အပိုင်း ၈၃
Viewers 12k

လင်းရှောင်၏အမူအယာပိုဆိုးလာသည်ကိုမြင်လျှင် ကိုယ်လုပ်တော်ရန်လည်းသူမဆန္ဒပြည့်၀သွားသည်ကိုသတိပြုမိလိုက်သည်။သူမအပြုအမူမှာအနည်းငယ်လွန်ကျူးပါသော်ငြား သူမဖခင်၏နောက်ခံဖြင့်ဆိုလျှင် သူမအတွက်ဘာကိုမှစိုးရွံ့နေစရာမလိုချေ။
သူမ၏နောက်ခံအကြောင်းကိုတွေးမိလေ သူမကိုယ်သူမယုံကြည်မှုရှိလေပင်။ ဘ၀င်မြင့်နေသောဒေါင်းကဲ့သို့ သူမခေါင်းနှင့်ရင်ကိုကော့လျက် သူမအစေခံကိုတွဲကာလင်းရှောင်နံဘေးမှလျှောက်လာခဲ့သည်။
"နေဦး" လင်းရှောင်၏လေးနက်သောအသံက သူမအားရပ်တန့်လိုက်သည်။
ကိုယ်လုပ်တော်ရန်ကမထီမဲ့မြင်ဟန်ဖြင့်လှည့်ကြည့်လာလျက်" ကြင်ယာတော်မှာဆွေးနွေးစရာကိစ္စှရှိသေးလို့လား၊ ဒီမိန်းကလေးအလုပ်များနေလို့ပါ"
"ဟ" လင်းရှောင်စိတ်တိုလွန်း၍ရယ်ပင်ရယ်လိုက်မိသည်။
လင်းရှောင်သည်သူမအား အလွန်မဲမှောင်စွာကြည့်လျက် သူ၏သွေးအေးသော အကြည့်မှာ သွေးဆာနေသော ခြငေ်္သ့တစ်ကောင်ကဲ့သို့ သူမအားနေရာတွင်ပင်အေးခဲသွားစေသည်။
လင်းရှောင်၏ ဖြူဖွေးပြီးညီညာသောသွားတန်းများက သူ၏မဲမှောင်သော အပြုံးတွင်ထင်ဟပ်နေခဲ့သည်။ သို့သော်ကိုယ်လုပ်တော်ရန်၏မျက်လုံးတွင်မူ ထိုပုံစံမွာ သူမလည်ချောင်းအား ကိုက်ဖြဲပစ်တော့မည့်အစွယ်တမြားမြားနှင့်ဝံပုလွေတစ်ကောင်ကဲ့သို့ပင်။
သူမသတိလက်လွတ်ဖြင့်နောက်သို့ ခြေလှမ်းဆုတ်လိုက်မိသည်။
ယခုလင်းရှောင်ထုတ်လွှတ်နေသောဖိအားမှာ ဧကရာဇ်ရှေ့ထံမှောက်တွင်ခံစားရသောဖိအားနှင့်အတူတူပင်ဖြစ်သည်။
"ကျီရှန်း၊ ကိုယ်လုပ်တော်ရန်သာဒီတိုင်းပြန်သွားရင်
ဧည့်သည်ကိုကောင်းကောင်းမဆက်ဆံတဲ့အိမ်ရှင်တွေလိုဖြစ်မသွားပေဘူးလား။ သူမကိုအမှတ်တရလက်ဆောင်လေးပေးရမှာပေါ့။ သူမမျက်နှာကအတော်လေးလှသားပဲ ဖျက်ဆီးလိုက်..."
ကိုယ်လုပ်တော်ရန်မှာ အေးခဲသွားမိသည်။ သို့သော်အံအားသင့်မိသည်ထက် မယုံကြည်နိုင်မှုကပိုသည်။
သူမမှာဧကရာဇ်၏ တော်၀င်ကိုယ်လုပ်တော် သုံးဦးထဲမှတစ်ဦးဖြစ်ပြီး သူကသူမကိုအပြစ်ပေးလိုလျှင်တောင် ဧကရာဇ်၏အဆုံးအဖြတ်အပေါ်တွင် မူနည်သေးသည်။ ဧကရာဇ်၏ခွင့်ပြုချက်မပါပဲ သူမအားအပြစ်ပေးရဲသည်လော။
သူမမှာထိတ်လန့်လွန်းလှသဖြင့်ခွန်းတုန့်ပြန်ရန်ပင် မေ့လျော့နေခဲ့သည်။ ကျီရှန်းကတဖြည်းဖြည်းရှေ့ကိုတိုးလာသည်ကိုကြည့်ရင်း နောက်သို့မသိလိုက်ပဲတဖြည်းဖြည်းဆုတ်သွားမိသည်။
ကျီရှန်းကဓါးကိုကိုင်ဆောင်လျက် သူမနားသို့နီးကပ်လာသည်ကိုမြင်လျှင် သူမအော်ဟစ်လိုက်သည်။
"မဖြစ်နိုင်ဘူး။ နင်..နင်မလုပ်ရဲဘူး။ မလုပ်ရဘူး..."
သို့သော်သူမလေသံတွင် ယုံကြည်မှုများဆုံးရှုံးလျက်။သူမက သူမနှင့်အတူပါလာသော အစေခံအားရှေ့သိူ့တွန်းပို့လျက် ကာရန်ပြင်လိုက်သော်လည်း ကျီရှန်း၏လှုပ်ရှားမှုကပို၍လျင်မြန်နေခဲ့သည်။
ရုတ်တရက်ပြတ်ရှသောနာကျင်မှုက သူမမျက်နှာရှိနူးညံ့သောအရေပြားအားထိုးခွဲလ်ုက်သည်ကိုခံစားလိုက်ရကာပူနွေးသောသွေးနီနီတို့က တမဟုတ်ချင်းစီးကျလာခဲ့သည်။
လွပသောအသွင်အပြင်က မောင်းမဆောင်အတွက်မည်မျှအရေးကြီးလိုက်သနည်း။ ဤသည်ကိုကိုယ်လုပ်တော်ရန်အပြင်မည်သူကများပိုသိနိုင်မည်နည်း။
ယခုတွင် သူမရုပ်ရည်လည်းပျက်ဆီးသွားခဲ့ပြီဖြစ်ရာသူမအလွန်နာကျင်စွာ စူးစူးဝါးဝါးအော်လိုက်တော့သည်။
လင်းရှောင်မျက်မှောင်ကျုံ့လျက် နားကိုကာလိုက်ပြီး ကျီရှန်းအား ကိုယ်လုပ်တော်ရန်အား ဤမျှအရှက်ရအောင်လုပ်ရက်ရသလားဟူသောအပြစ်တင်ဟန်ဖြင့်ကြည့်လိုက်သည်။
သို့သော် လင်းရှောင်၏အမူအယာမှာ နဂိုအခြေအနေသို့ပြန်ရောက်လာလျှင်ကျီရှန်းလည်း မိမိကိုယ်လုပ်တော်ရန်ကိုဆက်ဆံလိုက်ပုံကို လင်းရှောင်ကျေနပ်ကြောင်း ရိပ်မိလိုက်သည်။
"ကဲ၊ ကျီရှန်း မင်းဘာကိုကြည့်နေသေးတာလဲ၊ ဒီမိန်းမကိုပြန်လွှတ်လိုက်တော့..."
လင်းရှောင်အေးစက်စွာဆိုလိုက်သည်။
ကျီရှန်းလည်းအမိန့်ကိုနာခံလိုက်ရသည်။
လင်းရှောင်နောက်သို့လှည့်၍ပြန်ရန်ပြင်လိုက်သည်။ သို့သော် တစ်ခုခုကိုသတိရသွားပုံဖြင့်
"ဟုတ္သားပဲ၊ ကျီရှန်းဒီပစ္စည်းတွေက အခုနလေးတင်အဲဒီအရူးလိုမိန်းမ ထိသြားခဲ့တာ၊ ဒီတော့အဲဒါတွေအကုန်လုံး ကိုယ်လုပ်တော်ရန်နန်းဆောင်ကိုပို့ပြီးဖျက်ဆီးပစ်လိုက်"
ကျီရှန်းတန့်သွားမိလျက် ထိုပစ္စည်းများကိုမြင်သော် သူမရင်မှတဒိန်းဒိန်းခုန်လာမိလေသည်၊
ထိုသည်တို့မှာ ဧကရာဇ်ကိုယ်တိုင်ရွေးချယ်ထားသည့်ပစ္စည်းများဖြစ်ကာ တစ်ခုချင်းစီမှာ အဖိုးမဖြတ်နိုင်အောင်တန်ဖိုးကြီးလှသည်။
ကျီရှန်းသည်လင်းရှောင်ကိုကြည့်လျက် ပစ္စည်းများမှာအပြစ်မရှိကြောင်းပြောလိုသော်လည်း လင်းရှောင်မှာတော့ ဘာမှမကြားလိုပဲ ထွက်သွားနှင့်ပြီးဖြစ်လေသည်။
ကျီရှန်းလည်းရွေးချယ်စရာမရှိပဲ လူတချို့က်ုခေါ်ကာပစ္စည်းများကို ဖယ်ထုတ်ရန်သာတတ်နိုင်လေသည်၊ ထိုပစ္စည်းများမှာ ကိုယ်လုပ်တော်ရန်နန်းဆောင်သို့အပို့ခံရပြီး ကိုယ်လုပ်တော်ရန်၏အရှေ့၌ပင် ထုခွဲဖျက်ဆီးခံလိုက်ရလေရာ ထိုသတင်းမှာလည်း အလွန်လျင်မြန်စွာပြန့်နှံ့သွားတော့သည်။
ထို့နောက်မျက်တောင်တခတ်အချိန်အတွင်းမှာပင် ဧကရာဇ်မှာလင်းရှောင်နန်းဆောင်သိူ့ရောက်ရှိလာတော့သည်။
"အရှင်ဘယ်တော့များမှလင်းရှောင်ကိုလာတွေ့ပါ့မလဲလို့မျှော်နေတာ"
လင်းရှောင်သည် အ၀င်၀တွင်ရပ်နေသော ဧကရာဇ္အား အရိုအသေလှမ်းပြုရင်းဆိုလိုက်သည်။
ခံစားချက်မဲ့နေသောမျက်နှာဖြင့် ဧကရာဇ်သည်လျှောက်လှမ်း၍၀င်လာခဲ့သည်။
"ထပါ" ဧကရာဇ်၏အသံမှာအေးစက်ကာ နွေးထွေးမှုတစ်စုံတစ်ရာမျှရှိမနေချေ။
လင်းရှောင်တည်ငြိမ်စွာထရပ်လိုက်ကာ ဧကရာဇ်အားတည့်တိုးပင်စိုက်ကြည့်လိုက်သည်။
ဧကရာဇ်မျက်ခုံးအသာပင့်လိုက်သည်။ တချိန်ကသာမာန်ကုန်းကုန်းငယ်တစ်ဦးသာဖြစ်ခဲ့သော ဤယောကျာ်းပျို၏သတ္တိများရှိလာပုံက နည်းနည်းနောနောတော့မဟုတ်။
"မင်းမှာကိုယ်တော့်ကိုပြောစရာတစ်ခုခုရှိသလား"
ဧကရာဇ်အေးစက်စွာဆိုလိုက်သည်။
"ရှိပါတယ်" လင်းရှောင်၏အကြည့်မှာလွန်စွာနူးညံ့လျက် မျက်၀န်းများမှတဆင့် ဧကရာဇ္အားအခ်စ္မ်ားကိုဖော်ပြနေပုံပင်။
ဧကရာဇ်မှာ ရပ်တန့်သွားပြီးအကြည့်ကိုရှောင်လွှဲလိုက်သည်။ သို့သော်သူ၏အမူအယာမှာမူ ပို၍ညင်သာသွားခဲ့လေသည်။
သူကကူကယ်ရာမဲ့စွာသက်ပြင်းချလျက်
"မင်းဒီတစ်ခါတအားလွန်သွားတယ်"
"အရှင်ဘာကိုဆိုလိုတာပါလိမ့်..."
လင်းရှောင်မှာမသိနားမလည်ပြန်ဖြင့်ပြန်လည်မေးခွန်းထုတ်လိုက်သည်။
ဧကရာဇ်မှာအလွန်အန္တာရာယ်ရှိစွာမျက်လုံးကိုမှေးကျဉ်းလိုက်ပြီး နဂါးတစ်ကောင်ကဲ့သို့ဖိအားကိုထုတ်လွှတ်လိုက်သည်။ သူကလင်းရှောင် မသိဟန်ဆောင်နေသည်ကို မနှစ်သက်ပုံပင်။
"..."လင်းရှောင်မှာထိုအကြည့်ကြောင့် အချက်ပေးသံများညံသွားခဲ့သည်။ ထိုတွင်မှ သူ့ရှေ့မှဤယောကျာ်းမှာ ပြည့်ရှင်ဧကရာဇ်တစ်ဦးဖြစ်မှန်းသတိရမိသွားသည်။
လင်းရှောင် နှုတ်ခမ်းကိုတင်းတင်းစေ့လျက် ခေါင်းမာစွာ
"ကျွန်တော်မျိုးအဲဒီလိုမှမလုပ်ရင် အရှင်ကျွန်တော်မျိုးကို သည်လောက်မြန်မြန်လာတွေ့ပါ့မလား"
"..."ဧကရာဇ်အနည်းငယ်တုန့်ဆိုင်းသွားခဲ့သည်။
"ကိုယ်လုပ်တော်ရန်ကိစ္စကတော့ လင်းရှောင်တမင်လုပ်ခဲ့တာ၊ သူကကျွန်တော်မျိူးတို့နှစ်ယောက်ကြားကခံစားချက်တွေကိုကြား၀င်ဖို့ကြိုးစားခဲ့တယ်လေ၊
လင်းရှောင်ကျန်တာသည်းခံနိုင်ပေမယ့် အဲဒါမျိုးတော့မရဘူး"
ဧကရာဇ်သူ့နှုတ်ခမ်းကိုလှုပ်ရှားလိုက်မိလျှင် လင်းရှောင်ကမူအကြောက်အလန့်မဲ့စွာဖြတ်ပြောလာသည်။
"အဲဒါထက်. အရှင်လင်းရှောင်ကို ဘယ်လောက်ကြာကြာပစ်ထားဖို့များဆုံးဖြတ်ထားသလဲဟင်..."
ပြောနေရင်းပင် ယခင်နေ့များမှ ကျောက်စိမ်းလက်ကောက်ကို ထုတ်ယူပြီး ဧကရာဇ်ရှေ့တွင်ထားလိုက်သည်။သူကနှုတ်ခမ်းကိုက်လျက်
"လင်းရှောင်ဒီကျောက်စိမ်းကိုယူတာ အရှင်မကြိုက်ဘူးဆိုရင်လည်းပြောပါ။ ကျွန်တော်မျိုးကို ဒီကျောက်စိမ်းလက်ကောက်လည်ပေးတယ်၊ ကျွန်ျတာ်မျိုးကို တွေ့ဖို့ကျတော့လည်းမလာပြန်ဘူး၊ လင်းရှောင်ဘယ်လိုခံစားနေရတယ်လို့ အရှင်ထင်လဲ၊ အရှင်လင်းရှောင်ကိုဘယ်လိုလုပ်စေချင်လဲဟင်"
သူပြောပြီးသည်နှင့် အလွန်မုန်းတီးစွာ ကျောက်စိမ်းကိုပစ်ထုတ်လိုက်ရာ ဧကရာဇ်၏မျက်နှာမှာ ချက်ချင်းအေးစက်သွားတော့သည်။။
"မသင့်လျော်လိုက်တာ..."
မိမိလက်မှာဖမ်းဆုပ်ခံလိုက်ရသဖြင့် လင်းရှောင်တန့်သွားရသည်။
တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားမှုကြောင့် လင်းရှောင်၏လက်ကောက်၀တ်မှာနာကျင်မှုကိုခံစားလိုက်ရသည်။ သူကအံကိုတင်းတင်းကြိတ်လျက် သူ့ရှေ့မှအမျိုးသားအားကြည့်လိုက်မိသည်။
ဤသည်မှာ နှစ်ဦးသား ချစ်ခင်ရင်းနှီးနေချိန်မှလွဲ၍ ဤမျှနီးကပ်သည့်ပထမဆုံးအကြိမ်ပင်ဖြစ်သည်။
နီးကပ်လွန်းသဖြင့် အရှင့်၏မျက်တောင်မွှေးများကိုရော မျက်၀န်းများထဲမှ ဒေါသအရိပ်အယောင်ကိုပါ ရှင်းလင်းစွာမြင်နိုင်လေသည်၊
ဒေါသထွက်နေသော ဧကရာဇ်မှာ မာန္ဖီနေသော ခြငေ်္သ့တစ်ကောင်ကဲ့သို့ ခြိမ်းခြောက်နိုင်သောအရိပ်အယောင်များထုတ်လွှတ်လျက်။ ယခင်ကလင်းရှောင်ရှေ့တွင်တစ်ခါသော်မျှမထုတ်လွှတ်ဖူးသောထိုဖိအားတို့က လင်းရှောင်ကိုတမဟုတ်ချင်းတုန်ယီလာစေသည်။
လင်းရှောင်မှာမူခေါင်းမာစွာပင် ထိုခြိမ်းခြောက်နေသောမျက်၀န်းများကို ထိပ်တိုက်ရင်ဆ်ုင်လျက်။
ထိုသေခြင်းတမျှတိတ်ဆိတ်မှုကြီးအားအချိန်အတော်ကြာပြီးသည့်အခါမှ ဧကရာဇ်သည်လင်းရှောင်ကိုလွတ်ပေးလိုက်သည်၊
"ငါကိုယ်တော်ချီးမြှောက်တဲ့ပစ္စည်းကိုလွှတ်ပစ်ရဲတဲ့သူဘယ်သူမှမရှိခဲ့ဖူးဘူး။ အထူးသဖြင့်ငါကိုယ်တော့်ရှေ့မှာ..."
ဤသည်မှာ သူဒေါသထွက်ရသည့်အကြောင်းပြချက်ပေလော။
သို့သော်လင်းရှောင်ကမူ ကိစ္စမှာဤမျှရိုးရှင်းလိမ့်မည်ဟုမယုံကြည်ချေ။
သို့တိုင်အောင် ဧကရာဇ်မှာထိုကိစ္စကိုဆက်ပြောလိုစိတ်မရှိလျှင် မည်သို့သိနိုင်တော့မည်နည်း။
"ကိုယ်တော် ဒီပစ္စည်းကိုမင်းကိုပေးပြီးပြီ၊ ဒါကြောင့်သေချာသိမ်းထားပါ၊ မင်းကလွဲဘယ်သူမှမထိရဘူး..."
ဧကရာဇ်၏စကားများမှအနည်းငယ်ထူးဆန်းသည်။
သူမေးရန်ပြင်လိုက်သော်လည်း ဧကရာဇ်မှာဦးစွာစကားလမ်းကြောင်းက်ုလွှဲခဲ့ပြီးဖြစ်သည်။
"ကိုယ်လုပ်တော်ရန်ကိစ္စကတော့ ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် မင်းဘက်ကနည်းနည်းတော့လွန်သွားတယ်။ ဒါကြောင့်မင်းရဲ့အပြစ်ဒဏ်အတွက် တစ်လစာဖြတ်မယ်၊ မင်းမှာကန့်ကွက်စရာရှိသလား"
လင်းရှောင်လည်းနာခံစွာဒူးထောက်လိုက်သည်။
"လင်းရှောင်မှာကန့်ကွက်စရာမရှိပါဘူးအရှင်"
ကိစ္စမှာဟိုးလေတကျော်ဖြစ်သွားပြီမို့ အပြစ်ပေးသင့်တာ သဘာ၀သာဖြစ်သည်။ ဧကရာဇ်သည်သူ့ကိုအပြစ်ပေးသည်ဟုသာဆိုသော်လည်း သူ့တွင်ရတနာခန်းမ၏သော့လည်းရှိသည်မို့ တစ်လစာဖြတ်သည်ဆိုသည်မှာ အမည်ခံသာ။
သူ့တွင်အဘယ်ကြောင့်ကန့်ကွက်စရာရှိပါမည်နည်း။
"သိပ်ကောင်းတယ်" ဧကရာဇ်ကလင်းရှောင်အားဆွဲထူလိုက်ကာ စားပွဲတွင်အတူထိုင်ချလိုက်သည်။
"ဒီလိုဆိုမွတော့ကိုယ်တို့ စကားကောင်းကောင်းပြောကြတာပေါ့"
ဧကရာဇ်မှာမိမိကိုယ်ကို ကိုယ်ဟုသာသုံးလျက် ကိုယ်တော်လို့မသုံးခဲ့ချေ။ ထိုသည်က လင်းရှောင်အားအံ့အားသင့်သွားစေခဲ့သည်။
သို့သော်သူ့နှလုံးသားထဲကမူ ကျေနပ်မှုလေးဖြစ်ထွန်းသွားခဲ့သည်။ ဤသည်မှာ ဧကရာဇ်သည်သူ့အား တန်းတူသဘောထားသည်ဟုဆိုလိုခြင်းမဟုတ်ပါလော။
သို့နှင့်လင်းရှောင်မှာ ဧကရာဇ်၏ကြင်နာမှုကို ပို၍ပင်ခံစားလိုက်ရသည်။
သို့သော်တချိန်တည်းမှာပင် လင်းရှောင်သည် ဧကရာဇ်သည်နောက်ဆုံးစကားငါးလုံးက်ု တမင်ဖိပြောလိုက်သယောင်ခံစားလိုက်ရသည်။
ထို့ကြောင့်ပင် ဧကရာဇ်မှာလုံးလုံးဒေါသမပြေသေးကြောင်းသိသာစေသည်။သို့ပါသော်ငြား ဧကရာဇ်မှာ အလွန်ဆင်ခြင်တုံတရားရှိသူမို့ သူ၏ဒေါသမှာ သူ၏ဆုံးဖြတ်ချက်အား မလွှမ်းမိုးစေနိုင်ချေ။
လင်းရှောင် ချက်ချင်းနားလည်လိုက်သည်။ စကားပြောမည်ဟူသည်မှာ သူအားအပြစ်ဒဏ်ပေးရန်ပင်ဖြစ်လိမ့်မည်။ လင်းရှောင် ဤအချက်ကိုနားလည်လိုက်လျှင် တမဟုတ်ချင်းတုန်ရီလာမိပြန်သည်၊
သူ့ကိုတချိန်လုံးအကဲခတ်နေသည့် ဧကရာဇ်သည် သူ့အမူအယာမှာသေးငယ်သောပြောင်းလဲမှုတိုင်းကို သတိထားမိလေသည်။
မူလကအနည်းငယ်ခြိမ်းခြောက်ရန်ရည်ရွယွထားသော်လည်း ယခုမူကြောင်ပေါက်လေးတစ်ကောင်မှ သူ၏အသည်းကိုလာရောက်ကုတ်ခြစ်နေသကဲ့သို့ခံစားလိုက်ရလေသည်။ သူ၏ရင်တွင်းမှပေါက်ဖွားနေခဲ့သောဒေါသမီးသည်လည်းငြိမ်းသေသွားခဲ့ချေပြီ။
ဤယောကျာ်းပျိုကသာလျှင် သူ၏နှလုံးသားကိုလွှမ်းမိုးနိုင်ပေသည်။
ဧကရာဇ် မလွယ်ကူစွာသက်ပြင်းချမိရပြန်သည်။
သူယနေ့တစ်ရက်တည်းမှာပင် သက်ပြင်းဘယ်နှကြိမ်ချမိပြီလဲမရေတွက်နိုင်တော့ချေ။လွန်ခဲ့သောနှစ်၀က်ခန့်ကပင် ဤနေ့လောက် သက်ပြင်းများများမချဖူးခဲ့။
"ကိုယ်တော်မင်းကိုလာမတွေ့ရင် မင်းကကိုယ်တော့်ဆီလာမတွေ့တော့ဘူးလား"
ဧကရာဇ်ကညင်သာစွာဆိုလာသည်။ သူ၏လေသံမှာအနည်းငယ်စိတ်ဓါတ်ကျနေဟန်ပင်။
"ကိုယ်တော်ကမင်းကိုဘယ်လိုငြင်းဆန်နိုင်မှာတဲ့လဲ"
"..."လင်းရှောင် တိတ်သွားမိသည်။ သူအမွန္တကယ္ကိုပဲ ဧကရာဇ်အားသွားရှာဖ်ု့မတွေးမိခဲ့ပေ။ ဤနေ့ရက်များတွင် လင်းရှောင်မှာ အရူးတစ်ယောက်နှယ် ဧကရာဇ်သူ့ထံလာရောက်ရန်နည်းမျိုးစုံက်ုစဉ်းစားနေခဲ့ရသည်။
အဆုံးတွင် သူ၏ရူးကြောင်ကြောင်နိုင်မှုကြောင့် ဧကရာဇ်နှင့် ရက်အနည်းငယ်မတွေ့ရရုံသာမက
ရိုးရှင်းသောကိစ္စကိုရှုပ်ထွေးအောင်လည်းလုပ်မိခဲ့လေသည်။ လင်းရှောင်အလွန်စိတ်ရှုပ်သွားမိရသည်။
လင်းရှောင်၏မကျေမနပ်ဖြစ်မှုလေးကို မြင်လျှင် ဧကရာဇ်လည်းခေါင်းငုံ့၍ ကြောင်ပေါက်လေးနှင့်တူသောလင်းရှောင်၏နှဖူးလေးအားနမ်းလိုက်လေသည်။
လင်းရှောင်အနည်းငယ်တုန်ရီသွားခဲ့သည်။ သူ၏နဖူးလေးသာလျှင်အနမ်းခံလိုက်ရခြင်းဖြစ်သော်လည်း သူ၏တကိုယ္လုံးမွာလောင်ကျွမ်းလာသလိုပင်။
လင်းရှောင်၏အခြေအနေကိုသဘောပေါက်သကဲ့သို့ဧကရာဇ်မှာ သူ့ထံမှခွာပြီးကြည့်လာခဲ့သည်။
"ကောင်းပြီ ဒီကိစ္စကိုဒီမှာပဲကျေပြီလို့ထားလိုက်တော့။ ကိုယ်တော်မင်းကိုလာမတွေ့သလို မင်းကလည်းကိုယ်တော့်ကိုလာမရှာခဲ့ဘူး။ နှစ်ယောက်လုံးမှာအပြစ်မရှိဘူး"
"အင်း..."
လင်းရှောင်၏မျက်နှာမှာမက်မွန်သီးတစ်လုံးနှယ် နီးမြန်းလျက် စိတ်လွတ်နေသကဲ့သို့ဖြေလာခဲ့သည်။
သူ၏အသံကပင်ရှတတလေးနှင်အလွန်မြူဆွယ်နိုင်လွန်း၏။
လင်းရှောင်၏ရင်ဘတ်မှာမိုးကြိုးပစ်သကဲ့သို့ဒိန်းခနဲတုန်ရီသွားပြီး သူတို့နှစ်ဦးအတူနှီးနှောခဲ့စဉ်ကအချိန်ကိုသတိရသွားမိသည်။သူချက်ချင်းခေါင်းကိုခါယမ်းလျက်ထိုမသင့်လျော်သောအတွေးတို့ကိုခါထုတ်လိုက်ရသည်။