မျှော်လင့်ထားသည့်အတိုင်းပင် လင်းရှောင် မြင်းမြှီးယပ်အစွန်းတစ်၀က်အား တံခါးမှမြင်လိုက်ရသည်။
လင်းရှောင်ထရပ်လျက် လျှောက်သွားလိုက်သည်။
"ဘုရင့်ကြင်ယာတော်" လင်းရှောင်တံခါးမှထွက်လာသည်နှင့် အထ်န်းတော်လီ ဒူးထောက်လျက် အရိုအသေပေးလိုက်သည်။
လင်းရှောင်လည်းတချက်သာကြည့်လျက် အမိန့်ပေးလိုက်သည်။
"ရပ်တော့ ဘာလျှောက်တင်စရာရှိလို့လဲ"
"အရှင်မင်းကြီးက ဒီနေ့မနက်ညီလာခံမှာ ကြင်ယာတော့်အကြောင်းကိုသတိရပြီး ကျွန်တော်မျိုးကို ကြင်ယာတော်ဆီ ခစားဖို့လွှတ်လိုက်တာပါ။ ပြီးတော့ ကြင်ယာတော်အတွက် မနက်စာလည်းပို့ပေးလိုက်ပါတယ်"
ပြောရင်းနှင့်ပင်ရှောက်လိဇီသည်လက်ကိုေ၀့ယမ်းလိုက်ရာ နောက်မှာအစေခံနှစ်တန်းကရှေ့သို့တက်လာခဲ့သည်။ အလွန်သေသပ်လှပသော အစားအသောက်တင်ဆောင်သည့် တွန်းလှည်းကိုယ်စီကိုတွန်းလျက်ပင်။
လင်းရှောင်လည်းတချက်ကြည့်လျက် အနီးကပ်အကဲခတ်ရန်အနီးသို့ ကပ်သွားလိုက်သည်။ နူးညံ့မွှေးကြိုင်သော မုန့်အချိုများမှာ တွန်းလှည်းနှင့်အပြည့်ပင်။
လင်းရှောင်မျက်မှောင်ကျုံ့လိုက်မိသည်။
ရှောင်လိဇီ ရှေ့သို့အမြန်ထွက်လျက် ရှင်းပြလာသည်။
"ဒါတွေကကြင်ယာတော်အတွက် အရှင်မင်းကြီးက ကျွန်တော်မျိုးတို့ကိုပြင်ဆင်စေခိုင်းခဲ့တာတွေပါ။
အရှင်က ကြင်ယာတော်ကိုအင်မတန်စိတ်ပူနေတာပါ"
ရှောင်လိဇီသည် တွန်းလှည်းပေါ်မှ စားဖွယ်ရာများကို တစ်ချက်ကြည့်လျက် ထပ္မံပြောလာခဲ့သည်။
"ကြင်ယာတော် သေချာကြည့်ပါဦး ၊ အရှင်မင်းကြီးက ကိုယ်ကိုယ်တိုင်အတွက်တောင်ဒီလိုမျိုးတစ်ခါမှ မပြင်ဆင်ခိုင်းခဲ့ဖူးပါဘူး၊ ကြင်ယာတော်အတွက်သာ အထူးပြင်ဆင်စေခဲ့တာပါ။ အရှင်ကကြင်ယာတော်ကို တကယ်ပဲ ဂရုစိုက်တာပါ။"
ရှောင်လိဇီအလွန်ယူကြုံးမရ၀မ်းနည်းနေသော အသွင်အပြင်မှာ မသိလျှင် အချစ်ခံရသည့်တစ်ဦးမှာ လင်းရှောင်မဟုတ်ပဲ၊ သူကိုယ်တိုင်ဖြစ်နေသယောင်ပင်။ ရှောင်လိဇီလည်းမိမိအမူအယာကို ပြန်သတိထားမိလျှင် အမြန်ပြန်ပြင်လိုက်ရပြီး အလွန်ရိုးကျိုးစွာဆိုလာပြန်သည်။
"ကြင်ယာတော် အရှင်မင်းကြီးက ဒီစားသောက်ဖွယ်ရာတွေအပြင် ဒါကိုလည်းကြင်ယာတော်ကိုဆက်သဖို့မှာလိုက်ပါတယ်"
လင်းရှောင်လည်း ရှောက်လိဇီလက်ဖဝါးပေါ်မှ သော့ထံသို့အကြည့်ပို့လိုက်သည်။
လင်းရှောင်ထံမှာ ပြန်ဖြေသံကိုမကြားရလျှင် ရှောင်လိဇီဆက်ပြောလိုက်သည်။
"ဒါက တော်၀င်ရတနာခန်းမရဲ့ သော့ပါ။ မတိုင်ခင်ကတော့ ဒီသော့ကို ကိုယ်လုပ်တော်ရှန်းကထိန်းသိမ်းထားရတာပါ။ ဒါပေမယ့်ဒီနေ့မှာတော့ အရှင်က ကြင်ယာတော်ကိုဆက်သဖို့ပြောလိုက်ပါတယ်။ ရတနာခန်းမထဲမှာ ကြင်ယာတော်ကြိုက်တဲ့ တစ်ခုခုရှိရင်လည်း ခွင့်တောင်းမနေပဲ၊ အလိုရွိသလိုယူဖို့ပြောလိုက်ပါတယ်"
ပြောပြီးနောက် ရှောင်လိဇီသည် ထိုသော့ကို လင်းရှောင်ထံကမ်းပေးလိုက်သည်။
လင်းရှောင်မျက်ခုံးပင့်လိုက်မိသည်။
ဧကရာဇ်၏ သဘောထားမှာ အမြဲသည်လို ကြီးမား ကြင်နာခဲ့သည်ပေလော။
သူ့ကိုသော့ကို တကယ်ကြီးဒီတိုင်းပေးလိုက်တာလား။
ကြိုက်တာလည်းတကယ်ယူလို့ရတယ်ပေါ့။
လင်းရှောင်မျက်လုံးတစ်ချက်တောက်ပလျက် ကျေနပ်စွာပြုံးလိုက်သည်။
ဧကရာဇ်ကသည်လောက်တောင်သဘောကောင်းနေမှတော့ သူကဘာကိုတွန့်ဆုတ်နေရဦးမှာလဲ။
သူရတနာခန်းမကိုအပြောင်သိမ်းလိုက်တာကိုသာ စောင့်ကြည့်နေလိုက်။ အဲက်တော့မှ ဧကရာဇ္က ဘယ္လိုသဘောထားကြီးနိုင်ဦးမလဲ ကြည့်ဦးမယ်။
လူချမ်းသာတွေကို မုန်းတီးသည့် အမူအယာမျိုးနှင့်
လင်းရှောင်မှာ မနက္စာကိုသုံးဆောင်ပြီးသည်နှင့် ရတနာခန်းမထံသို့ အကြံအစည်ကိုအကောင်အထည်ဖော်ရန် တန်းထွက်လာတော့သည်။
ထိုခန်းမသို့ရောက်တော့မှ မိမိမွာ မည်မျှအတွေးတိမ်ကြောင်းလင်းရှောင်သတိထားမိသွားရသည်။
ရတနာခန်းမ၏ကြီးမားသော အခန်းကြီး ငါးခန်းလုံးတွင် လူတစ်ယောက်စိတ်ကူးယဉ်နိုင်သမျှရတနာပစ္စည်းများအပြည့်အလျှံမို့မောက်လျက်ပင်။
ထိုပစ္စည်းအကုန်လုံးကို လင်းရှောင်အိပ်မက်ထဲ၌သာ အပြောင်အစင်သယ်ထုတ်နိုင်လိမ့်မည်။
လင်းရှောင်မှာ ခန်းမအားလျှောက်ပတ်အကဲခတ်ရင်း တနေရာတွင် စားပြဲပေါ်မှ နွေးသောကျောက်စိမ်းလက်ကောက်တစ်ကွင်းကိုတွေ့လိုက်ရတော့သည်။
လင်းရှောင်သည် တချက်မျှကြည့်လိုက်ရုံနှင့် ဤကျောက်စိမ်းလက်ကောက်မှာ ရတနာများအားလုံးထဲတွင် အထူးခြားဆုံးဖြစ်မှန်းသိသာသည့်တိုင် အဘယ်ကြောင့် ဤချောင်ကျသောစားပွဲပေါ်တွင် အထီးက်န္စြာရွိနေရသနည်းဟု နားမလည်နိုင်ဖြစ်နေမိသည်။
ထို့ကြောင့်ပင်လျှင် ဤကျောက်စိမ်းမှာအမှန်တကယ်အဖိုးတန်သလော မိမိဘာသာအမှတ်မှားနေခြင်းပေလောဟုမတွေးနိုင်ချေ။
လင်းရှောင်လည်းအတွေးများလျက်ကပင် ထိုစားပြဲဆီလျှောက်သွားလိုက်မိသည်။
ရှောက်လိဇီမှာ ဧကရာဇ်၏အမိန့်ကြောင့် လင်းရှောင်နောက်ပါးမှ အသာလိုက်လံခစားနေခဲ့သည်။
လင်းရှောင်သည် ထိုကျောက်စိမ်းကိုထိလိုက်သည်အား မြင်လိုက်ရလျှင် သူ၏မ်က္လုံးမ်ားကတောက်ပသွားခဲ့သည်။
သူသည် လင်းရှောင်ထံအမြန်လျှောက်သွားလိုက်ပြီး
ခါးကိုကိုင်းညွတ်လျက်ဆိုလိုက်သည်။
"ဒီကျောက်စိမ်းကိုသဘောတွေ့ပါသလား ကြင်ယာတော်"
"အင်း..." လင်းရှောင်သဘောတူသလို အသံတစ်ချက်ပြုလျက် အတွေးလွန်နေမိသည်။
ရှောင်လိဇီသည်လည်း လင်းရှောင်၏တွေေ၀နေမှုကိုမြင်လျှင် ချက်ချင်းလျှောက်တင်လာခဲ့သည်။
"ဒါဆို ဘာလို့ယူမကြည့်လိုက်တာလဲ ကြင်ယာတော်"
"..." ဘာတစ်ခုမျှမဆိုပဲ လင်းရှောင်လည်း ကျောက်စိမ်းလက်ကောက်ကို ကောက်ယုလိုက်သည်။ နူးညံ့ပြီး သက်တောင့်သက်သာဖြစ်သော နွေးထွေးမှုတစ်ခုက သူ့လက်ဖဝါးတစ်လျှောက်ပြန့်နှံ့သွားခဲ့သည်။
သေချာအနီးကပ်ကြည့်လျှင်အတွင်းတွင် ထွင်းထုထားသော အသက်၀င်လှသည့် ကျားရုပ်ကိုလည်းမြင်နိုင်သည်ပင်။ကျောက်စိမ်းမှာ အဖြူပေမို့ ကျားမှာလည်း အလွန်တော်၀င်ဆန်လှသော ကျားဖြူတစ်ကောင်ကဲ့သို့ပင်။
ကြည့်လေကြည့်လေ ထိုလက်ကောက်ကို လင်းရှောင်ပိုနှစ်သက်မိလေပင်။
ရှောက်လိဇီမှာ ထိုအချင်းအရာကိုမြင်လျှင် ထပ္မံလျှောက်တင်လာပြန်သည်။
"ကြင်ယာတော် ဒီကျောက်စိမ်းကိုအမှန်တကယ်သဘောကျရင် ဘာလို့မ၀တ်ကြည့်လိုက်တာလဲ"
လင်းရှောင်လှည့်လျက် စူးရဲစွာတစ်ချက်ကြည့်ပေးလိုက်သည်။ ရှောင်လိဇီ၏လျှောက်တင်ပုံဖြင့်
ထိုကျောက်စိမ်းလက်ကောက်မှာ သူ့အပိုင်လိုပြုမူနေပုံမှာ အလွန်မသက်မသာခံစားရစေသည်ပင်။
လင်းရှောင်နှုတ်ခမ်းကိုတွန့်ကွေးလိုက်မိသည်။
ရှောင်လိဇီအရှင့်နံဘေးတွင် ခစားသည်ကတည်းက လင်းရှောင်သူ့အား မကြည်ဖြူနိုင်တော့ခြင်းပင်။
ထို့ကြောင့် ရှောင်လိဇီဘာကိုပဲပြောပြော လင်းရှောင် အကောင်းမမြင်နိုင်ချေ။
သို့သော် ကျောက်စိမ်းလက်ကောက်ကိုမူအမှန်တကယ်သဘောကျသည်မို့ လင်းရှောင်ယူလာခဲ့လိုက်သည်။
ရတနာခန်းမမှထွက်လာသည်နှင့် ရှောင်လိဇီမှာ ကိုယ်လုပ်တော်ရှန်းထံခစားရမည်ဟုအကြောင်းပြချက်ဖြင့် ထြက္ခြာသြားတော့သည်။
ရတနာခန်းမသော့မှာ အျမဲ ကိုယ်လုပ်တော်ရှန်းလက်ထဲတွင်သာရှိခဲ့တာဖြစ်သည်။ အထဲသို့၀င်သူဖြစ်စေ ထွက်ခွာသူဖြစ်စေ ကိုယ်လုပ်တော်ရှန်းထံ စာရင်းနှင့် တကြလျှောက်တင်ရတာဖြစ်သည်။
အတွင်းရှိပစ္စည်းစာရင်းကလည်း ကိုယ်လုပ်တော်ရှန်းလက်ထဲတွင်ရှိတာဖြစ်သည်။ ဧကရာဇ်ကလင်းရှောင်အား ခန်းမသော့ကိုပေးလိုက်သော်ငြား အရံသော့မှာ
ကိုယ်လုပ်တော်ရှန်းလက်ထဲတွင်ရှိဆဲပင်။ လင်းရှောင်မှာ မိမိဆန္ဒရှိရာကို လွတ်လပ်စွာယူငင်နိုင်သည့်တိုင် ကိုယ်လုပ်တော်ရှန်းထံသွားလျက် ယူခဲ့သည့်ပစ္စည်းကိုပြဦးမှာဖြစ်သည်။ သို့လျှင် ရတနာခန်းမတွင်းမှပစ္စည်းများ၏စာရင်းမှာ သူမထံတွင် မပျက်မယွင်းရှိနေလိမ့်မည်။
ဧကရာဇ်သည် လင်းရှောင်ဘာကိုပဲယူယူ လျှောက်တင်စရာမလိုဟုဆိုသော်ငြား သိချင်စိတ်ဖြစ်လာလျှင်လည်း ထိပစ္စည်းစာရင်းကိုတချက်မျှကြည့်လိုက်ရုံဖြင့် သိနိုင်လိမ့်မည်။
ဧကရာဇ်သည် ရှောင်လိဇီအားဤအမိန့်ကိုဆောင်ရွက်စေကတည်းက ထိုအကြောင်းကို လင်းရှောင်အား မသိစေရန်ဖုံးကွယ်ထားပြီးသားပင်။
သို့သော် လင်းရှောင်မှာ မူလကတည်းက ဥာဏ္ကလေးကထက်ချေပြီးသားမို့ အတိတ္ဘ၀မွအကြောင်းအရာများကိုအခြေခံလျက် ထိုစာရင်းစာအုပ်ကို ကိုယ်လုပ်တော်ရှန်းမှထိန်းသိမ်းထားကြောင်းရိပ်မိလေသည်။
ဧကရာဇ်မှာလင်းရှောင်အား သော့ကိုအပ်နှင်းခဲ့သော်လည်း စာရင်းစာအုပ်ကိုမူမပေးခဲ့ချေ။ တွေးတတ်လျှင် သော့အပိုသည်လည်း ကိုယ်လုပ်တော်ရှန်းလက်ထဲတွင်ရှိနေမည်ဖြစ်ကြောင်းသိနိုင်သည်သာ။
ထို့ကြောင့် ဧကရာဇ်မှတဆင့် သိစေသည်နှင့်စာလျှင် သူကိုယ်တိုင် သြား၍ ကိုယ်လုပ်တော်ရှန်းအားအသိပေးလိုက်တော့မည်။
ထိုအတွေးများဖြင့် လင်းရှောင်လည်း ကိုယ်လုပ်တော်ရှန်း၏နန်းဆောင်သို့ဦးတည်လိုက်တော့သည်။
လင်းရှောင်လည်း ဧကရာဇ်၏အတွေးကိုခန့်မှန်းမိလေသည်။
သို့နှင့်ရှောင်လိဇီကိုယ်လုပ်တော်ရှန်းနန်းဆောင်သို့ရောက်ချိန်တွင် လင်းရှောင်သည်လည်း တချိန်တည်းရောက်လာခဲ့တော့သည်။
လင်းရှောင်နှင့်ရှောင်လိဇီသည် နန်းဆောင်ရှေ့ခန်းမ၌ ကိုယ်လုပ်တော်ရှန်းထွက်အတွေ့ကိုစောင့်နေကြသည်။
ဤတွင် လင်းရှောင်လည်း မိမိနံဘေးမှရိုကျိုးစွာရပ်
နေသောရှောင်လိဇီ၏မျက်နှာသည်တမဟုတ်ခြင်း ဖြူဖျော့သွားသည်ကိုတွေ့လိုက်ရတော့သည်။ လင်းရှောင်လည်းမျက်ခုံးကိုပင့်လျက် ရှောင်လိဇီမိမိကိုအခုလေးတင်ပေးခဲ့သောဆင်ခြေမှာ အတုဖြစ်ကြောင်း သတိရသွားခဲ့သည်။
ဘယ်လောက်တောင်ရဲတင်းလိုက်သလဲ၊
မည်သို့ပင်ဆိုစေကာမူ ရှောင်လိဇီကသူ့လက်အောက်မှလူမဟုတ်ခဲ့သည်တိုင် သူ့နံဘေးတွင်အချိန်တစ်ခုထိခစားခဲ့သည်သာ။ ယခုမူ ကိုယ်လုပ်တော်ရှန်းထံ လက်အောက်ခံဖို့ရွေးလိုက်ချေသလော။
လင်းရှောင်၏အေးစက်သောအပြုံးကိုမြင်လျှင် ရှောင်လိဇီမှာကြောက်ရွံ့မှုကြောင့်တုန်လှုပ်သွားတော့သည်။ သူကအလျင်အမြန်မြေပြင်ပေါ်ဒူးထောက်ချလျက် တောင်းပန်လာတော့သည်။
"ဘုရင့်..ဘုရင့်ကြင်ယာတော် ခွင့်လွှတ်တော်မူပါ။
ရှောင်လိဇီလိမ်ညာဖို့မရည်ရွယ်ပါဘူး။ အရှင်က ကြင်ယာတော်ယူတဲ့ပစ္စည်းကို ကိုယ်လုပ်တော်ရှန်းဆီလျှောက်တင်ခိုင်းထားလို့ပါ "
"..." လင်းရှောင်မျက်မှောင်ကျုံ့မိလိုက်သည်။
"ဧကရာဇ်ကမင်းကို ဒီကိုလာခိုင်းတာပေါ့၊ အမှန်အတိုင်းပြောနေတာလား"
ရှောင်လိဇီကညှိုးငယ်နေသောမျက်နှာနှင့် လျှောက်တင်လာသည်။
"ဒီငယ်သားမလိမ်ရဲပါဘူး ကြင်ယာတော်"
"ဟမ့်" လင်းရှောင် နှာမှုတ်လိုက်သည်။
"မင်းမလုပ်ရဲတာများရှိသေးလို့လား"
ရှောင်လိဇီတုန်လှုပ်လျက် ခေါင်းကိုကြမ်းပြင်နှင့်ထိကပ်ကာဆိုလာသည်။
"ဒီငယ်သားမှားယွင်းစွပ်စွဲခံရတာပါ"
"စြပ္စြဲခံရတာဟုတ္လား။" လင်းရှောင်မေးလိုက်သည်။
"ဒါဆိုငါ့ဆီကဖုံးကွယ်ပြီး ကိုယ်လုပ်တော်ရှန်းကို လာတွေ့ဖို့ရော အရှင်ကအမိန့်ပေးထားတာလား"
ဧကရာဇ်ကဲ့သ်ု့ထက်မြက်သောသူက အလြယ္တကူဖော်ထုတ်ခံရမည့်ကိစ္စမျိုးကို လင်းရှောင်ဆီကမည်သို့ဖုံးကွယ်ထားလိမ့်မည်နည်း။
လင်းရှောင် စိတ်တိုစွာရယ်လိုက်ပြီး ဒူးထောက်နေသော ရှောင်လိဇီအား ကြည့်လိုက်သည်။ ရှောင်လိဇီမှာကြောက်ရွံ့မှုကြောင့်တုန်လှုပ်လျက် ဘာကိုမှမဆိုနိုင်တော့ချေ။
"ဘာတွေဖြစ်နေတာလဲ" နူးညံ့သော အမျိုးသမီးအသံတစ်ခုက ပျံ့လွင့်လာခဲ့သည်။ လင်းရှောင်နောက်သို့လှည့်ကာ ကြည့်လိုက်မိသည်။
၄င်းမှာ အဝါရောင်၀တ်စုံကို၀တ်ထားသော ကိုယ်လုပ်တော်ရှန်းပင်ဖြစ်သည်။
သူမ၏ယခုပုံစံမွာ ဧကရာဇ္နံဘေးမှာရှိနေစဉ်ကပုံစံနှင့်ကွဲပြားနေသည်။
လက်ရှိသူမမှာရွှေပန်းထိုးထားသော၀တ်ရုံကို၀တ်ဆင်လျက် မိတ်ကပ်ပါးပါးလေးသာလိမ်းကျံထားခဲ့သည်။ ဆံပင်တွင်မူ ရွှေဆံထိုးလေးတစ်ချောင်းကိုသာထိုးထားလျက် သူမကိုယ်မှရွှေရောင်ဖျော့ဖျော့လေးလျှံကျနေသလိုပင်။
လင်းရှောင် မျက်လုံးကိုကျုံ့လိုက်မိသည်။
ကိုယ်လုပ်တော်ရှန်းမှာလက်မောင်းမှ အတွဲခံထားရလျက် အားနည်းစွာအရိုအသေပေးလာသည်ကို ကြည့်နေမိသည်။
"ဘုရင့်ကြင်ယာတော်ကိုအရိုအသေပေးပါတယ်"
လင်းရှောင်တိတ်ဆိတ်သွားမိသည်။
မူတိုင်းပြည်ဧကရာဇ်၏ကြင်ယာတော်မှာ မိဘုရားခေါင်ကြီးနှင့်ပင်အလားသဏ္႑ာန်တူသည်။ သို့သော် ကိုယ်လုပ်တော်ရှန်းမှာ မောင်းမဆောင်ကို ဦးစီးနေရသည်ဖြစ်ရာ သူ့ကိုအမှန်တကယ်ဦးညွတ်စရာမလိုပေ။
လောလောဆည်တွင် သူမ၀တ်စားထားပုံနှင့် သနားစဖွယ်ပြုမူနေပုံမှာ လင်းရှောင်ကသူ့မကိုအနိုင်ကျင့်နေသလိုပင်။
"ဒီမိန်းကလေးက အလုပ္မ်ားနေတာကြောင့် ကြင်ယာတော်ကိုအရိုအသေပေးဖို့အချိန်မရခဲ့ပါဘူး။ ဘုရင့်ကြင်ယာတော်ကိုယ်တိုင် နန်းဆောင်က်ုကြွလာစေမိတာက ဒီမိန်းကလေးရဲ့ပေါ့လျော့မှုပါ။ ခွင့်လွှတ်တော်မူပါ"
"..."လင်းရှောင်နှုတ်ခမ်းကိုတွန့်လိုက်မိသည်။
အတိတ်ဘ၀တွင်မူ မိုရွှီနှင့် ဤကိုယ်လုပ်တော် ရှန်း
တစ်ယောက်ကိုတစ်ယောက် အပြန်အလှန်တိုက်ခိုက်နေကြစဉ် မိမိကနောက်ကွယ်မှသာ အကြံအစည်တွေထုတ်ပေးခဲ့တာဖြစ်သည်။ သို့သော် လက်ရှိအခြေအနေအရလင်းရှောင်မှာ မိမိမိုရွှီနေရာကိုရောက်နေသလိုခံစားလိုက်ရသည်။
သူကအခုကိုယ်လုပ်တော်တွေနဲ့ပါ ရန်ဖြစ်ပေးရတော့မှာလား။
အတွေးနှင့်တောင်ကြောက်လှသဖြင့်လင်းရှောင်ခေါင်းကိုခါလိုက်မိသည်။ လင်းရှောင်လည်းလည်ချောင်းကိုရှင်းလျက်ဆိုလိုက်သည်။
"ထပါ၊ ငါမင်းကို အပြစ်တင်ဖို့လာတာမဟုတ်ဘူး"
စကားလည်းအများကြီးမပြောချင်သဖြင့် ကျောက်စိမ်းလက်ကောက်ကိုသာတိုက်ရိုက်ထုတ်ပြလိုက်သည်။
"ငါဒီကျောက်စိမ်းကိုလိုချင်တယ်"
ဆိုလိုသည်က စာရင်းစာအုပ်တွင်ချမှတ်စေရန်ပင်။
သို့သော် ထိုကျောက်စိမ်းကိုမြင်သည်နှင့် သူမ၏အမူအယာမှာအလွန်ထိတ်လန့်သွားခဲ့သည်။ သူမကနှုတ်ခမ်းကိုဖွင့်လျက် တစ်ခုခုဆိုရန်ပြင်လ်ုက်သော်ငြား ပြောမထွက်နိုင်သကဲ့သို့ တွန့်ဆုတ်နေခဲ့ပြန်သည်၊
"ဘာဖြစ်လို့လဲ" လင်းရှောင်မျက်မှောင်ကျုံ့လိုက်မိသည်။
"ကိုယ်လုပ်တော်ရှန်းမှာပြောစရာရှိရင် ဒီတိုင်းပြောလိုက်ပါ"
ကိုယ်လုပ်တော်ရှန်းလည်းနှုတ်ခမ်းကိုတင်းတင်းစေ့လျက် တခဏခန့်တွန့်ဆုတ်နေပြီးမှဆိုလာသည်။
"ဒါက.. ကြင်ယာတော်ဘာကြောင့်ဒီပစ္စည်းကိုလိုချင်ရတာလဲ"
"ဒါကသိပ္တန္ဖိုးရွိလို့လား၊ ငါယူလို့မရဘူးလား" လင်းရှောင်မျက်ခုံးကိုပင့်လျက် ခန့်မှန်းလိုက်သည်။