့် သက်သာရာရနိုင်သည်။ သို့သော်လည်း စိတ်ပိုင်းဆိုင်ရာနယ်ပယ်တွင် ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရခြင်းမရှိသည့် လူအနည်းငယ်အတွက်သာ ကုသပေးနိုင်သည်။

သို့သော်ငြားလည်း ရှောင်ချီကတော့ ဤမိန်းကလေးသည် သိသာထင်ရှားသော ခြွင်းချက်တစ်ခုဖြစ်လာနိုင်သည်ဟု ထင်မြင်မိသည်။


သူနှင့်စကားပြောနေစဉ်တွင် လင်းယောင်ယောင်သည် ကိတ်မုန့်များထပ်၍လုပ်နေသည်။ သူမဟာ သံသယဖြစ်ဖွယ် ဆေးထုတ်နှုတ်မှုအမျိုးမျိုးကို အခါအားလျော်စွာ လောင်းထည့်ကာ အလွန်ကျွမ်းကျင်စွာ လုပ်ဆောင်နေသည်။ စကားစမြည်ပြောနေစဉ်တွင် သူမ၏ ကိုယ်ရေးကိုယ်တာအချက်အလက်များကို ထုတ်ဖော်မပြောရန် အလွန်သတိထားနေသည်။သို့သော် တခြားသူများနှင့်မတူသော အစားအစာပြင်ဆင်ရေး လုပ်ငန်းစဉ်ကို ဖုံးကွယ်ရန် ရည်ရွယ်ချက်မရှိပေ။


ဆေးဝါး နှင့် အစားအသောက် ဖြည့်စွက် ကုထုံး ပေါင်းစပ်ခြင်းသည် မည်သူမျှမထင်မှတ်ထားသောအရာ မဟုတ်သော်လည်း မည်သူမျှအရသာရှိအောင်ပြုလုပ်နိုင်မည်မဟုတ်ပေ။ ဆေး၏ထူးခြားသောဘေးထွက်ဆိုးကျိုးများမပါဘဲနှင့် စိတ်ပိုင်းဆိုင်ရာချို့ယွင်းသူများအတွက် အထူးကောင်းမွန်၍သက်သာရာရစေသောအာနိသင်ရှိနေသည်။

ထို့အပြင် ရှောင်ကျန်း၏ အချက်အလက်အချို့ကို ထုတ်ဖော်ပြောကြားခဲ့သော်လည်း ကောင်မလေးသည် သူ့အား မည်သူမည်၀ါဖြစ်သည်ကို ခန့်မှန်းနိုင်သည်။ ဤအချက်က ဤမိန်းကလေးသည် အင်ပါယာမြို့တော် ကြယ်ပွင့် ပါဝါစက်ဝိုင်းနှင့် အလွန်ရင်းနှီးကြောင်း ညွှန်ပြနေသည်။ သူမသည် ရှောင်ကျန်းအား လက်တွေ့တွင် သိနိုင်ဖွယ်ရှိသည်။ ရှောင်ချီက စနစ်ထဲမှ လင်းယောင်ယောင် ၏ ပုံသေကိုယ်ပွားမျက်နှာကို အံ့ဩမှုနှင့် မသက်မသာအကြည့်ဖြင့် မြင်လိုက်ရသည်။


ဤသည်မှာလည်း သူ့ရဲ့ထင်မြင်ယူဆချက်တွေအားလုံး မှန်ကြောင်းကိုသက်သေပြနေ‌ေပသည်။

လင်းယောင်ယောင် သည် သူမ၏ကိုယ်ပိုင်အချက်အလက်အကြောင်းပြောရန် ရှောင်လွှဲလိမ့်မည်ဟု မမျှော်လင့်ထားသော်လည်း ရှောင်ချီ က နှစ်ယောက်နှင့် နှစ်ယောက်ကို သဲလွန်စမရှိဘဲ ပေါင်းထားသည်။ သူမ၏ အဓိကအချက်ကို မသိလိုက်ခင်မှာဘဲ ထုတ်ဖော်ခဲ့မိသည်။


ရှောင်ချီ က ပြုံးပြီးပြောသေးသည်။

"ထောင်ရှစ်ပလက်ဖောင်းကို မသွားရင်တောင် မင်းရဲ့ ဆေးဝါးနဲ့ အစားအသောက် ဖြည့်စွက်ကုထုံး ပေါင်းစပ်မှုက ရှားပါတယ်... နောက်ပြီး မင်းချက်ပြုတ်တဲ့ ဟင်းလျာတွေက ခေတ်မီစက်ရုပ်တွေ လုပ်ထားတဲ့ အစားအစာတွေနဲ့ သိသိသာသာ ကွဲပြားတယ်။ ဒဏ္ဍာရီဆန်ဆန် ရှေးဟောင်းတရုတ်ဟင်းလျာတွေလို အလွန်ရှုပ်ထွေးပြီး ခေတ်နောက်ပြန်ဆန်နေတယ်။ နောက်နောင် လက်တွေ့မှာ ဖြည့်စွက်အစားအစာတွေ လုပ်နေသရွေ့ မင်းကို အလွယ်တကူ ရှာတွေ့နိုင်မှာပါ!"


တူညီသော ပေါ့ပေါ့ပါးပါး အပြုံးမျိုး ဖြစ်သော်လည်း ဤအခိုက်အတန့်တွင် သူ မည်သို့ ရှုတ်ချနိုင်မည်နည်း။


ရှောင်ချီဟု အမည်ပေးထားသော ဤကောင်လေးဟာ အပြစ်ကင်းစင်ပုံပေါ်သော်လည်း မိုက်မိုက်မဲမဲ အဖြူရောင် ယုန်အသားအရေကို ၀တ်ဆင်ထားသော ကောက်ကျစ်သောမြေခွေးတစ်ကောင် ဖြစ်သည်။


'အစ်ကိုကြီး ညီမလေး ဒီရှောင်မျိုးရိုး ကို တမင်တကာရန်စလိုက်တာ မဟုတ်ပါဘူး'

သို့သော်လည်း လင်းယောင်ယောင် လုံးဝကြောက်လန့်ခြင်းမရှိပေ။ တစ်စက္ကန့်မျှ အံ့ဩသွားပြီးနောက် သူမ မျက်ခုံးကို အနည်းငယ် ပင့်တင်လိုက်သည်။


"အိုး..အဲ့ဒီတော့ ဘာဖြစ်လို့လဲ...ငါကဖြည့်စွက်အစားအစာတွေကိုလုပ်တာပါ ဥပဒေကိုချိုးဖောက်နေတာမဟုတ်ဘူးလေ..စားချင်တဲ့သူ ဘယ်သူ့ကိုမဆို ပေးလို့ရတယ်... အကယ်၍မင်းမလိုချင်ရင် ငါလဲမပေးပါဘူး...ဂုဏ်သိက္ခာရှိတဲ့ ဆရာကြီး ရှောင် မင်းက ငါ့ကို အကြပ်ကိုင်ပြီး အနိုင်ကျင့်ဖို့ ကြံနေတာလား"


ရှောင်ချီက သူမရဲ့ အထောက်အထားကို အနှေးနဲ့အမြန် သိခဲ့ရင်တောင် နောက်မှသိ‌ေစချင်မိသည်။


လင်းမိသားစုရဲ့ မင်းသမီးဖြစ်သည့် စစ်အာဏာရှင် ရှောင်ချီကို မဆိုထားနှင့်၊ ဧကရာဇ်မင်းပင်လျှင်မည်သူ့အတွက်မှ ဖြည့်စွက်စာ ကျွေးရန် သူမအားအတင်းအကြပ် မခိုင်းနိုင်ပေ။သူ စကားပြီးသောအခါ လင်းယောင်ယောင် ချိုသာပြီး လိမ္မာပါးနပ်စွာ ပြုံးပြလိုက်သည်။


ရှောင်ချီက အနည်းငယ် မှင်သက်သွားပြီး ထိုမိန်းကလေးမှာ ဟင်းချက်ကျွမ်းကျင်ပြီး စိတ်ဝင်စားစရာကောင်းသော ကိုယ်ရည်ကိုယ်သွေးရှိသူဟု ထင်မြင်နေလေသည်။ သူမမျက်နှာသည် စံထားချက်မျက်နှာဖြစ်နေသော်လည်း ပြုံးရယ်သောအခါတွင် စတိုင်လ်တစ်ခုရှိသည်။


နောက်တစ်ခဏတွင် ရှောင်ချီဟာ အယ်လဲဗင်း၏ ဓာတ်ခွဲခန်းမှ နှင်ထုတ်ခံခဲ့ရပြီး အယ်လဲဗင်း ဆိုင်မှ ဖောက်သည်များ၏ အမည်ပျက်စာရင်းတွင် ပါဝင်နေသည်ကို အမှာစာရရှိခဲ့သည်။


............


ရှောင်ချီက သူ့ကိုယ်ပိုင်လက္ခဏာကို ထုတ်ဖော်ပြီးနောက် အမျိုးသမီး၏မျက်နှာသာကို မရရှိခဲ့ရုံသာမက သူ့ဘဝတွင် ပထမဆုံးအကြိမ်အဖြစ် တံခါးပိတ်သွားလိမ့်မည်ဟု မထင်ခဲ့မိပေ။


ရှောင်ချီဟာ အယ်လဲဗင်းနှင့် ဆွေးနွေးမှုတစ်ခုစတင်ရန် သူ၏လုပ်ပိုင်ခွင့်အာဏာကို ပလက်ဖောင်းစီမံခန့်ခွဲသူအဖြစ် တစ်ဖန်အသုံးပြုလိုက်ပြီး မေးလိုက်သည်။

"ညီမလေး...ဒီလိုနည်းနဲ့ ငါ့အာရုံကို ဆွဲဆောင်ချင်တာလား... အရမ်းကောင်းတယ်... အောင်မြင်သွားပြီ"


လင်းယောင်ယောင်- "...မင်း ဦးနှောက်ထဲမှာ တွင်းတစ်ခုရှိနေပြီထင်တယ်... ဆေးမြန်မြန်သောက်လိုက်ဦး ကုသမှုကို လက်မလျှော့လိုက်နဲ့"


ထို့နောက် သူစိမ်းများထံမှ ဆက်သွယ်မှုကို လက်မခံရန် အပြင်အဆင်များကို ပြောင်းလဲခဲ့သည်။


မာနကြီးသောမိန်းမတစ်ယောက်အနေဖြင့် သူမလုပ်ချင်တာကို လုပ်မှရမည်။စိတ်အနှောင့်အယှက်ဖြစ်နေလျှင်လည်း ဘယ်သောအခါမှ တွန့်ဆုတ်နေမည်မဟုတ်‌ေပ။


ဤသည်မှာ လင်းယောင်ယောင် ရှောင်ချီကို တမင်စော်ကားခြင်းမဟုတ်သည်မှာ သေချာ‌ေပသည်။ သူမပိုကောင်းလာသလို ခံစားရသောအခါ သို့မဟုတ် စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းနေသော ဂီနီဝက်တစ်ကောင် လိုအပ်လာလျှင်အမည်ပျက်စာရင်းကနေ လွတ်မြောက်ပေးသွားမည်ဖြစ်သည်။


လင်းယောင်ယောင် သူမ၏ နူးညံ့သိမ့်မွေ့၍လက်ရာမြောက်သောကိတ်မုန့်အသစ်များကို ဆိုင်သို့ ယူဆောင်သွားသည်။ ဤတစ်ကြိမ်တွင် သူမ သာမန်သီးသန့်အရန်ကုထုံးထုတ်ကုန်ဧရိယာတွင် ထည့်ထားပြီး


"စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းသူများအတွက် အထူးကောင်းမွန်သော အကျိုးသက်ရောက်မှုရှိပါသည်"


ဟူသော မိတ်ဆက်စကားလုံးများ ထပ်ဖြည့်စွက်လိုက်သည်။စျေးနှုန်းသည် ပုံမှန်ထက် အနည်းငယ်မြင့်သည် တစ်ခုလျှင် ကျသင့်ငွေ 80 ရှိပြီး အကောင့်တစ်ခုလျှင် ဝယ်ယူမှုတစ်ခုစီသာ ကန့်သတ်ထားသည်။အရန်ကုထုံးအကျိုးသက်ရောက်မှုမရှိသော လက်လုပ်ကိတ်မုန့်များသည် ၀င်ငွေ 30 မှ 50 ကြား ကုန်ကျသည်။ ဈေးအရမ်းသက်သာနေလျှင် သူမပြုလုပ်ထားသော အရန်အစားအစာများက အသုံး၀င်မှုမရှိတော့ပေ။


သူမသည် ယခင်က အဖေမရှိ အမေလည်းမရှိ‌ေပ။အဖွားသည်လည်းအသက်ကြီးလာသောအခါ ကျန်းမာရေး သိပ်မကောင်းတော့‌ေပ။ ပိုက်ဆံမရှိလျှင် သူမမှာ လုံခြုံမှုမရှိဟု လင်းယောင်ယောင် ခံစားရသည်။ သူမသည် ငယ်စဉ်ကလေးဘဝကတည်းက ပင် ပိုက်ဆံဝါသနာအိုးတစ်ဦးဖြစ်ရန်ပျိုးထောင်ခဲ့သည်။


ယခုဘဝတွင် သူမက ချမ်းသာသည့် မိသားစုကနေ မွေးဖွားလာသူတစ်ဦးဖြစ်နေလေပြီ။လင်းယောင်ယောင် သည် ငွေကြေးနှင့် အရာဝတ္ထုများအတွက် စိတ်ပူစရာမလိုတော့သော်လည်း ဆင်းရဲဒုက္ခမှုကို သူမ မနှစ်သက်သေးပေ။


တစ်ဖက်တွင် လင်းယောင်ယောင်၏ အမည်ပျက်စာရင်းသွင်းခံထားရသော ရှောင်ချီ က အယ်လဲဗင်းမှပြုလုပ်သော ကိတ်မုန့်ကိုစားလိုသောကြောင့် တစ်စုံတစ်ဦးအား ကိုယ်စားဝယ်ပေးရန် တောင်းဆိုနေသည်။ ဤအရာသည် သူ့ကံကြမ္မာအား ဝမ်းနည်းစရာအဖြစ် အမှတ်ရစရာပင်ဖြစ်ပေလိမ့်မည်။

အလွန်ကြီးကျယ်သော မိန်းမကြီးပုံစံနှင့်တွဲလျက်ရှိသော လင်းယောင်ယောင် ၏ဂရုတစိုက်တွက်ချက်မှုကြောင့် ရှောင်ချီ က ဧကရာဇ် မြို့တော်ကြယ်ပွင့်များပတ်ဝန်းကျင်ရှိ အဓိက ကျောင်းများ၏ အရန် ကုသ ရေး ဌာန များ တွင် စာရင်းသွင်းခဲ့သော မိန်းကလေးများကို လေ့လာ ဆန်းစစ်ခဲ့ပြီး မည်သူ သည် " အယ်လဲဗင်း " ဖြစ် သည်ကို ရှာဖွေနေသည် ။


ရှောင်ချီ ဟာ တွေးတောဆင်ခြင်ပြီး နောက်ဆုံးတွင် ကောက်ချက်ချလိုက်သည်။ အယ်လဲဗင်း ၏ မိသားစုစီးပွားရေးသည် အလွန်ကောင်းမွန်ခြင်း ရှိလိမ့်မည်မဟုတ်သော်လည်း သူမ၏ ခိုင်မာသော မိမိကိုယ်ကို လေးစားမှုနှင့် နှိမ့်ချခံရမည်ကို ကြောက်ရွံ့ခြင်းကြောင့် "ဒီအမျိုးသမီးက သနားစရာလေး" ဟု တမင်တကာပြောခဲ့ခြင်းဖြစ်ပေလိမ့်မည်။


သူမ၏မူလအသွင်အပြင်သည် သာမန်ပင်ဖြစ်သင့်သည်။ထို့ကြောင့် သူမသည် စနစ်ပုံသေမျက်နှာကို ကိုယ်ပွားအဖြစ် ရွေးချယ်ခဲ့ခြင်းဖြစ်သည်။


သူ့လိုလူနှင့် လမ်းဆုံရန် မဖြစ်နိုင်ဘူးဟု သိလိုက်ရသောအခါ သူမက "မကြိုက်ဘူး"ဟုဆိုကာ တမင်ဟန်ဆောင်ခဲ့ခြင်းဖြစ်ပေလိမ့်မည်။သူ့ကိုယ်သူ ဖြေသိမ့်လိုက်ပြီးနောက် သခင်လေးရှောင်သည် နှလုံးသား နာကျင်ကိုက်ခဲမှုကို ခံစားနေရဆဲဖြစ်ပြီး ဤကလေးမလေးက လက်တွေ့တွင် မည်သို့မည်ပုံရှိသည်ကို ချက်ခြင်းသိချင်လာမိသည်။သူမ၏ မိသားစု နောက်ခံမကောင်းသော်လည်း ဟင်းချက်ကျွမ်းကျင်မှုနှင့် ကိုယ်ရည်ကိုယ်သွေးကို ကြည့်ရုံဖြင့် ခေတ္တခဏဖြစ်ဖြစ် ထားချင်မိ‌ေလသည်။


ရှောင်ချီ သည် မူလက လင်းယောင်ယောင် ပြုလုပ်သော အစားအစာများကိုသာ စိတ်ဝင်စားခဲ့သော်လည်း ယခုအခါ သူမအား အမျိုးသမီးတစ်ဦးအနေနှင့် အလွန်စိတ်ဝင်စားနေပြီဖြစ်သည်။


ကျောင်းစတက်လျှင် တက္ကသိုလ်ကြီးများ၏ အစားအသောက်ဖြည့်စွက်စာဌာနရှိ ကျောင်းသားငယ်များကို သူဂရုတစိုက်လေ့လာပြီး ခွဲခြမ်းစိတ်ဖြာမည်ဖြစ်သည်။


“အယ်လဲဗင်း”သည် မည်သူမည်၀ါဖြစ်သည်ကိုသေချာပေါက် သိရ‌ေပလိမ့်မည်။




Xxxxxx

Ei Thet Hmue