ကိုယ်လုပ်တော်ရှန်းကခေါင်းကိုခါလျက် ပြုံးကာဆိုလာသည်
လင်းရှောင်စိတ်ရှုပ်ထွေးနေစဉ် ကိုယ်လုပ်တော်ရှန်းမှဆက်ပြောလာခဲ့သည်။
"ဒီကျောက်စိမ်းကအမှန်ကိုအဖိုးတန်တဲ့ပစ္စည်းပါ။ ဒါပေမယ့် ဒီပစ္စည်းနဲ့ပါတ်သတ်ပြီးလည်းနန်းတွင်းမှာ ရာဇ၀င်တစ်ခုရှိပါသေးတယ်။ ဒီပစ္စည်းကို ဧကရာဇ်ကိုယ်တိုင်ရှေးနှစ်တွေတုန်းကလက်ခံရရှိခဲ့တာပါ ဒါပေမယ့်လည်းနောက်တော့ အရှင်ကဒီမိန်းကလေးကို ဒီပစ္စည်းကို သိမ်းထားလိုက်ဖို့သာပြောပါတယ်၊ ပြီးတော့ဒီပစ္စည်းကိုထိတဲ့သူမှန်သမျှ ခေါင်းဖြတ်လိုက်ဖို့လည်းအမိန့်ပေးခဲ့ပါတယ်"
လင်းရှောင်လည်းရင်ထဲမှာ ဒိန်းခနဲတစ်ချက်ခုန်သွားလျက် ကိုယ်လုပ်တော်ရှန်းကိုကြည့်လိုက်မိရာ ကိုယ်လုပ်တော်ရှန်းမှာ သူ၏အမူအယာကိုအကဲခတ်နေကြောက်းတွေ့လိုက်ရတော့သည်။ သူ၏အမူအယာမှာချက်ချင်းပြန်တည်ငြိမ်သွားလျက် အလွန်မထူးမခြားနားစွာသူမအားကြည့်လိုက်လေသည်။
ကိုယ်လုပ်တော်ရှန်းလည်းခေါင်းငုံ့လျက် ထပ္မံလျှောက်တင်လာသည်။
"ဒါကြောင့် ဘယ္သူမွဒီကျောက်စိမ်းကိုမထိရဲခဲ့တာကြာပါပြီ။နန်းတွင်းထဲကလူတွေအကုန်လုံးက ဒီကျောက်စိမ်းကို ကံဆိုးမွုလို သဘောထားပြီး ထိတဲ့သူမှန်သမျှလည်းခေါင်းဖြတ်ခံရတာပါပဲ"
ကိုယ်လုပ်တော်ရှန်းက၀မ်းနည်းစွာသက်ပြင်းချလျက်ဆိုလာပြန်သည်၊
"နှစ်တွေလည်းကြာခဲ့ပြီဆိုတော့ အရှင်လည်း ဒီကျောက်စိမ်းကိုမေ့သွားလောက်ပါပြီ။ဒါကြောင့်လည်း ကြင်ယာတော်ကိုသတိပေးဖို့မေ့သွားတာဖြစ်မှာပါ"
"..." လင်းရှောင် သူ့လက်ထဲမှကျောက်စိမ်းကိုငုံ့ကြည့်လိုက်မိသည်။
နွေးထွေးသော ကျောက်စိမ်းဖြူကသူ့၏လက်ဖဝါးကိုအလွန်နူးညံ့သောအတွေ့ကိုပေးသည်။ တချိန်ကတစ်စုံတစ်ဦးမှာ ဤကျောက်စိမ်းကို အကြိမ်ကြိမ်ထိတွေ့ခဲ့ဖူးသလိုပင်။လင်းရှောင်ဤကျောက်စိမ်းကိုအမှန်တကယ်သဘောကျလှသည်။ သူကအံကိုကြိတ်လျက်ထိုကျောက်စိမ်းကိုတင်းတင်းဆုပ်၍ ကိုယ်လုပ်တော်ရှန်းအားကြည့်လိုက်သည်။
"ငါဒီကျောက်စိမ်းကိုနှစ်သက်တယ်၊ ငါကိုယ်တိုင်ပဲ အရှင့်ကိုသွားသတင်းပို့မှာမို့ မင်းစာရင်းထဲထည့်မှတ်စရာမလိုဘူး"
ကိုယ်လုပ်တော်ရှန်းမှာအကြာကြီးတိတ်ဆိတ်နေပြီးမှ ခေါင်းငုံ့လျက်ဆိုလာခဲ့သည်။
သူမခေါင်းကိုငုံ့ထားသည်ဖြစ်၍ သူ့အမူအယာကို မမြင်နိုင်ချေ။
လင်းရှောင်သည်လည်း သူတပါးအထင်အမြင်ကိုဂရုစ်ုက်ဖို့ပျင်းလွန်းနေသဖြင့် နောက်သို့လှည့်ကာ ထွက်သွားရန်ပြင်လိုက်သည်။
သို့သော်သူထွက်သွားရန်ပြင်လိုက်စဉ် သူ၏မ်က္စိထောင့်မှ ရင်းနှီးနေသောအရိပ်တစ်ခုအားတွေ့လိုက်ရတော့သည်။
အနီရောင်ချည်ထည်စကပ်ကို၀တ်ဆင်လျက် ရွှေဆံထိုးကိုပန်ကာ အလွန်လှပသောအမျိုးသမီးတစ်ဦးက ရှေ့သို့လျှောက်လာခဲ့သည်။
၄င်းမှာတချိန်တခါက သူ့အားအကွက်ချကြံစည်ဖူးသူ ဟုန်ယဲ့ပင်ဖြစ်ချေတော့သည်။
လင်းရှောင်ရပ်တန့်သွားလျှင် ဟုန်ယဲ့သည်လည်းမထင်မှတ်ထားသောဆုံတွေ့မှုကြောင့် လန့်သွားသည့်တ်ုင် ခါးကိုက်ုင်းလျက် သင့်လျော်စွာ အရိုအသေပြုဆဲပင်။
"ကြင်ယာတော် ကျန်းမာပါရဲ့လား"
"..."လင်းရှောင်မှာဟုန်ယဲ့ကိုကြည့်လျက်ဘာကိုမှမဆိုမိချေ။
ဧကရာဇ်သည် သူ့တွင်လင်းရှောင်အတွက်သည်းခံနိုင်သည့်စည်းဆိုသည်မျိုးမရှိသဖြင့် အမြဲခွင့်လွှတ်ပေးခဲ့ခြင်းဖြစ်သည်ဟုဆိုခဲ့သေည်လည်း ဧကရာဇ်မှာအမြဲတစေ တင်းကြပ်သောစဉ်းမျဉ်းရှိသူသာဖြစ်သည်။
သို့ဆိုလျှင်တောင် ဟုန်ယဲ့ကမူ အဘယ်ကြောင့် အပြစ်ပေးမခံရပါသနည်း။
ထိုအကြောင်းအရာမှာ လင်းရှောင်အား စိတ်အနှောင့်အယှက်ပေးလွန်းနေခဲ့သည်။
ထို့အပြင်သူမမှာ ကိုယ်လုပ်တော်ရှန်းနန်းဆောင်တွင်လည်းနေထိုင်နေပြီး တနည်းဆိုရလျှင် ဧကရာဇ်ကိုယ်တိုင်လည်း၄င်းကိုခွင့်ပြုထားပုံပင်။
'အရှင်တကယ်ပဲဘာတွေများတွေးနေတာလဲ'
လင်းရှောင်းနှုတ်ခမ်းက်ုစေ့လျက် အေးစက်စွာဆ်ုလိုက်သည်။
ဟုန်ယဲ့ နှုတ်ခမ်းကိုကိုက်လျက် ထရပ္လိုက္ကာ လင်းရှောင်အတွက် ဘေးသို့ကပ်ကာလမ်းဖယ်ပေးလာသည်၊
လင်းရှောင်မှာ ဟုန်ယဲ့ နှင့်ပါတ်သတ်၍ ဧကရာဇ်၏အတွေးကိုလည်းသိချင်သကဲ့သို့ ဟုန်ယဲ့၏ခေါင်းထဲတွင် မည်သည့်အရာတွေရှိနေမည်လဲ ထပ်တူသိချင်မိလေသည်။
သူ့အပေါ်သူမဆက်ဆံပုံမှာ ကောင်းမွန်သည်ဟုဆိုနိုင်ပြီး တချိန်ကဆိုလျှင် သူမ သူ့အတွက် အမွန္တကယ္စိတ္ပူပေးသည်ဟုပင် ယုံခဲ့မိသည်အထိ။ သူကိုယ်တိုင်တောင်သူမအတွက်အကပညာကိုသင်ပေးလိုခဲ့သော်လည်း သူမကမူ သု့အားချောက်ချရန် ကြံစည်ရဲခဲ့သည်။ သူမခေါင်းထဲမှ အလုပ္လုပ္ပုံကို သူအမှန်တကယ်စိတ်၀င်စားမိလှသည်။
လင်းရှောင် သူမကိုစိုက်ကြည့်လျက် သူမ၏အမူအယာကိုဖတ်ရန်ကြိုးစားနေမိသည်။
ဟုန်ယဲ့ကမူ အပြစ်မကင်းသည့်အလား ခေါင်းကို အတင်းပင်ငုံ့၍ထားခဲ့သည်။
လင်းရှောင်ကထိုထက်ပိုခြိမ်းခြောက်ချင်ခဲ့သော်လည်း သူမ၏ပြုမူနေပုံကြောင့် မေးချင်စိတ်ပင်မရှိတော့ချေ။ သူကသက်ပြင်းကိုသာချလျက် ဆိုလိုက်သည်။
" မင်းလည်းတာ၀န်ကျေပွန်ပါစေ"ထို့နောက်နောက်သို့လှည့်ကာထွက်ခွာသွားတော့သည်။
"ဟုန်ယဲ့ ဘယ္လိုလဲ၊ ဒီနေ့မနက်က အရှင့်ဆီပို့ပေးလိုက်သေးလား"
တမင်ရည်ရွယ်၍ပေလောဟုမသေချာစွာပင် သူခပ်ေ၀းေ၀းသိူ့မရောက်သေးခင်မှာပင်ကိုယ်လုပ်တော်ရှန်း၏စကားကိုလင်းရှောင်ကြားလိုက်ရတော့သည်။
လင်းရှောင်ခဏမျှတန့်သွားသော်လည်း လက်သီးကိုတင်းတင်းဆုပ်လျက် ထြက္သြားရန္သာရွေးချယ်လိုက်သည်။
"ဘုရင့် ကြင်..ကြင်ယာတော်.." တုန်လှုပ်အားနည်းလှသော အသံတစ္ခုက နောက်မှခေါ်လာခဲ့သည်။ ၄င်းမှာ ယခုလေးတင် လက်ပူးလက်ကြပ်မိလိုက်သော ရှောင်လိဇီပင်ဖြစ်ချေတော့သည်။
သူသည် ရှောင်လိဇီအား ပြန်ဖြေချင်စိတ်မရှိသည်မို့ ခပ်မြန်မြန်လျှောက်လာလျှင် ထိုလူမွာ နောက်တွင် ညှိုးငယ်စွာကျန်ရစ်လေသည်။
လင်းရှောင်မိမိနန်းဆောင်သို့ပြန်ရောက်သည်နှင့် သူ၏တည်ငြိမ်သောအသွင်အပြင်မှာခွာချခံလိုက်ရပြီး အလွန်စိတ်သောကရောက်နေသည့်ဟန်ကပေါ်လာခဲ့သည်။ သူသည်တံခါးကို ကြမ်းတမ်းစွာ တွန်းဖွင့်လိုက်ပြီး ဒေါသတကြီး၀င်လာခဲ့သည်၊
သူထွက်မလာခင်ကြားလိုက်ရသောထို စကားမ်ားမွာ သူကြားအောင်တမင်ရည်ရွယ်ပြီးပြောခြင်းမှန်းသိသာလှသည်။ ထို့ကြောင့်ပင်ရှောင်လိဇီပြောခဲ့သည်တို့မှလအမှန်ဟု ယုံမိတော့မလိုပင်။
ကိုယ်လုပ်တော်ရှန်း၏ပုံစံမှာ သူတပါးကိုအခက်တွေ့အောင်မလုပ်လောက်ဟုထင်ရသော်လည်း ကွယ်ရာတွင်မှု သူမမွာ အကြံအစည်ရှိပြီးသားပင်။
လင်းရှောင်ဒေါသတကြီး တံခါးကိုပိတ်လိုက်ပြီးမှ အတွင်းဘက်ရှိ အနက်ရောင်မျက်လုံးတစ်စုံကို တွေ့လိုက်ရရလျှင် ထိတ်လန့်သွားရသည်။ သေချာကြည့်မိတော့မှ ၄င်းမှာ စားပွဲတွင် ထိူင်နေသော ဧကရာဇ်ပင်ဖြစ်ချေတော့သည်။
လင်းရှောင်ကိုယ်ကိုအမြန်ကိုင်းလျက် အရိုအသေပေးလိုက်သည်။ သို့သော် ဧကရာဝ်ကဦးစွာထရပ်လျက် ဆ်ုသည်။
"အ..အရှင်.. ဒီမွာစောင့်နေတာဘယ်လောက်များ ကြာပါပြီလဲ"သူ၏ယခုလေးတင် ပြုမူနေပုံက်ုသတိရရလျှင် တုန်လှုပ်စွာမေးလ်ုက်မိသည်။
သူ့အား စိုက်ကြည့်နေလျက်ပင်လဧကရာဇ်မှပြန်ဖြေလာခဲ့သည်။
"ဒီမှာဘယ်လောက်ကြာကြာစောင့်နေသလဲကအရေးမကြီးဘူး။ အရေးကြီးတာက ကိုယ်တော်မမြင်သင့်တာ ဘယ်လောက်များများမြင်သွားခဲဆိုတာပဲ"
"..."လင်းရှောင်၏မျက်နှာမှာ ရှက်ရွံ့မှုကြောင့်နီရဲလျက် မျက်ခုံးများလည်း တွန့်ကွေးသွားခဲ့သည်။ဧကရာဇ်မှာ ရှေ့သို့လျှောက်လာခဲ့ပြီး ထိုမ်က္ခုံးမ်ားကို လက်ချောင်းလေးဖြင့်ပွတ်သပ်လာခဲ့သည်၊
လင်းရှောင်၏ ကိုယ်မှာတောင့်တင်းသွားခဲ့သည် သို့သော် အထိအတွေ့ကိုမူမငြင်းဆန်ခဲ့ချေ။
ထိုငြင်သာသောပွတ်သပ်မှုလေးက အနည်းငယ်ယားယံစေသည့်အပြင် သူ၏ကိုယ်တွင်းကပါ မသိမသာ ပူလောင်လာစေသည်။
ဧကရာဇ်မှာလည်း သူ၏ပြောင်လဲမှုလေးကိုသတိထားမိလျှင် လက်ကိုချက်ချင်းပြန်ရုတ်လျက် သူ၏ခါးကိုပွေ့ဖက်လိုက်ကာစားပွဲဆီသို့သြားတော့သည်။
"ကိုယ်တော့်ရဲ့ ကြင်ယာတော်ကို ဘယ္သူကမ်ား မပျော်ရွှင်အောင်လုပ်တာလဲ"
လင်းရှောင်လညိးတန့်သွားပြီး ယခုလေးတင် သူ၏ဒေါသကြီးအပြုအမူကိုမေးနေခြင်းဖြစ်မှန်း သတိထားမိလိုက်သည်။
မူလတွင် လင်းရှောင်မှာ ကိုယ်လုပ်တော်ရှန်းနှင့်ပါတ်သတ်သောကိစ္စကိုမေ့ပစ်လိုက်ရန်သာပြင်ထားသော်လည်း စားပြဲပေါ်ရှိ ဟင်းပွဲတချို့နှင့်မုန့်အချိုတို့ကိုတွေ့လိုက်ရသည်။ ဟင်းပွဲတချို့မှာ တို့ထိခံထားရပုံပေါ်ပြီး ဧကရာဇ်ရှေ့မှ ဆံပြုတ်ပန်းကန်မှာပင် ယခုလေးတင်သောက်ထားသကဲ့သို့ ယုတ်လျော့နေခဲ့သည်။
လင်းရှောင်လည်းမိမိထွက်မလာခင်ကြားခဲ့သော စကားနှင့်ဆက်စပ်လျက် တွေးမိလျှင် တကိုယ္လုံးအေးခဲသွားရတော့သည်။
သူကအချိုပွဲများကိုကြည့်လျက် ခက်ခဲစွာတံတွေးကိုမြိုချကာ မေးလိုက်မိသည်။
"အရှင်ဒါက အရှင့်ရဲ့ မနက္စာမ်ားလား။ ဘယ်သူပို့တာပါလိမ့်"
"ကိုယ်လုပ်တော်ရှန်းက တစ်ယောက်ယောက်ကို လာပို့ပေးခိုင်းတာ ၊ ဘာလို့လဲ"
တမင်ရည်ရွယ်သည်လားမသိသော်ငြား ဧကရာဇ်မှာ ဟုန်ယဲ့၏အမည်ကို ထည့်မပြောခဲ့ချေ။
လင်းရှောင်၏နှလုံးသားမှာအေးခဲသွားပြီး ပြုံးရန်ကြိုးစားလိုက်သည်။
"ဟင့်အင်း၊ ဘာမှမဟုတ်ပါဘူးအရှင်"
ဧကရာဇ်၏လက်ကိုလည်းမသိမသာတွန်းထုတ်လိုက်ရာ ဧကရာဇ်လည်းထိုအပြုအမူကြောင့် မ်က္လုံးကိုမကျေနပ်စွာမှေးကျဉ်းလိုက်မိလေသည်။
သို့သော် လင်းရှောင်တစ်ယောက် ထိုစားပြဲပေါ်မှ အချိုပွဲများကို စိုက်ကြည့်နေသည်ကိုသာတွေ့လိုက်ရသည်။ ၄င်းမှာ မိမိပိုင်နက်ကိုကျူးကျော်ခံရသော ကျားတစ်ကောင်၏အကြည့်မျိုးပင်ဖြစ်သည်။
ဧကရာဇ်လည်းမျက်ခုံးကို အသာပင့်လိုက်မိလေသည်။ ထို့နောက် လင်းရှောင်၏ထိုအပြုအမူသေးသေးလေးမှာ ခ်စ္စရာကောင်းသည်ဟုတွေးမိလျက် မနေနိုင်ပဲပြုံးမိသွားရတော့သည်။ ထို့နောက် လင်းရှောင်ကိုစနောက်လိုသဖြင့် ထိုအချိုပွဲများကို ယူလျက် အကိုက်အနည်းငယ်စားပြလိုက်သးသည်၊
ထိုအပြုအမူကြောင့် လင်းရှောင်မှာ အချိုပွဲများကိုသာကြည့်မနေတော့ပဲဧကရာဇ်ကိုပါ စူးရဲစွာကြည့်လာခဲ့သည်။ ထိုမ်က္လုံးလေးများကို ဧကရာဇ်လျစ်လျူရှုချင်လျင်တောင် မရှုနိုင်ချေ။
ထို့အပြင်ဧကရာဇ်ကိုယ်တိုင်လည်း လျစ်လျူရှုဖို့ မစဉ်းသားထားချေ။ သူကခေါင်းကိုလှည့်လျက်ကြည့်လိုက်ပြီး မျက်လုံးများကလည်း ရန္လိုနေသောကြောင်ပေါက်လေးကို ကျီစယ်လိုသော ချစ်ရိပ်များနှင့်ပြည့်နှက်နေခဲ့သည်။