အပိုင်း ၇၇
Viewers 12k

လင်းရှောင်၏ရယ်သံနှင့် ပျော်ရွှင်နေသည့်အပြုံးလေးကြောင့် သူ၏အမူအယာက မည်မျှကလေးဆန်သွားသည်ကိုသိပြီး လန်ဝေ့ခဏတာ တိတ်ဆိတ်သွားသည်။
သူ ခေါင်းငုံ့ပြီး အံကြိတ်ထားလိုက်သည်။
ဒီလူရဲ့ရှေ့ရောက်ရင် သူဘာလို့ အမြဲတမ်း ကလေးဆန်မိပါလိမ့် ...
" ဟုတ်ပါပြီ ဟုတ်ပါပြီ ..."
လင်းရှောင်ပြုံးလိုက်ချိန်တွင် သွားဖြူဖြူလေးများပေါ်လာသဖြင့် ထိုမြင်ကွင်းကြောင့် လန်ဝေ့ရင်ထဲတစ်မျိုးဖြစ်သွားသည်။
လင်းရှောင် ပြုံး၍ သူ့အနားကပ်လာချိန်တွင် သူအကြည့်လွှဲထားမိသည်။
" တော်ပါတော့ ... မင်း စိတ်ဆိုးနေတဲ့မျက်နှာလုပ်နေရင် သဘောထားသေးတဲ့လူလို့ ထင်မိတော့မယ် ..."
" ဟမ့် ..."
လန်ဝေ့က ခေါင်းကိုတစ်ဖက်လှည့်ထားပြီး သူ့ကို အသိအမှတ်မပြုပေ။
လင်းရှောင် မြင်သည့်အခါ နှာခေါင်းကိုပွတ်ပြီး အနားပိုကပ္လာ၍ စကားလမ်းကြောင်း လွှဲလိုက်သည်။
" ရိုးရိုးသားသားပြောရမယ်ဆိုရင် ... သူမကိုသတ်တဲ့လူက မင်းဖြစ်မယ်လို့ မထင်ထားမိဘူး လန်ဝေ့ ..."
" သူမက အရင်တုန်းက မင်းအမြတ်တနိုးချစ်ခဲ့ရတဲ့လူပဲလေ ..."
လင်းရှောင်က ပြောနေလျက်နှင့် မိုရွှီ၏အလောင်းကို ခြေထောက်ဖြင့် တို့လိုက်သည်။
လန်ဝေ့ ခဏတာအေးခဲသွားပြီး သူ၏အမူအယာမ်ားက စိတ်ရှုပ်ထွေးလာသည့်ပုံပင်။
လင်းရှောင်က လက်ဆန့်ထုတ်လိုက်ပြီး သူ၏ပခုံးကိုဖက္ကာ ချီးကျုးပြီး အာရုံလွှဲလိုက်သည်။
" မင်းတော်တယ် ညီလေး ..."
လန်ဝေ့၏ ခန္ဓာကိုယ်တစ်ခုလုံး အေးခဲတောင့်တင်းသွားသည်။ နူးညံ့သောခန္ဓာကိုယ်က သူ့ကိုမှီထားပြီး သူလှည့်ကြည့်လိုက်ချိန်တွင် လင်းရှောင်၏ အယးပါးတရပြုံးနေပုံကိုသာ မြင်လိုက်ရသည်။
ထိုအပြုံးက အလွန်တောက်ပလွန်းသည့်အတွက် လန်ဝေ့၏မျက်လုံးများပင် ကျိန်းစပ်သွားသည်။
ပခုံးတွန့်၍ လင်းရှောင်ကို လွတ်ပေးရန် အရိပ်အမြွက်ပြလိုက်သည်။
" ကျွန်တော်မျိုးကို အသတ်ခံစေချင်လို့လား ... အရှင်က ဘုရင့်ကြင်ယာတော်ဖြစ်နေပြီလေ ..."
လင်းရှောင်၏အပြုံးများဖျော့တော့သွားကာ သူ့ကိုသရော်လိုက်သည်။
" မင်းဘာကိုကြောက်နေတာလဲ ... ဒီနားမွာ မင်းကြီးကို သွားပြောမယ့်လူ တစ်ယောက်မှ မရှိဘူးလေ ... ပြီးတော့ ငါတို့က တစ်ခုခုလုပ်နေတာလည်းမဟုတ်ဘူး ... ညီအစ်ကိုတွေကြားထဲမှာ ဒါမျိုးက သာမန်ပဲမလား ..."
" ညီအစ်ကိုတွေလား ..."
လန်ဝေ့က ပြန်မေးလိုက်သည်။
လင်းရှောင်ပြုံးပြလိုက်သည်။
" မိုရွှီသေပြီဆိုတော့ ငါ့ရဲ့ လက်စားချေမှုလည်း အဆုံးသတ်သွားပြီ ... မင်းက လက်စားချေပေးလိုက်တဲ့သူဆိုတော့ ငါ့ရဲ့ ညီအစ်ကိုဖြစ်သွားပြီလေ ... မင်း ဒီနေ့ သူမကိုသတ်ပေးလိုက်လို့ အရင်တုန်းက ကိစ္စတွေအားလုံးကို တံတားအောက်ကရေလိုပဲ သဘောထားလိုက်တော့မယ် ... ငါတို့ကြားကပြဿနာတွေအားလုံး ပြေလည်သွားပြီ ..."
" အရှင် စိတ်ကြီးဝင်နေတာမလား ... ကျွန်တော်မျိုးတို့ကြားကပြဿနာတွေအားလုံး ပြေလည်သွားပြီလို့ ဘယ်သူပြောလဲ ..."
လန်ဝေ့က မုန်းတီးစွာပြောလိုက်သည်။
သူက လင်းရှောင်၏ ညီအစ္ကို မဖြစ်လိုပေ။ သူ၏အေတြးမ်ားက ယမနေ့ညကတွေ့ခဲ့သည့်လူနှင့် အတူတူပင်ဖြစ်သည်။
"ညီအစ္ကို" ဟူသည့် စကားလုံးက တစ်စုံတစ်ယောက်ကို အသက်မရှုနိုင်သည်အထိ ဖိအားများပေးနိုင်သည်။
ချစ်ချင်ပေမယ့် ခ်စ္လို့မရေတာ့ဘူး ...
မနေ့ညကအကြောင်း ပြန်တွေးမိသွားသည့်အခါ လန်ဝေ့ စိတ်ထဲတွင် အတွေးမျှင်များတန်းလာသည်။
" မင်း အဲ့ကေန ဘယ်လောက်ကြာကြာချောင်းကြည့်နေဖို့ စီစဉ်ထားလဲ ... မင်းကြည့်နေတာ ဘယ်လောက်ကြာပြီလဲ ..."
လင်းရှောင်ထွက်သွားပြီးနောက် လန်ဝေ့က ဖူယွီကျွင်းနှင့် တော်ဝင်ဥယျာဉ်တော်ထဲတွင် တွေ့ခဲ့သည်။
လင်းရှောင်၏ နောက်ပြန်ဆုတ်သွားသော အသွင်အပြင်မှ ၎တို့၏ ဆက်ဆံရေးကို ဖြတ်တောက်လိုက်သည့် ခိုင်မာသော ဆုံးဖြတ်ချက်ကို မြင်တွေ့နိုင်သည်။ လန်ဝေ့က သုန်မှုန်၏ စိတ်ဓာတ်ကျနေသည့် ဤလူကို ကိုယ်ချင်းစာမိသည်။
သို့သော် သူ၏အမြင်က လင်းရှောင်နှင့်အတူတူပင်။
ထိုလူက ဤေနရာ၌ ရှိမနေသင့်ပေ။
" ပွဲတော်ကို ပြန်ပို့ပေးဖို့ နန်းတော်က အစောင့်စစ်သားတွေလိုသေးလားမသိဘူး ..."
လန်ဝေ့က အေးစက်စွာဖြင့် ထစ်ငေါ့ပြောလိုက်သည်။
ထိုအခါမွ ဖူယွီကျွင်းက သူ့အကြည့်ကို လန်ဝေ့ဘက်သို့ လှည့်လာသည်။
လန်ဝေ့က စိတ်ဓာတ်ကျမှုများပြည့်နေသော သူ့အကြည့်ကြောင့် ထိတ်လန့်သွားပြီး မိုရွှီသူ့ကို စွန့်ပစ်သွားချိန်ကို ပြန်အမှတ်ရသွားသည်။
သူက ဖူယွီကျွင်းကို အဘယ့်ကြောင့် ဖျောင်းဖျမိကြောင်း သူ့ကိုယ်သူပင် နားမလည်နိုင်တော့ပေ။
" လင်းရှောင်က အရှင့်သားကို ဒီလိုအမူအယာမျိုးနဲ့ မြင်ချင်ခဲ့တာမဟုတ်ဘူး ..."
ဖူယွီကျွင်းက လန်ဝေ့နှင့်စကားမပြောလိုတော့သည့်အတွက် သူ့ဘေးမှဖြတ်လျှောက်သွားသည်။ လန်ဝေ့က တည်ငြိမ်စွာပြောလိုက်သည်။
" တကယ္လို့ သူ့စိတ်သူမထိန်းနိုင်တဲ့ လူတစ်ယောက်အတွက် အသက်ချမ်းသာပေးဖို့ တောင်းဆိုခဲ့မိမှန်းသိရင် သေချာပေါက် နောင်တရလိမ့်မယ် ..."
ဖူယွီကျွင်း ထိုနေရာတွင်ပင် ရပ်သွားသည်။
လန်ဝေ့က သူ့နောက်တွင် ရပ်နေလျက်ပြောလိုက်သည်။
" အရှင့်သားက ရှောင်တိုင်းပြည်ရဲ့ သက်ဦးဆံပိုင်ဘုရင်ပါ ... ရှောင်တိုင်းပြည်က တိုင်းသူပြည်သားတွေက အရှင့်သား ပြန်အလာကို စောင့်နေကြပါတယ် ...ဒါပေမဲ့ အရှင့်သားရဲ့ ခုလိုပုံစံနဲ့ဆို သူတို့ကို ဘယ္လို မျက်နှာပြမလဲ ... အရှင့်သားကိုယ်စား အသက်ချမ်းသာပေးဖို့ တောင်းပန်ခဲ့တဲ့ လင်းရှောင်ကိုတောင် မျက်နှာချင်းဆိုင်နိုင်ရဲ့လား ..."
လန်ဝေ့က စကားပြောလျက် သူ့ဘေးကို လျှောက်လာသည်။
" အရှင့်သား သေချာတွေးတောသင့်ပါတယ် ..."
" နေပါဦး ..."
ဖူယွီကျွင်းက သူ၏အော်သံဖြင့် လန်ဝေ့ကို တားမြစ်လိုက်သည်။
" မင်း ဘာလို့ ငါ့ကိုကူညီဖို့ကြိုးစားနေတာလဲ ... မင်းက မူတိုင်းပြည်က စစ်သူကြီးလေ ... ငါသာကိုယ့်စိတ်ကိုယ်ပြန်ထိန်းနိုင်သွားရင် မင်းတို့တိုင်းပြည်အတွက် ကြီးမားတဲ့ ဆုံးရှုံးမှုကြီးဖြစ်လာနိုင်တယ်လေ ..."
လန်ဝေ့က အလေးအနက်မထားသည့်ဟန်ဖြင့် ပြောလိုက်သည်။
" အရှင့်သားက စိတ်နဲ့လူနဲ့ ပြန်ကပ်သွားတာနဲ့ပဲ မူတိုင်းပြည်က ဆုံးရှုံးသွားမယ်ထင်နေတာလား စိတ်ကြီးဝင်လွန်းနေတာပဲ ..."
" မူတိုင်းပြည်မှာက ဧကရာဇ်တစ်ယောက်တည်းမဟုတ်ပဲ စစ်သူကြီးဖြစ်တဲ့ ကျွန်တော်လည်းရှိတယ်လေ ... ကျွန်တော်က မူတိုင်းပြည်ကို အသက်နဲ့လဲပြီး ကာကြယ္ဖို့ ကတိပေးထားတယ် ..."
ဖူယွီကျွင်း နှုတ်ခမ်းများ တင်းတင်းစေ့ထားသည်။
" မင်းက ငါ့ကိုတော်တော်လေး အထင်သေးနေတာပဲ ..."
" ကျွန်တော် အထင်သေးသေး မေသးဆိုတာက အနာဂတ်မှာဖြစ်ပေါ်လာမယ့် အရှင့်သားရဲ့ တန်ပြန်တိုက်ခိုက်မှုအပေါ်မူတည်ပါတယ် ... အရှင့်သားစစ်ကြေညာမယ့်အချိန်ကို စောင့်မျှော်နေပါ့မယ် ... ဆန္ဒရှိတဲ့အချိန် လာခဲ့ပါ ... ပြီးတော့ ကျွန်တော့ရဲ့ ဖြောင်းဖျမှုတွေက မိုရွှီရဲ့ စိတ်ထားအမှန်တွေကိုမြင်အောင်ပြသပေးတဲ့အတွက် ကျေးဇူးတင်တာပါ ..."
" လန်ဝေ့ လန်ဝေ့ရေ ..."
အေတြးထဲ နစ်မွန်းသွားသဖြင့် လင်းရှောင်၏အသံကြားမှ စိတ်နှင့်လူပြန်ကပ်သွားသည်။
ထိုအခါမွ လင်းရှောင်က သူနှင့်အလွန်နီးကပ်နေသည်ကို သတိပြုမိသွားသည်။ အလွန်နီးနေသောကြောင့် မျက်နှာမှ မွေးညင်းနုလေးများနှင့် နီရဲနေသော ပါးပြင်လေးကိုပင် မြင်နေရသည်။ လန်ဝေ့စိတ်ထဲ အာခြောက်သလို ခံစားလိုက်ရပြီး ကသောင်းကနင်းဖြစ်သွားသည်။
လင်းရှောင်ကို အကြိမ်အနည်းငယ် လျှာဖြင့်လျက်ပြီး တစ်ကြိမ်မျှပင် မနမ်းနိုင်တော့သည့်အတွက် သူ့ကိုယ်သူ မုန်းတီးနေမိသည်။
သူ့မျက်လုံးများမည်းနက်လာကာ တံတွေးများမျိုချပြီးစိတ်ထဲမှ မကောင်းဆိုးဝါးဆန်သည့်အတွေးများကို ချိုးနှိမ်နေရသည်။
လင်းရှောင်ကို တွန်းဖယ်ပြီး သူနှင့် အနည်းငယ်ခွာလိုက်သည်။
" အရှင်က ဘုရင့်ကြင်ယာတော်ဖြစ်နေပါပြီ ... ကျွန်တော်မျိုးတို့ကို မြင်မယ့်သူ။ဘယ်သူမှ မရှိပေမယ့် အရှင့်ရဲ့ အပြုအမူတွေကို သတိထားရပါမယ် ... မဟုတ်ရင် ဘာကြောင့်သေလို့သေသွားမှန်း မသိပဲနေလိမ့်မယ် ..."
လင်းရှောင်က သရော်လိုက်သည်။
" မင်း ဘာတွေဖြစ်နေတာလဲ ... မင်းက တစ်ယောက်ယောက်ကို စိတ်ပူပန်ပြနေတယ်ဆိုပေမယ့် ကိုးရို့ကားယား ဖြစ်လွန်းနေတယ် ..."
လန်ဝေ့က တိတ်ဆိတ်နေသောကြောင့် လင်းရှောင်စိတ်ရှုပ်ထွေးလာသည်။
ခဏအကြာတွင် လန်ဝေ့က မေးလိုက်သည်။
" အရင်တည်းက ကျွန်တော်မျိုးသိချင်တဲ့ကိစ္စတစ်ခု ရှိတယ် ..."
" အခု မိုရွှီလည်းသေသွားပြီဆိုတော့ ကျေးဇူးပြုပြီး ဖြေပေးပါ ... အရင်က ကျွန်တော်မျိုးကို ဘာကြောင့် ကယ်ခဲ့တာပါလဲ ..."
လင်းရှောင် ချက်ချင်း မတုံ့ပြန်နိုင်ပဲ သူ၏မျက်နှာတွင် စိတ်ရှုပ်ထွေးမှုများဖြင့် ပြည့်လာသည်။
လန်ဝေ့ နှုတ်ခမ်းများတင်းတင်းစေ့ကာ သူ့ကိုသတိပေးလိုက်သည်။
" ကျွန်တော်မျိုးတို့ တောင်စောင်းမှာ ပထမဆုံးတွေ့တုန်းက ကျွန်တော်မြင်းပေါ်က ပြုတ်ကျတယ်လေ ..."
လင်းရှောင် ရုတ်တရက် အမှတ်ရသွားသည်။
" အိုး ... ငါအခု မှတ်မိသွားပြီ ... မင်းသိပြီးသားပဲ ဒါပေမဲ့ မင်းသိတာက မှားနေတယ် ... မင်းကို အဲ့တုန်းက ကယ်ဖို့မစဉ်းစားမိဘူး ဒါပေမဲ့ တစ်ယောက်ယောက်က ဒုက္ခရောက်နေတော့ သူ့အလိုလိုကယ်မိသွားတော့တာပဲ ... မင်းကိုကယ်ချင်လို့ ငါတောင် ဒုက္ခရောက်မိမလို ဖြစ်သွားသေးတယ် ..."
ပြောနေစဉ်မှာပင် လင်းရှောင်က ခံပြင်းလာပြီး ထပ်ပြောသည်။
" ပြီးတော့ မင်းကရော ... မင်းနိုးလာတော့ အသက်သခင်ကျေးဇူးရှင်ကို လူမွားတယ်လေ ... အရင်က ငါ့ကို ဘယ္လိုဆက္ဆံခဲ့တယ္ဆိုတာ မှတ်မိသေးလား ..."
ထိုစကားမ်ားကို ကြားသည့်အခါ လန်ဝေ့ အံ့အားသင့်သွားသည်။ သူယခင်က လင်းရှောင်ကို ဆက်ဆံခဲ့မိသည်များကို သတိရသွားသည့်အခါ မျက်နှာက အစိမ်းပုပ်ရောင်မှ အနီရောင်ပြောင်းသွားသည်။
အချိန်အတော်ကြာမှ အားတင်းပြီး စကားတစ်ခွန်းပြောလိုက်သည်။
" ဒါဆိုလည်း ကျွန်တော်မျိုးကို ရှင်းပြသင့်တာပေါ့ ... ခုတော့အထင်တွေ လွဲကုန်ပြီ ... မိုရွှီ့ကြောင့်သာ မဟုတ်ရင် ..."
မိုရွှီအကြောင်း ပြောမိသွားသည့်အခါ လင်းရှောင်ကို နာကျင်မည်စိုး၍ ရပ်တန့်သွားမိသည်။
လင်းရှောင်က အရူးတစ်ယောက်ကဲ့သို့ တခစ်ခစ်ရယ်လိုက်သည်။
" အရမ်း မရှက်သွားပါနဲ့ ...ငါလည်း အဲ့အချိန်တုန်းက မျက်စိကန်းနေခဲ့တာ ... မင်းလည်း သူမကြောင့် မျက်စိကန်းနေခဲ့တာပဲမလား ..."
" ဒါပေမဲ့ ငါနဲ့ယှဉ်မယ်ဆိုရင် မင်းမျက်လုံးတွေ ပိတ်နေခဲ့တဲ့အချိန်က ပိုကြာတယ် ... ငါဘယ်လောက် အော်နေနေ မင်းက မနိုးထလာဘူးး ... မင်း အရင်က ဒီလိုပြောခဲ့ဖူးတယ်လေ ' ရွှီရွှီက ငါ့ကိုဒါမျိုးလုပ်မှာမဟုတ်ဘူး ... ရွှီရွှီက ငါ့ကိုလိမ်မှာမဟုတ်ဘူး ' ဆိုပြီး ..."
လင်းရှောင်က လန်ဝေ့၏အမူအယာအတိုင်းလိုက်လုပ်ပြီး အနာဂတ်ခေတ်မှ ချစ်စဖွယ်အသံတုများကိုပါ ထည့်လိုက်သည်။ ရှက်သွားသည့်လန်ဝေ့က ကြောင်အမ်းအမ်းဖြစ်သွားပြီးနောက် ဒေါသကြောင့် မျက်နှာများ ရဲတက်လာသည်။
" တော်ပါတော့ ..."
လန်ဝေ့က အလွန်ရှက်သွားသဖြင့် ဒေါသကြောင့်အော်လိုက်မိသည်။
လင်းရှောင်က ၎ကို အတည်ယူလိုက်ပြီး ပါးစပ်ပိတ်သွားတော့သည်။
တစ်ဖက်လူ၏ကြောက်လန့်သွားမှုကို မြင်လိုက်သော်လည်း လန်ဝေ့က ဘာပြန်ပြောရမည်မသိ ဖြစ်နေသည်။ ထို့ကြောင့် သူတို့နှစ်ယောက်လုံး ဘာမှမပြောပဲ နေရာ၌သာ ရပ်နေကြသည်။
" သခင်လေး ထင်းတွေ အဆင်သင့်ဖြစ်ပါပြီ ..."
ထိုအချိန်တွင် အန်းရှန်းနှင့် အန်းယုံတို့ပြန်လာပြီး ကိုးရို့ကားယားဖြစနေသည့်အခြေအနေကို အဆုံးသတ်ပေးလိုက်သည်။
လင်းရှောင်က ထိုနှစ်ယောက်ကို မိုရွှီ၏ ခန္ဓာကိုယ်ကို သယ်ဆောင်သွားခိုင်းပြီး သင်္ဂြုဟ်ခိုင်းလိုက်သည်။
ယခုအခါတွင် မိုရွှီ၏ခန္ဓာကိုယ်ကို မီးဖြင့် လောင်ကျွမ်းစေလိုက်သည်က်ို လင်းရှောင်၏မျက်လုံးဖြင့် တပ်အပ် မြင်လိုက်ရပြီဖြစ်သည်။ နောက်ဆုံးတွင် ဤကိစ္စကို ရင်ထဲမှလွှတ်ချလိုက်ပြီး စိတ်အေးလက်အေးနေနိုင်ပြီဖြစ်သည်။
သူတို့ နန်းတော်သို့ ပြန်လာသည့်အခါ လန်ဝေ့က လင်းရှောင်၏ရှေ့တွင် တစ်ကြိမ်ဒူးထောက်လိုက်ပြန်သည်။
သို့ရာတွင် ယခင်နှင့်မတူညီသည်က သူ၏ဆုံးဖြတ်ချက်ပြတ်သားမှုကို ဖော်ပြနေသည်။
ဤတစ်သက်တာတွင် ဧကရာဇ်နှင့် လင်းရှောင်ကို သစ္စာစောင့်သိရန် ကတိပြုခဲ့သည်။
၎က အနည်းငယ် ထူးဆန်းသော်လည်း လင်းရှောင် ၏သူရဲကောင်းဆန်သောအိပ်မက်များကို အလွန်ကျေနပ်စေသည်။
ထို့ကြောင့် လန်ဝေ့ကို မတားမြစ်ခဲ့ပေ။
နန်းတော်သို့ ပြန်ရောက်လာသော်လည်း လင်းရှောင်က စိတ်အားတက်ကြွနေခဲ့သည်။ ဧကရာဇ္က ကြိုရောက်နေပြီး စာအုပ်ဖတ်ရှု့ကာ လင်းရှောင်ကို စောင့်နေသည်။
လင်းရှောင်၏မျက်နှာပေါ်မှ အကြည့်ကို မြင်သည့်အခါ ဧကရာဇ်၏ မျက်နှာက အနည်းငယ်အံ့ဩသွားသည်။ သူ ဖတ္လက္စ စာအုပ္ကို ချထားလိုက်ပြီး မေးလိုက်သည်။
" ကိုယ်တော့်ရဲ့လက်ဆောင်ကို သေဘာက်ရဲ့လား ..."
" ကျေနပ်ပါတယ် ကျေနပ်ပါတယ် ... အလွန်ကျေနပ်ကြောင်းပါ မင်းကြီး ..."
လင်းရှောင် ပြန်ဖြေလိုက်သည်။
" ဒါဆိုရင် ကိုယ်တော့်ကို ပွင့်ပွင့်လင်းလင်းပြောရမယ့်အချိန်ရောက်ပြီ ..."
ဧကရာဇ်ပြောလိုက်သည့်အခါ လင်းရှောင်က စိတ်နှင့်လူ ပြန်ကပ်သွားသည်။ ထို့နောက် ဧကရာဇ္ကို ကြည့်နေသည်။
ဧကရာဇ်ကလည်း လင်းရှောင်ကို ကြည့်နေဆဲဖြစ်သည်။
" မင်းနဲ့ မိုရွှီကြားထဲမှာ ဘယ်လိုမျိုး မုန်းတီးမှုတွေ ရှိနေတာလဲ ... ကုန်းကုန်းဖြစ်အောင် အတင်းအကျပ်လုပ်ခိုင်းခဲ့လို့ဆိုပြီး ကိုယ်တော့်ကို မလှည့်စားနဲ့ ... ဒီလိုဆင်ခြေမျိုးက လန်ဝေ့နဲ့ပဲ အလုပ်ဖြစ်တယ် ... ကိုယ်တော်နဲ့ဆို မရဘူး ..."