အပိုင်း ၈၄
Viewers 12k

"အရှင် ကိုယ်လုပ်တော်ရန်ကို ဘယ်လိုစီရင်မှာပါပဲ"
ဧကရာဇ်၏အကြည့်မှာလွန်စွာပေါ့ပါးလျက်
"သူဒီတောအတွင်း လုပ္ထားတာတွေများနေပြီ၊ သင်ခန်းစာယူပါစေ"
"သင်ခန်းစာယူပါစေ" လင်းရှောင်အံ့အားသင့်သွားမိသည်။ "အရှင်သူ့ဆီသွားမကြည့်တော့ဘူးလား"
"မင်းကသွားကြည့်စေချင်လို့လား" ဧကရာဇ္ကမကေိမနပ်ဖြင့်မျက်ခုံးပင့်လိုက်သည်။
လင်းရှောင်ခေါင်းကိုအမြန်ခါလိုက်သည်။
"ကျိန်းသေပေါက် မကြည့်စေချင်ဘူးပေါ့။ ဒါပေမယ့်သူမက နေရာချထားရေးအမတ်ကြီးရဲ့သမီးလေ၊ တိုင်ပင်ခံအမတ်ချုပ်ကြီးမရှိတော့တဲ့နောက်မှာ ညီလာခံရဲ့ အင်အားစုကသူ့ဆီအားသာနေတာ..."
"ကြည့်ရတာ ဘာတွေဖြစ်ပျက်နေလဲဆိုတာ မင်းလုံး၀မသိတာတော့မဟုတ်ဘူးပဲ"
ဧကရာဇ္ကထေ့ငေါ့စွာဆိုလာသည်။
လင်းရှောင်အနည်းငယ် တံတွေးသီးလျက်ချောင်းဆိုးလိုက်မိသည်။ ဧကရာဇ်မှာ သူ့အားယုံကြည်ကာ အလွန်အမင်းပစားပေးပါသော်ငြား ညီလာခံအရေးကိစ္စများနှင့် လင်းရှောင်ပါ၀င်မပါတ်သတ်လိုချေ။
သူ၏ယုန်လေးကဲ့သို့အမူအယာလေးက ဧကရာဇ်၏မျက်လုံးမှ ပြေးမလွတ်ခဲ့ချေ။
သူကလေသံကိုနှိမ့်လိုက်ကာဆိုသည်။
"မင်းကြောက်ရွံ့နေစရာမလိုပါဘူး၊ကိုယ်တော်မင်းကိုအပြစ်တင်နေတာမဟုတ်ဘူး။မင်းသာတကယ်စိတ်၀င်စားရင် ကိုယ်တော်နဲ့အတူ ညီလာခံကိုလိုက်ခဲ့လို့ရတယ်၊"
"မနက်ခင်းညီလာခံကို ၊ ကျွန်တော်မျိုးကလေ" လင်းရှောင်အလွန်ထိတ်လန့်သွားမိသည်။
ဧကရာဇ်မျက်ခုံးကိုပင့်လျက်
"မင်းမေ့သွားတာလား၊ ရုံးတော်ကိစ္စတော်တော်များများ မင်းကိုလွှဲထားတယ်လေ။"
"..."အဲဒါကဒီတိုင်း ဟန်ပြပဲမဟုတ်ဘူးလား။
သူသည် နိုင်ငံအရေးတွင်ပါ၀င်ခွင့်ရှိပါသော်လည်း သူ့အားညီလာခံတက်ခွင့်ရှိသည်ဟု ဧကရာဇ္မပြောခဲဖြူးချေ။ ထို့ကြောင့်သူလက်လွတ်စပါယ်မပြောရဲတာဖြစ်သည်၊
လင်းရှောင်၏အမူအယာကအနည်းငယ်ထူးဆန်းနေသည်ကိုမြင်လျှင် လင်းရှောင်မှာအနည်းငယ်ဖိအားများနေသည်ဟုထင်လိုက်မိ၍
"မင်းမရှိတုန်း မင်းရဲ့အလုပ်တွေကို တာ၀န္ခြဲေ၀ရေး ၀န်ကြီးကခဏတာ၀န်ယူပေးထားတယ်၊ ကိုး်မင်းကိုဒီရာထူးပေးတာက မင်းကိုပင်ပင်ပန်းပန်းလုပ်စေချင်လို့မဟုတ်ဘူး။ မင်းခေါင်းထဲကထူးထူးဆန်းဆန်းအကြံဉာဏ်တွေကိုစိတ်၀င်စားလို့"
"ထူးထူးဆန်းဆန်းအကြံတွေ"လင်းရှောင်မျက်မှောင်ကျုံ့လိုက်မိသည်။
ဧကရာဇ်ကတဲ့ပင်ဆိုသည်။
"သေနတ်လိုမျိုးလေ"
လင်းရှောင်ချက်ချင်းသဘောပေါက်သွားခဲ့သည်။
"အရှင်ကအဲဒါကိုပြောနေတာကိုး"
လင်းရှောင်၏လေသံကအနည်းငယ်ထူးဆန်းနေလလျှင် ဧကရာဝ်၏မျက်ခုံးများမှာ မနှစ်သက်သယောင်ထိကပ်သွားလျက် ဂရုမစိုက်ဟန်ဖြင့်ဆိုလာသည်။
"မင်းမလုပ်ချင်လည်းရတယ်၊ ကိုယ်တော်ဦးဆောင်မှုနဲ့ဆို မင်းရဲ ထူးထူးဆန်းဆန်းအကြံတွေမပါရင်တောင် မူတိုင်းပြည်ကို တမိုးအောက်ကအသန်မာဆုံးတိုင်းပြည်ဖြစ်အောင်လုပ်နိုင်တယ်၊ မင်းဆီကအကြံတွေက အရံသက်သက်ပဲ၊ တကယ်လည်းမလိုအပ်ဘူး"
ဧကရာဇ်မှာလင်းရှောင်ခေါင်းထဲဘာတွေရှိနေမှန်းမခန့်မှန်းမိချေ။ ထိုအစားမူတိုင်းပြည်မှာအစဉ်အမြဲတည်မြဲနေမည့်မိုးမျှော်တိုင်ကြီးကဲ့သို့အလွန်မာနကြီးစွာဆိုလာသည်။
သို့သော်ငြား ရှောင်တိုင်းပြည်နှင့်ပဋိပက္ခအနည်းငယ်ရှိပြီးကတည်းက မူတိုင်းပြည်မှာအမှန်ပင် ဂုဏ်သတင်းပ်ု၍ကျော်စောလာခြင်းပင်ဖြစ်သည်။ နှစ်ရာပေါင်းများစွာအတွင်းတွင် မူတ်ုင်းပြည်နှင့်ယှဉ်နိုင်သော နယ်မြေရှားပါးလှသည်။
ဧကရာဇ်မှာ မာနကြီးနိုင်မည့်အစွမ်းအစရှိသည်ပင်။
လင်းရှောင်မျက်လုံးကိုလှိမ့်လိုက်မိသည်။ ဤနေ့ရက်များတွင် မိမိမှာဧကရာဇ်၏နောက်သို့သာတောက်လျှောက်လိုက်လျက် အကုန်အစင်လည်းပြောခဲ့ဖူးပြီ။ တခြားမည်သူ့ကိုများ သူပြောဖူးပါသနည်း။
တွေးရင်းဖြင့်လင်းရှောင်နှုတ်လမ်းကိုတင်းတင်းစေ့လျက် "လင်းရှောင် အရှင့်ကိုသေသည့်တိုင်ခစားပါ့မယ်"
ဧကရာဇ်မျက်ခုံးပင့်လိုက်မိပြီး သူ၏လက်အားညင်သာစွာဆုပ်ကိုင်လျက် လင်းရှောင်အားသူ၏ပေါင်ပေါ်သို့ဆွဲတင်ကာ ညင်သာစွာပွေ့ဖက်လိုက်သည်။
"မင်းကိုပင်ပင်ပန်းပန်းလုပ်ခွင့်မပြုဘူး"
"အင်း" လင်းရှောင်၏နှလုံးသားမှနွေးထွေးသွားရသည်။သူ၏ခေါင်းထဲ၌လည်းအတွေးတချို့ပေါ်လာပြီး "အရှင်၊ လင်းရှောင်အရှင့်အတွက် အမွုတော်ထမ်းပေးမှာပါ။ ဒါပေမယ့် လင်းရှောင်မှာအရှင်ဖြေဖို့လိုအပ်တဲ့မေးခွန်းတချို့ရှိပါတယ်"
ဧကရာဇ်လည်းလင်းရှောင်အားကြည့်လာခဲ့သည်။
လင်းရှောင်တဲ့ပင်ဆိုလိုက်သည်။
"အရှင့်ရင်ထဲမှာ ဟုန်ယဲ့ရှိနေပါလား အရှင်..."
"..."ဧကရာဇ်မှာ တန့်သွားလျက် ပြန်မေးလာခဲ့သည်။
"ကိုယ်လုပ်တော်ရန်က ဒီလိုပဲသွေးထိုးခဲ့သလား"
"သူမကသွေးထိုးခဲ့တယ်ဆိုပေမယ့် လင်းရှောင်ရင်ထဲမှာရှိနေတဲ့အစိုင်အခဲအမှန်လည်းဖြစ်ပါတယ်..."
လင်းရှောင်ပြောလိုက်သည်။
ဧကရာဇ်ကတချက်မျှရယ်လျက်၊
"ဒီကိုယ်လုပ်တော်ရန်ကတော့ ဒီတိုင်းထားထားပေးလို့မဖြစ်တော့ဘူးပဲ..."
ထိုစကားမ်ားက လင်းရှောင်နှလုံးသားအားအေးစက်သွားစေသည်။ ဧကရာဇ္က ဟုန်ယဲ့နဲ့ကိစ္စကို သူ့က်ုမသိစေချင်တာလား။
ဧကရာဇ်နဲ့ ဟုန်ယဲ့ကတကယ်ပဲ..
လင်းရှောင်၏မျက်နှာမှာအလွန်ဖြူဖျော့သွားခဲ့သည်။
"ရှောင်လိဇီကိုဘယ်လိုလုပ်ဖို့စဉ်းစားထားလဲ..."
ဧကရာဇ်မှာသူ၏မေးခွန်းကိုမဖြေပဲ သူ့အားပြန်၍မေးလာခဲ့သည်။
လင်းရှောင်မှာဧကရာဇ်အားဗလာမျက်၀န်းဖြင့်ကြည့်လျက် "အရှင်လည်းသိတာပဲပေါ့လေ..."
ဧကရာဇ်ဆီကဘာမှ၀ှက်ထားလို့မရဘူးပဲ။
သူသိသည်ထက် ဧကရာဇ်မှာအဆပေါင်းများစွာထက်မြက်သည်ပင်။ မည်သို့မသိပဲနေပါမည်နည်း။
သို့သော်ရှောင်လိဇီမှာဧကရာဇ်ဘေးမှလူဖြစ်သည်။
ယခုမူဧကရာဇ္က ရှောင်လိဇီကို မည်သို့စီရင်မည်လဲဟုမေးလာချေပြီ။
လင်းရှောင်အနည်းငယ်ရှုပ်ထွေးသွားမိသည်။
"ရှောင်လိဇီကအရှင့်ဘေးကလူပါ။ အရှင်ကိုယ်တိုင်ပဲဆုံးဖြတ်ရမှာမဟုတ်ဘူးလား..."
ဧကရာဇ်လည်း ညင်သာစွာခေါင်းကိုယမ်းလိုက်သည်။
"သူကမင်းအပေါ်ကောင်းတယ်ထင်လို့ ကိုယ်တော်သူ့ကို အထိန်းတော်ရာထူးပေးခဲ့တာ၊ အခုသူကအမှားတစ်ခုလုပ်လိုက်ပြီဆိုတော့ မင်းကပဲဆုံးဖြတ်လိုက်ပါ..."
"အရှင်" လင်းရှောင်အလွန်နွေးထွေးသွားရသည်။ ဧကရာဇ်မှာအေးစက်ပုံသော်လည်း တခြားသူများထက်ပို၍ဂရုစိုက်တတ်သည်ပင်။
ထိုညင်သာမှုမျိုးက လူတစ်ယောက်အား အလုံးစုံနစ်၀င်သွားစေသည်အထိ။ လင်းရှောင်မှာ အချစ်တွေပို၍မတိုးပဲမနေနိုင်ချေ။
"ကိုယ်တော့်ဘ၀တလျှောက်လုံးကို မင်းနဲ့အတူကုန်ဆုံးဖို့ ကတိပေးထားပြီးပြီ၊ ဒါကြောင့်မင်းသိသင့်တဲ့ကိစ္စတွေရှိတယ်..." ပြောပြီးနောက် လင်းရှောင်အားဖယ်လိုက်ပြီးထရပ်လိုက်သည်။
"မင်းရှောင်လိဇီကိစ္စကိုဖြေရှင်းပြီးတဲ့အခါ ကိုယ်တော့်ကိုလာရှာချေ။ ကိုယ်တော်မင်းကိုစောင့်နေမယ် ပြီးတော့ ဟုန်ယဲ့ကိစ္စကိုလည်း ကိုယ်တော်ရှင်းရှင်းလင်းလင်းပြောပြမယ်..."
ထိုစကားများကိုချန်ထားလျက် လက္ကိုနောက်ပစ်ကာထွက်သွားတော့သည်။
ဧကရာဇ်ပြောသွားသည်တို့က သူ၏အတွေးတွင်နေရာယူနေစဉ် အန်ရှန်းနှင့်အန်ရုန်တို့က အကြောက်လွန်ပြီးသတိလစ်သွားသော ရှောင်လိဇီကို ဆြဲခေါ်လာကြသည်။ ရှောင်လိဇီကိုအပြစ်ပေးရန်လည်းစိတ်မပါချေ။ ဧကရာဇ်သည် အဘယ်ကြောင့် ရှောင်လိဇီကိုအပြစ်ပေးပြီးမှ ကိုယ်လုပ်တော်ရှန်းထံသွားစေလိုသနည်း။ အတူသွားသည်မှာပိုမကောင်းပေဘူးလော။
"သခင်လေး ၊ သခင်က ဒေါသကြောင့်စိတ်လိုက်မာန်ပါလုပ်လိုက်ပြီးမှနောင်တရမှာစိုးရွံ့နေတာပါ..."
အန်ရှန်းကသူ၏အတွေးကိုဖောက်မြင်နိုင်ဟန်ဖြင့်၀င်ပြောလာခဲ့သည်။
လင်းရှောင် သူ့အား ရှုပ်ထွေးစွာကြည့်လိုက်သည်။ သို့သော် အန်ရှန်းကမူသူဘောင်ကျော်ကာပြောမိမှန်း ရိပ်မိသွားသည်မို့ ပါးစပ်အားပိတ်လိုက်တော့သည်၊
လင်းရှောင်ခါးသက်စွာပြုံးလျက်၊
"မင်းကသိပ်ကောင်းပါတယ်အန်ရှန်း၊ မင်းပြောတဲ့စကားတိုင်းကကျိုးကြောင်းဆီလျော်ပါတယ်၊ ဒါပေမယ့် ငါ့ကိုပိုပြီးရတက်မအေးရအောင်လုပ်နေတာမဟုတ်ဘူးမလား"
လင်းရှန်းနှုတ်ခမ်းကိုကိုက်လိုက်မိသည်။
"ဒါပေမယ့် ဒီအစေခံ မပြောရင် သခင်ခက်ခက်ခဲခဲကြိုးစားထားရတာတွေ အလဟသဖြစ်သွားမှာစိုးလှပါတယ်"
လင်းရှောင်မျက်ခုံးကိုအသာတွန့်လ်ုက်မိသည်။
"မင်းကပြောလည်းပြောပြီးနေမှတော့ဆုံးအောင်သာပြောပေတော့၊ မင်းမှာအခုရွေးချယ်စရာနှစ်ခုပဲရှိမယ်၊ ပထမတစ္ခုက ငါရှောင်လိဇီကိုခေါ်သွားပြီး အရှင့်ကိုကိုယ်တိုင်သွားမေးမယ်၊ နောက်တစ်ခုကတော့ မင်းက်ုယ်တိုင်ငါ့ကိုပြော..."
အန်ရှန်း၏အမူအယာကခါးသက်သွားခဲ့သည်။
လင်းရှောင်မှာလည်းအလျင်မလိုသည်မို့ သူမအားအေးအေးသက်သာ စိုက်ကြည့်နေလိုက်သည်။ ဧကရာဇ်အားဆွဲထည့်လိုက်သည်နှင့် သူမထုတ်ပြောလာလိမ့်မည်ကို လင်းရှောင်ကောင်းကောင်းသိလေသည်။
မျှော်လင့်ထားသည့်အတိုင်းပင် အန်ရှန်းမှာအနည်းငယ်မျှတုန့်ဆိုင်းနေပြီးနောက် ဖြည်းညင်းစွာစပြောလာခဲ့သည်။
"သခင်လေး၊ ဒီရှောင်လိဇီက ကောင်းတဲ့သူတော့မဟုတ်ပါဘူး။ ကိုယ်လုပ်တော်ရန်ကသူ့ကိုခြိမ်းခြောက်ခဲ့တာမှန်ပေမယ့် သခင်လေးပေါ်ကိုလည်းခစားလိုစိတ်မရှိခဲ့ပါဘူး"
"သူကသခင်လေးနောက်ကိုလိုက်ပြီး အရှင့်ကိုခစားနိုင်အောင် သခင်လေးဆီက တိတ်တခိုးသင်ယူနေခဲ့တာပါ၊ အရှင်နဲ့သခင်လေးတို့တစ်ယောက်နဲ့တစ်ယောက်အဆင်မပြေခဲ့တုန်းကတည်းကပါ။ရှောင်လိဇီကသူအခုလက်ရှိနေရာကိုရထားတဲ့အတွက် အငြိုးထားမှာလည်းစိုးနေတာပါ၊ဒါကြောင့်သခင်လေးကိုဘယ်လိုရှင်းပစ်ရမလဲဆိုတာ အျမဲတွေးနေတာ၊ဒါကြောင့်လည်း ကိုယ်လုပ်တော်ရန်နဲ့ သွားပါတ်သတ်နေတာပါ..."
"..."လင်းရှောင်မျက်မှောင်ကြုတ်လိုက်မိသည်။ သူလည်းထိုကဲ့သို့ခန့်တော့ခန့်မှန်းမိသည်ပင်။ သူရှောင်လိဇီကိုတွေ့သည့်အခါတိုင်း သူ့တွင်ကောင်းသောခံစားချက်မရှိချေ။ ရှောင်လိဇီသူ့အားထိုသို့သဘောထားသည်ကိုလည်းအပြစ်မတင်နိုင်ချေ။
ပြောရမည်ဆိုလျှင် လင်းရှောင်သည်လည်း ရှောင်လိဇီကို သစ္စာမရှိမှုအတွက် အပြစ်တင်သည်သာ။ သို့သော်ရှောင်လိဇီမှာ တချိန်ကသူ့နောက်လိုက်ခဲ့သော ကုန်းကုန်းငယ်သာဖြစ်သည်။ သူသာဆန္ဒရှိလျှင် ရှောင်လိဇီမှာ အကြိမ်ပေါင်းများစွာသေပြီးလောက်ပြီ။
ကံမကောင်းသည်က ရှောင်လိဇီမှာ တုံးအလွန်းလှသဖြင့် မိမိကသူ့အား လွှတ်ပေးထားသည်ကိုမမြင်နိုင်ခဲ့ချေ။ ထို့အပြင်သူ့အား လုပ်ကြံရန်ပင်ကြိုးစားလိုက်သေးသည်။
"အဲလိုဆိုရင်တောင်၊ ကိုယ်လုပ်တော်ရန်နဲ့ဟုန်ယဲ့နဲ့ ဘယ်လိုသက်ဆိုင်နေလို့လဲ၊ ဘာလို့သူ့ကိစ္စကိုအရင်ဖြေရှင်းမှရမှာလဲ"
"..."အန်ရှန်းကကိုးယို့ကားယားနိုင်စွာ မျက်မှောင်ကြုတ်လိုက်မိသည်။ သူမကနှုတ်ခမ်းအားပိတ်လိုက်ဖွင့်လိုက်ဖြင့်အကြိမ်များစွာလုပ်နေသည့်တိုင် ဘာကိုမျှ ပြောမထွက်ချေ။
လင်းရှောင် စိတ်ပူလာသည်။
"အမြန် ပြောစရာရှိတာကိုပြော"
အန်ရှန်းအံကိုကြိတ်လျက် ပြောလာသည်။ "သူကကိုယ်လုပ်တော်ရန်နဲ့ပေါင်းရုံတင်မဟုတ်ဘူး ဟုန်ယဲ့နဲ့လည်းပါတ်သတ်လိုက်သေးတယ်၊ ဟုန်ယဲ့ကို အရှင့်ရဲ့အချစ်အသစ်ဖြစ်အောင် လုပ်ပေးဖို့ပေါ့၊ ဟုန်ယဲ့က အရှင့်ကိုခဏခဏတွေ့ဖို့ကြိုးစားနေတာက အရှင်ဘယ်မှာရှိနေလဲဆိုတာ သူသတင်းပေးနေလို့ပဲ၊ အရှင်နဲ့ဟုန်ယဲ့ မတော်တဆတွေ့အောင်ဇာတ်လမ်းဆင်ပေးတာတွေတောင်ရှိသေးတယ်၊ ဟုန်ယဲ့မကောင်းကြောင်းတွေ သခင်လေးကိုလျှောက်တင်ပြီး ကိုယ်လုပ်တော်ရှန်းကအောင်သွယ်တော်လုပ်တယ်သာပြောနေပေမယ့် တကယ်တမ်းအောင်သွယ်တော်လုပ်နေတာက သူကိုယ်တိုင်ပဲ"
"..."လင်းရှောင်သည် ကြမ်းပြင်ပေါ်၌သတိမေ့နေသော ရှောင်လိဇီကိုကြည့်လိုက်မိသည်။ သူကအံကိုကြိတ်လျက်
"အရှင်ရော ဒါတွေအားလုံးကို သိလား"
အန်ရှန်းကခေါင်းကိုငုံ့လျက် ဘာကိုမှမဆိုတော့ချေ။
သို့သော်လင်းရှောင်ကိုယ်တိုင်လည်းအဖြေကိုသိပြီးခဲ့ပြီဖြစ်သည်။
"သူသိခဲ့တယ်ပေါ့၊ ဒါဆို သူကရှောင်လိဇီကိုဒီတိုင်းဆက်လုပ်ခွင့်ပြုထားရတာလဲ၊ ဘာလို့ဟုန်ယဲ့က သူ့ကိုလာရှာတာကိုလက်ခံရတာလဲ၊ "
"အန်ရှန်း ခေါင်းငုံ့လျက် "ဒီအစေခံ မသိပါဘူး"
"တော်လိုက်တဲ့ရှောင်လိဇီ" လင်းရှောင်အေးစက်စွာပြုံးလိုက်သည်။
အန်ရှန်း မြေပြင်တွင်ဒူးထောက်ချလိုက်ကာ ...
"သခင်လေး ကျေးဇူးပြုပြီး စိတ်လျော့ပါ၊ အရှင်က သခင်လေးသာလှည့်စားခံနေရမှန်းသိရင် စိတ်မထိန်းနိုင်မှာစိုးလို့ပါ။ ပြီးတော့ရှောင်လိဇီကလည်း သခင်လေးနောက်ကိုလိုက်ခဲ့တာကြာပြီဆိုတော့ သံယောဇဉ်နည်းနည်းပါးပါးရှိနေတယ်လေ။ ဒါကြောင့် သခင်လေးစိတ်မကောင်းဖြစ်မှာလည်းစိုးရွံ့နေတာပါ"
"မင်းစိတ်ပူစရာမလိုပါဘူး ၊ ငါ့မှာစိတ်မကောင်းဖြစ်စရာအကြောင်းမရှိဘူး" လင်းရှောင်သရော်လိုက်သည်။
"သူ့လို သစ္စာမရှိတဲ့ အမှုထမ်းအတွက် ဘာမှ၀မ်းနည်းမနေဘူး"
ထို့နောက် လင်းရှောင်ခေါင်းကိုလှည့်လျက် အမိန့်ပေးလိုက်သည်။
"အန်ရုန်သူ့ကိုအဝေးကိုပို့လိုက် မြို့တော်ထဲကပါထုတ်လိုက်၊ သူ့ကိုငါ့ရှေ့မှာပေါ်လာခွင့်မပြုဘူး"
အန်ရုန် သက်ပြင်းတိုးတိုးချလိုက်မိလျက် ပြန်ဖြေလာခဲ့သည်။
"နာခံပါ့မယ်"
ပြောပြီးသည်နှင့် လင်းရှောင်မှာ ရှောင်လိဇီအား လှည့်ပင်မကြည့်ပဲ ကိုယ်လုပ်တော်ရှန်းနန်းဆောင်ဆီလျှောက်သွားတော့သည်။
ကိုယ်လုပ်တော်ရှန်းနှင့် ဟုန်ယဲ့အားဤမျှကာကွယ်ပေးနေရအောင် ဧကရာဇ်မှာထိုနှစ်ယောက်နှင့်မည်သို့ပါတ်သတ်မှုမျိုးရှိနေပါသနည်း။
အထူးသဖြင့်ဟုန်ယဲ့သည်မိမိနောက်ကျောကိုဓါးနှင့်ထိုးခဲ့မှန်းသိနေပါရက်နှင့် ဧကရာဇ်မှာ သူမကို အဘယ်ကြောင့်လွှတ်ထားပေးရပါသနည်း။