အခန်း ၁၁
Viewers 8k

Chapter 11



နွေရာသီအားလပ်ရက်အတွင်း လင်းယောင်ယောင် ရသေ့တစ်ပါးကဲ့သို့ အိမ်တွင်းအောင်းနေခဲ့သည်။ သူမက ကြယ်ပွင့်ကွန်ရက်တွင် ဖြည့်စွက်အစားအစာများအကြောင်းကိုသာ နေ့တိုင်းစဉ်းစားနေသည်။

ယခုခေတ်က အင်အားကို လေးစားသောခေတ်ပင်။


လင်းယောင်ယောင်ဟာ အစ်မလေးလင် ရာထူးရလောက်အောင် ကံကောင်းနေသော်လည်း လင်းမိသားစုအပေါ် တစ်သက်လုံးအားကိုးနေရန်ဘယ်တုန်းကမှ မတွေးခဲ့မိသည့်အတွက် အလုပ်ကြိုးစားမှရပါမည်။သူမအဖိုးလင်းကျန်းဟိုင်နှင့်အတူ တစ်ပတ်လျှင်တစ်ကြိမ် စားသောက်ရန် ပြန်သွားခြင်းမှလွဲ၍ လင်းမိသားစု၏မိဘများသည်လည်း စားသောက်ရန် ပြန်လာလေ့ရှိကြပြီး အခြားမည်သူ့ကိုမျှ မတွေ့ရပေ။


လင်းယောင်ယောင် က ယန်ယိဖေး၏ ဖိတ်ကြားချက် သုံးလေးခုကို ငြင်းပယ်ပြီးနောက် ယန်ယ်ိဖေး ဟာ တစ်စုံတစ်ခုကို သတိပြုမိသွားပုံရသည်။ရွှယ်လန်အားလပ်ရက်ကြယ်ပွင့်တွင် သူမနောက်ဆုံးရှိခဲ့သည့်အချိန်ကို တွေးမိရင်း ရှောင်ကျန်းက လင်းယောင်ယောင်ကို နှစ်သက်မိပြီး သူမအား ဝန်ခံရန် ကြံစည်ခဲ့သည်ကို အမှတ်တမဲ့ သိလိုက်ရသည်။

သူငယ်ချင်းဖြစ်သူ လင်းယောင်ယောင်အပေါ် ယန်ယိဖေး၏ ခံစားချက်များသည် အလွန်အနုစိတ်ပြီး ရှုပ်ထွေးလာသည်။ သူမ လင်းယောင်ယောင် နှင့် ဆက်သွယ်ရန် အစပြုခြင်းမရှိတော့ပေ။

ကြယ်ကွန်ရက်ပေါ်တွင် လင်းယောင်ယောင် သူမ၏မူရင်းအကောင့်ဖြင့် မဝင်ရောက်ခဲ့ဘဲ စနစ်ပုံသေ မျက်နှာတစ်ခုနှင့်အတူ အသစ်တည်ဆောက်ထားသော ဒုတိယအဆင့် အကောင့်တစ်ခုနှင့် ၀င်ရောက်ထားသည်။သူမက သူစိမ်းများနှင့် အဆက်အသွယ်ဖြတ်ထားသောကြောင့် နေ့တိုင်း အလွန်တိတ်ဆိတ်စွာနေခဲ့သည်။ရှောင်ချီနှင့် ရှောင်ကျန်းတို့ကဲ့သို့ ထူးဆန်းသော ဖောက်သည်များမှလွဲ၍ နောက်ဆက်တွဲ ဖောက်သည်များ၏ သုံးသပ်ချက် များသည် ပုံမှန်ဖြစ်သည်။ အသစ်အဆန်းနှင့် အရသာရှိသောကြောင့် စားသုံးသူအရေအတွက် တဖြည်းဖြည်း တိုးလာ‌ေလသည်။ ထောင်ရှီပလက်ဖောင်းသည် သူမအား အကြံပြုချက်များစွာပေးရန်အတွက် အစပြုခဲ့ခြင်းကြောင့် ဖြစ်နိုင်သည်။


လင်းယောင်ယောင်ကသုံးစွဲသူများ၏ သုံးသပ်ချက်များနှင့် ထင်မြင်ချက်များကို အခြေခံ၍ သိမ်မွေ့သော ပြုပြင်ပြောင်းလဲမှုများကို အဆက်မပြတ် ပြုလုပ်နေ‌ေလသည်။


ဖောက်သည်များ၏ တညီတညွတ်တည်း တောင်းဆိုမှုအရ လင်းယောင်ယောင် နောက်ဆုံးတွင် သူမ၏ အမည်မဖော်လိုသော စတိုးဆိုင်ကို "ရှေးခေတ် တရုတ်စားစရာအိမ်" ဟု အမည်ပေးခဲ့သည်။ မိတ်ဆက်- အရန်ကုထုံး၏ အကျိုးသက်ရောက်မှုသည် ကျပန်းဖြစ်သည်။


သူမဆိုင်က တဖြည်းဖြည်း နာမည်ကြီးလာသည်။

အစပိုင်းတွင် လင်းယောင်ယောင် ကြယ်ကွန်ရက်တွင် ဖြည့်စွက်အစားအစာများကိုသာ ပြုလုပ်ခဲ့သည်။ တဖြည်းဖြည်းနှင့် သူမဟာလက်တွေ့ဘဝတွင် ကြိုးစားခဲ့ပြီး နောက်ဆုံးတွင် စိတ်စွမ်းအင်အနည်းငယ်ကို ထုတ်လွှတ်ပေးနိုင်ခဲ့သည်။


သူမ၏ စိတ်စွမ်းအား တင်းမာမှုများ လွတ်မြောက်ပြီးနောက် အမြီး၏ ပုံသဏ္ဍာန်သည် ကြယ်ကွန်ရက်တွင် ဖတ်ရသည့် အချက်အလက်များနှင့် ကွဲပြားသွားပုံပေါ်ရကြောင်း လင်းယောင်ယောင် မသဲမကွဲ ခံစားခဲ့ရသည်။ လက်ထောက်ကုထုံးဆရာ၀န်တစ်ဦး၏ စိတ်ပိုင်းဆိုင်ရာအဖုအထစ်များ၏ အဆုံးသည် ဝိုင်းနေသင့်သည်ဟု အကြောင်းပြချက်ရှိသည်။


သူမ စိတ်နေစိတ်ထားများ၏ အဆုံးတွေသည် အလွန်ထူးခြားမှုရှိသည်။၎င်းတို့သည် အချွန်သို့မဟုတ် ဝိုင်းပြီး အလိုအလျောက် ပြောင်းလဲနိုင်သည်။


တစ်နည်းဆိုရလျှင် သီအိုရီအရ သူမသည် အမှန်တကယ် တိုက်ခိုက်သူဖြစ်နိုင်သည်။သို့သော်လည်း သူမ၏ ပျော့ညံ့သော ကိုယ်လုံးကိုယ်ပေါက်ကို အားကိုးလို့မရ‌ေပ။ဆေးဖက်ဝင်ပစ္စည်းများနှင့် ပါဝင်ပစ္စည်းများ၏ စီမံဆောင်ရွက်မှုသည် ကြယ်ကွန်ရက်ပေါ် ကဲ့သို့ မချောမွေ့ချေ။ စိတ်ပိုင်းဆိုင်ရာ ထိန်းချုပ်မှု မမှန်သောကြောင့် လင်းယောင်ယောင် လက်တွေ့တွင် ဖြည့်စွက်စာ မထုတ်နိုင်သေးပေ။

သူမမိခင် ရှန်းယွင်ကျင်း ၏အဆိုအရ ၊ ဗီဒီယိုခေါ်ဆိုမှုတစ်ခုတွင် ကျောင်းတွင်ကျွမ်းကျင်သော ဆရာများ၏ လမ်းညွှန်မှုမပါဘဲ သူမ၏ စိတ်ပိုင်းဆိုင်ရာ တင်းမာမှုများကို လွတ်မြောက်အောင် လုပ်ဆောင်နိုင်ခဲ့သည်ဟု ဆိုလေသည်။ အလွန်ကောင်းလှသည်။


ရှန်းယွင်ကျင်းက ကျောင်းစတက်ချိန်ကို စောင့်ပြီးမှ ကျောင်းဆရာ၏လမ်းညွှန်မှုဖြင့်စိတ်ပိုင်းဆိုင်ရာ စွမ်းအားလမ်းညွှန်ကိရိယာ အကူအညီနှင့် ပါဝင်ပစ္စည်းများကို စီမံဆောင်ရွက်ပေးဖို့ အကြံပြုခဲ့‌ေလသည်။ ထို့ကြောင့် သူမသည် စိတ်ပိုင်းဆိုင်ရာ တုံ့ပြန်မှု ဖြစ်ပေါ်စေနိုင်သည့် လမ်းမှားသို့ မသွား‌ေသာ်‌ေကြာင့် ဆုံးရှုံးရကျိုးမနပ်ဖြစ်နေသည်။


လင်းယောင်ယောင် ကျောင်းစတက်ရန် အလွန်မျှော်လင့်နေခဲ့သည်။ လက်တွေ့တွင် ဖြည့်စွက် အစားအစာများကို တတ်နိုင်သမျှ အမြန်ဆုံး ချက်စားချင်သည့်အပြင် လင်းရွှမ်လည်း မကြာမီ ပြန်လာလိမ့်မည်ဟု မျှော်လင့်ခဲ့သည်။


ထိုကာလအတွင်း လင်းရွှမ်က သူမကို အမှာစကား တစ်ခါမှ မပို့ခဲ့ပေ။ သူမက နေ့စဉ် နှုတ်ခွန်းဆက်စကား အသံ သို့မဟုတ် အမှာစာများ ရံဖန်ရံခါ ပေးပို့ခဲ့သော်လည်း အားလုံးကို ဖြေကြားခြင်းမရှိပေ။စစ်ပွဲတွင် အလွန်အလုပ်ရှုပ်နေလား သို့မဟုတ် သူ့ညီမလေးကိုဘဲ မေ့သွားပြီလားဆိုတာကို မည်သူသိနိုင်မလဲ...


တဖြည်းဖြည်းနှင့် လင်းယောင်ယောင်က သူ့အား စိတ်အနှောင့်ယှက်မဖြစ်စေရန် အမှာစကားပေးပို့ခြင်းကို ရပ်တန့်လိုက်သည်။


*****


အချိန်တွေ ကုန်လွန်သွားလေသည်။ဟွာနို့ပထမစစ်တက္ကသိုလ် ဖွင့်လှစ်ချိန်သည် မကြာမီ ဩဂုတ်လကုန်သို့ ရောက်လာသည်။ လင်းယောင်ယောင် က ဩဂုတ်လ ၃၁ ရက်နေ့တွင် အစားအသောက်ဆိုင်ရာ အရန်ကုထုံးဌာနသို့ ဝင်ခွင့်ရရှိကြောင်း အသိပေးစာကို လက်ခံရရှိသကဲ့သို့ နောက်ဆုံးတွင် သူမ လင်းရွှမ် ထံမှ စာတိုတစ်စောင်ကိုလည်း လက်ခံရရှိခဲ့သည်။


"စက်တင်ဘာ ၁ ရက်မှာ အင်ပါယာမြို့တော်ကို ပြန်လာမယ်..."


နောက်ဆုံးတွင် လင်းရွှမ်ဟာနယ်နိမိတ်ရှိ ဇာ့ဂ် ဒီရေကို လုံးလုံးပယ်ဖျက်နိုင်ခဲ့သည်။ မြို့တော်သို့ပြန်ရန် အမိန့်ကျလာ၍ သူပြန်လာရန် အသင့်ဖြစ်နေပြီဖြစ်သည်။


လင်းယောင်ယောင်ထံမှ ကြည်နူးဖွယ်အဖြေကို ရရှိလိမ့်မည်ဟု သူထင်ခဲ့သော်လည်း အချိန်အတော်ကြာအောင် စောင့်ပြီးနောက် အလွန်ယဉ်ကျေးပြီး ဘာမှမထူးခြားသော "ကောင်းသောခရီးဖြစ်ပါစေလို့ ဆုတောင်းပါတယ်!" ကိုသာ ရရှိခဲ့သည်။


လေသံ၊ စကားလုံး။ ကြည့်လိုက်ရုံနှင့် သူမ စိတ်ဆိုးနေမှန်း သူသိသည်။ သူမကို နှစ်လနီးပါး လျစ်လျူရှုလိုက်ပြီးနောက်၊ လင်းရွှမ် ယခင်ကနှင့် မတူကွဲလွဲနေသော ခံစားချက်အချို့ကို ခွဲထုတ်လိုက်ကြောင်း ခံစားခဲ့ရသည်။


နေ့စဉ်ပြင်းထန်သော ကိုယ်ကာယလေ့ကျင့်မှုနှင့် စစ်ပွဲများအောက်တွင် သူထိုထူးဆန်းသော တုံ့ပြန်မှုမျိုး ဘယ်သောအခါမှ မခံစားရတော့‌ေပ။ လင်းယောင်ယောင်အကြောင်းကိုတွေးတောရင်း သူ့ညီမလေးဟာ တကယ်ကို လှပပြီး အကျင့်ကောင်းမွန်၍ ဂရုစိုက်တတ်ပြီး ချစ်စရာကောင်းသည်ကို သူခံစားမိခဲ့သည်။ညီမလေး၏ လတ်တလော စိတ်ပိုင်းဆိုင်ရာ အခြေအနေကို သူ စတင်ဂရုစိုက်လာသည်။


"မင်း ရှောင်မင်ကို မကြိုက်ဘူးမှတ်လား..."


လင်းယောင်ယောင် က သူမရဲ့ အမြင်မကြည်မှုကိုဖော်ပြပြီး အမြန်ပြန်ဖြေလိုက်သည်.။

"ညီမလေးကို လျစ်လျူရှုတတ်တဲ့ အစ်ကိုကြီးနဲ့ ယှဉ်ရင်တော့ ရှောင်မင် က တော်တော်ကောင်းတယ်လို့ ထင်ပါတယ်... အနည်းဆုံးတော့ သူ့ကို ေ၀့ပေါ် မှာ တွဲသုံးရင် ညီမလေးကို ယဉ်ယဉ်ကျေးကျေး ပြန်ပြောတယ်လေ..."


လင်းယောင်ယောင် ဤသို့ပြောကတည်းက ရှောင်မင်ကို သူမ တကယ်ဂရုမစိုက်တော့ဘူးလို့ လင်းရွှမ် သိလိုက်သည်။ နှစ်လအတွင်း သူ့ထံမှ ပြန်စာမကြားရသည့်အတွက် ဒေါသဖြစ်နေခြင်းသာဖြစ်သည်။


မည်သို့ပင်ဖြစ်စေ မနက်ခင်းတွင် ကလေးမလေး၏ ချိုမြိန်သောအသံဖြင့်..


"မင်္ဂလာနံနက်ခင်းပါ အစ်ကိုကြီး..."ချိုမြိန်သောနေ့လည်ခင်းတွင် "အစ်ကိုကြီး အချိန်မှန် စားသင့်တယ်"၊ညနေခင်းတွင် "အစ်ကိုကြီး၊ ကောင်းသောညပါ" ဆိုသော နူးနူးညံ့ညံ့စကားလုံးများ...ဤအရာတွေကို... သူဘယ်လိုတုံ့ပြန်ရမလဲ..."


သူဟာ "မိုမိုဒါ" ၏အဓိပ္ပါယ်ကိုရှာဖွေရန်တမင်တကာအွန်လိုင်းသို့သွားခဲ့သည်။


[T/N- တရုတ်တွင် "မိုမိုဒါ" သည် "အနမ်း အနမ်း" သို့မဟုတ် "မွမွ" ဟု အဓိပ္ပာယ်ရသော ဘန်းစကားတစ်ခု]


သူက သူမအား တစ်ချိန်လုံး နမ်းခြင်းနဲ့ပတ်သက်ပြီး အရေးမထားလွန်းဖို့ သင်ပေးချင်သော်လည်း သူဟာ ခေတ်ဟောင်းလွန်းပြီး အနာဂတ်တွင် သူနှင့် ရင်းနှီးမှုမရှိတော့မည်ကို စိုးရိမ်နေမိသည်။ထို့နောက် အစ်ကိုကြီးနှင့်ညီမလေးတို့၏ဆက်ဆံရေးသည် ယခင်အေးစက်မှုဆီသို့ပြန်ရောက်သွား‌ေပလိမ့်မည်။


အစပိုင်းတွင် ကလေးမလေး၏တစ်နေ့သုံးကြိမ် နှုတ်ခွန်းဆက်ခြင်းအတွက် သူ ထိတ်လန့်တကြား ခံစားရပြီး တဖြည်းဖြည်းနှင့် ကျင့်သားရလာသည်။ ထို့နောက် သူမက တစ်ရက်လျှင် တစ်ကြိမ် သို့မဟုတ် ရက်အနည်းငယ်လျှင် တစ်ကြိမ်သို့ ပြောင်းလဲပြီးနောက် ဘာမှမပို့ခဲ့ပေ။


ပထမဆုံးအကြိမ်အဖြစ် သူမထံမှ တစ်နေ့လုံး မကြားရသောအခါတွင် အနည်းငယ် စိတ်မသက်မသာဖြစ်ပြီး မေ့သွားပြီလားဟု မေးချင်လုနီးပါး ဖြစ်နေခဲ့သည်။


လင်းရွှမ် က မထွက်ခွာခင် သူမပေးခဲ့သော အဆာပြေမုန့်ပုံးများကို သတိရသွားသည်။ ကောင်မလေးကို စိတ်ဆိုးအောင်ထားမိလျှင်ဤကဲ့သို့သော ကောင်းကျိုးချမ်းသာမှုများ ပျောက်ကွယ်သွားမှာ သေချာပေသည်။


ထို့ကြောင့် လူသားတွေကို သိပ်မချော့တတ်သော အရာရှိဗိုလ်ချုပ်က... "ယောင်ယောင် ငါပြန်လာရင် မင်းကို လက်ဆောင်တစ်ခု ယူလာပေးမယ်..."ဟု ပြောခဲ့သည်။


လင်း မိသားစုဝင်တစ်ယောက်အနေနှင့် လင်းယောင်ယောင် မှာ ပိုက်ဆံနှင့် အချိန်တွေ ပေါများတာကြောင့် သူမလိုချင်တာမှန်သမျှ ဝယ်နိုင်သည်။ သို့သော်၊ဤနွေရာသီအားလပ်ရက်မှာ အပြင်ထွက်ပြီး ပိုက်ဆံမဖြုန်းဘဲ ဖြည့်စွက်စာချက်ဖို့သာ သူမ သင်ယူခဲ့သည်။အမေ ဖြစ်သူ ရှန်းယွင်ကျင်း ကလည်း သမီးဖြစ်သူ ဘာကြောင့် ဤမျှပြောင်းလဲသွားသလဲဆိုသည်ကို တွေးနေ‌ေလ၏။ ဗီဒီယို ကောလ်ခေါ်တိုင်း သမီးဖြစ်သူကို အပြင်ထွက်လည်ခိုင်းရတာလည်း အမောပင်။ပြီးလျှင်၊ တက္ကသိုလ်တက်နေသည့် မိန်းကလေးတစ်ယောက်အနေနှင့်၊ လှလှပပ ၀တ်စားရမည်ဟု ပြောပြီး မုန့်ဖိုးကို နှစ်ဆ‌ပေးခဲ့ပြီး မလောက်လျှင် ထပ်ပြောဖို့ရာ တွင်တွင်ပြောလေသည်။


လင်းယောင်ယောင်သည် သူမ၏ အကောင့်ထဲက "မုန့်ဖိုး" ကိုကြည့်လိုက်ရင်း ဘယ်လိုသုံးရမှန်းမသိဖြစ်သွားရ၏။ သူမ ဤလောကကို ပထမဆုံးရောက်လာပြီးကတည်းက ကိုယ်နှင့်လိုက်ဖက်သော အဝတ်အစားအနည်းငယ်ကိုသာ ရွေးချယ်ဝယ်ယူထားသည့်အတွက် သူမ ဘာမှမလိုအပ်တော့သလို ခံစားနေရသည်။သို့သော် လင်းရွှမ် က သူမကို လက်ဆောင်တစ်ခုပေးမည်ဟု ပြောသည့်အခါ ပျော်လွန်းသဖြင့် ကုတင်ပေါ်မှာ လေးငါးပတ်လှိမ့်လိုက်မိသည်။ လက်ဆောင်ဆိုသည်က သူ့နှလုံးသားကို ကိုယ်စားပြုနေတာဖြစ်သည်။ထိုလက်ဆောင်က သူ့လက်မောင်းနှင့်ပေါင်ကို ကိုင်ထားရချိန်တို့က အချည်းနှီးမဟုတ်ကြောင်း ပြသနေပြီး လွန်ခဲ့သည့်နှစ်လက သူမ၏ မက်ဆေ့ချ်များသည်လည်း အလကားမဖြစ်သွားကြောင်း ပြသနေသည်။ သူမ ရယ်နေမိသော်လည်း...


"ဟင်း...ညီမကို နှစ်လလောက် ဂရုမစိုက်ဘဲ ပစ်ထားပြီး လက်ဆောင်ဝယ်ပေးလိုက်တာနဲ့ ခွင့်လွှတ်မယ် ထင်လို့လား"


တစ်ဖက်တွင်၊ လင်းရွှမ် သည် ဤမက်ဆေ့ခ်ျကို လက်ခံရရှိပြီးနောက် မျက်မှောင်ကြုတ်လိုက်သည်။ချန်းဘင် အပြောက မိန်းကလေးများသည်တစ်ကယ်သာ မုန်းမနေပါက လက်ဆောင်များဖြင့် သွေးဆောင်မှုကို ခံနိုင်ရည်ရှိမှာမဟုတ်ဟု ပြောထားခဲ့ဖူးသည်။


ယောင်ယောင် က သူ့ကို မမုန်းတာ သေချာပေမယ့်... သူထပ်ပြီး ချော့ပေးရမှာလား…


သို့သော်လည်း အသံမက်ဆေ့ခ်ျဆက်သွယ်ရေးက နှေးကွေးလာသဖြင့် လင်းရွှမ် ဗီဒီယိုကောလ်ခေါ်ဆိုလိုက်သည်။ တစ်ဖက်နှင့်ချိတ်ဆက်ရန် အချိန်အတော်ကြာခဲ့ပြီး နောက်ဆုံးတွင် ကလေးမလေးသည် ဟိုလိုဂရပ်ဖစ် ပုံရိပ်တွင် ပေါ်လာရ၏။သူမ ပုံစံက ဝမ်းနည်းနေသလိုပင်။ သူမ၏ လက်မောင်းဖြူဖြူကလေးသည် အညိုဖျော့ဖျော့ ဝက်ဝံရုပ်တစ်ရုပ်ကို ဖက်ထားပြီး ကုတင်ပေါ်တွင် ထိုင်နေသည်မှာ အလွန်ထူးဆန်းနေသည်။ သူမ ၀တ်ထားသည်က ချစ်စဖွယ် ညအိပ်၀တ်စုံ ခပ်ပွပွပင်။ထိုဝတ်စုံက လှပသည့် ကျောက်စိမ်းရောင် ခြေထောက်နှစ်ချောင်းကို ပြသထားပြီး ပေါင်အရင်းထိ မြင်နေရသည်။


ခေတ်မမီသော စစ်ဗိုလ်ချုပ်ကြီး မျက်မှောင်ကြုတ်ထားလိုက်မိသည်။ ဗီဒီယိုကောလ်ကို ကိုင်ရန် အချိန်အတော်ကြာနေသော်လည်း သူမ အဝတ်အစားများကိုပင် မလဲရသေး‌‌ေပ။


သူမ ဘာလုပ်နေတာလဲ...


လင်းယောင်ယောင် သည် ဒေါသထွက်နေဟန်ဆောင်ကာ သူမ၏ မျက်နှာငယ်ငယ်လေးကို ရှုံ့မဲ့ထား၏။


"ဟင်...နောက်ဆုံးတော့ အခုမှ ညီမလေးကို ဗီဒီယိုကောလ်ခေါ်ဖို့ သတိရတယ်ပေါ့လေ...ဘာလို့ စောစောက မခေါ်တာလဲ…မက်ဆေ့ခ်ျကိုတောင် ပြန်မဖြေဘူး"


လင်းရွှမ် သည် တစ်နှစ်ပတ်လုံး အပြင်ဘက်တွင် တိုက်ပွဲဝင်နေရသည်။ သူ့အဘိုးအား တရားဝင်ကိစ္စတွေကို အစီရင်ခံခြင်း သို့မဟုတ် အဖေဖြစ်သူကို နှုတ်ဆက်စကားနည်းနည်းပြောတာကလွဲ၍၊မိသားစုနှင့် မကြာခဏ ဗီဒီယိုအဆက်အသွယ်လုပ်လေ့မရှိချေ။ ရှန်းယွင်ကျင်း နှင့်တောင်မှ သူမ စခေါ်၍ တစ်လတစ်ကြိမ်မှန်မှန် ဖုန်းပြောဖြစ်သည်။


ညီမဖြစ်သူ လင်းယောင်ယောင် ကမူ သူ့ကိုစပြီး ဘယ်တုန်းကမှ ဖုန်းမခေါ်ခဲ့သလို သူနှင့် အဆက်အသွယ်လည်း သိပ်မရှိတာကြောင့် မောင်နှမနှစ်ယောက် ဆက်ဆံရေးက အမြဲတမ်း အေးစက်နေခဲ့သည်။ သို့သော် သူ နောက်ဆုံးအကြိမ် ဧကရာဇ်မြို့တော်သို့ ပြန်သွားကတည်းက ဤညီမငယ်သည် သိသိသာသာ ပြောင်းလဲသွားခဲ့သည်။ လင်းရွှမ် သူမအား ရှင်းပြလိုက်၏။


"မင်းကို ဘာလို့ ပြန်ပြောရမှာလဲ...တိုက်ပွဲ အတွင်းမှာဆို နယ်ခြား ဂြိုလ်တု ဆက်သွယ်ရေး အချက်ပြစနစ်တွေက ခဏခဏ ပိတ်ဆို့နေတတ်တယ်...တစ်ခါတစ်လေ လိုင်းက အရမ်းနှေးတယ်… ပြီးတော့ ဆက်သွယ်ရေး ကိရိယာ အားလုံးကို ဆက်သွယ်ရေး ဝန်ကြီးဌာနက စောင့်ကြည့်နေတာ"


ဤသည်က သူ၏ဆင်ခြေပင်။ ရိုးရိုးသားသားပြောရလျှင် တိုက်ပွဲအတွင်း သူသည် နေ့စဥ်အလုပ်များနေခဲ့သည်။ အိပ်ရာမဝင်ခင်မှာ အချိန်ပေး၍ သူမ စာတွေကို ဖတ်တော့ဖတ်သေးသည်။

နေ့တိုင်း ကလေးမလေးနဲ့ စကားစမြည်ပြောဖို့ ဘယ်မှာအချိန်ရှိမှာလဲ…


သူသည် ညသိမ်းငှက်၏ကပ္ပတိန်ဖြစ်သော်လည်း သူ၏ ဆက်သွယ်ရေးမှတ်တမ်းတွေကို ဖတ်ဖို့ အထက်ဌာနက ခွင့်ပြုချက်မပေးခဲ့ချေ။သို့သော် ယခုက ညီမဖြစ်သူကို ချော့ရမှာဖြစ်၍ အသေးစိတ်ပြောဖို့ မလိုတော့‌ေပ။


"ဒါဆို အလုပ်များနေတယ်လို့ ညီမလေးကို တစ်ခါတည်း ပြန်မဖြေတာလဲ...လုံးဝအဆင်မပြေဘူး..."


ယခင်က လင်းရွှမ် သည် ဤကဲ့သို့ စာတစ်ကြောင်းသာ တုံ့ပြန်နေပါက သူမ နောက်တစ်ကြိမ် မက်ဆေ့ချ် ပို့လာမည်မဟုတ်ကြောင်း တွေးခဲ့ဖူးသည်။


ဒါပေမယ့် ဘယ်လိုလူမျိုးက ကိုယ့်ကို ဂရုစိုက်ပေးတာကို မကြိုက်ဘဲနေမှာလဲ…


ကလေးမလေး၏ နှုတ်ခွန်းဆက်စကားလေးကို သူမြင်တိုင်း သူ့ကြိုးစားမှု၊ သွေးနှင့် ချွေးတွေက တန်ဖိုးရှိသွားသလို အမြဲခံစားခဲ့ရသည်။ သူ့မိခင် ရှန်းယွင်ကျင်း လိုချင်သမျှ ရနိုင်စေရန်အတွက် သူသည် စစ်မြေပြင်တွင် အလုပ်ကြိုးစားခဲ့သည်။ သူမသည် အသက် 80 ကျော်ပြီဖြစ်သော်လည်း အသက်18နှစ်အရွယ် မိန်းကလေးတစ်ယောက်ကဲ့သို့ အပြစ်ကင်းစင်လှသည်။ ညီမဖြစ်သူ လင်းယောင်ယောင် ကိုလည်း ယခင်ကလို ကြိုက်ရာလက်ညှိုးထိုးပြီး ဝယ်နိုင်ခြမ်းနိုင်စေချင်သည်။သို့မဟုတ်လည်း ယခုလို သူမစိတ်ကြိုက် ဟင်းတွေ ချက်စေချင်မိသည်။


"အင်း...ဘာလက်ဆောင်လိုချင်လဲ၊ နှစ်ခုတောင်းလို့ရတယ်"


လင်းယောင်ယောင် က လက်ဆောင်တစ်ခုတည်းနှင့် စိတ်ဆိုးမပြေသေး၍ နှစ်ခုဆိုလျှင် အဆင်ပြေနိုင်ပေသည်။အစ်ကိုကြီး၏ စကားကြောင့် သူမ အရူးအမူးပျော်နေလေပြီ။


"ဟေး..ငါ့အစ်ကိုကြီးက မိုက်လိုက်တာ"


စိတ်ထဲကပျော်နေသော်လည်း သူမ မျက်နှာပေါ်မှာ တည်ငြိမ်နေဖို့ ကြိုးစားနေရသည်။


"လက်ဆောင်တွေက လျှို့ဝှက်ဆန်းကြယ်နေရမယ်...ပြီးတော့ အစ်ကိုကြီး ကိုယ်တိုင်ပဲ စဉ်းစားရမယ်"


လင်းယောင်ယောင် မသိလိုက်သောအရာမှာ သူမ၏ နှုတ်ခမ်းထောင့်များက အပေါ်အထိ ကွေးညွတ်နေရတာပင် ဖြစ်သည်။တခဏချင်း တောက်ပလာခဲ့သည့် သူမ မျက်လုံးလေးတွေက သူမ နှလုံးသားကို စောစောစီးစီး သစ္စာဖောက်သွားခဲ့သည်။ လင်းရွှမ် သည် စကားအပြောအဆို မကျွမ်းကျင်သော်လည်း မျက်လုံးချင်း နားလည်တတ်သူဖြစ်သည်။


"အင်း…ဧကရာဇ်မြို့တော် မှာတွေ့မယ်"


လင်းယောင်ယောင် သည် သူမ၏ ဝက်ဝံရုပ်ကြီးပေါ်တွင် မျက်နှာကို မြှုပ်ထားလိုက်သည်။


"အင်း…ဒါပေမယ့် စက်တင်ဘာ ၁ ရက်နေ့မှ အစ်ကိုကြီးက ပြန်လာမှာ မလား…အဲ့ဒီအခါကျရင် ညီမလေးလည်း ကျောင်းစတက်တော့မယ်...ပထမဆုံး အင်ပါယာစစ်တက္ကသိုလ်ရဲ့ အစဉ်အလာက မြို့တော်နားလေးက စစ်ဘက်ဆိုင်ရာ ဂြိုဟ်သိမ်ကို တစ်လကြာ စစ်ရေးလေ့ကျင့်ရမယ်လို့ ကြားတယ်...အဲ့ဒီတော့ ညီမလေးက ၁၁ ကြိမ်မြောက် ကောက်ရိတ်သိမ်းချိန်ကျမှသာ အိမ်ပြန်လာရမှာ"


ဟိုလိုဂရပ်ဖစ်ပုံရိပ်၏ အကျိုးသက်ရောက်မှုက အလွန်မိုက်သည်။ကလေးမလေး၏ ရှည်လျားပြီး ဖြူဖွေးနေသည့် ကျောက်စိမ်းရောင် ခြေထောက်တွေ၊ အတန်ငယ် လုံးဝိုင်းသည့် တင်ပါးလေးတွေ၊ တောက်ပနေသည့် စတော်ဘယ်ရီပုံစံ အတွင်းခံဘောင်းဘီအားလုံးဟာ လင်းရွှမ် မျက်လုံးရှေ့မှာ သိသိသာသာ ပေါ်လွင်နေ၏။သူ စိတ်လွတ်သွား၍ သူမ စကားနောက်ပိုင်းကို သိပ်မကြားလိုက်ပဲ အရင် ရှေ့တစ်ဝက်ကိုသာ ကြားလိုက်သည်။


"... အဲ့ဒီလောက်လည်း နောက်ကျမှာ မဟုတ်ဘူး...မင်း လုပ်စရာရှိရင် ဖုန်းချလိုက်တော့လေ"


သူ့စကား ဆုံးသွားသည်နှင့် ခေါ်ဆိုမှုက ပြီးဆုံးသွားခဲ့၏။


လင်းယောင်ယောင် သည် လင်းရွှမ် ၏ နောက်ဆုံးစကားကို နားမလည်သော်လည်း၊ ဘယ်လိုပင်ဖြစ်ဖြစ် အစ်ကိုကြီးက သူမအတွက် ရည်ရွယ်ပြီးလက်ဆောင်များ ယူဆောင်လာမည်ဆိုတာကို သိနေသည်။ အသေးစိတ်အချက်အလက်တွေကို သူမ ဂရုမစိုက်ချင်တော့။ အစ်ကိုကြီးက သူမကို ချစ်နေလျှင်ရပြီဖြစ်သည်။


တစ်ဖက်မှာတော့ လင်းရွှမ် သည် ကိုယ့်ကိုယ်ကို သံသယစိတ်တွေ ဝင်လာပြီး သူ့ကိုယ်သူ လှည့်စားမိပြန်သည်။ ‌တခြား အစ်ကိုကြီးများဆိုလျှင် သူတို့ ညီမဖြစ်သူအပါ် ဤကဲ့သို့ထူးထူးဆန်းဆန်းခံစားရမှာမဟုတ်ပေ။သို့သာ်လည်း၊ သူကမူ လင်းယောင်ယောင် အပေါ် ညီမတစ်ယောက်လို သဘောမထားနိုင်ဖြစ်နေ၏။


သူ ဧကရာဇ်မြို့တော်သို့ ပြန်သွားပြီးနောက် သူမသည် ရှောင်မိသားစုက ကောင်လေးများနှင့် ရောနှောနေသလားဆိုသည်ကို သူမျက်စိနှင့်ကိုယ်တိုင်လည်း။ကြည််ချင်မိ၏။နောင်တွင်လည်း သူမနှင့် ထိုကောင်လေးတို့ ခပ်ခွာခွာနေခြင်းကသာ ပိုကောင်းမည်ဖြစ်သည်။