အခန်း ၁၂
Viewers 8k

Chapter 12



သူမသည် ရက်အနည်းငယ်အတွင်း စာရင်းသွင်းပြီး စက်တင်ဘာလတွင် တစ်လကြာ စစ်သင်တန်းတက်မည့် ဖြစ်သဖြင့် လင်းယောင်ယောင် သည် ကြယ်ကွန်ရက်တွင် ဖြည့်စွက်အစားအစာများစွာကို ပြုလုပ်ခဲ့သည်။ ထောင်ရှီ ပလပ်ဖောင်း စတိုးဆိုင်အသစ်တွင် "ရှေးတရုတ်စားစရာအိမ်" ဆိုင်၏ ရေပန်းစားမှုနှုန်းကိုဆက်လက်ထိန်းသိမ်းထားရန် နေ့စဉ် ဟင်းပွဲအနည်းငယ်သာရောင်းချသည်။


သူမ ပိုက်ဆံမလိုအပ်သော်လည်း "ရှေးတရုတ်စားစရာအိမ်" သည် သူမ၏ ဟင်းချက်ကျွမ်းကျင်မှုနှင့် အလုပ်ကြိုးစားမှုကြောင့် နာမည်ကြီးလာရ၍ စိတ်လှုပ်ရှားမိသည်။ထို့အပြင် သူမ ပြုလုပ်ထားသော အစားအစာများကို မြည်းစမ်းမည့် "ပူးကောင်" များကို မွေးမြူရန်လည်း လိုအပ်သည်။ထုတ်ကုန်အသစ်များကို နေ့တိုင်းနီးပါးဝယ်ယူပြီး ratingများနှင့် မက်ဆေ့ချ်များကို ဂရုတစိုက် ရေးထားပေးသော ဖောက်သည်ဟောင်းများအတွက် အထူးအခွင့်အရေးအနေဖြင့် ထုတ်ကုန်အသစ်များကို ကြိုတင်မှာယူနိုင်ရန် သူမ ဦးစားပေးထားသည်။


"အဘိုးကြီး ချိုက်" ဟု အမည်ပေးထားသည့် ဖောက်သည်တစ်ဦးသည် သူမအတွက် အလွန်အကျိုးရှိသည့် မက်ဆေ့ချ်ကို ချန်ထားပေးကာ ပရော်ဖက်ရှင်နယ်ဆန်ဆန် အကြံများလည်း ပေးသူဖြစ်သည်။ သူက မည်ကဲ့သို့ တိုးတက်နိုင်ရန်နှင့် ပိုကောင်းအောင် ဘယ်လို လုပ်ရမည်ကို ရံဖန်ရံခါ အကြံဉာဏ်ပေးတတ်သူပင်။


စမ်းသပ်ပြီးနောက် အဘိုးကြီး ချိုက် ၏ အကြံဉာဏ်သည် အမှန်တကယ်အသုံးဝင်ကြောင်း လင်းယောင်ယောင် တွေ့ရှိခဲ့သည်။ ယနေ့တွင်၊ အဘိုးကြီး ချိုက် သည် ထုတ်ကုန်အသစ်အောက်တွင် သူမ မည်သည့်တက္ကသိုလ်ရှိ အရန်ကုထုံးဌာနသို့ လျှောက်ထားသလဲ ဆိုတာကို မက်ဆေ့ခ်ျဖြင့် မေးမြန်းထား၏။ထို့အပြင် သူမအတွက် အစားအသောက် အရန်ကုထုံးဆရာတစ်ဦးလိုသလားဟုလည်း မေးလာ၏။ စိတ်ပါဝင်စားပါက ထိုအကြောင်းကို ပြောရန် friend add ဖို့ကိုလည်း ပြောလေသည်။


ဤ အဘိုးကြီး ချိုက် ဆိုသည့် လူက တက္ကသိုလ်တစ်ခု၏ အစားအသောက် အရန်ကုထုံးဌာနရှိ ဆရာတစ်ဦးဖြစ်နိုင်သည်ဟု သူမ ခံစားမိသည်။သို့သော်လည်း၊ သူမ မည်သူမည်ဝါဖြစ်ကြောင်းကို Star Network မှာ မဖော်ပြချင်ပေ။သူက ယုံရမည့်လူမှန်းလည်း သေချာမသိချေ။ အင်ပါယာရှိ အကောင်းဆုံး ပထမစစ်တက္ကသိုလ်မှ ဆရာများသည် သင်ကြားရေးမှာ မဆိုးနိုင်ကြောင်း သူမ သေချာပေါက် ယုံကြည်သောကြောင့် အဘိုးကြီး ချိုက် ကို စပြီး မဆက်သွယ်ခဲ့ပေ။


ပြီးခဲ့သောနှစ်လအတွင်း၊ ထောင်ရှီ ပလပ်ဖောင်းသည် သူမအား အကြံပြုချက်များစွာ ပေးခဲ့သည်။သူမလို တခြားလူသစ်များ‌တောင် ဤအချိန်ကာလအတွင်း ဤမျှတိုးတက်လာနိုင်မည်မဟုတ်ချေ။ထို့အပြင်၊ သူမနောက်မှ အနည်းငယ်ကူညီခဲ့သည့် ရှောင်ချီ ကိုလည်း ကျေးဇူးတင်ရပေမည်။သို့သော်လည်း၊သူ့အလုပ်က အကြံဉာဏ်ပေးရုံပဲဖြစ်ကာ သူမကိုယ်တိုင်က အလုပ်လုပ်ရသဖြင့် ဤသို့တိုးတက်လာရတာပင်။


လင်းယောင်ယောင် ယနေ့ စိတ်ကြည်နေတာကြောင့် ရှောင်ချီကို blacklist ထဲမှ ထုတ်ပစ်လိုက်၏။ကျေးဇူးတင်ကြောင်းကို ပြသရန်အတွက် သူ့ကို သူငယ်ချင်းအဖြစ်လည်း ထည့်သွင်းခဲ့သည်။ သူမသည် လူသားတစ်ယောက်အနေဖြင့် ဝမ်းနည်းကြေကွဲမှုနှင့် ကျေးဇူးတရားများကို အမြဲရှင်းလင်းစွာ ခံစားရပြီး ပြုမူရသည်။ သူ့ကြောင့် သူမ စိတ်တိုဖူးခဲ့သော်လည်း စိတ်ထဲမထားတော့ချေ။


ယခုဆို၊သူမ၏ ဖောက်သည် blacklist စာရင်းတွင် ပါ၀င်သည့် တစ်ဦးတည်းသောလူမှာ မကြာသေးမီက ထည့်ခဲ့သော "ကျန်း" ဖြစ်သည်။ မူလပိုင်ရှင်ကို ချစ်ခဲ့သော တတိယမင်းသား ရှောင်ကျန်း ကြောင့် သူမ သူနှင့် အဖက်မလုပ်ချင်ပေ။သူ့ကြောင့် သူမနှင့် လင်း မိသားစုအား မည်ကဲ့သို့ ဒုက္ခရောက်စေမည်ကို ထည့်မစဉ်းစားလျှင်တောင်မှ၊သူသည် ယခုလက်ရှိသူမထက် ယခင်က မာနကြီးပြီး ဒေါသကြီးသည့် မူလပိုင်ရှင်ကိုသာ နှစ်သက်သည်။


ရှောင်ချီ သည် သူမ၏ friend request လျင်မြန်စွာ တုံ့ပြန်လိုက်ပြီး...


"အလှတရားလေး Eleven ရေ...မင်းရဲ့အစ်ကိုကို နောက်ဆုံးတော့ အေးစက်စက် နန်းတော်ထဲကနေ လွှတ်ပေးလိုက်ပြီပေါ့"


လင်းယောင်ယောင် သူ့ကို အေးအေးဆေးဆေးပင် ပြန်ပြောလိုက်၏။

"နံပါတ်တစ် စကားကို အဲ့လောက်ချွဲနွဲ့ပြီး ပြောမနေပါနဲ့...နံပါတ်နှစ် ကျွန်မမှာ အစ်ကိုတစ်ယောက်ရှိပြီးသား…လာမရှုပ်ပါနဲ့...အစ်ကို နောက်ထပ် တစ်ယောက်မလိုချင်တော့ပါဘူး…နံပါတ်သုံး အဲဒါကို blacklist လို့ခေါ်တယ်...အေးစက်စက်နန်းတော်မဟုတ်ဘူး...နံပါတ်လေး နောက်ထပ်လျှောက်ပြောလာမယ်ဆိုရင် ရှင့်ကို ထပ်blockပစ်မယ်…မယုံရင် စမ်းကြည့်လိုက်"


ရှောင်ချီ ဒေါသကြီးပြီး စိတ်တိုလွယ်သည့် ဤမိန်းကလေးကို ကြောက်မိသည်။ သူမ စည်းကမ်းကိုမလိုက်နာလျှင် သူ့ကို တစ်ကယ်ပင် blacklist ပြန်သွင်းနိုင်သည်။ထိုအခါ သူက အရေးကြီးသောအချက်များကို အာရုံစိုက်လိုက်၏။


"ထောင်ရှီ ပလက်ဖောင်း ၊ ဧကရာဇ်မြို့တော်ရဲ့ အဓိကကောလိပ်တွေ၊တက္ကသိုလ်တွေက 38ကြိမ်မြောက် "ကျောင်းသားသစ် ဖလား" အရန်ကုထုံးပညာရှင်ပြိုင်ပွဲကို အုပ်စုသုံးစုခွဲပြီး ပြိုင်ကြမှာ…အဲ့ဒါက ဆေးဝါး၊ ဂီတနဲ့ အစားအသောက်ဆိုပြီးတော့လေ… အောက်တိုဘာလမကုန်ခင် အွန်လိုင်းကနေ စာရင်းသွင်းနိုင်တယ်... တရားဝင်ပြိုင်ပွဲက နိုဝင်ဘာလမှာ စမှာ…ထိပ်တန်းဆုရှင် 100 ကို စစ်ပညာရေးအကယ်ဒမီမှာ ဒီဇင်ဘာလအစကျရင် ထပ်ရွေးပြီးပြိုင်ခိုင်းဦးမယ်... Eleven ရေ...မင်း ပါချင်လား...ဒါဆို အခု စာရင်းသွင်းလို့ရတယ်နော်...မင်းသာ အစားအသောက်ကုထုံးအဖွဲ့မှာ ပထမနေရာကိုရရင် စစ်ပညာရေးအကယ်ဒမီ ရဲ့ အရန်ကုထုံးဌာနကို ဝင်တက်နိုင်တယ်...ပြီးတော့ အရှင်သခင် အင်ပါယာရဲ့ တစ်ခုတည်းသော ဂရိတ်မာစတာအဆင့် အစားအစာ အရန်ကုထုံးပညာရှင် ချိုက်ယူဟုန် ရဲ့ တပည့်ဖြစ်လာနိုင်တယ်"


ကျောင်းများ ဖွင့်လှစ်ပြီး တစ်လတိတိ စစ်ရေးလေ့ကျင့်မှုသင်တန်းတက်ရမှာ ဖြစ်တာကြောင့် ဤပြိုင်ပွဲအား အရန်ကုထုံးမေဂျာများမှ ပထမနှစ်ကျောင်းသားများ ကိုယ်တိုင် ပြင်ဆင်နိုင်စေရန်အတွက် ယခုလို စောစီးစွာ ထုတ်ပြန်ကြေညာခြင်းပင်။


လင်းယောင်ယောင် ဤပြိုင်ပွဲကို သဘောကျသွားသည်။ မူရင်းဝတ္ထုတွင် အမျိုးသမီး ဇာတ်ဆောင် စုချင်းဟယ် သည် လူတိုင်းကို အနိုင်ယူပြီး ဆေးဝါးအုပ်စု၏ ချန်ပီယံ ဖြစ်လာခဲ့သည်။ ဤသည်က မူလပိုင်ရှင်နှင့် စုချင်းဟယ်တို့၏ အာဃာတ အစလည်းဖြစ်သည်။ ယခုမူ၊ သူမသည် ဆေးဝါးအရန်ကုထုံးဌာနကို ရှောင်နေခြင်း ဖြစ်၍ အနည်းငယ် အကြံအိုက်ရသည်။ မူလအမျိုးသားနှင့် အမျိုးသမီး ဇာတ်ဆောင်များအကြောင်း သူမ တွေးကြည့်လိုက်ပြန်သည်။ထိုကြောက်စရာကောင်းသောအရာများကို ရှောင်ရှားချင်မိသော်လည်း သူမ အရည်အချင်းများကို တိမ်မြုပ်ထားမည်ဟု မဆိုလိုပေ။အကယ်၍ သူမသည် ဂုဏ်ပြုမှတ်တမ်းလွှာလည်း လိုချင်ပြီးအကောင်းဆုံး အစားအစာ အရန်ကုထုံးပညာရှင် ဖြစ်လိုပါက ဤပြိုင်ပွဲတွင် ပါဝင်ရမည်ဖြစ်သည်။အစားအသောက်အရန်ကုထုံးဆရာကြီး ချိုက်ယူဟုန်ဆို၍ လင်းယောင်ယောင် ဖောက်သည်ဟောင်း "အဘိုးကြီး ချိုက်" ကို တွေးနေမိ၏။


ဒီလောက် မတိုက်ဆိုင်သင့်ဘူးမဟုတ်လား...


လင်းယောင်ယောင် သည် စနစ်ကျသော သင်ယူမှုကို တစ်ကြိမ်တစ်ခါမျှ မလေ့လာဖူးပေ။ သူမပြုလုပ်သော ဖြည့်စွက်အစားအစာများအားလုံးသည် ကိုယ်ပိုင်ဖန်တီးထားခြင်းဖြစ်သည်။ ဖောက်သည်များစွာအား စမ်းသပ်အပြီးတွင် သူမ ပြလုပ်သော virtual ဖြည့်စွက်စာများ၏ အကျိုးသက်ရောက်မှုများကို ယခုအချိန်တွင် နားလည်သဘောပေါက်နေပြီဖြစ်သည်။


အစားအသောက်၏ အဓိကအရသာကို မထိခိုက်စေရန်အတွက် အချို့သောပါဝင်ပစ္စည်းများကို လုပ်ဆောင်ရန် စိတ်စွမ်းအင်ကို အသုံးပြုလေ့ရှိသည်။ ဤပါဝင်ပစ္စည်းများသည် ဆေးဖက်ဝင်ပစ္စည်းများ ဖြစ်သောကြောင့် ဆေးဝါးများကဲ့သို့ စီမံဆောင်ရွက်နိုင်သည်။ သို့သော်၊ တစ်ခါတစ်ရံတွင် အဓိကပါဝင်ပစ္စည်းများ၏ အစိတ်အပိုင်းအနည်းငယ်ကိုသာ ဆေးဝါးဗေဒနည်းဖြင့် ပြုလုပ်သော်လည်း ကျန်ပစ္စည်းများကို အစားအစာများလိုပင် ပြုလုပ်ခဲ့၏။အတိုချုပ်ပြောရလျှင်၊ သူမနည်းက ရောထွေးနေသော်လည်း ကိုက်ညီမှုရှိသည်ဟု ဆိုရပေမည်။


နောက်ဆုံးထုတ်ကုန်သည် ဖြည့်စွက်စာ ဖြစ်လာသော်လည်း လင်းယောင်ယောင် ၏ ထုတ်လုပ်မှုလုပ်ငန်းစဉ်သည် လုံးဝ ပရော်ဖက်ရှင်နယ်မဆန်ပေ။ဤနည်းဖြင့် ထုတ်လုပ်ထားသော အစားအစာများ၏ ကောင်းချက်မှာ အလွန်အရသာရှိပြီး စက်ရုပ်များပြုလုပ်သည့် သာမန်အစားအစာများထက် အနည်းငယ်ပို၍ အရသာရှိနေတာဖြစ်၏။၎င်းသည် သူမ၏ ကိုယ်ပိုင်ဆိုင်ဖြစ်သော "ရှေးတရုတ်စားစရာအိမ်" ၏ ကျော်ကြားမှုအတွက် အရေးကြီးဆုံး အကြောင်းရင်းလည်းဖြစ်သည်။ ဖြည့်စွက်အစားအစာအများစုသည် ဆေးခါးတစ်ခွက်သဖွယ် ဖြစ်ပြီး အရသာက ဆိုးဝါးလှ၏။ သို့သော် "ရှေးတရုတ်စားစရာအိမ်" ဆိုင်ရှိ အစားအစာများသည် ကြယ်ငါးပွင့် စားသောက်ဆိုင်ရှိ စက်ရုပ်စားဖိုမှူးများ၏ ချက်ပြုတ်မှုစွမ်းရည်နှင့် နှိုင်းယှဉ်၍ရအောင် အလွန်ကောင်းမွန်လှသည်။ ထို့ကြောင့်လည်း သူမကို အများက သတိထားမိလာကြသည်။


သူမ ပြုလုပ်သော ဖြည့်စွက်အစားအစာကိုစားပြီးနောက်၊ လူတိုင်း၏ မှတ်ချက်များသည် ဖြည့်စွက်ကုထုံးမှ အကျိုးသက်ရောက်မှုကို သိပ်မချီးမွမ်းကြချေ။


"Fuck..ဘယ်လိုဖြစ်ပြီး စားကောင်းနေရတာလဲ…"


" သခွားသီးနဲ့တို့ဟူးက အရမ်းအရသာရှိလိုက်တာ…"


အရန်ကုထုံး၏ အကျိုးသက်ရောက်မှုမှာ တိကျရေရာခြင်းမရှိပေ။ တစ်ချို့က ဆေးပညာနှင့်ယှဉ်လျှင် အတော်ကောင်းမွန်သော်လည်း တစ်ချို့က ဘာအာနိသင်မှ မရှိတတ်ချေ။


သို့သော်၊ ပညာရပ်ဆိုင်ရာနည်းလမ်းအတိုင်း သူမ ပြုလုပ်ထားလျှင်ပင်၊ မပြည့်စုံသော စိတ်ပိုင်းဆိုင်ရာ နယ်ပယ်ရှိ စားသုံးသူများအတွက်ဆိုလျှင် အထူးထိရောက်တတ်သည်။ သို့သော်လည်း ၊သူမ၏ ကြုံရာကျပန်း ဟင်းချက်နည်းများကမူ စနစ်တကျ ပြုလုပ်ထားသည့် ဖြည့်စွက်စာတွေလောက် အကျိုးသက်ရောက်မှုက ရှင်းရှင်းလင်းလင်း မရှိသေးချေ။ဤသည်ကလည်း သူမ၏ ဖောက်သည်ဟောင်း "အဘိုးကြီး ချိုက်" အစိုးရိမ်ဆုံးလည်း ဖြစ်သည်။


ထိုကိစ္စကိုလည်း လင်းယောင်ယောင် က သူမ၏ စိတ်စွမ်းအား နယ်ပယ်၏ ပုံမှန်မဟုတ်သော ပုံသဏ္ဍာန်နှင့် ဆက်နွှယ်သည်ဟု မရေမရာခံစားမိသောကြောင့် "အဘိုးကြီး ချိုက်" နှင့် စကားသိပ်ပြောချင်စိတ်မရှိချေ။သူမသည် သာမာန်ပါဝင်ပစ္စည်းများ ၊သို့မဟုတ် ဆေးဖက်ဝင်ပစ္စည်းများနှင့် ဆေးဝါးများကို ချက်ပြုတ်သည်ဖြစ်စေ သူမ၏ စိတ်စွမ်းအားစက်ကွင်းများကို ပုံစံနှစ်မျိုးဖြင့် ပြောင်းလဲနိုင်သည်၊ အဝိုင်းနှင့် ချွန်ထက်သော ပုံစံရှိသည့်အနက် ကြိုက်သလိုပြောင်းလဲ၍ရသည်။

သို့သော် မူရင်းဝတ္ထုရှိ မူရင်းပိုင်ရှင်၏ စိတ်စွမ်းအားတွင် ထိုသို့သော ပုံမှန်မဟုတ်သော အခြေအနေတစ်ခုကို ဖော်ပြထားခြင်းမရှိ။ သူမခန္ဓာကိုယ်ထဲက Green Starမျိုးရိုးနှင့် ပတ်သက်မှု ရှိ၊ မရှိ သို့မဟုတ် သူမရောက်လာပြီးနောက် ဤခန္ဓာကိုယ်၏ စိတ်စွမ်းအားနှင့် ဘယ်လိုဖြစ်သွားမှန်း မသိပေ။


ချိုက်ယူဟုန် သည် အင်ပါယာရှိ တစ်ခုတည်းသော ကျွမ်းကျင်အဆင့် အစားအသောက်လက်ထောက်ကုထုံးပညာရှင်ဖြစ်သော်လည်း သူသည် မာစတာအဆင့် ဆေးဝါးလက်ထောက်ကုထုံးတစ်ဦးလည်းဖြစ်သည်။ သူ့ဆေးဝါးကျွမ်းကျင်မှု ပညာရပ်က အနည်းငယ်နိမ့်သော်လည်း၊အလွန်အစွမ်းထက်လှသည်။သူသည် ဆေးဖက်ဝင် ဖြည့်စွက် အစားအစာများကို သုတေသနပြုနေသော်လည်း ကံမကောင်းစွာဖြင့်၊နှစ်ပေါင်းများစွာကြာလာတာတောင်ပင် အကျိုးသက်ရောက်မှုနည်းပါးနေဆဲပင်။


ချိုက်ယူဟုန် ၏ အချက်အလက်များကို ရှာဖွေပြီးနောက် လင်းယောင်ယောင် စိတ်ထဲဝယ် သူ့တပည့်ဖြစ်လာဖို့ မျှော်လင့်မိသည်။ ဆေးဝါးပညာ လေ့လာရသည်ကို နှစ်သက်သည့် မာစတာအဆင့် အစားအသောက် လက်ထောက်တစ်ဦးသည် သူမအတွက် အသင့်တော်ဆုံး ဆရာဖြစ်နိုင်သည်။


အဘိုးကြီး ချိုက် ဆိုသည့် username ကို ဆိုင်ရှင်ဖြစ်သည့် သူမကသာ မြင်ရပြီး တစ်ခြားသူများ မမြင်ရတာကြောင့် သူသည် ချိုက်ယူဟုန် ဖြစ်နိုင်ကြောင်း သူမ ပို၍ယုံကြည်လာခဲ့သည်။ အကောင့်နောက်ကွယ်ရှိ လူနာမည်ကို ခန့်မှန်းပြီးနောက်၊ သူနှင့် သူငယ်ချင်းဖြစ်ရန်သူမ အကောင်းဆုံး ကြိုးစားရမည်ဖြစ်သည်။


ရှောင်ချီ သည် virtual ချက်ဘောက်စ်တွင် အကြိမ်ပေါင်းများစွာ အသံမက်ဆေ့ချ်ပို့ခဲ့သော်လည်း Eleven ကမူ သူ့ကို အကြောင်းပြန်မလာခဲ့ပေ။သို့သော်၊လက်မလျှော့သေးဘဲ အင်တာဗျူးအတွက် လျှောက်လွှာတစ်စောင် ပေးပို့ခဲ့သည်။


လင်းယောင်ယောင် သည် ရှောင်ချီ နှင့် အလွန်အမင်း အဆက်အသွယ် မလုပ်ချင်ချေ။ရှောင်ချီ သည် သူ၏စိတ်ပိုင်းဆိုင်ရာချို့ယွင်းမှုကြောင့် မျိုးဆက်သစ်လူငယ်များ၏ ထိပ်တန်းအဆင့်မှာမရှိနေသော်လည်း သူ့နာမည်က ရှောင်မျိုးရိုးဖြစ်နေ၍ အတတ်နိုင်ဆုံး အရောမဝင်တာက ပိုကောင်းပေသည်။ထို့ကြောင့်၊သူပေးလာသည့် အင်တာဗျူးလျှောက်လွှာကို သူမ ငြင်းဆိုခဲ့၏။


"အင်း…ဒီပြိုင်ပွဲမှာ ကျွန်မ ပါဝင်သွားမှာပါ…တစ်ကယ့် လက်တွေ့မှာ ဖြည့်စွက်စာတွေ ဖန်တီးနိုင်ရင် ရှင့်ဆီကို ကော်ပီ ပေးပါ့မယ်..ဒါပေမယ့် အလကားတော့မဟုတ်ဘူးနော်"


သူမ သူ့စေတနာကို အသိအမှတ်ပြုသော်လည်း၊သူ၏ သီးသန့် အစားအသောက်လက်ထောက်ကုထုံးပညာရှင် လုံးဝမဖြစ်ချင်ပေ။


"ကျွန်မလုပ်စရာရှိလို့ သွားပါတော့မယ်"

ထိုသို့ပြောပြီးနောက် သူမ၏ ဆက်သွယ်ရေးစနစ်ကို ပိတ်လိုက်သည်။


တစ်ဖက်က ရှောင်ချီ_ Eleven ဆိုတဲ့ ဒီညီမလေးက တကယ့်ကို သီးသန့်ဆန်တာပဲ…


သူမ၏ အဆင့်ဆိုလျှင် ပြိုင်ပွဲဒုတိယအဆင့်သို့ ဝင်ရောက်ခွင့်ရနိုင်သည်။ သို့သော်၊ လက်တွေ့ကမ္ဘာတွင် သူမ ချက်ပြုတ်ထားသော ဖြည့်စွက်အစားအစာသည် ကြယ်ကွန်ရက် ရှိ virtual အစားအစာများကဲ့သို့ အရသာရှိပြီး မှော်ဆန်ရမှ ဖြစ်မည်။တစ်ဆက်တည်းပင်၊ "Eleven" ကို သူ့စိတ်ထဲမှာ ပို၍ပင် သိချင်လာသည်။


လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း လင်းယောင်ယောင် သည် သာမန်အိမ်ချက်ဟင်းလျာများနှင့် သရေစာများပြုလုပ်ရန် ပထမတန်းစား ပါဝင်ပစ္စည်းများဖြင့် ပြုလုပ်ထားသည့် virtual ဖြည့်စွက်အစားအစာအများအပြားကို အမြန်ပြုလုပ်ခဲ့သည်။


သူမသည် လာမည့်နှစ်ရက်အတွင်း အဘိုးကြီး ချိုက် အတွက် ဟင်းများကို သူမ စိတ်နှလုံးဖြင့် ချက်ပြုတ်ချင်မိသည်။ အကယ်၍ အဘိုးကြီး ချိုက် သည် ချိုက်ယူဟုန် မဟုတ်ပါကလည်း၊ ယခုရက်ပိုင်းတွင် အသုံးဝင်သော မှတ်ချက်များစွာကို ရေးပေးသည့်အတွက် စိတ်ထဲက ကျေးဇူးတင်မိရသည်။ထိုအမှားများအားလုံးကို သူ မပြောပြလျှင်တောင် အနှေးနှင့်အမြန်ဆိုသလို သူမဘာသာသူမ သိလာနိုင်သော်လည်း သူ့မှတ်ချက်များက အချိန်ကုန်သက်သာစေပြီး လမ်းမှားများစွာကို ရှောင်လွှားစေနိုင်သည်။


အကယ်၍ အဘိုးကြီး ချိုက် သည် ချိုက်ယူဟုန် ဖြစ်ပါက၊ ဤပွဲကြောင့် နောင်ဆိုလျှင် သူမအား ပိုမိုအာရုံစိုက်လာမည်မှာ သေချာသည်။သို့သော်၊အများကြားထဲမှာတစ်မူထူးခြားပြီး အခွင့်အရေးမယူလိုပေ။ သူသည် သူမ ထုတ်ကုန်များအောက်တွင် မှတ်ချက်လာရေးရသည်မှာ သူမတွင် အရည်အချင်းကောင်း အနည်းငယ်ရှိတာကြောင့်သာ ဖြစ်သည်။ သူသည် သူမ၏ အရည်အချင်းများကို မြတ်နိုးကောင်းမြတ်နိုးနိုင်သော်လည်း သူမအား ကိုယ်တိုင်ကိုယ်ကျ သင်ပေးဖို့က ဖြစ်နိုင်ခြေနည်းလှသည်။


သူမကို အလုပ်သင်အဖြစ် လက်ခံထားလျှင်တောင်မှ သူ၏လက်ထောက်တစ်ယောက်ယောက်နှင့် အရင်တွဲထားပေးဖို့က များလေသည်။


မာစတာအဆင့် အရန်ကုထုံးပညာရှင် အများအပြားသည် ဤပုံစံဖြင့် တပည့်အသစ်များကို ခေါ်ယူကာ အလယ်အလတ်အဆင့် တပည့်များ၊သူ့လက်ထောက်များနှင့်အတူ လွှတ်ထား၍ ပညာသင်စေကြသည်။ အလွန် တော်တတ်လွန်းသော တပည့်များကိုသာလျှင် ဆရာဖြစ်သူက အစကတည်းမှ လက်ပွန်းတတီး သင်ပေးတတ်ကြ၏။


လက်ထောက် ကုထုံးဆရာများသည် မာစတာအဆင့်သို့ရောက်ပြီးလျှင်၊ တပည့်များကို တရားဝင်လက်ခံနိုင်သည်။သူတို့ နှစ်စဉ် တပည့်တစ်ဦး သို့မဟုတ် နှစ်ဦးကို လက်ခံနိုင်သော်လည်း တပည့်အနည်းငယ်သာ ရှိကြသည်။


လင်းယောင်ယောင် ယခုလုပ်ရမည့်အရာက အဘိုးကြီး ချိုက်က သူမကို တန်ဖိုးထားလာပြီး သူ၏ တိုက်ရိုက်တပည့်ဖြစ်ဖို့ တောင်းဆိုရမှာဖြစ်၏။သူမ၏ ပညာရေး background အကြောင်းပြောပါက၊အဘိုးကြီး ချိုက် အထင်ကြီးစေမည့် မည်သည့်နောက်ခံအကြောင်းမှ သူမတွင် မရှိပေ။ မကြာသေးမီ ကိုယ်ပိုင်စွမ်းရည်မြင့်သူများ ပိုများလာသော်လည်း နောက်ဆုံးတွင်၊ မာစတာအဆင့်သို့ အမှန်တစ်ကယ်ဝင်ရောက်နိုင်သည့် လက်ထောက်ကုထုံးပညာရှင် အများအပြားမရှိချေ။ အရည်အချင်းက အရေးကြီးသော်လည်း နားလည်မှု၊ လုံ့လဝီရိယနှင့် အခွင့်အလမ်းတို့က ပို၍ပင် အရေးကြီးသည်။


လင်းယောင်ယောင် သည် အဘိုးကြီး ချိုက် ၏ စာကို ဂရုတစိုက်လေ့လာပြီးနောက် သူသည် အစားကောင်းကြိုက်သူဖြစ်ကြောင်း တွေ့ရှိခဲ့သည်။သူမ၏ ဖြည့်စွက်အစားအစာများသည် စိတ်ပိုင်းဆိုင်ရာမသန်စွမ်းသူများအတွက် အဘယ်ကြောင့် အထူးထိရောက်သည်ကို သူက ဂရုစိုက်လေ့လာသည့်အပြင်၊ဟင်းပွဲများ၏အရောင်၊ အနံ့နှင့် အရသာတို့ကို ဂရုတစိုက်အကဲဖြတ်တတ်သည်။ သူသည် သူမ၏ ရှေးခေတ်တရုတ် အစားအစာများကို အလွန်စိတ်ဝင်စားသည်။ ယနေ့ခေတ်တွင် ဆေးဝါးနှင့် အစာအကူကုထုံးပညာရှင်များကြားမှာ မတူညီသော ဖော်မြူလာများ ရှိနေကြသည်။ ဆွေမျိုးများ သို့မဟုတ် တပည့်အရင်းများအတွက် မဟုတ်ပါက အထူးဆေးဝါးများနှင့် အစားအသောက် ဖော်မြူလာများစွာကို ဖြန့်ဝေမည်မဟုတ်ကြချေ။


သာမာန်အစားအစာ ချက်ပြုတ်သူများဖြစ်သည့် ကြယ်တာရာခေတ်လူသားများ၏ အရသာနှင့် ကိုယ်လုံးကိုယ်ပေါက်အတွက် သင့်လျော်သော ဟင်းချက်နည်းများကို ဆက်လက် စူးစမ်းလေ့လာမည့်သူများတောင်မှ သူတို့၏ ချက်ပြုတ်နည်းများကို မည်သူတစ်ဦးတစ်ယောက်ကိုမျှ ထုတ်ဖော်ပြသမည်မဟုတ်ချေ။ သူတို့၏သားစဉ်မြေးဆက်သို့သာ လက်ဆင့်ကမ်းပေးကြပေလိမ့်မည်။ထို့ကြောင့်၊ စားဖိုမှူးများ ရှားပါးလာပြီး စက်ရုပ်များသည် ရိုးရှင်းသော ချက်ပြုတ်နည်းများအတိုင်း နေ့စဉ် အစားအစာများကို ဖန်တီးသည့်အခြေအနေသို့ ဦးတည်သွားခဲ့သည်။


အဘိုးကြီး ချိုက် သည် ဤတရုတ်ရှေးဟောင်းဟင်းလျာများ ချက်ပြုတ်နည်းကို အလွန်သိချင်သော်လည်း တိုက်ရိုက်မေးရန် မလွယ်ကူသောကြောင့် ဟင်းပွဲကိုကြည့်ပြီး သူမအသုံးပြုသော ပါဝင်ပစ္စည်းများကို ခန့်မှန်းကြည့်ရ၏။ထို့‌နောက် ဤပါဝင်ပစ္စည်းများသည် ယခုအထိ ဆက်လက်တည်ရှိနေနိုင်သေးသဖြင့် သူ အလွန်အမင်းအံ့ဩသွားခဲ့သည်။


လင်းယောင်ယောင် လုပ်ချင်သည်က အရန်ကုထုံး၏ အာနိသင်ကို ထူးကဲစေပြီး အရသာလည်းရှိအောင် လုပ်ဖို့ ရှုပ်ထွေးသည့် ရှေးဟောင်း တရုတ်အစားအစာ စားပွဲတစ်ခု ပြုလုပ်ဖို့ပင်။အတိုချုပ်ပြောရလျှင် ဦးစွာ၊ အဘိုးကြီး ချိုက် အထင်ကြီးသွားစေရန်ဖြစ်သည်။


အကောင်းဆုံးရလဒ်များရရှိရန်အတွက် သူမသည် "ရှေးတရုတ်စားစရာအိမ်" အတွက် ယခင်ပြင်ဆင်ထားသော အစားအစာ ၁၀မျိုးကျော်ကို ဖယ်ရှားခဲ့ပြီး ရိုးရိုး ဆန်ပြုတ်နှင့် အရံဟင်းလျာများကိုသာ အရသာပိုပေါ့ပါးအောင် ချက်ပြုတ်ပြီး တင်ထားခဲ့သည်။ယင်းကြောင့် "ရှေးတရုတ်စားကောင်း သောက်ဖွယ်အိမ်" ရှိ အစားအစာ အမျိုးအစားနှင့် အရေအတွက်သည် လာမည့်လတွင် ထက်ဝက်ကျော် လျော့နည်းသွားမည်ဖြစ်သည်။


သေချာလေ့လာပြီးနောက်၊ သူမသည် အဘိုးကြီး ချိုက် အတွက် အထူးပြုလုပ်ထားသော ပူပူစပ်စပ်မီနူးကို ရွေးချယ်ခဲ့သည်။ အရသာရှိသော ဂန္တဝင်ဟင်းလျာများ—ကြက်သားအစပ်၊ ဘဲသား၊ပုဇွန်ချဉ်စပ်၊ငါးခေါင်းနှင့်ငရုပ်ကောင်း ဟင်းချို၊ အမဲသားပြုတ်၊ ဝက်အူချောင်း (အစပ်ဆော့စ်ဗားရှင်း)၊ ပူစပ်ချဉ်စပ်ကြက်သား စသည်တို့ဖြင့်၊သူမသည် ပြီးပြည့်စုံအောင် ပေါင်းစပ်ထားသည်။



Ei Thet Hmue