သူ၏ပုံစံမှာသနားစရာပင်ကောင်းလှသည်၊လင်းရှောင်သူ့အားမုန်းတီးစွာကြည့်လိုက်သည်။
"အဲဒီတုန်းကရတနာခန်းမမှာ အဲဒီကျောက်စိမ်းလက်ကောက်ကိုယူဖို့မင်းငါ့ကိုမြှောက်ပေးခဲ့တယ်၊ အဲဒီကျောက်စိမ်းလက်ကောက်မှာ ရာဇ၀င်ဆိုးရှိမှန်းမင်းသိပြီးသားမလား၊ ငါ့ကိုတမင်ဒုက္ခရောက်အောင်လုပ်ချင်ခဲ့တယ်မလား"
"ဟင့်အင်း ..မ..မဟုတ်ရပါဘူး ၊ ဒီ..ဒီငယ္သား မွား.."
ရှောင်လိဇီမှာခေါင်းကိုအဆက်မပြတ်ခါယမ်းလျက်၊ သို့သော်လင်းရှောင်၏အကြည့်စူးစူးများကိုမြင်လျှင် ဘာကိုမှဆက်မပြောရဲတော့ချေ။
သူ့နောက်ကိုအချိန်အကြာကြီးလိုက်ပါခဲ့ဖူးသော ရှောင်လိဇီကသူ့ကိုသတ်ရန်ကြိုးစားသည်ဟုတွေးမိသောအခါ လင်းရှောင် ဒေါသဖြင့်ရယ်လိုက်မိသည်။
သူထိုကျောက်စိမ်းလက်ကောက်ကို သံသယ၀င်နေသည်မှာကြာပြီဖြစ်သည်။ သူ့အတိတ်ဘ၀ကပင် နန်းတွင်း၌ထိုကဲ့သို့ပစ္စည်းရှိသည်ဟုသာသိခဲ့ရပြီး မျက်စိနှင့်တပ်အပ်မမြင်ခဲ့ဖူးချေ။ ဧကရာဇ်သည်လည်းမိုရွှီအားထိုအကြောင်းကိုမပြောခဲ့ဖူးသလို ရတနာခန်းမသော့အားမပေးခဲ့ဖူးချေ။
ထို့ကြောင့် လင်းရှောင်လုံး၀သတိမထားမိခဲ့။
သို့သော် ရှောင်လိဇီကမူကွဲပြားသည်။ လင်းရှောင် ဧကရာဇ်အနီးတွင် မရှိခဲ့စဉ်ကပင် ဧကရာဇ်အပါးတွင်ခစားနေခဲ့တာဖြစ်သည်။ ဧကရာဇ်ကသူမှတဆင့်ပင် ရတနာခန်းမဆောင်သော့ကိုပို့ပေးခဲ့သည်။ ရှောင်လိဇီက ထိုကျောက်စိမ်းအကြောင်းကိုမသိစရာအကြောင်းမရှိချေ။
လင်းရှောင်လှောင်၍ပြုံးလိုက်သည်။ ရှောင်လိဇီက ထိုမတော်တဆနှင့်လင်းရှောင်၏သေခြင်းကိုမျှော်လင့်နေခဲ့ပေလိမ့်မည်။ သို့သော် သူမသေသည့်အပြင် ဧကရာဇ်မှာ သူ့အားအပြစ်ပင်မပေးသည်ကိုတော့ဘမျှော်လင့်ထားလိမ့်မည်မဟုတ်။
သူကအေးစက်စွာရယ်လိုက်ပြီးရှောင်လိဇီကိုကြည့်သည်၊
"မင်းအခုပဲကိုယ့်ဘာကိုယ်၀န်ခံမလား၊ ငါကိုယ်တိုင်ပဲအရှင့်ကိုသွားပြောရမလား"
ဧကရာဇ်ဟူသောအသံကြားသည်နှင့် ရှောင်လိဇီမှာကြောက်ရွံ့လွန်းရကား ကြမ်းပြင်ပေါ်ပင် ခွေကျသွားရတော့သည်။
"ညှာ..ညှာတာပေးပါ၊ ကြင်ယာတော်.. ကျေးဇူးပြုပြီးညှာတာပေးတော်မူပါ၊ ဒီ..ဒီငယ်သားလည်း အကြပ်ကိုင်ခံရတာပါ"
ရှောင်လိဇီအမှန်အတိုင်းစပြောလာသည်ကိုမြင်တော့
လင်းရှောင်အေးစက်စွာအမိန့်ပေးလိုက်သည်။
"အစအဆုံးအကုန်လုံးကိုရှင်းပြချေ။"
"ဒီငယ္သား..ဒီငယ္သား..ကိုယ်လုပ်တော်ရန်ဆီကခြိမ်းခြောက်ခံရတာပါ" ရှောင်လိဇီတုန်တုန်ရီရီနှင့်ပြောလာခဲ့သည်။
"ကြင်ယာတော်နန်းတွင်းကိုပြန်ရောက်လာလာချင်းမှာပဲ ဒီငယ်သားကကြင်ယာတော်ကို ကိုယ်လုပ်တော်ရန်ကိုသတိထားဖို့ပြောခဲ့ပါတယ်၊ဒါပေမယ့် ဒီငယ္သားရဲ့စကားက ကိုယ်လုပ်တော်ရန်ဆီကိုရောက်သွားပြီး ကိုယ်လုပ်တော်ရန်ကဒီငယ်သားကိုခေါ်တွေ့မယ်လို့တော့မထင်ထားမိခဲ့တာပါ။"
ပြောပြနေစဉ်အတွင်း ရှောင်လိဇီ၏အမူအယာမှာ စကားကိုမဆင်မခြင်ပြောမိခဲ့သည့်အတွက် လြန္စြာနောင်တရနေဟန်ပင်။ လင်းရှောင်လည်းသူ့စကားကိုသေချာနားထောင်လျက် တဖက်လူ၏အမူယာမှာအမှန်လောအတုအယောင်ပေလောဟုဆန်းစစ်ကြည့်နေခဲ့သည်။
"ကိုယ်လုပ်တော်ရန်ကဒီငယ်သားကိုခြိမ်းခြောက်ပါတယ်၊ သူမကိုမဟုတ်မမှန်စွပ်စွဲတာကြောင့်ဆိုပြီးဒီငယ်သားကိုအပြစ်ပေးချင်ခဲ့ပါတယ်၊ ဒီငယ္သားက အရှင့်နံဘေးကလူဖြစ်ပေမယ့်လည်း ကိုယ်လုပ်တော်ရန်ကလည်း အရှင့်ရဲ့ ကိုယ်လုပ်တော်ဖြစ်တာကြောင့်ဒီငယ်သားသူမဆန္ဒကိုနာခံရမှာပါ။ ပြီးတော့ သူမဟာအရင်က အရှင့်ရဲ့အနှစ်သက်ဆုံးလည်းဖြစ်ခဲ့တာကြောင့် ငယ္သားကြောက်ရွံ့မိပါတယ်"
"ဒါနဲ့ပဲ သူခိုင်းတာကိုလုပ်ပေးတယ်ပေါ့..."
လင်းရှောင်ကရှောင်လိဇီအားဖြတ်ပြောလိုက်သည်။ သို့သော်ရှောင်လိဇီကမူ ခေါင်းလည်းမငြိမ့်ခေါင်းလည်းမခါပဲ ခေါင်းကိုသာတွင်တွင်ငုံ့လျက် ခွင့်လွှတ်မှူကိုသာတောင်းခံနေခဲ့သည်။
လင်းရှောင်နှာခေါင်းရှုံ့လျက်
"ရှောင်လိဇီ၊ မင်းအရင်တုန်းကဒီလိုသူရဲဘောကြောင်တဲ့လူမျိုးမဟုတ်ပါဘူး"သူပြောနေစဉ်မှာပင် ဆောင့်ကြောင့်ထိုင်ချလျက် ရှောင်လိဇီ၏ခေါင်းကိုဆွဲမော့လိုက်သည်။
"တစ်ခုခုကိုဖုံးကွယ်ထားချင်ရင် အမွန္တ၀က္ကိုတော့ထုတ်ပြောရတယ်လို့ မင်းကိုသင်ပေးခဲ့တာငါပါ။ ဒါပေမယ့် ဒီနည်းလမ်းကိုတော့ငါသိပ်မရင်းနှီးသလိုပဲ"
လင်းရှောင် တဖက္လူ၏မေးစေ့အားအားဖြင့်ဆုပ်ကိုင်ထားရာ ရှောင်လိဇီမှာနာကျင်မှုကြောင့်ရှုံ့တွနေခဲ့သည်။
ရှောင်လိဇီမှာဘာကိုမျှမဆိုရဲပဲမျက်ရည်များသာစီးကျလာတော့သည်။
လင်းရှောင်မှာ ရှောင်လိဇီအားခံစားချက်မဲ့စွာကြည့်နေရင်းက စိတ္တိုစြာမေးလိုက်သည်။
"ဘာလဲ ဒီအခြေအနေရောက်နေတာတောင် မင်းက အမှန်အတိုင်းမပြောချင်ဘူးပေါ့"
ရှောင်လိဇီမှာမူတုန်ယင်လျက် "ကြင်..ကြင်ယာတော်"
လင်းရှောင်လည်းသူ့အားပို၍အားသုံးကာဖြစ်ညစ်လိုက်သည်။
ရှောင်လိဇီလည်းနာကျင်မှုကြောင့်အနည်းငယ် ရုန်းကန်လာသည်။
"ကြင်..ကြင်ယာတော်.. ညှာတာပေးတော်မူ.."
"ဟမ့်.." လင်းရှောင်လှောင်ပြုံးပြုံးလိုက်သည်။
"မင်းကအမှန်အတိုင်းကျတော့မပြောပဲ၊ အသနားခံဖို့အားတော့ရှိသေးသားပဲ ၊
ထို့နောက်ရှောင်လိဇီအားတွန်းထုတ်လျက် အော်ခေါ်လ်ုက်သည်။
"အရှင့်အစေခံတွေရှိပါတယ်" တခဏအတွင်းမှာပင်
အန်ရှန်းနှင့် အန်ရုန်တို့မှာ ကျီရှန်းနှင့် ဖူကန်ကဲ့သို့၀တ်ဆင်ထားလျက်ပေါ်လာခဲ့သည်။
လင်းရှောင် မဲမှောင်သောအမူအယာနှင့်ဆိုလာသည်။
"သူ့ကိုစောင့်ကြည့်ထား ၊ ငါထွက်ပြီးကိုယ်လုပ်တော်ရန်ကိုကြည့်လိုက်ဦးမယ်"
ကျီရှန်းနှင့် ဖူကန်တို့မှာအချင်းချင်းအကြည့်ဖလှယ်လျက် ကျီရှန်းကပြောလာခဲ့သည်။
"သခင်လေး၊ ဖူကန်တစ်ယောက်တည်းနဲ့တင်သူ့က်ုစောင့်ကြည့်ဖို့လုံလောက်ပါတယ်၊ ဒီငယ္သားကတော့ သခင်လေးနဲ့အတူလိုက်ခဲ့ပါရစေ"
လင်းရှောင်တန့်သွားသည်။ သူ့နန်းဆောင်မှာ လူအကုန္လုံးမွာ၊ ရှောင်လိဇီ၏ထုတ်ပယ်ခြင်းကိုခံလိုက်ရကာ၊ သို့သော်ဤနှစ်ဦးကမူ သူ့အားလျှို့၀ှက်စောင့်ကြည့်နေဆဲဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ သူတစ်ယောက်တည်း ကိုယ်လုပ်တော်ရန်အား သြားတွေ့ရန်မှာလည်းအမှန်တကယ်မသင့်တော်ပါချေ။
သူအနည်းငယ်တွေးလိုက်ပြီးနောက်လက်ခံလိုက်သည်။
လင်းရှောင်ကျီရှန်းနှင့်အတူထွက်လာချိန်တွင် ကိုယ်လုပ်တော်ရန်ကမူ သူမ၏အစေခံကိုခေါ်လျက် သူ့နန်းဆောင်တ၀ိုက်သို့ပါတ်ကြည့်နေခဲ့သည်။
ထိုသို့လှည့်ပါတ်ကြည့်ရှုရခြင်းကို အတော်လေးပျော်စရာကောင်းသည်ဟုထင်ပုံရ၏ ။ တခါတရံတွင် လက်ကိုဆန့်လျက် လမ်းတစ်လျှောက်မှပစ္စည်းများကို ပွတ်သပ်လိုက်သေးသည်။
သူမမျက်နှာတွင် မကျေမနပ်ဖြစ်မှုရော မနာလိုမွုပါရောယှက်လျက်။
လင်းရှောင်သူ့ကိုယ်သူထိန်းချုပ်လျက် ချောင်းဟန့်အသံပေးလိုက်ကာအပြုံးကိုဆင်မြန်းလိုက်ပြီး လျှောက်လာခဲ့သည်။
"ကိုယ်လုပ်တော်ရန်သဘောကျတဲ့ပစ္စည်းတစ်ခုခုရှိရင်ပြောလေ၊ "
"ဒီမိန်းကလေး ဘုရင့်ကြင်ယာတော်ကို ဂါရ၀ပြုပါတယ်"
သူမအရိုအသေပေးနေစဉ် ခေါင်းကိုအသာမော့၍ လင်းရှောင်၏အမူအယာအား အကဲခတ်လိုက်သေးသည်။ လင်းရှောင်၏နောက်မှ တစ်ဦးမှာ ရှောင်လိဇီမဟုတ်ပဲ ကျီရှန်းဖြစ်သည်ကိုတွေ့ရသောအခါ သူမမျက်မှောင်ကျုံ့လျက် အလျင်အမြန်မသိချင်ယောင်ဆောင်လိုက်ရလေသည်။ သူမကလင်းရှောင်ကထရန်ပြောမည့်အချိန်ကို နာခံစြာစောင့်နေလိုက်သည်။
သို့သော်သူမ၏သေးငယ်သောအပြုအမူတို့က လင်းရှောင်၏အာရုံကမလွတ်မြောက်လိုက်ချေ။ လင်းရှောင်အသာပြုံးလိုက်သည်။သူမတမင်ရည်ရွယ်ကာ သူမအရှက်ရစေရန် ချက်ချင်းမထခိုင်းချေ။ ထိုအစား သူမဘေးတွင်သာ တိုက်ရိုက်၀င်ထိုင်လိုက်သည်။
ကိုယ်လုပ်တော်ရန်ကသူ၏လှုပ်ရှားမှုအားလိုက်ကြည့်သော်လည်း ထတော့မရပ်ပဲ ဒူးထောက်နေဆဲပင်ဖြစ်သည်။
လင်းရှောင်ကလက်ဖက်ရည်ခွက်ကိုမလျက် တစ္ငုံသောက်လိုက်သည်။ သူ၏မ်က္လုံးထောင့်ကလည်း သူမအားအထက်အောက်အကဲခတ်လျက်ပင်။
သူမသည်အနီရောင် ချည်၀တ်ရုံကို၀တ်ဆင်လျက် မျက်နှာချေများကိုလည်း လိမ်းကျံထားကာ ဆြဲဆောင်မှုရှိသောအသွင်အပြင်ရှိသည်ပင်။ယခင်ကလင်းရှောင်သာဆိုလျှင် သူမကိုမြင်လျှင် နှစ်ချက်သုံးချက်ခန့်လှည့်ကြည့်မိမည့်အပြင် ချီးကျူးစကားပင်ဆိုမိဦးမှာဖြစ်သည်။ သို့သော် လက်ရှိလင်းရှောင်အနေနှင့် သူမအား ကောင်းကွက်တစ်ခုပင် မြင်နိုင်သောအခြေအနေတွင် မရွိချေ။
သူ၏စိတ်ထဲ၌ ဧကရာဇ်၏အမျိုးသမီးဟူသောစကားကိုထပ်ခါထပ်ခါရွတ်နေမိကာ အလွန်မသက်မသာခံစားရသော်လည်း သူ၏အပြုံးကိုမူမပျက်ယွင်းစေရပေ။
အချိန်တစ်ခုအထိဒူးထောက်ပြီးနောက်တွင် သူမဘက်မှစ၍မေးလာခဲ့သည်။
သို့သော်လင်းရှောင်ကမူ သူမအားမတုန့်ပြန်ခဲ့ပေ။
"ဟင်" လင်းရှောင်မှာ အပြုံးတုကိုဆင်မြန်းလျက်အသံပြုလိုက်သည်။
"ကိုယ်လုပ်တော်ရန်မှာမေးစရာရှိလို့လား၊ ဒီနေ့ကိုယ်လုပ်ရန် ကျွန်တော့်နန်းဆောင်ကို ဘာလို့လာရောက်တာပါလိမ့်လို့တွေးနေတာ"
ဤသည်မှာ သူမကိုဆက္ဒူးထောက်နေပါဟု ဆိုလိုခြင်းပေလော။
ကိုယ်လုပ်တော်ရန်၏မျက်နှာမှာ ရှုံ့မဲ့လျက် ရင်ထဲမှလည်း ဒေါသမီးတစ်စကပေါက်ဖွားလာခဲ့သည်။
သို့သော်သူမရှေ့မှဤယောကျာ်းမှာလက်ရှိ ဧကရာဇ်၏အနှစ်သက်ဆုံးလူဖြစ်နေခြင်းကိုသတိရမိလျှင် အံကိုကြိတ်လျက် သည်းခံရန်သာ ဆုံးဖြတ်လိုက်သည်။
"ဒီမိန်းကလေး ထပြီးမှပြန်ဖြေလ်ု့ရမလား"
"မရဘူး" လင်းရှောင်ပြုံးလျက်ပြန်ဖြေလိုက်သည်။
ကိုယ်လုပ်တော်ရန်မှာအံ့အားသင့်လှသဖြင့် ခေါင်းကိုမော့၍ပင်ကြည့်လိုက်မိလေသည်။ သူမမွာ လင်းရှောင်ဤမျှတဲ့တိုးငြင်းဆန်လာမည်ဟုမထင်ထားချေ။
လင်းရှောင် လှောင်ပြုံးပြုံးလျက် လက်ဖက်ရည်ခွက်ကိုမကာ ဆိုလိုက်သည်။
"မင်းကိုခေါင်းမော့ဖို့ခွင့်ပြုလိုက်လို့လား"
"...."ကိုယ်လုပ်တော်ရန်လည်းခေါင်းကိုအမြန်ငုံ့လိုက်ပြီး သူမ၏အမူအယာမွာပို၍ ရုပ်ဆိုးလာခဲ့သည်။
သူမ၏အပြုအမူကိုမြင်လျှင် လင်းရှောင် ရယ်လျက်
"ကြည့်ရတာ ကိုယ်လုပ်တော်ရန်ဆီမှာ ငါကြင်ယာတော့်အပေါ်မကျေနပ်တာတွေရှိနေပုံပဲ၊ ဒီလိုဆိုမွတော့ မင်းပြန်နိုင်ပြီ"
သူမဤနေရာကို အထိန်းတော်လီ၏အကူအညီဖြင့်ရောက်လာပြီးမှတော့ အဘယ်ကြောင့်အလွယ်တကူထွက်သွားရပါမည်နည်း။
အတွေးပေါင်းများသွာကသူမခေါင်းထဲတွင်ဖြတ်ပြေးသွားခဲ့သည်။ ပထမဦးစြာ သူမလင်းရှောင်ကိုဆွဲထားမှရမည်။ ထို့ကြောင့်သူမအသက်ကိုပြင်းပြင်းတစ်လျက်ခန့်ရှုလျက် ပြုံးကာဆိုလိုက်သည်။
"ကြင်ယာတော်ဘာတွေပြောနေတာလဲ ဒီမိန်းကလေးနားမလည်ပါဘူး။ ဒီမိန်းကလေးက ကြင်ယာတော်အပေါ် ဘယ္လိုမ်ားမကျေမနပ်ဖြစ်ရဲမှာလဲ"
"မင်းကမရဲဘူးပေါ့လေ..ဟမ်.." လင်းရှောင် ခနဲ့လိုက်သည်။ ထို့နောက်ဒူးထောက်နေသော ကိုယ်လုပ်တော်ရန်အားမုန်းတီးစွာကြည့်လျက်
"ကိုယ်လုပ်တော်ရန် မှာတကယ့်သတ္တိတွေရှိနေပုံပဲ၊
မင်းမှာမလုပ်ရဲတာများရှိသေးလို့လား"
"ကြင်ယာတော်အတွေးလွန်နေတာပါ၊ ဒီမိန်းကလေးက အရှင်နဲ့ကြင်ယာတော်အတွက်အကောင်းဆုံးတွေပဲဖြစ်စေချင်တာပါ၊ ကြင်ယာတော်စကားတွေက ဒီမိန်းကလေးကို စြပ္စြဲနေတာပဲ"
"ဟ" လင်းရှောင် လှောင်ရယ်ကာ ခေါင်းခါလိုက်သည်။
"ကိုယ်လုပ်တော်ရန် မင်းကိုငါ တဲ့ပြော့မှပဲရမှာလား။
မင်းအရှင့်က်ိုဆေးခတ်ဖို့ကြိုးစားတာ ရှောင်လိဇီကိုခြိမ်းခြောက်တာ ၊ ကြင်ယာတော်ဖြစ်တဲ့ ငါ့ကိုချောက်ချတာ၊ ဒါတွေကိုဘယ်သူမှမသိဘူးလို့ထင်လား"
သူမခေါင်းထဲတွင်အချက်ပေးသံများညံလာပြီး တုန်လှုပ်လာခဲ့သည်။
"ဒီမိန်းကလေး ကြင်ယာတော်ဘာတွေပြောနေလဲဆိုတာ နားမလည်ပါဘူး"
လင်းရှောင်ထရပ်ကာ သူမရှေ့သို့လျှောက်သွားပြီး ငုတ်တုတ်ထိုင်ချလိုက်သည်။
"ကိုယ်လုပ်တော်ရန် ၊ မင်းလည်းထက်မြက်တဲ့သူပါ။
ဒါပေမယ့်မင်းရဲ့အပေါစားလှည့်ကွက်လေးတွေကို အရူးတွေကိုပဲအလုပ်ဖြစ်လိမ့်မယ်။ ငါကမင်းအတွက် အရူးနဲ့တူနေလို့လား ဟမ်"သူကဆက်ပြောလိုက်သည်။
"မင်းဒီကိစ္စတွေကို ငါ့ဆီကနေတောင်ဖုံးမထားနိုင်တာ၊ အရှင့်ဆီကရောဖုံးထားနိုင်မယ်ထင်လား"
"..."ကိုယ်လုပ်တော်ရန်၏ကိုယ်မှာတဖန်တောင့်ခဲသွားပြန်ကာ မျက်နှာသည်လည်းအလွန်ဖြူဖျော့သွားခဲ့သည်။
"မင်းကိုယ်မင်းဆင်ခြင်တာကောင်းမယ်"
လင်းရှောင်သည်ပြောစရာရှိသည်တို့ကိုပြောပြီးပြီမို့ ကျီရှန်းနှင့်အတူ ထွက်သွားရန်ပြင်လိုက်သည်။ သို့သော် ကိုယ်လုပ်တော်ရန်မှာရုတ်ချည်းထရပ်လျက် သူ့အားအော်ဟစ်လာခဲ့သည်။
သူမ၏အမူအယာနှင့်လေသံမှာ ယခင်နှင့်လားလားမျှမဆိုင်ပဲ အလွန်ပေါက်ကွဲထွက်လာခဲ့သည်၊
"လင်းရှောင် ရှင်ကျွန်မကိုခြိမ်းခြောက်ရဲတယ်..."
လင်းရှောင်လှည့်ကြည့်လိုက်သော် သူ၏အေးစက်လှသောအကြည့်များကြောင့် ကိုယ်လုပ်တော်ရန်မှာ တုန်လှုပ်သွားမိသည်။သို့သော် သူမကသတ္တိမွေးလျက် "ကျွန်မကအရှင့်ရဲ့ကိုယ်လုပ်တော်ဖြစ်နေတုန်းပဲ၊
ရှင့်မှာဘာသက်သေမှမရှိပဲ စွပ်စွဲရဲလား။ကျွန်မအရှင့်ကိုတိုင်တန်းမယ်"
"လုပ်ကြည့်လိုက်လေ... " လင်းရှောင်ထေ့ငေါ့လိုက်သည်။
"ရှင်" ကိုယ်လုပ်တော် ရန္ကဒေါသဖြင့်အော်လိုက်သည်။ " အရှင်ကရှင့်ကိုနှစ်သက်တယ်ဆိုတိုင်း ဘ၀င်တွေမြင့်မနေနဲ့၊ ဒီမောင်းမဆောင်ကိုရှင်မပိုင်ဘူး။ ကိုယ်လုပ်တော်ရှန်းသာပိုင်တာ"
"အရှင်က ရှင့်ကိုဘယ်လောက်ကြာကြာ သဘောကျမယ်ထင်လို့လဲ၊ မောင်းမဆောင်က ကိုယ်လုပ်တော်သုံးယောက်အပြင်ကို ကိုယ်လုပ်တော်ရှန်းလက်အောက်ကအလှလေးဟုန်ယဲ့လည်းရှိသေးတယ်
ငါတို့ကရှင့်ကိုနင်းချေပစ်မှာ"
"ဟုန်ယဲ့ ကလှရုံတင်မဟုတ်ဘူး။ သူမကလက်ရုံးရည်လည်းကောင်းတယ်လေ၊ အရှင်သူမအပေါ်ဂရုစိုက်တာက ကြင်ယာတော်ထက်တော့မလျော့ဘူးရယ်၊ သူမအနှေးနဲ့အမြန်မောင်းမဆောင်ထဲရောက်လာမယ်လို့ ငါကတော့ထင်တာပဲ၊ အဲကျရင် ရှင့်ရဲ့ကောင်းမွန်တဲ့နေ့ရက်တွေလည်း ကုန်သွားလိမ့်မယ်၊"
လင်းရှောင်၏အကြည့်မှာ ပို၍မကြည်မသာဖြစ်လာခဲ့သည်။ ဟုန်ယဲ့၏ကိစ္စမှာ သူ့အတွက်စိတ်ပူစရာဖြစ်နေပြီးသားပင်။ ယခုကိုယ်လုပ်တော်ရန်၏စကားလုံးများက သူ့အားသက်သက်ရန်စနေခြင်းမှန်းသိသည့်တိုင်အောင် ဒေါသကြောင့်လောင်ကျွမ်းလာမိသည်။