အပိုင်း ၈၁
Viewers 12k

လင်းရှောင်လည်းအနည်းငယ်အံ့အားသင့်သွားမိသည်။ ဧကရာဇ်၏အကြည့်မှာအလွန်တဲ့တိုးဆန်လှသည်မို့ နှလုံးခုန်မြန်လာမိကာ ဒေါသအနည်းငယ်ကလည်းပြေလျော့သွားခဲ့သည်။
ထိုတောက်ပသောမျက်လုံးများနှင့်ရင်ဆိုင်ရသောအခါ လင်းရှောင်မှာ နူးညံ့သွားရပြီး နှလုံးသားပင် ဖွင့်၍ကြည့်ခံလိုက်ရသလိုပင်။ဒေါသအရိပ်အယောင်များက လွင့်ပျယ်သွားပြီး လင်းရှောင်မျက်နှာကရှက်ရွံ့မှုနှင့် ရဲတွတ်လာခဲ့သည်၊
ဧကရာဇ်ကဒါကိုမြင်လျှင်မှစကားစလာခဲ့သည်။
"ကိုယ်တော်မင်းကိုအခွင့်အရေးတစ်ခါထပ်ပေးမယ်၊ကိုယ်တော့်ကိုဘာလုပ်စေချင်တာလဲ၊ ပြောပါ၊ ကိုယ်တော်မင်းပြောတာကိုလိုက်လျောပေးမယ်"
တမင်ပင်လား ရည်ရွယ်၍လားတော့မသိသော်လည်း ဧကရာဇ်၏အကြည့်များက စားပြဲပေါ်ရှိ အချိုပွဲများထံေ၀့၀ဲနေခဲ့သည်။
လင်းရှောင်ကဲ့သို့ပါးနပ်သူဆိုလျှင် ဧကရာဇ်၏ရည်ရွယ်ချက်ကို ချက်ချင်းသဘောပေါက်မိပြီးနောက် သူ၏ဒေါသများမှာ ချက်ချင်းမှိန်ဖျော့သွားရတော့သည်။
သူပြုံးလိုက်ကာ တမဟုတ်ချင်းပင်လျှောက်တင်လိုက်တော့သည်။
"အရှင် ၊ ဒီအချိုပွဲတွေအားလုံးကို ကိုယ်လုပ်တော်ရှန်းဆီသာပြန်ပို့ပေးလိုက်ပါ"
"..."ဧကရာဇ်ကမျက်ခုံးကိုအသာပင့်လျက် ဘာကိုမျှမဆိုချေ။
လင်းရှောင် ရပ်တန့်သွားကာ အနည်းငယ်စိတ်ပူသွားမိသည်။ သူမ်ား ဧကရာဇ်၏စကားကိုအဓိပ္ပါယ်တလွဲကောက်မိသည်လော။ အချိုပွဲနှင့်ပါတ်သတ်၍ဖြေရှင်းရန်အချက်ပေးနေခဲ့ခြင်းမဟုတ်ဘူးလော။
လင်းရှောင်မျက်လုံးများ တဖန်မှိန်ဖျော့သွားသည်ကိုတွေ့ရလျှင် ဧကရာဇ်မှာ လင်းရှောင်၏ဆံသားလေးများကို ခပ်ဖွဖွပွတ်သပ်လျက် ကူကယ်ရာမဲ့စွာဆိုလာခဲ့သည်။
"ကောင်းပြီ"
လင်းရှောင်မှာ လြန္စြာကျေနပ်မိရကား နန်းဆောင်တွင်းရှိမီးဖိုချောင်အသေးလေးကိုသုံး၍ သူကိုယ်တိုင်ပင် ချက်ပြုတ်လိုက်သေးသည်။
မနက္စာသုံးဆောင်ပြီးနောက်တွင် လင်းရှောင်သည် သူ၏အင်္ကျီလက်တွင်းမှကျောက်စိမ်းကိုထုတ်လျက် အရှင့်အားပြလိုက်သည်။
ဧကရာဇ်မှာထိုကျောက်စိမ်းအားမြင်လျှင် အမူအယာမှာတမဟုတ်ချင်းအေးစက်သွားလျက် သူ၏မျက်ခုံးများမှာလည်းတွန့်ချိုးသွားခဲ့သည်။
လင်းရှောင်လည်းကြောက်လန့်သွားမိလျက် ယခုမှကိုယ်လုပ်တော်ရှန်း၏စကားများမှာ လုပ်ကြံထားခြင်းမဟုတ်ပဲ အမှန်ဖြစ်ကြောင်း လက်ခံသွားမိလေသည်။
ဧကရာဇ်နှင့်နေ့နေ့ညညအတူတူအချိန်များကုန်ဆုံးခဲ့ပြီးသည့်တ်ိုင် ဧကရာဇ်၏ဖိအားပေးသော စူးရှရှအကြည့်များကိုခံစားရသောအခါ မတုန်လှုပ်မိပဲမနေနိုင်ချေ။ သူကျောက်စိမ်းကိုထုတ်ပြမိသည့်အတွက်လည်း နောင်တအနည်းငယ်ရမိသွားတော့သည်။
"မင်းဒီကျောက်စိမ်းကိုလိုချင်တာလား?"
ဧကရာဇ်ရုတ်ချည်းမေးလိုက်သည်၊သူ၏အကြည့်များက ဒူးထောက်နေသော လင်းရှောင်အပေါ်တည်မြဲလျက်။ သူ၏စူးရွသောအကြည့်များမှာ သူစိမ်းတစ်ယောက်ကိုကြည့်နေသည့်အလား။
ရင်ထဲမှအချက်ပေးသံများနှင့်အတူ လင်းရှောင်အနည်းငယ်လည်း မကျေမနပ်ဖြစ်မိသွားရသည်။
သို့သော် သူကဧကရာဇ်ကိုလည်းမလိမ်ညာရဲသည်မို့ ခေါင်းကိုသာငြိမ့်ပြလိုက်ရတော့သည်။
လင်းရှောင်ထံမှအတည်ပြုချက်ကိုမြင်ရလျှင် ဧကရာဇ်မှာသူ၏အကြည့်က်ုကျောက်စိမ်းလက်ကောက်ထံသို့ရွေ့လိုက်ပြန်သည်။ လင်းရှောင်၏ထက်လှပါသော ထိုးထွင်းမြင်စိတ်နှင့်တောင်ဧကရာဇ်၏အတွေးများကို ဖတ်ရန်မဖြစ်နိုင်ပါတော့ချေ။
သို့သော် ကြောက်စရာကောင်းအောင်တိတ်ဆိတ်နေသောလေထုအနေအထားက လင်းရှောင်ကို ဧကရာဇ္ကိုသြားမနှောင့်ယှက်သင့်ကြောင်းသတိပေးနေခဲ့သည်။ အခြေအနေကပို၍ဆိုရွားသွားလိမ့်မည်။
ကိုယ်လုပ်တော်ရှန်းပြောသကဲ့သို့ဤကျောက်စိမ်းမှာ နန်းတွင်းမှ ရာဇ၀င်ဆိုးနှင့်ကြော်ကြားသော ကျိန်သာပစ္စည်းပင်ဖြစ်ချေလိမ့်မည်။၄င်းပေါ်ပေါ်လာခြင်းတွင်ပင် ဧကရာဇ်၏မျက်နှာပေါ်မှ နွေးထွေးမှုတို့ကတမဟုတ်ခြင်းပျောက်ကွယ်သွားခဲ့သည်၊
"ကိုယ်တော် ဒီပစ္စည်းကို ရတနာခန်းမမှာသိမ်းခိုင်းထားတာ ၊ ထိတဲ့သူဘယ္သူမဆို ခေါင်းဖြတ်ခံရမယ်လို့လည်းအမိန့်ပေးထားတယ်"
လင်းရှောင်တကိုယ်လုံးတုန်ရီလာခဲ့သည်။
သူကအံကိုကြိတ်လျက် မျက်လွှာချထားမိသည်။
သူကကြမ်းပြင်ပေါ်တွင်ပြားပြား၀ပ်လျက်သူ၏ ရိုကျိုးမှုကိုပြသလိုက်သည်၊ သူ့တွင် ဧကရာဇ်၏ဆုံးဖြတ်ချက်ကိုစောင့်ရုံကလွဲတခြားမရှိချေ။
အကယ်၍ဧကရာဇ်သည် သူ့ကိုခေါင်းဖြတ်ရန်ဆုံးဖြတ်လိုက်ပါက သေခြင်းကိုရှောင်လွှဲသည့် ရွှေတံဆိပ်ပြားကိုသုံးနိုင်ပါသေးသည်။
လင်းရှောင်မှာ အဆိုးဆုံးအတွက်ကြိုတွေးပြီးဖြစ်သည်။
"ကိုယ်တော်မင်းကို ဒီကျောက်စိမ်းအကြောင်းကို ကြိုသတိမပေးလိုက်မိဘူး။ ဒါကြောင့် ဒါကကိုယ်တော့်ရဲ့ပေါ့ဆမှုပဲ"
ဧကရာဇ်ကရုည်ချည်း မူလပုံစံသို့ပြန်ပြောင်းလဲသွားသည်။ထို့နောက်ဆက်ပြောလာသည်၊
"ပြီးတော့ မင်းစိတ်ကြိုက်ယူချင်တာယူလို့ရတယ်လို့လည်း ကိုယ်တော်ပြောထားပြီးသားပါ"
ဧကရာဇ်ကသက်ပြင်းကိုချလျက် ကူကယ်ရာမဲ့နေပုံဖြင့်ဆက်ပြောသည်။
"ထားလိုက်တော့ ၊ ထပါ ၊ အဲဒါကို၀တ်လိုက်"
သို့သော် ဧကရာဇ်မှာသိပ်အဆင်ပြေနေပုံမပေါ်ချေ။
"ရတနာခန်းမထဲမှာ ရတနာထောင်သောင်းများစွာ ရှိပါရက်နဲ့ ဒီတစ္ခုကိုမွရွေးဖြစ်အောင်ရွေးခဲ့တာပဲ"
လင်းရှောင်ဗလာဖြစ်နေမိသည်။ ဧကရာဇ်ကသူ့ရှေ့တွင် အပြစ်တင်စကားဆိုနေခြင်းလော၊
'ပြီးတော့ အဲဒီစကားကဘာကိုဆိုလိုတာလဲ'
လင်းရှောင်ထရပ်ကာ ဧကရာဇ်အားအလွန်မေးချင်မိသည့်တိုင် ဧကရာဇ်မှာ ရှောင်လိဇီက်ုလှမ်းခေါ်လိုက်ပြီဖြစ်သည်။
လင်းရှောင်မှာ ရှောင်လိဇီကိုဂရုစိုက်ချင်စိတ်ပင်ရှိမနေချေ။ထို့ကြောင့်တချက်သာကြည့်လ်ုက်လေသည်၊
ရှောင်လိဇီမှာဧကရာဇ်အား ဖြူဖျော့နေသောမျက်နှာဖြင့် ဒူးထောက်အရိုအသေပေးလိုက်သည်။
ဧကရာဇ်မှာ ကိစ္စအားအကျယ်မချဲ့လိုပုံရကာ ပင်ပန်းကြီးစွာဆိုလိုက်သည်။
"ဒီအချိုပွဲတွေကို ကိုယ်လုပ်တော်ရှန်းကိုပြန်ပို့ပေးလိုက်၊ ပြီးတော့ ကြင်ယာတော်ယူလိုက်တဲ့ရတနာပစ္စည်းကို စာရင်းထဲမှာထည့်မှတ်ဖို့ပြောလိုက်ပါ"
"သိပါပြီအရှင်"
ရှောင်လိဇီမှာ လင်းရှောင်အားခိုး၍အသာမေ့ာ့ကြည့်ပြီးနောက်အံ့အားသင့်သွားခဲ့သည်။ ရှောင်လိဇီမှာဤကိစ္စအား ဧကရာဇ်က်ုလျှောက်တင်လိုသည့်တိုင် လင်းရှောင်ကိုယ်တိုင်ကပင် မဖုံးကွယ်ထားသည်မို့ ဘာမွလုပ္မရချေ။ ထို့အပြင်ဧကရာဇ်ကိုယ်တိုင်လည်း ဤကိစ္စကို သည်အတနုင်းထားလိုက်ရန် ဆုံးဖြတ်လိုက်ရာ သူလည်းလိုက်နာရန်သာတတ်နိုင်သည်။ သူကအရိုအသေပေးလျက်ပင် အချိုပွဲများကို အမြန်သယ်ထုတ်ကာထွက်သွားလိုက်တော့သည်။
ပြီးနောက်တွင် ဧကရာဇ်မှာ လင်းရှောင်ကိုတချက်ကလေးသော်မျှလှည့်မကြည့်တော့ပဲ ထြက္ခြာသြားတော့သည်။
လင်းရှောင်သည်ထိုင်ခုံပေါ်သို့ အရုပ်ကြိုးပြတ်ထိုင်ကျသွားခဲ့သည်။ ထို့နောက် မိမိလက်ထဲမှ ကျောက်စိမ်းလက်ကောက်အား အလွန်ဗလာဖြစ်နေသောအကြည့်နှင့်ကြည့်နေမိသည်။
ထိုအဖြစ်အပျက်ပြီးနောက် ဧကရာဇ်မှာ လင်းရှောင်နန်းဆောင်သို့တစ်ခေါက်မျှပင်လာရောက်မလည်ပါတ်တော့ချေ။သို့သော်လည်း တခြားနန်းဆောင်များကို သြားရောက်သော သတင်းကိုလည်းမကြားရပြန်။
သူကလင်းရှောင်နန်းဆောင်နှင့်ဆန့်ကျင်ဘက် အနီးအနားရှိနန်းဆောင်တွင်သာ ညကိုကုန္ဆုံးလေ့ရှိသည်။
သို့သေည်လည်း ဧကရာဇ်၏အမိန့်နှစ်ခုဖြစ်သော အချိုပွဲများကို ကိုယ်လုပ်တော်ရှန်းနန်းဆောင်ကိုပြန်ပို့ရန်နှင့် ကျောက်စိမ်းကိုလက်၀ယ်ပိုင်ဆိုင်စေခြင်းကပင် လင်းရှောင်ကို နန်းတွင်းတွင်ကျော်ကြားစေဖို့လုံလောက်လေသည်၊
မောင်းမဆောင်တစ်ခုလုံး ဆူညံစေသည်အထိ။
ထိုကျောက်စိမ်းနှင့် ဧကရာဇ်၏အမိန့်မှာ သူ၏နားထဲတွင်ပဲ့တင်ထပ်နေဆဲပင်။ထိုကျောက်စိမ်းကြောင့် ကုန်းကုန်းဘယ်လောက်များများ၊ အစေခံဘယ်လောက်များများ အသက်ပေးခဲ့ရပါသနည်း။
လက်ရှိမောင်းမဆောင်၏ အဓိကဦးဆောင်သူသုံးဦးဖြစ်သော ကိုယ်လုပ်တော် လီ၊ ကိုယ်လုပ်တော် ရန်နှင့် ကိုယ်လုပ်တော်ရှန်းတို့သုံးဦးတွင် ဘယ္သူကမ်ား ထိုကျောက်စိမ်းကိုထိရဲလိမ့်မည်နည်း။
သို့သော် လင်းရှောင်မူကား ကြင်ယာတော်ဘွဲ့ထူးကို ပေးခံရသည့်အပြင် ကျောက်စိမ်းကိုထိရုံတင်မက ဧကရာဇ်မှာ သူ့အား ထိုကျောက်စိမ်းအား အပိုင်ပင်ပေးလိုက်ချေသေးသည်။ ထိုကဲ့သို့အခွင့်ထူးခံရခြင်းက ဧကရာဇ်၏ရင်ထဲတွင် မည်သူကနေရာယူထားမှန်း အလွန်ရှင်းလင်းစေခဲ့သည်၊
ဧကရာဇ်မှာ တခြားနန်းဆောင်များတွင် အချိန်ဖြုန်းရန်မသွားသလို သူ့အားခစားရန်တခြားတစ်ယောက်ယောက်ကိုလည်းမခေါ်ခဲ့ဖူးပါချေ။ ထို့ကြောင့် ဧကရာဇ်ရင်တွင်းမှလင်းရှောင်၏နေရာအား လြန္စြာ ထင်သာမြင်သာရှိစေသည်။
သို့နှင့်အချိန်ခဏအတွင်းမှာ၊ လင်းရှောင်က မျက်နှာသာလုပ်စရာ ပစ်မှတ်ကြီးဖြစ်လာခဲ့တော့သည်။
တဆက်တည်းမှာပင်၊ လူအများမျက်မုန်းကျိုးစရာ ရှင်းပစ်ချင်စရာပစ်မှတ်တစ်ခုလည်းဖြစ်လာခဲ့သဘ်သာ။
ယနေ့တွင် လင်းရှောင်စောစောနိုးလာခဲ့သည်။
ဧကရာဇ်သူ့ထံမလည်ပါတ်သည့်နေ့ရက်များအတွက်သူသက်ပြင်းချနေမိစဉ် သူ၏နန်းဆောင်မှာ အလွန်ထူးခြားသော ဧည့်သည်တစ်ဦးကိုလက်ခံရခဲ့သည်။
၄င်းမှာ ကိုယ်လုပ်တော်ရန်ပင် ဖြစ်တော့သည်။
ကိုယ်လုပ်တော်ရန်၏ စရိုက်နှင့် ရုပ်ရည်မှာ အခြားကိုယ်လုပ်တော်နှစ်ဦးကိုမမှီသည့်တိုင် ဥာဏ္ကတော့အလွန်များလှတာဖြစ်သည်။
အကြံအဖန်များလည်းလုပ်တတ်လွန်းသည်။
သူမလက်ရှိနေရာကိုရထားသောအကြောင်းအရင်းနှစ်ခုသာရှိသည်။ သူမ၏အဖေဖြစ်သောနေရာချထားရေးအမတ်ကြီးကြောင့်ဖြစ်သလို သူမကိုယ်တ်ုင်၏ကြံရည်ဖန်ရည်များပင်။
ဧကရာဇ်ကသူမလုပ်ရပ်များကို မသိဘူးဟုတော့ လင်းရှောင်မယုံကြည်ချေ။
သို့သော်လည်း ဧကရာဇ်ကိုယ်တော်တိုင်ကပင် သူမအားမျက်ကွယ်ပြုထားသည်ဖြစ်လေရာ ခွင့်လွှတ်ထားပေးသည်ဟုဆိုနိုင်သည်။
ဤကဲ့သို့မိန်းမမျိုးက သူ့ထံရုတ်ချည်းအလည်ရောက်လာခြင်းမှာကောင်းသောကိစ္စတော့မဟုတ်တန်ရာ။
လင်းရှောင်ခေါင်းကိုခါလိုက်ကာ သူမအားတွေ့ဖို့ငြင်းဆန်ရန်ပြင်လိုက်သည်။
သို့သော် သူမအားကြိုဆိုလာခဲ့သည့်ရှောင်လိဇီက ထပ်ပေါင်းပြောလာခဲ့သည်။
"ကြင်ယာတော်မရောက်ခင်က ကိုယ်လုပ်တော်ရန်ဟာ အရှင်မင်းကြီးဆီကအနှစ်သက်အခံရဆုံးဖြစ်ခဲ့တာပါ။ လောလောဆည်မှာ ကြင်ယာတော်ကသာ အရှင်ရင်ထဲကတစ်ယောက်တည်းသောသူ ဖြစ်နေပေမယ့်လည်း.. ကိုယ်လုပ်တော်ရန်ကိုဒီလိုဆက်ဆံဖို့ကျတော့.."
ရှောင်လိဇီအားကြည့်လျက် လင်းရှောင်မျက်မှောင်ကျုံ့လိုက်မိသည်။ သူအနည်းငယ်လည်းထူးဆန်းစွာခံစားလိုက်ရသည်။ မည်သည့်အချိန်ကပင်စပြီး ရှောင်လိဇီမှာ ကိုယ်လုပ်တော်ရန်နှင့်ရင်းနှီးသွားရပြန်သနည်း။
သိချင်စိတ်များပြည့်နေသောအကြည့်ဖြင့် ရှောင်လိဇီအားကြည့်လိုက်မိသည်။
သူ၏အကြည့်ကြောင့် ရှောင်လိဇီအနည်းငယ်တုန်လှုပ်မိသွားလျက် စိတ်လှုပ်ရှားစွာခေါင်းငုံ့လိုက်မိလေသည်။
လင်းရှောင်သည်လည်း တမင်ပင် တဖက္လူ၏အမူအယာကို တိုးကပ်ကာအကဲခတ်လ်ုက်သည်၊ သို့သော်အကင်းပါးသောရှောင်လိဇီကခေါင်းကိုပိုငုံ့လျက် သူ့ကိုယ်သူဖုံးကွယ်ရန်ကြိုးစားလိုက်လေသည်။
လင်းရှောင်မျက်လုံးကိုမှေးကျဉ်းလျက် ထရပ္လိုက္ကာ ရှောင်လိဇီရှေ့သို့လျှောက်သွားလိုက်သည်။
ထို့နောက်ကြမ်းပြင်ပေါ်တွင် ပြားပြား၀ပ်လျက် တုန်ရီနေသော ကုန်းကုန်းအား ပါတ်ပါတ်လည်ကြည့်နေရင်း ပို၍စိတ်အနှောင့်အယှက်ဖြစ်လာမိလေရာ
"ရှောင်လိဇီ အရှင့်ရဲ့ညီလာခံမှာခစားရုံကလွဲရင် မင်းငါ့နန်းဆောင်ကိုတစ်ခါမှမလာဖူးဘူးနော်"
လင်းရှောင်မှာတဖက်လူဘာကိုတွေးနေမည်လဲဟုကြိုသိလျက် လှောင်ရယ်ကာ ဆက်ပြောလိုက်သည်။
"ဒါဆို မင်းဒီနေ့ကျမှ ဒီမှာဘာလာလုပ်နေတာပါလိမ့်၊
အရှင့်ရဲ့ မနက်ခင်းညီလာခံအဆုံးသတ်တော့မယ်၊ အရှင့်ဘေးမှာခစားနေရမယ့် အထိန်းတော်လီက ငါ့နန်းဆောင်မှာဘာလုပ်နေတာပါလိမ့်"
လင်းရှောင်သည်သူ့အား ရှောင်လိဇီဟုမခေါ်ပဲ ထိအြစား အထိန်းတော်လီဟုသာတမင်သုံးနှုန်းလိုက်သည်။
လင်းရှောင်ကနှာခေါင်းရှုံ့လျက် တဖက္လူအား ရှင်းပြရန်အခွင့်အရေးမပေးပဲဆက်၍ပြောလိုက်သည်။
"ဘယ်လောက်တောင်တ်ုက်ဆိုင်လိုက်သလဲ၊ ဘယ်ဧည့်သည်မှရောက်မလာဖူးတဲ့ ငါ့နန်းဆောင်က မင်းရောက်လာတော့မှာ ဧည်သည့်တစ်ယောက်ကို တွေ့ဆုံရမယ်တဲ့လား"
လင်းရှောင်၏စကားက်ုကြားလျှင် ရှောင်လိဇီမှာ ကြောက်လွန်းသဖြင့်မျက်နှာမှာ လူသေကဲ့သို့ ဖြူဆုတ်သွားတော့သည်။ တစ်ကိုယ်လုံးမှာလည်းတုန်ရီနေလျက် ဘာကိုမျှမဆိုနိုင်တော့ချေ။
လင်းရှောင်မှာ သူ့အားမမှိတ်မသုန်ကြည့်လျက် ရင်ထဲမှ ဟားတိုက်ရယ်မောလိုက်သည်။
"ငါနန်းတွင်းကို ကြင်ယာတော်အဖြစ်စ၀င်လာကတည်းက အစေခံတွေကလွဲလို့ ဘယ်ကိုယ်လုပ်တော်မှ ငါ့နန်းဆောင်ကိုလာမလည်ဖူးဘူး။ငါထင်တာက ဘယ်ကိုယ်လုပ်တော်ကများ ဘုရင့်ကြင်ယာတော်အကြောင်းကိုစိတ်မ၀င်စားပဲနေမှာလဲပေါ့။ ဘယ္သူမွမလာရဲမွတော့ တစ်ယောက်ယောက်ကအဲသလိုအမိန့်ပေးထားလို့ပေါ့။ ဘယ်သူကအဲလိုအမိန့်ပေးထားသလဲဆိုတာကိုတော့ ထုတ်မပြောရင်တောင်အထိန်းတော်လီ သိလိမ့်မယ်ထင်တယ်"
ရှောင်လိဇီမျက်နှာမှာပို၍ပင်ဆိုးရွားသွားတော့သည်။ဤသည်ကပင်သူ၏ခန့်မှန်းချက်မှာမှန်ကန်ကြောင်းဖော်ပြနေခဲ့သည်။ ဤနန်းဆောင်ကို အနှောင့်အယှက်ပေးမည်သူမရှိပဲ အေးချမ်းနေရခြင်းမှာ ဧကရာဇ်ကအမိန့်ချမှတ်လျက် ကာကွယ်ပေးထားခြင်းကြောင့်ပင်။ ဧကရာဇ်မှာမိမိအတွက် အများကြီးလုပ်ပေးထားကြောင်းတွေးမိလျှင် လင်းရှောင်၏စိတ်အခြေအနေမှာလည်းပို၍ကောင်းမွန်လာခဲ့သည်။
သို့သော်တံခါးအပြင်တွင်စောင့်နေသောကိုယ်လုပ်တော်ရန်နှင့် သူ့ရှေ့တွင် ပြားပြား၀ပ်နေသည့် သူ့ကိုလိမ်ရဲသော ရှောင်လိဇီကိုပြန်တွေးမိလျှင် ဒေါသတို့ကပေါက်ကွဲထွက်လာရပြန်သည်။
လင်းရှောင်အေးစက်စွာဆိုလိုက်သည်။
"ကိုယ်လုပ်တော်ရန် ငါ့နန်းဆောင်ကိုလာနိုင်ဖို့ အထိန်းတော်လီကျေနပ်အောင်ဘယ်လောက်တောင် ကြိုးစားအားထုတ်ခဲ့ရပါလိမ့်၊ တကယ်သိချင်မိတယ်၊ သူမကဘယ်လောက်များများပေးမယ်ပြောလဲ... ဟမ်..."
ရှောင်လိဇီမှာဘာကိုမျှမဆိုနိုင်ပဲ အပြစ်သားတစ်ဦးကဲ့သို့ တုန်ရီလျက် ပြားပြား၀ပ်နေရုံသာတတ်နိုင်လေသည်။