အပိုင်း ၇၈
Viewers 12k

"..."ဧကရာဇ်၏စကားတစ်ခွန်းမျှဖြင့်လင်းရှောင်ကို ချက်ချင်းလန့်နိုးသွားစေခဲ့သည်၊
သူကအလွန်တောင့်တင်းစွာဖြင့် ဧကရာဇ်သူ့ခါးကိုဖက်လျက်ရှေ့သို့ဆွဲယူလိုက်သည်။
"မိုရွှီကကိုယ်တော့်ကိုအရမ်းထူးဆန်းတာတွေပြောသွားတယ် မင်းကြားချင်လား"
ဧကရာဇ္ကမေးနေပုံရသော်လည်း တကယ်တမ်းတွင် သူ့အဖြေကိုစောင့်မနေခဲ့ပါချေ။
"သူကပြောတယ်၊သူကမင်းကိုသတ်ခဲ့တာတဲ့၊ ပြီးတော့ကိုယ်တော်ကလည်း သူမကိုသတ်ခဲ့တယ်တဲ့"
"..."ချေွးအေးများက လင်းရှောင်နဖူးမှစီးကျလာခဲ့သည်။ဧကရာဇ်၏စူးရှသောအကြည့်များကြောင့်သူ၏ဒူးများပင်ပျော့ခွေလာတော့သည်၊
သူကတံတွေးကိုမြိုချလျက် ပြန်မေးလိုက်မိသည်။
"ဒါဆို အရှင် သူပြောတာတွေကို ယုံလားဟင်"
ဧကရာဇ်မှာ လင်းရှောင်အား အချိန်အကြာကြီးစိုက်ကြည့်နေပြီးမှ သူ့လက်ကိုမြှောက်လျက် လင်းရှောင်၏မေးကိုပင့်မလိုက်သည်။
"ကိုယ်တော်မင်းပြောသမျှယုံပေးမှာ။ ကိုယ်တော့်က်ုဘာလို့မပြောပြတာလဲ"
ဤသည်မှာ ဘောလုံးကိုသိသိသာသာသူ့ဘက်ပုတ်ထုတ်နေခြင်းပင်။
လင်းရှောင်၏မျက်နှာမှာဖြူဖျော့သွားခဲ့သည်။ ဧကရာဇ်ကသူ့အားယုံကြည်ပေးမည်ဟုဆိုသော်ငြား
သူသာယုံကြည်အောင်မပြောနိုင်လျှင် ဧကရာဇ္အား အဘယ္သို့ကျေနပ်အောင်လုပ်ပေးနိုင်မည်နည်း။
အစကတည်းက ဧကရာဇ်မှာ ဤမေးခွန်း၏အဖြေကိုသိချင်နေခဲ့တာဖြစ်သည်။
လင်းရှောင်လည်းစဉ်းစားနေရင်းက အမှန်အတိုင်းပြောလိုက်ရန်ပင်တွေးမိလေသည်။ သို့သော်အခြေအနေမှာ စိတ်ကူးယဉ်ရန်ပင်ခက်လှသည်။အမှန်အတိုင်းပြောလျှင်ပင် ဧကရာဇ်မှာ သူ့အားယုံပါမည်လော။
သူ့အားဤကမ်ဘာမှလူမဟုတ်မှန်းသိလျှင် မည်သို့ဆက်ဆံပါမည်နည်း။
သူကတုန်လှုပ်နေသည့်ကြားမှ ခေါင်းကိုမော့လျက် ဧကရာဇ်အားကြည့်လိုက်မိသည်။ဧကရာဇ်မှာသူ့အား အေးစက်စွာသာကြည့်နေလျက် ဖတ်ရှု၍မရသောအမူအရာရှိသည်။လင်းရှောင်အံ့အားသင့်စွာ မျက်လုံးကိုပြူးလိုက်မိသည်။ ထိုအကြည့်မှာ ဧကရာဇ်တစ်စုံတစ်ဦးကိုမယုံသင်္ကာဖြစ်မှသာကြည့်တတ်သောအကြည့်မျိုးပင်။ ဧကရာဇ်မှာသေချာပေါက်အတည်ပြုလ်ုခြင်းသက်သက်သာဖြစ်သည်။သူကတစ်စုံတစ်ဦးကို တစ္စုံတစ္ခုမေးလျှင် ထိုအကြောင်းကို သိပြီးသားဖြစ်လိမ့်မည်။
လင်းရှောင်လည်းတွန့်ဆုတ်နေမှုကိုပစ်ထုတ်လျက် အသက်ကိုပြင်းပြင်းရှူကာ ရှင်းရှင်းလင်းလင်းဆိုလိုက်သည်။
"မိုရွှီကကျွန်တော်မျိုးကိုသတ်ခဲ့တယ်ဆိုတာ အမှန်ပါပဲအရှင်"
လင်းရှောင်စကားကြောင့် ဧကရာဇ်လည်းမျက်ခုံးပင့်သွားမိသည်။သူ၏လက်ကို လင်းရှောင်၏ခါးတွင်ဖက်ထားဆဲဖြစ်ကာ နားလည်ရခက်သော အမူအယာကို ဆင်မြန်းထားဆဲပင်။လင်းရှောင်မတုန်လှုပ်ပဲမနေနိုင်ချေ။သူသည် ဧကရာဇ်၏အတွေးမည်သည်ကိုဦးတည်နေလဲ မသိနိုင်။
သို့သော် သူစကားကိုစခဲ့ပြီးဖြစ်ရာ နောင်တရရန်လည်းနောက်ကျခဲ့ပြီဖြစ်သည်။သူ့ကိုယ်သူသတ္တိမွေးလျက် ဆက်ပြောရန်သာတတ်နိုင်သည်၊
"သူကကျွန်တော့်မျိုးကို အဆိပ်ကျေွးချင်ခဲ့တာ၊ ဒါကြောင့် ကျွန်တော်မျိုးလည်းသူ့ကိုလက်စားပြန်ချေဖို့အခွင့်အရေးရှာနေတာပါ"
လင်းရှောင်တမင်ပင် စကားကို မရှင်းမလင်းပြောလိုက်သည်။မိုရွှီသု့ကိုအဆိပ်ခတ်ခဲ့သည်မှာ အတိတ်ဘ၀ကမှန်းထည့်မပြောခဲ့သလို သူလည်းအတိတ်ဘ၀တွင်သေဆုံးဖြစ်ကြောင်းထည့်မပြောခဲ့ချေ။
သူပြောခဲ့သမျှမှာ ဤဘ၀တွင် ဖြစ်ခဲ့သည်ခြင်း ဖြစ်သည်။ဤနည်းဖြင့် ဧကရာဇ္ကို မယုံကြည်နိုင်ဖွယ်စိတ်ကူးယဉ်ဆန်သော ကိစ္စရပ်များကိုမပြောမိအောင် ရှောင်ရှားပြီးသားဖြစ်သွားချေလိမ့်မည်။
သို့သော် ဧကရာဇ်မှာ ကိစ္စအားအစအဆုံးသိရှိပြီးပုံဖြင့်ဖြတ်ပြောလာခဲ့သည်။
"ဒါဆို မင်းသေသွားတဲ့အတွက် ကိုယ်တော်ကသူမကိုသတ်ခဲ့တာပေါ့ "
သူ၏စကားမ်ားမွာမေးခွန်းမဟုတ်ပဲ အတည်ပြုချက်သာဖြစ်ချေသည်။
လင်းရှောင်အံ့အားသင့်သွားမိကာ အေးစက်သွားရသည်။
ဧကရာဇ်သည်သူ့အားအေးစက်စွာကြည့်လိုက်ပြီး ဆက်ပြောလာသည်။
"အဲဒါတွေကမင်းရဲ့အတိတ်ဘ၀မှာဖြစ်ခဲ့တာတွေပေါ့"
"အ..အရှင်"လင်းရှောင်ရင်တွေတဒုန်းဒုန်းခုန်လျက် စိတ်လှုပ်ရှားလာမိသည်။
"ဒါကြောင့်မင်းက သိပ်ပါးနပ်လိမ္မာနေတာပေါ့"
"..."
ထိုသည်ကိုပြောနေစဉ် ဧကရာဇ်၏လေသံမှာ လွန်စွာတည်ငြိမ် မြဲမြံနေခဲ့သည်။ စိတ္တိုနေသည့်အရိပ်အယောင်အနည်းငယ်သော်မျှမပါရှိချေ။ သို့တိုင် လင်းရှောင်ခေါင်းထဲ၌မူ အချက်ပေးသံများဆူညံနေချေပြီ။
သူ့ထံတွင် သေဒဏ်ကိုရှောင်လွှဲနိုင်သည့်အမိန့်ပြားရှိသော်လည်း လက်ရှိအရှင့်၏အမူအယာကို မကြည့်ရဲပါချေ။ ဧကရာဇ်မှာမိမိအားမည်သို့ဖြေရှင်းမည်လဲမသိပါချေ။ အတိတ်ဘ၀တွင် တစ်ကြိမ်သေခဲ့ဖူးသုတစ်ယောက်အနေနှင့်၊ သူကြောက်ရွံ့စွာခေါင်းကိုငုံ့ထားရုံသာတတ်နိုင်လေသည်။
လင်းရှောင်၏တုန်လှုပ်နေသောပုံလေးမှာ ခုမွမွေးဖြားလာသောခွေးပေါက်ကလေးက လောကအသစ်ကြီးကို ရင်ဆိုင်ရန် ကြောက်ရွံ့နေပုံပင်။
ဧကရာဇ်မှာ ရယ္စရာကောင်းသည်ဟု ခံစားမိကာ လင်းရှောင်၏ ခေါင်းကို ပွတ်သပ်လိုက်သဖြင့် လင်းရှောင်၏သေသေသပ်သပ်ဖြီးသင်ထားသောဆံပင်များ ရှုပ်ပွကုန်သည်။ဆံစံတချို့က လင်းရှောင်၏မျက်လုံးကိုဖုံးကွယ်သွားစေသည်။ ၄င်းက လင်းရှောင်၏ အပြစ်ကင်းစင်သော မ်က္လုံးမ်ားကို ပို၍သနားစရာကောင်းသွားစေသည်။
အထူးသဖြင့် လင်းရှောင်ခေါင်းလေးကိုမော့ကာ သူ့အားကြည့်လိုက်စဉ်တွင် ခွေးပေါက်လေးက သခင်၏အချစ်ကို မျက်ရည်လည်ရွှဲနှင့်တောင်းခံနေသယောင်ခံစားလိုက်ရသည်။
ထိုမ်က္လုံးလေးများက ဧကရာဇ်၏နှလုံးသားကို နူးညံ့သွားစေပြီး ရှေ့သို့ကိုင်းလျက် လင်းရှောင်၏နှုတ်ခမ်းထောင့်လေးအား အနမ်းဖွဖွတစ်ပွင့်ပေးလိုက်ကာ ရင်ထဲသို့ဆွဲယူပွေ့ဖက်လိုက်တော့သည်။
လင်းရှောင်၏ ကိုယ်မှာ တောင့်တင်းသွားပြီး ဧကရာဇ္အားမော့ကြည့်လိုက်မိသည်။
"အ..အရှင်"
"ကိုယ်တော့်ကိုသည်လောက်တောင်မယုံကြည်တာ ကိုယ်တော်မင်းကိုအပြစ်ပေးသင့်လားဟင်"
လင်းရှောင်ခေါင်းထဲတွင် အချက်အလက်ပေါင်းများစွာပြည့်နှက်နေပြီးမှ ဧကရာဇ်၏ဆိုလိုရင်းကိုနားလည်လေသည်၊။
လင်းရှောင်လည်းထိုတော့မှ အသက်ရှူချောင်သွားက ပို၍ပေါ့ပါးသွားမိသည်။
"လင်းရှောင်က အရှင့်ကိုမယုံကြည်တာမဟုတ်ရပါဘူးအရှင်၊ ကိုယ့်ဘာကိုယ်သာမယုံကြည်နိုင်တာပါ"
ဧကရာဇ်ကမျက်ခုံးကိုပင့်လိုက်လျှင် လင်းရှောင်ဆက်ပြောလာသည်။
"လင်းရှောင်ကအရှင်နှလုံးသားကိုအပြည့်အ၀မပိုင်ဆိုင်ရမှာပဲစိုးမိနေတာပါ"
လွန်ခဲ့သောမိနစ်အနည်းငယ်ခန့်ကပင် ကြောက်ရွံ့တုန်လှုပ်နေခဲ့သောလင်းရှောင်မှာ ယခုမူ ပြန်၍အသက်၀င်လာခဲ့သည်။
ထိုမ်က္လုံးလေးနှစ်လုံးက အလွန်ဉာဏ်များလှစွာ မေးခွန်းမှရှောင်ဖယ်နေသည်ကိုတွေ့ရလျှင် ဧကရာဇ်လည်းပြုံးလိုက်မိလေသည်။
ဧကရာဇ်ထံမှတုန့်ပြန်သံကိုမကြားရလျှင်လင်းရှောင်မလွယ်ကူသလိုခံစားမိလေသည်။
"အရှင်ကလင်းရှောင်ကိုအပြစ်ပေးချင်တယ်ဆိုလည်း လင်းရှောင်ခံယူပါ့မယ်"
လင်းရှောင်၏မျက်လုံးလေးများကတဖျက်ဖျက်ခတ်နေပြီး အလြန္ခ်စ္စရာကောင်းလှသည်။ထိုပုံစံလေးကမည်မျှဆွဲဆောင်မှုရှိမှန်း သူကိုယ်တိုင်တောင်သိလိမ့်မည်မဟုတ်။
ဧကရာဇ်မှာ လင်းရှောင်အားပြင်းပြစွာကြည့်နေရာက ရင်ခ့င်ထဲဆွဲယူပွေ့ဖက်လိုက်တော့သည်။
ပူနွေးလျင်မြန်သောအနမ်းများကလင်းရှောင်၏အရေပြားအပေါ်ပြန့်ကျဲကျလာပြီး လင်းရှောင်၏နှုတ်ခမ်းပေါ်သို့တိုင်ကျရောက်လာခဲ့သည်။
သူ၏တင်းတင်းစေ့ထားသောနှုတခမ်းလေးများမှာ ယခုတွင်ပွင့်ဟနေပြီး ထိတ်လန့်မှုကြောင့် လျှာနီနီလေးကိုပင်တွေ့နိုင်လေသည်။
"ဟင့်.. အင်း"
သူ၏ထိခိုက်လွယ်သောကိုယ်လေးက ချက်ချင်းနူးညံ့သွားခဲ့သည်၊ရှည်လျားသောအနမ်းပြီးနောက်တွင်လလင်းရှောင်မှာ ဧကရာဇ်၏ရင်ခွင်ထဲတွင်ပျော့ခွေနေတော့သည်။
ဧကစာဇ်၏အကြည့်မှာ အလြန္ဆာလောင်နေသော ဝံပုလွေတစ်ကောင်ကဲ့သို့ သူ၏မျက်စ်ရှေ့မှ ယောကျာ်းပျိုကို တကိုယ္လုံး မြိုချပစ်ချင်သည့်နှယ်။
"ဟင့်.."
လင်းရှောင်ကတုန်ယင်လျက် ဧကရာဇ်၏အလွန်ပိုင်စိုးလိုသောအကြည့်ကြောင့် အားအင်များပင်မရှိတော့သလိုခံစားလိုက်ရလေသည်။သူ၏နှုတ်ခမ်းနှစ်လွှာကြားမှ ညည်းညူသံများသာ အဆက်မပြတ်ထွက်ကျလာခဲ့သည်။
"ဟာ့.."
ဧကရာဇ်သည်အလွန်ညင်သာစွာရယ်မောလိုက်သည်။ ထိုရယ္သံမွာ အလွန်သြရှရှနှင့် နား၀င်ချိုလှကာ ဆြဲဆောင်မှုလည်းရှိလွန်းလှသည်။
ဧကရာဇ်၏ပြုံးနေသော မျက်နှာကိုတွေ့ချင်လှသဖြင့် လင်းရှောင်ခေါင်းကိုမော့ရန်ကြိုးစားလိုက်မိသည်။
သို့သော်ထိုသို့မလုပ်နိုင်ခင်မှာပင် လင်းရှောင်မှာရုတ်ချည်းပွေ့ချီခံလိုက်ရတော့သည်၊
လင်းရှောင်လည်းအာမေဋိတ်တိုးတိုးလေးပြုလျက် ဧကရာဇ်၏လည်ပင်းအားအလျင်အမြန်ခို၍ဖက်လိုက်မိလေသည်၊ မင်းသမီးလေးကဲ့သို့ပွေ့ချီခံထားရသည်မို့ လင်းရှောင်ငြင်းဆန်ချင်မိသော်လည်း ယခင်ကတည်းကအခေါက်ပေါင်းများစွာ ပွေ့ချီခံရပြီးကြောင်းတွေးမိလျှင် ငြိမ်နေရန်သာဆုံးဖြတ်လိုက်တော့သည်။
လင်းရှောင်မှာ နှုတ်ခမ်းလေးကိုသာကိုက်လျက် ဧကရာဇ်၏ ရင်ဘတ်တွင် သက်တောင့်သက်သာမှီလိုက်တော့သည်။
ဧကရာဇ်မှာအလွန်အေးစက်ပုံပေါ်သော်လည်း ပွေ့ဖက်မှုမှာ လြန္စြာနွေးထွေးလှသည်။
'ဒီလိုမျိုးအချီခံရတာလည်းမဆိုးပါဘူးလေ'
"သဘောကျတယ်လား" ဧကရာဇ်ကသူ၏အပြုအမူသေးသေးလေးကိုဖောက်ထွင်းမြင်လျက် ခေါင်းကိုငုံ့ကာမေးလာခဲ့သည်။
လင်းရှောင်ပြုံးလျက်ပြန်ဖြေလိုက်သည်။
"သဘောကျပါတယ်အရှင်"
"ဒါဆိုကိုယ်တော်မင်းလို ဒီလိုမျိုး မကြာမကြာချီပေးမယ်"
ဧကရာဇ်ကရက်ရောစွာကတိပေးလာခဲ့သည်။
လင်းရှောင်ရယ်မောလျက်တုန့်ပြန်လိုက်သည်။
"အရှင်ရဲ့ကြင်နာမှုကို လင်းရှောင်ရင်ထဲမှာမှတ်ထားပါ့မယ်"
"အင်း" ဧကရာဇ္ကသဘောတူသံပြုလျက် လင်းရှောင်အားအိပ်ယာပေါ်သို့ညင်သာသွာချပေးလိုက်သည်။ထို့နောက်တွင် အိပ်ယာပေါ်ကယောကျာ်းပျိုလေးကို ငုံ့လျက် နမ်းလိုက်သည်။
လင်းရှောင်ပြုံးလျက် ဧကရာဇ်၏ခေါင်းမှအစွပ်ကိုဖြုတ်လိုက်ရာနက်မှောင်သန်စွမ်းသောဆံနွယ်တို့က ရေတံခွန်သဖွယ်ဖြာကျလာသည်။
ထိုဆံနွယ်တို့က လင်းရှောင်၏အရေပြားအပည်လာရောက်ထိတွေ့သည့်အခါ ယားယံမွုလေးကိုခံစားလိုက်ရစေသည်။
လင်းရှောင်မှာ ထိုဆံနွယ်များကို မိမိလက်ချောင်းလေးများနှင့်ဖြီးသင်ရင်း တိုးဖျော့စွာမေးလာသည်။
"အရှင် လင်းရှောင်တစ်ခုလောက်မေးလို့ရမလားဟင်"
ဧကရာဇ်ကထထိုင်က မျက်မှောင်ကျုံ့လိုက်သည်။
သက်ပြင်းတိုးတိုးလေးချလိုက်ပြီး မွ ပြန်ဖြေလာသည်။
"မေး"
"လင်းရှောင်အတွက် အရှင်သတ်မှတ်ထားတဲ့ သည်းခံနိုင်စွမ်းကဘယ်လောက်များလဲ"
ဧကရာဇ်နှုတ်ခမ်းကိုတင်းတင်းစေ့လျက် မ်က္လုံးမ်ားကိုမှေးကျဉ်းကာ သူ့အားကြည့်လာခဲ့သည်။
ဤမျှအရေးကြီးသောအချိန်တွင် ရူးကြောင်ကြောင်မေးခွန်းကိုမေးလာရကောင်းလားဟူသော အဓိပ္ပါယ်ပင်။
လင်းရှောင်လည်းဧကရာဇ်၏အကြည့်ကိုနားလည်သည်မို့ ဆက်မမေးနိုင်ခင် အနည်းငယ်ရှက်ရွံ့နေမိသည်။
"အရှင့်ဆီကပွင့်ပွင့်လင်းလင်းပြောတာကိုမကြားရမချင်း ဒီတုံးအတဲ့ကျွန်တော်မျိုးအတွက် အမြဲပူပန်နေရတော့မှာပဲ၊ မတော်တဆအရှင့်ရဲ့ သည်းခံနိုင်စွမ်းကိုေ ကျာ်လွန်တဲ့ အပြစ်တစ်ခုခုကိုလုပ်မိမှာစိုးရွံ့လှပါတယ်"
ဧကရာဇ်မှာမျက်မှောင်ကျုံ့လျက် သူ့အားကြည့်လိုက်သည်။ လင်းရှောင်မှာမိမိမေးခွန်းကို ပြန်ဖယ်ရှားဖို့စိတ်ကူးမရှိသည်ကိုတွေ့ရလျှင်မှ သက်ပြင်းကိုအသာချကာဖြေလာခဲ့သည်။
"ကိုယ်တော်ကမင်းကိုရှင်းလင်းစေလောက်ပြီထင်နေတာ"
လင်းရှောင် သူ့မျက်ခုံးလေးများကိုတွန့်ချိုးလိုက်မိသည်။ အရင်ကဧကရာဇ်သာဆိုလျှင်ဖြင့် လင်းရှောင်ရှင်းလင်းနေခဲ့လောက်ပါ၏။သို့သော် သူ၏မ်က္စိရှေ့မှဤပုဂ္ဂိုလ်မှာ ယခင်ကသူသိသော ဧကရာဇ်မဟုတ်တော့ချေ။
လင်းရှောင်မှာ ဧကရာဇ်၏သည်းခံနိုင်စွမ်းကိုစမ်းသပ်သော ကိစ္စတော်တော်များများကို လုပ်ခဲ့မ်ကာ မိမိကိုယ္ကိုသေပြီဟုထင်သည့်အခါတိုင်း ဧကရာဇ်ကအလွယ်တကူခွင့်လွှတ်ပေးခဲ့ပြန်သည်။
ထို့ကြောင့်သူ့ရှေ့မှအမျိုးသား၏အတွေးအကုန်လုံးကိုအမှန်ပင်သိချင်လှသည်။
သူ့အတွက်သည်ခံနိုင်စွမ်းဘယ်လောက်များများပင်ရှိနေသနည်း။
လင်းရှောင်၏အတွေးကိုမြင်နိုင်သည့်အလား
ဧကရာဇ်သည် သက်ပြင်းကိုတိုးညှင်းစွာချလျက်
"မင်းသိခဲ့တဲ့ကိုယ်တော့်အကြောင်းကမမှားယွင်းပါဘူး။ မင်းကကိုယ်တော့်အတွက် ထူးခြားတဲ့လူတစ်ယောက်မို့လို့ပါ"
လင်းရှောင်တွေေ၀နေမိစဉ် ဧကရာဇ်မှာသူ့အားအိပ်ယာပေါ်သို့နောက်တစ်ကြိမ်ဖိချလိုက်ပြန်သည်။ထို့နောက်အပြစ်ပေးသည့်နှယ် သူ၏လည်တိုင်အား ခပ်ဖွဖွကိုက်လိုက်သည်။
လင်းရှောင်နာကျင်မှုကြောင့်အော်သံတိုးတိုးပြုလိုက်ရာ ဧကရာဇ်မှာကျေနပ်စွာ မ်က္လုံးကိုမှေးကျဉ်းလိုက်လေသည်။ သူ၏အောက်မှယောကျာ်းပျို၏ နာကျင်နေသောအမူအယာလေးကို အရသာခံကာကြည့်နေမ်သည်။
ထိုအကြည့်မှာ 'ကိုယ်တော့်ကိုနှောင့်ယှက်ရဲမှတော့ အပြစ်ပေးခံရဖို့ပြင်ထားဟူသော အဓိပ္ပါယ်ပင်ဖြစ်တော့သည်။
လင်းရှောင်ကမကျေမနပ်စွာကြည့်လိုက်လျှင်ဧကရာဇ်ကရယ်လျက် သူကိုက်ခဲ့သောနေရာအား ငုံ့ကာလျက်လိုက်သည်။ သူကအလွန်ကျေနပ်နေသောလေသံဖြင့်ပြောလိုက်သည်။
"ကိုယ်တော့်မှာမင်းအတွက် သည်းခံနိုင်တဲ့အတ်ိုင်းအတာဆိုတာမရှိတာကြာပြီ၊ဒါကြောင့်မင်းဘာကိုစိတ်ပူနေတော့မလဲ၊ မင်းကိုယ်မင်း ကိုယ်တော့်ရဲ့လူဆို မှတ်မိနေရင် လုံလောက်ပြီ"
လင်းရှောင်မှာအလျက်ခံရသောနေရာမှသက်တောင့်သက်သာဖြစ်မှုနှင့် အရှင့်၏ချိုသာသောပြန်ဖြေစကားကြောင့် မ်က္လုံးကိုမှေးကျဉ်းနေမိသည်။
သူမျက်လုံးကိုဖွင့်ကြည့်လိုက်ချိန်တွင်လဧကရာဇ်၏အနမ်းနှင့်တည့်တည့်တိုးလေသည်။
သူတို့၏နှုတ်ခမ်းလွှာများမှာ ရောယှက်လျက် အသက်ရှုသံများမှာလည်းမတည်ငြိမ်တော့ပဲပြင်းထန်လာခဲ့သည်။လင်းရှောင်ကမူအနည်းငယ်ရူန်းကန်နေပြီး ဆိုလိုရင်းကိုမေးချင်နေခဲ့သေးသည်၎င်း
သို့သော်ဧကရာဇ်၏အနမ်းများနှင့် အထိအတွေ့များကြားတွင် ကျရှုံးသွားရသည်၊
တွန်းထုတ်နေသောလက်များမှာ ဘယ်အချိန်မှစ၍ ဧကရာဇ်၏လည်ပင်းကိုခိုဖက်လိုက်သည်လဲ မသိတော့။ နေ့လားညလားပင်ဂရုမစိူက်တော့ချေ။
ဧကရာဇ်မှာပြုံးလျက်ပင် လင်းရှောင်၏အ၀တ်အစားများကိုဖယ်ရှားလိုက်တော့သည်။ သူ၏စိုစွတ်သောအနမ်းများကအောက်သို့တဖြည်းဖြည်းဆင်းလာခဲ့သည်။
သူ၏လက်ချောင်းများက လျှို့၀ှတ်၀င်ပေါက်ကိုချဲ့ထွင်ရင်း သူ၏အောက်မှအမျိုးသားလေးအား သာယာမွုကြောင့်တုန်ရီသွားစေသည်။
လင်းရှောင်မှာတခြားဘာကိုမှမတွေးနိုင်တော့ပေ။
တစ္ညလုံးလုံးထွေးပြီးသည့်နောက်တွင် လင်းရှောင်မှာကိုက်ခဲနေသောခါးကို ထောက်ရင်းထထိုင်လိုက်သည်။ သို့သော် ဧကရာဇ်မှာ မရွိတော့ချေ။
သူ့ကိုယ်မှာတော့ အလွန်သက်တောင့်သက်သာဖြစ်နေရာ ဧကရာဇ်မှာ သူ့အားသန့်ရှင်းပေးထားပုံပင်။
"ဘုရင့်ကြင်ယာတော်" အစေခံတစ်ဦးက မျက်နှာသစ်ရန်ရေဇလုံကိုယူလျက်၀င်လာခဲ့သည်။
ပြီးသည်နှင့် သူ့အားခေါ်လာသည်။
လင်းရှောင်လည်း သူ့အားအလွန်ပျင်းရိစွာကြည့်လိုက်သည်။
အစေခံကဖြေလာသည်။
"အထိန်းတော် လီကအပြင်မှာရပ်စောင့်နေတာကြာပါပြီ"